← Chapters

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အပိုင်း ( 364 )

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

ထိုအချိန်၌ ရှုကျိုးသည် မိုင်ရာပေါင်းများစွာ ကျော်လွန်သည်အထိ ဖြတ်သန်းပြေးလွှားခဲ့ပြီးပြီဖြစ်သည်။

ရှုကျိုး၏ တည်နေရာ ကူးပြောင်းခြင်း အမြန်နှုန်းနှင့်သာဆိုပါက သူသည် ယောင်ဟော်ချင်းကို အေးအေးဆေးဆေး အမှီလိုက်လိုက်နိုင်ပေသည်။

သို့သော် သူ၏အမြင်တွင် ယောင်ဟော်ချင်းမှ သူ့အတွက် စခန်းနောက်တစ်ခုကို ရှာဖွေပေးခြင်းမှာ ကောင်းမွန်သော ကိစ္စတစ်ခုဖြစ်သည်။

ယခုတွင် သူသည် နယ်မြေ ၅၅ထဲ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။

“ နယ်မြေ ၅၅ရဲ့ အခြေစိုက်စခန်းဆီကို မရောက်သေးဘူးလားဟ? “

ရှုကျိုးသည် အနည်းငယ် ပျင်းရိသွားကာ ယောင်ဟော်ချင်းကို ချက်ချင်း သတ်ဖြတ်လိုက်ရန်ပင် တွေးတာမိသွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်၌ အရှေ့ဘက်တွင် တစ်စုံတစ်ခု ဖြစ်ပျက်နေခဲ့သည်။

အဝေးတစ်နေရာတွင် အနက်ရောင် မျဥ်းကြောင်းတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

အရှေ့သို့ရောက်လာလေလေ အနက်ရောင် မျဥ်းကြောင်းက ပိုကြီးလာလေလေဖြစ်ပြီး၊ ၎င်းသည် စစ်တပ်နှစ်ခုကြားရှိ ထိပ်တိုက်ရင်ဆိုင်ပွဲတစ်ခုဖြစ်သည်။

နယ်မြေ ၅၅တွင် အဓိက တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်နေသည်မှာ သိသာလွန်းလှသည်။

ထိုစဥ် ယောင်ဟော်ချင်းသည် အရှေ့ဘက်ရှိ မြင်ကွင်းကို မြင်တွေ့ကာ ပျော်ရွှင်သွားခဲ့သည် “ ငါ့စစ်တပ်ရဲ့ စစ်ပွဲအစီအရင်က ပြီးပြည့်သွားပြီ။ တကယ်လို့ ဒီကောင်သာ ဆက်လိုက်လာရဲမယ်ဆိုရင် သူက အရိုးတစ်ခြား အသားတစ်ခြား ဖြစ်သွားမှာ သေချာတယ် “

ဆွစ်ရှ် !!!

သူမ ဖွဲ့စည်းထားခဲ့သည့် ဧရာမဓားကြီးသည် အနည်းငယ် လှုပ်ခါသွားကာ အရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

…

နယ်မြေ ၅၅တွင် နှစ်ဖက်စလုံး၏ အစီအရင်များသည် ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို ဆင်နွှဲနေကြသည်။

တုန်ခါထိတွေ့မှု လှိုင်းလုံးများသည် အဆက်မပြတ် ပေါ်ထွက်နေခဲ့သည်။

ပါဝင်နေသူ အရေအတွက်ကို ကြည့်ရုံဖြင့် ဤတိုက်ပွဲက နယ်မြေ ၅၆မှ တိုက်ပွဲထပ် ပိုမိုပြင်းထန်ကြောင်း မြင်တွေ့နေရသည်။

ဤစစ်မြေပြင်ရှိ ကမ္ဘာ့ကြယ် စစ်တပ်သည် လူသုံးရာအထိ ရှိနေခဲ့သည်။

လူသုံးရာမှ ဖွဲ့စည်းထားသည့် တိုက်ပွဲအစီအရင်သည် မီတာ၁၀၀ ရှည်လျားသည့် သွေးနီရောင်လှံအဖြစ် ဖွဲ့စည်းသွားကာ အံ့ဖွယ်စွမ်းအားများကို ထုတ်လွှင့်နေခဲ့သည်။

ကြယ်ပြာဂြိုဟ်ဘက်တွင်လည်း လူသုံးရာဖြင့် ဖွဲ့စည်းထားသည့် တိုက်ခိုက်ရေး အစီအရင်တစ်ခု ရှိနေခဲ့ပြီး၊ ၎င်းသည် ကြီးမားသော တူတစ်လက်အဖြစ် ဖွဲ့တည်နေခဲ့သည်။

သို့သော် ကမ္ဘာ့ကြယ်စစ်တပ်က ကြယ်ပြာဂြိုဟ်၏ စစ်တပ်ကို ဖိနှိပ်နေနိုင်ခဲ့သည်။

အကြောင်းအရင်းမှာ အစီအရင် ဖွဲ့တည်ထားသည့် ကမ္ဘာ့ကြယ်စစ်တပ်ဘက်တွင် တတိယအဆင့် အထွတ်အထိပ်ပညာရှင် အယောက်၂၀ ပါနေသောကြောင့် ဖြစ်သည်။

ကမ္ဘာ့ကြယ်စစ်တပ်ဘက်တွင်မူ တတိယအဆင့် အထွတ်အထိပ်ပညာရှင် ဆယ်ဦးသာ ရှိနေခဲ့သည်။

“ ဘုမ်းး !! “

ကြီးမားသော တူနှင့် လှံတို့သည် နောက်တစ်ကြိမ် ထပ်တိုက်မိသွားခဲ့သည်။

ကွဲအက်သံတစ်ခုနှင့်အတူ တူကြီး၏ မျက်နှာပြင်ပေါ်တွင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

“ ဖူးးး ဖူးးး ဖူးးးး “

ကြယ်ပြာဂြိုဟ် အစီအရင်အတွင်းရှိ သိုင်းပညာရှင် တော်တော်များများသည် မျက်နှာများနီရဲသွားကာ ပါးစပ်အပြည့် သွေးအန်လိုက်ရသည်။

အဲလိဇဘတ်၏ အမူအရာမှာလည်း ဆိုးရွားသွားပြီး၊ လေသံတိုးတိုးလေးဖြင့် တီးတိုးပြောဆိုလာခဲ့သည် “ ငါတို့က ဒီအတိုင်း ဆက်လုပ်နေလို့ မရဘူး၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် ငါတို့အားလုံးက ဒီနေရာမှာ သေသွားရလိမ့်မယ်။ ငါတို့က စစ်ကူမြန်မြန်ခေါ်မှ ဖြစ်မယ် “

သူမဘေးနားရှိ တတိယအဆင့် အထွတ်အထိပ်ပညာရှင် ဒုတပ်မှူးသည် အံကြိတ်၍ ပြောလာခဲ့သည် “ ငါက တပ်မှူးဆီကနေ အကူအညီ တောင်းခဲ့ပြီးပြီ၊ ဒါပင်မဲ့ တပ်မှူးလှုပ်ရှားလာတာနဲ့၊ ကမ္ဘာ့ကြယ်ဘက်က တပ်မှူးလည်း ဝင်ပါလာလိမ့်မယ် “

တစ်နည်းဆိုရသော် မည်သည့်စစ်ကူမှ မရဘူးဟု ဆိုလိုနေခြင်းသာဖြစ်သည်။

ထို့အပြင် တပ်မှူးကပါ ပြိုင်ဘက်၏ အနိုင်ယူခြင်းကို ခံလိုက်ရပါက အခြေအနေသည် ပိုမိုဆိုးရွားသွားမည် ဖြစ်သည်။

အဲလိဇဘတ်မှ ပြောလာခဲ့သည် “ အနီးအနားက နယ်မြေတွေဆီကနေ အကူအညီလှမ်းတောင်းလိုက်မယ် “

အဲလိဇဘတ်သည် မှုန်မှိုင်းနေသော အမူအရာဖြင့် အရှေ့သို့ ငေးကြည့်လာခဲ့သည်။

ထိုအချိန်က သူမသည် မုန်တိုင်းထဲမှ ပွတ်ကာသီကာ လွတ်မြောက်ခဲ့ပြီး၊ သူမ၏အဖွဲ့နှင့် လူကွဲသွားခဲ့ကာ နယ်မြေ ၅၅တွင်သာ သတိပြန်လည်လာခဲ့သည်။

သူမက စစ်ဌာနမှ လူမဟုတ်သည့်အတွက် မည်သည့်စစ်နယ်မြေတွင် ရှိနေပါစေ၊ ကိစ္စတစ်ခုခု ရှိလာလိမ့်မည် မဟုတ်ပေ။

သို့သော် သူမသည် ဤနယ်မြေရှိ တိုက်ပွဲက ဤမျှ ပြင်းထန်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ ဆွစ်ရှ် !!! “

ထိုအချိန်၌ လေတိုးသံတစ်ခုသည် ကောင်းကင်ထက်မှ ပေါ်ထွက်လာခဲ့သည်။

အဲလိဇဘတ်မှ မော့ကြည့်လိုက်ရာ၊ သူမ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည် “ အဆင့်၄တစ်ပိုင်း ပညာရှင်လား? “

ကြီးမားသော ဓားကြီးတစ်လက်က သူမတို့ဆီသို့ ပြေးဝင်လာနေခဲ့ပြီး၊ ကမ္ဘာ့ကြယ်ဘက်မှ ပညာရှင်တစ်ဦးဦးက ရူးသွပ်သွားသည်ဆိုသည်မှာ သိသာလွန်းနေခဲ့သည်။

တစ်ခြားလူများ၏ အမူအရာများမှာလည်း ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

အထူးသဖြင့် တတိယအဆင့် အထွတ်အထိပ် ပညာရှင်ဖြစ်သည့် ဒုတပ်မှူးဖြစ်ပြီး၊ သူ၏အမူအရာသည် ချက်ချင်း ဖြူဖျော့သွားတော့သည် “ ကမ္ဘာ့ကြယ်ဘက် အဆင့်၄တစ်ပိုင်း ပညာရှင်တစ်ယောက်ကို စစ်ကူအဖြစ် လွှတ်လိုက်တာလား? အဲ့တာက ဒီနယ်မြေမှာရှိတဲ့ ရန်သူ့ဘက်က တပ်မှူးတော့ မဟုတ်ဘူးမလား? တစ်ခြားနယ်မြေဆီကလား? “

ဤနယ်မြေ ၅၅ရှိ ကမ္ဘာ့ကြယ် တပ်မှူးသည် စတုတ္ထအဆင့်ပညာရှင် ဖြစ်သည်။

သို့သော် ယခုရောက်ရှိလာသည့် လူသည် စတုတ္ထတစ်ပိုင်းအဆင့်တွင်သာ ရှိနေခဲ့သည်။

သို့သော် ကျဥ်းထဲကြပ်ထဲသို့ ရောက်နေသည့် ကြယ်ပြာဂြိုဟ် စစ်တပ်အတွက်မူ၊ ၎င်းက နာကျင်စေသည့် ထိုးနှက်ချက်တစ်ခု ဖြစ်စေမည်မှာ သေချာလွန်းနေခဲ့သည်။

“ ဒါက မကောင်း …… “

အားလုံး၏ စိတ်ဓာတ်များသည် ဟိုးအောက်ဆုံးအထိ ပြုတ်ကျသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်ရှိ ဓားကြီးမှ အော်ဟစ်လာခဲ့သည် “ ငါက နယ်မြေ၅၆ရဲ့ တပ်မှူး၊ ယောင်ဟော်ချင်းပါ။ ငါ့နောက်က လူကို ကူညီပြီးတော့ တိုက်ခိုက်ပေးပါ ကျေးဇူးတင်ပါတယ် “

၎င်းကို ကြားလိုက်ရသောအခါတွင် ကမ္ဘာ့ကြယ် တိုက်ခိုက်ရေးအစီအရင် အတွင်းရှိ ဦးဆောင်သူ ကူရို့၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

“ တပ်မှူးယောင်ကို ဒီလောက်တောင် အရှက်ရသွားအောင် ဘယ်သူက လုပ်ခဲ့တာလဲဟ? “

တတိယအဆင့် အထွတ်အထိပ် ပညာရှင် ဒုတပ်မှူးတစ်ဦးအနေဖြင့်၊ သူသည် ယောင်ဟော်ချင်း၏ ကျော်ကြားမှုကို သိနေခဲ့သည်။

တတိယအဆင့် အထွတ်အထိပ်မှာပင် အလွန်တရာ အစွမ်းထက်နေသည့် နာမည်ကြီး အမျိုးသမီး စစ်သူကြီးတစ်ဦးဖြစ်သည်။

ယခုတွင် စတုတ္ထတစ်ပိုင်းအဆင့်သို့ပင် ရောက်ရှိသွားပြီဖြစ်သောကြောင့် သူမ၏ တိုက်ခိုက်ရေးစွမ်းအားသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာခဲ့ပြီဖြစ်သည်။

ဒါပင်မဲ့ အဲ့လိုလူများက အူယားဖားရား အခြေအနေမျိုးနဲ့ ထွက်ပြေးနေရတာလားဟ??

ယောင်ဟော်ချင်းနောက်ကို လိုက်နေတဲ့လူက ဘယ်လောက်တောင် စွမ်းနေတာလဲ?

စတုတ္ထအဆင့် ပညာရှင်တစ်ယောက်လား???

“ ဝှစ် !!! “

ထိုအချိန်တွင် လေတိုးသံတစ်ခုသည် ကောင်းကင်ထက်မှ ပေါ်ထွက်လာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အားလုံးသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးက လက်နောက်ပစ်ထားသော ကိုယ်ဟန်အမူအရာဖြင့် လေထဲတွင် အေးအေးဆေးဆေး လမ်းလျှောက်နေသည်ကို မြင်တွေ့သွားကြသည်။

“ အဲ့တာက …… “

ဆံပင်အနီလူ ကူရို့ပင် မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည် “ အလယ်အလတ် အဆင့်၃လား? “

အလယ်အလတ် တတိယအဆင့်က စတုတ္ထတစ်ပိုင်းအဆင့် နောက်ကို လိုက်နေတာလား?

ဟာသကြီးလား !!!!

တစ်ချိန်တည်းမှာပင် ကြယ်ပြာဂြိုဟ်စစ်တပ်မှာလည်း အဆိုပါ ပုံရိပ်ကို မြင်တွေ့သွားခဲ့သည်။

အဲလိဇဘတ်မှာလည်း တစ်ခဏခန့် မှင်သက်သွားခဲ့သည် “ ဘယ်လိုလုပ် သူဖြစ်နေရတာလဲ? “

…

ထိုအချိန်တွင် ရှုကျိုးသည် လက်များကို နောက်ပစ်ထားကာ အပြုံးတစ်ခုကို ဆင်မြန်းထားခဲ့သည်။

“ မဆိုးဘူး၊ မဆိုးဘူး၊ အဆင့်၃ အထွတ်အထိပ်တွေ အများကြီးပဲ “

ရှုကျိုးမှ ရေရွတ်ပြောဆိုနေတော့သည် “ အားလုံးက အရည်အသွေးကောင်းတဲ့ မြေဩဇာလေးတွေပဲ “

သို့သော် ကြယ်ပြာဂြိုဟ် စစ်တပ်ဘက်သို့ လှည့်ကြည့်လိုက်သောအခါတွင်မူ သူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ သူတို့တွေရှိနေတော့ အသက်ဓာတ် ဝါးမြိုတာကို သုံးလို့ မဖြစ်ဘူး ….. “

ထိုအချိန်တွင် ကမ္ဘာကြယ့် စစ်တပ်ဘက်ရှိ ယောင်ဟော်ချင်းမှ အော်ပြောလာခဲ့သည် “ အစီအရင်ကို ပြောင်းလဲပြီးတော့၊ အဲ့အနက်ရောင် ဝတ်စုံနဲ့ကောင်ကို သတ် !!! “

ဒုတပ်မှူးဖြစ်သည့် ဆံနီလူ ကူရို့သည် ထိုစကားကို ကြားလိုက်ရသောအခါတွင် လေးဖင့်မနေရဲတော့ဘဲ ချက်ချင်း အမိန့်ပေးလာခဲ့သည် “ အစီအရင်ကို ပြောင်း !!! “

အမိန့်သံနှင့်အတူ ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်အတွင်းရှိ လူအယောက်သုံးရာစလုံးသည် တစ်ညီတစ်ညာတည်း အော်ဟစ်ကာ၊ စည်းတံဆိပ်များ ရေးဆွဲလာကြသည်။

ထို့နောက်၌ ချက်ချင်းဆိုသလိုပင် ကောင်းကင်ထက်ရှိ သွေးနီရောင်လှံသည် ဦးတည်ချက် ပြောင်းလဲသွားခဲ့သည်။

ထို့နောက်တွင် ၎င်းသည် တဝီဝီ အော်မြည်လာခဲ့ကာ၊ ရှုကျိုးထံသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။

ဗွီ !!!

လှံသည် ဟင်းလင်းပြင်ကို ထိုးဖောက်သွားကာ၊ စတုတ္ထအဆင့် ပညာရှင်တစ်ဦးကိုပင် လှုပ်ခါသွားစေနိုင်သည့် စွမ်းအားကို ထုတ်လွှင့်နေခဲ့သည်။

ရှုကျိုးသည် ၎င်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မကြံရွယ်ထားခဲ့ပေ။

သူမှ တည်နေရာ ကူးပြောင်းခြင်းကိုအသုံးပြုရန် ပြင်လိုက်သည့် အချိန်တွင် ကြယ်ပြာဂြိုဟ် စစ်တပ်၏ ကြီးမားသော တူကြီးသည် လှံ၏ တိုက်ခိုက်မှုကို ပိတ်ဆို့တားဆီးလာခဲ့သည်။

……………………………………………………………………………………………………………………………………………

အပိုင်း ( 365 )

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ၂

“ ခရက် !!! “

တူကြီး၏ မျက်နှာပြင်ပေါ်တွင် နောက်ထပ် အက်ကွဲကြောင်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကြယ်ပြာဂြိုဟ်မှ ပညာရှင်တို့၏ အမူအရာများသည် ထပ်မံ၍ နီရဲသွားကြပြီး၊ တစ်ချို့သည် မူးဝေဝေပင် ဖြစ်သွားပုံပေါ်နေခဲ့သည်၊ အားလုံးသည် ဒဏ်ရာအပြင်းအထန် ရရှိထားကြသည်။

လူတစ်ချို့သည် ၎င်းကိုတောင့်မခံနိုင်တော့ဘဲ ဒူးထောက်ကျသွားကာ သွေးမည်းများ အန်ထုတ်လာကြသည်။

“ စစ်မြေပြင်ကနေ ထွက်သွား !!! “

ရှုကျိုးမှ အော်ပြောလာခဲ့သည်။

ထို့နောက်တွင် သူသည် ကမ္ဘာ့ကြယ်၏ တိုက်ပွဲအစီအရင်ထဲသို့ ပြေးဝင်သွားတော့သည်။

“ အဲ့လူက ရူးနေတာလားဟ?? “

အဲလိဇဘတ်နောက်ဘက်ရှိ ဒုတပ်မှူးမှ အံ့ဩတကြီးဖြင့် အော်ပြောလာခဲ့သည်။

အဲလိဇဘတ်၏ အမူအရာမှာလည်း ဆက်တိုက်ပြောင်းသွားခဲ့သည်၊ သို့သော် အဆုံးတွင် သူမသည် အံကြိတ်၍ ပြောလာခဲ့သည် “ သူ့စကားကို နားထောင်လိုက်၊ သွားကြစို့ “

“ နင်ကရော ရူးသွားတာလားဟ? “ ဒုတပ်မှူးသည် သူမကို တအံ့တဩဖြင့် ကြည့်လာခဲ့သည် “ ဒါက စစ်မြေပြင်လေ၊ ငါတို့က ဘယ်လိုလုပ် ပြန်ဆုတ်ရမှာတုန်းဟ !!! “

“ သူ့ကို ယုံကြည်လိုက်၊ ငါတို့က သူပြောသလို လုပ်မှဖြစ်မယ် “

အဲလိဇဘတ်မှ အခိုင်အမာ ပြောဆိုလိုက်သည်။

ယခင်က သူမသည် ရှုကျိုး၏ စကားကို နားမထောင်ခဲ့မိသည့်အတွက် အန္တရာယ်တွင်းသို့ နှစ်ကြိမ်တိတိ ကျ‌ရောက်သွားခဲ့ဖူးသည်။

ဤတစ်ကြိမ်တွင်မူ သူမသည် ရှုကျိုးကို ယုံကြည်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။

စကားပြောခဲ့ပြီးသည့်နောက်တွင် အဲလိဘတ်သည် အရင်ဦးဆုံး ဆုတ်ခွာသွားတော့သည်။

ဒုတပ်မှူး၏ အမူအရာမှာလည်း ထပ်ခါတလဲလဲ ပြောင်းလဲသွားခဲ့သည်၊ သို့သော် အစောပိုင်း အချိန်များအတွင်းက ရှုကျိုးမှ ယောင်ဟော်ချင်းနောက်သို့ လိုက်ဖမ်းနေသည့် မြင်ကွင်းကို ပြန်၍အမှတ်ရသွားကာ သူသည်လည်း အံ့ကြိတ်၍ အော်ပြောလာခဲ့သည် “ တပ်သားအားလုံး၊ တစ်မိုင်တိတိ နောက်ဆုတ်ကြ !!! “

တတိယအဆင့် ပညာရှင်များအတွက် တစ်မိုင်ဆိုသည်မှာ ခဏမျှသာဖြစ်သည်။

ဤနေရာတွင် ရှိနေကြသည့် စစ်သည်တော်အားလုံးသည် ကောင်းစွာလေ့ကျင့်ထားသည့် လူများဖြစ်ပြီး၊ သူတို့သည် အစီအရင်ဖွဲ့တည်ထားရင်းဖြင့် တစ်ညီတစ်ညာတည်း နောက်ဆုတ်ကာ စက္ကန့်ပိုင်းအတွင်းမှာပင် တစ်မိုင်တိတိ ဆုတ်ခွာလာခဲ့ကြသည်။

ထိုစဥ် ကမ္ဘာ့ကြယ် တိုက်ခိုက်ရေး အစီအရင်အတွင်းရှိ ကူရို့မှ ချက်ချင်းအော်ပြောလာခဲ့သည် “ ကြယ်ပြာကောင်တွေ ဆုတ်သွားပြီ၊ သူတို့နောက်ကို လိုက် !!! သူတို့ကို ထွက်ပြေးခွင့် မပေးကြနဲ့ !!!! “

ကမ္ဘာ့ကြယ် အစီအရင်က ရှေ့တိုးလာတော့မည့်အချိန်တွင် ရှုကျိုး၏ ပုံရိပ်သည် လှံအရှေ့သို့ ရောက်လာခဲ့ကာ လမ်းပိတ်နေတော့သည်။

“ ဒီကလေးက သူတစ်ယောက်တည်းနဲ့ စစ်တပ်တစ်တပ်လုံးကို တားဆီးနိုင်လိမ့်မယ်လို့ ထင်နေတာလား? “

ကူရို့မှ လှောင်ပြောင်လာခဲ့သည်၊ တကယ်လို့ အဲ့ကောင်ဆီမှာ စတုတ္ထအဆင့် စွမ်းအားရှိနေမယ်ဆိုရင်ရော ဘာလုပ်ရမှာလဲ??

ငါတို့အစီအရင်က စတုတ္ထပညာရှင်ကို သတ်နိုင်တာထပ်တောင် ပိုသေးတယ်။

“ ဒုတပ်မှူးကူ၊ အဲ့ကောင်ကို သတ် !!! “ ယောင်ဟော်ချင်းမှ သွေးတစ်လုပ်အန်၍ အော်ပြောလာခဲ့သည်။

ကူရို့သည် ခေါင်းငြိမ့်ပြလိုက်ကာ အော်ပြောလာခဲ့သည် “ တပ်သားတို့ သူ့ကိုသတ်ကြ !!! “

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ကောင်းကင်ထက်ရှိ လှံသည် တောက်ပသော အလင်းတန်းများနှင့်အတူ ပေါက်ကွဲထွက်လာခဲ့သည်။

ဘုမ်းဟူသော အသံနှင့်အတူ အစွမ်းထက် အရှိန်အဝါတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။

သွေးနီရောင်လှံသည် နဂါးအမြှီးခါရမ်းနေသကဲ့သို့ ရှုကျိုးဆီသို့ ကြမ်းကြမ်းတမ်းတမ်း တိုးဝင်လာခဲ့သည်။

ရှုကျိုးကမူ အေးဆေးတည်ငြိမ်နေစဲပင်ဖြစ်သည်၊ သူ၏လက်များဖြင့် စည်းတံဆိပ်များ ရေးဆွဲလိုက်ရာ ဧရာမ ရွှေရောင်စည်းတံဆိပ်တစ်ခု ပေါ်လာခဲ့သည်။

သူ၏လက်ဝေ့ယမ်းမှုနှင့်အတူ အစွမ်းထက် ချီ-သွေးစွမ်းအင်များသည် ရွှေရောင်စည်းတံဆိပ်အတွင်းသို့ တိုးဝင်လာခဲ့သည်။

ရွှေရောင်စည်းတံဆိပ်သည် တောက်ပနေသော သူရိန်နေမင်းကဲ့သို့ လေတိုက်တိုင်း ကြီးမားလာခဲ့သည်။

“ ဇွီ !!! “

လူသားဧကရာဇ် စည်းတံဆိပ် ပေါ်လာသည့် အချိန်တွင်

ကမ္ဘာ့ကြယ်သားတို့၏ အမူအရာများ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ယောင်ဟော်ချင်း၊ ကူရို့နှင့် တစ်ခြားသော ဒုတပ်မှူးများမှာ အဆင်ပြေနေသေးသည်၊ သို့သော် အားနည်းသည့် တတိယအဆင့် ပညာရှင်များသည် ခြေထောက်များ ပျော့ခွေသွားပြီး၊ နေရာမှာပင် ဒူးထောက်ကျသွားခဲ့သည်။

“ အဲ့တာက ဘာကြီးလဲ? “

ကူရို့၏ အမူအရာမှာလည်း ပြောင်းလဲသွားခဲ့သည်၊ သူသည် အဆိုပါ စည်းတံဆိပ်ဆီမှ ပေါ်ထွက်လာသည့် ဖိအားတစ်ခုကို ခံစားနေခဲ့ရသည်။

ရွှေရောင်စည်းတံဆိပ်မှ သူ့ကို ပေးစွမ်းနေသည့် ခံစားချက်သည် ဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေခဲ့ပြီး၊ ကြောက်စရာကောင်းသည့် တော်ဝင်ဘုန်းတန်ခိုးကြောင့် သူသည် ဒူးထောက်ခစားလိုစိတ်ပင် ဖြစ်ပေါ်သွားခဲ့သည်။

သူသာလျှင် မဟုတ်ဘဲ၊ ယောင်ဟော်ချင်းမှာလည်း ထိုကဲ့သို့သာ ခံစားနေခဲ့ရသည်၊ သို့သော် သူမက စတုတ္ထအဆင့်နှင့် နီးကပ်နေသောကြောင့် သူမ၏အခြေအနေမှာ ပိုမိုကောင်းမွန်နေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် အဆိုပါ ဧရာမ စည်းတံဆိပ်ကို ဒူးထောက်ခစားလိုစိတ်များ ဖြစ်ပေါ်နေလျက်ရှိသည်။

သူမသည် ထိုကဲ့သို့ ထူးခြားလွန်းလှသည့် အလိုဆန္ဒကို ယခင်က တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရဖူး‌ပေ။

“ မဖြစ်နိုင်ဘူး၊ ငါတို့ရဲ့ ဘုရင်ကြီးကလွဲရင် ဘယ်သူ့အတွက်မှ ဒူးမထောက်ပေးနိုင်ဘူး “

ယောင်ဟော်ချင်းသည် အော်ဟစ်ကြုံးဝါးကာ အဆိုပါ လွှမ်းမိုးမှုအောက်မှ အတင်းအကြပ် ရုန်းထွက်လာခဲ့သည်။

သို့သော် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သောအခါတွင် သူမသည် ကမ္ဘာ့ကြယ်သား တော်တော်များများက ဒူးထောက်ကျကာ အလွန်အမင်း ကြောက်လန့်နေသည့် အမူအရာများဖြင့် အဆိုပါ စည်းတံဆိပ်အား ခစားပူဇော်နေကြဆိုသည်ကို မြင်တွေ့သွားခဲ့သည်။

“ မဟုတ်ဘူး …… ဘာလို့လဲ? အဲ့တာက ဘာကြီးလဲ?? “

ထိုအချိန်၌ ယောင်ဟော်ချန်းသည် အထိတ်တလန့်ဖြစ်သွားခဲ့သည်၊ ၎င်းသည် ရှုကျိုးက အသက်ဓာတ်များ စုပ်ယူဝါးမြိုခဲ့သည့် မြင်ကွင်းထပ်ပင် ပို၍ကြောက်စရာကောင်းနေခဲ့သည်။

ကမ္ဘာ့ကြယ်သားများသည် ကောင်းကင်ဘုံကို မကိုးကွယ်သကဲ့သို့ ကမ္ဘာမြေကိုလည်း မပူဇော်ကြဘဲ၊ သူတို့၏ ဘုရင်များကိုသာ ခစားကိုးကွယ်ကြသည်။

သို့သော် ဤဧရာမ စည်းတံဆိပ်ကြီးသည် လူတော်တော်များများကို ဒူးထောက်ကျကာ ပူဇော်သွားစေခဲ့သည်။

၎င်းက မည်သည့်အရာကို ကိုယ်စားပြုနေသနည်း?

ထိုစဥ် ကောင်းကင်ထက်ရှိ ရှုကျိုးမှာလည်း တအံ့တဩဖြစ်သွားခဲ့သည်။

သူသည် လှံကို တားဆီးရန်အတွက်သာ လူသားဧကရာဇ် စည်းတံဆိပ်ကို အသုံးပြုလိုက်ခြင်းဖြစ်သည်။

သို့သော် လူသားဧကရာဇ် စည်းတံဆိပ် ပေါ်လာသည့်အချိန်တွင် ကမ္ဘာ့ကြယ်၏ တိုက်ခိုက်ရေး အစီအရင်သည် သူ့သာသာ ပြိုကွဲသွားပြီး၊ ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်တို့မှာလည်း သူ၏လူသား ဧကရာဇ်စည်းတံဆိပ်ကို ဒူးထောက်၍ ရှိခိုးပူဇော်လာကြသည်။

သူ၏ လူသားဧကရာဇ် စည်းတံဆိပ်က အလွန်အစွမ်းထက်သော်လည်း၊ ကြယ်ပြာဂြိုဟ်မှ ပညာရှင်တို့နှင့် တိုက်ခိုက်သည့် အချိန်တွင် ဤကဲ့သို့ မဖြစ်ပေါ်လာခဲ့ဖူးချေ။

“ ဤစည်းတံဆိပ်ကို ကိုင်ဆောင်ထားခြင်းသည် မျိုးနွယ်စုတစ်သောင်းကို အမိန့်ပေးနိုင်ကာ ရှေးဟောင်းအမှောင်နယ်မြေကို ဖိနိုင်သည် ………. “

ရှုကျိုးသည် သူက လူသားဧကရာဇ် စည်းတံဆိပ်ကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့ခဲ့ရသည့် အချိန်က ကြားသိခဲ့ရသော စကားလုံးများကို ပြန်၍ အမှတ်ရသွားကာ တွေးတောစဥ်းစားနေတော့သည်။

ကမ္ဘာ့ကြယ်ရှိတဲ့ စကြာဝဠာက ရှေးဟောင်းအမှောင်နယ်မြေများလား?

သို့သော် ရှုကျိုးသည် ၎င်းကို အချိန်အတော်ကြာ တွေးတောစဥ်းစားမနေတော့ပေ။

သူသည် လူသား ဧကရာဇ် စည်းတံဆိပ်၏ ဖိနှိပ်မှုအောက်တွင် ကမ္ဘာ့ကြယ်၏ တိုက်ခိုက်ရေး အစီအရင်သည် အလိုအလျောက် ပြိုကွဲသွားသည်ကို အခွင့်ကောင်း ယူကာ

“ အသက်ဓာတ် ဝါးမြိုခြင်း !!! “

ရှုကျိုးမှ စည်းတံဆိပ်တစ်ခုကို ထပ်မံ၍ ရေးဆွဲကာ လျှို့ဝှက်ဆန်းကြယ်သော လှိုင်းလုံးတစ်ခုကို ထုတ်လွှင့်လာခဲ့သည်။

ရှုကျိုးသည် ယခင်ကအတိုင်းပင် သူ့ထပ်အဆင့်နိမ့်သည့် လူများကို ပစ်မှတ်ထားကာ သူတို့၏ အသက်ဓာတ်များကို စတင်၍ စုပ်ယူနေတော့သည်။

ကမ္ဘာ့ကြယ်မှ သိုင်းပညာရှင်များသည် မည်သို့မျှ မခုခံနိုင်ကြဘဲ၊ ရှုကျိုး၏ အရှင်လတ်လတ် စွမ်းအင်စုပ်ယူခြင်းကို ခံနေရတော့သည်။

“ ထပ်လုပ်ပြန်ပြီလား? “

ယောင်ဟော်ချင်း၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြန်သည်။

တစ်ခြားလူများသည် မတုံ့ပြန်နိုင် ဖြစ်နေကြသည်၊ သို့သော် သူမသည် ရှုကျိုးနည်းစနစ်၏ စွမ်းအားကို မြင်တွေ့ထားခဲ့ဖူးသောကြောင့်၊ ချက်ချင်း အော်ပြောလာခဲ့သည် “ ပြေး!!!! “

သူမဘေးဘက်ရှိ ကူရို့၏ မျက်လုံးများမှာလည်း သွေးကဲ့သို့ နီရဲနေခဲ့သည် “ ပြေးရမှာလား? ရှေ့တက်ပြီးတော့ သူ့ကို သတ်ရမှာ !! “

သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် သူ၏အသက်စွမ်းအားက လျင်မြန်စွာ လျော့ကျလာသည်ဟု ခံစားလိုက်ရသည်။

“ ဘာကြီးလဲ?? ………. ဘာတွေ ဖြစ်နေတာလဲ? “ ကူရို့အံ့ဩတုန်လှုပ်သွားခဲ့သည်။

ယောင်ဟော်ချင်းသည် သူ့ကို အာရုံစိုက်မနေတော့ဘဲ၊ ဧရာမဓားကြီးအဖြစ် အသွင်ပြောင်းကာ ဤနေရာမှ ပြေးထွက်သွားရန် ကြံရွယ်လိုက်သည်။

“ ဒီတစ်ခါတော့ နင်ပြေးလို့ လွတ်ပါ့မလား? “

ရှုကျိုးမှ တဟားဟား ရယ်မော၍ လှုပ်ရှားလာခဲ့ရာ ငြိမ်သက်နေသည့် လူသားဧကရာဇ် စည်းတံဆိပ်မှာ ချက်ချင်း အသက်ဝင်လာခဲ့သည်။

တစ်ကီလိုမီတာနီးပါးရှိသည့် အကွာအဝေးကို ဖုံးလွှမ်းထားသည့် လူသားဧကရာဇ် စည်းတံဆိပ်သည် မီတာ၁၀၀ရှိသည့် ကြီးမားသော စည်းတံဆိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ၊ ယောင်ဟော်ချင်းဆီသို့ တရကြမ်း တိုးဝင်သွားတော့သည်။

ဘုမ်း !!!

ကျယ်လောင်သော အသံတစ်သံနှင့်အတူ ယောင်ဟော်ချင်းသည် နေရာမှာပင် လူသား ဧကရာဇ် စည်းတံဆိပ်၏ ဖိနှိပ်မှုကို ခံလိုက်ရသည်။

လူသားဧကရာဇ် စည်းတံဆိပ်နှင့် အသက်ဓာတ် ဝါးမြိုခြင်းတို့၏ နှိပ်စက်မှုနှစ်ခုအောက်တွင် သူမသည် မည်သို့မျှ တောင့်မခံထားနိုင်တော့ဘဲ၊ ဓားအဖြစ်ပြောင်းလဲထားသည့် သွေးမြူမှုန်ကြီးသည် ချက်ချင်း ပေါက်ကွဲသွားကာ သူမ၏နဂိုမူလပုံစံကဲ့သို့ အတင်းအကြပ် ပြန်ပြောင်းခံလိုက်ရသည်။

ချေမွလာသည့် ရွှေရောင်စည်းတံဆိပ်ကြီးကို စိုက်ကြည့်နေရင်းဖြင့် ယောင်ဟော်ချင်း၏ မျက်နှာပေါ်တွင် မကျေနပ်မှုများ၊ အမုန်းတရားများနှင့် ဒေါသများ ရောပြွန်းနေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ ကြယ်ပြာ ……. ကြယ်ပြာ !!!! “

“ သေ !!!! “

ရှုကျိုးသည် အေးစက်စွာ အော်ဟစ်လာခဲ့ကာ၊ ယောင်ဟော်ချင်းကို မည်သည့်အခွင့်အရေးမှ မပေးခဲ့ချေ။

လူသားဧကရာဇ် စည်းတံဆိပ်မှ အပြည့်အဝ ဖိနှိပ်ကာ၊ ယောင်ဟော်ချင်း ခန္ဓာကိုယ်အတွင်းရှိ အရိုးအားလုံးကို ချေမွသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အသက်ဓာတ် ဝါးမြိုခြင်းအောက်တွင် ထူထဲသော အဖြူရောင် မြူမှုန်များသည် ကောင်းကင်ထက်သို့ ပျံတက်ကာ ရှုကျိုးဆီသို့ ပြေးဝင်လာခဲ့သည်။

ရှုကျိုး၏ ခန္ဓာကိုယ် တုန်ရင်သွားခဲ့ကာ၊ သက်တောင့်သက်သာ ရှိသွားသည့် အမူအရာတစ်ခုကို ဖော်ထုတ်ပြသလာခဲ့သည် “ ဒါက အဆင့်၄ နားကပ်နေတဲ့ ပညာရှင်တစ်ယောက်ရဲ့ အသက်စွမ်းအားလား? တကယ်ကို စိတ်ကျေနပ်ဖို့ကောင်းတာပဲ “

စတုတ္ထအဆင့်နှင့် နီးကပ်နေသော ပညာရှင်တစ်ဦး၏ အသက်စွမ်းအားသည် တတိယအဆင့်နယ်ပယ်မှ အဆင့်မြှင့်တင်ထားသောစွမ်းအားတို့ထပ်ပင် များစွာသာလွန်နေခဲ့သည်။

( လျှို့ဝှက်နည်းစနစ်တစ်ခုခုကို သုံးလိုက်တဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ စွမ်းအားမျိုး၊ အသက်ဓာတ်မျိုးပါ )

ယောင်ဟော်ချင်းကို ဝါးမြိုလိုက်ပြီးသည့်နောက်တွင် “ ဝုန်းးးး !! “

ရှုကျိုးသည် သူ၏လက်ကို ကမ္ဘာ့ကြယ် သိုင်းပညာရှင် အယောက်သုံးရာဆီသို့ ညွှန်ပြလိုက်ရာ လူသားဧကရာဇ် စည်းတံဆိပ်သည် ထိုလူများအပေါ်သို့ တိုက်ရိုက်ကျရောက်သွားခဲ့သည်။

ထိုလူများထဲတွင် ကူရို့နှင့် တစ်ခြားသော တတိယအဆင့် အထွတ်အထိပ် ပညာရှင်များသည် ၎င်းကို ခုခံနိုင်နေသေးသည်၊ သို့သော် ပြိုလဲလုနီးပါးပင် ဖြစ်နေခဲ့သည်။

တတိယအဆင့် အထွတ်အထိပ်အောက်မှ လူများကမူ မည်သို့မျှ မခုခံနိုင်တော့ဘဲ နေရာမှာပင် တိုက်ရိုက်အချေမွခံလိုက်ရပြီး၊ အသက်ငွေ့ငွေ့မျှသာ ကျန်နေတော့သည်။

တိုက်ပွဲအစီအရင်က အပြည့်အဝ ပြိုကွဲသွားချိန်တွင် တတိယအဆင့် အထွတ်အထိပ် ပညာရှင် အယောက်၂၀မှာလည်း ထပ်မံ၍ တောင့်မခံနိုင်တော့ဘဲ၊ ခန္ဓာကိုယ်များ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားခဲ့သည်။

“ ဟူးးးး “

ရှုကျိုးမှ လူသားဧကရာဇ် စည်းတံဆိပ်ကို ပြန်သိမ်းလိုက်ရာ သူ့အရှေ့တွင် နက်ရှိုင်းသော ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ရှုကျိုးသည် လက်ဝေ့ယမ်းလိုက်ရာ အသက်မျော့မျော့သာ ကျန်နေတော့သည့် အဆိုပါ ကမ္ဘာ့ကြယ်သား အကုန်လုံးကို သူ၏ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ထည့်လိုက်သည်။

ကြယ်ပြာဂြိုဟ် စစ်တပ်ရှိနေသေးသောကြောင့် သူသည် ထိုလူများ၏အရှေ့တွင် အသက်ဓာတ် ဝါးမြိုခြင်းကို ရှောင်ကြဥ်ရမည် ဖြစ်သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ၎င်းသည် နောင်အနာဂတ်တွင် သူ့အတွက် ပြဿနာများ သယ်ဆောင်လာမည် ဖြစ်သည်။

ထို့ကြောင့် သူသည် ထိုလူအားလုံးကို ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်သို့ ပို့ကာ အခါအခွင့်ကြုံမှ ဝါးမြိုရန် ကြံရွယ်လိုက်သည်။

“ အဆင့်၃ ပညာရှင် အယောက် သုံးရာကျော်၊ ဒါကကြီးမားတဲ့ အကျိုးအမြတ်ပဲ “

ရှုကျိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။

ထိုလူအားလုံးကို ဝါးမြိုလိုက်သည်နှင့်တစ်ပြိုင်နက် သူသည် သူ၏ပထမဦးဆုံးသော နတ်စွမ်းရည်ကို တိုက်ရိုက်ဖွဲ့စည်းနိုင်မည် ဖြစ်သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် နောက်ဆက်တွဲ ပြဿနာများကို ရှင်လင်းကာ ကြယ်ပြာဂြိုဟ် စစ်တပ်ဘက်သို့ ပြန်လှည့်ကြည့်ကာ ထွက်သွားရန် ပြင်လိုက်သည်။

“ ဝုန်းးးးး !!! “

ထိုအချိန်တွင် ပေါက်ကွဲသံတစ်ခုသည် ကောင်းကင်ထက်မှ ပေါ်ထွက်လာခဲ့သည်။

“ မာဂယ် !!! “

အသစ်ရောက်လာသည့် လူသည် အော်ဟစ်ဟိန်းဟောက်ကာ သူ၏ စတုတ္ထအဆင့်နယ်ပယ် ကျင့်ကြံရေးကို ဖော်ထုတ် ပြသလာခဲ့သည်။

တစ်ပြိုင်နက်ဆိုသလိုပင် ရှောင်ရှား၍ မရနိုင်သည့် အဆုံးမဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်များသည် ရှုကျိုးအပေါ်သို့ တိုက်ရိုက်ကျရောက်လာခဲ့သည်။

……………………………………………………………………………………………………………………………………

အပိုင်း ( 366 )

လွတ်မြောက်နယ်မြေ

မိုင်အနည်းငယ် အကွာ၌

ကြယ်ပြာဂြိုဟ် သိုင်းပညာရှင် လူစုသည် တအံ့တဩ ဖြစ်နေလျက်ရှိသည်။

ရှုကျိုးက လူသား ဧကရာဇ် စည်းတံဆိပ်ကို အသက်သွင်းလိုက်သည့်အချိန်တွင် ရွှေရောင်အလင်းတန်းသည် ကီလိုမီတာပေါင်းများစွာအထိ ဖုံးလွှမ်းသွားကာ၊ သူတို့ကပင် ၎င်းကို မြင်တွေ့ခဲ့ရသည်။

“ အဲ့လိုစွမ်းအားမျိုးက …….. အလယ်အလတ် အဆင့်၃ ပညာရှင်တစ်ယောက်က ထုတ်လွှတ်လိုက်တာလား? “

အဲလိဇဘတ်ဘေးနားရှိ တတိယအဆင့် အထွတ်အထိပ် ပညာရှင်၊ ဒုတပ်မှူးမှာလည်း အံ့ဩတကြီး ဖြစ်နေသော အမူအရာဖြင့် ငေးကြည့်နေလျက်ရှိသည်။

သူကိုယ်တိုင်ကပင် ထိုကဲ့သို့ အစွမ်းထက် နည်းစနစ်မျိုးကို အသုံးမပြုနိုင်ပေ။

“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? “

ထိုအချိန်တွင် အဲလိဇဘတ်မှ အံ့ဩတကြီးဖြင့် အော်မိသွားခဲ့သည်။

ဒုတပ်မှူးသည် ခေါင်းလှည့်၍ ပြန်လှည့်ကြည့်လာခဲ့ရာ အဲလိဇဘတ်မှာ အဆင့်ဇယားကို ဖွင့်ကြည့်နေကြောင်း မြင်တွေ့သွားခဲ့သည်။

[ ပထမအဆင့် : ရှုကျိုး : အဆင့်၄တစ်ပိုင်း ပညာရှင်တစ်ယောက်၊ အဆင့်၃ အထွတ်အထိပ် ပညာရှင် ၂၃ယောက်၊ အဆင့်၃ ပညာရှင် အယောက် ၄၀၀ကျော် သတ်ဖြတ်ခဲ့သည် ]

“ သူက အကုန်လုံးကို သတ်လိုက်တာလား? “

ဒုတပ်မှူး မှင်သက်သွားတော့သည်။

အဲလိဇဘတ်မှာလည်း ရေရွတ်ပြောဆိုနေတော့သည် “ အဲ့တာက ရှုကျိုးရဲ့ တကယ့်စွမ်းအားလား? “

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် လူအယောက် ၃၀၀ကျော်ပါဝင်သည့် တပ်ဖွဲ့တစ်ခုလုံးကို သုတ်သင်ရှင်းလင်းခဲ့သည်။

ရန်ပြည်ထောင်ရဲ့ ဒီခေါင်းဆောင်က တကယ်ကို ကြောက်ဖို့ကောင်းတာပဲ။

တစ်ချိန်တည်းမှာပင် ရှုကျိုးမှာလည်း အဆင့်ဇယားတွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို သတိပြုမိသွားသည်။

သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ စိတ်ဝင်စားစရာပဲ၊ ငါက သူတို့တွေကို မသတ်ရသေးဘူးလေ၊ တိုက်ပွဲမှတ်တမ်းက ပြောင်းသွားပြီပေါ့ ……. “

၎င်းသည် သူက ထိုလူများကို ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲသို့ ပို့လိုက်သောကြောင့် ဖြစ်သင့်ပေသည်။

စစ်တပ်သည် ကမ္ဘာ့ကြယ်သားတို့၏ တည်ရှိမှုကို မထောက်လှမ်းနိုင်တော့သောကြောင့် သတ်ဖြတ်မှုအားလုံးကို သူ၏အမည်အောက်သို့ ပေးပို့လိုက်ခြင်းဖြစ်သည်။

အဆင့်ဇယားကို ဂရုတစိုက် ကြည့်ရှုမစစ်သေးရသေးခင်အချိန်မှာပင် ရှုကျိုးသည် တစ်စုံတစ်ခုကို အာရုံခံမိသွားကာ ဦးတည်ချက်တစ်ဘက်သို့ လှမ်းကြည့်လိုက်သည်။

“ ဝုန်းးးး !!! “

အလင်းတန်းတစ်ခုသည် ကောင်းကင်ဘုံကို ထိုးဖောက်၍ ဤနေရာသို့ ဒရောသောပါး ပြေးဝင်လာခဲ့သည်။

၎င်းထုတ်လွှင့်ထားသည့် အရှိန်အဝါသည် စတုတ္ထအဆင့်နယ်ပယ်သို့ ရောက်ရှိနေပြီး၊ ကြောက်စရာကောင်းသည့် ဖိနှိပ်မှုစွမ်းအားတစ်ခုကို သယ်ဆောင်ထားခဲ့သည်။

“ မကောင်းတော့ဘူး !! ကမ္ဘာ့ကြယ် တပ်မှူးပဲ !! “

အဲလိဇဘတ်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး၊ ဒုတပ်မှူးကို လှည့်ကြည့်လာခဲ့သည် “ ကျွန်မတို့ တပ်မှူးကရော? သူက ဘယ်တော့မှ ရောက်လာမှာလဲ? “

ဒုတပ်မှူးသည် မျက်နှာဖြူဖျော့သွားကာ အံကြိတ်၍ ပြောလာခဲ့သည် “ နည်းနည်းလောက် အချိန်ယူရဦးမယ် “

အဲလိဇဘတ်၏ အမူအရာသည် ဆက်တိုက်ပြောင်းလဲနေပြီး၊ ပြောလာခဲ့သည် “ တိုက်ပွဲအစီအရင်ကို မြန်မြန်ဖွဲ့ကြတော့၊ ကျွန်မတို့က သူ့ကို အချိန်ဆွဲထားနိုင်ဖို့ မျှော်လင့်ရတာပဲ “

ဒုတပ်မှူးသည် ခေါင်းငြိမ့်ပြလာခဲ့ကာ စတင်၍ အမိန့်ပေးလာတော့သည်။

ထိုအချိန်၌ ကမ္ဘာ့ကြယ်တပ်မှူးသည် ရှုကျိုးကို ကြည့်ကာ အေးစက်စွာ အော်ပြောလာခဲ့သည် “ တော်တော်လေးကို သတ္တိကောင်းနေတာပဲ !! အဆင့်၄တစ်ပိုင်းက အလယ်အလတ် အဆင့်၃အဖြစ် ဟန်ဆောင်ပြီးတော့ ငါ့ရဲ့ စစ်သည်တော်တွေကို သတ်ခဲ့တယ်ပေါ့လေ !!!! “

သူသည် ကြယ်ပြာဂြိုဟ်၏ ဘာသာစကားဖြင့် ပြောလာခဲ့သည်။

တိုက်ပွဲ၏ ရှေ့တန်းနယ်မြေတွင် တပ်မှူးနှစ်ဦးစလုံးသည် တစ်ဦး၏ဘာသာစကားကို ကျန်တစ်ဦးက သိနေကြပြီး၊ ၎င်းသည် တပ်မှူးတစ်ဦးဖြစ်လာရန်အတွက် မလွဲမသွေလိုအပ်သော အရည်အချင်းတစ်ခုဖြစ်သည်။

ဤအချိန်တွင် ကမ္ဘာ့ကြယ်တပ်မှူးသည် ရှုကျိုးက စတုတ္ထတစ်ပိုင်းအဆင့်အဖြစ် ရုပ်ဖျက်ထားသည်ဟု နားလည်မှုလွဲသွားခဲ့သည်။

ရှုကျိုးသည် ပြိုင်ဘက်ကြည့်ကာ မျက်လုံးများ လှုပ်ခတ်သွားပြီး၊ ရေရွတ်ပြောဆိုနေတော့သည် “ အဆင့်၄ ………. အခုငါက မင်းကို သတ်နိုင်မလားဆိုတာကို သိချင်မိတယ် “

“ ဟက်၊ အဆင့်တစ်ပိုင်း ကောင်စုတ်လေးကများ၊ အတော်လေးကို မောက်မာနေတာပဲ !!! “ ကမ္ဘာ့ကြယ်တပ်မှူး ကိုင်မိုမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ ငါက အဆင့်၄တစ်ပိုင်းမှာ ရှိခဲ့တဲ့အချိန်တုန်းက မင်းတို့ကြယ်ပြာဂြိုဟ်ရဲ့ တိုက်ပွဲအစီအရင်ကို တစ်ယောက်တည်း ဖြိုခွဲနိုင်ခဲ့တယ်။ မင်းတို့ကြယ်ပြာဂြိုဟ်မှာပဲ ပါရမီရှင်တွေ ရှိနေတာ မဟုတ်ဘူး “

ကြယ်ပြာဂြိုဟ်သည် နယ်ပယ်တူတွင် ကျားများ၊ နဂါးများကဲ့သို့ဖြစ်နေသည့် အဖိုးမဖြတ်နိုင်သော ပါရမီရှင်များ ပိုင်ဆိုင်ထားခဲ့သည်။

ကမ္ဘာ့ကြယ်မှာလည်း ထို့အတိုင်းပင် ဖြစ်သည်။

ဤကိုင်မိုသည် ကမ္ဘာ့ကြယ်၏ နယ်ပယ်တူတွင် ကျားကဲ့သို့ဖြစ်နေသည့် ပါရမီရှင်တစ်ဦးဖြစ်ပြီး၊ ထိပ်တန်းအဆင့် မဟုတ်သော်လည်း သာမန်ထပ် များစွာသာလွန်နေခဲ့သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက စတုတ္ထအဆင့်သို့ ရောက်ခါစဖြစ်သည့် သူ၏စွမ်းအားဖြင့် တတိယအဆင့် အထွတ်အထိပ် ပညာရှင် အယောက်၂၀နှင့် တတိယအဆင့် ပညာရှင် အယောက် ၃၀၀ကျော်ကို အမိန့်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

“ ကောင်လေး၊ မင်းအသက်ကို ပေးလိုက် “

ကိုင်မိုသည် ကြီးမားသော ဆေဘာတစ်လက်ကို ဖော်ထုတ်လာခဲ့ပြီး၊ ၎င်း၏မျက်နှာပြင်ပေါ်တွင် ရှုံ့မဲ့နေသည့် တစ္ဆေမျက်နှာများ ရှိနေကာ အော်ဟစ်ညီးတွားနေခဲ့ပြီး၊ ဆေဘာပေါ်တွင် ကြောက်စရာကောင်းသည့် အစိမ်းရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

၎င်းသည် ကမ္ဘာ့ကြယ် သိုင်းပညာရှင်များအကြားတွင် နာမည်ဆိုးနှင့် ကျော်ကြားသည့် ဝိညာဥ်ပျိုးထောင်ရေး ဆေဘာနည်းစနစ် ဖြစ်သည်။

ကိုင်မိုသည် သူ့လမ်းပေါ်တွင် ရှိနေသည့် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး၊ အဆိုပါ နည်းစနစ်ကို အသုံးပြုကာ သူ၏ဆေဘာအတွင်းတွင် ထိုလူတို့၏ ဝိညာဥ်များကို စုဆောင်းထားခဲ့သည်။

ထိုလူများသည် ဆေဘာထဲတွင်သာ ထာဝရပိတ်မိနေကာ ပြန်လည်ဝင်စားခြင်းလမ်းကြောင်းထဲသို့ မည်သို့မျှ ဝင်နိုင်လိမ့်မည် မဟုတ်ပေ။

အဆိုပါ နည်းစနစ်သည် အတော်လေး အန္တရာယ်များသော်လည်း၊ ကိုင်မိုအား ကြီးကြီးမားမား ကူညီပေးနိုင်လေသည်၊ ၎င်းသည် ဆေဘာ၏စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်တင် မဟုတ်ဘဲ၊ ပြိုင်ဘက်ကို နှောင့်ယှက်ရန်အတွက် နတ်ဆိုးဝိညာဥ်များကိုပါ စေလွှတ်နိုင်ပေသည်။

ကိုင်မိုသည် တတိယအဆင့် အထွတ်အထိပ်တွင် ရှိခဲ့စဥ်အချိန်က အဆိုပါ နည်းစနစ်ကို အသုံးပြု၍ စတုတ္ထတစ်ပိုင်းအဆင့် ပညာရှင်တစ်ဦးကို သတ်ဖြတ်ခဲ့ဖူးသည်။

ယခုတွင် သူ၏ စတုတ္ထအဆင့်စွမ်းအားဖြင့် ၎င်းကို အသုံးပြုတော့မည် ဖြစ်သောကြောင့် ၎င်း၏ စွမ်းအားသည် အံ့ဖွယ်ကောင်းလောက်သည်အထိ ကြောက်စရာကောင်းနေမည် ဖြစ်သည်။

“ ဘုမ်းးးး !!! “

ဆေဘာအလင်းတန်းသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ကြောက်မက်ဖွယ်ကောင်းသည့် အစိမ်းရောင် ဟင်းလင်းပြင်အက်ကြောင်းများကို ဖြစ်ပေါ်သွားစေပြီး၊ ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါသွားစေခဲ့သည်။

ကိုင်မိုသည် သူ၏လက်ကို မြှောက်၍ လွှဲရမ်းလိုက်ရာ ကြောက်စရာကောင်းသည့် ဆေဘာအလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် အစိမ်းရောင် စိတ်ဝိညာဥ် အလောင်းကောင်များသည် အစွယ်များ ဖြဲပြ၍ လက်သည်းများ ထုတ်ကာ ရှုကျိုးဆီသို့ အရူးအမူး တိုးဝင်လာကြသည်။

သူ့အား ငရဲပြည်သို့ ဆွဲခေါ်သွားချင်သည့်ပုံပင်။

“ ဟမ့် “

ရှုကျိုး၏ စိတ်ဝိညာဥ်စွမ်းအားက မည်မျှသန်မာအားကောင်းလိုက်သနည်း? အေးစက်စက် နှာခေါင်းရှုံ့သံဖြင့် သူသည် အဆိုပါ စိတ်ဝိညာဥ်အားလုံးကို ဖြိုခွင်းလိုက်သည်။

သို့သော် ဆေဘာအလင်းတန်းကမူ အမှန်တကယ် စွမ်းလွန်းနေခဲ့ပြီး၊ အလင်းတန်း ‌ရောက်မလာသေးသော်လည်း၊ ရှုကျိုးဘေးနားရှိ ဟင်းလင်းပြင်မှာ ချိတ်ပိတ်ခံလိုက်ရပုံပေါ်ပြီး၊ သူ့အား လှုပ်ရှားမရ ဖြစ်သွားစေခဲ့သည်။

“ ဒါက အဆင့်၄နယ်ပယ်ရဲ့ စွမ်းအားလား? တကယ်ကြီး စွမ်းတာပဲ …… “

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် အစိမ်းရောင် အလင်းတန်းကျဆင်းလာခဲ့ပြီး၊ ရှုကျိုးကို နေရာမှာတင် သတ်ဖြတ်လုနီးပါးဖြစ်သွားခဲ့သည်။

အရေးကြီးသော အခိုက်အတန့်တွင် ရှုကျိုးသည် လက်နှစ်ဖက်စလုံးဖြင့် စည်းတံဆိပ်များ ရေးဆွဲကာ အလယ်အလတ် တတိယအဆင့်ထပ် များစွာသာလွန်သည့် အစွမ်းထက် အရှိန်အဝါတစ်ခုသည် ကောင်းကင်ယံသို့ ထောင်တက်သွားတော့သည်။

သူ၏နယ်ပယ်သည် အလယ်အလတ် တတိယအဆင့်မှ တတိယအဆင့် အထွတ်အထိပ်အထိ တိုက်ရိုက်မြင့်တက်သွားခဲ့သည်။

ရှုကျိုးသည် သူ၏လက်ကို အသာအယာမြှောက်လိုက်ပြီး၊ အစိမ်းရောင် ဆေဘာအလင်းတန်းကို လက်ချောင်းနှစ်ချောင်းဖြင့် ညှပ်ကာ တားဆီးလိုက်သည်။

“ ခရက် !!! “

တိုးညှင်းသော အသံတစ်သံနှင့်အတူ အစိမ်းရောင် ဆေဘာအလင်းတန်းသည် အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့သည်။

ရှုကျိုး၏ လေထဲတွင် ပြင်းထန်စွာ ကခုန်နေခဲ့ပြီး၊ လက်တစ်ဖက်နောက်ပစ်ထားကာ ကိုင်မိုအား မထီမဲ့မြင်ပြုနေသာ အမူအရာမျိုးဖြင့် ကြည့်နေတော့သည်။

“ ဘာကြီး?? အဲ့တာက ……… “

ကိုင်မို၏ မျက်နှာပေါ်တွင် ကြောက်လန့်သွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ လူတစ်ယောက်ရဲ့ စွမ်းအားက အဆင့်နှစ်ဆင့်အထိ ဘယ်လိုလုပ် ရုတ်တရက်ကြီး ခုန်တက်လာရတာလဲ? “

သူသည် ၎င်းက လနတ်ဘုရားဂိုဏ်းထံမှ ရှုကျိုး ရရှိသင်ယူထားသည့် အဆင့်မြင့် လျှို့ဝှက်နည်းစနစ် “ လဝိညာဥ် “ နည်းစနစ်ဖြစ်သည်ဆိုသည်ကို မသိပေ။

လဝိညာဥ်နည်းစနစ်သည် လူတစ်ဦး၏ နယ်ပယ်ကို အဆင့်သေးတစ်ခုအထိ ဆယ်မိနစ်တိုင်အောင် ယာယီမြှင့်တင်ပေးနိုင်လေသည်။

ရှုကျိုး၏ အခြေခံအုတ်မြစ်က အလွန်ခိုင်မာအားကောင်းနေသောကြောင့် အဆင့်နှစ်ဆင့် မြင့်တက်သွားခဲ့ခြင်းဖြစ်သည်။

“ အစကတော့ ငါက အဆင့်၄ တစ်ပိုင်းစွမ်းအားကိုပဲ ပိုင်ထားတာ၊ အခု အဆင့်၃ အထွတ်အထိပ်ကို ရောက်သွားပြီဆိုတော့၊ ငါ့ဆီမှာ အဆင့်၄နယ်ပယ်ရဲ့ စွမ်းအားမျိုး ရှိနေသင့်ပြီ “

All Chapters