အခန်း (၃၆၇-၃၆၉)
Vol. 25 Ch. 367-369
အပိုင်း ( 367 )
လွတ်မြောက်နယ်မြေ ၂
ရှုကျိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည် “ အခုတော့ ငါ့အလှည့်ပဲ “
“ သတ် !!! “
ကြုံးဝါသံနှင့်အတူ နှင်းဖြူရောင် ဆေဘာအလင်းတန်းသည် သူ၏နောက်ဘက်မှ ပေါ်ထွက်လာကာ ကောင်းကင်ဘုံကို လင်းထိန်သွားစေခဲ့သည်။
အဆုံးမဲ့ ဆေဘာစွမ်းအင်များသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကိုပင် ဖုံးလွှမ်းလုနီးပါးအထိ လျှံထွက်လာခဲ့သည်။
ဆေဘာနည်းစနစ် - ကောင်းကင် ဖန်ဆင်းခြင်း !!
ရှုကျိုး၏ ယခုလက်ရှိ စွမ်းအားဖြင့် ကောင်းကင်ဖြိုခွင်း ဆေဘာသိုင်း၏ သတ္တမအဆင့်ကို ထုတ်သုံးလိုက်သည့်အခါတွင် ၎င်း၏စွမ်းအားသည် ယခင်ကထပ်ပို၍ ကြောက်စရာကောင်းနေခဲ့သည်။
နှင်းဖြူရောင် ဓားအလင်းတန်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကာ ကောင်းကင်ပြင်ကို လင်းထိန်သွားစေခဲ့ပြီးသည့်နောက်တွင် ၎င်းတို့သည် မီတာရာနှင့်ချီ၍ ရှည်လျားသည့် ကြီးမားသော ဆေဘာအလင်းတန်းကြီးတစ်ခုအဖြစ် ဖွဲ့တည်သွားကာ ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များကို ထုတ်လွှင့်နေခဲ့သည်။
ဆေဘာအလင်းတန်း ပေါ်လာသည်နှင့်အမျှ အောက်ဘက်ရှိ မြေပြင်တွင် အက်ကြောင်းများ ထလာခဲ့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ဆေဘာအလင်းတန်း ကျဆင်းလာခဲ့သည်။
ကိုင်မို၏ အမူအရာ ပြောင်းလဲသွားကာ၊ လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ အဝေးသို့ တဟုန်ထိုး ပြေးထွက်သွားတော့သည်။
ချက်ချင်းဆိုသလိုပင် သူသည် သူ၏ ပေါက်ကွဲရေး နည်းစနစ်ကို အသက်သွင်းကာ အဆိုပါ ဆေဘာအလင်းတန်းကို ရှောင်ရှားရန် ကြံရွယ်လိုက်သည်။
“ ဟမ့် “ ချက်ချင်းဆိုသလိုပင် အေးစက်စက် နှာမှုတ်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာ၌ ကောင်းကင်ထက်တွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး၊ ကီလိုမီတာပေါင်းများစွာကို ဖုံးလွှမ်းထားသည့် ကြီးမားသော စည်းတံဆိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ အောက်သို့ ကျဆင်းလာခဲ့သည်။
“ ဘာကြီး?? “
ကိုင်မို၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်၊ သူ၏ခန္ဓာကိုယ်သည် သူ၏ဆန္ဒ သဘောထား မပါဘဲ အလိုအလျောက် ရပ်တန့်သွားခဲ့သည်။
ထိုအချိန်တစ်ခဏတွင် ဆေဘာအလင်းတန်းသည် လေပြင်းမုန်တိုင်းတစ်ခုကဲ့သို့ ဖြတ်သန်းသွားခဲ့သည်။
ဖြွတ်ဟူသော အသံနှင့်အတူ ၎င်းသည် သူ၏နှလုံးသားကို ထိုးဖောက်သွားခဲ့သည်။
“ မဟုတ်ဘူးးးး !! “
ကိုင်မိုသည် သွေးရူးသွေးတန်း အော်ဟစ်လာခဲ့သည်။
သူသည် ကမ္ဘာ့ကြယ်သား ပါရမီရှင်တစ်ဦးဖြစ်ပြီး၊ နယ်မြေ၅၅၏ တပ်မှူးဖြစ်သည်၊ သူက ဤနေရာတွင် မည်ကဲ့သို့ သေဆုံးနိုင်ပါမည်နည်း?
သို့သော် အရာအားလုံးမှာ အချည်းနှီးသာဖြစ်ခဲ့ရပြီး၊ ဆေဘာထိုးဖောက်မှုနှင့်အတူ သူ၏နှလုံးသားသည် ချက်ချင်း ပြိုကွဲသွားခဲ့သည်။
သို့ရာတွင် စတုတ္ထအဆင့် ပညာရှင်တစ်ဦး၏ အသက်စွမ်းအားသည် အလွန်ကြီးမားလှသောကြောင့် နှလုံး မရှိတော့ဘူးဆိုလျှင်တောင်မှ သူသည် တစ်ခဏခန့် ရှင်သန်နေဦးမည် ဖြစ်သည်။
ရှုကျိုးသည် သူ့ကို လုံးဝသေဆုံးသွားသည်အထိ မပြုလုပ်လိုက်ပေ၊ သူသည် စိတ်ဝိညာဥ် ဝါးမြိုခြင်းအတွက် ထိုလူ့ကို ထိန်းသိမ်းထားမည် ဖြစ်သည်။
လက်ဝေ့ယမ်းမှုနှင့်အတူ ဝဲဂယက်တစ်ခု ပေါ်လာခဲ့ကာ ထိုလူ့အား သူ၏ဟင်းလင်းပြင် နေရာလွတ်ထဲသို့ စေလွှတ်လိုက်သည်။
…
“ ဒီဟာက အဆင့်၄နယ်ပယ်ရဲ့ စွမ်းအားလား? တော်တော်ကြီးကို စွမ်းတာပဲ “
ရှုကျိုးသည် သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားများကို ခံစားနေခဲ့ရသည်၊ စတုတ္ထအဆင့်သို့ ရောက်လိုစိတ်များ တောက်လောင်သွားခဲ့သည်။
ငါက ဒီလိုစွမ်းအားမျိုးကို ဘယ်အချိန်ရောက်မှ ပိုင်ဆိုင်နိုင်မှာလဲ?
သို့ရာတွင် သူသည် သူက စတုတ္ထအဆင့်သို့ ရောက်သွားသည့်အချိန်တွင် ယခုထပ် အဆပေါင်းများစွာ သာလွန်နေမည်ဆိုသည်ကို အလွန်သေချာနေခဲ့သည်။
ယခုလက်ရှိ အချိန်၌ သူသည် လျှို့ဝှက်နည်းစနစ်တစ်ခုကိုသာ အသုံးပြုထားခြင်းဖြစ်ပြီး၊ ထို့တိုင်အောင် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားသေးသည်။
နောင်အနာဂတ်တွင် သူက စတုတ္ထအဆင့်သို့ အမှန်တကယ် အဆင့်တက်သွားသည်နှင့်တစ်ပြိုင်နက် သူသည် စတုတ္ထအဆင့် အထွတ်အထိပ်မှ ပညာရှင်များကိုပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်လောက်သည်။
“ ဟူးးးးး “
ရှုကျိုးခန္ဓာကိုယ်အတွင်းရှိ အရှိန်အဝါသည် လျင်မြန်စွာ လျော့နည်းသွားပြီး၊ လျှို့ဝှက်နည်းစနစ်၏ အချိန် ကုန်ဆုံးသွားပြီဟု ဖော်ပြလာခဲ့သည်။
“ အချိန်ပြည့်သွားပြီလားဟ? ဆယ်မိနစ်တောင် မရှိသေးဘူးလေ “
ရှုကျိုးသည် အနည်းငယ် မကျေမနပ်ဖြစ်သွားခဲ့သည်၊ ငါးမိနစ်တောင် မပြည့်သေးဘူးလေ၊ အချိန်ပြည့်သွားပြီလားဟ??
ထိုကဲ့သို့ ဖြစ်ပေါ်ရသည့် အကြောင်းအရင်းမှာ ၎င်းသည် လနတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်ဖြစ်သောကြောင့် လနတ်ဘုရားဂိုဏ်း၏ ကျင့်ကြံရေး နည်းစနစ်များနှင့် တွဲဖက်လေ့ကျင့်မှသာလျှင် ဆယ်မိနစ်တိတိ တာရှည်ခံမည် ဖြစ်သည်။
ရှုကျိုးကမူ သိုင်းပညာ တက္ကသိုလ်တစ်ခုမှ ဂုဏ်ယူဖွယ်ရာ ကျောင်းသားတစ်ဦးဖြစ်ပြီး၊ ၎င်းကို အလုပ်ဖြစ်အောင် အသုံးချနိုင်ခြင်းကပင် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။
“ ဝရုန်းးးးးးးး !~~~ “
ထိုအချိန်တွင် သိပ်မဝေးသော နေရာမှ ကောင်းကင်ယံတွင် ဆူညံသံများ ပေါ်ထွက်လာခဲ့သည်။
မိုးပြာရောင် အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်တွင် ဖြာထွက်လာခဲ့ပြီး၊ မိုးပြာရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့် လူတစ်ဦးအဖြစ် ပြောင်းလဲသွားကာ၊ စတုတ္ထအဆင့်နယ်ပယ်၏ စွမ်းအားကို ထုတ်လွှင့်နေခဲ့သည်။
၎င်းသည် ကြယ်ပြာဂြိုဟ်ဘက်မှ နယ်မြေ ၅၅တပ်မှူး ချန်ကျီရို့ပင် ဖြစ်သည်။
“ အဲ့ခွေးသူတောင်းစား ကိုင်မို ဘယ်မှာလဲ? “
ချန်ကျီရို့သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း ကိုင်မိုကို ရှာမတွေ့ခဲ့ပေ။
သူ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးသွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။
ရှုကျိုးမှ သတင်းပို့လိုက်သည် “ တပ်မှူးချန်၊ ကိုင်မိုကို ကျွန်တော် ကိုင်တွယ်လိုက်ပါပြီ “
ချန်ကျီရို့သည် တအံ့တဩဖြစ်သွားကာ၊ ထို့နောက် တစ်စုံတစ်ခုကို သဘောပေါက်သွားပြီး၊ အဆင့်ဇယားကို ဖွင့်ကြည့်လိုက်သည်။
“ မင်းက ရှုကျိုးလား? “
“ ဟုတ်ပါတယ် “
“ မင်းက အလယ်အလတ် အဆင့်၃လား? “
“ ဟုတ်ပါတယ် “
“ မင်းကြီးတော်ကြီးကို ဟုတ်တာလား !!! ပေါက်ကရတွေ “
ချန်ကျီရို့သည် မအောင့်ထားနိုင်တော့ဘဲ ဆဲဆိုမိသွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ရှုကျိုးက စတုတ္ထအဆင့် ပညာရှင်အား သတ်ဖြတ်ခဲ့သည်ဆိုသည်ကို အဆင့်ဇယား၏ မှတ်တမ်းတွင် သူမြင်တွေ့ခဲ့သောကြောင့် ဖြစ်သည်။
ထို့အပြင် သူသည် စတုတ္ထတစ်ပိုင်း ပညာရှင်တစ်ယောက်၊ တတိယအဆင့် အထွတ်အထိပ် ပညာရှင် အယောက်၂၀နှင့် တတိယအဆင့် ပညာရှင် အယောက် ၄၀၀ကျော်ကိုလည်း သတ်ဖြတ်ခဲ့လေသည်။
အဲ့တာက အလယ်အလတ် တတိယအဆင့် ပညာရှင်တစ်ယောက်က လုပ်နိုင်တဲ့ အရာလို့ ငါ့ကို လာပြောနေတာလားဟ??
သို့သော် စစ်တပ်၏ အဆင့်ဇယားသည် အတုပြုလုပ်ကာ လိမ်လည်လှည့်ဖြား၍ ရသော အရာ မဟုတ်ပေ။
ချန်ကျီရို့သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ သူတို့ရဲ့ အလောင်းတွေကရော ဘယ်ရောက်သွားတာလဲ? “
ရှုကျိုးသည် နှာခေါင်းကို တို့ထိကာ ပြောလာခဲ့သည် “ အကုန်လုံးကို ပြာချလိုက်ပါပြီ “
ချန်ကျီရို့သည် အနည်းငယ် အံ့ဩသွားခဲ့သည် “ ဘယ်လိုနည်းစနစ်မျိုးမို့လို့ လူတစ်ယောက်ကို အစအနတောင် မကျန်စေခဲ့တာလဲဟ? “
ရှုကျိုးမှ ပြန်ပြောလိုက်သည် “ အဲ့တာက ပြောပြလို့ အဆင်မပြေဘူး “
၎င်းကို ကြားလိုက်ရသောအခါတွင် ချန်ကျီရို့သည် ထပ်မံ၍ တွန်းအားပေးမနေတော့ပေ၊ သူသည် အစစ်အမှန် သိုင်းပညာဌာနတွင် အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော လျှို့ဝှက်ချက်များစွာ ရှိနေပြီး၊ ထိုကဲ့သို့ ရှင်းပြ၍ မရနိုင်သည့် အရာများကို ပြုလုပ်ခြင်းက ပုံမှန်သာဖြစ်သည်ဟု သတ်မှတ်ထားခဲ့သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
သူသည် မည်ကဲ့သို့ ရှင်းပြရမလဲဆိုသည်ကို မသိသောကြောင့် တစ်ဖက်လူက မေးခွန်းများ ဆက်မေးလာမည်ကို စိုးရိမ်နေခဲ့သည်။
သူ့ထံတွင်လည်း အစစ်အမှန် သိုင်းပညာဌာနကဲ့သို့ လျှို့ဝှက်ချက်များစွာ ရှိနေခဲ့ပြီး၊ သွေးကြောမှတ် လည်ပတ်မှုသော်လည်းကောင်း၊ ဒုတိယအဆင့်နယ်ပယ်၏ အကန့်အသတ်သော်လည်းကောင်း မည်သည့်အရာကိုမဆို ဆင်ခြေတစ်ခုအဖြစ် အသုံးပြုနိုင်ပေသည်။
သူသည် လနတ်ဘုရားဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်ကို အသုံးပြုခဲ့သော်လည်း၊ ၎င်းက အစစ်အမှန် သိုင်းပညာဌာနမှ ဖန်တီးထားသည့် လျှို့ဝှက်နည်းစနစ်ဖြစ်သည်ဟု ဖြေရှင်းနိုင်ပြီး၊ ၎င်းက လနတ်ဘုရားဂိုဏ်းမှ ဖြစ်ပေါ်လာသည်ဟု မည်သူမှ သံသယဝင်သွားလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့်ပင် ရှုကျိုးသည် လဝိညာဥ်နည်းစနစ်ကို လူအများရှေ့တွင် အသုံးပြုရဲခြင်းဖြစ်သည်။
အကယ်၍ သူက မရှင်းပြခဲ့ဘူးဆိုရင်တောင်မှ လူအများစုသည် သူတို့၏ ကိုယ်ပိုင် သီအိုရီများဖြင့် မှန်းဆနေကြမည် ဖြစ်သည်။
ထိုအချိန်၌ အဲလိဇဘတ်နှင့် တစ်ခြားလူများကလည်း စိတ်ရှုပ်ထွေးနေသော အမူအရာများဖြင့် ရှေ့တက်လာခဲ့သည်။
“ ဒီလူ၊ အရင်က ငါတို့က သူ့ကို တကယ်ကြီးကို အကဲဖြတ်မှားခဲ့မိတာပဲ “
အဲလိတ်ဇဘတ်၏ စိတ်နှလုံးသား အံ့ဖွယ်ကောင်းလောက်အောင် ရှုပ်ထွေးနေခဲ့သည်၊ ယခင်က သူမတို့သည် ရန်ပြည်ထောင်၏ ဤနှစ်ခေါင်းဆောင်က အတော်လေး အားနည်းနေသည်ဟု ထင်နေခဲ့ကြသည်၊ သို့သော် ယခုကြည့်ရသလောက်ဆိုပါက သူမတို့ကသာလျှင် အမြင်အာရုံ ဝေဝါးနေခဲ့သည့်ပုံပင်။
ဤနေရာတွင် ရှိနေသည့် တစ်ခြားသော ပါရမီရှင်များကလည်း ထိုကဲ့သို့ပင် ခံစားနေခဲ့ရကာ ယခင်က သူတို့က မည်မျှအမြင်ကန်းခဲ့လဲဆိုသည်ကို တွေးတောစဥ်းစားနေကြတော့သည်။
ရန်ပြည်ထောင်၏ ယခုနှစ် ခေါင်းဆောင်သည် အလွန်တရာ အစွမ်းထက်လွန်းနေခဲ့ပြီး၊ အကယ်၍ တစ်ခြားသာ နိုင်ငံများမှ အဖွဲ့ခေါင်းဆောင်အားလုံး ပေါင်းစပ်လိုက်မည်ဆိုပါက သူတို့သည် သူ၏ပြိုင်ဘက် ဖြစ်နိုင်ပုံမပေါချေ။
“ ဒီနှစ်ရဲ့ ပထမနေရာကတော့ သတ်မှတ်ပြီးသွားပြီ “
အဲလိဇဘတ်သည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။
သို့သော် သူမသည် မည်သည့်မကျေမနပ်ဖြစ်မှုကိုမှ မခံစားခဲ့ရပေ၊ ရှုကျိုးကဲ့သို့သော လူတစ်ဦးကို ရှုံးနိမ့်ရခြင်းအား သူမ လက်ခံနိုင်ပေသည်။
…
အစောပိုင်း အချိန်များအတွင်းက
နယ်မြေ ၅၆
စခန်းတွင်
ဝေ့နင်းယွမ်သည် မှုန်မှိုင်းနေသော အမူအရာဖြင့် သူ၏ထိုင်ခုံပေါ်တွင် ထိုင်နေလျက်ရှိသည်။
သူသည် အဲလိဇဘတ်နှင့် တစ်ခြားသော ပါရမီရှင်များက အနက်ရောင် မုန်တိုင်းနှင့် ရင်ဆိုင်မိကာ ပျောက်ဆုံးသွားသည်ဆိုသည်ကို ကင်းထောက်စစ်သည်တော်များထံမှ ယခုလေးတင် ကြားသိခဲ့ရသည်။
“ နယ်မြေ ၅၅နဲ့ ၅၇က တိုက်ပွဲတွေကလည်း တော်တော်ကြီးကို ပြင်းထန်နေပြီ “
ဝေ့နင်းယွမ် အတွေးနက်သွားတော့သည် “ အထူးသဖြင့် နယ်မြေ ၅၅ပဲ၊ ငါတို့နဲ့ ရန်သူကြားမှာရှိတဲ့ ကွာခြားချက်က တော်တော်ကြီးတယ်၊ ငါတို့စစ်တပ်က တောင့်ခံထားနိုင်ဖို့ ရုန်းကန်နေရတုန်းပဲ။ တကယ်လို့ ငါတို့နယ်မြေက ကျဆုံးသွားမယ်ဆိုရင်၊ နယ်မြေ ၅၅ကလည်း သေချာပေါက် ကျဆုံးသွားလိမ့်မယ် “
သူသည် မျက်လုံးများ မှိတ်လိုက်ပြီး၊ တစ်ခဏခန့် အကြာတွင် စိတ်ပိုင်းဖြတ်ထားမှုများနှင့်အတူ ပြန်ဖွင့်လာခဲ့သည်။
သူသည် ဤကိစ္စကို ဆက်ပြီး တွယ်ကပ်မနေတော့ရန် ဆုံးဖြတ်လိုက်သည်။
ဝေ့နင်းယွမ်သည် မတ်တပ်ထရပ်ကာ အမိန့်များ ထုတ်ပြန်ရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ကင်းထောက်စစ်သည်တော်တစ်ဦးမှ အော်ပြောလာခဲ့သည် “ သတင်းကောင်းဗျို့ !! “
“ အဖွဲ့ရှစ်က ရန်သူ့တပ်စခန်းကို ရှာတွေ့ခဲ့ပါတယ် “
၎င်းကို ကြားလိုက်ရသောအခါတွင် ဝေ့နင်းယွမ်၏ မျက်လုံးများ တောက်ပသွားခဲ့သည် “ ကောင်းတယ် !!! ချက်ချင်း အမိန့်ထုတ်လိုက်၊ တပ်သားအားလုံး လူ ………….. “
သူ့စကား မဆုံးခင် အချိန်မှာပင် ကင်းထောက်တပ်သားမှ တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ပြောလာခဲ့သည် “ တပ်မှူး၊ ရန်သူ့စခန်းက ဖျက်ဆီးခံထားရပြီးသားပါ “
“ ဘာကြီး? “
ဝေ့နင်းယွမ် မှင်သက်သွားတော့သည်၊ ဖျက်စီးခံထားရပြီလား?
ကင်းထောက်တပ်ဖွဲ့က လုပ်လိုက်တာများလား?
မဖြစ်နိုင်ဘူး၊ လူဆယ်ယောက်ကျော်ကျော်ပဲပါတဲ့ ကင်းထောက်တပ်ဖွဲ့တစ်ခုက လူ၁၀၀ကျော်ပါတဲ့ ကမ္ဘာ့ကြယ် သိုင်းပညာရှင်တစ်အုပ်ကို ဖျက်စီးဖို့ မဖြစ်နိုင်ဘူး?
ထိုအချိန်တွင် စစ်သည်တော်မှ ရုတ်တရက် စကားပြောလာခဲ့သည် “ တပ်မှူး၊ ကိစ္စတစ်ခု ရှိပါသေးတယ်၊ ကျွန်တော်တို့စခန်းက ရှုကျိုးက အဆင့်ဇယားရဲ့ နံပတ်၁နေရာမှာ ရှိနေပါတယ် “
၎င်းကို ကြားလိုက်ရသောအခါတွင် တစ်စုံတစ်ခုကို ချက်ချင်း အမှတ်ရသွားပြီး၊ အဆင့်ဇယားကို အမြန်ဖွင့်ကြည့်လိုက်သည်။
ထို့နောက်တွင် သူသည် လုံးလုံးလျားလျား အံ့ဩသွားတော့သည်။
“ ဘာကြီး?? ရှုကျိုးက အဆင့်၄ ပညာရှင်ကို သတ်ခဲ့တာလား? အဆင့်၃ ပညာရှင် အယောက် ၄၀၀ကျော်ကိုသတ်ခဲ့တာလား? “
“ ဒါကြီးက …… “
စစ်တပ်က အမှားတစ်ခုခု လုပ်မိသွားတာများလား?
ရှုကျိုးက အလယ်အလတ် တတိယအဆင့်မှာပဲ ရှိသေးတာလေ၊ သူက ပါရမီ ဘယ်လောက်ရှိရှိ၊ စတုတ္ထအဆင့် ပညာရှင်လက်ကနေ လွတ်နိုင်မှာ မဟုတ်ဘူး၊ သတ်ဖို့ဆိုတာက အဝေးကြီးပဲ။
“ ပြီးတော့ တကယ်လို့ ရှုကျိုးက အဲ့လောက်ကြီး စွမ်းဆောင်နိုင်မယ်ဆိုရင်တောင်မှ ………. ငါတို့ရဲ့ ယ်မြေ၅၆မှာက ကမ္ဘာ့ကြယ်သိင်းပညာရှင်က လူတစ်ရာပတ်လည်လောက်ပဲရှိတာလေ၊ သူက လူအယောက် ၄၀၀ကျော်ဆိုတဲ့ မှတ်တမ်းကို ဘယ်လိုလုပ် ရသွားတာလဲ? “
ဝေ့နင်းယွမ်သည် ၎င်းကို အဖြေရှာမနိုင် ဖြစ်နေခဲ့သည်။
ပီ ပီ ပီ !!!
ထိုအချိန်တွင် စကားပြောဆက်အော်မြည်လာခဲ့သည်။
ဝေ့နင်းယွမ်သည် စကားပြောဆက်ကို ဖြေကြားလိုက်ရာ နယ်မြေ၅၅မှ ချန်ကျီရို့၏ အသံပေါ်ထွက်လာခဲ့သည် “ ဟယ်လို၊ တပ်မှူးဝေ့ “
“ တပ်မှူးချန်၊ တစ်ခုခု ဖြစ်လို့လား? “
ဝေ့နင်းယွမ်သည် စိတ်တင်းကြပ်သွားကာ နယ်မြေ၅၅တွင် တစ်ခုခုဖြစ်သွားပြီဟု ထင်သွားခဲ့သည်၊ အဘယ့်ကြောင့်ဆိုသော် နယ်မြေ၅၅ရှိ အခြေအနေက အလွန်ပြင်းထန်နေသည်ကို သူကြားသိခဲ့ရသောကြောင့် ဖြစ်သည်။
သို့သော် ချန်ကျီရို့သည် အူလှိုက်သည်းလှိုက် ရယ်မောရင်းဖြင့် ပြောလာခဲ့သည် “ သတင်းကောင်းဗျို့၊ သတင်းကောင်း “
“ သတင်းကောင်းလား? “ ဝေ့နင်းယွမ် ဇဝေဇဝါ ဖြစ်သွားတော့သည်။
ချန်ကျီရို့က ပြောလာခဲ့သည် “ ခင်ဗျားတို့ စခန်းက ရှုကျိုးက ကျုပ်စခန်းကို ရောက်လာခဲ့တယ်လေ၊ မသိဘူးလားဗျ? “
“ ခင်ဗျားက ဘာတွေ ပြောနေတာလဲဗျ? “
“ ဟားဟားဟား …… ရှုကျိုးက ဒီနေရာမှာရှိတဲ့ ကမ္ဘာ့ကြယ်သား အကုန်လုံးကို သတ်ခဲ့တယ်၊ အခုဆိုရင် နယ်မြေ၅၅က လွတ်မြောက်နယ်မြေ ဖြစ်လာပြီ “
ဝေ့နင်းယွမ်သည် ၎င်းကို ကြားကာ ဇဝေဇဝါ ဖြစ်သွားတော့သည်၊ ဘာတုန်းဟ??
ချန်ကျီရို့သည် တစ်စုံတစ်ခုကို မှတ်မိသွားပုံရပြီး၊ ဆက်ပြောလာခဲ့သည် “ အို့၊ ခင်ဗျားဘက်က အဲလိဇဘတ်ကလည်း ကျုပ်စခန်းကို ရောက်နေတယ်၊ ဒါပင်မဲ့ ရှုကျိုးနဲ့ ယှဥ်လိုက်မယ်ဆိုရင်တော့ သူမရဲ့ မှတ်တမ်းက အဲ့လောက် မဟုတ်ပါဘူး၊ အဆင့်၃ အထွတ်အထိပ် နည်းနည်းလောက်ပဲ သတ်နိုင်ခဲ့တယ် “
ဘုတ်ဟူသော အသံနှင့်အတူ ဝေ့နင်းယွမ်လက်ထဲရှိ စကားပြောစက်သည် အောက်သို့ ပြုတ်ကျသွားခဲ့သည်။
လွတ်မြောက်နယ်မြေဖြစ်သွားတာလား?
ရှုကျိုးက သူတစ်ယောက်တည်းရဲ့ ခွန်အားနဲ့ နယ်မြေ ၅၅နဲ့ ၅၆နှစ်ခုစလုံးကို လွတ်မြောက်အောင် လုပ်ပေးခဲ့တာလား?
ဒါကြီးက ……..
………………………………………………………………………………………………………………………………………..
အပိုင်း ( 368 )
နတ်စွမ်းရည် ဖွဲ့စည်းခြင်း
နယ်မြေ ၅၅၊ ကြယ်ပြာဂြိုဟ် တပ်စခန်း
ရှုကျိုးနှင့် ချန်ကျီရို့တို့သည် တစ်ခြားလူများနှင့်အတူ တပ်စခန်းသို့ အတူတူ ပြန်လာခဲ့ကြသည်။
ဤအချိန်တွင် ချန်ကျီရို့သည် ရှုကျိုးကို ကြည့်ကာ မေးမြန်းလာခဲ့သည် “ မင်းရဲ့ နောက်အစီအစဥ်တွေက ဘာလဲ? “
ယခုတွင် နယ်မြေ ၅၅သည် လွတ်မြောက်နယ်မြေ ဖြစ်သွားပြီး၊ ဤဒေသတစ်ခုလုံးသည် ကြယ်ပြာဂြိုဟ်လက်ထဲသို့ ကျရောက်သွားခဲ့ပြီဖြစ်သည်။
အကယ်၍ ကမ္ဘာ့ကြယ်က ထပ်မံ၍ ကျူးကျော်ချင်သည်ဆိုပါက၊ ၎င်းသည် ယခင်ကထပ် ပိုမိုခက်ခဲသွားလိမ့်မည် ဖြစ်သည်။
ယခုလက်ရှိ အချိန်၌ စစ်နယ်မြေအားလုံးသည် ပြင်းထန်သော တိုက်ပွဲများကို ဆင်နွှဲနေခဲ့ရပြီး၊ နယ်မြေ ၅၅ကမူ အချိန်တိုအတွင်းတွင် မည်သည့်အရာမှ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် စစ်တပ်သည် သူ၏ဆုံးဖြတ်ချက်ကို ဖိအားပေးမည် မဟုတ်ပေ။
သိုင်းပညာတက္ကသိုလ်များမှ ပါရမီရှင်များသည် အတွေ့အကြုံယူရန်နှင့် ရန်သူများကို သတ်ဖြတ်ရန်အတွက် ကွမ်ဟန်သို့ ရောက်လာကြခြင်း ဖြစ်သောကြောင့် သူတို့သည် အစမှ အဆုံးအထိ စစ်နယ်မြေ တစ်ခုတည်းတွင် နေထိုင်ရန် မဖြစ်နိုင်လှပေ။
ရှုကျိုးမှ ပြန်ပြောလာခဲ့သည် “ ကျွန်တော် အနီးအနားက စစ်နယ်မြေတွေဆီ သွားကြည့်မလို့ “
ချန်ကျီရို့မှ ခေါင်းငြိမ့်ပြ၍ ပြောလာခဲ့သည် “ ကောင်းပြီလေ၊ ဒါဆိုရင်လည်း အဲလိဇဘတ်ကို မင်းနဲ့အတူ ထည့်လိုက်မယ် “
“ ရပါတယ် “ ရှုကျိုးမှ ခေါင်းခါပြလိုက်သည် “ကျွန်တော်က တစ်ယောက်တည်း လှုပ်ရှားရတာကို အသားကျနေပြီ။ ပြီးတော့ အဲလိဇဘတ်က စစ်နယ်မြေ ၅၆ဆီ ပြန်ပြီးတော့ သတင်းပို့ရဦးမှာ၊ ကျွန်တော်တို့က လမ်းကြောင်းမသင့်ဘူး “
အဲလိတ်ဇဘတ်သည် ပါးစပ်ကို ဖွင့်ဟလာခဲ့သော်လည်း မည်သည့်စကားမှ မပြောလာခဲ့ပေ။
အမှန်တိုင်း ပြောရမည်ဆိုပါက သူမသည် ရှုကျိုးနှင့်အတူ လိုက်သွားချင်နေခဲ့သည်၊ သို့သော် သူက ထိုကဲ့သို့ ပြောလာခဲ့သောကြောင့် သူမသည် ထိုကိစ္စကို ဆက်၍ တွန်းအားမပေးတော့ချေ။
မည်သည့်ကန့်ကွက်မှုမှ မရှိဘူးဆိုသည်ကို မြင်လိုက်ရသောအခါတွင် ချန်ကျီရို့သည် ခေါင်းငြိမ့်၍ ပြောလာခဲ့သည် “ ဘာပဲဖြစ်ဖြစ်ပါလေ၊ မင်းတို့အစီအစဥ်အတိုင်း လုပ်ကြပေါ့ “
သူသည် ရှုကျိုးကိုကြည့်ကာ လေးလေးနက်နက် ပြောလာခဲ့သည် “ ရှုကျိုး၊ ဒီနေ့အတွက်တော့ ငါ၊ ချန်ကျီရို့က မင်းကို အကြွေးတစ်ခု တင်သွားပြီ။ ကျေးဇူးအများကြီး တင်ပါတယ် “
သူသည် အကယ်၍ ရှုကျိုးသာ ရောက်မလာခဲ့ဘူးဆိုပါက နယ်မြေ ၅၅က လုံးဝကျဆုံးသွားရလိမ့်မည်ဆိုသည်ကို သိနေခဲ့သည်။
ရှုကျိုးသည် လက်ဝေ့ယမ်းပြကာ ပြောလာခဲ့သည် “ ကျွန်တော့်ရဲ့ တာဝန်ကိုပဲ လုပ်နေတာပါဗျာ၊ ကျေးဇူးတင်ဖို့ မလိုပါဘူး၊ တပ်မှူးချန်ရာ “
ချန်ကျီရို့သည် ခေါင်းငြိမ့်ပြကာ နှုတ်ဆက်လာတော့သည် “ လမ်းခရီးမှာ ဘေးကင်းပါစေ “
ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ကာ မည်သည့်စကားမှ ထပ်မပြောတော့ဘဲ စခန်းအတွင်းမှ လှည့်ထွက်သွားတော့သည်။
သူတစ်ဦးတည်း သွားချင်နေရသည့် အကြောင်းအရင်းကား သူ၏ဟင်းလင်းပြင် နေရာလွတ်ထဲတွင် ရှိနေသည့် အရာများကို ဖြေရှင်းရန်အတွက် ဖြစ်သည်။
တစ်ခဏခန့်ကြာခဲ့ပြီးသည့်နောက်၌
အလင်းတန်းတစ်ခုသည် နယ်မြေ ၅၅၏ နယ်နိမိတ်မျဥ်းရှိရာဘက်သို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
…
ဤအချိန်တွင် ရှုကျိုးသည် လူသူကင်းမဲ့နေသည့် မြေပုံမပေါ်သေးသော နေရာတစ်ခုဆီသို့ ပျံသန်းရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကွမ်ဟန်ရှိ နေရာအများစုသည် မြေပုံမပေါ်သေးသည့် နေရာများဖြစ်ပြီး၊ နှစ်ဖက်စလုံးမှ စစ်တပ်များကပင် ဤနေရာသို့ ခြေမချကြပေ။
ဤအချိန်တွင် ရှုကျိုးသည် လူသူကင်းမဲ့နေသည့် ကုန်းမြေတစ်ခုပေါ်သို့ ဆင်းသက်လာခဲ့သည်။
သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ၊ မိုင်တစ်ရာအတွင်းတွင် မည်သည့်အရာမှ မရှိဘူးဆိုသည်ကို အတည်ပြုလိုက်ပြီးသည့်နောက်တွင် သူ၏လက်ကို ဝေ့ယမ်းလိုက်သည်။
“ ဗွီ !! “
ဝဲဂယက်တစ်ခု ပေါ်လာခဲ့သည်။
ရှုကျိုးသည် ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်အတွင်းရှိ ကမ္ဘာ့ကြယ်သားအကုန်လုံးကို ထုတ်ယူလိုက်သည်။
အဆိုပါ ကမ္ဘာ့ကြယ်သား အများစုသည် သေလုမျောပါးဖြစ်ကာ သတိမေ့လျော့နေကြသည်၊ စတုတ္ထအဆင့် ပညာရှင်ဖြစ်သည့် ကိုင်မိုကမူ ချွင်းချက်တစ်ခုဖြစ်သည်။
နှလုံးကွဲအက်ပျက်စီးသွားခဲ့သော်လည်း၊ စတုတ္ထအဆင့် ပညာရှင်တစ်ဦးဖြစ်သည့် သူသည် အသိရှိနေစဲပင် ဖြစ်သည်။
“ ဒါက၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? “
ဟင်းလင်းပြင်၏ ရုတ်တရက် ပြောင်းလဲမှုကို မြင်လိုက်ရသောအခါ၌ သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ဖြစ်တည်လာခဲ့သည်။
ကြယ်ပြာဂြိုဟ်မှ ဤလူငယ်လေး၏ နည်းလမ်းများသည် အလွန်တရာ ထူးဆန်းနေခဲ့သည်။
ဤအချိန်တွင် သူသည် တစ်ဖက်လူမှာ လူငယ်တစ်ဦးအဖြစ် ရုပ်ဖျက်ထားသည့် အဆင့်မြင့် ပညာရှင်တစ်ဦးဟုပင် သံသယဝင်သွားခဲ့သည်။
ရှုကျိုးသည် သူ၏အတွေးများကို လျစ်လျူရှုထားကာ၊ စည်းတံဆိပ်များ ရေးဆွဲ၍ အသက်ဓာတ်များကို စတင်၍ ဝါးမြိုနေတော့သည်။
“ ဝှစ် !!! “
အဖြူရောင် မြူမှုန်များသည် ရာနှင့်ချီသော ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့၏ အလောင်းများဆီမှ ခုန်ထွက်ကာ ရှုကျိုး၏ ခန္ဓာကိုယ်ထဲသို့ ပြေးဝင်လာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာ့ကြယ်သားတို့၏ အလောင်းများသည် စတင်၍ ညှိုးနွမ်းခမ်းခြောက်သွားခဲ့သည်။
မိနစ်ပိုင်းမျှကြာခဲ့ပြီးသည့်နောက်၌
ရှုကျိုး၏ အရှေ့တွင် ရာစုနှစ်ပေါင်းများစွာ ကြာရှည်ကာ ပုတ်သိုးဆွေးမြေ့သွားသည့် ဖြူဖြူဖွေးဖွေး အရိုးစုများသာ ကျန်ရှိနေတော့သည်။
ထိုစဥ် အဆုံးမဲ့ အသက်စွမ်းအင်များ ဝင်ရောက်လာမှုနှင့်အတူ၊ ရှုကျိုး၏ ခန္ဓာကိုယ်ပေါ်တွင် နတ်အလင်းလွှာတစ်ခု ဖြစ်တည်လာခဲ့ပြီး၊ သူ့အား နတ်ဘုရားတစ်ပါးကဲ့သို့ ခံ့ညားထည်ဝါသွားစေခဲ့သည်။
“ နောက်တစ်မျိုး ပြောရမယ်ဆိုရင်တော့ ငါက ဒီလူတွေကို ကယ်တင်ပေးလိုက်တာပဲ “
ရှုကျိုးသည် အသာအယာ ပြုံးနေတော့သည်။
ထို့နောက်တွင် သူသည် အဆိုပါ အလောင်းများဆီမှ ကမ္ဘာ့ကြယ် သလင်းကျောက်များကို ထုတ်ယူရန်အတွက် မိနစ်အနည်းငယ်မျှ အချိန်ယူခဲ့ရသည်။
“ ဒီသလင်းကျောက်တွေက ကမ္ဘာ့ကြယ်သားတွေရဲ့ ကျင့်ကြံရေး အရင်းအမြစ်ဖြစ်နေတာက တကယ်ကြီးဟ “
ကမ္ဘာ့ကြယ်သားတိုင်းလိုလိုတွင် ကမ္ဘာ့ကြယ် သလင်းကျောက်များ ရှိနေခဲ့သည်။
ထို့အပြင် ကမ္ဘာ့ကြယ်သားတို့၏ စွမ်းအားက မြင့်လေလေ၊ သူတို့သယ်ဆောင်ထားသည့် ကမ္ဘာ့ကြယ် သလင်းကျောက်များက ပိုမိုသန့်စင်လေလေပင် ဖြစ်သည်။
ဥပမာအားဖြင့် ကိုင်မို သယ်ဆောင်ထားသည့် ကမ္ဘာကြယ် သလင်းကျောက်သည် လက်သီးဆုပ် အရွယ်မျှရှိပြီး၊ ဖျော့တော့သော ရောင်ခြည်တစ်ခုကို ထုတ်လွှင့်နေကာ ၎င်းက တစ်ခြားလူများ၏ ပစ္စည်းများထပ် အရည်အသွေးပိုကောင်းသည်မှာ သိသာလွန်းနေခဲ့သည်။
“ ကြီးမားတဲ့ ရိတ်သိမ်းမှုပဲ “
ရှုကျိုးသည် စိတ်ခံစားချက်များနှင့်အတူ သက်ပြင်းချနေတော့သည်၊ ဤတစ်ကြိမ်အတွင် သူသည် ကမ္ဘာ့ကြယ် သလင်းကျောက်များအပြင် တစ်ချို့သော လက်နက်များကိုပါ သိမ်းဆည်းရရှိခဲ့သည်။
“ ကမ္ဘာ့ကြယ်သားတွေရဲ့ လက်နက်အများစုကို သူတို့ရဲ့ စိတ်စွမ်းအားတွေနဲ့ ပျိုးထောင်ထားတာတော့ နှမြောစရာကြီးကွာ၊ လူသေသွားတာနဲ့ လက်နက်ရဲ့ စွမ်းအားနဲ့ တန်ဖိုးကလည်း သိသိသာသာ လျော့သွားတယ် “
ဥပမာအားဖြင့် ကိုင်မို၏ အသက်ဝိညာဥ်လက်နက် - သူ၏ စိတ်ဝိညာဥ်ဓား !!
သက်ရှိထင်ရှားရှိခဲ့စဥ် အချိန်က ၎င်းသည် ထူးဆန်းသော စွမ်းအားတစ်မျိုးကို ထုတ်လွှတ်နိုင်ပေသည်၊ သို့သော် ကိုင်မိုသေဆုံးသွားသည့်နောက်တွင် ဓားသည် ၎င်း၏ စွမ်းအားနှင့် ဂုဏ်သရေများစသည်ဖြင့် အရာအားလုံး ပျောက်ဆုံးသွားခဲ့သည်။
အလောင်းများကို ရှာဖွေခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် သူ၏ လက်ကို ဝေ့ယမ်းကာ အဆိုပါ အရိုးဖြူအားလုံးကို အပြည့်အဝ သန့်စင်လိုက်သည်။
“ ငါ့ကိုယ်ထဲမှာရှိတဲ့ ဘိုးဘေးနဂါးခြင်ဆီသွေးက အရင်ကထပ် ပိုပြီးတော့ အားကောင်းလာတယ် “
ရှုကျိုးသည် သူ၏ခန္ဓာကိုယ်အတွင်းပိုင်းကို ကြည့်လိုက်ရာ၊ ထူထဲသည့် ရွှေရောင်အရည်များက ခဲသွားတော့လုမတတ် ဖြစ်နေကာ ကြာဖူးကို ဖုံးအုပ်ထားသည့် ရွှေရောင် အကာအရံအဖြစ် ဖွဲ့တည်နေခဲ့သည်။
“ ဆိုတော့ ဒီရွှေရောင် အကာအရံက အချုပ်အနှောင်တစ်ခု မဟုတ်ဘဲ၊ စည်းတံဆိပ်တစ်ခုနဲ့ ပိုတူနေသလိုပဲ “
ထိုအချိန်တွင် ရှုကျိုးသည် ရုတ်တရက် ဉာဏ်အလင်းပေါက်သွားခဲ့သည်။
ယခင်က သူသည် အဆိုပါ ရွှေရောင်အတားအဆီးက သူ၏အဆင့်တက်မှုကို တားဆီးနေသည့် အချုပ်အနှောင်တစ်ခုသာ ဖြစ်သည်ဟုသာ အမြဲလိုလို တွေးထင်နေခဲ့သည်။
သို့သော် ယခုတွင်ကား ၎င်းသည် ထိုကဲ့သို့ ဟုတ်ပုံမပေါ်ချေ။
ဘိုးဘေးနဂါးခြင်ဆီသွေးထံတွင် ရိုင်းစိုင်းကြမ်းကြုတ်သည့် သဘောသဘာဝ ရှိကာ လူသားခန္ဓာကိုယ်အား နဂါးမျိုးနွယ်စု၏ ခန္ဓာကိုယ် အဖြစ် ပြောင်းလဲချင်နေသည်ကို အမှတ်ရကြရမည် ဖြစ်သည်။
သို့သော် ကြာပန်း၏ တည်ရှိမှုကြောင့် ၎င်းသည် ဤနေရာတွင်သာ ချိတ်ပိတ်ခံထားရပြီး၊ လူသားန္ဓာကိုယ်ထဲသို့ ကျူးကျော်မဝင်ရောက်နိုင်ခဲ့ပေ။
“တကယ်တော့ ငါက ဒီနေ့မှာပဲ ငါ့ရဲ့ ပထမဦးဆုံး နတ်စွမ်းရည်ကို ဖွဲ့စည်းနိုင်လောက်တယ် “
ရှုကျိုးသည် ပြုံးစိစိ ဖြစ်သွားခဲ့ကာ၊ သူ၏ ပုံရိပ်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ အဝေးသို့ ပျံသန်းသွားတော့သည်။
…
နယ်မြေ ၄၅
မြေမျက်နှာသွင်ပြင် အနေအထားတို့ကြောင့် နယ်မြေ ၅၅အနားရှိ အိမ်နီးချင်းနယ်မြေသည် ၅၄မဟုတ်ဘဲ နယ်မြေ၄၅ ဖြစ်နေခဲ့သည်။
နယ်မြေ၄၅၏ ကြယ်ပြာဂြိုဟ် တပ်မှူး ဂျယ်ရီယန်သည် ရှုကျိုးက သူ၏စစ်နယ်မြေထဲသို့ ရောက်လာသည်ဟု ကြားသိလိုက်ရသောအခါတွင် သူ့ကို ကြိုဆိုရန်အတွက် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ စခန်း၏ ဝင်ပေါက်ဝတွင် လာရောက်စောင့်ဆိုင်းနေခဲ့သည်။
……………………………………………………………………………………………………………………………………….
အပိုင်း ( 369 )
နတ်စွမ်းရည် ဖွဲ့စည်းခြင်း ၂
ဂျယ်ရီယန်သည် ရွှေအိုရောင် ဆံသားကို ပိုင်ဆိုင်ထားသည့် မီးပြတိုက်နိုင်ငံမှ သိုင်းပညာရှင်တစ်ဦးဖြစ်သည်၊ သို့သော် ဤစစ်နယ်မြေတွင် ဆင်ဖြူနိုင်ငံမှ သိုင်းပညာရှင်များသာ ပိုမို များပြားနေခဲ့သည်။
လူအုပ်အတွင်းရှိ ဗစ်ခရမ်နှင့် ဆင်ဖြူနိုင်ငံမှ ပါရမီရှင်များသည် တောင့်တောင့်ကြီး မတ်တပ်ရပ်နေလျက်ရှိသည်။
“ ခေါင်းဆောင်၊ ရှုကျိုး ရောက်လာတဲ့အချိန်ကျရင် ကျုပ်တို့က ဘာလုပ်ရမှာလဲ? “
တစ်စုံတစ်ဦးမှ မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည်။
ဗစ်ခရမ်၏ အမူအရာမှာလည်း တင်းမာနေလျက်ရှိပြီး၊ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ ငါတို့က ဘာလုပ်နိုင်မှာမို့လို့လဲ? ငါတို့လုပ်ရမဲ့ဟာကိုပဲ လုပ်ရမှာပေါ့။ မေးနေဖို့ လိုသေးလို့လား? “
“ ဒါပင်မဲ့ အရင်တုန်းက ကျွန်တော်တို့က သူ့မကောင်းကြောင်း ပြောထားခဲ့တာလေ …….. တကယ်လို့ သူပြဿနာရှာလာရင် ဘယ်လိုလုပ်မလဲ? “
ဆင်ဖြူနိုင်ငံမှ သိုင်းပညာရှင်များသည် စိတ်မသက်မသာ ဖြစ်နေကြသည်။
ယခင်က သူတို့သည် ရန်ပြည်ထောင်၏ ယခုနှစ်ခေါင်းဆောင်က ဘာမှမဟုတ်ဘဲ ယခင်နှစ်က ခေါင်းဆောင်းထပ်ပင် အခြေအနေ ပိုဆိုးရွားသည်ဟု ပြောခဲ့ကြသည်။
သို့သော် အမှန်တရားသည် သူတို့၏ မျက်နှာများကို ဖြတ်ရိုက်သွားခဲ့သည်။
ဗစ်ခရမ်၏ အမူအရာမှာလည်း ထပ်ခါတလဲလဲ ပြောင်းလဲသွားပြီး၊ နှာမှုတ်လာခဲ့သည် “ ဟမ့်၊ တကယ်လို့ သူလာမယ်ဆိုရင်လည်း၊ လာခိုင်းလိုက်ပေါ့။ ငါက သူ့ကို ကြောက်နေမယ်လို့ ထင်နေတာလား? သူက အဆင့်၄ ပညာရှင်ကို ကံကောင်းလို့ သတ်နိုင်ခဲ့တာ၊ ချန်ကျီရို့ရဲ့ အကူအညီကြောင့်သာ အဲ့လိုလုပ်နိုင်ခဲ့တာ “
အားလုံးသည် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အမူအရာများဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့သည်။
သူတို့သည် ဗစ်ခရမ်၏ ပြောစကားများက ထင်မြင်ယူဆချက်များသာ ဖြစ်သည်ဆိုသည်ကို သိနေကြသော်လည်း ယခုလက်ရှိအချိန်တွင် ဗစ်ခရမ်ကို ရန်သွားစရလောက်သည်အထိ ဉာဏ်မတိမ်ကြပေ။
ဆင်ဖြူနိုင်ငံမှ လူတစ်ဦးသည် သံယောင်လိုက်၍ ပြောလာခဲ့သည် “ အဲ့တာက အမှန်ပဲ ရှုကျိုးက အလယ်အလတ် အဆင့်၃မှာပဲ ရှိနေသေးတယ်၊ သူက အဆင့်၄ ပညာရှင်နဲ့ ယှဥ်နိုင်တိုက်မှာ မဟုတ်ဘူး “
“ ဟုတ်တယ်၊ သူ့ရဲ့ ရလဒ်တွေက တော်တော်ကြီးကို ပုံကြီးချဲ့ထားလွန်းတယ်လို့ ငါထင်တယ် “
“ မင်းအားလုံး တိတ်ကြစမ်း !! “
အရှေ့ဘက်ရှိ တပ်မှူး ဂျယ်ရီယန်သည် သူတို့ကို စိုက်ကြည့်၍ အော်ငေါက်လာခဲ့သည်။
သူသည် ရှုကျိုးနှင့် ဤလူများကြားတွင် ပဋိပက္ခရှိနေသည်ဆိုသည်ကို သိနေခဲ့သည်။
ဒီဆင်ဖြူနိုင်ငံက အရူးတွေကတော့ကွာ၊ တိုးတိုးတိတ်တိတ် ပြောရမဲ့ ကိစ္စတွေကို၊ လူကြားထဲ လျှောက်ပြောနေတယ်ပေါ့။
တကယ်လို့ ရှုကျိုးသာ သိသွားမယ်ဆိုရင်တော့၊ သောက်ပြဿနာပဲ။
သူသည် သတ်ဖြတ်လိုစိတ်များဖြင့် ဗစ်ခရမ်ကို စိုက်ကြည့်လိုက်သည် “ တကယ်လို့ မင်းတို့က ရှုကျိုးကို ဒေါသထွက်သွားအောင် လုပ်ရဲနေမယ်ဆိုရင် ငါက မင်းတို့ကို တစ်စစီ ဆုတ်ဖြဲပစ်မယ် “
“ မင်း ……. “
ဗစ်ခရမ်၏ အမူအရာသည် အလွန်တရာ ဆိုးရွားသွားတော့သည်။
ဆင်ဖြူနိုင်ငံမှ ထိပ်တန်းပါရမီရှင်တစ်ဦးအနေဖြင့် သူသည် ထိုကဲ့သို့ ဆက်ခံနေရသော်လည်း ခေါင်းငုံ့ခံနေရုံသာ တတ်နိုင်ခဲ့သည်။
တင်းကြပ်သော စစ်မိန့်များကြောင့်သာလျှင် မဟုတ်ဘဲ၊ ယခုလက်ရှိ အချိန်တွင် ရှုကျိုး၏ ဂုဏ်သတင်းက ကွမ်ဟန်တစ်ခုလုံးတွင် ပျံ့နှံ့နေပြီဖြစ်ကာ၊ ရှေ့တန်းစစ်မျက်နှာပြင်အားလုံးက သူ့ကို ချက်ချင်း ခေါ်ယူချင်နေကြသောကြောင့် ဖြစ်သည်။
ကမ္ဘာနှစ်ခုကြားရှိ တိုက်ပွဲတွင် နှစ်ဖက်စလုံးသည် အနိမ့်ပိုင်းအဆင့်မှ ပညာရှင်များက အမြင့်ပိုင်းအဆင့်မှ ပညာရှင်များကို စိန်ခေါ်တိုက်ခိုက်ခြင်းအား မသိကျိုးနွံပြုကာ ခွင့်ပြုပေးထားခဲ့သည်။
တို့ကြောင့်ပင် အနိမ့်ပိုင်းသုံးဆင့် ပညာရှင်နှင့် အနိမ့်ပိုင်းသုံးဆင့် ပညာရှင်တို့၏ တိုက်ပွဲ၊ အနိမ့်ပိုင်းသုံးဆင့် ပညာရှင်နှင့် အလယ်အလတ်သုံးဆင့် ပညာရှင်တို့၏ တိုက်ပွဲများ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။
အစစ်အမှန် သိုင်းပညာဌာနက အဆင့်ကျော်တိုက်ခိုက်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့သော်လည်း၊ ၎င်းသည် ကမ္ဘာ့ကြယ် သိုင်းပညာရှင်များနှင့် ရင်ဆိုင်ရာတွင် အားသာချက်ကြီးကြီးမားမား ရမနေခဲ့ပေ။
သို့သော် ရှုကျိုးကမူ အလယ်အလတ် တတိယအဆင့်နယ်ပယ်ဖြင့် စတုတ္ထအဆင့် ပညာရှင်ကိုပင် သတ်ဖြတ်နိုင်ခဲ့သည်၊ ၎င်းသည် လောကနိယာမ စည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်နေသည်ဟုပင် ထင်မြင်ယူဆ၍ ရပေသည်။
သူက စတုတ္ထအဆင့် ပညာရှင်များကို စိတ်ကြိုက်သတ်ဖြတ်နိုင်သော်လည်း၊ စတုတ္ထအဆင့် ပညာရှင်များကမူ သူ့ကို စိတ်လိုလက်ရ မတိုက်ခိုက်နိုင်ကြပေ။
ထို့ကြောင့် ရှုကျိုးသည် စစ်နယ်မြေ အကုန်လုံး၏ ရေပန်းစားသော အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့သည်။
သူတို့သည် သူရောက်လာမည့် အချိန်ကို မစောင့်နိုင်လောက်သည်အထိ ဖြစ်နေလျက်ရှိသည်။
ရှုကျိုး ရောက်လာတော့မည်ဟု ကြားလိုက်ရသောအခါတွင် ဂျယ်ရီယန်သည် သူ့ကို ကြိုဆိုရန်အတွက် တပ်သားများကို ချက်ချင်းဆင့်ခေါ်ခဲ့သည်။
“ သူရောက်လာပြီ !! “
ထိုအချိန်တွင် ဂျယ်ရီယန်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။
“ ဝှစ် “
ကောင်းကင်ထက်ရှိ အလင်းတန်းသည် ချောမောခန့်ညားသည့် လူငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။
“ ညီအစ်ကိုရှု၊ ငါတို့က မင်းကိုစောင့်နေတာ အတော်ကြာနေပြီ “
ဂျယ်ရီယန်သည် အားပါးတရ ရယ်မောကာ လူအုပ်ကို ဦးဆောင်၍ အရှေ့သို့ တက်လာခဲ့သည်။
ရှုကျိုးသည် လက်ဆီးဆုပ်၍ အရိုအသေပြုကာ ပြန်ပြောလိုက်သည် “ တပ်မှူးဂျယ်ရီ၊ ကျွန်တော်က ခင်ဗျားအကြောင်းကို အများကြီး ကြားခဲ့ဖူးပါတယ် “
“ လာပါ၊ အထဲကို ကြွပါ “
ရှုကျိုးသည် လူအုပ်နောက်မှ လိုက်လာ စခန်းထဲသို့ ဝင်သွားတော့သည်။
ဗစ်ခရမ်နားမှ ဖြတ်သွားသည့် အချိန်တွင် သူသည် ထိုလူ၏ အကြည့်ကို အာရုံခံမိသွားကာ၊ သူ့ဘက်သို့ လှည့်ကြည့်ကာ အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး၊ စခန်းအတွင်းသို့ လျှောက်လှမ်းသွားတော့သည်။
ရှုကျိုးအမြင်တွင် ဗစ်ခရမ်ကဲ့သို့သော လူများသည် သူ၏ပြိုင်ဘက် ဟုတ်မနေတော့ပေ။
ထို့ကြောင့် သူသည် ယခင်ကကိစ္စများကို လျစ်လျူရှုလိုက်တော့မည် ဖြစ်သည်။
ရှုကျိုး၏ ပစ်မှတ်သည် စတုတ္ထအဆင့် ပညာရှင်များသာလျှင် ဖြစ်သည်။
ဗစ်ခရမ်မှာလည်း တစ်စုံတစ်ခုကို နားလည်သွားပုံရသည် “ ဆိုတော့ ငါအမြဲလိုလို စိန်ခေါ်ချင်ခဲ့တဲ့ ပြိုင်ဘက်က သူ့မျက်လုံးတွေထဲမှာ ဘာမှ မဟုတ်ဘူးပေါ့ “
ဗစ်ခရမ်သည် မှုန်မှိုင်းနေသော အမူအရာဖြင့် လက်သီးများ ဆုပ်လိုက်သော်လည်း၊ မည်သည့်စကားမှ မပြောဘဲ၊ စခန်းအတွင်းသို့ လျင်မြန်စွာ ပြေးလိုက်သွားတော့သည်။
…
တပ်မှူးတဲအတွင်း၌
ရှုကျိုးသည် နယ်မြေ ၅၅နှင့် ၅၆တို့၏ အခြေအနေများကို ဂျယ်ရီယန်ထံ တင်ပြနေလျက်ရှိသည်။
သူ၏စကားကို နားထောင်ခဲ့ပြီးသည့်နောက်တွင် ဂျယ်ရီယန်သည် မနေနိုင်တော့ဘဲ သက်ပြင်းချမိသွားခဲ့သည် “ အဲ့ဒီ နယ်မြေနှစ်ခုက ကမ္ဘာ့ကြယ်ရဲ့ ကျူးကျော်မှုကို ခံခဲ့ရတဲ့ အချိန်ကတည်းက စပြီးတော့ နှစ်စဥ်နှစ်တိုင်းမှာ စစ်ဆင်ရေးတွေ စစ်ပွဲတွေ ဆက်တိုက်လုပ်နေခဲ့ပင်မဲ့ ရန်သူကို လုံးဝ မောင်းမထုတ်နိုင်ခဲ့ဘူး “
“ မင်းရောက်လာမှပဲ အဲ့နယ်မြေနှစ်ခုစလုံးက လွတ်မြောက်နယ်မြေတွေ ဖြစ်သွားကြတယ် “
ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းကို ခါရမ်းကာ မေးမြန်းလိုက်သည် “ ဒီနယ်မြေက အခြေအနေတွေကရော ဘယ်လိုရှိလဲဗျ? “
“ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်တုန်းကတော့ တိုက်ပွဲဖြစ်ခဲ့တယ်၊ ဒါပင်မဲ့ ရှေ့တိုးမရ နောက်ဆုတ်မရ အခြေအနေနဲ့ပဲ ပြီးသွားခဲ့တယ်။ တကယ်လို့ ငါတို့ကသာ ရန်သူကို မောင်းထုတ်ချင်တယ်ဆိုရင်၊ အဲ့တာက ဆုတ်ယုတ်ရေးစစ်ပွဲတစ်ခု ဖြစ်သွားလိမ့်မယ် “
( ပေးဆပ်မှုကြီးသွားလိမ့်မယ်ဆိုတဲ့ သဘောပါ)
ဂျယ်ရီသည် သက်ပြင်းချနေရင်းဖြင့် ခေါင်းတခါခါ ဖြစ်သွားခဲ့သည်၊ ထို့နောက်တွင် သူသည် ပျော်ရွှင်စွာ ထပ်ဖြည့်ပြောလာခဲ့သည် “ ဒါပင်မဲ့ ညီအစ်ကိုရှုက ဒီရောက်လာပြီဆိုတော့၊ အခြေအနေက မတူတော့ဘူး “
ရှုကျိုးမှ မေးမြန်းလိုက်သည် “ ရန်သူ့စခန်းရဲ့ အစွမ်းအစက ဘယ်လောက်ရှိလဲ? “
“ ရန်သူ့ဘက်မှာက အစောပိုင်း အဆင့်၄ ပညာရှင်နှစ်ယောက်နဲ့ အဆင့်၃ အထွတ်အထိပ် စစ်သည်တော် အယောက် ၅၀ကျော်လောက်ပဲ ရှိတယ် “
ဂျယ်ရီယန်မှ ခေါင်းခါပြလာခဲ့သည် “ ငါတို့ဘက်မှာတော့ အဆင့်၄က ငါတစ်ယောက်ပဲ ရှိတယ်၊ အဆင့်၄တစ်ပိုင်း ပညာရှင် သုံးယောက်တော့ ရှိတယ်၊ အဆင့်၃ အထွတ်အထိပ် ပညာရှင် အယောက်၅၀ကျော်နဲ့ ဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေး အစီအရင်က တော်တော်ကြီးကို ကြောက်ဖို့ကောင်းတယ်၊ ငါတောင်မှ ထိပ်တိုက်မရင်ဆိုင်ရဲဘူး “
“ ခြုံပြောရရင်တော့ နှစ်ဖက်စလုံးရဲ့ တိုက်ခိုက်ရေးစွမ်းအားက အတူတူလောက်ပါပဲ “
ဂျယ်ရီယန်သည် အပြုံးဖြင့် ဆက်ပြောလာခဲ့သည် “ အခုကတော့ မတူတော့ဘူး၊ အဆင့်၄နဲ့ ယှဥ်နိုင်တဲ့ ညီအစ်ကိုရှု ရောက်လာပြီဆိုတော့၊ ငါတို့က နှင်းတောထဲမှာ မီးသွေးရလိုက်သလိုပဲ “
ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်ပြီး၊ မျက်လုံးများ တောက်ပသွားတော့သည်။
တတိယအဆင့် အထွတ်အထိပ် စစ်သည်တော် အယောက် ၅၀ကျော် !!!
တကယ်လို့ ငါကသာ သူတို့အားလုံးကို ဝါးမြိုနိုင်မယ်ဆိုရင်၊ ငါ့ရဲ့စွမ်းအားက ဘယ်လောက်တောင် တိုးတက်လာနိုင်မလဲ?
သို့ရာတွင် ထိုကဲ့သို့ မပြုလုပ်ခင် အချိန်တွင် သူသည် ယခင်က ရရှိထားသည့် အကျိုးအမြတ်များကို အရင်ဦးဆုံး ရိတ်သိမ်းရဦးမည် ဖြစ်သည်။
ထိုအတွေးနှင့်အတူ ရှုကျိုးမှ ချက်ချင်းစကားပြောလာခဲ့သည် “ တပ်မှူးဂျယ်ရီ၊ ကျွန်တော်က တိုက်ပွဲကြီးတစ်ခု တိုက်ခဲ့ပြီးတော့ ဉာဏ်အလင်းတစ်ချို့ ရခဲ့တယ်။ တံခါးပိတ် ကျင့်ကြံလို့ရမဲ့ နေရာတစ်ခုလောက် ရှိလားဗျ? “
ဂျယ်ရီ၏ မျက်လုံးများ တောက်ပသွားကာ၊ ချက်ချင်း ခေါင်းငြိမ့်ပြလာခဲ့သည် “ သေချာပေါက်ရှိတာပေါ့၊ အဲ့ကို ခေါ်သွားပေးမယ် “
သူသည် ရှုကျိုးက အဆင့်တက်ရန် ပြင်ဆင်တော့မည်ဆိုသည်ကို သိနေခဲ့သည်။
အကယ်၍ ရှုကျိုး၏ စွမ်းအားက ပိုမိုအားကောင်းလာမည်ဆိုပါက၊ ၎င်းမှာ သူ့အတွက်လည်း သတင်းကောင်းတစ်ခု ဖြစ်နေလိမ့်မည် ဖြစ်သည်။
…
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် တဲထဲတွင် ထိုင်ချလိုက်သည်။
“ အခုတော့ ဘိုးဘေးနဂါးခြင်ဆီသွေးကို ကိုင်တွယ်ဖို့ အချိန်ကျပြီ “
ရှုကျိုးသည် အသာအယာ ပြုံးကာ ကမ္ဘာ့ကြယ် သလင်းကျောက်ကို ထုတ်ယူလိုက်သည်။
သူသည် ဤတစ်ကြိမ်တွင် ဘိုးဘေးနဂါးခြင်ဆီသွေးကို သူ၏ခန္ဓာကိုယ်နှင့် ရောစပ်နိုင်သည်အထိ လုံလောက်သော ကမ္ဘာ့ကြယ် သလင်းကျောက် ပမာဏကြီးတစ်ခုကို ရိတ်သိမ်းနိုင်ခဲ့သည်။
“ ဇွီ !! “
ရှုကျိုးမှ သူ၏လက်များဖြင့် စည်းတံဆိပ်များ ရေးဆွဲ၍ လျှို့ဝှက်နည်းစနစ်ကို အသက်သွင်းလိုက်ရာ၊ ချက်ချင်းဆိုသလိုပင် ဖရိုဖရဲစွမ်းအင်များသည် ကမ္ဘာ့ကြယ် သလင်းကျောက်များဆီမှ တိုးထွက်လာခဲ့သည်။
ထို့နောက်တွင် ရှုကျိုးသည် ဘိုးလေးနဂါးခြင်ဆီသွေးကို ကျွမ်းကျင်ပိုင်နိုင်စွာ အရည်ပျော်သွားစေကာ ရွှေရောင်အရည်များအဖြစ် ပြောင်းလဲသွားစေပြီး၊ ၎င်းတို့အား သွေးကြောမှတ် လည်ပတ်မှုထဲသို့ စီးဆင်းသွားစေကာ၊ ထို့နောက်တွင် နှလုံးတံခါးပေါက်ဆီသို့ စေလွှတ်လိုက်တော့သည်။
“ ဗွီ !!! “
ပလက်တီနမ်ကဲ့သို့သော မျိုးစေ့သည် အနည်းငယ် တုန်ခါလာခဲ့သည်။
ဘိုးဘေးနဂါးခြင်ဆီသွေးသည် နှလုံးတံခါးပေါက်၏ လျှို့ဝှက်စွမ်းအားတို့နှင့် ပေါင်းစည်းသွားကာ၊ သိပ်သည်းသော ရွှေရောင်စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး၊ နတ်စွမ်းရည်မျိုးစေ့နှင့် အဆက်မပြတ် ပေါင်းစပ်နေတော့သည်။
အချိန်များ ဖြည်းညှင်းစွာ ကုန်ခမ်းသွားခဲ့သည်။
နာရီဝက်
တစ်နာရီ
သုံးနာရီ
ရွှေရောင်စွမ်းအင်များ ပေါင်းစည်းလာမှုနှင့်အတူ ဒုတိယမြောက် အက်ကြောင်းသည် နတ်စွမ်းရည် မျိုးစေ့၏ မျက်နှာပြင်ပေါ်တွင် ဖြစ်တည်လာခဲ့သည်။
ထို့နောက်တွင် တတိယမြောက်၊ စတုတ္ထမြောက်နှင့် ပဥ္စမမြောက် အက်ကြောင်းများ ဆက်တိုက် ပေါ်ထွက်လာခဲ့သည်။
ပဥ္စမမြောက် အက်ကြောင်း ပေါ်လာသည့် အချိန်တွင် နတ်စွမ်းရည်မျိုးစေ့တစ်ခုလုံး စတင်၍ လှုပ်ခါလာခဲ့သည်။
“ဗွီ ဗွီ !!! “
နတ်စွမ်းရည်မျိုးစေ့သည် ကြက်ကလေးတစ်ကောင်က ဥခွံထဲမှ တိုးထွက်နေသကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း လှုပ်ခါနေခဲ့ပြီး၊ မျက်နှာပြင်တစ်ခုလုံးပေါ်တွင် အက်ကြောင်းများ ထလာခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာ၌ ခရက်ဟူသောအသံနှင့်အတူ နတ်စွမ်းရည်မျိုးစေ့သည် အပြည့်အဝ ကွဲအက်သွားတော့သည်။
သန့်စင်သော မီးတောက်တစ်ခု ပေါ်ထွက်လာခဲ့သည်။
“ ဒါက ငါ့ရဲ့ မီးနတ်စွမ်းရည်လား? “
နတ်စွမ်းရည်မျိုးစေ့ ပြောင်းလဲမှုတွင် အဆင့်၃ဆင့် ပါရှိပြီး၊ ၎င်းတို့မှာ စဦးနတ်စွမ်းရည်၊ ကောင်းကင်ဘုံ နတ်စွမ်းရည်နှင့် နိယာမ နတ်စွမ်းရည်တို့ပင် ဖြစ်သည်။
စဦးနတ်စွမ်းရည်သည် ရှုကျိုး၏ နတ်စွမ်းရည် မီးတောက်ကဲ့သို့သော အရာဖြစ်ကာ၊ ၎င်းသည် နတ်စွမ်းရည်၏ အစကနဦး ပုံစံဖြစ်ပြီး၊ ၎င်းကို အသုံးပြု၍ ပြိုင်ဘက်များကို တိုက်ရိုက်တိုက်ခိုက်နိုင်ပေသည်။
၎င်းက ကောင်းကင်ဘုံ နတ်စွမ်းရည်အဖြစ် အဆင့်တက်သွားသည့် အခါတွင်မူ၊ နည်းလမ်းများသည် ပို၍ပင် ကွဲပြားလာကာ၊ အတွေးတစ်ချက်တည်းဖြင့် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေပြင်တို့ကိုပင် ပြောင်းလဲသွားစေနိုင်သည်။
( တွေးလိုက်ရုံနဲ့တင် ဒါလုပ်မယ်လို့ တွေးလိုက်ရင် ဒါဖြစ်သွားတာမျိုးပါ )
ထိုအဆင့်တွင် ၎င်းသည် တောင်များကို ရွှေ့ပြောင်းကာ ပင်လယ်များကို ပက်လက်လန်စေနိုင်သည့် စွမ်းအားမျိုး ပိုင်ဆိုင်ထားခဲ့သည်။
အကယ်၍ လူတစ်ဦးကသာ နိယာမ နတ်စွမ်းရည်အဆင့်သို့ ရောက်သည်အထိ လေ့ကျင့်နိုင်ခဲ့ပါက၊ သူသည် ကောင်းကင်ဘုံ၏ နိယာမ စည်းမျဥ်းများနှင့် ကမ္ဘာမြေနှင့် သက်ဆိုင်သည့် နတ်စွမ်းရည်များကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး၊ အချိန်၊ နေရာမရွေးဘဲ စကြာဝဠာအတွင်းရှိ အရာအားလုံးကို ပြောင်းလဲတိုးတက်သွားစေနိုင်သည်။
ချက်ချင်းဆိုသလိုပင် ပန်းများ ပွင့်လန်းခြင်းနှင့် ညှိးနွမ်းခြင်းတို့သည် လူတစ်ဦး၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ရှုကျိုးခန္ဓာကိုယ်ထဲတွင် မွေးဖွားလာသည့် နတ်စွမ်းရည်မီးတောက်သည် စဦးနတ်စွမ်းရည်ပင် ဖြစ်သည်။
အတွေးတစ်ချက်နှင့်အတူ ရှုကျိုးသည် သူ၏လက်ချောင်းများထိပ်တွင် မီးတောက်များ ပေါ်လာစေခဲ့ကာ၊ မြေပြင်ပေါ်ရှိ ကျောက်တုံးများကို ကြည့်၍ လက်ချောင်းများ လှုပ်ရှားလိုက်သည်။
“ သွား !! “
ဝှစ်ရှ်ဟူသော အသံနှင့်အတူ ရှေးဦးမီးတောက်သည် မြေပြင်ပေါ်ရှိ ကျောက်တုံးများကို ထိမှန်သွားခဲ့သည်။
ဘုမ်းး !!
မီးတောက်သည် ကျောက်တုံးများပေါ်သို့ ဆင်းသက်ကာ၊ ၎င်းတို့အား ပါးလွှာသော စက္ကူရွက်တစ်ရွက်ကဲ့သို့ လောင်ကျွမ်းသွားစေပြီး၊ မြေပြင်ကို ချက်ချင်းအရည်ပျော်ကျသွားစေခဲ့သည်။
အဆိုပါ ရှေးဦးမီးတောက်၏ စွမ်းအားသည် အံ့ဖွယ်ကောင်းလောက်သည်အထိ ကြောက်စရာကောင်းနေခဲ့ကာ၊ မြေအောက်သို့ ဆက်တိုက်ထိုးဖောက်သွားပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာ ဒါဇင်နှင့်ချီသော အနက်ပိုင်းအထိ ရောက်ရှိသွားခဲ့သည်။
မီတာ ၁၀၀အနက်သို့ ရောက်သွားသည့် အချိန်မှသာလျှင် ၎င်းမှာ လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။
ရှုကျိုးသည် မြေပြင်ပေါ်တွင် ရှိနေသည့် မီတာတစ်ရာနက်သည့် တွင်းပေါက်ကို ငေးမောကြည့်ရှုကာ၊ တအံ့တဩ ဖြစ်သွားခဲ့သည်။