← Chapters

အခန်း (၆၈)

Vol. 7 Ch. 68

အခန်း (၆၈)

Vol. 7 Ch. 68

မိုးကြိုးတာအို လမ်းစဉ်ကို လျှောက်လှမ်းသူ တစ်ဦးအနေဖြင့်လည်းကောင်း ၊ နိယာမနယ်ပယ် အဆင့် ၂၅ ရှိသော အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် လည်းကောင်း အကြီးအကဲဆွန်သည် ဤဓား၏ တန်ဖိုးရှိပုံကို ကောင်းစွာ နားလည်သည်။

မိုးကြိုးတာအို လမ်းစဉ် ကျင့်ကြံသူတိုင်း ဤဓားကို လိုချင်တပ်မက်ကြမည်မှာ အသေအချာပင်။ ယခုသူ၏ လက်ထဲရောက်လာပြီဖြစ်သဖြင့် ခရမ်းရောင်မိုးကြိုးအလျင် နည်းစနစ်နှင့် တွဲဖက် အသုံးပြုလိုက်ပါက သူ၏ စွမ်းအားကို ၁၀ ဆမက တိုးတက်လာစေလိမ့်မည်။

ထိုအစွမ်းဖြင့်ဆိုလျှင် နိယာမနယ်ပယ် အဆင့် ၂၆ အနာဂတ်ကို တွက်ချက်နိုင်စွမ်းရှိသော အမတ်ချုပ်ကြီးချန် ကဲ့သို့ ကျွမ်းကျင်သူမျိုးကိုပင် အဆင့်ကျော် တိုက်ခိုက်နိုင်မည် ဖြစ်သည်။

အကြီးအကဲဆွန်းသည် တုန်ရီနေသော လက်ကို ဆန့်ထုတ်လိုက်ပြီး သူရှေ့လေထဲတွင်မျှော‌ နေသောကောင်းကင်မိုးကြိုးဟိန်းသံဓားကို ကိုင်လိုက်သည်။

“ဂျိန်း....”

နတ်ဘုရားလက်နက်ကို လက်ခံရရှိချိန်တွင် ကောင်းကင်နှင့်မြေကြီး ထူးခြားဖြစ်စဉ်များ ပေါ်ထွက်လာစမြဲဖြစ်၏။

ကောင်းကင်ဘုံကိုးဆင့်အောက်တွင် ကျယ်လောင်သော မိုးကြိုးသံကြီးတစ်ခု ဟိန်းထွက်သွားကာအရောင်ငါးမျိုးဖြာထွက်နေသော မိုးကြိုးအမှတ်အသား ၅ ခု ပေါ်ထွက်လာပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။

ထို့နောက် မိုးကြိုးနတ်ဘုရား သားရဲကြီး ၅ ကောင်အဖြစ် ပြောင်းလဲသွားပြီးတစ်ကောင်ချင်းစီသည် ပေပေါင်းသောင်းချီ ကြီးမားကြသည်။

ကောင်းကင်ယံ၌ မိုးကြိုးမြွေ၊ မိုးကြိုးကြွက်၊ မိုးကြိုးနဂါး၊ မိုးကြိုးနွား နှင့် မိုးကြိုးမြင်းတို့ ဝဲပျံနေကြပြီးလျှပ်စီးများ လက်ကာ မိုးကြိုးသံများ ဆူညံလာလေသည်။

ထိုအချိန်တွင် အကြီးအကဲဆွန် တစ်စုံတစ်ခုကို အာရုံခံမိပြီးသူ့တစ်ကိုယ်လုံးတွင် လျှပ်စီးများ လက်လာကာအလိုအလျောက် လေပေါ်သို့ မြောက်တက်သွားပြီး မိုးကြိုးသားရဲကြီး ၅ ကောင်၏ အလယ်သို့ ရောက်ရှိသွားလေသည်။

ဉာဏ်အလင်းပွင့်ခြင်း… မိုးကြိုးတာအို ကျင့်ကြံသူတစ်ဦးအနေဖြင့် အနှီ နတ်ဘုရားအဆင့်မိုးကြိုးလက်နက်၏ ထူးခြားဖြစ်စဉ်သည် သူ့အတွက် အလွန်အကျိုးရှိစေသွား‌ စေ၏။

အထူးသဖြင့်သူကျင့်ကြံထားသော ခရမ်းရောင်မိုးကြိုးအလျင် နည်းစနစ်သည် မိုးကြိုးနတ်ဘုရား၏ မူရင်းနည်းစနစ်များထဲမှ တစ်ခုဖြစ်ရာ ဤဓားနှင့် ပို၍ ရင်းနှီးကျွမ်းဝင်မှု ရှိသွား‌စေသည်။ မိုးကြိုးနတ်ဘုရား၏ အရှိန်အဝါ အငွေ့အသက်အချို့ကိုပင် ခံစားလိုက်ရလေသည်။

မိုးကြိုးနတ်ဘုရား၏ အဓိက အမွေအနှစ်အများစုမှာ လောကတွင် ပေါ်ထွက်လာခြင်း မရှိသေးပေ။ နာမည်ကျော်ကြားလှသော မိုးကြိုးလျှပ်စီးဂိုဏ်း၏ ပါရမီရှင် ဂိုဏ်းချုပ် တျန်ဝူကျိ သည်ပင် မိုးကြိုးနတ်ဘုရား အမွေအနှစ်၏ အစိတ်အပိုင်းအနည်းငယ်ကို သာရရှိခဲ့သည်။

သို့သော် ထိုခေတ်အခါက မိုးကြိုးဂိုဏ်းသည် မိုးကြိုးနတ်ဘုရားအမွေအနှစ်‌ ကြောင့်အလွန် အင်အားကြီးခဲ့ကာ ကမ္ဘာလောကကိုပင် လွှမ်းမိုးနိုင်ခဲ့သည်။

ဂိုဏ်းချုပ် တျန်ဝူကျိ ဆိုလျှင် နိယာမနယ်ပယ်ကို ဖောက်ထွက်ကာ သူတော်စင်အဆင့်သို့ ရောက်ရှိတော့မည်ဟုပင် သတင်းများ ထွက်ပေါ်‌ နေ၏။

ဤအချက်က မိုးကြိုးနတ်ဘုရား အမွေအနှစ်၏ လွှမ်းမိုးနိုင်စွမ်းကို သက်သေပြနေခြင်းပင်ဖြစ်လေ၏။ ယခုအခါ၌ အကြီးအကဲဆွန်သည်လည်း ထိုသို့ အခွင့်အရေးရှိလာ‌သည်။

မိုးကြိုးသားရဲကြီး ၅ ကောင်သည် ကောင်းကင်တွင် ခေတ္တမျှ ဝဲပျံနေပြီးနောက် ကောင်းကင်မိုးကြိုးဟိန်းသံဓား၏ ကိုယ်ထည်အတွင်းသို့ ပြန်လည်ဝင်ရောက် သွားလေသည်။

အကြီးအကဲဆွန်သည် ဓားကို ကိုင်ဆောင်လျက် မိုးကြိုးများကြားတွင် ရပ်တန့်နေသည်မှာနတ်ဘုရားတစ်ပါးအလား ထင်မှတ်ရ၏။

သူ၏ အရှိန်အဝါသည် ဆက်လက်မြင့်တက်နေပြီးအဆင့်တက်တော့မည့် အရိပ်အယောင်များပင်ပြလာသည်။

တစ်ကိုယ်လုံးတွင် မိုးကြိုးစွမ်းအားများ ပြည့်နှက်နေလျက် လျှပ်စီးများကို နင်းကာ မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လာ၏။

အကြီးအကဲဆွန်သည်ကြီးမားသော ကံတရားကို ရရှိလိုက်ခြင်းပင်ဖြစ်၏။

“တပည့် ဆွန်ယွီထျန်က.... ဘိုးဘေးဂိုဏ်းချုပ်ရဲ့ ရက်ရောတဲ့ ဆုလာဘ်အတွက် အတိုင်းမသိ ကျေးဇူးတင်မိပါတယ်...”

သူသည် ကျူးကျီရှေ့ရှိ ဂိုဏ်းချုပ်တံဆိပ်ပြားကို ဦးခိုက်လိုက်လေသည်။ ကျူးကျီက တံဆိပ်ပြားကို ပြန်လည်သိမ်းဆည်းလိုက်၏။

“ကောင်းပြီ.... ထုံးတမ်းစဉ်လာတွေ လုပ်မနေနဲ့တော့...အခု မြင့်မြတ်နယ်မြေမှာ စစ်ပွဲတွေ ဖြစ်နေတယ်... သခင်က မင်းကို နန်ယန်စီရင်စု အနောက်ဘက်နယ်စပ်က ထျန်းမြို့တော်ကိုသွားပြီး ဂိုဏ်းချုပ်

ချီထျန်းနဲ့အတူ နယ်စပ်မှာကာကွယ်တိုက်ခိုက်ဖို့အမိန့်ပေးလိုက်တယ်...”

ကျူးကျီက အကြီးအကဲဆွန်ကို ထွက်သွားရန် အမူအရာပြလေသည်။ အကြီးအကဲဆွန်သည် ကျူးကျီကို တစ်ချက်ကြည့်လိုက်ပြီး တစ်ဖက်လူ၏ စွမ်းရည်မှာ မိမိ စိတ်ကူးထားသည်ထက် ပိုမို နက်ရှိုင်းကြောင်း နားလည်လိုက်သည်။

ထို့ကြောင့် အချိန်ဆွဲမနေတော့ဘဲ နောက်သို့လှည့်ကာ ကောင်းကင်လှေပျံပေါ်သို့ တက်လိုက်ပြီး ထျန်းဂိုဏ်းမြို့တော်ရှိရာဘက်သို့ဦးတည်ထွက်ခွာလိုက်တော့သည်။

ထိုအချိန်တွင် နန်တျန်ဧကရာဇ်သည် လင်ကန်းကို ဖမ်းချုပ်ထားခဲ့သည်။ သို့သော်လည်း ကျုံးကျဲနှင့် လင်ချန်တို့၏ တိုက်ပွဲကို နှောင့်ယှက်မိမည် စိုးရိမ်သောကြောင့်လင်ချန်ကိုမူ မဖမ်းဆီးရဲပေ။ ကျူးကျီ၏ သတိပေးစကားများက သူ့နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။ တိုက်ပွဲကွင်းပြင်မှဆုတ်ခွာလိုက်ပြီးအနီးရှိ ဧကရာဇ်မြို့တော်အတွင်းသို့ ဝင်ရောက်လာလိုက်သည်။

ဤအဖြစ်အပျက်သည် အကြီးအကဲဆွန် ထွက်ခွာသွားပြီးနောက်ဖြစ်ပွားသွားခြင်းပင်။ ထိုအချိန်တွက်ဧကရာဇ်မြို့တော်၏အပြင်ဘက်တွင် မျိုးကွဲသိန်းငှက်တစ်ကောင်ကို စီးနင်းလာသည့် စစ်သည်တစ်ဦး ဆင်းသက်လာလေသည်။

“အစီရင်ခံပါတယ်.....”

မြေပေါ်သို့မဆင်းသက်မီကပင် သူသည် အသည်းအသန် လှမ်းအော်ပြောလိုက်ခြင်း ဖြစ်သည်။ ထိုသူမှာ ရှေ့တန်းနယ်စပ်စောင့် သိန်းငှက်အစောင့်တပ်ဖွဲ့မှ ဖြစ်သည်။

ပုံမှန်ထက် ပေဆယ်ချီကြီးမားသည့်မျိုးကွဲသိန်းငှက်ကြီးကို စီးနင်းကြပြီး အထူးအခွင့်အရေး ရရှိထားသူများဖြစ်ကြသည်။ သူတို့သည် နန်တျန်အင်မော်တယ်မင်းဆက်၏ ဂိတ်များအားလုံးကို အတားအဆီးမရှိ ဖြတ်ကျော်ပြီး ဧကရာဇ်မြို့တော်သို့ တိုက်ရိုက် ဝင်ရောက်နိုင်သူများ လည်းဖြစ်၏။

မြေပြင်ပေါ်သို့ ရောက်သည်နှင့် ထိုသိန်းငှက်တပ်သားသည် ဧကရာဇ်နန်တျန် ရှေ့၌ ဒူးထောက်လိုက်လေသည်။

“အရှင်မင်းကြီး... ရှေ့တန်းမှာ အခြေအနေ ဆိုးနေပါပြီ...”

“အနောက်ဘက်နယ်စပ်က ကျွန်တော်တို့ပိုင် နန်ထျန်းမြို့တော်ကို ဟွမ်ရှားလူမျိုးစု စစ်သည် တစ်သန်းက ဝိုင်းထားပါတယ်... လမ်းတစ်လျှောက်က လူသားမြို့နယ်အချို့ကလည်း ရုတ်တရက် သစ္စာဖောက်ပြီး ပုန်ကန်ကြပါတယ်... နန်ထျန်းမြို့စားကလည်း လုပ်ကြံခံလိုက်ရပြီး... အခု နန်ထျန်းမြို့တော်ကြီးတစ်ခုလုံး အဝိုင်းခံထားရကာ.... မြို့စောင့် အစီအရင်တစ်ခုတည်းနဲ့ပဲ တောင့်ခံနေရပါတယ်... အရှင်မင်းကြီး...”

ထိုသတင်းကိုကြားလိုက်သည်နှင့် နန်တျန် ဧကရာဇ် မျက်နှာပျက်သွားပြီး လက်ထဲတွင် ဖမ်းချုပ်ထားသော လင်ကန်းကို ပစ်ချလိုက်ကာ အမိန့်တော် တစ်ရပ်ကို အလျင်အမြန် ထုတ်ပြန်လိုက်၏။

“လာကြစမ်း... အမတ်ချုပ်လင်ကန်းက ဟွမ်ရှား မျိုးနွယ်တွေနဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို သစ္စာဖောက်တယ်... ပါရမီရှင် တပ်မှူးကို လုပ်ကြံဖို့ ကြံစည်တယ်... သူ့ကို ဧကရာဇ်ထောင်ထဲမှာ ဖမ်းချုပ်ပြီး သေချာ စောင့်ကြပ်ထားလိုက်စမ်း...”

“စစ်သူကြီး လျိုကျစ်ချီ...”

လျိုကျစ်ချီသည် ဧကရာဇ် ခေါ်လိုက်သံ ကြားလိုက်လျှင်အလျင်အမြန် ရှေ့ထွက်ကာ ဒူးထောက်လိုက်၏။

“ကျွန်တော်မျိုး ရှိပါတယ်...”

“မင်းကို ရှေ့ပြေးတပ်မှူးအဖြစ် ခန့်အပ်တယ်...

ရှေ့ပြေးတပ်ရင်း၊ အလယ်ပိုင်းတပ်ရင်းက ဗိုလ်ချုပ်တွေကို ဦးဆောင်ပြီး နန်တျန်လှေပျံ အစင်း ၂၀၀ နဲ့ အတူအခုချက်ချင်း စစ်ကူသွားရမယ်...”

ဧကရာဇ်နန်တျန်သည် စစ်သူကြီး လျိုကျစ်ချီကို စစ်သည်တော် တံဆိပ်ပြားတစ်ခု ပစ် ပေးလိုက်ကာအမိန့်ပေးလိုက်သည်။

“အမိန့်တော်အတိုင်းပါ...”

လျိုကျစ်ချီသည် အမိန့်ကို နာခံလျက် ထွက်ခွာသွားသည်။

ထို့နောက် ဧကရာဇ်က အမတ်ချုပ်ကြီးချန် ဘက်သို့ လှည့်လိုက်ပြီး

“စစ်ပွဲကတော့ စလာပြီ... အမတ်ချုပ်ကြီး ပိုင်လင်မြို့၊ မော့ရွှေမြို့၊ လျိုယင်းဂိတ် စတဲ့ ခံတပ်မြို့ကြီးတွေကို သွားပြီး စစ်သည်အင်အား အားလုံးကိုစုစည်းထားပါ... လိုအပ်လာရင် ရှေ့တန်းကိုအချိန်မရွေး စစ်ကူပို့နိုင်အောင် ပြင်ဆင်ထားပါ...”

ဧကရာဇ်သည် နောက်ထပ် တံဆိပ်ပြားတစ်ခုကို ထုတ်ကာအမတ်ချုပ်ကြီးချန်ကို ပေးလိုက်၏။ အမတ်ချုပ်ကြီးချန်သည် ဦးခိုက်ကာ အမိန့်ကို နာခံလိုက်ပြီး တံဆိပ်ပြားကို ယူလိုက်၏။ သူ ပြန်ထလာချိန်တွင် သူ၏ မျက်လုံးများသည် ကျုံးကျဲ ရှိရာဘက်သို့ စိုက်ကြည့်လိုက်မိသည်။

တစ်ဖက်တွင် နန်တျန်အင်မော်တယ်မင်းဆက်မှ စစ်ပွဲအတွက်ပြင် နေပြီဖြစ်သော်လည်း ကျုံးကျဲမှာ လင်ချန်ကို သွားရောက် အဆုံးစီရင်ခြင်း မပြုရသေးပေ။ ထိုအချိန်တွင်လင်ချန်ထံ၌ ထူးခြားဖြစ်စဉ်တစ်ခု ထပ်မံ ဖြစ်ပေါ်လာပြန်သည်။

ဝိညာဉ်ပုံစံ ပြောင်းလဲထားသော လင်ချန်သည် ယခုအခါတွင် ယမမင်း အနူးဘစ် နှင့် တစ်ပုံစံတည်း တူညီနေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါနေပြီးပါးစပ်ကို ဟကာ အော်ဟစ်ရန် ပြုလုပ်နေသော်လည်း အသံတစ်စက်မျှ ထွက်မလာပေ။ ကြီးမားသော နာကျင်မှု ဝေဒနာကို ခံစားနေရပုံရသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှို့ဝှက်ဆန်းကြယ်သော ယမမင်း၏ သင်္ကေတ အမှတ်အသားများ ပေါ်ပေါက်လာပြီးနောက်ဆုံးတွင် ခန္ဓာကိုယ်အနှံ့ ပြည့်သွားကာ ထူးဆန်းသော နိယာမတစ်ခုနှင့် ချိတ်ဆက်မိသွားသကဲ့သို့ ဖြစ်သွား၏။ ထိုအခိုက်သင်္ကေတများအားလုံး ရုတ်တရက် လင်းလက်လာလေ၏။

ချက်ချက်းပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကောင်းကင်မှ စတင် သက်ဆင်းလာပြီး တုန်ခါနေသောလင်ချန်သည် ရပ်တန့်သွား၏။

ထို့နောက် ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် ဝံပုလွေတစ်ကောင်ကဲ့သို့ ရက်စက်သော အလင်းရောင်များတောက်ပနေကာ ကျုံးကျဲနှင့် ကျူးကျီကို ကြည့်လိုက်၏။

ကောင်းကင်နှင့်မြေပြင်အကြားရှိ ကြောက်မက်ဖွယ် အရှိန်အဝါမှာ ပိုမို ပြင်းထန်အားကောင်းလာပြီး လင်ချန်ကို ဗဟိုပြုလျက်ပတ်ဝန်းကျင်ရှိ ပန်းပင်၊ သစ်ပင်များ စတင် ညှိုးနွမ်းလာကြ၏။

မူလက သာယာလှပနေသော မြစ်ချောင်းအင်းအိုင် တောတောင်များသည် အသက်ဓါတ်များစုပ်ယူခံရသကဲ့သို့ သဲကန္တာရအဖြစ် ပြောင်းလဲသွားသည်။

ဤပြောင်းလဲမှုသည် မူမမှန်စွာ အလွန် သဘာဝကျလွန်း နေခဲ့ပြီး မည်သည့် နိယာမ စွမ်းအား၏ နှောင့်ယှက်မှုကိုမျှ မခံရပေ။

ထိုသဲကန္တာရ ပြောင်းလဲမှုသည် မိုင်ပေါင်း တစ်သိန်းပတ်လည်အထိ တဖြည်းဖြည်း ကျယ်ပြန့်လာပြီး လောကတစ်ခုလုံးတွင် သေဆုံးသူများ၏ ညည်းညူအော်ဟစ်သံများနှင့် ပြည့်နှက်သွားကာ တမဟုတ်ချင်းပင် ယမမင်း၏ ငရဲဘုံအလား ဖြစ်လာတော့သည်။

ဧကရာဇ်နန်တျန်သည် သူ၏စစ်သည်အင်အားကိုဖြန့်ကျက်ပြီးနောက် အစီအရင်ပြားကို ကိုင်ဆောင်လျက် စစ်ပွဲအတွက် အဆင်သင့်ဖြစ်နေသည်။ ယခုချိန်၌ သူ့စိတ်ထဲတွင် ခါးသက်သက်ခံစားနေရ၏။ ပါရမီရှင် ရရှိရေး ဆိုသော အိမ်မက်များကို မမက်ရဲတော့ပေ။ သူ့ရှေ့မှောက်ရှိ သူများကိုသာ အခြားတစ်နေရာသို့ သွားရောက် တိုက်ခိုက်ကြပါစေဟု ကျိတ်ဆုတောင်းနေမိသည်။

ကောင်းကင်မှကြောက်မက်ဖွယ် ယမမင်းအရှိန်အဝါများသည် မီးခိုးငွေ့များအလား လင်ချန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြပြီး လင်ချန်သည်ရုတ်တရက် ပြုံးလာကာ သူ၏ ဝံပုလွေသွားစွယ် ဖြူဖြူကြီးများကို ဖော်ပြလိုက်သည်။

အလွန် အားကောင်းသော ယမမင်းစွမ်းအားများသည် နတ်ဘုရားတစ်ပါး၏ ဖိအားနှင့်အတူ ကျုံးကျဲဆီသို့ တိုးဝင်သွားလေသည်။ ကျူးကျီ၏ မျက်လုံးများ ပထမဆုံးအကြိမ်အဖြစ် တည်ကြည်လေးနက်သွားကာ

လေထဲသို့ ခုန်တက်လိုက်ပြီး သူ၏ ကြောင်လက်သည်းများကို ဝှေ့ယမ်းလိုက်သည်။

ထိုအခါ ကျုံးကျဲ၏ ရှေ့မှောက်တွင် နေရာလွတ် အလွှာအချို့‌ ပေါ်လာပြီး ယမမင်းစွမ်းအား တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။

“ဒီကောင်လေး.... တကယ်ဘဲမရိုးရှင်းဘူး... ယမမင်း ကို တောင်ဆင့်ခေါ်နိုင်စွမ်း ရှိနေတယ်...”

“နတ်ဘုရား စိတ်အာရုံပဲ ဆိုရင်တောင်.. အနူးဘစ်ရဲ့ အရှိန်အဝါက သူတော်စင်အဆင့် ပြောင်းလဲခြင်းကို သုံးကြိမ်ဖြတ်ကျော်ထားတဲ့ ကျင့်ကြံသူ အောက်ဘယ်လိုမနိမ့်ကျဘူး...”

ကျူးကျီ၏ အသံသည်လေးနက်နေခဲ့၏။

All Chapters