← Chapters

အခန်း (၃၅၂-၃၅၄)

Vol. 24 Ch. 352-354

အခန်း (၃၅၂-၃၅၄)

Vol. 24 Ch. 352-354

အပိုင်း ( 352 )

တစ်ခါကြားခဲ့ဖူးတယ်၊ အခုတော့ တွေ့ရပြီပေါ့ ၂

“ ရှုကျိုးလား? “

ထိုအချိန်၌ တိုက်ခိုက်ရေး ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းမပျိုလေးတစ်ဦး လျှောက်လှမ်းလာခဲ့သည် “ နင်ကလည်း ဒီလေ့ကျင့်ရေးမှာ ပါတာလား? “

“ ရှားလီယွဲ့လား? “ ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ သူသည် သူမကို ဤနေရာတွင် ထပ်တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဤနေရာသည် တတိယအဆင့် ပညာရှင်များအတွက်ဖြစ်ပြီး၊ သူမသည် စတုတ္ထအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။

အို့၊ အခုကြည့်ရတာတော့ သူမက ပဥ္စမအဆင့်ကို ရောက်သွားတဲ့ပုံပဲ။

ရှားလီယွဲ့မှ ပြောလာခဲ့သည် “ ငါက ဒီအာကသယာဥ်နဲ့ ကွမ်ဟန်ကို သွားဖို့ တာဝန်ကျထားတယ်လေ ……. ဒါပင်မဲ့ နင်ကရော အဆင့်၃ကို ဒီလောက်မြန်မြန်ကြီး ရောက်လာခဲ့တာလား? “

“ အဲ့လောက်ကြီးလည်း မမြန်ပါဘူး “ ရှုကျိုးမှ အသာအယာ ပြုံးပြလိုက်သည်။

ရှားလီယွဲ့အကြောင်းကိုမူ သူသည် များများစားစား တွေးတောမနေတော့ချေ၊ ပဥ္စမအဆင့်ဖြစ်နေသည့်အတွက် သူမသည် သူတို့နှင့် ပူးပေါင်းရလိမ့်မည် မဟုတ်ပေ။

…

ရန်ပြည်ထောင် အာကာသယာဥ်သည် တရားဝင် ထွက်ခွာလာခဲ့ပြီ ဖြစ်သည်။

အာကာသယာဥ်သည် ဒုံးကျည်တစ်စင်းကဲ့သို့ ကောင်းကင်ယံသို့ ထောင်တက်လာခဲ့သည်။

ရှုကျိုးသည် ပြတင်းပေါက်နားတွင် ရပ်ကာ တဖြည်းဖြည်းသေးငယ်သွားသည့် မြေပြင်ကို ငေးကြည့်နေခဲ့သည်။

၁၀မိနစ်ကြာခဲ့ပြီးသည့်နောက်တွင် အပြင်ဘက်ရှိ မြင်ကွင်းသည် ရုတ်တရက် ပြောင်းလဲသွားပြီး၊ ရှုကျိုးသည် သူတို့က ကောင်းကင်အတုအား ကျော်လွန်လာခဲ့ပြီဆိုသည်ကို သိသွားခဲ့သည်။

အစစ်အမှန် ကောင်းကင်ယံသည် ထူးဆန်းသော ခရမ်းရောင် သမ်းနေခဲ့သည်။

တစ်ချိန်တည်းမှာပင် သွေးစွန်းနေသော လသည် နှစ်ပိုင်းကွဲထွက်နေကာ ကြယ်ပြာဂြိုဟ်ကို ဝင်တိုက်ရန် အသင့်ဖြစ်နေသည့် ကြီးမားသော သွေးပုဆိန်ကြီးတစ်ခုကဲ့သို့ အရှေ့ဘက်တွင် ထင်ထင်ရှားရှားရှိနေခဲ့သည်။

၎င်းမှာ လဖြစ်ပြီး၊ ကြယ်ပြာဂြိုဟ်ကို မျက်နှာမူထားသည့် အခြမ်းသည် ကွမ်ဟန်ဟုလည်း လူသိများလှသည်။

“ လရဲ့ တစ်ခြားတစ်ဖက်က ဘာမှ ထူးခြားမှု မရှိတဲ့ပုံပဲ “ ရှုကျိုးမှ ရေရွတ်ပြောဆိုနေတော့သည်။

သို့သော် သူသည် တစ်ခြားတစ်ဖက်သို့ ခြေချနိုင်ခဲ့မည်ဆိုပါက ၎င်းသည် ဤစကြာဝဌာနှင့် မသက်ဆိုင်သည့် တစ်ခြားသော စကြာဝဠာတစ်ခုဆီသို့ ရောက်ရှိသွားမည်ဟု သင်ယူခဲ့ရသည်။

ကွမ်ဟန် ပတ်ပတ်လည်၌ အာကာသခံတပ်များ မျောလွင့်နေခဲ့သည်။

လ၏တစ်ခြားတစ်ဖက်တွင်မူ ရက်စက်ကြမ်းကြုတ်သည့် ပုံရိပ်များသည် ကောင်းကင်ယံကို ဖုံးလွှမ်းကာ လွင့်မျောနေခဲ့သည်။

နှစ်ဖက်စလုံးသည် ထိပ်တိုက်ရင်ဆိုင်နေသကဲ့သို့ အာကာသထဲတွင် မျောလွင့်နေလျက်ရှိသည်။

“ လက ကြယ်ပြာဂြိုဟ်နဲ့ တော်တော်ကြီးကို နီးတာပဲ …… ကောင်းကင်တုကို စီစဥ်ပေးထားခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ “ ရှုကျိုးမှ တွေးတောစဥ်းစားနေတော့သည်။

ယခုလက်ရှိ အချိန်၌ နှစ်ဖက်စလုံးသည် အပစ်အခတ်ရပ်ဆိုင်းထားကြသည်။

သို့သော် စစ်ပွဲဖြစ်လာသည်နှင့်တစ်ပြိုင်နက် ဤအာကာသသည် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်သွားမည် ဖြစ်သည်။

မျောလွင့်နေသည့် ခံတပ်များသည် တိုက်ပွဲတွင် အမြင့်ပိုင်းအဆင့်များပါ ပါဝင်လာမည်ဟု မီးမောင်းထိုးပြနေခြင်းပင် ဖြစ်သည်။

ကြယ်ပြာဂြိုဟ်ပေါ်ရှိ အကာအရံသည် ခုခံကာကွယ်ရေး အလွှာတစ်ခုအဖြစ် ဖွဲ့စည်းထားခြင်းဖြစ်သည်။

၎င်းသည် သာမန်လူတို့၏ အမြင်အာရုံများကိုလည်း ပိတ်ဆို့ထားခဲ့သည်။

အကယ်၍ ကြယ်ပြာဂြိုဟ်ကို တစ်ခြားစကြာဝဠာက ကျူးကျော်နေသည်ဟု လူထုက သိသွားမည်ဆိုပါက ကြီးမားသော အထိကရုန်းများ ဖြစ်သွားလိမ့်မည် ဖြစ်သည်။

ရန်ပြည်ထောင် အာကာသယာဥ်သည် ခံတပ်တစ်ခုထဲသို့ ဝင်ရောက်ကာ ဆင်းသက်သွားတော့သည်၊ ၎င်း၏တံခါးပွင့်လာသည့် အချိန်တွင် အဖြူရောင် မြူမှုန်များ ထုတ်လွှတ်လိုက်သည်။

ရှုကျိုးနှင့် တစ်ခြားလူများသည် ဝုချင်းရှန်နောက်သို့ လိုက်ကာ ရင်ပြင်တစ်ခုထဲ ဝင်သွားကြသည်၊ ထိုနေရာတွင် လူတော်တော်များများ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

“ သူတို့က ရန်ပြည်ထောင်က သိုင်းပညာရှင်တွေပဲ “

“ မနှစ်က ရန်ပြည်ထောင်ရဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာ မကောင်းခဲ့ဘူး “

“ ဟက်၊ ရန်ပြည်ထောင်က နှစ်တိုင်းမှာ မီးပြတိုက်နိုင်ငံရဲ့ ဖိနှိပ်တာကို ခံနေခဲ့ရတာ၊ အခုဆိုရင် ဆင်ဖြူက ကျော်တက်တာကိုတောင် ခံလိုက်ရပြီ “

ရှုကျိုးနှင့် တစ်ခြားလူများ ဝင်လာသည်နှင့်တစ်ပြိုင်နက် မြောက်များစွာသော ဆွေးနွေးပြောဆိုမှု စကားသံများ ပေါ်ထွက်လာခဲ့သည်။

ကြယ်ပြာဂြိုဟ်ပေါ်ရှိ နိုင်ငံများသည် ကြယ်ပြာဘာသာစကားဟု လူသိများသည့် ဘုံဘာသာစကားတစ်ခုကိုသာ မျှဝေသုံးစွဲကြသည်။

ရှုကျိုးနောက်ရှိ ရန်ပြည်ထောင်မှ သိုင်းပညာရှင်တစ်ချို့သည် ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။

အသံများသည် ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

သို့ရာတွင် မီးပြတိုက်နှင့် ဆင်ဖြူနိုင်ငံတို့မှ သိုင်းပညာရှင်များကမူ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေသေးစဲဖြစ်ပြီး၊ ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏ မျက်လုံးများထဲတွင် တိုက်ပွဲဝင်လိုစိတ်များ ဖြစ်တည်လာခဲ့သည်။

အထူးသဖြင့် ရန်ပြည်ထောင်၏ ဖိနှိပ်ခြင်းကို အမြဲလိုလို ခံနေခဲ့ရသည့် ဆင်ဖြူနိုင်ငံဖြစ်ပြီး၊ ယခင်နှစ်က ဗစ်ခရမ်၏ မြင့်တက်လာမှုသည် ရန်ပြည်ထောင်ကို ဖိအားအောက် ရောက်သွားစေခဲ့ပြီး၊ ဆင်ဖြူနိုင်ငံမှ သိုင်းပညာရှင်တို့၏ ယုံကြည်မှုများကို မြှင့်တင်ပေးခဲ့သည်။

ဆင်ဖြူနိုင်ငံအတွင်း၌ ရန်ပြည်ထောင် ဖိနှိပ်ရန် ပြောလာခဲ့သည့် စကားသံများ ကျယ်လောင်လာခဲ့သည်။

ဗစ်ခရမ်မှာလည်း အနီရောင် တိုက်ခိုက်ရေးဝတ်စုံကို ဝတ်ဆင်ထားကာ ဤနေရာတွင် ရှိနေခဲ့ပြီး၊ ရန်ပြည်ထောင် အဖွဲ့ဆီသို့ ယုံကြည်မှုရှိနေသည့် အပြုံးတစ်ခုကို ဆင်မြန်း၍ ချဥ်းကပ်လာခဲ့သည်။

“ ဟယ်လို၊ ရန်ပြည်ထောင်က ရောင်းရင်းတို့၊ ကျုပ်က ဗစ်ခရမ်ပါ “

ဗစ်ခရမ်သည် ရန်ပြည်ထောင် အဖွဲ့၏ ရှေ့တွင် ရပ်နေသည့် ရှုကျိုးကို ကြည့်ကာ မေးမြန်းလာခဲ့သည် “ ဒီတစ်ယောက်က အသစ်ထင်တယ်၊ သူက ဒီနှစ်ရန်ပြည်ထောင်အဖွဲ့ရဲ့ ခေါင်းဆောင်လား? “

ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည် “ ရှုကျိုး “

“ မနှစ်က ခေါင်းဆောင်က မလာဘူးလား? “

ဗစ်ခရမ်သည် သူ၏ အံ့အားသင့်မှုကို ဖော်ပြလာခဲ့သည် “ ကောင်းပြီလေ၊ မနှစ်က ရန်ပြည်ထောင်ရဲ့ စွမ်းဆောင်ရည်ကတော့ တကယ်ကို ဆိုးရွားတယ် “

ထို့နောက် သူသည် ခြောက်ကပ်ကပ် ပြုံးကာ ပြောလာခဲ့သည် “ ရှုကျိုးမလား? ကွမ်ဟန်က မင်းရဲ့ စွမ်းဆောင်ရည်ကို ငါမျှော်လင့်နေတယ်၊ မနှစ်က အဖွဲ့ခေါင်းဆောင်လို စိတ်ပျက်အောင် မလုပ်ဘူးလို့တော့ မျှော်လင့်ပါတယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ပျင်းဖို့ကောင်းသွားလိမ့်မယ် “

သူသည် ရန်လိုနေသည့် ရည်ရွယ်ချက်ဖြင့် သွားပေါ်သည်အထိ ပြုံးပြလာခဲ့သည်။

ရှုကျိုးမှ ကျယ်လောင်စွာ ပြောလာခဲ့သည် “ ကွမ်ဟန်မှာ ငါတို့က လူသားမျိုးနွယ်စုတစ်ခုလုံးအတွက် တိုက်ခိုက်နေရတာ၊ မမျှတတဲ့ ပြိုင်ပွဲကြီးကို ရပ်လိုက်တော့၊ ရန်သူနဲ့ ပူးပေါင်းဖို့ စီစဥ်နေကြတာလား? “

သူ၏အသံသည် လူအုပ်၏ အာရုံကို ချက်ချင်းဆွဲဆောင်သွားခဲ့သည်။

ဗစ်ခရမ်၏ အပြုံးမှာလည်း အေးခဲတောင့်တင်းသွား‌တော့သည်။

မကြာခင်မှာပင် သူသည် လုပ်ယူထားရသော အပြုံးတစ်ခုဖြင့် ပြောလာခဲ့သည် “ အဲ့တာက တရားမျှတတဲ့ ပြိုင်ပွဲပဲ၊ ပူးပေါင်းကြံစည်တာတွေ ဘာတွေ လျှောက်မပြောနဲ့ “

ရှုကျိုးသည် သူ့ကို တစ်ချက်မျှကြည့်ကာ ပြောလိုက်သည် “ ဒါဆိုရင်လည်း မင်းရဲ့ရန်သူတွေကိုသာ သေချာသတ်၊ မင်းနဲ့ပြိုင်နေဖို့ ငါစိတ်မဝင်စားဘူး “

“ ဟမ့် “

ဗစ်ခရမ်သည် မည်သည့်စကားမှ ထပ်မပြောလာတော့ဘဲ အေးစက်စက် အမူအရာဖြင့် လှည့်ထွက်သွားတော့သည်။

မလှမ်းမကမ်းရှိ ဆင်ဖြူနိုင်ငံမှ ပါရမီရှင်များ၏ မျက်နှာများပေါ်တွင် မကျေမနပ်ဖြစ်သွားသည့် အမူအရာများ ဖြစ်ပေါ်သွားခဲ့သည်။

“ ရန်ပြည်ထောင်ရဲ့ ဒီခေါင်းဆောင်က ကျေးဇူးကန်းလွန်းတယ် “

“ ခွန်အားမရှိလို့ လှည့်ကွက်တွေသုံးနေတာ နေမှာပေါ့ “

ရှုကျိုးသည် သူတို့ကို လျစ်လျူရှုထားလိုက်သည်၊ ထိုအချိန်၌ တစ်ခြားသော ပုံရိပ်တစ်ခု ထပ်ပေါ်လာခဲ့သည်။

၎င်းသည် ရွှေအိုရောင် ဆံသား၊ အပြာရောင် မျက်ဝန်းတစ်စုံ၊ ရှည်သွယ်သော နှာတံနှင့် ဖြူဖွေးသော အသားအရည်ကို ပိုင်ဆိုင်ထားသည့် မိန်းမပျိုတစ်ဦးဖြစ်သည်။

“ နင်က ရှုကျိုးလား? “

ထိုကောင်မလေးမှ စကားပြောလာခဲ့သည် “ ငါက အဲလိဇဘတ်ပါ၊ နင့်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ နာမည်ကို ကြားဖူးထားတာ တော်တော်ကြာနေပြီ၊ နင်နဲ့ တိုက်ခိုက်ရမှာကို ငါမျှော်လင့်နေမိတယ် “

သူမ၏မျက်လုံးလေးများထဲတွင် တိုက်ပွဲဝင်လိုစိတ်များ တောက်ပလာခဲ့သည်။

ရှုကျိုးသည် အနည်းငယ် စိတ်ညစ်သွားခဲ့သည်၊ ငါက ရန်သူကို သတ်ဖို့ လာခဲ့တာလေ၊ လူတိုင်းက ငါနဲ့တိုက်ဖို့ ဘာလို့ စိတ်အားထက်သန်နေရတာလဲဟ??

ကမ္ဘာ့ကြယ်ကကောင်တွေကို မျိုးဖြုတ်ရမှာက တကယ့်တာဝန် မဟုတ်ဘူးလားဟ?

ထိုအချိန်တွင် အဲလိဇဘတ်မှ ဆက်ပြောလာခဲ့သည် “ ငါကလည်း အစစ်အမှန် သိုင်းပညာဌာနကပါပဲ၊ ရန်ပြည်ထောင်ရဲ့ အစစ်အမှန် သိုင်းပညာဌာနမှာ အခုလက်ရှိ အစွမ်းအထက်ဆုံးလူက ရှုကျိုးလို့ ခေါ်တယ်ဆိုတာကို ငါ့ဆရာဆီကနေ အမြဲလိုလို ကြားခဲ့ရတယ် “

“ နင့်ရဲ့ အောင်မြင်မှုတွေက ငါ့ဆရာ ပြောသလောက် အားကောင်းနေမလားဆိုတာကို ငါမြင်ချင်မိတယ် “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ငါလည်းပဲ မျှော်လင့်နေမိပါတယ် “

အဲလိဇဘတ်သည် သူ့ကို နက်နက်နဲနဲ ကြည့်ရှုလာခဲ့ပြီး၊ ထို့နောက်တွင် ပြတ်ပြတ်သားသာ လှည့်ထွက်သွားတော့သည်။

ရှုကျိုးမှာလည်း အတွေးများဖြင့် ကျန်နေခဲ့ရသည်၊ သူမက ဒီလောက်တောင် တိုက်ချင်ခိုက်ချင်နေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ သူမကလည်း အစစ်အမှန် သိုင်းပညာဌာနက ဖြစ်နေတာကိုး။

သူ့ဘေးနားရှိ ရှန့်ဝမ်ချန်းသည် တဟားဟား ရယ်မောနေတော့သည် “ တကယ်တော့ သူမရဲ့ လမ်းကြောင်းက ငါတို့နဲ့ နည်းနည်းလေး ကွဲပြားတယ်၊ ဒါပင်မဲ့ အဲ့တာ အစစ်အမှန် သိုင်းပညာဌာနရဲ့ အစိတ်အပိုင်း ဖြစ်နေတုန်းပဲလေ၊ ဒါပင်မဲ့ မင်းရဲ့ လမ်းကြောင်းက အသန်မာဆုံး ဖြစ်နေလိမ့်မယ်လို့ ငါယုံကြည်တယ် “

…………………………………………………………………………………………………………………………………….

အပိုင်း ( 353 )

တစ်ခါကြားခဲ့ဖူးတယ်၊ အခုတော့ တွေ့ရပြီပေါ့ ၃

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

အစစ်အမှန် သိုင်းပညာဌာနတွင် ထိုကဲ့သို့သော ယုံကြည်ချက်မျိုး ရှိနေရမည် ဖြစ်သည်။

အကယ်၍ လူတစ်ဦးက သူ့ကိုယ်သူ မယုံဘူးဆိုပါက မည်ကဲ့သို့ ရှေ့ဆက်သွားနိုင်တော့မည်နည်း?

“ လမ်းကြောင်း မတူတာလား? “

ရှုကျိုးသည် တိတ်တဆိတ် တွေးတောစဥ်းစားကာ အနည်းငယ် မျှော်လင့်မိနေတော့သည် “ အစစ်အမှန် သိုင်းပညာဌာနရဲ့ အသန်မာဆုံး ပါရမီရှင် အဲလိဇဘတ်က ငါ့ရဲ့တိုက်ကွက်တွေကို ဘယ်နှကွက်လောက် တောင့်ခံနိုင်မှာလဲဆိုတာကို ငါသိချင်နေမိပြီ “

ဘုတ် !!

ဘုတ် !!

ဘုတ် !!

ထိုအချိန်တွင် ခြေသံများ ပဲ့တင်ထပ် ပေါ်ထွက်လာခဲ့သည်။

ခြေလှမ်းတစ်ခုချင်းစီတိုင်းသည် အားလုံး၏ စိတ်နှလုံးသားကို လှုပ်ခတ်သွားစေခဲ့သည်။

ရှုကျိုးမှ လှည့်ကြည့်လိုက်ရာ၊ စစ်ဝတ်စုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း လူကြီးတစ်ဦးက လက်နောက်ပစ်ထားသော ကိုယ်ဟန်အမူအရာဖြင့် လျှောက်လှမ်းလာနေသည်ကို မြင်တွေ့သွားခဲ့သည်။

“ ငါက ကွမ်ဟန်စစ်ဌာနချုပ်က ဝူခဲ့လုံပါ။ မင်းတို့က ငါ့ကို ဗိုလ်ချုပ်ဝူလို့ ခေါ်လို့ရတယ် “

“ ဒီစစ်ဆင်ရေးက မင်းတို့အတွက် အကဲဖြတ်စမ်းသပ်မှုတစ်ခုဆိုလည်း ဟုတ်တယ်၊ စစ်တပ်ကနေပြီးတော့ မင်းတို့ရဲ့ စွမ်းဆောင်ရည်အပေါ်မှာ မူတည်ပြီးတော့ အဆင့်သတ်မှတ်ပေးမယ် “

ဝူခဲ့လုံသည် အလွန်အားကောင်းသော အသံဖြင့် ပြောလာခဲ့သည် “ အဆင့်ဇယားနဲ့ ပတ်သတ်ပြီးတော့ မင်းတို့အားလုံး သိပြီးသားဖြစ်မှာပါ၊ အဲ့တာကြောင့် အသေးစိတ် ပြောမနေတော့ဘူး ………… ဒါကတော့ စစ်ဌာနချုပ်က မနှစ်က ထုတ်ပြန်ထားခဲ့တဲ့ အဆင့်ဇယားပဲ “

သူ၏ စကားလုံးများ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် ဟိုလိုဂရပ်ဖစ် သုံးဖက်မြင်ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

( အလင်းမှုန်တွေစုပြီးတော့ ပရိုဂျက်တာ တစ်ခုလို ဖြစ်သွားတာမျိုးပါ )

အဆင့်ဇယားကို နိုင်ငံအဆင့်နှင့် လူပုဂ္ဂိုလ်အဆင့်ဟူ၍ နှစ်ပိုင်းခွဲခြားထားခဲ့သည်။

လူပုဂ္ဂိုလ်အဆင့်ဇယားတွင် နံပတ်တစ်ချိတ်သည့်လူသည် အဲလိဇဘတ်ဖြစ်နေပြီး၊ အံ့ဖွယ်ကောင်းလောက်အောင်ပင် သူမသည် နယ်ပယ်တူ တတိယအဆင့် အထွတ်အထိပ် ရန်သူ၆၆ဦးအထိ စံချိန်တင် သတ်ဖြတ်ခဲ့သည်။

ဒုတိယကမူ ဗစ်ခရမ်ဖြစ်ပြီး ရန်သူအယောက် ၆၀ သတ်ဖြတ်ထားခဲ့သည်။

တတိယကမူ မော်ရှောင်းနိုင်ငံမှ လူဖြစ်ပြီး၊ ရန်သူ ၅၅ယောက် သတ်ဖြတ်ခဲ့သည်။

စတုတ္ထအဆင့်နှင့် ပဥ္စမအဆင့်က လူများကမူ မီးပြတိုက်နိုင်ငံမှ လူများသာ ဖြစ်နေခဲ့သည်။

ရန်ပြည်ထောင်မှ လူကမူ ဆဌမအဆင့်ရောက်မှသာ ပေါ်လာခဲ့သည်။

“ မနှစ်က ရန်ပြည်ထောင်က တကယ်ကို ဆုတ်ချာနေခဲ့တာပဲ “

၎င်းမှာ အစစ်အမှန် သိုင်းပညာဌာန ကျဆုံးခြင်းနှင့်လည်း ဆက်စပ်နေခဲ့သည်၊ မီးပြတိုက်နိုင်ငံရှိ အစစ်အမှန် သိုင်းပညာဌာနကမူ မြင့်တက်ကြီးမားနေခဲ့သည်။

သို့သော် မီးတိုက်ပြနိုင်ငံမှ အစစ်အမှန် သိုင်းပညာဌာနလမ်းကြောင်းမှာ ရန်ပြည်ထောင်နှင့် မသင့်တော်လှပေ၊ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ ကိုယ်ကာယနှင့် သက်ဆိုင်နေခဲ့သည်။

သိုင်းပညာရှင်များ ပေါ်ထွက်လာခဲ့ပြီးသည့်နောက်တွင် လူဖြူတို့၏ ကျင့်ကြံရေး နည်းစနစ်များသည် အာရှသားတို့၏ ကျင့်ကြံရေးနည်းစနစ်များနှင့် ကွဲပြားနေခဲ့သည်၊ အထူးသဖြင့် မီးပြတိုက်နိုင်ငံမှ လူများဖြစ်ပြီး၊ သူတို့သည် ဆင့်ကဲပြောင်းလဲခြင်းဆိုင်ရာ မျိုးရိုးဗီဇဖြစ်တည်မှုကို ပိုမိုအလေးပေးခဲ့ကြသည်။

ရန်ပြည်ထောင်ရှိ လူများကမူ ချီ-သွေးစွမ်းအားကို အခြေခံသည့် ချီ-သွေးစွမ်းအားသုံး သိုင်းပညာရှင်များသာ ဖြစ်သည်။

ဝူခဲ့လုံမှ ဆက်ပြောလာခဲ့သည် “ ဒီအဆင့်ဇယားအတွက် ဆုကြေးတွေကတော့ ပြောင်းလဲသွားပြီ “

“ လူပုဂ္ဂိုလ်စာရင်းပေါ်မှာ နံပတ်တစ်ရတဲ့လူက ထိပ်တန်းအဆင့် စိတ်ဝိညာဥ်စုစည်းရေး ပုလဲလုံး ရမယ် “

“ ဒုတိယရတဲ့လူက အဆင့်မြင့် စိတ်ဝိညာဥ်စုစည်းရေး ပုလဲလုံး ရမယ် “

“ တတိယရတဲ့လူက အလယ်အလတ် စိတ်ဝိညာဥ်စုစည်းရေး ပုလဲလုံး ရမယ် “

သူ၏ စကားလုံးများ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် ကျောင်းသူကျောင်းသား အသစ်များပင် မဆိုထားနှင့် အဲလိဇဘတ်ကဲ့သို့သော ပါရမီရှင်များကပင် အံ့ဩတကြီးဖြစ်သွားခဲ့သည်။

စိတ်ဝိညာဥ်စုစည်းရေး ပုလဲလုံးသည် နတ်တံတား တည်ဆောက်ရာတွင် အသုံးပြုသည့် ရတနာတစ်ခု ဖြစ်သည်။

ကမ္ဘာပေါ်တွင် အလွန်တရာ ရှားပါးလွန်းလှသည့် အရာတစ်ခုဖြစ်သည်။

ထို့အပြင် ၎င်းသည် ကြယ်ပြာဂြိုဟ်ပေါ်မှ ပစ္စည်း မဟုတ်ဘဲ ကမ္ဘာ့ကြယ်မှ ပစ္စည်းဖြစ်နေခဲ့သည်။

“ ထိပ်တန်းအဆင့် စိတ်ဝိညာဥ်စုစည်းရေး ပုလဲလုံး …… “ ရှုကျိုး၏ စိတ်နှလုံးသားပင် လှုပ်ခါသွားခဲ့သည်။

တတိယအဆင့် ပညာရှင်များသည် နတ်တံတားကို တည်ဆောက်နိုင်ကြပြီး၊ နတ်တံတား၏ အရည်အသွေးပေါ်တွင် မူတည်၍ ထိပ်တန်းအဆင့်၊ အဆင့်မြင့်အဆင့်၊ အလယ်အလတ်အဆင့်နှင့် အနိမ့်ပိုင်း အဆင့်ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားခဲ့သည်။

အမြင့်ပိုင်းအဆင့်များသို့ တက်လှမ်းရန်အတွက် လူတစ်ဦးသည် အနိမ့်ဆုံးအနေဖြင့် အလယ်အလတ်အဆင့် နတ်တံတားကို ဖွဲ့စည်းနိုင်ရမည် ဖြစ်သည်။

အဆင့်မြင့် နတ်တံတားကို တည်ဆောက်နိုင်ခြင်းသည် အမြင့်ပိုင်း အဆင့်များသို့ ရောက်ရှိသွားစေနိုင်သည့် အခွင့်အလမ်းကို များစွာတိုးမြှင့်ပေးနိုင်ပြီး၊ ထိပ်တန်းအဆင့် နတ်တံတားကမူ အခွင့်အလမ်းကို ၃၀%အထိ မြှင့်တင်ပေးနိုင်လေသည်။

သို့ရာတွင် တတိယအဆင့် သိုင်းပညာရှင် အများစုသည် အဆင့်နိမ့် နတ်တံတားကိုသာ ဖွဲ့စည်းနိုင်ကြသည်။

အလွန်ထူးချွန်ထက်မြက်သည့် ပါရမီရှင်များကသာလျှင် အလယ်အလတ်အဆင့် နတ်တံတားကို ဖွဲ့စည်းရန် အခွင့်အရေးရှိသည်။

အဆင့်မြင့် (သို့) ထိပ်တန်းအဆင့် နတ်တံတားများကိုမူ ပြင်ပအကူအညီမပါဘဲ ဖွဲ့စည်းနိုင်လိမ့်မည် မဟုတ်ပေ။

ထိပ်တန်းအဆင့် စိတ်ဝိညာဥ်စုစည်းရေး ပုလဲလုံးသည် ထိပ်တန်းအဆင့် နတ်တံတားကို တည်ဆောက်ရာတွင် ကူညီပေးနိုင်သည့် ရတနာတစ်ခုဖြစ်သည်။

“ အဲ့ဒီ စိတ်ဝိညာဥ်စုစည်းရေး ပုလဲလုံးက ကွမ်ဟန်စစ်ဌာနချုပ်က ထိန်းချုပ်ထားတဲ့ အရင်းအမြစ်တစ်ခုပဲ၊ စစ်တပ်က တိုက်ရိုက်ချုပ်ကိုင်ထားပြီးတော့ နိုင်ငံကြီးတွေရဲ့ အဆင့်မြင့် အရာရှိတွေကတောင် ဝင်စွက်ဖက်လို့ မရဘူး “

ရှုကျိုးသည် သူကြားခဲ့ရသည့် အရာများကို ပြန်မှတ်မိသွားခဲ့သည် “ ဘာလို့လဲဆိုတော့ အဲ့ဒီ စိတ်ဝိညာဥ်စုစည်းရေး ပုလဲလုံးက တော်တော်ကြီးကို ရှားနေလို့ပဲ၊ ဆယ်စုနှစ် အများကြီး ကြာခဲ့တာတောင်မှ အလုံးတစ်ရာအောက်ပဲ ရထားတယ် “

“ ထိပ်တန်းအဆင့် စိတ်ဝိညာဥ်စုစည်းရေး ပုလဲလုံးကတော့ ပိုပြီးတော့ ရှားသေးတယ် “

“ ဒီတစ်ခါ ဆုကြေးက ထိပ်တန်းအဆင့် စိတ်ဝိညာဥ်စုစည်းရေး ပုလဲလုံးကို ဆုကြေးအဖြစ် သုံးလာတယ်ဆိုတော့ ကွမ်ဟန်က ရှိသမျှ အကုန်ထုတ်သုံးတော့မဲ့ပုံပဲ “

ရှုကျိုး၏ အကြည့်များ ထူးဆန်းသွားခဲ့သည်။

အဲ့တာဆိုရင် အခြေအနေတွေက ထင်သလောက် မကောင်းဘူးလို့ထင်တယ်၊ စစ်ပွဲကြီးတစ်ခုက ဖြစ်လာတော့မဲ့ပုံပဲ။

အဲ့လိုမှ မဟုတ်ဘူးဆိုရင် စစ်တပ်က သိုင်းပညာရှင်တွေ ပျိုးထောင်ပေးဖို့ ဒီလောက်တောင် ရင်းနှီးမြှုပ်နှံလာမှာ မဟုတ်ဘူး။

“ အဲလိဇဘတ်၊ ဗစ်ခရမ်နဲ့ တစ်ခြားလူတွေက ဒီပြိုင်ပွဲမှာ နှစ်တွေ အကြာကြီး ဝင်ပါနေခဲ့တာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ ဆုကြေးက မက်လောက်စရာရှိတာကိုး “

ရှုကျိုး၏ အမူအရာမှာလည်း လေးနက်သွားခဲ့သည်၊ သူသည်လည်း အဆိုပါဆုလဒ်၏ ဆွဲဆောင်မှုကို ခံလိုက်ရသည်။

ထို့နောက်တွင် ဝူခဲ့လုံမှ စည်းမျဥ်းစည်းကမ်းတစ်ချို့ကို ရှင်းပြလာခဲ့သည်။

အဆုံးတွင် သူသည် အပြုံးတစ်ခုကို ဖော်ထုတ်လာခဲ့သည် “ ရဲဘော်တို့၊ ငါက မင်းတို့တွေ အောင်ပွဲဆင်ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် “

သူမှ လက်ဝေ့ယမ်းလာခဲ့ရာ ထူးဆန်းသော လှိုင်းလုံးတစ်ခုသည် အားလုံးကို ဖုံးလွှမ်းလာခဲ့သည်။

ရှုကျိုး၏ အကြည့်မှာလည်း ပြောင်းလဲသွားခဲ့သည် “ ဟင်းလင်းပြင် စွမ်းရည်လား? “

ဗိုလ်ချုပ်ဝူခဲ့လုံပြသလာသည့် နည်းစနစ်သည် အဆင့်မြင့် တည်နေရာ ကူးပြောင်းခြင်းဖြစ်သည်။

ဝှစ် !!!

တတိယအဆင့် ပညာရှင်အားလုံးသည် မူးနောက်နောက်ဖြစ်သွားသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး၊ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ကွမ်ဟန်သို့ ရောက်ရှိသွားကြသည်။

…

ရှုကျိုးမှ သူ၏မျက်လုံးကို ထပ်ဖွင့်လာခဲ့သည့် အချိန်တွင် သူသည် ကွမ်ဟန်မြေပေါ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

သူမော့ကြည့်လိုက်ရာ ကြီးမားသော အာကာသခံတပ်များသည် အတော်ဝေးဝေးတွင် ကျန်နေသည်ကို မြင်တွေ့သွားခဲ့သည်။

အနည်းဆုံးအနေဖြင့် ကီလိုမီတာ သောင်းနှင့်ချီ၍ ဝေးကွာသွားပြီဖြစ်သည်။

“ တကယ်ကို ဟင်းလင်းပြင် စွမ်းရည် ဖြစ်နေခဲ့တာပဲ “

ရှုကျိုးသည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်၊ ဝူခဲ့လုံ၏ တည်နေရာ ကူးပြောင်းခြင်းသည် လူအများအပြားကို မိုင်သောင်းနှင့်ချီ၍ ဝေးကွာသော နေရာဆီသို့ ချက်ချင်း ပို့ဆောင်ပေးနိုင်လေသည်။

၎င်းနှင့် ယှဥ်လိုက်မည်ဆိုပါက သူတတ်ကျွမ်းထားသည့် တည်နေရာ ကူးပြောင်းခြင်းနှင့် ဟင်းလင်းပြင် တုန်ခါမှုတို့သည် ကလေးကစားစရာသာသာမျှသာ ဖြစ်နေခဲ့သည်။

ရှုကျိုးမှ သူ့ခြေထောက်များ အောက်ရှိ မြေပြင်ကို ဆောင့်ကြည့်လိုက်ရာ၊ ကွမ်ဟန်၏ မြေသားမြေစိုင်သည် အလွန်တရာ မာကျောနေပြီး၊ နီညိုရောင် သမ်းနေခဲ့ကာ အဆုံးမဲ့ ရေခဲမြေသားကဲ့သို့ ဖြစ်နေခဲ့သည်။

မော့ကြည့်လိုက်ရာ ကောင်းကင်ဘုံနှင့် မြေပြင်တို့သည် အဆုံးမဲ့ နီညိုရောင် စာလိပ်တစ်ခုကဲ့သို့ လူသူကင်းမဲ့ကာ ခံ့ညားထည်ဝါနေခဲ့သည်။

“ ရှုကျိုးလား? “

သူ၏နောက်ဘက်မှ ချိုသာသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်၊ ၎င်းသည် အဲလိဇဘတ်ဖြစ်နေခဲ့သည် “ ကံဆိုးတာပဲ၊ နင့်ရဲ့ အဖွဲ့သားတွေက နင့်နားမှာ မရှိဘူးလား? “

ရှုကျိုးသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ အံ့အားသင့်သွားခဲ့သည်။

ကြုံရာကျပန်း တည်နေရာကူးပြောင်းပေးတာထင်တယ်။

သူနှင့် အဲလိဇဘတ်မှလွဲ၍ မီးပြတိုက်နိုင်ငံမှ လူများသော်လည်းကောင်း၊ ရန်ပြည်ထောင်မှ လူများသော်လည်းကောင်း မည်သူ့ကိုမှ မမြင်တွေ့ခဲ့ရပေ။

“ ကံဆိုးတာလား? “ ရှုကျိုးသည် အသာအယာ ခေါင်းခါပြလိုက်သည်။

သူသည် ဤကဲ့သို့ ဖြစ်ခြင်းကို ကံဆိုးသည်ဟု မထင်ပေ၊ သူ့ထံတွင် လူအများသိလို့မရသည့် စွမ်းရည်တစ်ချို့ ရှိနေခဲ့သည်။

ရန်ပြည်ထောင်မှ လူများမရှိဘူးဆိုပါက သူသည် အစွမ်းကုန်ထုတ်သုံး၍ ရပြီဖြစ်သည်။

“ စခန်းကို အရင်သွားကြတာပေါ့ “ ဟုအဲလိဇဘတ်မှ ပြောလာခဲ့သည်။

ကွမ်ဟန်၌ မွန်ဂိုလီးယား ရွက်ဖျင်တဲများကဲ့သို့သော အရာများ တစ်ခုပြီးတစ်ခု ချထားခဲ့ပြီး၊ ၎င်းသည် ကြယ်ပြာဂြိုဟ်စစ်တပ်၏ ရှေ့တန်းစစ်စခန်းများ ဖြစ်သည်။

အဲလိဇဘတ်မှ ရှင်းပြလာခဲ့သည် “ အာကာသထဲက ခံတပ်နှစ်ခုလုံးရဲ့ ထိပ်တိုင်ရင်ဆိုင်မှုတွေက အဆင့်မြင့် တိုက်ပွဲတွေချည်းပဲ၊ ကွမ်ဟန်မြေပေါ်က တိုက်ပွဲတွေကတော့ ငါတို့လို အနိမ့်ပိုင်း သုံးဆင့် ဒါမှမဟုတ် အလယ်အလတ် သိုင်းပညာရှင်တွေရဲ့ တိုက်ပွဲတွေပဲ “

“ ဒီစခန်းတွေက နှစ်ဖက်စလုံးရဲ့ ရှေ့တန်းစစ်မျက်နှာပြင်ပဲ “

“ ငါတို့က အတော်လေး ကံကောင်းတယ်၊ ဒါက အပိုင်း၅၆ပဲ၊ ကမ္ဘာ့ကြယ်ရဲ့ စခန်းက ကြယ်ပြာဂြိုဟ်ကို ကျူးကျော်ဝင်ရောက်လာခဲ့ပြီးပြီ၊ ဆိုတော့ ငါတို့က တစ်ဖက်ခြမ်းကို တိုက်ခိုက်တယ် “

အဲလိဇဘတ်သည် ရှုကျိုးကို ကြည့်ကာ မျက်လုံးများ တောက်ပသွားခဲ့သည် “ ဘယ်သူက ပိုသတ်နိုင်မလဲဆိုတာကို ကြည့်ကြမလား? “

ရှုကျိုးမှ ခေါင်းခါပြလိုက်သည် “ စခန်းကို အရင်သွားပြီးတော့ စစ်တပ်က ဘာပြောမလဲဆိုတာကို အရင်ကြည့်ရမှာပေါ့၊ လောနေဖို့ မလိုပါဘူး “

အဲလိဇဘတ်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ ရှုကျိုး၏ တုံ့ပြန်သည် သူ့အပေါ်တွင် ထားရှိသည့် သူမ၏အမြင်ကို အနည်းငယ် ဆိုးရွားသွားစေခဲ့သည်။

သူမသည် ချီ-သွေးစွမ်းအင်များနှင့် ရဲစွမ်းသတ္တိတို့ကြောင့် ကျော်ကြားလှသည့် ရန်ပြည်ထောင်မှ သိုင်းပညာရှင်များအကြောင်းကို အမြဲလိုလို ကြားသိခဲ့ရသည်၊ သို့သော် ယနေ့ သူ့ကို မြင်လိုက်ရသည့် အခါတွင်မူ သူသည် သတ္တိကောင်းပုံ မပေါ်ချေ။

………………………………………………………………………………………………………………………………

အပိုင်း ( 354 )

ကမ္ဘာ့ကြယ် သိုင်းပညာရှင်

စခန်းနယ်မြေ ၅၆

ရှုကျိုးနှင့် တစ်ခြားလူများက စခန်းထဲသို့ ဝင်လာသည့် အချိန်တွင် ဒုဗိုလ်မှူးတစ်ဦးသည် သူတို့အနားသို့ လျင်မြန်စွာ ချဥ်းကပ်လာခဲ့သည် “ လေ့ကျင့်ရေးအတွက် ရောက်လာကြတဲ့ ကျောင်းသူကျောင်းသားတွေလား? ငါ့နောက်ကို လိုက်ခဲ့ပေးပါ “

ရှုကျိုးနှင့် တစ်ခြားလူများမှာ လျင်မြန်စွာ လိုက်သွားကြသည်။

“ သတ် !!! သတ် !!! “

စခန်းအတွင်း၌ စစ်သည်တော်များသည် အတန်းလိုက် တန်းစီနေကာ တိုက်ပွဲဝင်ပုံစံများကို လေ့ကျင့်နေကြသည်။

သွေးရနံ့များသည် လေထုနှင့် ရောပြွန်းနေလျက်ရှိကာ၊ အော်ဟစ်သံတို့မှာလည်း နားကွဲလုမတတ် ကျယ်လောင်နေခဲ့သည်။

ရှုကျိုးနှင့် တစ်ခြားလူများ ပေါ်လာသော်လည်း၊ သူတို့၏ အာရုံများသည် အနည်းငယ်မျှပင် မပျံ့လွင့်သွားခဲ့ဘဲ၊ သူတို့ထံမှ ထွက်ပေါ်နသည့် သတ်ဖြတ်လိုစိတ်များကသာလျှင် သူတို့ဆီသို့ ပြေးဝင်လာခဲ့သည်။

ဒုဗိုလ်မှူးကြီး လမ်းညွှန်မှုအောက်တွင် သူတို့သည် ကွပ်ကဲရေးတဲထံသို့ ရောက်ရှိလာခဲ့သည်။

အထဲ၌ အမိန့်ပေးနေသည့် ဗိုလ်မှူးကြီးတစ်ဦး ထိုင်နေလျက်ရှိပြီး၊ သူ၏ အရှိန်အဝါသည် ချောက်နက်တစ်ခုကဲ့သို့ နက်ရှိုင်းနေခဲ့သည်။

“ ငါ့ရဲ့နာမည်က ဝေ့နင်းယွမ်ပါ “ အရာရှိမှ အပြုံးဖြင့် ပြောလာခဲ့သည် “ ကျောင်းသူကျောင်းသားတွေ အကုန်လုံးကို ကြိုဆိုပါတယ် “

“ ဟယ်လို၊ စခန်းခေါင်းဆောင် ဝေ့ “ အဲလိဇဘတ်မှ ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်သည်။

ဝေ့နင်းယွမ်မှ အပြုံးဖြင့် ဆက်ပြောလာခဲ့သည် “ မင်းတို့တွေထဲက အများစုကတော့ ဒီကို ပထမဦးအကြိမ်အဖြစ် ရောက်လာကြတာပေါ့၊ ဆိုတော့ စည်းမျဥ်းစည်းကမ်းတွေကို အတိုချုပ်ရှင်းပြပေးမယ် “

“ ကွမ်ဟန်စစ်စခန်းမှာက မင်းတို့ရဲ့ နောက်ခံက ဘာကြီးပဲ ဖြစ်နေပါစေ၊ မင်းတို့မှာက ကြယ်ပြာဂြိုဟ်က သိုင်းပညာရှင်တွေဆိုတဲ့ အထောက်အထားတစ်ခုပဲ ရှိတယ် “

“ အဲ့တာကြောင့် နိုင်ငံရေးတို့၊ ဂိုဏ်းဂဏ အငြင်းပွားရေးတို့ မရှိဘူး “

သူသည် အပြုံးကို ဖျောက်ဖျက်လိုက်ပြီး၊ လေးလေးနက်နက် ပြောလာခဲ့သည် “ စခန်းမှာက အဓိပ္ပါယ်မရှိတဲ့ တိုက်ပွဲတွေ လုပ်မယ်ဆိုရင်၊ ချွင်းချက်မရှိ အသတ်ခံရမယ် “

“ ရဲဘော်ရဲဘက်တွေကို သစ္စာဖောက်ရင် အသတ်ခံရမယ် “

“ စစ်မြေပြင်က ထွက်ပြေးရင် အသတ်ခံရမယ် “

“ စစ်မိန့်ကို မနာခံရင် အသတ်ခံရမယ် “

“ ကဲ ကန့်ကွက်ချင်တာ ရှိလား? “

ရှုကျိုးနှင့် ကျန်လူအားလုံးက ခေါင်းများ ခါပြလိုက်ကြသည်။ သူတို့သည် ဤနေရာသို့ ရောက်မလာခင် အချိန်ကတည်းက ထိုကိစ္စများကို သိထားခဲ့ပြီဖြစ်သည်။

ကြယ်ပြာဂြိုဟ်ပေါ်တွင် မည်သည့်ပဋိပက္ခပင် ဖြစ်ပွားခဲ့ပါစေ၊ ကွမ်ဟန်သို့ ရောက်လာမည်ဆိုပါက ကမ္ဘာမကြေသည့် ရန်ငြှိုးများကိုပင် ဘေးချိတ်ထားရမည် ဖြစ်သည်။

လူသားမျိုးနွယ်စု၏ ကံကြမ္မာသည် ဤလူအားလုံး၏ ပခုံးများပေါ်တွင် ရှိနေခဲ့သည်။

၎င်းတို့က စည်းမျဥ်းစည်းကမ်းသာ ဖြစ်သော်လည်း၊ အမှန်တကယ် ကျူးလွန်၍ အမှားလုပ်ခဲ့မည်ဆိုပါက စစ်တပ်သည် ထိုကဲ့သို့သော လူများကို ချက်ချင်း ကွပ်မျက်လိုက်မည် ဖြစ်သည်။

“ အရမ်းကောင်းတယ် “

ဝေ့နင်းယွမ်သည် ခေါင်းတငြိမ်ငြိမ့်ဖြစ်သွားခဲ့ကာ၊ တလေးတနက်ဖြစ်နေသော အမူအရာဖြင့် ဆက်ပြောလာခဲ့သည် “ ငါတို့ရဲ့စခန်းက နယ်မြေ ၅၆ပဲ၊ ဒီဧရိယာက အန္တရာယ်များတယ်လို့ သတ်မှတ်လို့ရတယ် “

“ ဘာလို့လဲဆိုတော့ ကမ္ဘာ့ကြယ်တပ်ဖွဲ့က ကွမ်ဟန်ကို သိမ်းထားလို့ပဲ “

တစ်စုံတစ်ဦးမှ မေးမြန်းလာခဲ့သည် “ စခန်းခေါင်းဆောင်ဝေ့ခင်ဗျ၊ ကမ္ဘာ့ကြယ်တပ်ဖွဲ့က ကွမ်ဟန်ကို သိမ်းထားတယ်ဆိုတာက ဘာကိုဆိုလိုတာလဲဗျ? “

ဝေ့နင်းယွမ်မှ ပြန်ဖြေလာခဲ့သည် “ လကို ချိုင့်ဝှမ်းတစ်ခုနဲ့ ပိုင်းခြားထားတယ်၊ ဒီဘက်က ကြယ်ပြာရဲ့ ပိုင်နက် ကွမ်ဟန်ပဲ၊ တစ်ခြားတစ်ဖက်ကတော့ ကမ္ဘာ့ကြယ်ရဲ့ ပိုင်နက်ပဲ “

“ နှစ်ဖွဲ့စလုံးက သက်ဆိုင်ရာ နယ်မြေတွေဆီမှာ စခန်းတွေ ချထားတယ်၊ ဘယ်ဘက်ကပဲဖြစ်ဖြစ် တစ်ခြားတစ်ဖက်ကို ကျူးကျော်နိုင်ရင် ဗျူဟာအရ အသာစီးရပြီလို့ ပြောလို့ရတယ် “

“ လွန်ခဲ့တဲ့ လပိုင်းလောက်တုန်းက နယ်မြေ ၅၆မှာ စခန်းချခဲ့တဲ့ အရင်တပ်ဖွဲ့က တိုက်ပွဲမှာ ရှုံးခဲ့ပြီးတော့ မိုင် ၅၀၀ပြန်ဆုတ်ခဲ့ရတယ် “

ဝေ့နင်းယွမ်မှ လေးလေးပင်ပင်ဖြင့် ဆက်ပြောလာခဲ့သည် “ အခုဆိုရင် နယ်မြေ၅၆ရဲ့ တစ်ဝက်ကျော်ကျော်လောက်ကို ရန်သူတွေက သိမ်းထားခဲ့ပြီးပြီ၊ နောက်ထပ် စစ်ပွဲတစ်ခုက အချိန်မရွေး ဖြစ်လာနိုင်တယ် “

အားလုံး၏ အမူအရာများ လေးနက်သွားတော့သည်။

သတ္တိကောင်းကာ တိုက်ပွဲကို ကြိုက်နှစ်သက်သည့် အဲလိဇဘတ်ကပင် စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှုကို သတိပြုမိသွားကာ အမူအရာ လေးနက်သွားခဲ့သည်။

ဝေ့နင်းယွမ်မှ ဆက်ပြောလာခဲ့သည် “ ဒါပင်မဲ့ အခုချိန်အထိ ငါတို့က ရန်သူရဲ့ စခန်းကို မရှာနိုင်သေးဘူး၊ ထောက်လှမ်းရေးလုပ်နေရတဲ့ အဆင့်မှာပဲ တစ်နေတယ် “

ကမ္ဘာ့ကြယ်မှ သိုင်းပညာရှင်များသည် တောင်တန်းကာကွယ်ရေး အကာအရံကဲ့သို့ ဒိုင်းကာစနစ်ပါရှိသည့် ထူးဆန်းသော နည်းပညာများကို ပိုင်ဆိုင်ထားကြသည်။

အဆိုပါ ပစ္စည်းသည် နည်းပညာပိုင်းဆိုင်ရာ ထောက်လှမ်းမှုများကို ပိတ်ဆို့ထားရုံတင်မကဘဲ၊ အမြင်အာရုံနှင့် စိတ်ဝိညာဥ်တို့ကိုပါ လှည့်စားနေနိုင်ခဲ့သည်။

ထို့ကြောင့် ကွမ်ဟန်တွင် ရန်သူ့စခန်းကို ရှာဖွေရခြင်းသည် ခက်ခဲသော စိန်ခေါ်မှုတစ်ရပ်ဖြစ်နေခဲ့သည်။

သို့ရာတွင် အဆိုပါ နည်းပညာများသည် ရန်သူ့နယ်မြေကို ကျူးကျော်ဝင်ရောက်ရန်အတွက်သာ သုံးလေ့ရှိပြီး၊ အကယ်၍ ရန်သူက ကျူးကျော်ဝင်ရောက်ခဲ့ပြီးသား ဖြစ်နေမည်ဆိုပါက မိမိကိုယ်ကို ဖုံးကွယ်ထားရန် မည်သည့်နည်းလမ်းမျှ အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။

“ မင်းတို့တွေက စခန်းထဲမှာ အရင်သွားနားသင့်တယ်၊ ပြီးတော့ အမိန့်တွေကို စောင့်နေကြ “

ဝေ့နင်းယွမ်မှ ပြောလာခဲ့သည်၊ ထို့နောက်တွင် သူသည် အဲလိဇဘတ်ကို ကြည့်လာခဲ့သည် “ မင်းက ဒီကို နှစ်ခါတိတိ ရောက်ခဲ့ဖူးပြီး၊ ဒီနေရာတွေနဲ့လည်း တော်တော်လေးကို ရင်းနှီးနေပြီ၊ မင်းက တာဝန်တစ်ခုခု ရလာလာနဲ့ တစ်ခြားလူတွေကို ဦးဆောင်ပြီးတော့ ချက်ချင်းတိုက်ခိုက်နိုင်တယ်၊ ထောက်လှမ်းရေး တာဝန်တွေလည်း ပါလာနိုင်တယ် “

“ သိပါပြီ “ အဲလိဇဘတ်မှ ခေါင်းငြိမ့်ပြလိုက်သည်။

၎င်းသည် စစ်တပ်မှ တရားဝင် အာဏာပေးခဲ့ခြင်းဖြစ်ပြီး၊ မည်သူကမှ မကန့်ကွက်ခဲ့ပေ။

နှစ်ကြိမ်ဆက် ချန်ပီယံဖြစ်ခဲ့သောကြောင့် အဲလိဇဘတ်သည် ဦးဆောင်ရန်အတွက် လုံလောက်သည်ထပ်ပင် ပို၍အဆင့်မှီနေခဲ့ပြီဖြစ်သည်။

ရှုကျိုးမှာလည်း မည်သည့်စကားမှ မပြောခဲ့ချေ၊ ခေါင်းဆောင်တာဝန်ကို တစ်ခြားလူတစ်ဦးဦးက ယူသွားပြီဖြစ်သောကြောင့် သူသည် အတော်လေး ပျော်ရွှင်မိသွားခဲ့သည်။

…

တေ့နင်းယွမ်၏ စီစဥ်ပေးမှုများအောက်မှာပင် ရှုကျိုးနှင့် တစ်ခြားလူများသည် အခြေချနေထိုင်ရန်အတွက် စခန်းတစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။

စခန်း၏ အတွင်းပိုင်း အပြင်အဆင်သည် အတော်အတန် ကျယ်ဝန်းနေခဲ့ပြီး၊ အနည်းဆုံးအနေဖြင့် မီတာ၁ထောင်နီးပါး ဖြစ်နေခဲ့ကာ သူတို့အားလုံး စုစည်းနေထိုင်ရန်အတွက် လုံလောက်နေခဲ့သည်။

အားလုံး၏ အရှေ့တွင် ရပ်နေသည့် အဲလိဇဘတ်မှ စကားပြောလာခဲ့သည် “ အားလုံးပဲ၊ နင်တို့ရဲ့ စွမ်းအားကို ပြကြပါ၊ အဲ့တာဆိုရင် ငါတို့က နည်းဗျူဟာတွေကို သင့်တော်သလို ခွဲပေးလို့ရတယ် “

အားလုံးသည် ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ တစ်ဦးပြီးတစ်ဦး သူတို့၏ ကျင့်ကြံရေး ဖော်ထုတ်ပြသလာကြသည်။

လူအများစုသည် တတိယအဆင့် အထွတ်အထိပ်တွင် ရှိနေကြသည်။

လူနည်းစုသည် နှောင်းပိုင်း တတိယအဆင့်တွင် ရှိနေကြပြီး၊ ဤနေရာသို့ ပထမဦးဆုံးအကြိမ်အဖြစ် ရောက်လာကြသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။

ရှုကျိုးအလှည့်သို့ ရောက်လာသောအခါတွင် သူသည် ဖုံးကွယ်မထားခဲ့ဘဲ၊ သူ၏အလယ်အလတ် တတိယအဆင့် အရှိန်အဝါကို ဖော်ထုတ်ပြသလိုက်သည်။

“ အလယ်အလတ် အဆင့်၃လား? “

“ ရန်ပြည်ထောင်ရဲ့ ခေါင်းဆောင်က ဘယ်လိုလုပ် ဒီအဆင့်လေးပဲ ဖြစ်နေရတာလဲဟ? “

“ ရန်ပြည်ထောင်ရဲ့ ဒီမျိုးဆက်က တကယ်ကို ဆုတ်ယုတ်သွားပြီပဲ “

ရှုကျိုးဘေးရှိ လူအများစုသည် မီးပြတိုက်နိုင်ငံမှ လူများဖြစ်ပြီး၊ သူတို့အားလုံးသည် မျက်မှောင်များကြုတ်ကာ ရှုကျိုးကို ကြည့်လာကြသည်။

အဲလိဇဘတ်ကပင် အံ့ဩမှုတစ်ချို့ပင် ရှုကျိုးကို ငေးကြည့်လာခဲ့သည်။

သူမသည် ရှုကျိုး၏ နယ်ပယ်ကြောင့် အံ့ဩသွားခြင်း မဟုတ်ဘဲ၊ သူ၏ တိုက်ပွဲ အောင်မြင်မှု ရလဒ်များကို ကြားဖူးထားခဲ့သောကြောင့် အံ့ဩသွားခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ဤအချိန်၌ သူမသည် မည်သည့် မှတ်ချက်မှ မပေးဘဲ စကားဆက်ပြောလာခဲ့သည် “ ငါတို့ရဲ့ တာဝန်က အများအားဖြင့် ကင်းထောက်လုပ်ရမှာပဲ များတယ်၊ အချိန်ကျလာရင် အဖွဲ့သုံးဖွဲ့ခွဲပါမယ် “

လျင်မြန်စွာပင် အဲလိဇဘတ်သည် တတိယအဆင့် အထွတ်အထိပ်ဖြစ်သည့် တစ်ခြားပါရမီရှင်နှစ်ဦးကို ညွှန်ပြကာ အဖွဲ့ခေါင်းဆောင်များအဖြစ် ခန့်အပ်လိုက်သည်။

အဖွဲ့များကို အချိုးကျကျ ခွဲပေးလိုက်သည်။

ထို့နောက်တွင် အဲလိဇဘတ်မှ ပြောလာခဲ့သည် “ ရှုကျိုး၊ ငါကြားတာတော့ နင်က ရန်ပြည်ထောင်မှာ အဆင့်၃ အထွတ်အထိပ် ပညာရှင်ကို အနိုင်ယူခဲ့တယ်ဆို။ နင့်ဆီမှာလည်း အဆင့်၃ အထွတ်အထိပ်ရဲ့ စွမ်းအားမျိုး ရှိနေမှာပဲ၊ ဒါပင်မဲ့ နင့်ရဲ့နယ်ပယ်က အလယ်အလတ် အဆင့်၃မှာပဲ ရှိနေသေးတယ်၊ ဆိုတော့ နင့်ကို အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးလိုက်မယ်ဆိုရင် အမိန့်မနာခံမှုတွေ ဖြစ်လာမှာကို ငါကြောက်မိတယ် “

သူမသည် အဆိုပါ မှတ်ချက်နှင့်အတူ တစ်ချို့သော အရာများကို ရှင်းပြလာခဲ့သည်။

ရှုကျိုးသည် ရန်ပြည်ထောင်၏ အသင်းခေါင်းဆောင်ဖြစ်သော်လည်း၊ ဤနေရာ၌ အဖွဲ့ခေါင်းဆောင်လေးပင် မဖြစ်လာခဲ့ချေ။

ဤကဲ့သို့သော ကိစ္စမျိုးတွင် အာဃာတများပင် ဖြစ်ပေါ်စေနိုင်သည်။

ထိုကဲ့သို့သော ဖြစ်ရပ်မျိုးများကို ကာကွယ်ရန်အတွက် အဲလိဇဘတ်သည် ဖြေရှင်းချက်တစ်ခု လုပ်လာခဲ့သည်။

၎င်းကို ကြားလိုက်ရသောအခါတွင် လူတိုင်း တအံ့တဩ ဖြစ်သွားကြသည်။

“ အလယ်အလတ် အဆင့်၃လေးနဲ့ အဆင့်၃ အထွတ်အထိပ်ကို အနိုင်ယူခဲ့တာလား? ရန်ပြည်ထောင်ရဲ့ ခေါင်းဆောင်က အဲ့လောက်တောင် စွမ်းတာလားဟ? “

“ တကယ်ကြီးလား? အဲ့တာဆိုရင်တော့ ရန်ပြည်ထောင်ရဲ့ ခေါင်းဆောင်က အတော်လေး အထင်ကြီးဖို့ ကောင်းမဲ့ပုံပဲ “

All Chapters