← Chapters

အခန်း (၃၇၀-၃၇၂)

Vol. 25 Ch. 370-372

အခန်း (၃၇၀-၃၇၂)

Vol. 25 Ch. 370-372

အပိုင်း ( 370 )

စတုတ္ထအဆင့် ပညာရှင်ကို ချက်ချင်း သတ်ဖြတ်ခြင်း

“ ဒီလိုစွမ်းအားမျိုးက !!! “

ရှုကျိုး၏ မျက်လုံးများ လင်းလက် တောက်ပသွားတော့သည်။

ဤမူလမီးတောက်၏ စွမ်းအားသည် သူမျှော်မှန်းထားသည်ထပ် များစွာသာလွန်နေခဲ့သည်။

( မီးတောက်ဆိုရင် မူလမီးတောက်၊ စွမ်းရည်ဆိုရင်တော့ စဦးနတ်စွမ်းရည်ဆိုပြီး သုံးသွားပါမယ် )

၎င်းသည် မြေပြင်အား မီတာ၁၀၀နက်သည့် တွင်းပေါက်တစ်ခုအဖြစ် မျက်စိတစ်မှိတ်အတွင်းမှာပင် အရည်ပျော်သွားစေခဲ့သည်။

အကယ်၍ ၎င်းကိုသာ သိုင်းပညာရှင်တစ်ဦး၏ အသွေးအသားများ အပေါ်တွင် အသုံးပြုလိုက်မည်ဆိုပါက အကျိုးသက်ရောက်မှုသည် ပို၍ကြောက်မက်ဖွယ်ကောင်းသွားမည် ဖြစ်သည်။

“ ဒီမီးတောက်ရဲ့ စွမ်းအားက တော်တော်ကြီးကို ကြီးတယ်၊ အဆင့်၄ ပညာရှင်ကတောင် ဖျားသွားလောက်တယ် “

ရှုကျိုးသည် တွေးတောစဥ်းစားနေတော့သည် “ အဓိက အချက်က ဒီဟာက စဦးနတ်စွမ်းရည်အဆင့်မှာပဲ ရှိနေသေးတယ်။ ကောင်းကင်ဘုံ နတ်စွမ်းရည်အဖြစ် အဆင့်တက်သွားမယ်ဆိုရင် ဒီဟာရဲ့ စွမ်းအားက ဘယ်လောက်တောင် ဖြစ်သွားနိုင်မလဲ? “

သို့သော် ၎င်းသည် သူ့အတွက် အတော်အလှမ်းဝေးနေသေးသော ကိစ္စတစ်ခုဖြစ်သည်။

ယခုလက်ရှိ နတ်စွမ်းရည် မျိုးစေ့မှာပင် မစူးစမ်းမလေ့လာရသေးသည့် အသုံးဝင်မှုများစွာ ကျန်ရှိနေသည်။

၎င်းအား ဓားနည်းစနစ်များ (သို့) လူသားဧကရာဇ် စည်းတံဆိပ်အတွင်းမှာပင် ထည့်သွင်းအသုံးပြု၍ ၎င်းတို့၏ စွမ်းအားကို မြင့်တက်သွားစေနိုင်သေးသည်။

၎င်းတို့မှာ ရှုကျိုးအတည်ပြုရမည့် အရာများဖြစ်သည်။

သို့သော် ရှုကျိုးသည် ၎င်းတို့ကို ချက်ချင်း စမ်းသပ်အသုံးပြုရန် အလျင်မလိုသေးပေ။

“ ငါ့ခန္ဓာကိုယ်ထဲမှာ ဘိုးဘေးနဂါးခြင်ဆီသွေး ကျန်နေသေးတယ်၊ ဒုတိယမြောက် နတ်စွမ်းရည်မျိုးစေ့ ဖွဲ့စည်းနိုင်မလားဆိုတာကို အရင် စမ်းသပ်ကြည့်လိုက်တာပေါ့ကွာ “

ရှုကျိုးသည် အတော်လေး မျှော်လင့်မိနေတော့သည်။

ရှေးယခင်တည်းက ယခုလက်အချိန်အထိ မည်သူကမှ နတ်စွမ်းရည် မျိုးစေ့ငါးခုကို မဖွဲ့စည်းနိုင်ခဲ့ပေ။

“ စကြတာပေါ့ကွာ “

ရှုကျိုးသည် မျက်လုံးများကို မှိတ်ကာ ကမ္ဘာ့ကြယ် သလင်းကျောက်၏ စွမ်းအင်များကို ထပ်၍ စုပ်ယူနေတော့သည်။

ဖရိုဖရဲ စွမ်းအင်များသည် ရှုကျိုး၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်လာခဲ့ပြီး၊ ထို့နောက်တွင် ဘိုးဘေးနဂါးခြင်ဆီသွေးနှင့် ပေါင်းစည်းသွားတော့သည်။

“ ဘုန်းးးး !!! “

ရှုကျိုးခန္ဓာကိုယ် အတွင်းရှိ သရက်ရွက်၏ တံခါးပေါက်သည် ရုတ်တရက် ပွင့်ဟလာခဲ့သည်။

သန့်စင်သော လျှို့ဝှက်စွမ်းအားတစ်ခု စီးထွက်လာခဲ့သည်။

သရက်ရွက်၏ လျှို့ဝှက်စွမ်းအားသည် ဘိုးဘေးနဂါးခြင်ဆီသွေးနှင့် ပေါင်းစပ်သွားပြီး၊ ချက်ချင်းဆိုသလိုပင် သရက်ရွက် တံခါးပေါက်အတွင်းရှိ ဟင်းလင်းပြင်သည် ပြင်းပြင်းထန်ထန် လှုပ်ခါလာခဲ့သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် နာရီပေါင်းများစွာ ထပ်မံ၍ ကုန်ဆုံးသွားခဲ့ပြန်သည်။

ထိုအချိန်တွင် ရှုကျိုးသည် အနည်းငယ် မောပန်းနေသကဲ့သို့ ခံစားသွားခဲ့ရသည်။

အဘယ့်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်အတွင်းရှိ ဘိုးဘေးနဂါးခြင်ဆီသွေးက ကုန်ဆုံးလုနီးပါး ဖြစ်နေသောကြောင့် ဖြစ်သည်၊ သို့သော် ဒုတိယမြောက် နတ်စွမ်းရည် မျိုးစေ့ ဖွဲ့တည်လာမည့် လက္ခဏာများ မဖြစ်ပေါ်လာသေးပေ။

ရှုကျိုးက လက်လျှော့လိုက်တော့မည့် အချိန်တွင် ……

“ ဗွီ !!! “

ရုတ်တရက်ဆိုသလိုပင် သရက်ရွက် တံခါးပေါက်အတွင်းတွင် မျိုးစေ့တစ်ခု၏ မီးခိုး‌ဖြူရောင် အရိပ်တစ်ခု ဖြစ်တည်လာခဲ့သည်။

နတ်စွမ်းရည် မျိုးစေ့၏ သန္ဓေသားပုံစံပင် !!

“ အောင်မြင်ပြီ !! “

ရှုကျိုး၏ မျက်နှာပေါ်တွင် အံ့ဩမှုနှင့် ပျော်ရွှင်မှုများ ရောပြွန်းနေသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။

ဤအချိန်၌ ဘိုးဘေးနဂါးခြင်ဆီသွေးသည် လုံးဝကုန်ခမ်းသွားခဲ့ပြီဖြစ်သည်။

ကမ္ဘာ့ကြယ် သလင်းကျောက်မှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့လေပြီ။

သို့သော် ရှုကျိုးသည် မည်သို့မျှ စိတ်ဓာတ်မကျသွားခဲ့ပေ။

သူသည် ဒုတိယမြောက် နတ်စွမ်းရည်မျိုးစေ့သာ ပေါ်လာသရွေ့ လာမည့်အလုပ်များက ပို၍ လွယ်ကူသွားမည်ဆိုသည်ကို သိနေခဲ့သည်။

“ ဒုတိယမြောက် နတ်စွမ်းရည်မျိုးစေ့ကို ဖွဲ့စည်းရတာက အရင်တစ်ခေါက်ကထပ် ပိုခက်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး “

ရှုကျိုးသည် တစ်ကိုယ်တည်း အတွေးနက်သွားတော့သည် “ တကယ်လို့ ကမ္ဘာ့ကြယ်သားတွေ အများကြီး မသတ်ထားဘူးဆိုရင်၊ ဒုတိယမြောက် နတ်စွမ်းရည် မျိုးစေ့က ဘယ်အချိန်မှ ပေါ်လာမလဲဆိုတာကို ဘယ်သူသိမှာလဲ? “

၎င်းကား နားလည်၍ ရပေသည်။

စတုတ္ထအဆင့်အထက်မှ သိုင်းပညာရှင် အားလုံးနီးပါးသည် နတ်စွမ်းရည်တစ်ခုမျှသာ ဖွဲ့စည်းနိုင်ကြသည်။

သို့သော် နှစ်ရာနှင့်ချီ၍ ဖြတ်သန်းခဲ့ပြီးသည့်နောက်တွင် တစ်ချို့သော သိုင်းပညာရှင်များသည် ဒုတိယမြောက် နတ်စွမ်းရည်မျိုးစေ့ကို ဖွဲ့စည်းနိုင်ခဲ့သည်၊ ထိုကဲ့သို့ ပြုလုပ်နိုင်ခဲ့သည့် လူအရေအတွက်မှာ လက်တစ်ဖက်ပင် မပြည့်ချေ။

၎င်းသည် အခက်အခဲကို လှစ်ဟပြသနေခြင်းပင် ဖြစ်သည်။

တစ်နည်းဆိုရသော် ဒုတိယမြောက် နတ်စွမ်းရည်မျိုးစေ့ကို ဖွဲ့စည်းရခြင်းသည် အမြင့်ပိုင်းအဆင့်သို့ တက်ရာတွင် ရင်ဆိုင်ရသည့် အခက်အခဲများနှင့်ပင် ယှဥ်နိုင်လေသည်။

“ ကြည့်ရတာတော့ နတ်မျိုးစေ့ငါးခုကို ဖွဲ့စည်းရတာက အတော်လေးကို ပြဿနာများမဲ့ပုံပဲ “

ရှုကျိုးသည် တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည် “ စိတ်ဝိညာဥ်ဝါးမြိုခြင်း ရှိနေတာက ကံကောင်းတယ်၊ ငါကသာ ကမ္ဘာ့ကြယ်က လူတွေကို ဆက်တိုက် ဝါးမြိုနိုင်မယ်ဆိုရင်၊ တစ်နေ့မှာ ငါက နတ်မျိုးစေ့ငါးခုလုံးကို ဖွဲ့စည်းနိုင်တယ် “

တကယ်လို့ စတုတ္ထအဆင့် ပညာရှင်က မလုံလောက်ဘူးဆိုရင်၊ ပဥ္စမအဆင့် ပညာရှင်တွေကို ဝါးမြိုမယ်ကွာ !!!

တကယ်လို့ ပဥ္စမအဆင့် ပညာရှင်က မလုံလောက်ဘူးဆိုရင်၊ ဆဌမအဆင့် ပညာရှင်ကို ဝါးမြိုမယ်ကွာ !!!

ရှုကျိုးသည် ဆဌမအဆင့်သို့ မရောက်ခင်အချိန်အထိ သူသည် နတ်စွမ်းရည်မျိုးစေ့များကို ဆက်တိုက်ဖွဲ့တည်နိုင်ပေသည်။

၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် မြေပြင်ပေါ်မှ ထရပ်လာတော့သည်။

သူသည် ရည်မှန်းချက် အသေးလေးတစ်ခု ချမှတ်လိုက်ပြီဖြစ်သည် “ နောက်တစ်ခုကတော့ အဆင့်၃ အထွတ်အထိပ် ပညာရှင် အယောက်၁၀၀ သတ်ရမယ် “

…

ဂျယ်ရီယန်သည် ရှုကျိုးထွက်လာပြီဟု သိလိုက်ရသောအခါတွင် သူ့ကို နှုတ်ဆက်ရန် အလောတကြီး ထွက်လာခဲ့သည်။

“ ညီအစ်ကိုရှု၊ ဘယ်လိုလဲ? တိုးတက်မှုရှိလား? “

ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည် “ အနည်းအကျဥ်းတော့ တိုးတက်လာပါတယ် “

ဂျယ်ရီယန်သည် ဇဝေဇဝါဖြစ်သွားပုံရသည်၊ သူသည် ရှုကျိုး၏ အရှိန်အဝါက ယခင်ကနှင့် အနည်းငယ်ကွဲပြားနေပြီဆိုသည်ကို သိနေခဲ့သည်။

ရှုကျိုးသည် သူ၏အတွေးများကို လျစ်လျူရှုထားပြီး၊ သတ်ဖြတ်ခြင်း အငွေ့အသက်များကို ဖော်ထုတ်ကာ ပြောလိုက်သည် “ တပ်မှူးဂျယ်ရီ၊ နောက်လာမဲ့ စစ်ဆင်ရေးကရော ဘယ်အချိန်စမှာလဲ? “

ဂျယ်ရီသည် သူ၏ချွေးများကို သုတ်လိုက်သည်၊ ဒီလူ့ရဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်က တော်တော်ကြီးကို အားကောင်းတာပဲ !!!

သူသည် လေးလေးနက်နက်ပြောလာခဲ့သည် “ အလျင်စလို မလုပ်သေးဘူး။ အခုမှ တိုက်ပွဲပြီးခါစဆိုတော့ စစ်သည်တော်တွေ အနားယူဖို့ အချိန်လိုသေးတယ်လေ “

ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ စောင့်ရမှာလား?

သူသည် အနည်းငယ် စိတ်မရှည်နိုင်ဖြစ်နေခဲ့သည်။

ဤလေ့ကျင့်ရေးကာလသည် အချိန်အကန့်အသတ်နှင့်သာ ပြုလုပ်ရခြင်းဖြစ်သည်။

တက္ကသိုလ်များမှ သိုင်းပညာရှင်များသည် ဤစစ်မြေပြင်တွင် အလိုရှိသလောက် မနေနိုင်ကြပေ။

ယခုလက်ရှိအချိန်တွင် လေ့ကျင့်ရေး ကာလသည် တစ်ဝက်တိတိ ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။

ကျန်ရှိနေသည့် အချိန်များအတွင်းတွင် သူသည် ကမ္ဘာ့ကြယ်သားများကို အလုံအလောက် ဝါးမြိုထားရမည်ဖြစ်သည်။

ရှုကျိုးသည် ဂျယ်ရီယန်ကို ကြည့်ကာ လေးလေးနက်နက် မေးမြန်းလိုက်သည် “ တပ်မှူးဂျယ်ရီ၊ ကမ္ဘာ့ကြယ် တပ်စခန်းရဲ့ ကိုဩဒိနိတ်တွေ ရှိလား? “

၎င်းကို ကြားလိုက်ရသောအခါတွင် ဂျယ်ရီယန် မှင်သက်သွားတော့သည်။

ဒီလူက ရန်သူ့စခန်းကို တစ်ယောက်တည်း သွားဖို့ စီစဥ်နေတာလား?

သူသည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းနေခဲ့ပြီးမှ ပြောလာခဲ့သည် “ ကျုပ်ဆီမှာ ရှိတယ်၊ ညီအစ်ကိုရှု၊ ဒါပင်မဲ့ အဲ့ကို တစ်ယောက်တည်း မသွားဖို့ အကြံပေးချင်တယ်၊ ကျုပ်တို့တပ်နဲ့ အတူသွားတာက ပိုကောင်းလိမ့်မယ် “

“ ရန်သူ့စခန်းမှာက အင်အား ၅၀၀ရှိတာလေ။ သူတို့က တိုက်ပွဲအစီအရင် ဖွဲ့လိုက်တာနဲ့၊ အဆင့်၅ ပညာရှင်ကတောင် အလောတကြီး ချဥ်းကပ်သွားရဲမှာ မဟုတ်ဘူး “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သူသည် ရန်သူ့စခန်းတွင်းသို့ တိုက်ရိုက်ဝင်သွားသည်အထိ ပေါ့ဆမည် မဟုတ်ပေ။

ကမ္ဘာ့ကြယ် သိုင်းပညာရှင် အယောက် ၅၀၀ဖြင့် ဖွဲ့စည်းထားသော တိုက်ပွဲအစီအရင်သည် အင်အားဖြင့် ချိုးဖျက်နိုင်သော အရာမဟုတ်ပေ။

“ ဒါဆိုရင် ကျွန်တော်က တစ်ခြား နယ်မြေတွေကို သွားတော့မယ် “ ဟုရှုကျိုးမှ ပြောလာခဲ့သည်။

တိုက်ပွဲ မရှိသေးသောကြောင့် သူသည် ဤနေရာတွင် အလဟာသ အချိန်ဖြုန်းနေမည် မဟုတ်ပေ။

ဂျယ်ရီယန်၏ မျက်နှာပေါ်တွင် တွေဝေတုံ့ဆိုင်းသွားသည့် အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည် “ မင်းက သွားတော့မှာလား? “

“ တကယ်လို့ ဒီမှာ တိုက်ပွဲစတော့မယ်ဆိုရင်တော့ ပြန်လာခဲ့မှာပါ “ ရှုကျိုးသည် ပြောရင်းဆိုရင်းဖြင့် စကားပြောစက်ကို ထုတ်ယူလိုက်သည်။

“ ကျွန်တော့်ကို ကြိုပြီးတော့ သတင်းပေးလို့ရပါတယ် “

“ ကောင်းပြီလေ “

ဂျယ်ရီယန်သည် မည်သည့်စကားမှ ထပ်မပြောတော့ဘဲ မြေပုံကို ထုတ်ယူလိုက်သည် “ ဒီထဲမှာ ကျုပ်တို့ နယ်မြေ၄၅က ရန်သူ့တပ်စခန်းနဲ့ ပတ်ပတ်လည်မှာရှိတဲ့ အဓိက စစ်နယ်မြေတွေကို ပြထားတယ် “

ရှုကျိုးသည် ၎င်းကို ယူ၍ တစ်ခဏခန့် ကြည့်ရှုစစ်ဆေးကာ၊ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။

ပတ်ပတ်လည်မှ စစ်နယ်မြေများအတွင်းရှိ ရန်သူ့တပ်စခန်းများသည် အတော်လေး ကိုင်တွယ်ရ လွယ်ကူမည့်ပုံပေါ်နေခဲ့သည်၊ အများစုသည် အင်အား နှစ်ရာမှ သုံးရာကြားသာ ပိုင်ဆိုင်ထားပြီး၊ တတိယအဆင့် အထွတ်အထိပ် ကမ္ဘာ့ကြယ် သိုင်းပညာရှင်မှာလည်း များများစားစား ရှိမနေခဲ့ပေ။

……………………………………………………………………………………………………………………………………….

အပိုင်း ( 371 )

စတုတ္ထအဆင့် ပညာရှင်ကို ချက်ချင်း သတ်ဖြတ်ခြင်း ၂

တတိယအဆင့် အထွတ်အထိပ် ပညာရှင် အယောက် ၅၀ကျော်က ဖွဲ့စည်းထားသည့် တိုက်ပွဲအစီအရင် မဟုတ်သရွေ့၊ ရှုကျိုးသည် ၎င်းကို ကိုင်တွယ်ရန် ယုံကြည်ချက် ရှိလေသည်။

ရှုကျိုးသည် မြေပုံကိုကြည့်ကာ တွေးတောစဥ်းစားနေတော့သည် “ နယ်မြေ၄၅ရဲ့ ဗျူဟာမြောက်နေရာက တော်တော်လေးကို အရေးကြီးတယ်။ ဒီမှာက တောင်တန်းဒေသတွေ အများကြီးပဲ၊ အဲ့တော့ ခုခံကာကွယ်ရေးအတွက်က အေးဆေးပဲ၊ ထိုးစစ်အတွက်ကျတော့ ပြဿနာများတယ်။ ပြီးတော့ ဒီနယ်မြေက အဓိက စစ်နယ်မြေတွေနဲ့ နီးတယ်ဆိုတော့ ခံစစ်ရော ထိုးစစ်ရော လိုသလို ပြောင်းလို့ရတယ် “

“ ဒီနယ်မြေက နှစ်ဖက်စလုံးရဲ့ စစ်အင်အား အများဆုံး နယ်မြေဖြစ်နေတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ၊ စစ်ရေးအရ ယှဥ်ပြိုင်ရတဲ့ နေရာတစ်ခု ဖြစ်နေတာကိုး “

ရှုကျိုးသည် သက်ပြင်းတချချ ဖြစ်သွားတော့သည်။

ဂျယ်ရီယန်မှ ခေါင်းငြိမ့်ပြ၍ ပြောလာခဲ့သည် “ တကယ်လို့ အဓိကစစ်နယ်မြေအားလုံးရဲ့ ရှေ့တန်းစစ်မြေပြင်တွေမှာ တိုက်ပွဲတွေသာ ဖြစ်မနေဘူးဆိုရင်၊ ဒီမှာက အနိမ့်ဆုံးအနေနဲ့ အဆင့်၄ ပညာရှင် နှစ်ယောက်လောက်တော့ ရှိနေတတ်တယ် “

ယခုလက်ရှိ အချိန်တွင် စတုတ္ထအဆင့် ပညာရှင်အဖြစ် သူတစ်ဦးတည်းသာ ရှိနေခဲ့ပြီး၊ ၎င်းသည် သူ့အား အတော်လေး ဖိအားဝင်သွားစေခဲ့သည်။

“ စိတ်မပူပါနဲ့ “ ရှုကျိုးမှ ပြောလာခဲ့သည် “ ကျွန်တော် ပြန်လာမှာပါ “

သူသည် နောင်အနာဂတ်တွင် ဤနယ်မြေ ၄၅၏ အရေးအကြီးဆုံး ဒေသတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု ခံစားနေခဲ့ရသည်။

ထိုအချိန်သို့ ရောက်လာခဲ့ပါက သူသေချာပေါက် ဝင်ပါမည်ဖြစ်သည်။

ရှုကျိုးသည် ဤနေရာတွင် ကြာကြာဆက်မနေတော့ဘဲ၊ အထုပ်အပိုးပြင်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ထွက်ခွာသွားတော့သည်။

ဂျယ်ရီယန်သည် ထွက်ခွာသွားသည့် ရှုကျိုး၏ ပုံရိပ်ကို ကြည့်ကာ သက်ပြင်းချနေတော့သည် “ သူက ဘယ်လိုလှိုင်းလုံးမျိုးတွေကို ဖန်တီးပြဦးမလဲမသိဘူး ……… “

…

စခန်းအတွင်းရှိ ဗစ်ခရမ်မှာလည်း ကောင်းကင်ထက်သို့ မော့ကြည့်ကာ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

“ သူက တကယ်ကြီးကို ထွက်သွားတာလားဟ? “

ဗစ်ခရမ်သည် တအံ့တဩဖြစ်သွားတော့သည်။

ဆင်ဖြူနိုင်ငံမှ တစ်ခြားသော ပါရမီရှင်များကလည်း အံ့ဩတကြီးဖြစ်သွားကြသည်။

ထိုအချိန်တွင် ဆင်ဖြူနိုင်ငံ၏ ပါရမီရှင်တစ်ဦးက ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ ငါတို့နယ်မြေက ရန်သူ့တပ်စခန်းက အနီးအနားက စစ်နယ်မြေတွေအားလုံးထဲမှာ အသန်မာဆုံးနဲ့ အားအကောင်းဆုံးလေ။ အဲ့လူက သူမကိုင်တွယ်နိုင်ဘူးဆိုတာသိလို့ ဒီအတိုင်းထွက်သွားတာနေမှာပေါ့ “

ဗစ်ခရမ်မှ အသာအယာခေါင်းငြိမ့်ပြကာ လှောင်ပြောင်လာတော့သည်။

“ အရင်ကတည်းက ငါပြောခဲ့ပါတယ်၊ ရှုကျိုးက အဆင့်၄ ပညာရှင်ကို သတ်နိုင်ခဲ့တာက ချန်ကျီရို့ရဲ့ အကူအညီကြောင့်ပါဆိုနေ။ အခုကြည့်ရတာတော့ အဲ့တာက မှန်နေတဲ့ပုံပဲ “

တစ်ခြားလူများမှာ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားကြသည်။

…

ထိုအချိန်၌ ရှုကျိုးသည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ နယ်မြေ၂၃ဆီသို့ ဦးတည်လာနေခဲ့သည်။

နယ်မြေ၂၃နှင့် နယ်မြေ၄၅တို့သည် နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးနားချင်းများဖြစ်သည်၊ တစ်ချိန်တည်းမှာပင် ဤနယ်မြေရှိ ရန်သူ့တပ်စခန်းသည် တတိယအဆင့် အထွတ်အထိပ် ပညာရှင် အယောက်၃၀ကျော်၊ စတုတ္ထတစ်ပိုင်း အဆင့် ပညာရှင်၂ဦးနှင့် အစောပိုင်း စတုတ္ထအဆင့် ပညာရှင်တစ်ဦးတို့ကို ပိုင်ဆိုင်ထားပြီး၊ နယ်မြေ၄၅ရှိ ရန်သူ့စခန်းနောက်တွင် ဒုတိယလိုက်သည်ဟု ပြောကြသည်။

ရှုကျိုးက ဤနယ်မြေကို ရွေးချယ်လိုက်ရသည့် အကြောင်းအရင်းမှာ သူ၏ ယခုလက်ရှိ စွမ်းအားကို တိုင်းတာရန်အတွက် ဖြစ်သည်။

“ ဝှစ် !!! “

သူ၏အမြန်နှုန်းသည် အလွန်မြန်ဆန်နေခဲ့ပြီး၊ တည်နေရာကူးပြောင်းခြင်းကို အကြိမ်အနည်းငယ်မျှ ပြုလုပ်ရုံဖြင့် နယ်မြေ၂၃၏ နယ်စပ်ဆီသို့ ရောက်ရှိလာခဲ့သည်။

တစ်ချိန်တည်းမှာပင်

နယ်မြေ၂၃ရှိ ကြယ်ပြာဂြိုဟ် စစ်စခန်းသည် ရန်သူ့တပ်စခန်းနှင့် ၁၀မိုင်အကွာတွင် စခန်းချထားခဲ့သည်။

ငွေရောင်ဆံသားပိုင်ရှင် ဆိုဖီယာသည် လူအုပ်ကြားထဲတွင် ရှိနေခဲ့သည်။

သို့ရာ၌ ဤအချိန်တွင် နုပျိုလှပသည့် သူမ၏ မျက်နှာလေးပေါ်တွင် မောဟနှင့်သောက အရိပ်အငွေ့များဖြင့် ပြည့်နှက်နေခဲ့သည် “ ငါတို့ရဲ့ ရန်သူ့ရဲ့ တိုက်ပွဲအစီအရင်ကို ဘယ်အချိန်မှ ချိုးဖျက်နိုင်မှာလဲ? “

တိုက်ပွဲအခြေအနေက ရှေ့မတိုးသာနောက်မဆုတ်သာ အခြေအနေသို့ ရောက်နေသည်မှာ ကြာနေခဲ့ပြီဖြစ်ပြီး၊ တစ်ဖက်နှင့်တစ်ဖက် မည်သို့မျှ မလှုပ်ရှားနိုင်ကြပေ။

သို့သော် ဤအခြေအနေသည် သူမအတွက် အဆင်မပြေဖြစ်နေခဲ့သည်၊ ဤနှုန်းအတိုင်းသာဆိုပါက သူမသည် သူမ၏ ဒုတိယနေရာကို ထိန်းသိမ်းနိုင်လိမ့်မည် မဟုတ်ပေ။

သူမဘေးနားရှိ ရွှေအိုရောင်ဆံသားပိုင်ရှင် ကောင်မလေးတစ်ဦးမှာလည်း သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ ငါတို့က ဒီနယ်မြေကနေ ဘာလို့ မထွက်သွားလိုက်ရတာလဲ? တစ်ခြားနယ်မြေတွေမှာ သွားကူကြမယ်လေ၊ အဲ့လိုမှမဟုတ်ဘဲ ဒီနှုန်းအတိုင်းပဲဆိုရင် ငါတို့က ဘာအမှတ်မှ ရမှာ မဟုတ်တော့ဘူး “

ဆိုဖီယာ၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့သည်၊ သို့သော် သူမသည် သူမ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည် “ အဲ့တာက ထွက်ပြေးတာနဲ့ ဘာမှမခြားဘူး၊ ငါတို့က ဒီမှာ ရှိနေပြီဆိုတော့၊ အဆုံးထိ တိုက်ခိုက်ရမှာပဲ “

အရာအားလုံးသည် ကံတရားကြောင့်ပင် ဖြစ်သည်။

အကယ်၍ နယ်မြေ၂၃၏ အခြေအနေက ဤကဲ့သို့ဖြစ်လာမည်ကို သူမကြိုသိခဲ့မည်ဆိုပါက သူမသည် ဤနေရာသို့ လာခဲ့မည် မဟုတ်ပေ။

“ ဘုမ်းးးးး !!! “

ထိုအချိန်၌ ပေါက်ကွဲသံတစ်ခုသည် အဝေးရှိ ကောင်းကင်ယံတွင် ပေါ်ထွက်လာခဲ့သည်။

ကြယ်ပြာဂြိုဟ်တပ်စခန်းမှ လူအားလုံး မော့ကြည့်လာကြသည်။

“ ဘာတွေ ဖြစ်နေတာလဲ? “

“ ကြည့်ရတာတော့ ရန်သူ့စခန်းဘက်မှာ တစ်ခုခု ဖြစ်နေတဲ့ပုံပဲ “

“ နောက်ဆုံးတိုက်ပွဲပြီးထားတာ ဘာမှ မကြာသေးဘူးလေ၊ သူတို့က နောက်တစ်ခါ ထပ်တိုက်ချင်နေကြတာလား? “

“ မဟုတ်ဘူး၊ ရန်သူ့တပ်စခန်းကို တစ်ယောက်ယောက်က တိုက်ခိုက်နေတာနဲ့တူတယ် “

လူတော်တော်များများသည် တအံ့တဩဖြစ်သွားကြသည်။

ဆိုဖီယာနှင့် ရွှေအိုရောင်ဆံသားပိုင်ရှင် ကောင်မလေးတို့မှာလည်း တအံ့တဩဖြစ်နေသော အမူအရာများဖြင့် ကောင်းထက်သို့ မော့ကြည့်နေကြသည်။

ဘယ်သူက ဒီလောက်တောင် ရဲတင်းနေပြီးတော့ ရန်သူ့တပ်စခန်းကို တစ်ယောက်တည်း လာတိုက်ခိုက်နေရတာလဲ?

ကိုယ့်ကိုကိုယ် သေကြောင်းကြံနေတာလား?

အတော်လှမ်းနေသောကြောင့် သူမတို့သည် တိုက်ခိုက်သူက မည်သူလဲဆိုသည်ကို မမြင်နိုင်ကြပေ။

ဆိုဖီယာသည် တစ်စုံတစ်ခုကို ရုတ်တရက် စဥ်းစားမိသွားကာ အံ့ဩတကြီးဖြစ်သွားတော့သည် “ အဲ့တာက သူများလား? “

…

နယ်မြေ၂၃ ကမ္ဘာ့ကြယ်တပ်စခန်း အထက်ကောင်းကင်ယံ၌

အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသည် ဆေဘာရှည်တစ်လက်ကို ကိုင်ကာ လေထဲတွင် မတ်တပ်ရပ်နေလျက်ရှိသည်။

အောက်ဘက်၌ မီးလျှံကြီးတစ်ခုသည် အရူးအမူး လောင်ကျွမ်းနေပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာ့ကြယ်တပ်စခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

အဆိုပါ မီးလျှံ၏ စွမ်းအားသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

သာမန်တတိယအဆင့် ပညာရှင်များသည် ၎င်းနှင့်ရင်ဆိုင်ရသောအခါတွင် အော်ဟစ်ငိုယိုရုံသာ တတ်နိုင်ကြသည်။

တတိယအဆင့် အထွတ်အထိပ် ပညာရှင်များကပင် ၎င်းနှင့် ထိတွေ့မိသောအခါတွင် မခံမရပ်နိုင် ဖြစ်သွားသည့် နာကျင်မှုများကို ခံစားသွားကြရသည်။

“ ရန်သူ့ တိုက်ခိုက်မှုဟေ့ !!! “

“ တိုက်ပွဲ အစီအရင်ဖွဲ့ပြီးတော့ ရန်သူကို သတ်ကြ !!! “

အော်ဟစ်သံများ ပေါ်ထွက်လာပြီး၊ ကမ္ဘာ့ကြယ် သိုင်းပညာရှင်တို့သည် မြန်မြန်ဆန်ဆန် လှုပ်ရှားလာကြသည်။

ဤသိုင်းပညာရှင်များက သာမန်သိုင်းပညာရှင်များနှင့် ကွဲပြားနေသည်ဆိုသည်မှာ ငြင်းပယ်၍ မရပေ။

အမိန့်နာခံမှုနယ်ပယ်တွင် သူတို့သည် တစ်ခြားလူများထပ် အပြတ်အသတ် သာလွန်နေခဲ့သည်။

အလွန်ပူပြင်းသော မီးလျှံတစ်ခုနှင့် ရင်ဆိုင်နေရသည့် အခြေအနေမျိုးမှာပင် သူတို့သည် တိုက်ပွဲအစီအရင်ကို မြန်မြန်ဆန်ဆန် ဖွဲ့စည်းနိုင်ကြသည်။

တစ်ခဏအတွင်းမှာပင် အဆိုပါ ကမ္ဘာ့ကြယ်သိုင်းပညာရှင်များသည် တိုက်ပွဲအစီအရင်တစ်ခု ဖွဲ့စည်းကာ ရှုကျိုးဆီသို့ ပြေးတက်လာကြသည်။

တစ်ချိန်တည်းမှာပင် ပုံရိပ်သုံးခုသည် အားကောင်းသော ဖိအားများကို ထုတ်လွှင့်၍ ကောင်းကင်ထက်သို့ ပျံတက်လာခဲ့သည်။

ခေါင်းဆောင်ဖြစ်သူသည် မြင်းမျက်နှာနှင့် လူတစ်ဦးဖြစ်ပြီး၊ စတုတ္ထအဆင့် ပညာရှင်တစ်ဦးဖြစ်သည်။

သူ့နောက်ရှိ လူများသည် စတုတ္ထတစ်ပိုင်း အဆင့် ပညာရှင်များဖြစ်သည်။

သူတို့သုံးဦးသည် အမျက်ဒေါသများဖြင့် ရှုကျိုးထံသို့ ပြေးတက်လာကြသည်။

“ လူယုတ်မာ၊ မင်းက ဘယ်လိုလုပ်ပြီးတော့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရဲနေတာလဲ !!! “

မြင်းမျက်နှာနှင့်လူသည် ဒေါသတကြီး အော်ပြောလာခဲ့သည်။

သူဒေါသထွက်နေသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ၊ သူတို့သည် ကြယ်ပြာဂြိုဟ်စစ်တပ်နှင့် ယခုလေးတင်မှ တိုက်ပွဲတစ်ခု ဆင်နွှဲထားခဲ့သောကြောင့် စွမ်းအင်များ သိသိသာသာ ကုန်ဆုံးနေခဲ့ပြီဖြစ်သည်။

သူတို့ပြန်ကောင်းမလာခင်အချိန်မှာပင် တစ်စုံတစ်ဦးသည် စခန်းအတွင်းသို့ ခိုးဝင်ကာ မီးရှို့လာခဲ့သည်။

ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်သူက ပျော်ရွှင်နိုင်လိမ့်မည်နည်း?

“ အဆင့်၄တစ်ယောက်နဲ့ အဆင့်၄တစ်ပိုင်း နှစ်ယောက်လား? “

ရှုကျိုးသည် သူ့ဆီပြေးဝင်လာသည့် လူသုံးဦးကို ကြည့်ကာ မျက်လုံးများ တောက်ပသွားခဲ့သည်။

သူသည် ကျောဘက်မှ ဆေဘာရှည်ကို ဆွဲထုတ်ကာ အားပါးတရ ရယ်မောနေတော့သည်။

တောက်ပသော ဆေဘာအလင်းတန်းတစ်ခုသည် ကောင်းကင်ထက်သို့ ထောင်တက်လာခဲ့သည်။

ရှုကျိုးမှ လက်ညှိုးဖြင့် ညွှန်ပြလာခဲ့ရာ၊ အောက်ဘက်တွင် စခန်းကို ပြာချနေသည့် အဆုံးမဲ့မီးလျှံများသည် ကောင်းကင်ယံသို့ ချက်ချင်းတက်လာခဲ့ကာ နှင်းဖြူရောင် ဆေဘာအလင်းတန်းနှင့် ပေါင်းစပ်သွားခဲ့သည်။

နတ်စွမ်းရည် မီးတောက်သည် ဆေဘာနည်းစနစ်နှင့် ပေါင်းစည်းသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် နှင်းဖြူရောင် ဆေဘာအလင်းတန်းတွင် မီးလျှံများ ပေါ်လာခဲ့ကာ ကောင်းကင်ပြင်ကို ကြက်သွေးရောင် တောက်သွားစေခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခု ပေါက်ထွက်လာခဲ့ကာ၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကိုပင် လှုပ်ခါသွားစေခဲ့သည်။

“ ကောင်းကင်ဖြိုခွင်း ဆေဘာ - ကောင်းကင် လောင်ကျွမ်းခြင်း !! “

ရှုကျိုးမှ သူ၏လက်ကို မြှောက်ကာ ဤတိုက်ကွက်၏ အမည်ကို ဟစ်ကြွေးလိုက်သည်။

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် အနီရောင် ဆေဘာအလင်းတန်း ကျဆင်းလာခဲ့ပြီး၊ အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

“ မာဂယ် !!! “

မြင်းမျက်နှာနှင့် လူသည် ဒေါသတကြီး ဟိန်းဟောက်လာခဲ့ကာ၊ ဆေဘာဖြင့် ပြန်တိုက်လာခဲ့သည်။

ဘုမ်း !!

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ အနီရောင် ဆေဘာအလင်းတန်းသည် စစ်မြေပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

ခရက် !!

မြင်းမျက်နှာလူ၏ ဆေဘာပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာခဲ့ပြီး၊ ထို့နောက်တွင် ဝုန်းခနဲအော်မြည်ကာ ပေါက်ကွဲသွားတော့သည်။

“ ဘာကြီး?? ဒါက …….. နတ်စွမ်းရည်လား? “

မြင်းမျက်နှာနှင့်လူသည် ကြောက်ရွံ့ထိတ်လန့်သွားခဲ့သည်။

ငါ့ရှေ့က လူက တတိယအဆင့်မှာပဲ ရှိနေသေးတာလေ၊ ဘယ်လိုလုပ် နတ်စွမ်းရည်ရှိနေရတာလဲ??

ကျဆင်းလာသည့် အနီရောင် ဆေဘာအလင်းတန်းကို မြင်လိုက်ရသောအခါတွင် သူသည် ထိုအကြောင်းကို ဆက်မတွေးနိုင်တော့ဘဲ၊ ဟိန်းဟောက်ကာ ချက်ချင်း အသွင်ပြောင်းသွားတော့သည်။

ခေါင်းသုံးလုံးနှင့် လက်ခြောက်ဘက်ပါသည့် နတ်ဆိုးနတ်ဘုရားသည်ပေါ်လာခဲ့ပြီး၊ လက်ခြောက်ဘက်စလုံးသည် အရှေ့သို့ ဆန့်ထုတ်ကာ ဆေဘာကို လက်ချည်းသပ်သပ်ဖြင့် တားဆီးရန် ကြိုးပမ်းလာခဲ့သည်။

“ ဝုန်းးးး !! “

ကြောက်မက်ဖွယ်ကောင်းသည့် တုန်ခါမှုလှိုင်းလုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ခရက် !!!

လက်ခြောက်ဘက် နတ်ဆိုးနတ်ဘုရား၏ လက်မောင်းများတွင် အက်ကြောင်းများ ပေါ်လာခဲ့သည်။

သူ့နောက်ရှိ စတုတ္ထတစ်ပိုင်းအဆင့် ပညာရှင်နှစ်ဦးမှာလည်း အဆိုပါ လှိုင်းလုံး၏ ရိုက်ခတ်မှုကို ခံလိုက်ရကာ၊ သူတို့၏ ခန္ဓာကိုယ်များသည် လေထုထဲမှာတင် ပေါက်ကွဲသွားပြီး၊ ကောင်းကင်ထက်မှ ပြုတ်ကျလာခဲ့သည်။

အဆိုပါမြင်ကွင်းသည် အောက်ဘက်ရှိ ကမ္ဘာ့ကြယ်သား အယောက်၃၀၀စလုံးကို တအံ့တဩဖြစ်သွားစေခဲ့သည်။

သူတို့သည် တစ်ခဏလေးအတွင်းမှာပင် ဒုတပ်မှူးနှစ်ဦး ဆုံးရှုံးသွားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူတို့က စတုတ္ထတစ်ပိုင်းအဆင့် ပညာရှင်တွေလေ၊ အဲ့လိုမျိုး သေသွားကြပြီလား??

အဲ့လူက ဘယ်သူလဲ? ဘာလို့ သူ့ဆီမှာ ဒီလိုစွမ်းအားမျိုး ရှိနေရတာလဲ??

ရှုကျိုးသည် အသာအယာ ပြုံးနေတော့သည် “ နတ်စွမ်းရည် မီးတောက်နဲ့ ဆေဘာနည်းစနစ်ကို ပေါင်းစပ်လိုက်ပြီးတဲ့နောက်မှာ သာမန်စတုတ္ထတစ်ပိုင်းအဆင့် အကုန်လုံးကို တိုက်ကွက်တစ်ခုတည်းနဲ့ သတ်လို့ရနေပြီ “

စတုတ္ထအဆင့် ပညာရှင်တစ်ဦးကပင် ဤတိုက်ကွက်ကို ပုံမှန်အခြေအနေအတိုင်း ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

( ဒဏ်ရာ ရသွားမယ် ဒါမှမဟုတ် လျှို့ဝှက်နည်းစနစ် တစ်ခုခု သုံးလိုက်ရမယ်ဆိုတဲ့ သဘောမျိုးပါ )

ရှုကျိုးက လဝိညာဥ်နည်းစနစ်ကို မသုံးရသေးဘဲ အလယ်အလတ် တတိယအဆင့်နယ်ပယ်ဖြင့်သာ တိုက်ခိုက်နေသည်ဆိုသည်ကို အမှတ်ရရမည် ဖြစ်သည်။

အကယ်၍ သူကသာ အင်ပြည့်အားပြည့် ထုတ်သုံးလိုက်မည်ဆိုပါက မြင်းမျက်နှာနှင့်လူကပင် အဆိုပါ တိုက်ကွက်ကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် မြင်းမျက်နှာနှင့်လူမှ အသွင်ပြောင်းထားသည့် ခေါင်းသုံးလုံး၊ လက်‌ခြောက်ဘက် နတ်ဆိုးနတ်ဘုရား၏ အမူအရာ ဖြူဖျော့သွားခဲ့သည်။

“ ကြယ်ပြာဂြိုဟ် တပ်စခန်းမှာ ဒီလောက်ကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုမျိုး ဘယ်အချိန်က ပေါ်လာခဲ့တာလဲ? “

သူသည် ရှုကျိုးက အလယ်အလတ် တတိယအဆင့်တွင်သာ ရှိနေသေးသည်ကို အာရုံခံမိနေခဲ့သည်။

ရှုကျိုးကမူ သူ၏ အတွေးများကို လျစ်လျူရှုထားခဲ့သည်၊ ထို့နောက်တွင် သူ၏မျက်လုံးများထဲတွင် ခရမ်းရောင် အလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး၊ ရန်သူ၏စိတ်ကို ဝင်ရောက်တိုက်ခိုက်နေတော့သည်။

ဝှစ် !!!

နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူသည် မီးလျှံများ တောက်လောက်နေသည့် ဆေဘာကို ကိုင်စွဲ၍ ခေါင်းသုံးလုံး လက်ခြောက်ဘက် နတ်ဆိုးနတ်ဘုရားကို ခုတ်ပိုင်းလာခဲ့သည်။

“ ဆွပ်ရှ် !! “

နတ်ဆိုးနတ်ဘုရား၏ ပုံရိပ်ကြီး ပြိုကွဲသွားကာ မြင်းမျက်နှာလူအဖြစ် ပြန်ပြောင်းသွားပြီး၊ တုန်လှုပ်နေသည့် အမူအရာဖြင့် ကိုယ်နှစ်ခြမ်းကွဲထွက်သွားကာ ကောင်းကင်ယံမှ ပြုတ်ကျလာတော့သည်။

ထို့နောက်တွင် ရှုကျိုးသည် အောက်ဘက်ရှိ ကမ္ဘာ့ကြယ်သားများကို လှမ်းကြည့်လိုက်သည်။

“ နတ်စွမ်းရည်မီးတောက် သွား !!! “

ရှုကျိုးမှ လက်ဝေ့ယမ်းလိုက်ရာ သူ့ခန္ဓာကိုယ်အတွင်းရှိ မီးတောက်သည် တောက်လောက်နေသည့် မီးတောက်ကြီးအဖြစ် ချက်ချင်းပြောင်းလဲသွားကာ ကမ္ဘာ့ကြယ်သား သိုင်းပညာရှင် အယောက်သုံးရာကျော်ကို ဖုံးလွှမ်းသွားခဲ့သည်။

……………………………………………………………………………………………………………………………………………

အပိုင်း ( 372 )

စွမ်းရည်အသစ် ရရှိခြင်း

မီးလျှံများသည် ကောင်းကင်ယံသို့ပင် ပျံ့လွင့်နေခဲ့သည်။

ကမ္ဘာ့ကြယ်သား သိုင်းပညာရှင် အယောက်သုံးရာကျော်ဖြင့် ဖွဲ့စည်းထားသော တိုက်ပွဲအစီအရင်သည် မီးကို ကြာရှည်စွာ မတောင်ခံနိုင်ခဲ့ဘဲ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်ဦးပြီးတစ်ဦး ပြိုလဲသွားကြသည်။

တိုက်ပွဲအစီအရင်သည် မည်သည့်တိုက်ခိုက်မှုကိုမှ မခံရဘဲ ပြိုကွဲသွားခဲ့သည်။

ထိုလူများထဲတွင် တတိယအဆင့်သို့ ရောက်ခါစဖြစ်သည့် သိုင်းပညာရှင်တစ်ချို့သည် အသွေးအသားများ အရည်ပျော်ကျသည်အထိ မီးဒဏ်ခံခဲ့ရပြီး၊ နာကျင်စွာ အော်ဟစ်ညီးတွားလာကြသည်။

၎င်းကို မြင်လိုက်ရသောခအါတွင် ရှုကျိုး၏မျက်လုံးများ တောက်ပသွားခဲ့သည် “ ဒီမီးတောက်ကို အကာအရံအဖြစ် သုံးပြီးတော့ ငါ့ရဲ့ ဝိညာဥ်ဝါးမြိုတာကို ကြိုက်သလို သုံးလို့ရပြီ “

နတ်စွမ်းရည် မီးတောက်၏ အကျိုးသက်ရောက်မှုသည် ဝိညာဥ်ဝါးမြိုခြင်း၏ အကျိုးသက်ရောက်မှုနှင့် များများစားစား ကွာခြားမနေခဲ့ပေ။

၎င်းသည် ရှုကျိုးအတွက် အဆင်ပြေစေမည့် အခွင့်အရေးတစ်ခုကို ထောက်ပံ့ပေးလာခဲ့သည်။

ထိုအချိန်တွင် သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ လက်နှစ်ဖက်စလုံးဖြင့် စည်းတံဆိပ်များ ရေးဆွဲကာ အဆိုပါ ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်တို့၏ အသက်ဓာတ်များကို စတင်၍ ဝါးမြိုနေတော့သည်။

နတ်စွမ်းရည်မီးတောက်နှင့် ဝိညာဥ်ဝါးမြိုခြင်းတို့၏ ဖိအားများအောက်တွင် အဆိုပါ ကမ္ဘာ့ကြယ်သား သိုင်းပညာရှင်တို့သည် မည်သို့မျှ မခုခံနိုင်ခဲ့ကြပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ ခန္ဓာကိုယ်များ လျင်မြန်စွာ ညှိုးနွမ်းသွားပြီး၊ ခြောက်ကပ်နေသည့် အလောင်းကောင်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အဆင့်ဇယားအပေါ်ရှိ ရှုကျိုး၏ တိုက်ပွဲမှတ်တမ်းမှာလည်း ထပ်မံ၍ မြင့်တက်လာပြန်သည်။

တတိယအဆင့် ပညာရှင် အယောက် ၄၀၀၊ ၅၀၀၊ ၆၀၀ …….

၁၀မိနစ်ကြာခဲ့ပြီးသည့်နောက်၌

ရှုကျိုးသည် စိတ်ကျေနပ်နေသည့် အမူအရာမျိုးဖြင့် မြေပြင်ထက်ရှိ အရိုးပုံကြီးကို ငေးကြည့်နေလျက်ရှိသည်။

“ ဒီနယ်မြေမှာရှိတဲ့ ရန်သူတွေတော့ ရှင်းသွားပြီး၊ နောက်တစ်နေရာကို သွားကြတာပေါ့ကွာ “

သူသည် ဤနေရာတွင် ကြာကြာဆက်မနေတော့ပေ၊ သူ၏ပုံရိပ်လှုပ်ခတ်သွားကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ မိုးကုပ်စက်ဝိုင်းအတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။

ရှုကျိုးထွက်သွားပြီး သိပ်မကြာခင် အချိန်မှာပင် နယ်မြေ၂၃၏ ကြယ်ပြာဂြိုဟ် စစ်တပ်သည် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

သူတို့သည် အရိုးစုများ ပြည့်နှက်နေသည့် မြေပြင်ကို ကြည့်ကာ အံ့ဩတုန်လှုပ်သွားကြသည်။

လူအုပ်အတွင်းရှိ ဆိုဖီယာမှာလည်း အံ့ဩတကြီးဖြစ်သွားခဲ့သည်။

“ ရန်ပြည်ထောင်ရဲ့ ဒီနှစ်ခေါင်းဆောင်က တော်တော်ကြီးကို ကြောက်ဖို့ကောင်းတာပဲ “

…

လာမည့်ကာလအတွင်း၌ ရှုကျိုးသည် စစ်နယ်မြေပေါင်းများစွာသို့ ဖြတ်သန်းသွားလာနေခဲ့သည်။

ကမ္ဘာ့ကြယ် သိုင်းပညာရှင်များနှင့် ရင်ဆိုင်ရသည့် အချိန်တွင် သူသည် ထိုလူအားလုံးကို သတ်ဖြတ်ခဲ့သည်။

သို့သော် သူသည် ဦးတည်ရာမဲ့လျှောက်သွားနေခြင်းမျိုး မဖြစ်ပွားအောင် ဂရုစိုက်နေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ ရှေ့တန်းစစ်မျက်နှာပြင်တွင် ပဥ္စမအဆင့် ပညာရှင်များ ပေါ်လာနိုင်သည့် ဖြစ်နိုင်ခြေများ ရှိနေစဲဖြစ်ပြီး၊ ယခုလက်ရှိ ရှုကျိုးသည် ၎င်းတို့ကို ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ပေ။

ကံကောင်းထောက်မစွာဖြင့် သူ့ဆီတွင် ဂျယ်ရီယန်ပေးထားခဲ့သည့် မြေပုံရှိနေခဲ့သည်၊ ထို့ကြောင့် သူသည် အန္တရာယ်များသော နယ်မြေများကို ရှောင်ရှားနိုင်ခဲ့သည်။

…

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူအတွင်း၌

ရှုကျိုးက ပြေးလွှားလှုပ်ရှားနေသည့် အချိန်တွင် မသေမျိုးနတ်နဂါးကြီးသည် ထူးဆန်းစွာ ငြိမ်သက်နေပြီး၊ အမဲလိုက်ရန်အတွက်ပင် အပြင်သို့ မထွက်ခဲ့ချေ။

ထိုကဲ့သို့ ပြုမူနေရခြင်းမှာ မကြာသေးခင်အချိန်ကမှ စတုတ္ထတစ်ပိုင်းအဆင့် နတ်သားရဲကို သတ်ဖြတ်ထားသောကြောင့် ဖြစ်သည်။

ဤအချိန်၌ နတ်နဂါးသားရဲကြီးသည် အရေးကြီးသော အဆင့်သို့ ရောက်ရှိနေခဲ့သည်။

[ အဆင့် : တတိယအဆင့် အဆင့်၁၀ ( ၈၀% ) ]

“ အဆင့်၄ကို ရောက်ဖို့ တိုးတက်မှု ၂၀%ပဲ လိုတော့တယ် “

နတ်နဂါးသားရဲကြီး၏ ကြီးမားသော မျက်လုံးကြီးများထဲတွင် မျှော်လင့်တကြီး ဖြစ်နေသည့် အရိပ်အငွေ့များ ရှိနေခဲ့သည်။

ယခင်က အဆင့်ကြီးတစ်ဆင့် ချိုးဖျက်ခဲ့သည့်အချိန်တွင် ၎င်းသည် ဟင်းလင်းပြင် တုန်ခါမှုကို ရရှိခဲ့သည်။

ဤတစ်ကြိမ်တွင် အဆင့်ချိုးဖျက်မှုတွင်လည်း ဟင်းလင်းပြင် စွမ်းရည်အသစ် ရရှိလာနိုင်ပေသည်။

နတ်နဂါးသားရဲကြီး ဤရက်ကို စောင့်မျှော်နေခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီ ဖြစ်သည်။

နတ်နဂါးသားရဲကြီးမှ ၎င်း၏ တောင်ပံများကို ခတ်လိုက်လိုက်ရာ၊ မြေပြင်ပေါ်တွင် မြစ်နဂါးအလောင်းကြီးတစ်လောင်း ပေါ်ထွက်လာခဲ့သည်။

အမှန်တိုင်းပြောရမည်ဆိုပါက ၎င်းအား အလောင်းကြီးတစ်လောင်းဟု မသတ်မှတ်သင့်တော့ပေ။

အဘယ့်ကြောင့်ဆိုသော် မြစ်နဂါးအလောင်းသည် တစ်ဝက်တိတိ အစားခံထားရပြီဖြစ်ပြီး၊ အရိုးစုတစ်ဝက်အဖြစ် ကျန်ရှိနေသောကြောင့် ဖြစ်သည်။

နတ်နဂါးသားရဲကြီးသည် ဇီဇာကြောင် ဂျီးများမနေဘဲ ရှေ့သို့တက်ကာ စတင်၍ စားသောက်နေတော့သည်။

“ အဆင့်မြင့် နတ်သားရဲတစ်ကောင်ရဲ့ အသားက သာမန်နတ်သားရဲ အသားတွေနဲ့ တကယ် မတူဘူးပဲ “

နတ်နဂါးသားရဲကြီးမှာ ပြုံးစိစိ ဖြစ်သွားတော့သည် “ အရသာတင် မတူတာ မဟုတ်ဘူး၊ တစ်နပ်စားပြီးတဲ့ အချိန်တိုင်းမှာ ငါ့ရဲ့ ခန္ဓာကိုယ်ကို ပြန်ပြီးတော့ ပုံဖော်ပေးတယ် “

၎င်းသည် အသွေးအသားများထက် ဆေးနှင့်သာ ပိုတူနေခဲ့သည်။

ကုသခြင်းအတွက်သော်လည်းကောင်း၊ ခွန်အားတိုးမြှင့်ပေးခြင်းအတွက်သော်လည်းကောင်း၊ ၎င်းသည် ထိပ်တန်းပစ္စည်းတစ်ခု ဖြစ်နေခဲ့သည်။

ထိုအချိန်တွင် နတ်နဂါးသားရဲကြီးသည် ကိစ္စတစ်ခုကို အလွန်သိချင်သွားခဲ့သည်၊ အဆင့်မြင့် နတ်သားရဲတွေကတောင် ဒီလို အကျိုးသက်ရောက်မှု ယူပေးလာနိုင်မယ်ဆိုရင် သန့်စင်တဲ့ သွေးမျိုးဆက် ပိုင်ထားတဲ့ နတ်သားရဲဆိုရင်ရော ဘယ်လောက်တောင် ကောင်းလိုက်မလဲ??

နာရီဝက်ကြာခဲ့ပြီးသည့်နောက်တွင် အစားစားသောက်ခြင်း ပြီးဆုံးသွားခဲ့သည်။

နတ်နဂါးသားရဲကြီးသည် မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိသည်၊ အပေါ်ယံတွင် တည်ငြိမ်နေပုံရသော်လည်း ၎င်း၏ အတွင်းစိတ်ထဲတွင်မူ မုန်တိုင်းများ ထန်နေလျက်ရှိသည်။

အသွေးအသားမှစ၍ အရိုးများအထိ အရာအားလုံးသည် ပြိုကွဲကာ ပြန်လည် တည်ဆောက်ခံနေရတော့သည်။

သွပ်ပြားပေါ်သို့ မိုးရေကျသကဲ့သို့ ဖြစ်နေသည့် အသံများ ပေါ်ထွက်လာခဲ့သည်။

“ ဖောက်၊ ဖောက် !!! “

နတ်နဂါးသားရဲကြီး၏ အသားမှာလည်း ရုတ်တရက် ကွဲအက်သွားပြီး၊ အက်ကြောင်းများ ပျံ့နှံ့လာခဲ့သည်။

“ ဟမ်? ဒီတစ်ခါ ပြောင်းလဲမှုက တော်တော်လေးကို ကြီးတဲ့ပုံပဲ “

အကြိမ်ပေါင်းများစွာ ကြုံခဲ့ပြီးပြီဖြစ်သောကြောင့် နတ်နဂါးသားရဲကြီးသည် များများစားစား မအံ့ဩသွားခဲ့ပေ။ သူစားသုံးခဲ့သော အစားတစ်နပ်နှင့် နယ်ပယ်ကြီးတစ်ခု တိုးတက်ခြင်းတို့ကို ပေါင်းစပ်လိုက်မည်ဆိုပါက ရုပ်ပိုင်းဆိုင်ရာ အပြောင်းအလဲများ ဖြစ်ပေါ်လာသည်မှာ ပုံမှန်သာဖြစ်သည်။

တစ်ခဏအတွင်းမှာပင် နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အက်ကြောင်းများ ပြည့်နှက်လာခဲ့ပြီး၊ ၎င်း၏ အရေပြားတို့ ကွဲထွက်နေခဲ့သော်လည်း မည်သည့်သွေးမှ မထွက်လာခဲ့ပေ။

အလင်းတန်းတစ်ခုသာ ပေါ်ထွက်လာခဲ့ပြီး၊ နတ်နဂါးသားရဲကြီးကို ရစ်ပတ်ဖုံးလွှမ်းကာ အလင်းတန်း ပိုးအိမ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဆင့်ကဲပြောင်းလဲ တိုးတက်ခြင်းဖြစ်စဥ် စတင်ပြီ ဖြစ်သည်။

အချိန်များ ဖြည်းညှင်းစွာ ကုန်ခမ်းသွားခဲ့သည်။

၁၀မိနစ်

နာရီဝက်

တစ်နာရီ …….

“ ဖောက် !!! “

အလင်းတန်း ပိုးအိမ်ထံမှ လှိုင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

အဆိုပါ လှိုင်းလုံးသည် လျင်မြန်စွာ ပျံ့နှံ့သွားပြီး၊ မိုင်တစ်ထောင် အတွင်းရှိ သားရဲမျိုးနွယ်စု အကုန်လုံးသည် ၎င်းကို အာရုံခံမိသွားသောအခါတွင် ကြောက်လန့်တကြား ဟိန်းဟောက်ကာ မြေပြင်ပေါ်သို့ ဝပ်ချသွားခဲ့သည်။

၎င်းမှာ စတုတ္ထအဆင့် သားရဲကောင်၏ အငွေ့အသက်ဖြစ်သည်။

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေအတွင်း၌ တတိယအဆင့် သားရဲကောင်ကပင် ထိပ်တန်းတည်ရှိမှုတစ်ခု ဖြစ်နေခဲ့ပြီဖြစ်သည်။

စတုတ္ထအဆင့်ကား မရှိသလောက်နီးပါး ဖြစ်နေခဲ့သည်။

ထို့ကြောင့် အဆိုပါ အငွေ့အသက်သည် သားရဲများကို အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

သို့ရာတွင် အသွင်ပြောင်းလဲမှုမှာ မပြီးဆုံးသေးပေ။

အလင်းတန်း ပိုးအိမ်အတွင်း၌ နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးများသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အဆပေါင်းများစွာပိုမိုကြီးမား၍ ပြန်လည်ဖြစ်တည်လာခဲ့သည်။

၎င်းသာလျှင် မဟုတ်ဘဲ၊ နတ်နဂါးသားရဲကြီး၏ အသွေးအသားများ၊ ကိုယ်တွင်းအဂ်ါများနှင့် ဆဲလ်တိုင်းမှာလည်း ပြန်လည်နုပျိုလန်းဆန်းလာခဲ့သည်။

၎င်းသည် ယခင်အကြိမ်များနှင့် မတူညီသည့် ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်ဖြစ်သည်။

နောက်ထပ် နာရီဝက် ထပ်မံ၍ ကုန်ဆုံးသွားခဲ့သည်။

“ ဂျိမ်းးးး ဝုန်းးးးး !!! “

နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ထဲတွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည့် ပေါက်ကွဲသံများ ဖြစ်ပေါ်လာခဲ့သည်၊ ၎င်းသည် တိုးတက်မှုဖြစ်စဥ်က နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပုံရသည်။

၎င်း၏ အရေပြားတို့မှာလည်း ပြန်လည်ကောင်းမွန် ဖြစ်တည်လာခဲ့ပြီး၊ အရေပြားအလွှာများသည် လေးလံသည့် ချပ်ဝတ်တန်ဆာကဲ့သို့ပင် ထူထဲကျစ်လစ်နေကာ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

All Chapters