← Chapters

အခန်း (၆၅)

Vol. 7 Ch. 65

အခန်း (၆၅)

Vol. 7 Ch. 65

“မင်းကများငါ့ကိုသတ်ချင်တာလား... ဘယ်လောက်လွယ်မလဲကြည့်ကြတာပေါ့...”

“ဝါတီယဲ့... ထယ်ဝမ်... ခင်ဗျားတို့နှစ်ယောက် အခုထွက်မလာရင် ဘယ်အချိန်ထွက်လာမှာလဲ...”

လင်ချန်သည် မူလနေရာတွင် မတ်တပ်ရပ်နေပြီး ရှောင်တိမ်းမည့်ပုံစံ လုံးဝမရှိဘဲ ပုန်းအောင်းနေသည့်သူနှစ်ဦးထွက်လာရန် အော်ဟစ်လိုက်ခြင်းပင်။

“ရွှမ်း...”

“ရွှမ်း...”

သူ့စကားသံဆုံးသည်နှင့် မိုင်ရာချီအကွာတွင် ကွဲပြားသော အရှိန်အဝါရှိသည့် သဲမုန်တိုင်းနှစ်ခု ကောင်းကင်သို့ ထိုးတက်သွားလေသည်။ ထိုအရှိန်အဝါများသည် သဲမုန်တိုင်းအတွင်းရှိကျင့်ကြံသူ၏ ကျင့်ကြံဆင့်မြင့်မားမှုကို ဖော်ပြနေသည်။

ထို့နောက်အလွန်မြန်ဆန်‌သောအရှိန်ဖြင့်ထိုသဲမုန်တိုင်းနှစ်ခုသည် မျက်စိတစ်မှိတ်အတွင်း လင်ချန်၏မြင်ကွင်းသို့ ရောက်ရှိလာပြီး အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် အသွင်ပြောင်းသွားသည်။

သူတို့ကား ဟွမ်းရှားမျိုးနွယ်စုမှ ရောက်ရှိလာသော စစ်ကူများဖြစ်သည်။ ထိုအထဲမှ ကိုယ်ကျပ်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော ဟွမ်ရှားအမျိုးသားသည် ခြေတစ်လှမ်းတိုးလိုက်ပြီး လင်ချန်၏ ရှေ့တွင် ကာရပ်လိုက်ကာ သူ့ဆီ ပျံသန်းဝင်ရောက်လာသော စစ်ဘုရင်လှံရှည် ကိုယ်ပွားများကို ရင်ဆိုင်လိုက်၏။

“ဝေါင်း...”

ထိုသူက ပါးစပ်ကိုဟကာ အော်မြည်လိုက်ပြီး သဲမှုန်အစုအ‌ဝေးကြီးကို မှုတ်ထုတ်လိုက်သည်။ သဲမုန်အစုအ‌ဝေးထဲတွင် ငရဲခံစား‌နေရသူများ၏အော်ဟစ်ငို‌ကျွေးနေသော ဦးခေါင်းခွံပုံရိပ်များ မရပ်မနား ပေါ်ထွက်လာပြီး အဆုံးမဲ့သော လေလှိုင်းများကို ဖြစ်ပေါ်စေကာ ကျုံးကျဲ၏ မရေမတွက်နိုင်သော လှံရှည်ကိုယ်ပွားများကို ဖျက်ဆီးပစ်သည်။

ထို့နောက်လက်ကျန် သဲလေလှိုင်းများသည် ကျုံးကျဲဆီသို့ ဆက်လက်တိုးဝင်သွားသည်။

“ဟွမ်ရှားလူမျိုးစုတွေ... ပြည်နယ်ရဲ့ အချက်အချာနေရာအထိ ဝင်လာရဲတယ်ပေါ့... မင်းတို့.... သတ္တိကောင်းလှချည်လား...”

အကြီးအကဲဆွန်က ဒေါသတကြီး အော်ဟစ်လိုက်ကာသူ့ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်များကို ခရမ်းရောင်မိုးကြိုးကွန်ရက်အကာအကွယ်အတားအဆီးအဖြစ် ပြောင်းလဲလိုက်ပြီး ကျုံးကျဲကိုကာထားလိုက်သည်။ သို့မဟုတ်ပါက ထိုအော်သံတစ်ခုတည်းနှင့်ပင် ကျုံးကျဲတစ်ယောက် အသက်တစ်ဝက်လောက် ပါသွားနိုင်သည်။

ကျုံးကျဲ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သို့သော် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ သူ့ရှေ့မှောက်ရှိ ဟွမ်ရှားလူမျိုးစု ကျွမ်းကျင်သူနှစ်ဦးကိုသာ အေးစက်စွာ စိုက်ကြည့်‌ နေသည်။

“ဟမ့်... ဟွမ်ရှားသဲခေါင်းတလားထဲမှာ အိပ်စက်နေတာ နှစ်ပေါင်း ၆ သောင်း ရှိသွားပြီ... လူသားတွေကို မတွေ့ရတာ အတော်တောင်ကြာသွားပြီပဲ...”

“အခုခေတ် လူသားတွေက ဒီလောက်ထိတောင် အားနည်းသွားကြပြီလား...”

“လူသား... မင်းမှာ ငါတို့နဲ့ စကားပြောဖို့ အရည်အချင်း မရှိဘူး...”

“ငါတို့ လောကကို ဖြတ်သန်းသွားလာနေတုန်းက မင်းဆိုတဲ့ကောင် မွေးတောင်မမွေးသေးဘူးကွ...”

ဟွမ်ရှားလူမျိုးစုနှစ်ဦးက အေးစက်စွာ လှောင်ပြောင်လိုက်သည်။ သူတို့၏ အသံများမှာ အက်ကွဲပြီး ခြောက်ကပ်နေကာ စကားမပြောသည်မှာ အတော်ကြာမြင့်နေသည့်ပုံပင်။

“ဝါတီယဲ့... ငါ ဒီလူသားကို ရှင်းလိုက်မယ်... မင်းသွားပြီး ဟိုကောင်လေးကို ဖမ်းလာခဲ့လိုက်..”

ဟွမ်ရှားအမျိုးသားက ပြောလိုက်သည်။

ဝါတီယဲ့ အမည်ရှိ ဟွမ်ရှားအမျိုးသမီးက ခေါင်းညိတ်လိုက်သည်။ သူမသည် မူလနေရာတွင် ရပ်လျက်ပင် လက်မြှောက်လိုက်ရာ လေထဲတွင်ပေပေါင်းတစ်သောင်းခန့် ကြီးမားသော ဟွမ်ရှားသဲလက်ဝါးကြီးတစ်ခု ပေါ်လာပြီး ကျုံးကျဲကို လှမ်းဖမ်းလိုက်လေသည်။

သဲလက်ဝါးကြီးသည် ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးကွယ်သွားပြီး ပေပေါင်းတစ်သောင်းမြင့်သော သဲတောင်ကုန်းကြီး ပြိုကျလာသကဲ့သို့ဖြစ်နေသည်။ အကြီးအကဲဆွန် မျက်နှာ ပျက်သွား၏။ တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်မှာ ခန့်မှန်း၍ မရနိုင်အောင် နက်ရှိုင်းလွန်းလှသည်။

“ရားးး...”

သူ ကောင်းကင်ကို မော့ကြည့်ပြီး အော်ဟစ်လိုက်သည်။

ထိုအခါ သူ၏ဆံပင်မွှေးနှင့်မုတ်ဆိတ်မွှေးများ ထောင်တက်သွားပြီးတစ်ကိုယ်လုံးတွင် လည်းမိုးကြိုးလျှပ်စီးများ လက်လာသည်။ သူ့ခန္ဓာကိုယ်ကို ကြားခံနယ်မြေအဖြစ် အသုံးပြုပြီး ကောင်းကင်နှင့်မြေကြီး မိုးကြိုးများကို ဆွဲဆောင်လိုက်ခြင်းဖြစ်သည်။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..”

မိုးကြိုးတိုင် ၅ တိုင် ကောင်းကင်မှ ကျဆင်းလာပြီး သဲလက်ဝါးကြီးကို ဝင်ရောက်ရိုက်ခတ်လိုက်သည်။

ထိုမိုးကြိုးငါးသွယ်မှာ ရာသီဥတု လေးပါးကို ထိန်းချုပ်ခြင်း၊ ကောင်းကင်နတ်ဆိုးများကို သတ်ဖြတ်ခြင်း၊ ကပ်ရောဂါများကို ရှင်းလင်းခြင်း၊ ဖမ်းဆီးရခက်သော ကောင်းကင်မိစ္ဆာများကို ဖမ်းဆီးခြင်း၊ သက်ရှိများကို ကယ်တင်ခြင်း နှင့် ကြီးမားသော ရောဂါဝေဒနာများကို ကုသပေးသော ကောင်းကင်မိုးကြိုး။

သက်ရှိများကို မွေးဖွားရှင်သန်စေခြင်း၊ ပိုးမွှားများကို ရှင်းလင်းခြင်း၊ တောင်စောင့်နတ်နှင့် ကျောက်တုံးမိစ္ဆာများကို ခုတ်ပိုင်းခြင်း၊ တောင်ပေါ်မှ အဆိပ်ငွေ့များကို ရှင်းလင်းခြင်း၊ သေဆုံးပြီးသော ဝိညာဉ်များကို ကယ်တင်ပေးသော မြေမိုးကြိုး။

မိုးရွာသွန်းစေခြင်း၊ မိုးခေါင်ခြင်းကို ကယ်တင်ခြင်း၊ နဂါးများ၊ မြွေဆိုးများ၊ ခုံးကောင်ကြီးများ၊ မိစ္ဆာများကို သတ်ဖြတ်ခြင်း၊ လေမုန်တိုင်းကို ဆင့်ခေါ်ခြင်း၊ ရေအောက်ကမ္ဘာကို စီမံခန့်ခွဲသော ရေမိုးကြိုး။

သတ်ဖြတ်ခြင်းကို အဓိကပြုခြင်း၊ မှားယွင်းသော ယဇ်ပူဇော်မှုများကို ဖျက်ဆီးခြင်း၊ ဘုရားကျောင်း၊ စေတီ၊ အိမ်၊ နတ်ကွန်း၊ တောင်နှင့် မြစ်ချောင်းများရှိ မိစ္ဆာများကို နှိမ်နင်းသော နတ်ဘုရားမိုးကြိုး။

ရှေးဟောင်းပစ္စည်းများတွင် ကပ်ငြိနေသော ဝိညာဉ်များကို သတ်ဖြတ်ခြင်း၊ ရှေးဟောင်းချီများကို နှိမ်နင်းခြင်း၊ ယဇ်ပလ္လင်များနှင့် နတ်ကွန်းများကို ဖျက်ဆီးသော ရှဲ့မိုးကြိုး။

ထိုမိုးကြိုးတိုင် ၅ တိုင်သည် တစ်ချိန်က မိုးကြိုးနတ်ဘုရား၏ လက်အောက်ခံ မိုးကြိုးသခင် ၅ ပါးကို ကိုယ်စားပြုပြီးမိုးကြိုးတိုင် တစ်တိုင်စီတွင် မတူညီသော ကောင်းကင်နှင့်မြေကြီး စွမ်းအားများ ကိန်းအောင်းနေသည်။

“ဟမ့်... လူသား... မင်းရဲ့ ပြိုင်ဘက်က ငါပဲ...”

ဝတ်ရုံရှည်ဝတ် ဟွမ်ရှားအမျိုးသားသည် အကြီးအကဲဆွန်၏ ရှေ့မှောက်သို့ ရောက်ရှိလာပြီး သဲများ ဖုံးလွှမ်းနေသောလက်ဖြင့် လက်သီးတစ်ချက် ထိုးချလိုက်သည်။

ထိုအခါချက်ချင်းပင် မရေမတွက်နိုင်အောင်များပြားသောသဲမှုန်များသည် သဲလှောင်အိမ်တစ်ခုအဖြစ် ပြောင်းသွားပြီး အကြီးအကဲဆွန်ကို ချုပ်လှောင်လိုက်ကာ သူနှင့် မိုးကြိုးငါးသွယ်ကြား အဆက်အသွယ်ကို ဖြတ်တောက်လိုက်၏။

ထို့အပြင် ကျုံးကျဲကို ကာကွယ်ပေးထား သောခရမ်းရောင်မိုးကြိုးအကာကွယ်ပါ ပျောက်ကွယ်သွားလေသည်။

“ကျုံးကျဲ...”

ထိုအချိန်တွင် နန်တျန်ဧကရာဇ်နှင့် အမတ်ချုပ်ကြီးချန်တို့သည် မိုင်တစ်သိန်းအကွာမှ ပြန်လည်ရောက်ရှိလာပြီဖြစ်၏။ သူတို့၏ နတ်ဘုရားစိတ်အာရုံဖြင့် နေရာအနှံ့ ရှာဖွေကြည့်သော်လည်း လိမ္မော်ရောင်‌ကြောင်ဖက်တီးကို အရိပ်အယောင်မျှပင် မတွေ့ရပေ။

ထိုအစား လင်ချန်ကို လူသားမဟုတ်သည့်ထူးဆန်းသော ဝိညာဥ်အသွင်အပြင် နှင့်တကွ ဟွမ်ရှားလူမျိုးစု ကျွမ်းကျင်သူနှစ်ဦး၏ အကူအညီဖြင့် ကျုံးကျဲတို့ကို ဝင်ရောက်တိုက်ခိုက်နေသည်ကိုသာ မြင်တွေ့လိုက်ရသည်။ ထိုဟွမ်ရှားကျင့်ကြံသူနှစ်ဦးသည်ပေပေါင်းတစ်သောင်း အမြင့်ရှိသော တိုက်ခိုက်မှုမျိုးကို ဖန်တီးနိုင်သူများဖြစ်ပြီး အမတ်ချုပ်ကြီးချန်အောက် မနိမ့်ကျပေ။

အမတ်ချုပ်ကြီးချန်က အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ပြီး လေထဲသို့ အစိမ်းရောင် တံဆိပ်တုံးတစ်ခုကို ပစ်လွှတ်လိုက်သည်။

"နန်ခိုင်ရွှေအနှစ်သာရ မဟာတံဆိပ်တော်...."

တံဆိပ်တုံးသည်ကောင်းကင်ပေါ်မှ ကျဆင်းလာသော သဲလက်ဝါးကြီးကို မြဲမြံစွာ တားဆီးလိုက်လေသည်။

ထို့နောက် သူ့ရဲ့စိတ်ဝိညာဥ်တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်လိုက်ပြီး အစိမ်းရောင် အလင်းတန်းအဖြစ် ပြောင်းလဲကာ ကျုံးကျဲကို ကာကွယ်ဟန်ပြုလိုက်သည်။

“ငါတို့ လူသားမျိုးနွယ်ရဲ့ ပါရမီရှင်တွေကို မင်းတို့စိတ်ရှိတိုင်း အနိုင်ကျင့်လို့ရမယ်ထင်‌ နေသလား...”

သူ့စကားများက တရားမျှတဟန် ရှိသော်လည်း ဖုံးကွယ်ထားသောရည်ရွယ်ချက်များ ပါဝင်နေသည်။ ကျုံးကျဲသည် နှစ်ဖက်အင်အားစုကြား အလယ်တွင်ရှိနေ‌သော်လည်း ထိတ်လန့်ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။

ရုတ်တရက်သူသည် မြေပြင်ပေါ်တွင် ရိုသေစွာ ဒူးထောက်လိုက်ကာမသေမျိုးတစ်သန်းတောင်တန်း ရှိရာ ဘက်သို့ ဦးခိုက်လိုက်လေသည်။ ဘိုးဘေးက သူ့ကို ကြည့်နေကြောင်း သူ ကောင်းကောင်း သိသည်ဖြစ်သည်။။

“ဘိုးဘေး... ဒီမြေးကျုံးကျဲ ဒုက္ခရောက်နေပါတယ်... ဘိုးဘေး ကယ်တင်ပေးတော်မူပါ...”

“ဝီ...”

မူလက ငြိမ်သက်နေသော လေဟာနယ်သည် ရုတ်တရက် လှိုင်းဂယက်များ ထလာပြီး လိမ္မော်ရောင်ကြောင်ဖက်တီးသည် ငြိမ်သက်နေသော လေဟာနယ်ထဲမှ ပြန်လည်ထွက်ပေါ်လာသည်။

“ညောင်...”

ယင်းသည် လူအားလုံး၏ အလယ် လေထဲတွင်ရပ်နေပြီး သူ၏ဒေါင်လိုက်မျက်ဆံလေးများက တည်ကြည်လေးနက်နေသည်။

“ရွှမ်း...”

ပတ်ဝန်းကျင်မြင်ကွင်းတစ်ခုလုံး ချက်ချင်း ပြောင်းလဲသွားပြီး အစိမ်းရောင် တံဆိပ်တော်ကြီး ဖြစ်စေ၊ သဲလက်ဝါးကြီး ဖြစ်စေ၊ မိုးကြိုးငါးသွယ် ဖြစ်စေ၊ သဲလှောင်အိမ်ဖြစ်စေ အကုန်လုံး ပျောက်ကွယ်သွားလေသည်။

တိုက်ပွဲအရိပ်အယောင်အားလုံး‌ ပျောက်ကွယ်သွားပြီး မည့်သည့်တိုက်ပွဲမှမဖြစ်ပွားသကဲ့သို့ ဖြစ်သွားသည်။။

ရောက်လာသူမှာ ကျူးကျီ မှလွဲ၍ ဘယ်သူရှိဦးမည်နည်း။

“သိပ်ကို အားကောင်းတဲ့ နေရာလွတ် စွမ်းရည်ပဲ... နေရာလွတ် တာအိုနိယာမကို ကျွမ်းကျင်တဲ့ သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ပဲ...”

ဧကရာဇ်နန်တျန်က ထိတ်လန့်အံ့သြစွာ ပြောလိုက်သည်။

ကျူးကျီသည် ကောင်းကင်ပေါ်မှ တစ်လှမ်းချင်း ဆင်းသက်လာပြီး ကျုံးကျဲ၏ ပခုံးပေါ်တွင်ရပ်လိုက်သည်။ သို့သော် ကျုံးကျဲအပေါ် မည်သည့် ဖိအားမှ သက်ရောက်မှု မရှိစေခဲ့ပေ။ တိုက်ပွဲမြေပြင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူတိုင်း၏ အကြည့်များသည် သာမန်ဟု ထင်ရသော ထိုလိမ္မော် ရောင်ကြောင်ဖက်တီးပေါ်တွင် ကျရောက်နေသည်။ ဟွမ်ရှားလူမျိုးစု နှစ်ဦး အချင်းချင်း အကြည့်ခြင်းဖလှယ်လိုက်သည်။

ထို့နောက် ကိုယ်ကြပ်ဝတ်ရုံရှည်ဝတ်ထားသည့် ဟွမ်ရှားအမျိုးသားက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ရင်ဘတ်ပေါ် လက်တင်ကာ အနည်းငယ် ဦးညွှတ်လိုက်သည်။

“အရှင်က ဘယ်နတ်ဆိုးသူတော်စင်ရဲ့ ကိုယ်ပွားလဲ သိခွင့်ရှိမလား...”

“ညောင်...”

“အခုမှလာပြီး ယဉ်ကျေးပြမနေနဲ့... ကျုံးမိသားစုဝင်ကို မင်းတို့အနိုင်ကျင့်ရဲမှတော့ ဒီနေရာကနေအသက်ရှင်ရက်ထွက်သွားဖို့တွေးတောင်မတွေးနဲ့...”

ကျူးကျီက မျက်နှာသာ မပေးချေ။ သူတို့ကို မျက်လုံးအပြည့် ဖွင့်ကြည့်ရန်ပင် ပျင်းရိနေပုံရပြီးသူ့ကိုယ်ပေါ်မှ အမွှေးများကိုသာ လျှာဖြင့် လျက်နေလေ၏။ ချစ်စရာကောင်းတဲ့ပုံစံလေးမှမထောက် ရက်စက်ကြမ်းကြုတ်သော စကားများကို ပြောလိုက်လေသည်။

သို့သော် ထိုနေရာရှိ မည်သူမျှ သူ့စွမ်းအားကို သံသယ မဝင်ရဲကြပေ။ ဟွမ်ရှားလူမျိုးစု နှစ်ဦး ထပ်မံ၍ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဆုံးဖြတ်ချက် တစ်ခုခု ချလိုက်ပုံရသည်။

“ဝေါင်း...”

“ဝေါင်း...”

နှစ်ယောက်သား ပြိုင်တူ အော်ဟစ်လိုက်ကြရာငရဲခံစားနေရသောဝိညာဉ်များ၏ အော်ဟစ်‌ငိုကျွေးသံများဖြင့်ပြည့်နေသည့် သဲမုန်တိုင်းကြီး ကောင်းကင်တွင်ပေါ်လာသည်။ ထို့နောက် ဝိညာဉ်ပုံစံ ပြောင်းလဲနေသော လင်ချန်ကို ဆွဲမလိုက်ပြီး ထွက်ပြေးရန် ပြင်ဆင်လိုက်ကြသည်။

“မင်းတို့ရဲ့ ဘိုးဘိုးကြောင် ရှေ့မှာတောင် ထွက်ပြေးချင်သေးတာလား...” ကျူးကျီက လှုပ်ရှားခြင်း မရှိသေးပေ။

ခေါင်းကိုသာ တစ်ချက်မော့ကြည့်လိုက်သည်။

သူ၏ဒေါင်လိုက်မျက်ဆံများထဲတွင် ဖျော့တော့သော အလင်းရောင် တစ်ချက်လက်သွားသည်။ ချက်ချင်းပင် လင်ချန်ကို ဗဟိုပြုထားသော နေရာလွတ်တစ်ခုလုံး အေးခဲသွား၏။

သစ်ရွက်တစ်ရွက် လေထဲတွင် လွင့်မျောကျလာရာမှ ရုတ်တရပ် လေထဲတွင် တန်းလန်း ရပ်တန့်သွားသကဲ့သို့ဖြစ်သည်။။

All Chapters