← Chapters

အခန်း (၆၄)

Vol. 7 Ch. 64

အခန်း (၆၄)

Vol. 7 Ch. 64

"အတင့်ရဲလိုက်လေခြင်း..."

"မင်းကသေခြင်းကို တောင်းဆိုနေတာပဲ.."

"ဧကရာဇ်ဆိုတာ မင်းစော်ကားလို့ရတဲ့အရာမဟုတ်ဘူးကွ..."

အမတ်ချုပ်ကြီးချန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်လာကာ ဧကရာဇ်နန်တျန်၏ အနောက်ဘက်တွင် ရပ်လိုက်သည်။ သို့သော် ကျုံးကျဲက သူကို လှည့်ပင်မကြည့်ပေ။

နယ်မြေစွမ်းအား၏ ချုပ်နှောင်မှုအောက်တွင် ရှိနေသော်လည်း သူသည် အစွမ်းကုန် ရုန်းကာ အဖြူရောင်ကြွေပန်းကန်လုံးကြီးကို အားကုန်လွှဲရိုက်လိုက်လေသည်။

ဧကရာဇ်နန်တျန်သည် ထင်ထားသကဲ့သို့ ဒေါသထွက်ခြင်း မရှိပေ။ ဧကရာဇ်တစ်ပါး၏ စိတ်နေသဘောထားနှင့် ခိုင်မာမြဲမြံသောကျင့်ကြံခြင်း အခြေခံအုတ်မြစ်ရှိသူတစ်ဦးပီသစွာပင်လူငယ်တစ်ဦး၏ စိတ်လိုက်မာန်ပါ လုပ်ရပ်အပေါ် ဒေါသထွက်မနေပါချေ။

"ဟင်း..... ဘာလို့များ ဒီလောက်ထိ ဖြစ်နေရတာလဲ..."

သူက ခေါင်းယမ်းလိုက်ပြီး သက်ပြင်းချလိုက်သည်။

ထို့နောက် လက်ဝါးတစ်ဖက်ကို မြှောက်ကာ ကျုံးကျဲကို ဖိအားသုံးပြီး အဝေးသို့ပို့ရန်ပြင်လိုက်စဉ် ကြောင်မြည်သံတစ်သံသည် သူတို့အပေါ်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

"ညောင်..."

"ကြီးနိုင်အငယ်ညှဉ်းလုပ်ရင် ခွေးကိုက်ခံရတတ်တယ်..."

"တစ်ခြားနေရာမှာ သွားဆော့ကြစမ်းပါကွာ..."

မည်သည့်အချိန်ကတည်းကရှိနေမှန်းမသိသည့် လိမ္မော်ရောင်ကြောင်ဖက်တီးတစ်ကောင်က ပြောလိုက်ခြင်းပင်။

ယင်းသည် အေးအေးလူလူဖြင့် လက်သည်းများကို လျှာဖြင့်လျက်ရင်းလူစကားပြောနေသည်မှာ သဘာဝလွန် ဖြစ်ရပ်တစ်ခုကဲ့သို့ ရှိနေ၏။

ထိုစကား ပြောပြီးသည်နှင့် တစ်ပြိုင်နက်

ဧကရာဇ်နှင့် အမတ်ချုပ်ကြီးချန်တို့ ရပ်နေသော ပတ်ဝန်းကျင်မြင်ကွင်းသည် ပန်းချီကားတစ်ချပ်သဖွယ် အေးခဲရပ်တန့်သွားလေသည်။

ထို့နောက် မျက်စိရှေ့မှောက်ရှိ မြင်ကွင်းတစ်ခုလုံးသည် မိုင်တစ်သိန်းအကွာရှိ အခြားနေရာတစ်ခုမှ မြင်ကွင်းတစ်ခုနှင့် နေရာချင်း ချိန်းလိုက်သကဲ့သို့ ပြောင်းလဲသွားလေ၏။

ကောင်းကင်ယံတွင် ဧကရာဇ်နှင့် အမတ်ချုပ်ကြီးချန်တို့ ပျောက်ကွယ်သွားပြီး သူတို့၏နေရာတွင် မိုင်တစ်သိန်းအကွာမှ လေဟာနယ်တစ်ခုက နေရာဝင်ယူလိုက်သည်။

ထိုအခါ ကျုံးကျဲ၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ထားသော နယ်မြေစွမ်းအားများလည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ထိုကြောင်ဖက်တီးသည် မြေပြင်ပေါ်ရှိ မြက်ခင်းပြင်တစ်ခုပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။

ကျင့်ကြံဆင့်နိမ့်သည့် လင်ချန်နှင့် ကျုံးကျဲ နှစ်ဦးစလုံး ထိုကြောင်ကို သတိမထားမိကြပေ။ ကြောင်သည် ထိုနေရာတွင် ရှိမနေသကဲ့သို့ ပင်သူတို့နှစ်ဦးစလုံး ကြောင်ကို မြင်ပင်မမြင်ရပါချေ။ ကြောင်သည် မြက်ခင်းပေါ်တွင် ပျင်းရိလေးတွဲ့စွာ လှဲလျောင်းလိုက်ပြီးနောက် တဖြည်းဖြည်း မှေးမှိန်ကာ နောက်ဆုံးတွင် ပျောက်ကွယ်သွားလေတော့သည်။

ပေါ့ပါးသော စကားသံတစ်ခွန်းသည်သာ ကျုံးကျဲ၏ ခေါင်းထဲတွင် ပဲ့တင်ထပ် ကျန်ရစ်ခဲ့သည်။

"မင်းတို့ ဆက်ချကြ... ငါ့ကို ဂရုမစိုက်နဲ့..."

ကျုံးကျဲ ခေါင်းမော့ကြည့်လိုက်ရာ ဧကရာဇ်နှင့် အမတ်ချုပ်ကြီးချန် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် တစ်ခုခုကိုနားလည်လိုက်သည်။ မိုင်တစ်သိန်းအကွာရှိ ဧကရာဇ်နန်တျန်နှင့် အမတ်ချုပ်ကြီးချန်တို့မှာ အံ့သြထိတ်လန့်ဟန်အပြည့်ဖြင့်ပင်။

"ဒါ... ဒါက ဒဏ္ဍာရီလာ နေရာရွေ့ပြောင်းခြင်း နတ်ဘုရားစွမ်းရည်လား..."

"အထွတ်အထိပ် နေရာလွတ်တာအိုနိယာမပဲ..."

"တကယ်ပဲ...အဲဒီကြောင်က ဘယ်သူလဲ..."

ဧကရာဇ်နန်တျန်သည် သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ အငိုက်မိသွားခဲ့ခြင်းပင်။ မူလနေရာတွင်မူ လင်ချန်၏ ခန္ဓာကိုယ်သည် ရွှံ့နွံကဲ့သို့ ပျော့ခွေနေပြီဖြစ်သည်။

သူ၏ ရုပ်ခန္ဓာမှာ ဆိုးရွားစွာ ပျက်စီးနေပြီးဒဏ်ရာပြင်းထန်စွာရထားသော်လည်း သေဆုံးသွားခြင်း မရှိသေးပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့ခန္ဓာကိုယ်ထဲတွင် ထူးဆန်းသော စွမ်းအင်လှိုင်းများ စုဝေးလာနေသည်။

ဝိညာဉ်မြင့်မြတ်ခန္ဓာသည် အမှန်တကယ်ပင် ထူးခြားဆန်းကြယ်လှ၏။ ကျုံးကျဲသည် အဖြူရောင် ပန်းကန်လုံးကြီးကို ကိုင်လျက် ရှေ့သို့ ဖြည်းဖြည်းချင်း တိုးလာလေသည်။ ဒူးများကို အနည်းငယ် ကွေးညွှတ်ထားပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားသည့်ပုံပင်။

လင်ချန်၏ ခန္ဓာကိုယ်ပေါ်မှ အသားစိုင်များသဖွယ်ကြေမွနေသော နေရာများသည် တဖြည်းဖြည်း မည်းနက်လာပြီး အနက်ရောင် အသားနုများ ထွက်ပေါ်လာသည်။

ထိုအသားနုများသည် မရပ်မနား တွန့်လိမ်လှုပ်ရှားနေပြီး သူ့၏အသားစိုင်သဖွယ်ကြေမွ‌နေသည့်နေရာများတွင် အစားထိုး‌ နေရာယူလိုက်သည်။ လင်ကန်း၏ ကျင့်ကြံခြင်းအဆင့်သည် အမတ်ချုပ်ကြီးချန်ကို မမီသဖြင့် ယခုမှပင် အရှိန်ပြင်းစွာ ပျံသန်းရောက်ရှိလာခြင်း ဖြစ်သည်။

အစောက သူသည် နန်တျန်ဧကရာဇ်၏ အရှိန်အဝါကို အာရုံခံမိလိုက်သော်လည်း မျက်စိတစ်မှိတ်အတွင်း ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

ဧကရာဇ် ဝင်ရောက်စွက်ဖက်နေပြီဟု သူ ထင်မှတ်ခဲ့သည်။ ယခု လင်ချန်၏ ခန္ဓာကိုယ်မှ ထူးဆန်းသော ပြောင်းလဲမှုများကို မြင်လိုက်ရသောအခါ သူ့စိတ်ထဲတွင် အလွန် စိုးရိမ်ပူပန်သွား၏။ ဝိညာဉ်မြင့်မြတ်ခန္ဓာကြောင့် ငရဲကျင့်စဉ်များကို ကျင့်ကြံထားသည်ဟု အကြောင်းပြချက် ပေးနိုင်သော်လည်း ယခု လင်ချန်၏ ခန္ဓာကိုယ် ပြောင်းလဲမှုသည်

အလွယ်တကူ ဖုံးကွယ်၍ ရနိုင်မည့်အရာ မဟုတ်တော့ပေ။

တစ်ချက်ကြည့်ရုံဖြင့်ပင် ဟွမ်ရှားနတ်ဘုရားများနှင့် ပတ်သက်ဆက်နွယ်မှုများ ရှိနေကြောင်း ရှင်းလင်းစွာ မြင်သာနေသည်။

အင်မော်တယ်မင်းဆက်သည် ပါရမီရှင်များကို ကာကွယ်ပေးလိုသည် ဆိုစေဦးတော့ နယ်ခြားဟွမ်ရှား လူမျိုးစုများနှင့် နက်ရှိုင်းစွာ ပတ်သက်နေသူ တစ်ဦးကိုမူ သည်းခံခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။

အကယ်၍ နန်တျန်အင်မော်တယ်မင်းဆက်က လူသားမျိုးနွယ်စုမှ ခွဲထွက်ချင်နေသည် ဆိုရင်တော့ တစ်မျိုးဖြစ်ပေလိမ့်မည်။

''ငါ့သားမင်းက စိတ်လိုက်မာန်ပါ လုပ်လိုက်တာပဲ... ဒီ ဝိညာဉ်ပုံစံက လုံးဝ ဖော်ပြလို့မဖြစ်ဘူးကွ...''

လင်ကန်း ရောက်ရှိလာချိန်တွင် လင်ချန်၏ ပုံစံမှာ လူရုပ် မပေါက်တော့ချေ။ တစ်ကိုယ်လုံးတွင် အနက်ရောင် အမွှေးအမျှင်များဖြင့် ဖုံးလွှမ်းနေပြီး သူ့မျက်လုံးများထဲတွင်လည်း အငြိုးအတေးများဖြင့် ပြည့်နှက်နေ၏။

ခန္ဓာကိုယ်ကပြင်းပြင်းထန်ထန် ထိခိုက်သွားခြင်းကြောင့်သာ မတတ်သာဘဲ ဝိညာဉ်ပုံစံသို့ ပြောင်းလဲလိုက်ရခြင်း ဖြစ်သည်။ အိုးကွဲမှတော့ ရေစိုခံလိုက်တော့မည် ဆိုသည့် သဘောပင်။

"ကျုံးကျဲ... မင်းစောစောက ထုတ်သုံးလိုက်တာ ဘာလက်သီးသိုင်းနည်းစနစ်လဲ... အနောက်ဘက် ချူစစ်ဘုရင် ချန်ထားခဲ့တဲ့ သိုင်းနည်းစနစ်လား..."

လင်ချန်၏ အသံမှာ အက်ကွဲနေပြီး ငရဲကိုးထပ်မှ တက်လာသော သရဲတစ္ဆေတစ်ကောင်၏ အသံကဲ့သို့ဖြစ်နေသည်။ သူသည် ယိုင်နဲ့နဲ့ဖြင့် မြေကြီးပေါ်မှ ထရပ်လိုက်ပြီးတစ်ကိုယ်လုံးတွင် သေခြင်းအငွေ့အသက်များဖြင့်လွှမ်းခြုံထားလေသည်။

မူလက ယမမင်းစွမ်းအင်များ သိပ်သည်းနေသည် ဆိုသော်လည်း အနည်းဆုံးတော့ သက်ရှိအငွေ့အသက် ရှိနေသေးပြီး လူတစ်ယောက်ကဲ့သို့ ရှိနေသေးသည်။ ယခု လင်ချန်မှာမူ လူမဟုတ် သရဲမဟုတ် ဖြစ်နေပြီး သက်ရှိအငွေ့အသက်မှာ မရှိသလောက်ဖြစ်သွားပြီး သေခြင်းအငွေ့အသက်များ မိုးထိအောင် ထောင်တက်နေသဖြင့် အလောင်းကောင် တစ်ကောင်နှင့် ပိုတူနေသည်။

ကျုံးကျဲက ပေါ့ပါးစွာ ရယ်မောလိုက်သည်။ မိနစ်အနည်းငယ် အနားရလိုက်သဖြင့် သူ့ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအင်များ တဖြည်းဖြည်း ပြန်လည်ပြည့်ဝလာပြီဖြစ်သည်။ အရှင်သခင် စစ်ဘုရင်ခန္ဓာမှာ အလွန်စွမ်းအားကြီးမားလှသည်။ ဤမျှတိုတောင်းသော အချိန်လေးအတွင်းမှာပင် ဝိညာဉ်စွမ်းအင် ၂၀ရာခိုင်နှုန်း ပြန်လည်ပြည့်ဝလာလေ၏။

"စစ်ဘုရင်ရဲ့သိုင်းနည်းစနစ် ဟုတ်လား... မင်းကိုသတ်ဖို့က အဲ့လိုအဆင့်မြင့်နည်းစနစ် မလိုပါဘူး..."

"မင်း ကိုယ့်မင်း အထင်အရမ်းကြီးလွန်းနေတာပဲ..."

"ဒီလက်သီးသိုင်းနာမည်က ရယ်ချိုးလက်သီးသိုင်း တဲ့..."

"ငါတို့ မြင့်မြတ်နယ်မြေက ဘိုးဘေး ချန်ထားခဲ့တဲ့ သေမျိုးအဆင့် သိုင်းကွက်ပေါ့... သုံးနှစ်သားကလေးတောင် ဒီသိုင်းကွက်ကို ကစားတတ်တယ်..."

ရယ်ချိုးလက်သီးသိုင်း သည် ကျုံးရှန် စနစ်ထံမှ နေ့စဉ်လော့အင်ဝင်ခြင်းကြောင့် ရရှိခဲ့သော ဆုလာဘ်ဖြစ်သည်။

ဤလက်သီးသိုင်းကွက်သည် ဝိညာဉ်စွမ်းအင် မရှိသော သိုင်းလောကတစ်ခုမှ လာခြင်းဖြစ်ပြီး ရှောင်ရှားမီဟု အမည်ရသော ပြိုင်ဘက်ကင်း သိုင်းပညာရှင်တစ်ဦး တီထွင်ခဲ့ခြင်းဖြစ်သည်။ ဂိုဏ်းပေါင်းစုံ၏ အားသာချက်များကို နှင့်သိုင်းပညာ၏ အနှစ်သာရကို ပေါင်းစပ်ထားသည့် သိုင်းကွက်ပင်ဖြစ်သည်။

ကျွမ်းကျင်အဆင့်ထိ ကျင့်ကြံနိုင်ပါက သူ့ရဲ့ စွမ်းအားမှာ တိုင်းဆမရအောင်အစွမ်းထက်သည်။ သို့သော်လည်း ထိုအဆင့်ရောက်‌ရှိရန်မှာ အလွန် ခက်ခဲလှပေသည်။

သိုင်းကွက်မှာ ၇ ကွက်တည်း မဟုတ်ပေ။ ၁ ကွက်မှ ၉ ကွက်အထိသည် အခြေခံအဆင့်သာဖြစ်သည်။

ပါရမီထူးချွန်သူများအနေဖြင့် ၁၀ ကွက်မြောက်အထိ ကျင့်ကြံနိုင်ပါက ၅၁၂ ဆသော လက်သီးစွမ်းအားကို ထုတ်ဖော်နိုင်မည်ဖြစ်ပြီး ထိုဆတိုးကိန်းသည် မည်သည့် စွမ်းအားနှင့်မဆို ပေါင်းစပ်အသုံးပြုနိုင်ပေသည်။

အဆင့်ကျော်ပြီး သတ်ဖြတ်ခြင်းမျိုးပင် ပြုလုပ်နိုင်လေသည်။ လောကတွင် ခက်ခဲသောအရာ မရှိ

ရယ်ချိုးလက်သီးသိုင်းကိုသာ ကြောက်ရသည် ဟုပင် ဆိုရိုးစကား ရှိခဲ့ဖူးသည်။ ကျုံးရှန်၏ မျက်လုံးများက အလွန်စူးရှသဖြင့် ဤလက်သီးသိုင်း၏ ထူးခြားမှုကို တစ်ချက်ကြည့်ရုံဖြင့် သိရှိခဲ့သည်။

ထို့ကြောင့် မြင့်မြတ်နယ်မြေရှိ လူကြီးလူငယ်မရွေး ခုခံကာကွယ်ရန်အတွက် သင်ယူစေခဲ့ခြင်း ဖြစ်သည်။ နောက်မျိုးဆက်များထဲမှ အချို့က ထိုလက်သီးသိုင်း၏ ခက်ခဲနက်နဲသော အစိတ်အပိုင်းအချို့ကို ပိုမိုချောမွေ့စေရန် ပြန်လည်ပြင်ဆင်ခဲ့ပြီးထိုမှစ၍ မြင့်မြတ်နယ်မြေရှိ တပည့်အားလုံးကို သင်ကြားပေးခဲ့ကြသည်။ ထိုသိုင်းနည်းစနစ်ကို အကာအကွယ်သတ်ဖြတ်ခြင်းလက်သီး ဟုလည်း ခေါ်ဆိုကြသည်။

"သေမျိုးအဆင့် သိုင်းကွက်..."

"သေမျိုးအဆင့် သိုင်းကွက်..."

လင်ချန် ရေရွတ်လိုက်မိသည်။ ထို့နောက် ရုတ်တရက် ခေါင်းမော့လိုက်၏။ သူ့မျက်လုံးများထဲတွင် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ အနက်ရောင် အလင်းတန်းတစ်ချက်လက်သွားပြီး ကျုံးကျဲကို စိုက်ကြည့်လိုက်သည်။

"မင်း ငါ့ကို လိမ်ရဲတယ်ပေါ့..."

"တကယ့်ကို သေသင့်တဲ့ကောင်ပဲ..."

ကျုံးကျဲ ခေါင်းယမ်းလိုက်သည်။

"သေတော့မယ့်သူတစ်ယောက်နဲ့ ဘာစကားတွေ အများကြီး ပြောနေမိပါလိမ့်..."

"လင်ချန်... အဲ့ဒီနေ့က မင်း ငါ့ရဲ့ တာအိုအမှတ်အသားကို လုယူပြီး ငါ့ရဲ့ မူလအမြုတေကို ဖျက်ဆီးခဲ့တယ်... ဒီနေ့ အဲဒါတွေရဲ့ ၁၀ ဆ ပြန်ပေးဆပ်ရမယ်..."

"မင်းသေပြီးရင် လင်မိသားစုကိုပါ ဒီကမ္ဘာလောကထဲကနေ ဖယ်ရှားပစ်မယ်..."

"တစ်ယောက်မှ အသက်မရှင်စေရဘူး..."

သူ့အသံမှာ သေမင်းတမန်ကဲ့သို့ အေးစက်နေသည်။

ထိုအချိန်တွင် သူ့ခြေထောက်နှစ်ဖက်၌ စွမ်းအားများ အမြင့်ဆုံးအထိ စုစည်းမိသွားပြီး ရုတ်တရက် ခုန်တက်လိုက်ကာ လင်ချန်၏ ခေါင်းပေါ်သို့ အရှိန်ဖြင့်နင်းချလာသည်။

သူ့ခန္ဓာကိုယ်ထဲတွင်လည်း ဝိညာဉ်စွမ်းအင်များ လည်ပတ်သွားပြီး လက်ထဲမှ စစ်ဘုရင်လှံရှည်သည် ထပ်မံ၍ ကိုယ်ပွားများ ကွဲထွက်သွားပြန်သည်။ ထို့နောက်လက်ဝါးကို ဝှေ့ယမ်းလိုက်ကာ မရေမတွက်နိုင်သော စစ်ဘုရင်လှံရှည်များသည် လင်ချန်အပေါ်သို့ ကျဆင်းသွားလေသည်။

လင်ချန်သည် ဝံပုလွေခေါင်း နဲ့ လူခန္ဓာကိုယ် ဝိညာဉ်ပုံစံသို့ အပြည့်အဝ ပြောင်းလဲသွားပြီဖြစ်သည်။ ခန္ဓာကိုယ်ပေါ်တွင် နေရာမကျသေးသော အသားမျှင်များသည် လှုပ်ရွနေဆဲဖြစ်လေ၏။ ထိုအသားမျှင်များပေါ်မှ အနက်ရောင် အရည်ပျစ်ပျစ်များသည် မြေကြီးပေါ်သို့ တစ်စက်စက် ကျဆင်းနေကာထိုအရည်များ ကျဆင်းသွားသည့် မြေပြင် ပတ်လည်ရှိ အပင်များအားလုံး ချက်ချင်း ညှိုးနွမ်းခြောက်သွေ့သွားကြသည်။

ခေါင်းနှင့် မျက်နှာမှလွဲ၍ လင်ချန်၏ခန္ဓာကိုယ်တစ်ခုလုံးသည် လူနှင့်မတူတော့ချေ။ ဒဏ္ဍာရီထဲတွင် ပြောစမှတ်ပြုကြသော သဲကန္တာရ ငရဲနတ်ဘုရား အနူးဘစ်နှင့် တစ်ထပ်တည်း တူညီနေတော့သည်။

မိုင်တစ်ရာအကွာရှိ နန်းတော်မြို့ရိုးတံခါးဝတွင် စစ်သည်များအားလုံးသည် မျက်လုံးများတွင် ဝိညာဉ်စွမ်းအင်များ စုစည်းလိုက်ပြီး အမြင်အာရုံကို မြှင့်တင်ကာ တိုက်ပွဲကို လှမ်းကြည့်နေကြသည်။ သို့ဖြစ်၍လင်ချန်၏ကြီးမားသော ပြောင်းလဲမှုကို မြင်လိုက်ကြရသည်။

ယခုအချိန်တွင် လင်ချန်သည်သာလျှင် ဟွမ်ရှား လူမျိုးစုများနှင့် ပူးပေါင်းထားသော သစ္စာဖောက်ဖြစ်ကြောင်း သူတို့အားလုံး နားလည်သွားကြသည်။ စစ်မင်းဓားကျိုးနှင့် ရွှေရောင်ချိတ်ကောက်တောင်ဝှေးတို့မှာ မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သည်။

အဆုံးမဲ့သော ယမမင်း၏သေခြင်းစွမ်းအင်များသည် သူ့လက်နှစ်ဖက်တွင် စုစည်းသွားပြီး ဝိညာဉ်ကျမ်းစာအုပ်တစ်အုပ်နှင့် စီရင်ချက်ချိန်ခွင် တစ်ခုအဖြစ် ပုံဖော်လိုက်လေသည်။

ဤသည်မှာ သူ၏ ဝိညာဉ်ပုံစံ ငရဲနတ်ဘုရား အနူးဘစ် ကိုယ်ပွားပင်ဖြစ်၏။

All Chapters