← Chapters

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

အခန်း (၃၇) - ထူးဆန်းသော အဖြစ်အပျက်နှင့် ဝိညာဉ်စား နတ်ဆိုးနွား

"ဘာတွေ လိုနေသေးတာလဲဗျ..."

ယဲ့ဖုန်းက စိတ်ဝင်တစား မေးလိုက်လေ၏။

ဆရာကြီးလီက ပြန်ဖြေ၏။

"ဆောက်လုပ်ရေးပစ္စည်း အများစုကိုတော့ ဒီနေ့ မြို့ထဲမှာ ဝယ်ပြီး မနက်ဖြန် သယ်လာလို့ ရပါတယ်... ဒါပေမယ့် အဓိကတိုင်မကြီးတွေ လုပ်ဖို့အတွက်... ရေပေါ်ဖြူမြို့တော်နဲ့ မိုင် (၂၀) လောက် ဝေးတဲ့ သစ်ထုတ်လုပ်ရေးစခန်းက သစ်တွေ လိုနေတယ်ဗျ..."

"အဲ့ဒီနေရာက ဘယ်နားမှာလဲဗျ..." ယဲ့ဖုန်း စုံစမ်းလိုက်သည်။

"ဟိုဘက်နားလေးမှာပါ... သိပ်မဝေးပါဘူး..." ဆရာကြီးလီက အဝေးတစ်နေရာရှိ တောင်တန်းများနှင့် သစ်တောများကို လှမ်းညွှန်ပြလိုက်လေ၏။

ယဲ့ဖုန်း လှမ်းကြည့်လိုက်သောအခါ မြူခိုးဂိုဏ်း၏ အရှေ့တောင်ဘက် (၁၀) မိုင်ခန့် အကွာတွင် ရှိကြောင်း တွေ့လိုက်ရ၏။

ထို့ကြောင့် ယဲ့ဖုန်း အကြံပြုလိုက်သည်။

"ဒီလိုလုပ်ဗျာ... ဆရာကြီးလီနဲ့ ကျွန်တော်က သစ်ထုတ်လုပ်ရေးစခန်းကို သွားပြီး သစ်ခုတ်မယ်... ကျန်တဲ့လူတွေက မြို့ထဲသွားပြီး လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ကြတာပေါ့..."

"အဆင်ပြေသားပဲ... ဒါဆို ပိုမြန်တာပေါ့..." ဆရာကြီးလီက သဘောတူလိုက်လေ၏။

နေ့လယ်စာ စားပြီးသည်နှင့် သူတို့ ခရီးထွက်လိုက်ကြ၏။

ဆရာကြီးလီက ကျန်သော လက်သမားဆရာ (၄) ယောက်ကို ရေပေါ်ဖြူမြို့တော်သို့ ပြန်လွှတ်လိုက်ပြီး ပစ္စည်းများ ဝယ်ယူရန်နှင့် အလုပ်သမား ထပ်ခေါ်ရန် မှာကြားလိုက်သည်။

ဘေးကင်းစေရန်အတွက် ယဲ့ဖုန်းက ရှီလေ့နှင့် ဟိုယွင်ကျဲ တို့ကိုပါ အစောင့်အဖြစ် ထည့်ပေးလိုက်လေ၏။

အခြားတစ်ဖက်တွင်... ယဲ့ဖုန်းသည် သံလက်သည်း နဂါးလင်းယုန်၏ ကျောပေါ်တွင် စီးနင်းလိုက်ပြီး၊ သူ့အနောက်တွင် ဆရာကြီးလီက ကြောက်လွန်းသဖြင့် အမွှေးအနည်းငယ်ကို အသေဆုပ်ကိုင်ကာ တုန်ရီနေရှာသည်။ ပြုတ်ကျမည်ကို စိုးရိမ်နေပုံ ရ၏။

သူတို့နောက်တွင် မိုယင်၊ ကျားယွိလန် နှင့် လုံထျန်းရှင်း တို့က ဓားပျံကိုယ်စီဖြင့် လိုက်ပါလာကြ၏။

အစပိုင်းတွင် ယဲ့ဖုန်းက သူတို့ကို မခေါ်ချင်သော်လည်း၊ ကျားယွိလန်က ရေပေါ်ဖြူမြို့တော်မှ "လွတ်မြောက်" လာခဲသဖြင့် လျှောက်လည်ချင်သည်ဟု ဆိုကာ ဇွတ်လိုက်လာခြင်း ဖြစ်သည်။

အစ်ကိုကြီး ခေါင်းပြားနှင့် အခြားသူများကတော့ မြူခိုးတောင်ထိပ်ကို စောင့်ကြပ်ရန် ကျန်ရစ်ခဲ့ကြလေ၏။

မကြာမီ...

ယဲ့ဖုန်းနှင့် အဖွဲ့သည် လူဦးရေ တစ်ရာခန့် နေထိုင်သော ရွာငယ်လေး တစ်ရွာ အနီးသို့ ဆင်းသက်လိုက်ကြ၏။

"ဒီနေရာကို 'လင်းရွာ' လို့ ခေါ်တယ်... မူလကတော့ လူမနေပါဘူး... သစ်ထုတ်လုပ်ရေးစခန်း ဖွင့်လိုက်တော့ သစ်တောစောင့်ဖို့ လူလိုတာနဲ့... ကြာလာတော့ ရွာလေး ဖြစ်လာတာပေါ့..." ဆရာကြီးလီက ရှင်းပြလေ၏။

"ဪ... သဘောပေါက်ပြီ..."

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။

အဖွဲ့သည် လင်းရွာသို့ လျင်မြန်စွာ ရောက်ရှိသွားကြ၏။

သို့သော် ယဲ့ဖုန်း သတိထားမိသည်မှာ အိမ်တိုင်း တံခါးပိတ်ထားကြပြီး၊ ရွာအဝင်ဝ ရေတွင်း၌ ရေခပ်နေသူ တစ်ဦးတည်းသာ ရှိနေခြင်းပင်။

လူ လာနေသည်ကို မြင်သောအခါ ထိုသူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ရေပုံးကို ဆွဲပြီး ထွက်ပြေးရန် ပြင်ခြင်း ဖြစ်လေ၏။

"ရှောင်ကျန်း... ငါပါကွ..."

ဆရာကြီးလီက အလျင်အမြန် လှမ်းခေါ်လိုက်သည်။

"ဟာ... ဆရာကြီးလီ ပါလား... ကျွန်တော်တို့က ဟိုနတ်ဆိုးကောင်တွေ ပြန်လာတယ် ထင်လို့..."

ရေပုံး ဆွဲထားသော လူငယ်လေးသည် သက်ပြင်းချလိုက်ပြီး ရွာထဲသို့ လှမ်းအော်လိုက်သည်။

"ရွာသားတို့... မကြောက်ကြနဲ့တော့... ရေပေါ်ဖြူမြို့တော်က ဆရာကြီးလီ ရောက်လာပြီ..."

"ဘာ... ဆရာကြီး ရောက်လာပြီ ဟုတ်လား..."

"တော်ပါသေးရဲ့... ငါတို့ အသက်ဘေးက လွတ်ပြီ..."

"ကျေးဇူးပြုပြီး ကလေးတွေကို ကယ်ပေးကြပါဦး..."

ရွာသားများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး ရွာအဝင်ဝတွင် စုဝေးကာ တီးတိုး ပြောဆိုနေကြလေ၏။

အချို့သော သူများသည် ရွာအဝင်ဝ၌ ရပ်နေသော သံလက်သည်း နဂါးလင်းယုန်ကို မြင်ပြီး ကြောက်လွန်းသဖြင့် ဖင်ထိုင်ကျကုန်ကြသော်လည်း၊ ဆရာကြီးလီ၏ ရှင်းပြချက်ကြောင့် တဖြည်းဖြည်း တည်ငြိမ်လာကြ၏။

"လင်းရွာကို နတ်ဆိုးသားရဲတွေ လာတိုက်ခိုက်လို့လားဗျ..." ယဲ့ဖုန်း စုံစမ်းမေးမြန်းလိုက်သည်။

"ဒါ မြူခိုးဂိုဏ်းက ဂိုဏ်းချုပ်ယဲ့ ပါ... ကျန်တဲ့သူတွေက မြူခိုးဂိုဏ်းက တပည့်တွေပေါ့... အားလုံးက ကျုပ်ထက် ကျင့်ကြံခြင်းအဆင့် မြင့်ကြတယ်... ဟို လင်းယုန်ကြီးက ဂိုဏ်းချုပ်ယဲ့ရဲ့ စီးနင်းစရာ သားရဲလေ..." ဆရာကြီးလီက အားလုံးကို မိတ်ဆက်ပေးလိုက်သည်။

ဆရာကြီးလီ၏ ပါရမီ မကောင်းသော်လည်း၊ ကျားမိသားစုအတွက် တစ်သက်လုံး ကြိုးစားလုပ်ကိုင်ပေးခဲ့သဖြင့်၊ အထူးအခွင့်အရေး အနေဖြင့် ဝိညာဉ်မျက်လုံးဆေးရည်နှင့် ဝိညာဉ်ကျောက်တုံး အနည်းငယ် ရရှိခဲ့ကာ ချီစုစည်းခြင်း (၂) ဆင့်မြောက်သို့ ရောက်ရှိခဲ့သူ ဖြစ်သည်။

အဆင့်နိမ့်သည်ဟု ထင်ရသော်လည်း၊ လင်းရွာသားများ အဖို့မူ သူသည် 'အင်မော်တယ် ဆရာသခင်' တစ်ပါးပင်။ ယခု ယဲ့ဖုန်းသည် ပိုမိုစွမ်းအားကြီးသော မြူခိုးဂိုဏ်းချုပ် ဖြစ်ကြောင်းနှင့် ခမ်းနားသော လင်းယုန်ကြီးကို စီးနင်းလာကြောင်း ကြားသိရသောအခါ ချက်ချင်းပင် လေးစားအားကိုးစိတ်များ ဖြစ်ပေါ်လာကြလေ၏။

ဂိုဏ်းချုပ် ဖြစ်လာသူများသည် "အင်မော်တယ် ဆရာသခင်" များထဲတွင် အစွမ်းထက်သူများ ဖြစ်ကြောင်း ကြားဖူးထားကြရာ၊ လင်းရွာ၏ ကပ်ဘေးကို ကူညီဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့်မိကြ၏။

"ဂိုဏ်းချုပ်ယဲ့... ကျေးဇူးပြုပြီး ကျွန်တော်တို့ လင်းရွာကို ကယ်တင်ပေးပါဗျာ..." ရွာသားများက တောင်းပန်ကြလေ၏။

"ဘာဖြစ်လို့လဲ... အကြောင်းစုံ ရှင်းပြပါဦး..." ယဲ့ဖုန်း မေးလိုက်သည်။

ကူညီနိုင် မကူညီနိုင် မသေချာသော်လည်း ကြိုးစားကြည့်ချင်သည်။ ဂိုဏ်းဂုဏ်သတင်း တိုးတက်လာနိုင်သည် မဟုတ်ပါလော။

"ကလေးအဖေက ထင်းခုတ်ဖို့ တောင်ပေါ် တက်သွားတာ... ဒီနေ့ထိ ပြန်မလာသေးပါဘူး..."

"မနေ့ညကလည်း ရွာထဲကို နတ်ဆိုးတစ်ကောင် ဝင်လာပြီး လူငယ်တချို့ကို ဖမ်းသွားတယ်... ကြောက်စရာ ကောင်းလိုက်တာဗျာ..."

ရွာသားများက တစ်ယောက်တစ်ပေါက် ပြောပြကြ၏။

မကြာမီ ယဲ့ဖုန်းနှင့် အဖွဲ့သည် အခြေအနေကို သဘောပေါက်သွားကြ၏။ နတ်ဆိုးတစ်ကောင်သည် လင်းရွာအနီးတွင် ပုန်းခိုနေပြီး လူငယ်များကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်သည်။ မနေ့ညကဆိုလျှင် ရွာထဲထိ ဝင်ပြီး လူဖမ်းသွားသည်အထိ အတင့်ရဲလာခဲ့သည်။

ယဲ့ဖုန်း ခေတ္တမျှ စဉ်းစားပြီးနောက် ချက်ချင်း စီစဉ်ညွှန်ကြားလိုက်လေ၏။

" 'အရပ်မျက်နှာပေါင်းစုံ ဝိညာဉ်အာရုံခံနိုင်စွမ်း' သုံးပြီး သေချာ ရှာကြည့်ကြ... လမ်းမှာ သဲလွန်စ ကျန်ခဲ့တာမျိုး ရှိနိုင်တယ်..." ဆရာကြီးလီနှင့် သံလက်သည်း နဂါးလင်းယုန်တို့သည် ရွာသားများကို နှစ်သိမ့်ရန်နှင့် ကာကွယ်ရန် လင်းရွာတွင် ကျန်ရစ်ခဲ့ကြ၏။

ယဲ့ဖုန်း၊ မိုယင်၊ ကျားယွိလန် နှင့် လုံထျန်းရှင်း တို့လည်း ဝိညာဉ်မျက်လုံးများကို အသုံးပြုကာ ရွာပတ်ဝန်းကျင်ကို ရှာဖွေကြရာ၊ ပုံမှန်မဟုတ်သော ခြေရာများနှင့် ဝိညာဉ်စွမ်းအင် အကြွင်းအကျန်များကို တွေ့ရှိလိုက်ကြ၏။

"လိုက်ကြမယ်..."

ယဲ့ဖုန်းက ရှေ့က ဦးဆောင်ပြီး၊ မိုယင်က နောက်မှ ပိတ်လိုက်ကာ ထွက်ခွာခဲ့ကြလေ၏။

တောင်တန်းများနှင့် သစ်တောများအကြား နာရီဝက်ခန့် လိုက်လံရှာဖွေပြီးနောက်၊ ရေတံခွန်တစ်ခု ရှိသော ချိုင့်ဝှမ်းတစ်ခုသို့ ရောက်ရှိသွားကြသည်။ ထိုနေရာတွင် ခြေရာများ ရုတ်တရက် ပျောက်ဆုံးသွားလေ၏။

"ဂိုဏ်းချုပ်... ဘယ်လို လုပ်ကြမလဲရှင့်..."

ကျားယွိလန်က မေးလိုက်သည်။

"ရေတံခွန်နောက်ဘက်ကို စူးစမ်းကြည့်ပါ... သဲလွန်စ ရှိလောက်တယ်..." ဟု ယဲ့ဖုန်းက ညွှန်ကြားလိုက်၏။

"ကျွန်မ ကြည့်လိုက်မယ်..."

မိုယင် ရေတံခွန်အနီးသို့ တိုးသွားပြီး 'အရပ်မျက်နှာပေါင်းစုံ ဝိညာဉ်အာရုံခံနိုင်စွမ်း' သိုင်းပညာကို ထုတ်ဖော်လိုက်သည်။ သူမ၏ ချီစုစည်းခြင်း (၇) ဆင့်မြောက် ကျင့်ကြံခြင်းအဆင့်ဖြင့် (၁၇) မီတာ ပတ်လည်ကို အာရုံခံနိုင်စွမ်း ရှိသည်။

"ရေတံခွန်နောက်မှာ ဂူ တစ်ခု ရှိတယ်... အရမ်းနက်တယ်... ဝိညာဉ်စွမ်းအင် အကြွင်းအကျန်တွေ အများဆုံး ရှိနေတာ အဲ့ဒီနေရာပဲ..."

ခဏအကြာတွင် မိုယင် မျက်လုံးဖွင့်ပြီး တင်ပြလိုက်သည်။

"ငါ ရှေ့က သွားမယ်..."

ယဲ့ဖုန်းသည် 'ဝိညာဉ်မူလ နာရီ' ကို ထုတ်ယူလိုက်ပြီး၊ ပေါ့ပါးစွာ ခုန်တက်ကာ ရေတံခွန်ကို ဖြတ်ကျော်ပြီး အခြားတစ်ဖက်သို့ ရောက်ရှိသွားလေ၏။

"ငါ့နောက် လိုက်ခဲ့ကြ..."

မိုယင်သည် ဓားကို ဝှေ့ယမ်းလိုက်ရာ ရေတံခွန် ရေစီးကြောင်း ခေတ္တ ပြတ်တောက်သွားပြီး၊ လုံထျန်းရှင်းနှင့် ကျားယွိလန်တို့ လျှင်မြန်စွာ ဝင်ရောက်လာနိုင်ကြ၏။

ဂူထဲတွင် အနည်းငယ် မှောင်မိုက်နေ၏။

ထို့ကြောင့် ယဲ့ဖုန်းက မေးလိုက်သည်။ "ဘယ်သူ 'မီးတိမ်တိုက်လက်ဝါးသိုင်း' တတ်လဲ... မီးထွန်းပေးပါဦး..."

တပည့်သုံးယောက်စလုံး ခေါင်းခါပြကြ၏။

"ဝိညာဉ်မျက်လုံးကိုပဲ အားကိုးရတော့မှာပေါ့..."

ယဲ့ဖုန်း ရှေ့က သွားပြီး၊ 'ဝိညာဉ်မူလ နာရီ' မှ ထွက်ပေါ်နေသော ဖျော့တော့တော့ အစိမ်းရောင် အလင်းဖြင့် လမ်းပြကာ ဂူအတွင်းသို့ ဝင်ရောက်သွားကြ၏။ နောက်ဆုံးတွင် သရဲတစ္ဆေ အလင်းရောင်များ တောက်ပနေသော စိုစွတ်သည့် နေရာတစ်ခုသို့ ရောက်ရှိသွားကြ၏။

မြေပြင်ပေါ်တွင် လူငယ် (၅) ဦး လဲလျောင်းနေကြပြီး၊ ဝိညာဉ်အလင်းတန်းများ ဖုံးလွှမ်းနေသည်။ သူတို့၏ ခန္ဓာကိုယ်မှ အနီရောင် အရှိန်အဝါများသည် နွားခေါင်း လူကိုယ်နှင့် (၁၂) ပေခန့် မြင့်မားသည့် ထူးဆန်းသော နတ်ဆိုးသားရဲထံသို့ စီးဝင်သွားရာ ၎င်းကို ပိုမို သန်မာလာစေတော့သည်။

"ဒါ အဆင့်နိမ့် နတ်ဆိုးစစ်သည်အဆင့် 'ဝိညာဉ်စား နတ်ဆိုးနွား' ပဲ... သွေးအဆီအနှစ်တွေကို စုပ်ယူပြီး အစွမ်းထက်လာအောင် လုပ်တတ်တဲ့ အကောင်မျိုး... သူ့အရှိန်အဝါကို ကြည့်ရတာ အလယ်အဆင့် နတ်ဆိုးစစ်သည်အဆင့်ကို ရောက်ခါနီးနေပြီ..."

မိုယင်က တစ်ချက်ကြည့်ရုံဖြင့် ပြောပြလိုက်သည်။

"ဝေါ..."

ဝိညာဉ်စား နတ်ဆိုးနွားသည် ကျူးကျော်သူများကို မြင်သောအခါ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများ ပေါ်လာပြီး ထွက်ပြေးရန် ပြင်လိုက်သည်။

"ချွမ်..."

ဓားအလင်းတန်း တစ်ချက် လက်ခနဲ ဖြစ်သွားပြီး၊ မိုယင်၏ တိုက်ခိုက်မှုကြောင့် ဝိညာဉ်စား နတ်ဆိုးနွား အပြင်းအထန် ဒဏ်ရာရကာ မြေကြီးပေါ် လဲကျသွားလေ၏။

"ကျွန်မ ဖမ်းချုပ်လိုက်မယ်..."

ကျားယွိလန်သည် အဆင့်ကြီးအောင်မြင်မှု ရောက်နေသော ပထမအဆင့် သိုင်းပညာ 'ဝိညာဉ်ချုပ်ကြိုး' ကို အသုံးပြုလိုက်ရာ၊ ရောင်စုံကြိုးတစ်ချောင်း ပျံသန်းသွားပြီး ဝိညာဉ်စား နတ်ဆိုးနွားကို တင်းကျပ်စွာ တုပ်နှောင်လိုက်လေ၏။

"ဟားဟား... ကိစ္စပြတ်ပြီ..."

ကျားယွိလန် လက်ခုပ်တီးပြီး ဂုဏ်ယူစွာ ပြောလိုက်၏။

"ထျန်းရှင်း... လူတွေကို သွားကယ်လိုက်..." ယဲ့ဖုန်း အမိန့်ပေးလိုက်သည်။

လုံထျန်းရှင်း ပြေးထွက်သွားပြီး မြေကြီးပေါ် လဲနေသော လူ (၅) ယောက်၏ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်သည်။ ခဏအကြာတွင် ပြောလိုက်၏။ "အသက်ရှုနေကြပါသေးတယ်... ဒါပေမယ့် အရမ်း အားနည်းနေကြတယ်... နည်းနည်းလောက် ပြန်လည် ပြုစုပျိုးထောင်လိုက်ရင် သက်သာသွားမှာပါ..."

"ကောင်းပြီ... ပြန်ကြစို့..."

ယဲ့ဖုန်းသည် ကြိုးတုပ်ထားသော ဝိညာဉ်စား နတ်ဆိုးနွားကို မလိုက်ပြီး၊ သတိမေ့နေသော လူငယ်များကို ကျောပိုးကာ လာလမ်းအတိုင်း ပြန်လှည့်ထွက်လာခဲ့လေ၏။

သို့သော် ရေတံခွန်အပြင်ဘက် ကွင်းပြင်သို့ ရောက်သောအခါ၊ ရင်းနှီးနေသော လူနှစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

"မင်းပါလား..."

ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ဆံပင်နီနှင့် အဘိုးအိုသည် ယဲ့ဖုန်းကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွားပြီး၊ အမုန်းတရားများ ပြည့်နှက်နေသော အကြည့်ဖြင့် ပြောလိုက်လေ၏။

အခြားတစ်ယောက်မှာ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး ပါးစပ်ရွဲ့နေသော လူငယ်တစ်ဦး ဖြစ်သည်။ သူသည် ယဲ့ဖုန်း ထမ်းလာသော ဝိညာဉ်စား နတ်ဆိုးနွားကို မြင်လိုက်ရသောအခါ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားလေတော့၏။

အခန်း (၃၈) - သွေးနီရောင် မြွေဂိုဏ်း၏ ပူးပေါင်းကြံစည်မှု

~"ဟေ... မင်းတို့ပါလား..."

ယဲ့ဖုန်းသည် လူနှစ်ယောက်ကို ကြည့်ပြီး အံ့သြသွားလေ၏။

သွေးနီရောင် မြွေဂိုဏ်း ၏ ဂိုဏ်းချုပ် ကျောက်တာကျန်း နှင့် ပါးစပ်ရွဲ့နေသော လူငယ် ဆစ်ထိုက်ကျန် တို့ကို ဒီနေရာမှာ တွေ့ရလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

"အူး..."

အပြင်းအထန် ဒဏ်ရာရထားသော ဝိညာဉ်စား နတ်ဆိုးနွားသည် ကျောက်တာကျန်းကို မြင်လိုက်ရသောအခါ မျက်လုံးထဲတွင် ရင်းနှီးမှုများ ပေါ်လာပြီး သနားစရာကောင်းအောင် အော်ဟစ်လိုက်လေ၏။ 'သခင်ကြီး... ကယ်ပါဦး' ဟု ပြောနေသကဲ့သို့ပင်။

ဒါကိုမြင်တော့မှ ယဲ့ဖုန်း သဘောပေါက်သွားသည်။

"ဪ... ဒီ ဝိညာဉ်စား နတ်ဆိုးနွားကို မင်းတို့ သွေးနီရောင် မြွေဂိုဏ်းက မွေးထားပြီး လူတွေကို ဒုက္ခပေးခိုင်းတာကိုး..."

"ပေါက်ကရ မပြောနဲ့..."

ကျောက်တာကျန်းက ချက်ချင်း ငြင်းလိုက်သည်။

သို့သော် ဆစ်ထိုက်ကျန်က မထီမဲ့မြင် ပြုံးလိုက်ပြီး ပြောလေ၏။

"ဂိုဏ်းချုပ်... မြူခိုးဂိုဏ်းက (၄) ယောက်ပဲ ရှိတာပါ... ဘယ်သူမှ ဂိုဏ်းချုပ်လောက် ကျင့်ကြံခြင်းအဆင့် မမြင့်ပါဘူး... အကုန် သတ်ပစ်လိုက်ရင် ပြီးတာပဲ... ဟီးဟီး..."

ကျောက်တာကျန်း၏ မျက်လုံးများတွင် ထူးဆန်းသော အရောင်များ တောက်ပလာပြီး၊ ဝိညာဉ်မျက်လုံးကို အသုံးပြုကာ ယဲ့ဖုန်းနှင့် အဖွဲ့ကို အကဲခတ်လိုက်သည်။

မိုယင်က သူမ၏ ကျင့်ကြံခြင်းအဆင့်ကို ကောင်းစွာ ဖုံးကွယ်ထားနိုင်သဖြင့်၊ ကျောက်တာကျန်းက သူမကို ကျားယွိလန်နှင့် အဆင့်တူ ချီစုစည်းခြင်း (၆) ဆင့်မြောက်လောက်ပဲ ရှိမည်ဟု ထင်သွားသည်။

ယဲ့ဖုန်းကိုတော့ သာမန်လူဟုသာ မြင်ထားသည်။ လူအများကြီးကို ထမ်းနိုင်လောက်အောင် ခွန်အားကြီးနေသော်လည်း၊ သိုင်းပညာကိုတော့ ခံနိုင်မှာ မဟုတ်ဟု တွက်ဆထားသည်။

"ယဲ့ဖုန်း... မင်းတို့ ကံဆိုးတာပဲ... ငါ့အစီအစဉ်ကို သိသွားမှတော့... ဒီနေ့ မင်းတို့ကို နှုတ်ပိတ်မှ ဖြစ်တော့မယ်..."

ကျောက်တာကျန်း၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံး တစ်ခု ပေါ်လာသည်။

ကျိုးအိမ်တော်က ကိစ္စကို သူ သိထားသော်လည်း အသေးစိတ်ကိုတော့ မသိပါချေ။ ယဲ့ဖုန်းက အစ်ကိုကြီး ခေါင်းပြား (၄) ကောင်စာလောက် စွမ်းအားရှိသည် ဆိုတာကို သူ မည်သို့ သိပါမည်လဲ။

လောလောဆယ် သူ့အာရုံက ကျားယွိလန်နှင့် မိုယင် ဆီမှာသာ ရောက်နေလေ၏။

"တပည့်... မင်းက ယဲ့ဖုန်းနဲ့ ဟို မျိုးနွယ်ခြား မျိုးနွယ် လုံထျန်းရှင်း ကို ခြေလက်တွေ ချိုးပစ်လိုက်... ငါက ဒီမိန်းကလေး နှစ်ယောက်ကို ရှင်းလိုက်မယ်... ပြီးမှ သူတို့နဲ့ ပျော်ကြတာပေါ့..." ကျောက်တာ့ကျန်းက ယုတ်မာစွာ ပြုံးရင်း ပြောလိုက်သည်။

"ဆရာ... အရမ်းကြီး မကြမ်းပါနဲ့ဦး... ကျွန်တော် သခင်မလေးကျား နဲ့ ဆွေးနွေးစရာလေး ရှိသေးလို့ပါ..." ဆစ်ထိုက်ကျန်က တဟီးဟီး ရယ်မောလိုက်သည်။

"ဘာလောနေတာလဲ... တစ်ယောက် တစ်ကောင် ရမှာပါကွ..." ကျောက်တာကျန်းက ရယ်မောလိုက်သည်။

"ဆရာ... အသက် (၈၀) ကျော်နေပြီနော်... လုပ်နိုင်ပါ့မလား..."

"မင်းဆရာက သန်တုန်း မြန်တုန်းပါကွ..."

ပြောပြီးသည်နှင့် ကျောက်တာကျန်းသည် အနီရောင် ဝိညာဉ်ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။ သူ့အရှိန်အဝါက တရိပ်ရိပ် တက်လာပြီး ချီစုစည်းခြင်း (၈) ဆင့်မြောက် အထိ ရောက်သွားလေ၏။

ဒီအချိန်ထိ သူ့အစွမ်းကို ဖုံးကွယ်ထားခဲ့သည်ကိုး။ ဒီနေ့မှ အစွယ်ထုတ်ပြတော့သည်။

"ချွမ်..."

ကျောက်တာကျန်းသည် ဓားကို ဝှေ့ယမ်းပြီး ကျားယွိလန်ဆီသို့ ခုတ်ပိုင်းလိုက်သည်။ လေတိုးသံများပင် ထွက်ပေါ်လာ၏။

"ထန်..."

မိုယင်က ချီစုစည်းခြင်း (၇) ဆင့်မြောက် အစွမ်းကို ထုတ်ဖော်လိုက်ပြီး 'လေညှင်းစီး ဓားပျံ' ဖြင့် ဝင်ရောက် ကာကွယ်လိုက်သည်။

"ဟေ... ငယ်ငယ်ရွယ်ရွယ်နဲ့ ချီစုစည်းခြင်း (၇) ဆင့်မြောက် ရောက်နေပြီလား... ဂိုဏ်းချုပ်အဆင့်ပါလား... မဆိုးဘူးပဲ..." ကျောက်တာကျန်း အမူအရာ ပြောင်းလဲသွားသည်။

သို့တိုင်၊ သူက ဝါရင့်နေပြီလေ။ ညာလက်ဖြင့် ဓားကို ထိန်းချုပ်ပြီး မိုယင်ကို တိုက်ခိုက်နေသလို၊ ဘယ်လက်ဖြင့် အဆင့်ကြီးအောင်မြင်မှု ရောက်နေသော ပထမအဆင့် သိုင်းပညာ 'မီးလှံ'အား ထုတ်ဖော်ကာ ကျားယွိလန်ကို ပစ်လွှတ်လိုက်သည်။

"ဓားပျံ... သွားစမ်း..."

ကျားယွိလန် နောက်ဆုတ်လိုက်ရင်း လက်ဟန် ဖော်လိုက်သယ၏။ အဆင့်ကြီးအောင်မြင်မှု ရောက်နေသော ပထမအဆင့် သိုင်းပညာ 'ဝိညာဉ်ဓားပျံ' ကို ထုတ်သုံးလိုက်ရာ၊ သူမရှေ့တွင် (၁) ပေခွဲခန့် ရှိသော အလင်းရောင် စက်ဝိုင်းတစ်ခု ဖြစ်တည်လာပြီး ဓားသွားများ အဆက်မပြတ် ပစ်လွှတ်ကာ ခုခံလိုက်လေ၏။

"ဒီကောင်မလေးနှစ်ယောက်က မလွယ်ဘူးပဲ..."

ကျောက်တာကျန်း မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ မိန်းကလေးနှစ်ယောက်က သူ့ကို ထိန်းထားနိုင်သဖြင့် တိုက်ပွဲက အနည်းဆုံး (၁၀) ချီလောက် ကြာမည့်ပုံ ပေါက်နေသည်။

"ဆရာ... အေးဆေး လုပ်ပါ... ကျွန်တော် ယဲ့ဖုန်းနဲ့ ဟိုကောင်ကို အရင် ရှင်းလိုက်မယ်..."

ဆစ်ထိုက်ကျန်က ပြောပြီးနောက် 'မီးလှံသိုင်း' ကို အသုံးပြုကာ ယဲ့ဖုန်းဆီသို့ ခုန်ဝင်လိုက်သည်။

"ထျန်းရှင်း... လူတွေကို ကြည့်ထား..." ယဲ့ဖုန်းက သတိမေ့နေသော ရွာသား (၅) ယောက်ကို လုံထျန်းရှင်းဆီ ပစ်ပေးလိုက်သည်။

ထို့နောက် ဆစ်ထိုက်ကျန်၏ တိုက်ခိုက်မှုကို ပေါ့ပါးစွာ ရှောင်တိမ်းလိုက်ပြီး၊ "မြေးမျိုးဆက်ဖြတ်ကန်ချက်" ဖြင့် ကန်ထည့်လိုက်လေ၏။

"အား..."

ဆစ်ထိုက်ကျန် စူးရှစွာ အော်ဟစ်လိုက်ပြီး ရုတ်တရက် အသံတိတ်သွားသည်။ သူ့ခန္ဓာကိုယ်က ပုဇွန်ထုပ်လို ကွေးသွားပြီး၊ မြေကြီးပေါ် လူးလှိမ့်နေတော့၏။ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေရှာ၏။

"တပည့်..."

ကျောက်တာကျန်း မျှော်လင့်မထားသဖြင့် လန့်သွားပြီး အာရုံလွတ်သွားသည်။

"အခွင့်ကောင်းပဲ..."

မိုယင်က ဓားပျံကို ထိန်းချုပ်ပြီး ရှေ့တက်လိုက်ကာ၊ ကျောက်တာကျန်း၏ ဓားကိုင်လက်ကို ဖြတ်တောက်လိုက်လေ၏။ နာကျင်လွန်းသဖြင့် 'မီးလှံ' သိုင်းပညာပါ ပျက်ပြယ်သွားရသည်။

ကျားယွိလန်က ချက်ချင်း သိုင်းပြောင်းလိုက်ပြီး၊ အဆင့်ကြီးအောင်မြင်မှု ရောက်လုနီးပါး ဖြစ်နေသော 'ပန်းပွင့်ကြွေ မိုးစက်များ' သိုင်းပညာဖြင့် တိုက်ခိုက်လိုက်ရာ၊ ထက်မြက်သော ပန်းပွင့်များစွာသည် ကျောက်တာကျန်း၏ လည်ပင်းကို လှီးဖြတ်သွားကြလေ၏။

"ဘယ်... ဘယ်လိုလုပ်..."

ကျောက်တာကျန်း မြေကြီးပေါ် လဲကျသွားသည်။ ချီစုစည်းခြင်း (၇) ဆင့်မြောက်နှင့် (၆) ဆင့်မြောက် မိန်းကလေးနှစ်ယောက် လက်ချက်နဲ့ သေရလိမ့်မည်ဟု အိပ်မက်တောင် မမက်ဖူးခဲ့ပေ။

"အွတ်..."

ကျောက်တာကျန်း၏ မျက်လုံးပြူးကြီးနဲ့ သေဆုံးနေပုံကို မြင်ပြီး ကျားယွိလန် အော့အန်လိုက်မိ၏။ မိုယင်ကတော့ သူမကျောကို ပုတ်ပေးရင်း တည်ငြိမ်စွာ နေလိုက်သည်။ သူမက ဒီလိုမြင်ကွင်းမျိုးကို ရင်းနှီးနေပုံ ရ၏။

လုံထျန်းရှင်းလည်း ပျို့ချင်သွားသော်လည်း ယောကျ်ားလေး ပီပီ အမြန် ထိန်းချုပ်လိုက်နိုင်လေ၏။

ကျောက်တာကျန်း သေဆုံးသွားသည်ကို မြင်သောအခါ ယဲ့ဖုန်း၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။ ထို့နောက် မြေကြီးပေါ် လူးလှိမ့်နေသော ဆစ်ထိုက်ကျန်ကို ကြည့်ပြီး တွေးလိုက်မိ၏။ 'ဒီကောင် နာမည်နဲ့ လိုက်ပါပေတယ်' (Si Taijian = သေမယ့် မိန်းမလျှာ)။

သို့သော် ထိုသူမျိုးအပေါ် သနားစရာ မလိုပေ။

"မူး..."

ဝိညာဉ်စား နတ်ဆိုးနွားသည် ကျောက်တာကျန်း သေဆုံးသွားသည်ကို မြင်သောအခါ ဝမ်းနည်းဒေါသထွက်စွာ အော်ဟစ်လိုက်သည်။ သို့သော် ယဲ့ဖုန်းက လက်သီးတစ်ချက်တည်းဖြင့် အသံတိတ်စေလိုက်လေ၏။

ယဲ့ဖုန်း ဒီလူကြီးကို ချက်ချင်း မသတ်ချင်သေးပေ။

ရွာသားတွေကိုယ်တိုင် လက်စားချေခိုင်းတာက ပိုထိရောက်လိမ့်မည်။

"ဆစ်ထိုက်ကျန်... မင်းတို့က လူတွေကို ဒုက္ခပေးဖို့ နတ်ဆိုးနွားကို မွေးထားတာကိုး... ဝဋ်လည်တာပဲ..." ယဲ့ဖုန်းက ဆစ်ထိုက်ကျန် အနားသို့ လျှောက်သွားပြီး ငုံ့ကြည့်လိုက်သည်။

"ယဲ့ဖုန်း... မင်းက အစွမ်းကို ဒီလောက်ထိ ဖုံးကွယ်ထားတာလား..." ဆစ်ထိုက်ကျန် တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေပြီး၊ ယဲ့ဖုန်းကို အမုန်းမျက်လုံးများဖြင့် စိုက်ကြည့်ကာ နှုတ်ခမ်းများ တုန်ရီနေသည်။

"ဂိုဏ်းချုပ်... ဒီကောင့်ကို ဘယ်လို လုပ်မလဲ..."

မိုယင် လျှောက်လာပြီး လက်ပိုက်ကာ ဆစ်ထိုက်ကျန်ကို အေးစက်စွာ ကြည့်လိုက်သည်။

အန်ပြီးနောက် ကျားယွိလန်လည်း သက်သာလာပြီ ဖြစ်သည်။

"ငါ့ကို သတ်လိုက်စမ်းပါ... နတ်ဆိုးဗိုလ်ချုပက ငါတို့အတွက် လက်စားချေပေးလိမ့်မယ်... အဲ့ဒီကျရင် မင်းတို့ မြူခိုးဂိုဏ်းတင် မကဘူး... ရေပေါ်ဖြူမြို့တော်ပါ ပျက်စီးသွားလိမ့်မယ်... ဟားဟားဟား..."

ဆစ်ထိုက်ကျန်က အရူးတစ်ယောက်လို ရယ်မောလိုက်သည်။

"နတ်ဆိုးဗိုလ်ချုပ် ဟုတ်လား..."

ယဲ့ဖုန်းနှင့် အဖွဲ့သားများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး လန့်ဖျပ်သွားကြ၏။

နတ်ဆိုးဗိုလ်ချုပ် ဆိုတာ ဓာတ်ကြီးလေးပါး စုစည်းခြင်း အဆင့် နဲ့ ညီမျှတာလေ။

တကယ်လို့ ဆစ်ထိုက်ကျန်တို့က နတ်ဆိုးဗိုလ်ချုပ်နဲ့ ပေါင်းနေတယ် ဆိုရင်... မြူခိုးဂိုဏ်းရော ရေပေါ်ဖြူမြို့တော်ပါ အန္တရာယ် ရှိနေပြီ။

"ဟား..ကြောက်သွားပြီလား... ငါတို့က နတ်ဆိုးဗိုလ်ချုပ်ရဲ့ ရှေ့ပြေးတပ်ဖွဲ့ပဲ ရှိသေးတယ်... ရေပေါ်ဖြူမြို့တော်ထဲမှာ ငါတို့လူတွေ အများကြီး ပုန်းနေကြသေးတယ်... မင်းတို့ကို ပြောပြလိုက်တာက... ဒီနေ့ကစပြီး နေ့တိုင်း ကြောက်လန့်တကြား နေစေချင်လို့ပဲ..."

ဆစ်ထိုက်ကျန်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

ခဏတာ စဉ်းစားပြီးနောက် ယဲ့ဖုန်း ရုတ်တရက် မေးလိုက်သည်။ "နတ်ဆိုးဗိုလ်ချုပ်က ငါတို့ မြူခိုးဂိုဏ်းအကြောင်း သိလား..."

ထိုမေးခွန်းကြောင့် ဆစ်ထိုက်ကျန် ကြောင်သွားသည်။

ယဲ့ဖုန်း ချက်ချင်း ပြုံးလိုက်၏။ "ကြည့်ရတာ... မင်းတို့ နတ်ဆိုးဗိုလ်ချုပ် မျက်လုံးထဲမှာ ငါတို့ မြူခိုးဂိုဏ်းက အရေးမပါတဲ့ ဂိုဏ်းလေး ဖြစ်ပုံရတယ်... ဒါဆိုရင်တော့ လောလောဆယ် ငါတို့ အန္တရာယ် မရှိသေးဘူးပေါ့..."

"မင်း..."

ဆစ်ထိုက်ကျန် မျှော်လင့်မထားသဖြင့် အံ့သြသွားပြီး မျက်လုံးများ ပြူးကျယ်သွားသည်။

ဒါ နတ်ဆိုးဗိုလ်ချုပ်လေကွာ။

ဓာတ်ကြီး လေးပါး စုစည်းခြင်း နဲ့ ညီမျှတဲ့ အကောင်ကြီးလေ... ယဲ့ဖုန်းက မကြောက်ဘူးလား။

ယဲ့ဖုန်း ရုတ်တရက် ထပ်မေးလိုက်သည်။ "မင်းမှာ မှာစရာ ရှိသေးလား..."

ဆစ်ထိုက်ကျန် မျက်လုံးပြူးသွားသည်။ "ငါ့ကို လွှတ်ပေး..."

"လွှတ်ပေးရမတဲ့လား..."

“ဘုန်း”

ယဲ့ဖုန်း၏ ကန်ချက်တစ်ချက်ကြောင့် ဆစ်ထိုက်ကျန် မြေကြီးထဲ စိုက်ဝင်သွားပြီး သေဆုံးသွားလေတော့၏။

ကျောက်တာကျန်းနှင့် ဆစ်ထိုက်ကျန်၏ အလောင်းများကို ကြည့်ရင်း ယဲ့ဖုန်း၏ မျက်နှာထား လေးနက်သွားသည်။ "ရေပေါ်ဖြူမြို့တော်ထဲမှာ သူလျှိုတွေ ရှိနေတာပဲ... ဟေးရွှမ်ဂိုဏ်း များလား... ဒါမှမဟုတ် တခြားသူတွေလား... ပြီးတော့ နှစ်တစ်ရာ သစ်ပင်နတ်ဆိုးနဲ့ ကျိုးအိမ်တော်ကို တိုက်ခိုက်တာက ဘယ်သူ့လက်ချက်လဲ..."

ယဲ့ဖုန်းသည် မြူခိုးများ ဖုံးလွှမ်းနေသကဲ့သို့ ခံစားလိုက်ရသည်။

ခေါင်းခါလိုက်ပြီး လောလောဆယ် မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်၏။

ကျောက်တာကျန်းနှင့် ဆစ်ထိုက်ကျန် တို့ကို မီးရှို့ ဖျက်ဆီးရန် ပြင်လိုက်သည်။

ထိုအချိန်တွင်... ပတ်ဝန်းကျင် သစ်တောအုပ်ထဲမှ သစ်ရွက်လှုပ်သံများ ထွက်ပေါ်လာ၏။

"နတ်ဆိုး အရှိန်အဝါတွေပဲ..."

မိုယင် ချက်ချင်း သတိဝင်သွားသည်။

လုံထျန်းရှင်း လှည့်ပတ်ကြည့်ရှုလိုက်ရာ သစ်တောထဲတွင် ရောင်စုံ ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်နေသော ကြီးမားသည့် အရိပ်မည်းကြီးများကို တွေ့လိုက်ရသည်။

"အဲ့ဒါ ဟို နတ်ဆိုးဗိုလ်ချုပ်ရဲ့ လက်အောက်ငယ်သားတွေ ဖြစ်လောက်တယ်..." ဟု ယဲ့ဖုန်းက လေးနက်စွာ ပြောလိုက်လေ၏။

အခန်း (၃၉) - ဝိုင်းရံခံရခြင်းနှင့် ဓားသိုင်းပညာ

~"ဒဏ်ရာရတဲ့ သူတွေကို အလယ်မှာ ထားကြ... မင်းတို့က ကိုယ့်ကိုယ်ကိုပဲ ကာကွယ်... ကျန်တာ ငါ့တာဝန်..."

ယဲ့ဖုန်းသည် 'ဝိညာဉ်မူလ နာရီ' ကို ထုတ်ယူလိုက်ပြီး ရောက်လာမည့် အန္တရာယ်အတွက် အသင့်ပြင်လိုက်လေ၏။

မိုယင်သည် ချက်ချင်းပင် 'အရပ်မျက်နှာပေါင်းစုံ ဝိညာဉ်အာရုံခံနိုင်စွမ်း' ကို ထုတ်ဖော်လိုက်ပြီး (၁၀) မီတာ ပတ်လည်ကို စကင်န်ဖတ်ကာ ရုတ်တရက် တိုက်ခိုက်မှုများကို ကာကွယ်ရန် ပြင်ဆင်လိုက်၏။

"ရှပ်... ရှပ်..."

ချုံပုတ်များကြားမှ သစ်ရွက်လှုပ်သံများနှင့်အတူ လူသားသဏ္ဍာန် သစ်ပင်နတ်ဆိုး (၇) ကောင် ပြေးထွက်လာကြလေ၏။ တစ်ကောင်စီသည် (၃) မီတာမှ (၅) မီတာအထိ မြင့်မားကြပြီး၊ သစ်နွယ်များဖြင့် ဖုံးလွှမ်းနေ၏။ သူတို့၏ လှုပ်ရှားမှုများသည် ကျယ်လောင်လှသဖြင့် သတိမထားမိဘဲ နေရန် ခဲယဉ်းလှသည်။

၎င်းတို့အနက် အသန်မာဆုံး တစ်ကောင်မှာ နှစ်တစ်ရာ သစ်ပင်နတ်ဆိုးထက် မနိမ့်ကျသော အရှိန်အဝါရှိပြီး၊ အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့်သို့ ရောက်ရှိနေလေ၏။

ကျန် (၆) ကောင်မှာ အလယ်အဆင့် နတ်ဆိုးစစ်သည်များ ဖြစ်ကြပြီး၊ အားလုံးသည် ကျားယွိလန်ထက် သန်မာကြ၏။

"ဂိုဏ်းချုပ်... ကျွန်မတို့ နိုင်ပါ့မလား..."

ကျားယွိလန်က စိုးရိမ်တကြီး မေးလိုက်သည်။

မိုယင်က မြေကြီးပေါ်တွင် သတိမေ့နေသော ရွာသား (၅) ယောက်ကို ကြည့်ပြီး "တကယ်လို့ မနိုင်ရင်... ဓားပျံစီးပြီး ချက်ချင်း ထွက်ပြေးကြမယ်... ဒီလူတွေကိုတော့... ခေါ်သွားနိုင်မှာ မဟုတ်ဘူး..."

ဟု ပြတ်သားစွာ ပြောလိုက်သည်။

ခေါ်သွားရန် ဇွတ်အတင်း ကြိုးစားနေပါက အားလုံး သေသွားနိုင်သည်။ အချို့ ထွက်ပြေးလွတ်မြောက်သွားမှသာ ဒီနေရာက အဖြစ်အပျက်ကို ပြန်ပြောပြနိုင်မည် မဟုတ်ပါလော။

သို့သော် ယဲ့ဖုန်းက ဝင်ပြောလိုက်လေ၏။ "အစ်ကိုကြီး ခေါင်းပြား (၄) ကောင်တောင် ငါ ရင်ဆိုင်နိုင်တာ... ဒီ သစ်ပင်နတ်ဆိုး (၇) ကောင်လောက်ကတော့ အပျော့ပါ..."

တပည့်များ ခဏတာ ကြောင်သွားကြ၏။

ဟုတ်သားပဲ။

ဂိုဏ်းချုပ်က စွမ်းတယ်လေ။ သူတို့တွေပါ ဝိုင်းကူရင် သစ်ပင်နတ်ဆိုး (၇) ကောင်လောက်က ဖိအား သိပ်မရှိပါဘူး။

"ရှီး..."

(၃) မီတာခန့် မြင့်သော သစ်ပင်နတ်ဆိုး ခေါင်းဆောင်က ထူးဆန်းသော အသံတစ်ခု ပြုလိုက်ရာ၊ ပတ်ဝန်းကျင် အပူချိန်သည် ရုတ်တရက် ထိုးကျသွားပြီး ပူပြင်းသော နွေရာသီမှ ခါးသီးသော ဆောင်းရာသီသို့ ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားလေ၏။

ဒါက တိုက်ခိုက်ဖို့ အချက်ပေးလိုက်ခြင်းပင်။

အလယ်အဆင့် နတ်ဆိုးစစ်သည် (၆) ကောင်စလုံးသည် လက်မောင်းများကို ဝှေ့ယမ်းလိုက်ရာ၊ သံမဏိလို မာကျောသော သစ်နွယ် (၁၀) ချောင်းကျော်သည် လေတိုးသံများနှင့်အတူ ဝင်ရောက်လာကြလေ၏။

"ပန်းပွင့်ကြွေ မိုးစက်များ..."

ကျားယွိလန်သည် လျှင်မြန်စွာ လက်ဟန် ဖော်လိုက်ရာ၊ မရေမတွက်နိုင်သော ပန်းရောင် ပန်းပွင့်များ ကောင်းကင်ယံတွင် ပေါ်ထွက်လာပြီး သူတို့ပတ်လည်၌ ဇလုံမှောက်ပုံစံ

အကာအကွယ်လွှာတစ်ခု ဖန်တီးလိုက်လေ၏။

ဒုတိယအဆင့် သိုင်းပညာ ဖြစ်ပြီး အဆင့်ကြီးအောင်မြင်မှု ရောက်လုနီးပါး ဖြစ်နေသဖြင့်၊ ပထမအဆင့် သိုင်းပညာ၏ အထွတ်အထိပ်အဆင့်နှင့် ညီမျှသော ကာကွယ်မှု စွမ်းအား ရှိပေသည်။

“ဝှီး..”

သစ်နွယ်များ လာရောက် ရိုက်ခတ်သော်လည်း အများစုမှာ ပြန်ကန်ထွက်သွားကြ၏။ မကန်ထွက်သော သစ်နွယ်များကို မိုယင်က ဓားပျံဖြင့် ဖြတ်တောက်လိုက်သဖြင့် မည်သူမျှ ထိခိုက်မှု မရှိကြပေ။

"ဝူး..."

ထိုအချိန်တွင် ယဲ့ဖုန်းသည် ရှေ့သို့ ခုန်ထွက်လိုက်သည်။ ဝိညာဉ်စွမ်းအင် အရှိန်အဝါ မရှိသော်လည်း၊ သူ၏ အမြန်နှုန်းမှာ 'လေဝိညာဉ်ခြေလှမ်း' သုံးထားသူထက်ပင် ပိုမို မြန်ဆန်နေသေး၏။

"ဂျွတ်..."

ယဲ့ဖုန်းသည် 'ဝိညာဉ်မူလ နာရီ' ကို လက်သီးဆုပ်လောက် အရွယ်အစားအထိ ကြီးအောင် လုပ်လိုက်ပြီး၊ ကျောက်ခဲဖြင့် ထုသကဲ့သို့ အလယ်အဆင့် သစ်ပင်နတ်ဆိုး တစ်ကောင်ကို လွယ်ကူစွာ ရိုက်ခွဲပစ်လိုက်လေသည်။

ဒါကိုမြင်တော့ ကျန် သစ်ပင်နတ်ဆိုးတွေ မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေ ပြည့်နှက်သွားသည်။

သာမန်လူက ဒီလောက် စွမ်းတယ်လား။

တွေးတောင် မဆုံးသေးခင်မှာပဲ ယဲ့ဖုန်းက ဒုတိယအကြိမ် တိုက်ခိုက်လိုက်ပြန်ရာ နောက်ထပ် သစ်ပင်နတ်ဆိုး တစ်ကောင် ကြေမွသွားပြန်သည်။

"အူး..."

သစ်ပင်နတ်ဆိုး ခေါင်းဆောင်သည် ဒီလူသား မလွယ်မှန်း သိလိုက်သဖြင့် ဝိုင်းဝန်းတိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ ၎င်းကိုယ်တိုင်လည်း (၅) မီတာအထိ ကြီးထွားလာပြီး၊ လက်မောင်းများကို ဧရာမ သစ်သားတူကြီးများ အဖြစ် ပြောင်းလဲကာ အားကုန် ထုချလိုက်လေ၏။

သို့သော်လည်း၊ သူ ယဲ့ဖုန်းကို လျှော့တွက်မိသွားသည်။

ယဲ့ဖုန်းသည် မြေကြီးပေါ်သို့ ဆင်းသက်လိုက်ပြီး၊ သစ်နွယ်တစ်ချောင်းကို ဆွဲကာ တာဇံလိုမျိုး သစ်ပင်ပေါ် လွှဲတက်လိုက်သဖြင့် ခေါင်းဆောင်၏ တိုက်ခိုက်မှု လွဲချော်သွားလေ၏။

ထို့နောက် 'ဝိညာဉ်မူလ နာရီ' ကို (၁၂) ပေ အထိ ကြီးအောင် လုပ်လိုက်ပြီး အပေါ်စီးမှ အားကုန် ထုချလိုက်လေတော့၏။

"ဒုန်း..."

သစ်သားခေါင်းလောင်း ထိုးလိုက်သကဲ့သို့ အသံကြီး ထွက်ပေါ်လာပြီး၊ သစ်ပင်နတ်ဆိုး ခေါင်းဆောင်၏ ခန္ဓာကိုယ်ကြီး ပေါက်ကွဲထွက်သွားကာ ငြိမ်သက်သွားလေ၏။

ကျန်ရှိနေသော သစ်ပင်နတ်ဆိုးများ၏ မျက်လုံးများမှာ ပင်အပ်ခေါင်းလောက်အထိ ကျုံ့ဝင်သွားပြီး ကြောက်လန့်တကြား ဖြစ်ကုန်ကြ၏။

သနားစရာ သစ်ပင်နတ်ဆိုးတွေ... အံ့သြလို့ ပါးစပ်တောင် မဟနိုင်ကြဘူး... 'သောက်ကျိုးနည်း' လို့တောင် အော်တတ်ပုံ မရဘူး...

ကစဉ့်ကလျား ထွက်ပြေးနေကြသော သစ်ပင်နတ်ဆိုးများကို ကြည့်ရင်း ယဲ့ဖုန်း ရေရွတ်လိုက်မိ၏။

'သောက်ကျိုးနည်း' လို့တောင် မအော်တတ်ဘူး ဆိုတော့... သနားစရာပဲ။

ထိုသို့ တွေးမိပြီးနောက်၊ ယဲ့ဖုန်းသည် သစ်ပင်တစ်ပင်ကို ကွေးလိုက်ပြီး လေးညှို့တင်သကဲ့သို့ ကိုယ့်ကိုယ်ကို ပစ်လွှတ်လိုက်သည်။ ကျန်ရှိသော သစ်ပင်နတ်ဆိုးများကို တစ်ကောင်လျှင် လက်သီးတစ်ချက်စီဖြင့် ထိုးနှက်လိုက်ရာ၊ မကြာမီ အားလုံး မြေကြီးပေါ်တွင် အသက်မဲ့ လဲလျောင်းသွားကြလေ၏။

"ဖြောင်း ဖြောင်း ဖြောင်း၊ ရှင်းလင်းသွားပြီ..."

ယဲ့ဖုန်း လက်ခုပ်တီးလိုက်ပြီး 'ဝိညာဉ်မူလ နာရီ' ကို ပြန်သိမ်းလိုက်သည်။

သို့သော် အဝေးမှ လုံထျန်းရှင်းနှင့် အဖွဲ့ကို လှမ်းကြည့်လိုက်သောအခါ၊ သူတို့၏ မျက်နှာပေါ်တွင် လေးစားအားကျမှုများကို မတွေ့ရဘဲ၊ လက်များကို အဆက်မပြတ် ဝှေ့ယမ်းကာ တစ်စုံတစ်ခု အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။

ဒီမြင်ကွင်းက နည်းနည်း ရင်းနှီးနေသလိုပဲ။

"အနောက်မှာ ပြဿနာ ရှိနေပြီ..."

ယဲ့ဖုန်း ချက်ချင်း သတိဝင်သွားပြီး နောက်လှည့်ကာ လက်သီးဖြင့် ထိုးနှက်လိုက်၏။

ရုပ်ရှင်တွေထဲကလို သူများတွေ အော်နေတာကို သတိမထားမိဘဲ နေမည့် "အူကြောင်ကြောင် အဖွဲ့သား" မျိုး သူ မလုပ်ချင်ပေ။

ထင်သည့်အတိုင်းပင်... ယဲ့ဖုန်း လှည့်ကြည့်လိုက်သောအခါ၊ (၂) မီတာခန့် မြင့်မားပြီး မိကျောင်းခေါင်းနှင့် ကြက်ဖကြီး ပုံစံပေါက်နေသော သတ္တဝါ တစ်ကောင် ခုန်အုပ်လာသည်ကို တွေ့လိုက်ရသည်။

သူ့လက်သီးက ထိုကောင်၏ လည်ပင်းကို တည့်တည့်ထိသွားလေ၏။

"ကွပ်... ကွပ်... ကွပ်..."

ထိုသတ္တဝါကြီး နောက်ပြန်လွင့်သွားပြီး သစ်ပင် တစ်ပင်ကို ရိုက်ချိုးကာ မြေကြီးပေါ် ကျသွားလေ၏။ ၎င်း၏ ထက်မြက်သော ခြေသည်းကြီးနှစ်ချောင်း ယက်ကန်ယက်ကန် ဖြစ်နေပြီး၊ ဘေးနားရှိ သစ်ပင်များကို အလွယ်တကူ ဆုတ်ဖြဲပစ်လိုက်သည်ကို တွေ့ရသည်။

"ဒီ ခြေသည်းတွေက..."

ယဲ့ဖုန်း မျက်လုံးများ ပြူးကျယ်သွားသည်။

ထိုခြေသည်းတွေနှင့်သာ အကုတ်ခံလိုက်ရလျှင်... သူ့အဝတ်အစားတွေ တစ်စမကျန် စုတ်ပြတ်ကုန်မှာ သေချာ၏။

"ဒါ အဆင့်နိမ့် နတ်ဆိုးစစ်သည်အဆင့် 'မိကျောင်းခေါင်း ကြက်နတ်ဆိုး'ပဲ... သူ့ခြေသည်းတွေက လက်နက်သွန်းလုပ်ဖို့ ကောင်းတဲ့ ပစ္စည်းတွေ... ဒီကောင်တွေက အုပ်စုလိုက် နေတတ်ကြတာ... တစ်ကောင် တွေ့ရင် နောက်ထပ် အများကြီး ရှိဦးမှာ..."

မိုယင်က ချက်ချင်း သတိပေးလိုက်လေ၏။

ယဲ့ဖုန်း သတိထားလိုက်ရာ၊ ပတ်ဝန်းကျင် အရပ်ရပ်မှ ကြက်အော်သံများ လျင်မြန်စွာ နီးကပ်လာနေသည်ကို ကြားလိုက်ရသည်။

"ဘုန်း... ဘုန်း... ဘုန်း..."

ခြေသံများ ပိုမို နီးကပ်လာသည်။

မကြာမီ... ယဲ့ဖုန်းနှင့် အဖွဲ့ကို မိကျောင်းခေါင်း ကြက်နတ်ဆိုး (၁၀) ကောင်ကျော် ဝိုင်းထားလိုက်ကြ၏။

ဒီကောင်တွေ၏ မျက်လုံးက ခေါင်း၏ ဘေးတစ်ဖက်စီမှာ ရှိနေတော့၊ ကြက်တွေလိုပင် ခေါင်းကို ဘယ်တစ်လှည့် ညာတစ်လှည့် စောင်းပြီး ကြည့်တတ်ကြ၏။ ပုံစံက ရယ်စရာ ကောင်းနေသည်။

"ကွပ်... ကွပ်... ကွပ်..."

အလယ်အဆင့် နတ်ဆိုးစစ်သည်အဆင့် ရှိသော မီးနီရောင် ခေါင်းဆောင်ကောင်ကြီးက စူးရှစွာ အော်ဟစ်လိုက်ပြီး၊ ကျန်ကောင်များကို စက်ဝိုင်းပုံစံ ဝိုင်းရံထားရန် အမိန့်ပေးလိုက်သည်။ ထို့နောက် ယဲ့ဖုန်းတို့ဆီသို့ ပြေးဝင်လာကြလေ၏။

"အလင်းစီးကြောင်း ဓားသိုင်း..."

မိုယင် အခွင့်အရေး ရသွားသည်။ လက်ဟန် ဖော်လိုက်ပြီး ဓားပျံကို လေထဲတွင် လှည့်ပတ်လိုက်သည်။

'လေညှင်းစီး ဓားပျံ' သည် လျှင်မြန်စွာ ပျံသန်းသွားပြီး လေထဲတွင် မွှေနှောက်လိုက်ရာ၊ ဖြတ်သွားသည့် နေရာတိုင်းတွင် ကြက်နတ်ဆိုးများ၏ ခေါင်းများ ပြတ်ထွက်ကုန်ကြ၏။ အရှိန်မသေဘဲ ခြေလှမ်းအနည်းငယ် ဆက်ပြေးပြီးမှ ဗိုင်းခနဲ လဲကျသေဆုံးကုန်ကြလေသတည်း။

နောက်ဆုံးတွင် ခေါင်းဆောင်ကောင်ကြီး တစ်ကောင်တည်း ကျန်ရစ်ခဲ့ပြီး ယဲ့ဖုန်းတို့ကို အကဲခတ်သလို စိုက်ကြည့်နေသည်။

"ကွပ်... ကွပ်... ကွပ်..."

ခေါင်းဆောင်ကြီး ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော် မိုယင်က လက်ညှိုးတစ်ချက် တောက်လိုက်ရုံဖြင့် ဓားပျံ အရှိန်မြှင့်သွားပြီး ထိုအကောင်ကြီးကို နှစ်ပိုင်းပိုင်း ပစ်လိုက်လေ၏။

သစ်ပင်နတ်ဆိုးတွေရော၊ ကြက်နတ်ဆိုးတွေရော အားလုံးကို ယဲ့ဖုန်းနှင့် အဖွဲ့ ရှင်းလင်းလိုက်နိုင်ပြီ ဖြစ်သည်။

"စီနီယာအစ်မ မို... အဲ့ဒီသိုင်းကွက်က တော်တော် မိုက်တာပဲဗျ... ဓားပျံကို ဘယ်လိုလုပ် ဝိုင်းပတ်ပြီး လှည့်ခိုင်းလိုက်တာလဲဟင်..." လုံထျန်းရှင်း အားကျစွာ မေးလိုက်၏။

"ဓားထိန်းချုပ်သိုင်း သုံးတဲ့သူတိုင်းက ကိုယ့်ရဲ့ ဓားပျံနဲ့ မမြင်ရတဲ့ စွမ်းအင်ကြိုးမျှင် တစ်ခု ချိတ်ဆက်ထားတယ်... ငါက အဲ့ဒီကြိုးမျှင်ကို အသုံးပြုပြီး ဓားကို လှည့်ပတ်ခိုင်းလိုက်တာ... စက်ဝိုင်းပုံစံ ဖြတ်တောက်မှု ဖြစ်သွားတာပေါ့..."

မိုယင် ခဏ ရပ်လိုက်ပြီး ဆက်ပြောသည်။ "ဒီနည်းပညာကို 'ဓားတိုက်ခိုက်မှု သိုင်း' လို့ နာမည်ပေးထားတယ်..."

"မိုက်လိုက်တာဗျာ..."

လုံထျန်းရှင်း မိုယင်အား ပိုပြီး လေးစားသွားသည်။

ကျားယွိလန်လည်း ထို့တူပင်။ သူမက ၎င်းအား မှော်ဆန်သည်ဟု ထင်နေပြီး သင်ချင်သွားသည်။ သို့သော်လည်း၊ ယခုအချိန်က သင်ဖို့ တောင်းဆိုရမည့် အချိန် မဟုတ်သေးပါ။

ယဲ့ဖုန်းကတော့ မျက်လုံးပြူးသွားသည်။

'ဓားတိုက်ခိုက်မှု သိုင်း’ တဲ့လား။

တကယ်လို့ သေနတ်နဲ့ တိုက်ခိုက်တဲ့ နည်းပညာ မျိုးသာ ဖြစ်ခဲ့ရင်... တကယ် ကြောက်စရာ ကောင်းနေပြီ။

ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ကြည့်ပြီး ယဲ့ဖုန်း ယုံကြည်သွားတာက... မိုယင်က တကယ့် ပါရမီရှင် ဆိုသည်ကိုပင်။ တစ်နေ့ကျလျှင် ဓားထိန်းချုပ်သိုင်း အသစ်တစ်ခုကို တီထွင်ပြီး လောကကြီးကို တုန်လှုပ်သွားစေနိုင်လောက်သည်။

သို့သော် ဒီနေရာက အန္တရာယ် များနေသေးတာကို သတိရပြီး ယဲ့ဖုန်း တိုက်တွန်းလိုက်လေ၏။

"ဒီမှာ ကြာကြာ မနေသင့်ဘူး... မြန်မြန် ဆုတ်ခွာကြစို့…”

All Chapters