အခန်း (၃၄၆-၃၄၈)
Vol. 24 Ch. 346-348
အပိုင်း ( 346 )
နှစ်လတာကြာခဲ့ပြီးသည့်နောက် ၂
တစ်ချိန်တည်းမှာပင် နတ်စွမ်းရည်မျိုးစေ့ထံမှ နှလုံးကို ခုန်ပေါက်သွားစေသည့် လှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
” ကြည့်ရတာတော့ ပိုပြီးတော့ အားကောင်းလာတဲ့ပုံပဲ ……………. “
နတ်စွမ်းရည်မျိုးစေ့က မီးဝိညာဥ် သန္တာကျောက်နှင့် ပေါင်းစည်းသွားသည့်နောက်တွင် ၎င်း၏ အရှိန်အဝါမှာ သိသိသာသာ အားကောင်းလာခဲ့သောကြောင့် ရှုကျိုး၏ မျက်ခုံးတစ်ဖက် ပင့်တက်သွားခဲ့သည်။
သူသည် ၎င်းအား သူ၏ချီ-သွေးစွမ်းအင်များဖြင့် အသက်သွင်းရန် ကြိုးပမ်းနေတော့သည်။
“ ဝုန်းးးး !! “
နတ်စွမ်းရည်မျိုးစေ့သည် မိုးကြိုးပစ်ချခြင်းနှင့် ယှဥ်နေနိုင်သော လှိုင်းတစ်ခုဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။
ပေါက်ကွဲသံနှင့်အတူ ရှုကျိုးစံအိမ်ထဲရှိ ခံနိုင်ရည်အား မြင့်မားသည့် ပြတင်းပေါက်အားလုံး ချက်ချင်း ပြိုကွဲသွားခဲ့သည်။
“ ဟစ် ….. “
ရှုကျိုးသည် ထိုမြင်ကွင်းကို ကြည့်ကာ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်၊ ထို့နောက်တွင် နတ်စွမ်းရည်မျိုးစေ့ကို အံ့အားသင့်မှုများနှင့် ပျော်ရွှင်မှုတို့ဖြင့် ငေးကြည့်နေတော့သည်။
“ ဒီစွမ်းအားက၊ ငါလူသားဧကရာဇ် စည်းတံဆိပ်ကို သုံးတဲ့အချိန်ကထပ် လုံးဝအားမနည်းဘူး “
၎င်းသည် မျိုးစေ့ပုံစံတွင်သာ ရှိနေသေးစဲဖြစ်သည်၊ မီးတာအို နတ်စွမ်းရည်က အမှန်တကယ် ပွင့်လန်းလာသည်နှင့်တစ်ပြိုင်နက် ၎င်းက မည်ကဲ့သို့သော စွမ်းအားမျိုးကို ထုတ်လွှတ်ပေးနိုင်မည်နည်း?
ရှုကျိုးသည် ပိုပို၍ မျှော်လင့်မိနေတော့သည်။
“ မဆိုးပါဘူး၊ ဒီနတ်စွမ်းရည် မျိုးစေ့ကို ဝှက်ဖဲတစ်ခုအနေနဲ့ သုံးလို့ရတယ် “
ရှုကျိုးသည် အသာအယာ ပြုံးနေရင်းဖြင့် အတွေးနက်သွားတော့သည် “ ဒါပင်မဲ့၊ အဲ့တာက အပြည့်အဝ ရင့်သန်လာတဲ့အထိ မသုံးဘဲ ထားတာက အကောင်းဆုံးပဲ၊ အဲ့တာရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တားလိုက်တာက သိပ်မကောင်းဘူး “
…
လာမည့်ရက်များအတွင်း၌ ရှုကျိုးသည် ကျင့်ကြံရင်းဖြင့် သူ၏အချိန်များကို ကုန်ဆုံးသွားစေခဲ့သည်။
ဤတစ်လအတွင်း၌ သူသည် သူ၏တိုက်ခိုက်ရေး နည်းစနစ်များ တိုးတက်ရေးကိုသာ အဓိက အာရုံစိုက်ခဲ့ပြီး၊ အတားအဆီးများနှင့် ကြုံတွေ့ရသည့် အချိန်တိုင်းတွင် လျူချင်းယွမ်နှင့် ရှန့်ဝမ်ချန်းတို့ဆီသို့ သွားကာ အကြံဉာဏ်များ တောင်းခံခဲ့သည်။
နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။
ထိုစဥ် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲ၌ မသေမျိုး နတ်နဂါးသားရဲကြီးမှာလည်း သူ့ကိုယ်သူ အရူးအမူး အဆင့်မြှင့်တင်နေလျက်ရှိသည်။
…
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်း နယ်မြေအတွင်း၌
“ ဂျွတ် !!! “
နတ်နဂါးသားရဲကြီးသည် ၎င်း၏ ကြီးမားသော ပါးစပ်ကြီးကို ဖွင့်ကာ တတိယအဆင့် သားရဲကောင်ကြီး၏ ခြေတစ်ဖက်ကို ကိုက်ဖြတ်ကာ အရသာခံစားသောက်နေတော့သည်။
ဤသားရဲကောင်သည် ယခင်က သူသတ်ဖြတ်ခဲ့သည့် တောင်ပံခြောက်ခု ကောင်းကင်ဘုံ ဝံပုလွေ ဖြစ်သည်။
“ အဆင့်၃ သားရဲကောင် ဆိုတဲ့အတိုင်းပဲ၊ ငါ့ကို နေ့တိုင်း 40%စီ တိုးတက်သွားစေတယ် “
နတ်နဂါးသားရဲကြီးသည် စနစ်၏မျက်နှာပြင်ကို ငေးကြည့်နေရင်းဖြင့် ပျော်ရွှင်စွာ စားသောက်နေတော့သည်။
အဆင့် : ဒုတိယအဆင့် အဆင့်၁၀ ( ၈၀% )
ငါးရက်အတွင်းမှာပင် ၎င်းသည် ဒုတိယအဆင့် အဆင့်၈မှ ဒုတိယအဆင့် အဆင့်၁၀အထိ ကြီးထွားတိုးတက်လာခဲ့သည်။
ဤတစ်နပ် စားသောက်ပြီးသည့်နောက်တွင် ၎င်းသည် တတိယအဆင့်သို့ပင် ရောက်ရှိသွားနိုင်လေသည်။
“ ဂျွတ် ဂျွတ် ~~ “
နတ်နဂါးသားရဲကြီးသည် လျင်မြန်စွာ ကိုက်ဝါး၍ တတိယအဆင့်သို့ အဆင့်တက်သွားပါက မည်ကဲ့သို့သော အပြောင်းအလဲများ ဖြစ်ပေါ်လာမလဲဆိုသည်ကို မြင်တွေ့ရရန် စိတ်အားထက်သန်နေခဲ့သည်။
မိနစ်၂၀ကြာခဲ့ပြီးသည့်နောက်၌
နတ်နဂါးသားရဲကြီး၏ စားသောက်မှု ပြီးဆုံးသွားခဲ့သည်။
“ ဘုမ်း ဘုမ်း ဘုမ်း !! “
ရုတ်တရက်ဆိုသလိုပင် ငလျင်ကဲ့သို့သော အသံများသည် နတ်နဂါးသားရဲကြီးထံမှ ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။
၎င်း၏ အရိုးများနှင့် ကြွက်သားတို့သည် လျင်မြန်စွာ ဆန့်ထွက် ပြန့်ကားလာခဲ့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်း၏ အရပ်အမြင့်မှာလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။
၁၀ စင်တီမီတာ၊ ၂၀ စင်တီမီတာ၊ ၅၀ စင်တီမီတာ ……….
မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်နဂါးသားရဲကြီးသည် မီတာပေါင်းများစွာ ကြီးထွားလာခဲ့ပြီး၊ ၁၅မီတာ အမြင့်အထိ ရောက်ရှိသွားခဲ့သည်။
၎င်းခန္ဓာကိုယ် အလျားမှာလည်း မီတာ ၂၀အထိ ကြီးထွားသွားခဲ့သည်။
အဆင့် : တတိယအဆင့် အဆင့်၁ ( ၁၀% )
နတ်နဂါးသားရဲကြီးထံမှ ရှေးခတ်အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ ၎င်းက တတိယအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်းကို ညွှန်ပြနေခဲ့သည်။
“ ဝေါင်းးးး !! “
နတ်နဂါးသားရဲကြီးမှ ကျယ်လောင်စွာ ဟိန်းဟောက်လာခဲ့သည်၊ ၎င်း၏ သားရဲသွေးများ ဆူပွက်လာခဲ့ကာ ၎င်း၏ ချွေးပေါက်များမှတစ်ဆင့် မီးခိုးငွေ့ကဲ့သို့သော မှိုင်းပြပြ အမှုန်အမွှားများ ထုတ်လွှတ်လာခဲ့သည်။
နတ်ဆိုးစွမ်းအင် !!
လူသားသိုင်းပညာရှင်တို့ကမူ နှောင်းပိုင်း တတိယအဆင့်သို့ ရောက်ရှိလာခဲ့သည့် အချိန်မှသာ ကန်းချီကို ကျင့်ကြံနိုင်ပေသည်၊ သို့သော် သားရဲများကမူ တတိယအဆင့်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက် နတ်ဆိုးစွမ်းအင်ကို လေ့ကျင့်နိုင်ပြီ ဖြစ်သည်။
အဆိုပါ နတ်ဆိုးစွမ်းအင်သည် ကန်းချီနှင့် အကျိုးသက်ရောက်မှု တူညီနေလျက်ရှိပြီး၊ သားရဲမျိုးနွယ်စု၏ တိုက်ခိုက်ရေး စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်သည်။
နတ်ဆိုးစွမ်းအင်များက ခန္ဓာကိုယ်တွင် ကပ်ညိနေသည့် အချိန်တွင် ၎င်း၏ ခန္ဓာကိုယ် မာကြောကြံ့ခိုင်မှုနှင့် ခွန်အားတို့က သိသိသာသာ အားကောင်းလာမည် ဖြစ်သည်။
နတ်ဆိုးစွမ်းအင်မှာလည်း ဓားများ၊ ဆေဘာများနှင့် လှံများကဲ့သို့ အမျိုးမျိုးသော လက်နက်များအဖြစ် ပြောင်းလဲနိုင်ပေသည်။
သို့သော် သားရဲမျိုးနွယ်စုမှာ တိုက်ခိုက်ရေး နည်းစနစ်များကို နားမလည်၊ မကျင့်ကြံနိုင်ကြပေ၊ ထို့ကြောင့် ရန်သူကို တိုက်ခိုက်ရန်အတွက်သာ နတ်ဆိုးစွမ်းအင်များကို တိုက်ရိုက်အသုံးပြုကြသည်။
“ ငါက မူလကိုယ်ရဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေကို သုံးလို့ရနိုင်မလားဆိုတာကို ငါသိချင်မိတယ် “
နတ်နဂါးသားရဲကြီးမှာ အတွေးနက်သွားရတော့သည်၊ ၎င်းသည် မူလကိုယ်နှင့် မှတ်ဉာဏ်များကို မျှဝေထားရသောကြောင့် မူလကိုယ်က ကျင့်ကြံခဲ့သည့် တိုက်ခိုက်ရေး နည်းစနစ်များကို ကောင်းစွာ သိနေခဲ့သည်။
ယခင် ၎င်းသည် သားရဲမျိုးနွယ်စု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ဓား(သို့) လှံတို့ကို မကိုင်ဆောင်နိုင်သောကြောင့် အဆိုပါ နည်းစနစ်များကို လေ့ကျင့်ခြင်းက အချည်းနှီးသာ ဖြစ်သွားရပေလိမ့်မည်။
သို့ရာတွင် ယခု၌ နတ်ဆိုးစွမ်းအင်ပေါ်လာခဲ့ပြီဖြစ်သောကြောင့် အရာအားလုံး ကွဲပြားသွားတော့မည် ဖြစ်သည်။
“ ဟူးးး “
နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ထဲမှ နတ်ဆိုးစွမ်းအင် လှိုင်းလုံးများ ပေါ်ထွက်လာခဲ့ပြီး၊ ဖြောင့်တန်းရှည်လျားသော ဆေဘာတစ်လက်အဖြစ် ဖွဲ့စည်းသွားခဲ့သည်။
“ သွား !! “
အတွေးတစ်ချက်ဖြင့် အဆိုပါ ဆေဘာရှည်သည် ကောင်းကင်ထက်သို့ ထောင်တက်သွားတော့သည်။
ဝှစ် !!
မိုးကုပ်စက်ဝိုင်းတွင် အဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် အဖြူရောင် အလင်းတန်းသည် လျင်မြန်စွာ ပြန့်ကားလာခဲ့ပြီး၊ မီတာ ၁၀၀ ရှည်လျားသည့် ကြီးမားသော ဆေဘာအလင်းတန်းအဖြစ် ပြောင်းလဲလာခဲ့ကာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို ဖြတ်တောက်လိုက်သကဲ့သို့ အောက်ရှိ တောင်ထိပ်ပေါ် ကျဆင်းသွားတော့သည်။
ဝုန်းဟူသော အသံနှင့်အတူ တောင်ထိပ် ပြိုကွဲပျက်စီးသွားကာ မီတာရာနှင့်ချီသော ဧရိယာအတွင်းတွင် မီဒါဇင်နှင့်ချီ၍ နက်ရှိုင်းသော တွင်းပေါက်တစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။
“ တကယ်ကြီး အလုပ်ဖြစ်တယ်ဟ “
နတ်နဂါးသားရဲကြီး၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ဖြစ်တည်လာခဲ့သည်။
သူထင်ထားခဲ့သည့်အတိုင်းပင် သူသည် မူလကိုယ်၏ နည်းစနစ်များကို အသုံးပြုနေနိုင်ပြီဖြစ်သည်။
နတ်ဆိုးစွမ်းအင် တိုးတက်မှုနှင့်အတူ ဤကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၏ စွမ်းအားသည် သူ့မူလကိုယ်၏ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်းနှင့်ပင် ယှဥ်နေနိုင်ပြီဖြစ်သည်။
“ မိုက်တယ်ဟေ့ !! “
နတ်နဂါးသားရဲကြီးသည် တိတ်တဆိတ် ကျေနပ်နေတော့သည်၊ ၎င်းသည် တာဝေး တိုက်ခိုက်မှုမရှိသောကြောင့် အမြဲလိုလို စိတ်ညစ်နေခဲ့ရသည့် သူ့အတွက် မထင်မှတ်ဘဲ ရရှိလာသော လက်ဆောင်တစ်ခုဖြစ်ပြီး၊ ယခု၌ အဆိုပါ အားနည်းချက်ကို ဖာထေးနိုင်ခဲ့ပြီဖြစ်သည်။
အရေးအကြီးဆုံး အရာမှာ ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၏ စွမ်းအားက သူ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ အကျိုးသက်ရောက်မှုကြောင့် ပိုမိုအစွမ်းထက်နေခြင်းပင် ဖြစ်သည်။
အကယ်၍ ဟင်းလင်းပြင် စွမ်းရည်နှင့် ပေါင်းစပ်လိုက်မည်ဆိုပါက ပို၍ကြောက်မက်ဖွယ်ကောင်းသွားမည် ဖြစ်သည်။
“ နေပါဦး၊ ငါ့ရဲ့ ဟင်းလင်းပြင် စွမ်းရည်ကလည်း ပိုပြီးတော့ အစွမ်းထက်လာသင့်တယ်လေ “
တတိယအဆင့်သို့ ရောက်ရှိလာမှုနှင့်အတူ နတ်နဂါသားရဲကြီးသည် ဟင်းလင်းပြင် စွမ်းအင်များကို ကိုင်တွယ်ရာတွင် အနည်းငယ်ပို၍ ဆရာကျလာသည်ဟု ရှင်းရှင်းလင်းလင်း ခံစားနေခဲ့ရသည်။
ယခု၌ ဟင်းလင်းပြင် တုန်ခါမှုကို အသုံးပြုခြင်းသည် ပိုမိုကြီးမားသည့် စွမ်းအားတစ်ခုကို ချပြနိုင်မည်ဖြစ်သည်။
“ အဆင့်၄ ……. “
နတ်နဂါးသားရဲကြီးသည် မနေနိုင်တော့ ဦးတည်ချက်တစ်ဘက်သို့ လှည့်ကြည့်မိသွားခဲ့သည်။
သူသည် ငွေဦးချို မြစ်နဂါး နတ်သားရဲကြောင့် ရရှိခဲ့သည့် အရှက်တရားကို မှတ်မိနေစဲဖြစ်သည်။
သူသည် ၎င်းနှင့် ယခုချက်ချင်း သွားတိုက်လိုစိတ်ပင် တဖွားဖွား ဖြစ်ပေါ်နေခဲ့သည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် နတ်နဂါးသားရဲကြီးသည် အဆိုပါ စိတ်ဆန္ဒကို ထိန်းချုပ်နိုင်ခဲ့သည်။
ယခုတွင် သူအစွမ်းထက်နေခဲ့ပြီဖြစ်သော်လည်း၊ စတုတ္ထအဆင့် အဆင့်မြင့် နတ်သားရဲနှင့် ရင်ဆိုင်ရခြင်းမှာ အတော်လေး အန္တရာယ်ရှိနေစဲပင် ဖြစ်သည်။
“ ဒီသားရဲကောင်တွေကို အကုန်စားပြီးတော့ ငါက ဘယ်လောက်တောင် တိုးတက်လာမလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ကွာ “ ဟုနတ်နဂါးသားရဲကြီးမှ တွေးတောနေတော့သည်။
…
နေ့ရက်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်လတာ ကုန်ဆုံးသွားခဲ့သည်။
ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ ဒုတိယနှစ်ဝက် စာသင်ချိန် ရောက်ရှိလာခဲ့ပြီဖြစ်သည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူအတွင်းရှိ နတ်နဂါးသားရဲကြီးမှာလည်း နောက်ဆုံး ကျန်ရှိနေသည့် တတိယအဆင့် သားရဲအလောင်းကြီးကို အပြည့်အဝ စားသောက်ခဲ့ပြီးပြီ ဖြစ်သည်။
………………………………………………………………………………………………………………………………………….
အပိုင်း ( 347 )
နှစ်လတာကြာခဲ့ပြီးသည့်နောက် ၃
ချိုင့်ဝှမ်းတစ်ခုအတွင်း၌
မီတာ ၄၀ရှည်လျားကာ မီတာ ၂၀ကျော် မြင့်မားသည့် ကြီးမားသော သားရဲကြီးတစ်ကောင်သည် မြေပြင်ပေါ်တွင် လှဲလျောင်းကာ ၎င်း၏ နေ့လည်စာကို မြိန်ရေယှက်ရေ စားသောက်နေလျက်ရှိသည်။
“ ဂျွတ် ဂျွတ် ~~~ “
မသေမျိုး နတ်နဂါးသားရဲကြီးသည် ကိုက်ဝါးနေရင်းဖြင့် နောက်ဆုံးသော အရိုးကို မျိုချုလိုက်သည်။
“ အေ့ ~~~ “
နတ်နဂါးသားရဲကြီးသည် ၎င်း၏ ဝမ်းဗိုက်ကို စိတ်ကျေနပ်စွာဖြင့် ပုတ်ကာ လေချဥ်တက်နေတော့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်း၏ ခန္ဓာကိုယ်သည် ထပ်မံ၍ ကြီးမားပြန့်ကားလာပြန်သည်။
ဝရုန်းး ~~~ ဝရုန်းးး !!!
ကျယ်လောင်သော အသံများ ပေါ်ထွက်လာခဲ့သည်။
နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်အတွင်းပိုင်း၌ အသေးဆုံး ဆဲလ်လေးများမှ အစပြု၍ အရွတ်များ၊ ကြွက်သားများ၊ အရိုးများနှင့် အရေပြားတို့အထိ၊ အရာအားလုံး ပြောင်းလဲ ကြီးမားလာခဲ့သည်။
၎င်းသည် ဘဝ၏ အပြောင်းအလဲတစ်ခုဖြစ်သည်။
မည်သည့်အတွက်ကြောင့် ဤကဲ့သို့ ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာရသနည်း?
အဘယ့်ကြောင့်ဆိုသော် ၎င်း၏ အဆင့်က ထပ်မံ၍ ကြီးကြီးမားမား အဆင့်တက်သွားသောကြောင့်ပင် ဖြစ်သည်။
တတိယအဆင့် အဆင့်၆မှ တတိယအဆင့် အဆင့်၇သို့ မြင့်တက်သွားခြင်းဖြစ်သည်။
၎င်းသည် အလယ်အလတ် တတိယအဆင့်မှ နှောင်းပိုင်း တတိယအဆင့်သို့ ရောက်ရှိသွားခြင်းပင် ဖြစ်သည်။
ထိုအဆင့်၌ လူသားမျိုးနွယ်စုသည် သိသာထင်ရှားသည့် တိုးတက်မှုများကို ကြုံတွေ့ခံစားရမည်ဖြစ်ပြီး၊ သားရဲမျိုးနွယ်စုမှာလည်း ချွင်းချက်မဟုတ်ပေ။
အသွင်ပြောင်းလဲခြင်းနှင့်အတူ နတ်နဂါးသားရဲကြီးမှ တိုးညှင်းစွာ ဟိန်းဟောက်လိုက်ပြီး၊ ၎င်း၏ခန္ဓာကိုယ်ထဲတွင် နိုးထလာသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုကို ခံစားသွားခဲ့ရသည်။
၁၀မိနစ်
မိနစ် ၂၀
နှစ်နာရီ
အဆိုပါ ပြောင်းလဲတိုးတက်မှုသည် နှစ်နာရီတိတိ အချိန်ယူခဲ့ရသည်။
အဆုံးတွင် နတ်နဂါးသားရဲကြီးသည် မြေပြင်ပေါ်မှ ထရပ်လာခဲ့သည်။
မီတာ ၃၀ကျော် ရှည်လျားကာ မီတာ ၂၀ကျော် မြင့်မားသည့် ဧရာမသားရဲကြီးတစ်ကောင်သည် ၎င်း၏ ပုံရိပ်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်နေခဲ့သည်။
အဝေးမှ လှမ်းမျှော်ကြည့်လိုက်မည်ဆိုပါက သေးငယ်သော တောင်ကုန်းလေးတစ်ခုအဖြစ် မြင်တွေ့ရလိမ့်မည် ဖြစ်သည်။
အဆင့် : တတိယအဆင့် အဆင့်၇ ( ၅% )
“ နှစ်လအတွင်းမှာပဲ တတိယအဆင့် အဆင့်၁ကနေ အဆင့်၇အထိ ရောက်လာခဲ့တယ် “
နတ်နဂါးသားရဲကြီးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်၊ မျိုးနွယ်စု တစ်သောင်း တားမြစ်နယ်မြေထဲရှိ သန့်စင်သော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် နတ်သားရဲများကပင် ဤကဲ့သို့သော တိုးတက်မှု အမြန်နှုန်းကြောင့် လွန်စွာအံ့ဩတုန်လှုပ်သွားကြမည် ဖြစ်သည်။
အမှန်တိုင်းပြောရမည်ဆိုပါက ဤနှစ်လတာ တိုးတက်မှု အမြန်နှုန်းသည် အချိန်နှင့်အမျှ တဖြည်းဖြည်း လျော့ကျသွားခဲ့ခြင်း ဖြစ်သည်။
အစပိုင်းတွင် တစ်ရက်လျှင် ၄၀%အထိ တိုးတက်ခဲ့သည်။
သို့သော် နတ်နဂါးသားရဲကြီး၏ အဆင့်က တိုးတက်မြင့်မားလာသောကြောင့် တိုးတက်မှုသည် ပိုပို၍ သေးငယ်လာခဲ့ပြီး၊ တိုးတက်ကြီးထွားမှုနှုန်းသည် တစ်ရက်လျှင် ၅မှ ၁၀%ကြားသာ ကျန်ရှိနေတော့သည်။
ကံကောင်းထောက်မစွာဖြင့် တတိယအဆင့် သားရဲကောင်တို့၏ အရွယ်အစားများသည် အလွန်ကြီးမားနေခဲ့ပြီး၊ အာဟာရဓာတ်ကြွယ်ဝလွန်းနေခဲ့သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ဤနှစ်လတာအတွင်း၌ တိုးတက်မှုနှင့် အာဟာရဓာတ် ပြတ်လပ်ခြင်းတို့ကို ခံစားနေခဲ့ရမည် ဖြစ်သည်။
“ အခုဆိုရင် ငါ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက ဘယ်အဆင့်မှာ ရှိနေမလဲဆိုတာကို ငါသိချင်မိတယ် “
နတ်နဂါးသားရဲကြီး၏ မျက်လုံးများထဲတွင် မျှော်လင့်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းသည် တောင်ပံများကို ခတ်ကာ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ဤနေရာမှ ထွက်ခွာ၍ ငွေဦးချို မြစ်နဂါးရှိရာဘက်သို့ ပျံသန်းသွားတော့သည်။
ထိုနေ့က ခံစားခဲ့ရသည့် အရှက်တရားကို ဆေးကြောရန်အတွက်သာလျှင် မဟုတ်ဘဲ၊ အမဲလိုက်ရန်အတွက်ပါ လိုအပ်နေပြီဖြစ်သောကြောင့်၊ ၎င်းကို အရင်ဦးဆုံး ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။
…
မြစ်ဘုရင်ရေကန်
ဤရေကန်သည် ငွေဦးချို မြစ်နဂါးကို အစွဲပြု၍ မှည့်တည်ထားခြင်းဖြစ်ပြီး၊ ၎င်းသည် မိုင်တစ်ရာကျယ်ဝန်းကာ အေးစက် တိတ်ဆိတ်သော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်၊ ကန်၏အလယ်ဗဟိုတွင် ခရမ်းရောင် မေပယ်သစ်ပင် အစုအဝေးတစ်ခု တည်ရှိနေကာ၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူအတွင်းရှိ ပတ်ဝန်းကျင်အား ထူးခြားသော မြင်ကွင်းတစ်ခုဖြင့် ပါဝင်အားဖြည့်ပေးနေလျက်ရှိသည်။
ထိုအချိန်တွင် ငွေဦးချို မြစ်နဂါးသည် ငြိမ်သက်နေသည့် အစိမ်းရောင် ကန်ရေပြင်ထဲတွင် အေးအေးလူလူ နောက်ပြန်ကူးခတ်၍ ဇိမ်ယူနေလျက်ရှိသည်။
ယနေ့သည် အထူးနေ့ရက်တစ်ခုဖြစ်ပြီး၊ ၎င်းသည် လွန်ခဲ့သော တစ်လခန့်က မျိုးနွယ်စု တစ်သောင်း တားမြစ်နယ်မြေဆီမှ သတင်းများ လက်ခံရရှိခဲ့သည်။
“ နောက်ခြောက်လကြာရင် ငါက ဒီစွန့်ပစ်နယ်မြေကနေ ထွက်သွားနိုင်တော့မယ် “
ငွေဦးချို မြစ်နဂါး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည် “ ဆယ်နှစ်တာ စောင့်ကြပ်ခဲ့ပြီးတဲ့နောက်မှာ ငါက မျိုးနွယ်စု တစ်သောင်း တားမြစ်နယ်မြေထဲကို ပြန်နိုင်တော့မယ် “
အတွေးတစ်ချက်နှင့်အတူ ရွှေရောင်တံဆိပ်ပြား တစ်ခု ပေါ်လာခဲ့သည်။
ယခုလေးတင် မျိုးနွယ်စု တစ်သောင်း တားမြစ်နယ်မြေ၏ သားရဲမျိုးနွယ်စုထံမှ ဤတံဆိပ်ပြားနှင့်အတူ သတင်းစကား တစ်ခု လက်ခံရရှိခဲ့ပြီး၊ ဤတံဆိပ်ပြားကို ကိုင်ဆောင်ထားခြင်းဖြင့် မျိုးနွယ်စုတစ်သောင်း တားမြစ်နယ်မြေထဲသို့ အခမဲ့ ဝင်ရောက်နိုင်ပြီဟု အကြောင်းကြားလာခဲ့သည်။
“ ဆယ်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီးတဲ့နောက်မှာ ငါ့ရဲ့အပြစ်တွေကို ကျေအေးပေးလိုက်ပြီလား? “
ငွေဦးချို မြစ်နဂါးသားရဲကြီးသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူနယ်မြေကို ဘုန်းတန်ဖိုးတို့ဖြင့် အုပ်စိုးခဲ့သော်လည်း၊ အမှန်တိုင်းပြောရမည်ဆိုပါက ၎င်းသည် အပြစ်ကြွေးတို့၏ ဖိအားများအောက်တွင်သာ ရှိနေခဲ့ခြင်း ဖြစ်သည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲတွင် ရှိနေကြသည့် သားရဲအများစုသည် သွေးနှောသားရဲများသာ ဖြစ်နေခဲ့ပြီး၊ ဘိုးဘေးတို့၏ အပြစ်ကြွေးများကြောင့် လူသားတို့ကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် ဤနေရာတွင် ရှိနေရခြင်းဖြစ်သည်။
အဆင့်မြင့် နတ်သားရဲသွေးမျိုးဆက်ကို ပိုင်ထားသည့် နတ်သားရဲတစ်ကောင်အနေဖြင့် ငွေဦးချို မြစ်နဂါးသည် ဤနေရာတွင် ရှိမနေသင့်ပေ။ သို့သော် ၎င်းသည် တတိယအဆင့်တွင် ရှိခဲ့စဥ်အချိန်က အလွန်မြင့်မြတ်သန့်စင်သော သွေးမျိုးဆက် ပိုင်ဆိုင်ထားသည့် နတ်သားရဲတစ်ကောင်ကို စော်ကားခဲ့မိကာ ဤနေရာဆီသို့ ဆယ်နှစ်တာ ပြည်နှင်ခံခဲ့ရသည်။
ယခုတွင် ဆယ်နှစ်တာ ပြည့်မြောက်သွားခဲ့ပြီဖြစ်သောကြောင့် ၎င်းသည် ဇာတိမြေသို့ ပြန်နိုင်တော့မည် ဖြစ်သည်။
ငွေဦးချို မြစ်နဂါးကြီး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်၊ သို့သော် ၎င်း၏ အမူအရာသည် လျင်မြန်စွာ အေးစက်သွားခဲ့သည်။
“ ငါထွက်မသွားခင်မှာ ရွှေတောင်ပံကောင်ကို သင်ခန်းစာတစ်ခု ပေးသွားရမယ် “
၎င်းသည် ရိုင်းရိုင်းစိုင်းစိုင်းဖြစ်နေခဲ့သည့် ရွှေတောင်ပံ သားရဲကောင်ကို ထင်ထင်ရှားရှား မှတ်မိနေခဲ့သည်။
ဒုတိယအဆင့် သားရဲလေးတစ်ကောင်မှ ရှင်ဘုရင်၏ အမိန့်ကို ဖီဆန်ခဲ့ခြင်းသည် ကြီးလေးသော ပြစ်မှုတစ်ခုဖြစ်သည်။
သွေးနှောမျိုးဆက်က အဆင့်မြင့် နတ်သားရဲသွေးမျိုးဆက်ကို ဆန့်ကျင်ခြင်းသည် ပို၍ ဆိုးရွားသော ပြစ်မှုတစ်ခုဖြစ်သည်။
ယခင်က ၎င်းကို နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အဓိက ထောက်တိုင်တစ်ခုအဖြစ် သတ်မှတ်ထားခဲ့သောကြောင့် အရေးယူမကိုင်တွယ်ခဲ့ပေ။
သို့သော် ယခု၌ သူထွက်သွားရတော့မည် ဖြစ်သောကြောင့် မည်သည့်အရာကိုမှ တွေးပူနေစရာ လိုတော့မည် မဟုတ်ပေ။
ရှင်ဘုရင်၏ အမိန့်ကို ဆန့်ကျင်ခြင်းသည် သေခြင်းနှင့်သာ ရင်ဆိုင်ရမည် ဖြစ်သည်။
ငွေဦးချိုး၏ မြစ်နဂါး၏ အမူအရာသည် သိသိသာသာ အေးစက်လာခဲ့သည်။
“ ဟမ်? “
ရုတ်တရက်ဆိုသလိုပင် ၎င်းသည် တစ်စုံတစ်ခုကို အာရုံခံမိသွားကာ ကောင်းကင်ထက်သို့ လှမ်းကြည့်လိုက်သည်။
ဝှစ် !!
မိုးကုပ်စက်ဝိုင်းအတွင်း၌ ရွှေရောင် ပုံရိပ်တစ်ခုသည် ဤနေရာသို့ လျင်မြန်စွာ ပျံသန်းလာနေလျက်ရှိသည်။
ရွှေရောင်အလင်းတန်းသည် အလွန်မြန်ဆန်စွာ ရွေ့လျားနေခဲ့ပြီး၊ အစကနဦးတွင် အစက်သေးသေးလေးအဖြစ်သာ ရှိနေခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားသော သားရဲအရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ခုန်ဆင်းလာခဲ့သည်။
“ သူလား? “
ငွေဦးချို နတ်ဂါးသားရဲကြီးသည် ၎င်းကို ချက်ချင်း မှတ်မိသွားခဲ့သည်။
“ ငါက မင်းကို လိုက်မရှာရသေးဘူး၊ မင်းက ငါ့ဆီကို တည့်တည့်ကြီး ဝင်တိုးလာတယ်ပေါ့ “
၎င်းသည် အေးစက်စွာ ရယ်မောနေတော့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှ အကြာတွင် မီတာ ၁၀၀ရှည်လျားသည့် မြစ်နဂါးတစ်ကောင်သည် ကောင်းကင်ထက်သို့ ခုန်တက်လာခဲ့ကာ နေမင်းကိုပင် ပိတ်ဆို့သွားခဲ့သည်။
နတ်နဂါးသားရဲကြီးသည် လှုပ်ရှားမှုကို ရပ်တန့်ကာ အေးအေးလူလူ ပြောလာခဲ့သည် “ ဘုရင်ကြီး၊ မတွေ့ရတာ ကြာပြီနော် “
“ တကယ်ကို၊ မတွေ့ရတာ ကြာပြီ “ ငွေဦးချို မြစ်နဂါးသားရဲကြီးမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ဘာလဲ၊ သေချာစဥ်းစားခဲ့ပြီးတော့ မြစ်နဂါး မျိုးနွယ်စုထဲကို ဝင်တော့မှာလား? “
“ ကံမကောင်းစွာနဲ့ ငါက မင်းကို အခွင့်အရေး ထပ်ပေးတော့မှာ မဟုတ်ဘူး၊ မင်းက မထိုက်တန်ဘူး “
နတ်နဂါးသားရဲကြီးသည် အေးဆေး တည်ငြိမ်နေစဲပင် ဖြစ်သည် “ ခင်ဗျားက အတွေးလွန်နေတာပဲ၊ ကျုပ်က အဲ့ကိစ္စအတွက် လာခဲ့တာ မဟုတ်ဘူး “
“ အို့ “
ငွေဦးချို မြစ်နဂါးကြီးသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားပြီး၊ တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရကာ ဒေါကြီးမောကြီးရယ်မောနေတော့သည် “ မင်းက ငါ့ကို သတ်ချင်နေတာလား? “
မြစ်နဂါး မျိုးနွယ်ဝင်တစ်ကောင်အနေဖြင့် ၎င်းသည် အလွန်မြင့်မားသော စိတ်ဝိညာဥ်စွမ်းအားကို ပိုင်ဆိုင်ထားကာ နတ်နဂါးသားရဲကြီးထံမှ ဖြစ်ပေါ်နေသည့် သတ်ဖြတ်လိုစိတ်များကို ခံစားမိနေခဲ့သည်။
၎င်းသည် အံ့ဩခြင်းနှင့် ဒေါသတို့ကို တစ်ပြိုင်နက် ခံစားသွားခဲ့ရသည်။
အဆင့်နိမ့် သားရဲကောင်လေးတစ်ကောင်က ငါ့ကို သတ်ချင်နေတယ်ပေါ့လေ !!
ဆယ်နှစ်တာ အုပ်စိုးခဲ့သည့် အချိန်အတွင်းတွင် ဤကဲ့သို့ တစ်ကြိမ်တစ်ခါမှ အရှက်ခွဲ မခံခဲ့ရဖူးချေ။
“ မင်းက အဆင့်၃ကို ရောက်သွားပြီလား? “
ငွေဦးချို မြစ်နဂါးသည် တစ်စုံတစ်ခုကို အာရုံခံမိသွားကာ လျင်မြန်စွာ သဘောပေါက်သွားပြီး၊ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ မင်းက ဘယ်သူက သတ္တိတွေ ပေးလိုက်လဲလို့ ငါသိချင်နေတာ၊ အဆင့်၃ကို ရောက်သွားလို့ကိုး၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲက သွေးနှောကောင်တွေက တကယ်ကို အမြင်ကျဥ်းကြတာပဲ “
ဝရုန်းးးး !!!
ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခု ပေါက်ထွက်လာခဲ့သည်။
စတုတ္ထအဆင့် သားရဲကောင်၏ ဖိအားတစ်ခု ထွက်ပေါ်လာခဲ့သည်။
၎င်းသည် ရွှေတောင်ပံ သားရဲကောင်ကို နေရာမှာပင် ဖိနှိပ်ကာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ ကျယ်ပြောမှုကို သင်ပေးချင်ပုံရသည်။
“ ငါ့ရှေ့မှာ ဒူးထောက်လိုက်စမ်း !! “
ငွေဦးချို မြစ်နဂါးမှ ဟိန်းဟောက်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးစွမ်းအင်သည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။
…………………………………………………………………………………………………………………………………
အပိုင်း ( 348 )
ရှုကျိုး၏ စွမ်းအား
ငွေဦးချို မြစ်နဂါးသည် အစစ်အမှန် စတုတ္ထအဆင့်သားရဲကောင် မဟုတ်ဘဲ စတုတ္ထတစ်ပိုင်းအဆင့် သားရဲတစ်ကောင်သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူ့ကိုယ်တွင်းမှ ပေါ်ထွက်လာသည့် စွမ်းအားသည် တစ်ချို့သော စတုတ္ထအဆင့် သားရဲကောင်တို့ထပ်ပင် နိမ့်ကျမနေတော့ပေ။
၎င်းမှာ အဆင့်မြင့် နတ်သားရဲ သွေးမျိုးဆက်၏ အားသာချက်ဖြစ်သည်။
အကယ်၍ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူကဲ့သို့သော စွန့်ပစ်နယ်မြေတွင် ဆယ်စုနှစ်တစ်ခုစာမျှ အချိန်မဖြုန်းခဲ့ရဘူးဆိုပါက ၎င်းသည် စတုတ္ထအဆင့်သို့ပင် ရောက်နေလောက်ပြီ ဖြစ်သည်။
၎င်းသည် ယခုတွင် စတုတ္ထအဆင့်နှင့် ခြေတစ်လှမ်းမျှသာ လိုတော့သည်။
တတိယအဆင့် နဝမအဆင့်နှင့် ဒသမအဆင့်တို့ကြားရှိ ကွာဟချက်မှာ ငါးဆဖြစ်သည်။
ထို့ကြောင့် ငွေဦးချို မြစ်နဂါးသားရဲကြီးအတွက် ရွှေတောင်ပံ သားရဲကောင်သည် လက်တစ်ဖက်ဖြင့် ဖိနှိပ်လိုက်ရုံသာ ပြုလုပ်ရမည် ဖြစ်သည်။
“ ဝုန်းးး !! “
ကောင်းကင်ထက်၌ ကြီးမားသော ရေစီးတစ်ခု ပေါ်ထွက်လာခဲ့ကာ မီတာ တစ်ထောင်အထိ မြင့်မားသော လှိုင်းလုံးများသည် ရွှေတောင်ပံ သားရဲဆီသို့ တဟုန်ထိုး တိုးဝင်သွားခဲ့သည်။
၎င်းသည် စစ်မှန်သော ရေစီးတစ်ခု မဟုတ်ဘဲ ငွေဦးချိုး မြစ်နဂါး၏ နတ်ဆိုးစွမ်းအင်များဖြင့် ဖွဲ့တည်ထားသော အရာဖြစ်သည်၊ သို့သော် ၎င်းသည် ကြီးမားသော အရှိန်အဟုန်ကို သယ်ဆောင်ကာ တိုက်ချလာခဲ့သည်။
ထိုကဲ့သို့သော ဖိအားအောက်တွင် မြေပြင်ကပင် တဝီဝီအော်မြည်၍ လှုပ်ခါသွားခဲ့သည်။
နတ်နဂါးသားရဲကြီးကမူ အေးဆေးတည်ငြိမ်နေစဲသာဖြစ်သည်၊ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းသည် နောက်ဆုတ်သွားရမည့်အစား ရှေ့သို့တက်လာခဲ့သည်။
၎င်း၏ တောင်ပံများကို နောက်ဘက်သို့ ခေါက်လိုက်ရာ၊ ၎င်းတို့သည် ကြီးမားသော သံမဏိ လက်သီးများအဖြစ် ပြောင်းလဲသွားပြီး၊ ရေစီးထံသို့ ပြေးဝင်သွားခဲ့သည်။
“ ချိုးဖျက်စမ်း !!! “
အားနှစ်ခု ထိတွေ့မိသွားကာ၊ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ရေစီးပေါက်ကွဲသွားကာ၊ ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းလုံးများသည် ကောင်းကင်ဘုံအနှံ့ ပြန့်ကျဲသွားခဲ့သည်။
နတ်နဂါးသားရဲကြီးသည် လှိုင်းလုံးများကြားမှ တိုးဝင်လာခဲ့ကာ၊ ၎င်း၏ သံမဏိ လက်သီးများကဲ့သို့ ဖြစ်နေသည့် တောင်ပံကြီးများဖြင့် ငွေဦးချို မြစ်နဂါးကို ဆက်လက်၍ တိုက်ခိုက်လာခဲ့သည်။
ငွေဦးချို မြစ်နဂါး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားသည်၊ နတ်ဆိုးစွမ်းအင်များသည် ၎င်း၏ အရှေ့ဘက်တွင် ကြီးမားသော ဒိုင်းကာကြီးတစ်ခု ဖွဲ့စည်းသွားခဲ့သည်။
“ ခွမ်းးး !! “
ကျယ်လောင်သော အသံတစ်သံနှင့်အတူ ငွေဦးချို မြစ်နဂါးသည် နောက်သို့ လွင့်ထွက်သွားခဲ့သည်။
“ ဒီရွှေတောင်ပံကောင်က ဘယ်လိုလုပ် ဒီလောက်တောင် သန်မာအားကောင်းလာရတာလဲ? “
ငွေဦးချို မြစ်နဂါးသည် မီတာရာနှင့်ချီ၍ နောက်ဆုတ်သွားခဲ့ရပြီးမှ ရပ်တန့်သွားခဲ့သည်။
၎င်းသည် အံ့ဩတုန်လှုပ်မှုများ၊ ဒေါသများ ရောပြွန်းနေသည့် မျက်လုံးများဖြင့် နတ်နဂါးသားရဲကြီးကို စိုက်ကြည့်လာခဲ့သည်။
နတ်နဂါးသားရဲကြီး ပြသခဲ့သော စွမ်းအားသည် သွေးနှောသားရဲတစ်ကောင်က ပိုင်ဆိုင်ထားနိုင်သည့် အတိုင်းအတာထပ် များစွာသာလွန်နေခဲ့သည်။
အဆင့်မြင့် နတ်သားရဲများကပင် တတိယအဆင့်တွင် ထိုကဲ့သို့သော စွမ်းအားမျိုးကို ပြသနိုင်ရန် ခက်ခဲနေလိမ့်မည် ဖြစ်သည်။
“ သန့်စင်တဲ့ နတ်သားရဲ သွေးမျိုးဆက်လား? “
အတွေးတစ်ခုသည် ၎င်း၏ စိတ်ထဲသို့ တိုးဝင်လာခဲ့သည် “ မဖြစ်နိုင်ဘူး၊ သန့်စင်တဲ့ သွေးမျိုးဆက်ကို ပိုင်ထားတဲ့ နတ်သားရဲတစ်ကောင်က နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲမှာ ဘယ်လိုလုပ် ပေါ်လာရတာလဲ? “
သားရဲမျိုးနွယ်စုသည် သွေးမျိုးဆက်နှင့် ပတ်သက်၍ အတော်လေး အကဲဆတ်လေ့ရှိပြီး၊ နတ်သားရဲများသည် တစ်ကောင်နှင့်တစ်ကောင် အာရုံခံနိုင်ကြသည်။
အကယ်၍ သွေးသန့် နတ်သားရဲတစ်ကောင်သာ ဖြစ်နေမည်ဆိုပါက၊ ၎င်းသည် ချက်ချင်း ခံစားသိရှိလိမ့်မည် ဖြစ်ပြီး၊ နှလုံးသားထဲမှ ရိုသေလေးစားမှုတစ်ခု ပေါ်ထွက်လာမည် ဖြစ်သည်။
သို့သော် ငွေဦးချို မြစ်နဂါးသည် ရွှေတောင်ပံသားရဲကို မြင်လိုက်ရသောအခါတွင် မည်သည့်အရာကိုမှ မခံစားခဲ့ရပေ။
၎င်းက ညစ်ထေးပြီး နိမ့်ကျသည့် အဆင့်နိမ့် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည်မှာ သိသာလွန်းနေခဲ့သည်။
ထို့အပြင် ၎င်းသည် သွေးနှောသားရဲများထဲတွင် အဆင့်အနိမ့်ဆုံးဖြစ်သည့် နတ်သားရဲသွေးကင်းမဲ့နေသည့် သားရဲတစ်ကောင်သာ ဖြစ်နေခဲ့သည်။
“ ဒီလို တိုက်ခိုက်ရေးစွမ်းအားကို မင်းက ဘယ်လိုပဲရထားပါစေ၊ ဒီနေ့တော့ ငါမင်းကို ဖိနှိပ်ပြမယ် “
ငွေဦးချို မြစ်နဂါးကြီးမှ နဂါးဟိန်းသံတစ်ခု ထုတ်လွှတ်လာခဲ့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးစွမ်းအင်များသည် ၎င်း၏ ခန္ဓာကိုယ်ထဲမှ ပေါက်ထွက်လာခဲ့သည်။
အဆုံးမဲ့ အနက်ရာင် နတ်ဆိုးစွမ်းအင်များ ပေါက်ထွက်လာခဲ့ရာ၊ တိမ်မည်းကြီးတစ်ခုဖြင့် ဖိနှိပ်ထားသကဲ့သို့ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။
၎င်းသည် ၎င်း၏ မူလ နတ်ဆိုးစွမ်းအင်ဖြစ်ပြီး၊ ၎င်းသည် သာမန် နတ်ဆိုးစွမ်းအင်ထပ် များစွာပိုမိုအားကောင်း အစွမ်းထက်နေခဲ့သည်။
ထို့အပြင် အဆိုပါ မူလ နတ်ဆိုးစွမ်းအင်များသည် မီတာရာနှင့်ချီ၍ မြင့်မားသည့် ကြီးမားသော အနက်ရောင် လေဆင်နှာမောင်းကြီးတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားကာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပြင်တို့ကို ထိုးဖောက်သွားတော့သည်။
ဝှစ် !!!
ဧရာမ အနက်ရောင် နဂါးကြီးကဲ့သို့ ဖြစ်နေသည့် အနက်ရောင် လေဆင်နှာမောင်းကြီးသည် နတ်နဂါးသားရဲကြီးကို ဖုံးလွှမ်းသွားခဲ့သည်။
၎င်းဖြတ်သန်းသွားရာ လမ်းကြောင်းတစ်လျှောက်ရှိ မြေပြင်သည် ကွဲအက်ပွင့်ထွက်သွားပြီး၊ လမ်းကြောင်းတစ်လျှောက်ရှိ တောင်တန်းတို့မှာလည်း ပေါက်ကွဲကာ ပြိုကျပျက်စီးသွားခဲ့သည်။
၎င်းသည် အလွန်မြန်မြန်ဆန်ဆန် ရွေ့လျားနေခဲ့ပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်နဂါးသားရဲကြီးကို လွှမ်းခြုံလာခဲ့သည်။
“ ပြီးသွားပြီ “
ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် ငွေဦးချို မြစ်နဂါး၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
သို့သော် နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်း၏ အပြုံးသည် အေးခဲတောင့်တင်းသွားခဲ့ရသည်။
“ ဗွီ !! “
ကောင်းကင်နှင့် သူရိန်နေမင်းကို ဖုံးလွှမ်းထားသည့် အနက်ရောင် လေဆင်နှာမောင်းတစ်ခုအတွင်း၌ အဖြူရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
အစကနဦးတွင် အဆိုပါ အလင်းတန်းက မှုန်ဝါးဝါးသာ ဖြစ်နေခဲ့သော်လည်း၊ မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာ ရာပေါင်းများစွာ ရှည်လျားသည့် ကောင်းကင်ဘုံ မြစ်တစ်စင်းကဲ့သို့ ပြန့်ကားကြီးမားလာခဲ့သည်။
နှင်းဖြူရောင် ကောင်းကင်မြစ်သည် ကောင်းကင်ထက်မှ စီးဆင်းလာသကဲ့သို့ လင်းလက်တောက်ပနေခဲ့ကာ အနက်ရောင်လေဆင်နှာမောင်းကြီးကို ချက်ချင်း ဝါးမြိုသွားခဲ့သည်။
“ဂျိမ်းးးး ~~ ဝရုန်းးးး !! “
ကောင်းကင်ဘုံ မြစ်အတွင်း၌ မိုးကြိုးပစ်သံများ ကျယ်လောင်စွာ ပေါ်ထွက်နေခဲ့ပြီး၊ အနက်ရောင် လေဆင်နှာမောင်းကြီးမှာ ပြိုကွဲပျက်စီးသွားရတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင် လေဆင်နှာမောင်း ပျောက်ကွယ်သွားခဲ့သည်။
နှင်းဖြူရောင် ကောင်းကင်မြစ်၏ အရှိန်အဟုန်သည် ငွေဦးချို မြစ်နဂါးဆီသို့ တဟုန်ထိုး တိုးဝင်လာခဲ့သည်။
“ မဖြစ်နိုင် …… “
ငွေဦးချို မြစ်နဂါး၏ မျက်လုံးများသည် ဒေါသတို့ဖြင့် ပြူးကျယ်သွားခဲ့သည်၊ ငါ့ရဲ့ တိုက်ခိုက်မှုက ဘယ်လိုလုပ် မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားရတာလဲဟ??
ရွှေတောင်ပံကောင်က အဲ့တာကို ဘယ်လိုလုပ်လိုက်တာလဲ??
သတိကပ်မနေသောကြောင့် ၎င်းအား ကောင်းကင်မြစ်မှ တိုက်ချသွားခဲ့ရာ၊ ၎င်းသည် နောက်သို့ လွင့်ထွက်သွားခဲ့သည်။
“ ဖူးးး !! “
ငွေဦးချို မြစ်နဂါးကြီးသည် သွေးများ အန်နေရတော့သည်။
၎င်းသည် ထိုဖြစ်ရပ်ကို လျစ်လျူရှုထားပြီး၊ အဝေးသို့ ငေးကြည့်ကာ မျက်ဝန်းများ ကြီးမားသွားခဲ့သည်။
ကောင်းကင်ကို ပိတ်ဆို့ထားသည့် အနက်ရောင် လေဆင်နှာမောင်းကြီး ပျောက်ကွယ်သွားကာ၊ နတ်နဂါးသားရဲကြီး၏ ပုံရိပ်သာ ပြန်ပေါ်လာခဲ့သည်။
သို့သော် ငွေဦးချို မြစ်နဂါးကို မျက်လုံးပြူးသွားစေခဲ့သည့် အရာမှာ နတ်နတ်ဂါး သားရဲကြီး မဟုတ်ဘဲ ၎င်း၏ အရှေ့တွင် ရှိနေသည့် ဓားရှည်တစ်လက်ပင် ဖြစ်သည်။
မီတာဆယ်နှင့်ချီ၍ ရှည်လျားသော နှင်းဖြူရောင် ဓားရှည်တစ်လက်သည် လေထုထဲတွင် မျောလွင့်နေကာ ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးစွမ်းအင်များကို ထုတ်လွှင့်နေခဲ့သည်။
၎င်းက နတ်နဂါးသားရဲကြီး၏ နတ်ဆိုးစွမ်းအင်တို့ဖြင့် ဖွဲ့စည်းထားသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။
ထိုအချိန်တွင် ငွေဦးချို မြစ်နဂါးသည် ယခင်က မြင်တွေ့ခဲ့ရသည့် ကောင်းကင်မြစ်က အဆိုပါ ဓားအလင်းတန်းဖြစ်ကြောင်းကို နားလည်သဘောပေါက်သွားခဲ့သည်။
“ တိုက်ခိုက်ရေး နည်းစနစ် ……. လူသားတွေရဲ့ တိုက်ခိုက်ရေး နည်းစနစ်လား? “
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ !!! “
ငွေဦးချို မြစ်နဂါးသည် မှင်သက်သွားကာ အံ့ဩတကြီး အော်ပြောလာခဲ့သည်။
ရွှေတောင်ပံကောင်က လူသားတွေပဲ သုံးနိုင်တဲ့ တိုက်ခိုက်ရေး နည်းစနစ်ကို ဘယ်လိုလုပ် ထုတ်သုံးနေနိုင်ရတာလဲ?
သားရဲမျိုးနွယ်စုသည် အံ့ဖွယ်ကောင်းသည့် စွမ်းအားများကို ပိုင်ဆိုင်ထားကြသော်လည်း၊ လူသားတို့၏ တိုက်ခိုက်ရေး နည်းစနစ်များကို မည်သို့မျှ မလေ့ကျင့်နိုင်ခဲ့ပေ။
တစ်ခုသော အကြောင်းပြချက်မှာ သားရဲမျိုးနွယ်စု၏ ပုံပန်းသွင်ပြင်ကြောင့် ဖြစ်ပြီး၊ ၎င်းကပင် သားရဲများက လူသားတို့၏ တိုက်ခိုက်ရေး နည်းစနစ်များကို မလေ့ကျင့်နိုင်စေရန် ကန့်သတ်ထားခဲ့သည်။
တစ်ခြားသောအကြောင်းပြချက်တစ်ခုကမူ လူသားတို့၏ တိုက်ခိုက်ရေး နည်းစနစ်များက လျှို့ဝှက်နည်းစနစ်များသာ ဖြစ်ပြီး၊ သားရဲမျိုးနွယ်စုနှင့် တစ်ကြိမ်တစ်ခါမှ မဝေမျှပေးခဲ့ဖူးသောကြောင့် ဖြစ်သည်။
ထို့ကြောင့်ပင် ယခုမြင်တွေ့နေရသည့် မြင်ကွင်းသည် ငွေဦးချို မြစ်နဂါးကို လုံးလုံးလျားလျား မှင်သက်သွားစေခဲ့ခြင်းဖြစ်သည်။
သို့သော် ၎င်းသည် များများစားစား တွေးတောစဥ်းစားနေရန် အချိန်မရခဲ့ပေ။
“ သွား !! “
နတ်နဂါးသားရဲကြီးဖြင့် အတွေးဖြင့် လှုပ်ရှားခိုင်းလိုက်ရာ၊ ဓားအလင်းတန်း တောက်ပလာခဲ့ပြီး ငွေဦးချို မြစ်နဂါးကို ခုတ်ပိုင်းလာတော့သည်။
ဓားအလင်းတန်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို ဆုတ်ဖြဲသွားခဲ့သည် !!!
“ လာပြန်ပြီလား? “
ငွေဦးချို မြစ်နဂါးသားရဲကြီးမှာ အထိတ်တလန့် ဖြစ်သွားခဲ့ပြီး၊ အစွမ်းထက် နတ်ဆိုးစွမ်းအင်များကို ထုတ်လွှင့်ကာ ၎င်း၏ ပတ်ပတ်လည်တွင် ခိုင်မာတောင့်တင်းသည့် နတ်ဆိုးစွမ်းအင် ဒိုင်းကာကြီးတစ်ခုကို ဖွဲ့စည်းလိုက်သည်။