← Chapters

အခန်း (၁၄၄၄-၁၄၄၆)

Vol. 97 Ch. 1444-1446

အခန်း (၁၄၄၄-၁၄၄၆)

Vol. 97 Ch. 1444-1446

(အခန်း ၁၄၄၄) ချူးယွင်ဖန်းအတွက် ဆင်ထားသည့် မလွတ်နိုင်သည့်ထောင်ချောက်

အကယ်၍သာ သာမန်လူတစ်ယောက် သို့မဟုတ် သာမန်အမတေမဲ့အဆင့်ရှိသူတစ်ဦးသာ ဖြစ်ခဲ့လျှင် ဤမျှများပြားလှသောအကြီးအကဲများကိုစိန်ခေါ်ခြင်းသည် သေတွင်းသို့ မိမိဘာသာခုနခုန်ဆင်းခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ကျန်းဝူချန်ပေးသည့်ခံစားချက်မှာမူ လုံးဝကွာခြားလှသည်။

သူ၏လက်ရုံးရည်က အလွန်တရာအံ့ဩဖွယ်ကောင်းလှ၏။ တစ်ဦးချင်းရင်ဆိုင်သည်ဖြစ်စေ၊ အမတေမဲ့အဆင့်ရှိသူအများအပြားက ဝိုင်းရံတိုက်ခိုက်သည်ဖြစ်စေ နောက်ဆုံးတွင် မည်သူမျှသေဘေးမှ မလွတ်မြောက်နိုင်ခဲ့ကြချေ။ ကြယ်ကိုးပွင့်မှ အကူအညီမရောက်လာခင်အထိ သူက အားလုံးကို အပြတ်ရှင်းလင်းနိုင်စွမ်း ရှိသည်။

ချူးယွင်ဖန်း၏တိုက်ခိုက်နိုင်စွမ်းက သာမန်ကိုယ်ခံအကြီးအကဲများထက် များစွာသာလွန်နေသော်လည်း ဤမျှအထိစွမ်းဆောင်နိုင်ခြင်းမှာ လူအများကိုတုန်လှုပ်ချောက်ချားစေရန် လုံလောက်ခဲ့သည်။ အကယ်၍သာ သူသည် ဤနေရာ၌ပင် နောက်ဆုံးမြေမြှုပ်ခံရမည်ဖြစ်ပါစေမူ ထိုမတိုင်မီ သူတို့ထဲမှ လူမည်မျှများများသူ့လက်ချက်ဖြင့်သေကြရဦးမည်နည်း။ တွေးကြည့်ရုံနှင့်ပင်ရင်လေးစရာ ဖြစ်နေတော့သည်။

အကယ်၍သာ ချူးယွင်ဖန်းက တန်စီယုကို ဝိုင်းရံခဲ့သူများကို ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်အောင် ဖိအားမပေးဘဲ လွှတ်ပေးခဲ့မည်ဆိုလျှင် သူတို့သည်လည်း သူ့အား ရန်မူမည့်အစီအစဉ်ကို စောစီးစွာကပင် လက်လျှော့ခဲ့ကြပေလိမ့်မည်။ ဤကဲ့သို့သောအကြီးအကဲမျိုးကို ရန်မစမိခြင်းကသာ အကောင်းဆုံး မဟုတ်ပါလား။

အများစုမှာလည်း ဤကိစ္စတွင် ပါဝင်ပတ်သက်မိသည်ကို နောင်တရနေကြပြီဖြစ်သည်။ သူတို့သည် ကြယ်ကိုးပွင့်ကို မျက်နှာသာပေးသည့်အနေဖြင့် ဂိုဏ်းသားငယ်လေး၏အလိုကို လိုက်ခဲ့ကြခြင်းသာ ဖြစ်၏။ သို့သော် ဤမျှကြောက်စရာကောင်းသည့်လူသားနဂါးတစ်ကောင်ကို နိုးကြားလာစေလိမ့်မည်ဟု ဘယ်သူကမှ ထင်မထားခဲ့ကြချေ။

လူအများ၏အကြည့်တို့သည် ခန်းမ၏ထိပ်ဆုံးနေရာတွင် ထိုင်နေသည့် ကြယ်ကိုးပွင့် မှအကြီးအကဲဆီသို့ ရောက်သွားကြသည်။ အမှန်စင်စစ် ဤပြဿနာအားလုံး၏အစမှာ ကြယ်ကိုးပွင့် ပင် ဖြစ်သည်။ အကယ်၍သာ ကြယ်ကိုးပွင့်ကသခင်လေးသာ ပြဿနာမရှာခဲ့လျှင် ဤသို့ ဖြစ်လာမည်မဟုတ်။ ယခုမူ သူသေသွားသည့်အပြင် အခြားလူများစွာကိုပါ ဆွဲထည့်သွားခဲ့လေပြီ။

ထိုနေရာ၌ ထိုင်နေသူက ကြယ်တာရာကဲ့သို့ တောက်ပသောမျက်ဝန်းနှင့် ထက်မြက်သော မျက်ခုံးအစုံရှိသည့် လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး ဖြစ်သည်။ သူသည် ငယ်စဉ်က အလွန်ချောမောခန့်ညားသူ ဖြစ်ခဲ့မည်မှာ သိသာလှ၏။ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သောဖိအားများ ထွက်ပေါ်နေပြီး သူ၏အကြည့်များက သိန်းငှက်တစ်ကောင်ကဲ့သို့ စူးရှလှသည်။

အခြေအနေက အလွန်တင်းမာနေသည်ကို မြင်သောအခါ သူ၏မျက်နှာတွင် မတတ်သာသည့် အမူအရာတစ်ခုပေါ်လာသည်။ ကြယ်ကိုးပွင့်အနေဖြင့် ဤကိစ္စမှ ရှောင်လွှဲ၍မရနိုင်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့တွင် နောက်ဆုတ်စရာလမ်းမရှိတော့။ အကယ်၍သာ ချူးယွင်ဖန်းကို ဤဂိုဏ်းကြီးခြောက်ဂိုဏ်းကို ဖျက်ဆီးခွင့်ပေးလိုက်မည်ဆိုပါက နောင်တွင်မည်သူကမျှ ကြယ်ကိုးပွင့် နှင့် လက်တွဲဝံ့တော့မည် မဟုတ်ချေ။ အားလုံးက ဝေးဝေးမှရှောင်ကြပေလိမ့်မည်။ ထိုအခါ ကြယ်ကိုးပွင့်၏ သြဇာအာဏာမှာလည်း ထိုးကျသွားပေလိမ့်မည်။

ယခုအချိန်တွင် သူသည် ချူးယွင်ဖန်း၏ရည်ရွယ်ချက်ကို ရိပ်မိနေပြီဖြစ်သည်။ သူသည် ထိပ်တိုက်မရင်ဆိုင်ဘဲ ဂိုဏ်းများကို တစ်ခုချင်းစီရွေးထုတ်သတ်ဖြတ်နေခြင်းမှာ ကြယ်ကိုးပွင့်၏ပါးကို လူမြင်ကွင်းတွင် ရိုက်နှက်နေခြင်းပင် ဖြစ်သည်။

ချူးယွင်ဖန်းသည် လူအများပြောသကဲ့သို့ သူရဲဘောကြောင်သူမဟုတ်ပေ။ သူ စတင်ပေါ်ပေါက်လာချိန်မှစ၍ လုပ်ဆောင်ခဲ့သည့်ကိစ္စရပ်များကို ကြည့်ပါက ဆန်းကြယ်ခန်းမကိုနှိမ်နင်းခဲ့ခြင်း၊ ကြယ်ကိုးပွင့်မှအကြီးအကဲများကိုသုတ်သင်ခဲ့ခြင်းနှင့် အဆင့်မြင့်ဂိုဏ်းများကို စိန်ခေါ်ခဲ့ခြင်းတို့မှာ ကြွက်တစ်ကောင်ကဲ့သို့ သူရဲဘောကြောင်သူတစ်ဦး လုပ်နိုင်သည့်အရာများ မဟုတ်ချေ။

သူသည် ကြယ်ကိုးပွင့်ကို အနည်းငယ်မျှပင် အလေးမထားဘဲ ရဲရဲဝံ့ဝံ့ စိန်ခေါ်နေခြင်းသာ ဖြစ်သည်။

ဤအချက်ကြောင့်ပင် သူသည် ချူးယွင်ဖန်းက ကြယ်ကိုးပွင့်ကို အင်အားပြနေခြင်းဖြစ်ကြောင်း ပိုမိုသေချာသွားစေသည်။ တစ်ချိန်တည်းမှာပင် ကြယ်ကိုးပွင့်နောက်သို့ လိုက်ပါမည့် အင်အားစုများကိုလည်း "ငါတို့နောက်ကို လိုက်ရင် ဒီလိုဖြစ်မယ်" ဟု သတိပေးနေခြင်းလည်း ဖြစ်၏။

ထိုသတိပေးချက်၏အကျိုးသက်ရောက်မှုကလည်း ထင်ရှားလှသည်။ ပုံမှန်ဆိုလျှင် ဖိတ်ကြားစာ တစ်စောင်ပို့ရုံနှင့် ဂိုဏ်းပေါင်းရာချီ၍ ရောက်လာတတ်သော ကြယ်ကိုးပွင့်၏ဖိတ်ကြားမှုမှာ ယခုအခါတွင်မူ အနည်းငယ်မျှသာ တုံ့ပြန်မှုရှိတော့သည်။ ချူးယွင်ဖန်းက သူတို့ကို ခြောက်လှန့်ထားနိုင်ခဲ့ပြီ မဟုတ်ပါလား။

အင်အားကြီးအဖွဲ့အစည်းများက ပါးနပ်ကြသည်။ ချူးယွင်ဖန်းသည် ကြယ်ကိုးပွင့်ကို ယှဉ်နိုင်၊ မယှဉ်နိုင် မသေချာသော်လည်း သူတို့ကို ဖျက်ဆီးရန်မှာမူ လက်ဖျောက်တစ်ချက်တီးရသလောက်ပင် လွယ်ကူကြောင်း ကောင်းကောင်းသိကြသည်။

ခဏလေးအတွင်းတွင်ပင် အားလုံးကိုအကုန်သတ်ပစ်နိုင်သည့် ထိုသို့သေ မိစ္ဆာကောင်မျိုးကို မည်သူက ရန်စဝံ့ပါမည်နည်း။

ထို့ကြောင့်ပင် ကြယ်ကိုးပွင့်အနေဖြင့် ချူးယွင်ဖန်းကို ကိုယ်တိုင်ကိုယ်ကျနှိမ်နင်းရန်မှအပ အခြားရွေးချယ်စရာ မရှိတော့ပေ။ ဤမျှ ပါးနပ်ပြီး အစွမ်းထက်လှသည့်ပြိုင်ဘက်မျိုးကို ရန်စမိခြင်းက အမှန်ပင်ကြီးမားသော အပြစ်တစ်ခု ဖြစ်လေပြီ။

ထိုအမျိုးသားသည် ပြဿနာအားလုံးကို စတင်ခဲ့သည့်လူမိုက်ကို အကြီးအကျယ် ဆဲပစ်ချင်နေသော်လည်း ယခုအချိန်တွင် ညည်းတွားနေ၍ မထူးတော့ကြောင်း သူသိသည်။

"ဒုတိယဂိုဏ်းချုပ်ကျန်း ဒီကိစ္စက ကြယ်ကိုးပွင့်ကြောင့် ဖြစ်ရတာပါ။ ကျွန်တော်တို့က ခင်ဗျားတို့နဲ့ ပူးပေါင်းပေးခဲ့တာပဲ။"

အမတေမဲ့အဆင့်အကြီးအကဲတစ်ဦးက ထရပ်၍ ပြောဆိုလိုက်သည်။

ရောက်ရှိနေသည့် ရွှေအမတေအဆင့်ရှိသူသုံးဆယ်အနက် ဂိုဏ်းကြီး ခြောက်ဂိုဏ်းမှ (၁၂)ယောက်ခန့်သာ ပါဝင်ပြီး ကျန်ရှိသူများက ကြယ်ကိုးပွင့်မှအကြီးအကဲများ ဖြစ်ကြသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် ကြယ်ကိုးပွင့်၏အင်အားက မည်မျှကြီးမားကြောင်း သိနိုင်ပေသည်။ သူတို့၏အင်အား အစိတ်အပိုင်းတစ်ခုတည်းကပင် ဂိုဏ်းကြီးခြောက်ဂိုဏ်းပေါင်းထားသည်ထက် များစွာ သာလွန်နေသေးသည်။

"ဟုတ်ပါတယ်။ ဒီပြဿနာက ခင်ဗျားတို့သခင်လေးကြောင့် ဖြစ်တာ။ ခင်ဗျားတို့ဂိုဏ်းချုပ်အနေနဲ့ ဒီတိုင်း ထိုင်ကြည့်နေလို့ မရဘူး။ ကျန်းဝူချန်က ရက်စက်ပြီး အစွမ်းထက်လွန်းတယ်။ ခင်ဗျားတို့ ဂိုဏ်းချုပ်ကလွဲရင် ဘယ်သူမှ သူ့ကိုမယှဉ်နိုင်ဘူး။ အကယ်၍ ဂိုဏ်းချုပ်သာ ပေါ်မလာရင်တော့ ကျွန်တော်တို့လည်း လူစုခွဲလိုက်တာပိုကောင်းလိမ့်မယ်။"

ကောင်းကင်တောင်ဂိုဏ်း၏ဂိုဏ်းချုပ်ကလည်း အလေးအနက်ဆိုလာသည်။

ဂိုဏ်းကြီး ခြောက်ဂိုဏ်းမှ အကြီးအကဲများအားလုံး၏မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာကြသည်။

ဤအချိန်တွင် ကြယ်ကိုးပွင့်ဂိုဏ်းချုပ်အနေဖြင့် ထွက်ပေါ်လာသင့်သော်လည်း သူသည် ပေါ်မလာဘဲ ဂိုဏ်းအသီးသီးကို ချူးယွင်ဖန်းလက်ထဲတွင် အသေခံခိုင်းထားသကဲ့သို့ ဖြစ်နေသည်။ ဤအချက်က အားလုံးကို အကြီးအကျယ်ဒေါသထွက်စေသည်။ သူတို့သည် ကြယ်ကိုးပွင့်ကို ဝန်းရံပေးခဲ့ခြင်းသာ ဖြစ်သော်လည်း ယခုအခါ ကြယ်ကိုးပွင့်က ဘာမှမဖြစ်ဘဲ သူတို့သာ ဒုက္ခရောက်နေကြရသည် မဟုတ်ပါလား။

"မှန်တယ်... ခင်ဗျားတို့ ဂိုဏ်းချုပ်သာပေါ်မလာရင် ငါတို့အကုန်သေမှာပဲ။ ဒီထက် ပိုပြောနေစရာ မလိုတော့ဘူး။"

"ဒီတိရစ္ဆာန်ကောင်က အရမ်းရက်စက်တာ။ ငါတို့ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။"

ရွှေအမတေအဆင့်ရှိသူများက တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသော်လည်း သူတို့နောက်ကွယ်က နတ်စွမ်းအားအဆင့်များမှာမူ တစ်ခွန်းမျှ မဟရဲကြပေ။ သို့သော် သူတို့၏စိတ်ထဲတွင်လည်း ထိုအတိုင်းပင် ထင်မြင်နေကြသည်မှာ သိသာလှသည်။

ထိုစဉ် ဒုတိယဂိုဏ်းချုပ်ကျန်းက မျက်မှောင်ကြုတ်ကာ အော်ဟစ်လိုက်သည်။

"ဘာတွေ ငြင်းခုံနေကြတာလဲ။ ကြယ်ကိုးပွင့်က ဒီလောက်တာဝန်မဲ့မယ်လို့ ထင်နေတာလား။ ဂိုဏ်းချုပ်က အလုပ်ရှုပ်နေလို့ ဒီကိစ္စကို မကိုင်တွယ်နိုင်သေးတာပါ။ ဂိုဏ်းချုပ်ကိုယ်တိုင် မလာနိုင်ပေမဲ့ ကျွန်တော်တို့ ဂိုဏ်းချုပ်ဟောင်းကြီးကို ဖိတ်ကြားထားပြီးပြီ။ ဂိုဏ်းချုပ်ဟောင်းကြီးရှိနေသရွေ့ ကျန်းဝူချန်သာ ပေါ်လာရဲရင် သူလွတ်လမ်းမရှိတော့ဘူးလို့သာ မှတ်ထားလိုက်။"

ထိုစကားကို ကြားသောအခါ အားလုံးမှင်တက်သွားကြသည်။ သူတို့သည် ကြယ်ကိုးပွင့်၏ ဂိုဏ်းချုပ်ဟောင်းကြီးအကြောင်းကို ကောင်းကောင်းသိကြသည်။ မိမိတို့ ငယ်စဉ်ကတည်းကပင် ထိုဂိုဏ်းချုပ်ဟောင်းကြီးမှာ တစ်လောကလုံးတွင် နာမည်ကျော်ကြားခဲ့သူ ဖြစ်သည်။ နောက်ပိုင်းတွင် အသက်ကြီးရင့်လာသဖြင့် လက်ရှိဂိုဏ်းချုပ်ကို ရာထူးလွှဲပေးခဲ့ခြင်း ဖြစ်သည်။

သူသည် အသက်ကြီးနေပြီ ဖြစ်သော်လည်း သူသည် ရွှေအမတေအဆင့်ဖြစ်သည်က ယုံမှားသံသယ ရှိစရာမလိုပေ။

ချူးယွင်ဖန်းနှင့်ပတ်သက်၍မူ သူသည် ရွှေအမတေအဆင့်ရှိသည်ဟု ကောလာဟလများ ရှိနေသော်လည်း လူအများက ထိုအချက်ကိုပယ်ချထားကြသည်။ ချူးယွင်ဖန်းတိုက်ခိုက်ချိန်တွင် ရွှေအမတေအဆင့်၏လက္ခဏာရပ်များ မတွေ့ရသဖြင့် သူသည် အမတေမဲ့အဆင့်သာ ဖြစ်မည်ဟု ယူဆထားကြသည်။

ချူးယွင်ဖန်းသည် အမတေမဲ့အဆင့်မှာသာရှိနေသရွေ့ မည်မျှပင်အစွမ်းထက်စေကာမူ သူသည် သေဘေးမှ လွတ်နိုင်မည် မဟုတ်တော့ချေ။

ဤသို့ တွေးမိသည်နှင့် သူတို့၏မျက်နှာတွင် ဝမ်းသာရိပ်များပေါ်လာသော်လည်း တစ်ဖက်တွင်လည်း အံ့ဩသွားကြသည်။ ကြယ်ကိုးပွင့်သည် ချူးယွင်ဖန်းကို အမှန်တကယ်ပင် အမုန်းကြီး မုန်းနေပုံရသည်။ သူ့ကိုနှိမ်နင်းရန်အတွက် ကွယ်လွန်သွားပြီဟု တင်းထွက်နေသော ဂိုဏ်းချုပ်ဟောင်းကြီးကိုပင် ပင့်ဖိတ်ခဲ့သည် မဟုတ်ပါလား။

ဤသည်မှာ ထောင်ချောက်တစ်ခုပင်ဖြစ်ကာ ချူးယွင်ဖန်းအတွက် ဆင်ထားသည့် မလွတ်နိုင်သည့် ပိုက်ကွန်ကြီးတစ်ခုပင် ဖြစ်လေတော့၏။

အခန်း (၁၄၄၅) ချူးယွင်ဖန်းထွက်လာပြီ၊ အားလုံးကြောက်သွားကြလေပြီ

ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ဟောင်းကြီးကိုယ်တိုင် ပါဝင်တိုက်ခိုက်မည်ဟူသောသတင်းကြောင့် အားလုံး၏ စိုးရိမ်စိတ်များလွင့်စင်သွားကာ စိတ်အေးသွားကြတော့သည်။

သာမန်လူများအဖို့ ‌အမတေမဲ့အဆင့်နှင့် ရွေအမတေအဆင့်တို့၏ ခြားနားချက်ကို နားမလည်နိုင်ကြသော်လည်း ရွေအမတေအဆင့် အကြီးအကဲများအဖို့မူ ထိုကွာခြားချက်သည် ကျိုးကြောင်းဆင်ခြင်ရုံဖြင့် တွက်ချက်၍မရနိုင်အောင် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားမှုမျိုးဖြစ်ကြောင်း ကောင်းစွာသိကြသည်။

ကြယ်ကိုးပွင့်ဂိုဏ်းသားများကမူ သူတို့၏ဂိုဏ်းချုပ်ဟောင်းကြီးနှင့်တွေ့သည်နှင့် ချူးယွင်ဖန်းတစ်ယောက် အသက်ပျောက်ရမည်ဟုပင် အပိုင်တွက်ထားကြလေပြီ။

" ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ဟောင်းကြီး အသက်ရှိနေသေးလိမ့်မယ်လို့ ထင်ကိုမထင်ထားမိဘူး။ သူကွယ်လွန်သွားပြီလို့တောင် ကောလာဟလတွေ ထွက်နေခဲ့တာ မဟုတ်လား။"

"ဟုတ်သားပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ရာလောက်ကတည်းက လက်ရှိဂိုဏ်းချုပ်ကို ရာထူးလွှဲပေးခဲ့တာလေ။ အဲဒီတုန်းကတည်းက သူက အသက်တော်တော်ကြီးနေပြီ။ အခုလို ပြန်ပေါ်လာလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားဘူး။"

" ကြယ်ကိုးပွင့်က တကယ့်ကို ကြောက်စရာကောင်းတာပဲ။ သူတို့ဆီမှာ အစောင့်အရှောက်အနေနဲ့တင် ရွေအမတေနှစ်ယောက်ထက်မက ရှိနေတာပေါ့။"

"နေပါဦး... ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ဟောင်းကြီးက အရင်တုန်းက ကျန်းဝူချန်နဲ့ တိုက်ပွဲတွေမှာ ဘာလို့ ပေါ်မလာခဲ့တာလဲ။"

လူအများမှာ သူတို့ကိုယ်သူတို့ အနိုင်ရရှိပြီးသားဟုပင် မှတ်ယူထားကြသဖြင့် စိတ်လက်ပေါ့ပါးစွာဖြင့် တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြတော့သည်။

ဂိုဏ်းချုပ်ဟောင်းကြီး၏အကူအညီပါလာလျှင် သူတို့အနေဖြင့် ရှေ့တန်းမှနေ၍ အသေခံတိုက်ခိုက်နေစရာမလိုတော့သလို အသက်အန္တရာယ်ဖြစ်ရန်အခွင့်အလမ်းလည်း အလွန်နည်းပါးသွားပြီဖြစ်သည်။

ထိုစဉ် တစ်စုံတစ်ယောက်က မေးလိုက်သည်။

"ဂိုဏ်းချုပ်ဟောင်းကြီးက ဘယ်တော့ ရောက်လာမှာလဲ။"

ဒုတိယဂိုဏ်းချုပ်ကျန်းက ထိုလူကို ကြည့်ကာ ဆိုလိုက်သည်။

"သူ ရောက်နေပါပြီ။ အချိန်တန်ရင် သူ ပေါ်လာလိမ့်မယ်။ ဒါပေမဲ့ ငါတို့ ရန်သူကို ရိပ်မိအောင် မလုပ်ရဘူး။ ကျန်းဝူချန် သာ သတင်းရသွားလို့ ကြောက်ပြီး ထွက်ပြေးသွားရင် မကောင်းဘူးလေ။ သူက ကြွက်တစ်ကောင်လို သူရဲဘောကြောင်တဲ့လူပဲ မဟုတ်လား။"

သူက အော်ဟစ်ရယ်မောလိုက်ရာ အခြားသူများကလည်း လိုက်၍ ရယ်မောကြတော့သည်။ ဒုတိယဂိုဏ်းချုပ်ကျန်း၏ စကားကြောင့် ခန်းမအတွင်းရှိတင်းမာမှုများ လျော့ကျသွားကာ ကြယ်ကိုးပွင့်ဂိုဏ်းသားအများစုမှာ ဝမ်းသာအားရ ဖြစ်နေကြသည်။

"အကယ်၍ ကျန်းဝူချန် ပေါ်မလာရဲရင် ဘာဖြစ်မလဲ"

တစ်ယောက်က မေးလိုက်ပြန်ရာ အားလုံးက ပြန်လည် စိုးရိမ်သွားကြပြန်သည်။ အကယ်၍သာ သူ ပေါ်မလာခဲ့လျှင် သူတို့၏ ပြင်ဆင်မှုများမှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

"စိတ်မပူပါနဲ့။ ကျန်းဝူချန် သာ ပေါ်မလာရဲရင် သူ့ရဲ့ဒဏ္ဍာရီလည်း နိဂုံးချုပ်သွားပြီပဲ။ အဲဒီအခါကျမှ သူက ဘယ်လောက်တောင် အမွှမ်းတင်ခံထားရတာလဲဆိုတာ လူတွေ သိသွားကြလိမ့်မယ်။ အဲဒီနောက်ပိုင်းမှာ သူ ဘယ်လိုမှအသက်ရှင်နိုင်မှာ မဟုတ်တော့ဘူး။"

ဒုတိယဂိုဏ်းချုပ်ကျန်းက လှောင်ပြုံးပြုံးကာ ဆက်ပြောလိုက်သည်။

"ငါတို့ဂိုဏ်းချုပ်ကြီးအားတဲ့အချိန်ကျရင် ကျန်းဝူချန်ကို ကိုယ်တိုင်ရှင်းပစ်လိမ့်မယ်။ ပြီးတော့ သူက ဆန်းကြယ်ခန်းမကိုလည်း ရန်စထားသေးတာ။ သူ ထပ်ပြီး လှုပ်ရှားလေလေ သူ့သတင်းကို ဖုံးကွယ်ထားဖို့ ခက်ခဲလေလေ ဖြစ်မှာပဲ။"

လူတိုင်းက ထိုစကားကို ထောက်ခံကြသည်။ ချူးယွင်ဖန်းပေါ်မလာခဲ့လျှင်ပင် ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ဟောင်းကြီးက ကိုယ်တိုင်အရေးယူမည်ဖြစ်ရာ သူတို့အတွက် ပင်ပန်းစရာမလိုဘဲ အေးဆေးဖြစ်သွားမည် မဟုတ်ပါလား။

"ဟင်း ငါတို့ကို ရန်စရဲတဲ့အတွက် ကျန်းဝူချန်က သေမှာပါပဲ။ ဒါပေမဲ့ သူ့ကို ခဏလောက်တော့ အသက်ဆက်ရှင်ခွင့်ပေးထားချင်သေးတယ်"

ဒုတိယဂိုဏ်းချုပ်ကျန်းက ကောက်ကျစ်စွာ ပြုံးလိုက်၍ ပြောလိုက်၏။

"ဒီနေ့ မဟာမိတ်ညီလာခံအတွက် ဘယ်သူမှစိုးရိမ်စရာမလိုပါဘူး။ သူ ပေါ်မလာရင်တော့ ထားလိုက်ပေါ့။ အကယ်၍ပေါ်လာခဲ့ရင်တော့ ဒီနေရာဟာ သူ့ရဲ့ သင်္ချိုင်းဖြစ်သွားစေရမယ်။"

လူအများ၏စိတ်အခြေအနေမှာ တက်ကြွလာကာဆွေးနွေးမှုများမှာလည်း အရှိန်ရလာသည်။ အများစုမှာမူ ချူးယွင်ဖန်းကိုသတ်ပြီးနောက် သူ၏ ထူးခြားလှသောလျှို့ဝှက်ချက်များကို မည်သို့ ဝေမျှယူကြမည်ဆိုသည်ကိုပင် စတင်၍ ဆွေးနွေးနေကြတော့သည်။

ချူးယွင်ဖန်းမှာ အလွန်အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်လှသောနောက်ခံရှိသူဖြစ်သဖြင့် သူ၌ အဖိုးတန်လှသောလျှို့ဝှက်ချက်များစွာ ရှိမည်ဟု အားလုံးက သံသယရှိနေကြခြင်းဖြစ်သည်။

ထိုစဉ် ဝတ်စုံနက်ဝတ်ထားသောလူငယ်တစ်ဦးက ကောင်းကင်တောင်ဂိုဏ်းတပည့်တစ်ဦးကို ဆွဲကိုင်ကာ မေးမြန်းလိုက်သည်။

"တစ်ဆိတ်လောက်ပါ။. ခင်ဗျားတို့ရဲ့ ဂိုဏ်းချုပ်က ဘယ်မှာလဲ။ ကျွန်တော် သူ့ကို တစ်ခုလောက် ပြောစရာရှိလို့ပါ။"

ထိုတပည့်မှာ တစ်စုံတစ်ယောက်က သူ့ကို ဆွဲကိုင်လိုက်သဖြင့် မကျေမနပ် ဖြစ်သွားကာ စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်သည်။

"မင်း ဘာလိုချင်တာလဲ။ မျက်စိမပါဘူးလား။ ငါတို့ အခု ကျန်းဝူချန်ကို နှိမ်နင်းဖို့ မဟာမိတ်လုပ်နေကြတာ မမြင်ဘူးလား။"

"သိတာပေါ့။”

လူငယ်က တောက်ပသောအပြုံးဖြင့် ပြန်ပြောလိုက်သည်။

"သိရင်လည်း ဘာလို့ စကားလာများနေတာလဲ။ မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ့ဂိုဏ်းချုပ်ကို မင်းတွေ့ချင်တိုင်း တွေ့လို့ရမယ် ထင်နေလား။"

ကောင်းကင်တောင်ဂိုဏ်းတပည့်က မောက်မာစွာ ဆိုလိုက်သည်။

ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရမည်ဖြစ်၍ ကောင်းကင်တောင်ဂိုဏ် ဂိုဏ်းမှာ အရင်က ကြောက်ရွံ့နေခဲ့ရသော်လည်း ယခုအခါ အင်အားစုအားလုံးနှင့် ပူးပေါင်းထားသဖြင့် ပြန်လည်၍ မောက်မာလာခြင်း ဖြစ်သည်။

သာမန်လူများအဖို့ ကောင်းကင်တောင်ဂိုဏ်း ဂိုဏ်းချုပ်မှာ အလွန်မြင့်မြတ်သော ပုဂ္ဂိုလ်ကြီးဖြစ်သော်လည်း ရှေ့ကလူငယ်မှာမူ ထိုအချက်ကို နားမလည်ပုံရသည်။

ဝတ်စုံနက်နှင့်လူငယ်က ပြုံးလိုက်ပြီး ပြောလိုက်ပြန်သည်။

"ကောင်းကင်တောင်ဂိုဏ်း ဂိုဏ်းချုပ်ဆိုတာ ကျွန်တော်တွေ့ချင်တိုင်း တွေ့လို့မရတဲ့ လူမျိုးလား။ ရနိုင်မယ်လို့ ထင်တာပဲ။ ပြီးတော့ ခင်ဗျားတို့က ကျန်းဝူချန်ကို တိုက်ဖို့ မဟာမိတ်ဖွဲ့နေကြတာဆို။ တိုက်ဆိုင်လိုက်တာ... ကျွန်တော်က ကျန်းဝူချန်ပဲ။"

"မင်း နာမည်တူနေရုံနဲ့တော့... ဘာ! မင်းက ကျန်းဝူချန် ဟုတ်လား!"

ကောင်းကင်တောင်ဂိုဏ်းတပည့်မှာ အလန့်တကြားအော်ဟစ်လိုက်သည်။ အစပိုင်းတွင် သူ နားမလည်ခဲ့သော်လည်း ချက်ချင်းပင် မျက်လုံးပြူးသွားကာ ချူးယွင်ဖန်းကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်တော့သည်။

ဤကာလအတွင်း အောက်ခြေတပည့်များအဖို့ ချူးယွင်ဖန်းဆိုသည်မှာ သွေးဆာနေသည့် မိစ္ဆာတစ်ကောင်ကဲ့သို့ပင်။ ဂိုဏ်းများကို အလွယ်တကူ အမြစ်ပြတ်ရှင်းလင်းနိုင်သည့် သူ၏အစွမ်းမှာ သူတို့အဖို့ ကြောက်မက်ဖွယ်ကောင်းလှသည်။

အထက်လူကြီးများကမူ သူသည် အပြစ်မဲ့သူများကို မသတ်ကြောင်း သိထားကြသော်လည်း အောက်ခြေတပည့်များ၏ သတင်းရင်းမြစ်များမှာမူ တစ်ဆင့်စကားတစ်ဆင့်နားဖြင့် ကြောက်စရာကောင်းအောင် ပြောင်းလဲသွားခဲ့လေပြီ။

အချို့သောသူများအဖို့ ချူးယွင်ဖန်းက ဝိညာဉ်နှုတ်ယူသည့် ယမမင်းသဖွယ် ဖြစ်နေတော့သည်။ ထိုတပည့်က သူ မထင်မှတ်ထားဆုံးဖြစ်သည့် ချူးယွင်ဖန်းက မိမိရှေ့တွင် အေးအေးဆေးဆေးပေါ်လာလိမ့်မည်ဟု အိပ်မက်ပင်မက်ဖူးမည်မဟုတ်ချေ။

သူသည် ချူးယွင်ဖန်းအကြောင်း ကြားဖူးသမျှဒဏ္ဍာရီများကို ပြန်လည်တွေးမိကာ မေ့လဲမတတ် ကြောက်ရွံ့သွားတော့သည်။ ချူးယွင်ဖန်းက သူ့ကို အရှင်လတ်လတ် စားပစ်တော့မည့်အတိုင်း ခံစားနေရသည်။

တစ်ချိန်တည်းမှာပင် ဘေးပတ်ဝန်းကျင်ရှိလူအားလုံးမှာလည်း သွေးပျက်သွားကြတော့သည်။ စည်ကားနေသောပတ်ဝန်းကျင်က ချက်ချင်းပင် သင်္ချိုင်းကုန်းကဲ့သို့ တိတ်ဆိတ်သွားသည်။ ချူးယွင်ဖန်းက သူတို့ကြားထဲတွင် ရောနှောနေလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြချေ။

အားလုံးက သူတို့ ကဲ့ရဲ့ရှုံ့ချနေသည်ကို ချူးယွင်ဖန်းကြားသွားပြီဟု တွေးမိကာ တစ်ကိုယ်လုံး တုန်ယင်လာကြတော့သည်။ သူတို့၏ခေါင်းများကို ဓားဖြင့် ဖြတ်ပစ်တော့မည်လားဟု ကြောက်ရွံ့နေကြသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

ကြောက်လန့်လွန်းသဖြင့် အားလုံး၏ မျက်နှာမှာ ဖြူလျော့နေကြသော်လည်း ထွက်ပြေးရန်ပင် မဝံ့ရဲကြချေ။ ခြေထောက်များမှာလည်း လှုပ်မရလောက်အောင် တောင့်တင်းနေကြလေပြီ။

ချူးယွင်ဖန်းက သူ၏မျက်နှာကို ပြန်ကိုင်ကြည့်ကာ အနည်းငယ် စိတ်ပျက်သွားသည့်လေသံဖြင့် တွေးလိုက်မိသည်။

‘ငါက အဲဒီလောက်တောင် ကြောက်ဖို့ကောင်းလို့လား။’

ကျန်းဝူချန်အဖြစ် သူဖန်တီးထားသည့်မျက်နှာသွင်ပြင်က မူရင်းထက် အနည်းငယ် ပို၍ထက်မြက်စူးရှပုံပေါ် သော်လည်း မိစ္ဆာတစ်ကောင်ကဲ့သို့ ပြောင်းလဲထားခြင်းမဟုတ်ပေ။ သူ့နှင့်ပတ်သက်သည့်သည့်ကောလာဟလများက သာမန်လူများကို ဤမျှအထိ ခြောက်လှန့်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အမှန်တကယ်ပင် ကောလာဟလများသည် ပညာရှိတို့ထံ၌ ရပ်တန့်တတ်သော်လည်း လောကတွင် ပညာရှိဟူသည်မှာ အလွန်နည်းပါးလွန်းလှသည် မဟုတ်ပါလား။

ချက်ချင်းဆိုသလိုပင် ကျန်းဝူချန်ရောက်ရှိနေသည့်သတင်းက တောင်အောက်မှနေ၍ တောင်ထိပ်သို့ လျင်မြန်စွာပျံ့နှံ့သွားတော့သည်။ ထို့နောက် တောင်ထိပ်မှနေ၍ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။

" ကျန်းဝူချန်?! သူ ဘယ်မှာလဲ!"

အခန်း (၁၄၄၆) ငါသတ်ချင်တဲ့သူကို ဘယ်သူမှမကာကွယ်နိုင်ဘူး

ဒေါသတကြီးအော်ဟစ်သံအဆုံးတွင် ကောင်းကင်တောင်ဂိုဏ်း၏ အနက်ရှိုင်းဆုံးနေရာမှ အလင်းတန်းပေါင်း ရာနှင့်ချီ၍ ပျံသန်းထွက်ပေါ်လာသည်ကို အားလုံး မြင်တွေ့လိုက်ကြရသည်။ ကောင်းကင်နှင့်နေမင်းကိုပင် ဖုံးလွှမ်းသွားစေသည့်ထိုမြင်ကွင်းမှာ အလွန်ပင် ခန့်ညားထည်ဝါလှ၏။

ခဏအကြာတွင်မူ ချူးယွင်ဖန်း၏ ရှေ့မှောက်၌ လူရိပ်ပေါင်းရာနှင့်ချီ၍ ပေါ်လာတော့သည်။ အာအးနည်းဆုံးဟု ဆိုနိုင်သူသည်ပင် အဆင့် (၇) နတ်စွမ်းအားအဆင့်ရှိ အဆင့်မြင့်အကြီးအကဲများ ဖြစ်ကြပြီး ရှေ့ဆုံးမှ ဦးဆောင်လာသူ (၃၀)ကမူ ‌ရွှေအမတေမဲ့အကြီးအကဲများ ဖြစ်ကြသည်။

ဤမျှ တောင့်တင်းလှသောလူအင်အားမှာ တစ်လောကလုံးကို သိမ်းကျုံးဖျက်ဆီးနိုင်လောက်သည့် အခြေအနေမျိုး ဖြစ်သည်။ နှစ်ပေါင်းရာချီမျှသာ သမိုင်းကြောင်းရှိသည့် လောကအဖွဲ့ချုပ်၏ကိုယ်ခံပညာ စွမ်းရည်က ဤဝိညာဉ်လောကနှင့် နှိုင်းယှဉ်လျှင် များစွာအလှမ်းဝေးနေသေးကြောင်း ခန့်မှန်းကြည့်ရုံနှင့် သိနိုင်ပေသည်။

ရာနှင့်ချီသောအလင်းတန်းများသည် ချူးယွင်ဖန်ရှေ့တွင် စနစ်တကျ တန်းစီလိုက်ကြပြီး လွှမ်းမိုးချုပ်ကိုင်ထားနိုင်သော အရှိန်အဝါများဖြင့် သူ့အား ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။

ထိုပုဂ္ဂိုလ်ကြီးများ၏ရှေ့တွင် ချူးယွင်ဖန်း၏တည်ရှိမှုက ပြင်းထန်သောပင်လယ်လှိုင်းတံပိုးများအကြားရှိ လှေငယ်လေးတစ်စင်းနှင့် တူနေတော့သည်။ သူတို့သည် သူ့ကို အချိန်မရွေးဝါးမျိုပစ်နိုင်သကဲ့သို့ ချူးယွင်ဖန်းမှာမူ ကောင်းကင်နှင့်မြေကြီးကို တစ်ကိုယ်တည်း ရင်ဆိုင်နေရသည့် အသွင်ပင်။ ဘေးမှ ကြည့်နေသူအားလုံးမှာ ဤမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ငေးမောနေကြရသည်။ ဤမြင်ကွင်းက သူတို့၏မှတ်ဉာဏ်ထဲတွင် တစ်သက်လုံး ဖျောက်ဖျက်မရနိုင်အောင် စွဲထင်ကျန်ရစ်နေပေလိမ့်မည်။

ချူးယွင်ဖန်းသည် သူ့ရှေ့က လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်သော်လည်း အနည်းငယ်မျှပင် ခြိမ်းခြောက်ခံရသည်ဟု မခံစားရပေ။ ကျန်ရှိနေသည့် ‌ရွှေအမတေသုံးဆယ်ကလည်း အခြေခံအဆင့်၊ အလယ်အလတ်အဆင့်နှင့် အထွတ်အထိပ်အဆင့် ‌ရွှေအမတေမဲ့များသာ ဖြစ်ကြသည်။

ဦးဆောင်လာသူ ဒုတိယဂိုဏ်းချုပ်ကျန်းမှာမူ အင်အားအကြီးဆုံးဖြစ်ပြီး သူသည် ရွေအမတေအဆင့်သို့ တက်လှမ်းရန် ခြေလှမ်းတစ်ဝက်အမတေအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ အခြားသူများထက် များစွာ သာလွန်လှသည်။

သို့သော်လည်း ချူးယွင်ဖန်းသိသည်က ဒုဂိုဏ်းချုပ်ကျန်းသည် သူ၏ ပါရမီကန့်သတ်ချက်သို့ ရောက်နေပြီ ဖြစ်သည်။ ယွင်ထျန်းနှင့်မတူဘဲ ဒုတိယဂိုဏ်းချုပ်ကျန်းက ထူးခြားသည့် ကံကြမ္မာအလှည့်အပြောင်းမျိုးနှင့် မကြုံရသရွေ့ ရှေ့ဆက်တက်နိုင်ရန် မလွယ်ကူတော့ချေ။ ချူးယွင်ဖန်းကိုယ်တိုင်မှာလည်း ခြေလှမ်းတစ်ဝက်အမတေအဆင့်မှာပင် ရှိနေသော်လည်း အချိန်အတိုင်းအတာတစ်ခုရလျှင် ရွှေအမတေအဆင့်သို့ အသာလေးတက်လှမ်းနိုင်သူဖြစ်သည်။ သူတို့နှစ်ဦးကြားတွင် လက်ရှိအဆင့်က တူညီနေနိုင်သော်လည်း သူတို့၏အနာဂတ်မှာမူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှ၏။

"မင်း ပေါ်လာလိမ့်မယ်လို့ ငါမထင်ထားဘူး ကျန်းဝူချန်။"

ဒုတိယဂိုဏ်းချုပ်ကျန်းက အံ့အားသင့်သွားရသည်။

သူက ချူးယွင်ဖန်းတစ်ယောက် ပေါ်လာရဲရန် အခွင့်အရေး (၁၀)ရာခိုင်နှုန်းပင် မရှိဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ အကြောင်းမှာ သူကိုယ်တိုင် ဆင်ထားသည့်ထောင်ချောက်မှန်း သိသာလှသောကြောင့်ပင်။

'ဒီကျန်းဝူချန်က ထောင်ချောက်မှန်းတောင် မသိဘဲ သေဖို့အတွက် အပြေးအလွှား လာရလောက်အောင်ကို မိုက်မဲတာလား။'

ဒုဂိုဏ်းချုပ်ကျန်း တွေးလိုက်မိသေးသည်။

အမှန်စင်စစ် ဤညီလာခံမှာ ချူးယွင်ဖန်းကို ဖမ်းရန် ထောင်ချောက်ဆိုသည်ထက် သူ၏ မောက်မာမှုများကို နှိမ်နင်းရန်နှင့် သူသည် မအောင်နိုင်သူမဟုတ်ကြောင်း အများသိအောင် ပြသရန်အတွက်သာ ဖြစ်သည်။

ချူးယွင်ဖန်းက အတင်းတိုးဝင်လာလိမ့်မည်ဟု သူတို့ အကောင်းဆုံး တွေးကြည့်လျှင်ပင် အခွင့်အရေးမှက အလွန်နည်းပါးလှသည်။ သို့သော်လည်း ချူးယွင်ဖန်းကမူ ဒုဂိုဏ်းချုပ်ကျန်း၏ပါးကို ရိုက်လိုက်လေပြီ။ သူ၏လုပ်ရပ်များက မည်သူမျှ ခန့်မှန်း၍မရနိုင်သောအခြေအနေမျိုး ဖြစ်သည်။

သို့သော် ချူးယွင်ဖန်း၏အမြင်တွင်မူ ဤအရာများက လျှို့ဝှက်ဆန်းကြယ်နေစရာမလိုပေ။ အကြွင်းမဲ့အစွမ်းထက်မှုရှေ့မှောက်တွင် မည်သည့်အစီအမံနှင့်ပရိယာယ်ကမျှ အရာမထင်နိုင်ကြောင်း ကောင်းစွာသိသည်။

ဒုဂိုဏ်းချုပ်ကျန်းက အပြုံးလေးဖြင့် မေးလိုက်သည်။

"ငါက ဘာလို့ မပေါ်လာရဲရမှာလဲ။ မင်းတို့ ငါ့အတွက် မလွတ်တမ်းပိုက်ကွန်ကြီး ခင်းထားတယ်လို့ ကြားလို့လေ။ အဲဒီပိုက်ကွန်က ဘယ်လောက်တောင် ခိုင်မြဲနေမလဲဆိုတာ ငါ လာကြည့်တာ။"

သူက ရှေ့က လူအုပ်ကြီးကို ဝေ့ဝဲကြည့်ကာ ဆက်ပြောလိုက်သည်။

"ကြည့်ရတာတော့ ဒီလူတွေက ငါ့ကိုသတ်ဖို့အတွက် မလောက်သေးဘူးထင်တယ်။ ကြယ်ကိုးပွင့် က ဒီလောက်ပဲ ထုတ်ပြနိုင်တာလား။"

"ဟင်း ဘယ်သူမဆို စကားကြီ စကားကျယ်ကတော့ပြောတတ်တာပဲ ကျန်းဝူချန်။"

ဒုတိယဂိုဏ်းချုပ်ကျန်းသည် ချူးယွင်ဖန်းကို မြင်သည်နှင့်တိုက်ခိုက်ရန် စိတ်အားထက်သန်နေလေသည်။ ဤမျှ များပြားလှသောအကြီးအကဲများအကြားမှ ချူးယွင်ဖန်းလွတ်မြောက်သွားနိုင်မည်ဆိုပါက တကယ့်အံ့ဖွယ်ကိစ္စသာ ဖြစ်ပေလိမ့်မည်။

"ငါ မင်းကို မေးရဦးမယ် ကျန်းဝူချန်။ မင်းနဲ့ တန်စီယုနဲ့က ဘာပတ်သက်လို့ ကြယ်ကိုးပွင့် ကို စိန်ခေါ်ရဲတာလဲ။"

"မင်းနဲ့ ဘာဆိုင်လို့လဲ"

ချူးယွင်ဖန်းက နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်။

"မင်းနဲ့ တန်စီယုနဲ့က ရည်စားဟောင်းတွေလို့တော့ မပြောနဲ့ဦး။ အမှန်အတိုင်းပြောရရင် ငါတို့ကတော့ သူ့ကို အကောင်းဆုံးမြည်းစမ်းပြီးသွားပြီ။"

ကြယ်ကိုးပွင့်မှ ရွေအမတေအဆင့်ရှိသူတစ်ဦးက ရုန့်ရင်ကြမ်းတမ်းသော မျက်နှာပေးဖြင့် လှောင်ပြောင်လိုက်သည်။

"မင်း သေချင်နေပြီပဲ!”

ချူးယွင်ဖန်းက ချက်ချင်း မျက်မှောင်ကြုတ်လိုက်ကာ တန်စီယုကို စော်ကားလိုက်သူရှိရာသို့ လျှပ်စီးသဖွယ် ပြေးဝင်သွားတော့သည်။

ထိုအကြီးအကဲမှာ လူအုပ်ကြားထဲတွင်ရှိနေသဖြင့် ချူးယွင်ဖန်းကို မကြောက်ရွံ့ခဲ့သော်လည်း သူ၏စကားအဆုံးတွင် ချူးယွင်ဖန်းက မိမိထံသို့ တိုက်ရိုက်ခုန်အုပ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရှေးဟောင်းသားရဲကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါတစ်ခုက သူ့အား တင်းကျပ်စွာ ချုပ်ကိုင်လိုက်တော့သည်။

ထိုသူသည် လှုပ်ပင်မလှုပ်နိုင်တော့ဘဲ တောင်ကြီးတစ်လုံးက သူ့အပေါ်သို့ ဖိချထားသကဲ့သို့ ခံစားလိုက်ရကာ သူ၏မျက်လုံးများတွင် မယုံကြည်နိုင်မှုနှင့်အတူ မျှော်လင့်ချက်မဲ့သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်။

သူသည် ရွေအမတေအဆင့်အကြီးအကဲတစ်ဦးဖြစ်သဖြင့် ချူးယွင်ဖန်း၏ အရှိန်အဝါတစ်ခုတည်းနှင့် ဤမျှအထိ ဖိနှိပ်ခံရရန် မဖြစ်နိုင်သော်လည်း နောက်ဆုံးတွင်မူ ချူးယွင်ဖန်းမှာ သာမန်လူမဟုတ်ဘဲ ကြောက်စရာကောင်းလှသည့် မိစ္ဆာတစ်ကောင် ဖြစ်နေခြင်းကြောင့်ပင်။

"ငါ့ရှေ့မှာ ဒီလောက်တောင် ရဲတင်းလှချည်လား!”

ဒုတိယဂိုဏ်းချုပ်ကျန်းက အကြီးအကျယ်ဒေါသထွက်သွားကာ ခုန်တက်လိုက်ပြီး ထိုအကြီးအကဲ၏ပတ်ပတ်လည်တွင် ဒိုင်းလွှာများကို အစီအရင်ဖြင့် ဖန်တီးလိုက်သည်။

သူ၏ ရွှေရောင်ဒိုင်းလွှားမားက ပေရာနှင့်ချီ၍ ကျယ်ဝန်းလှပြီး ဒိုင်းပေါ်ရှိ ရှေးဟောင်း ပုံရိပ်လွှာများက အစွမ်းထက်လှသောခံစစ်တစ်ခုအဖြစ် ရွေ့လျားနေကြသည်။

"ဒါနဲ့ ငါ့ကို တားနိုင်မယ် ထင်နေလာ။!"

ချူးယွင်ဖန်းက ဟိန်းဟောက်လိုက်ကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဝုန်း!

မည်သည့်အခက်အခဲမျှမရှိဘဲ သူ၏လက်သီးချက်က ရွှေရောင်ဒိုင်းလွှာများကို တစ်စစီ ဖြစ်သွားစေသည်။ ၎င်းမှာ အလွန်ပင် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းပင်။

ချူးယွင်ဖန်းသည် မျက်စိတစ်မှိတ်အတွင်း ထိုအကြီးအကဲ၏ရှေ့သို့ ရောက်ရှိသွားကာ လက်ထဲတွင် လျင်မြန်စွာ လည်ပတ်နေသောစွမ်းအင်လုံးကြီးတစ်ခု ပေါ်လာသည်။ ထိုစွမ်းအင်မှာ ဓားတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ထိုအကြီးအကဲအား နှစ်ပိုင်းဖြတ်ပစ်လိုက်လေတော့သည်။

ဗြိ!

သွေးများက နေရာအနှံ့သို့ ပန်းထွက်သွားတော့သည်။ ဤအကြောင်းအရာများကို ဖော်ပြရန် အချိန်ယူရသော်လည်း လက်တွေ့တွင်မူ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ မည်သူမျှ တုံ့ပြန်ရန် အချိန်မရမီမှာပင် ချူးယွင်ဖန်းက ထိုအကြီးအကဲကို နှစ်ပိုင်းပိုင်းဖြတ်ခဲ့ပြီးလေပြီ။

ထိုအခါမှသာ လူတိုင်းသည် သူတို့နှင့် ချူးယွင်ဖန်းကြား မည်မျှ ကွာခြားကြောင်း သဘောပေါက်သွားကြတော့သည်။ ဒုတိယဂိုဏ်းချုပ်ကျန်းတစ်ဦးတည်းသာ တုံ့ပြန်နိုင်ခဲ့သော်လည်း သူ၏အစွမ်းကလည်း ချူးယွင်ဖန်းကို တားဆီးနိုင်ရန် မလုံလောက်ခဲ့ချေ။

ချူးယွင်ဖန်း၏လက်သီးချက်က ထွက်ပေါ်လာသောတန်ပြန်အရှိန်ကြောင့် ဒုဂိုဏ်းချုပ်ကိုယ်တိုင်ပင် နောက်သို့ လွင့်ထွက်သွားကာ မျက်နှာမှာဖြူလျော့သွားရသည်။ ချူးယွင်ဖန်း၏ကြောက်မက်ဖွယ်စွမ်းအားကို တားဆီးရန် သူ၏ နတ်စွမ်းအင်များကို လှည့်ပတ်အသုံးပြုရန်ပင် ခဲယဉ်းနေတော့သည်။

ဒုတိယဂိုဏ်းချုပ်ကျန်းသည် ဆာလောင်နေသည့်တောဝံပုလွေတစ်ကောင်ကဲ့သို့ ချူးယွင်ဖန်း ကို စူးစိုက်ကြည့်ကာ ဟိန်းဟောက်လိုက်သည်။

"ငါ့ရှေ့တင် လူသတ်ရဲတယ်ပေါ့လေ!"

သူ၏မျက်လုံးများက သွေးနီရောင်သန်းနေပြီး သတ်ဖြတ်လိုစိတ်များမှာလည်း ပြင်းထန်လာတော့သည်။

"သတ်တော့ ဘာဖြစ်လဲ။ ငါသတ်ချင်တဲ့လူကို မင်းတင်မကဘူး ဘယ်သူမှ တားလို့မရဘူး။"

ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။

"ဒါက ပါးစပ်သရမ်းတဲ့လူတွေရတတ်တဲ အကျိုးဆက်ပဲ။ စားချင်တာစားလို့ရပေမဲ့ ပါးစပ်က တွေ့ကရာတော့ ပြောလို့မရဘူးကွ!"

"စကားတွေ အများကြီး ပြောမနေနဲ့တော့။ မင်းတို့ ပြင်ထားတယ်ဆိုတဲ့ မလွတ်တမ်း ပိုက်ကွန်ကြီးကို ထုတ်ပြစမ်းပါ။ ငါ့ကို ပြကြစမ်း….”

All Chapters