← Chapters

အခန်း (၁၄၅၀-၁၄၅၂)

Vol. 97 Ch. 1450-1452

အခန်း (၁၄၅၀-၁၄၅၂)

Vol. 97 Ch. 1450-1452

အခန်း (၁၄၅၀) ကယ်တင်ရှင်တဲ့လား…အားလုံးအတူတူသေရမယ်

ရေခဲတောင်ကြီးပေါ်ရှိအက်ကြောင်းရာများသည် တစ်စက္ကန့်ထက်တစ်စက္ကန့် ပိုမိုကျယ်ပြန့်လာပြီး နှစ်ပေါင်းသောင်းချီ သက်တမ်းရှိသောရေခဲတောင်ကြီးထဲမှ ကြောက်မက်ဖွယ်ကောင်းလှသော နတ်ဘုရားစွမ်းအင်လှိုင်းလုံးများက အဆက်မပြတ် ထွက်ပေါ်လာတော့သည်။ ချူးယွင်ဖန်း၏ ရပ်တန့်ခြင်းမရှိသောသတ်ဖြတ်မှုများက ကြယ်ကိုးပွင့်၏ဂိုဏ်းချုပ်ဟောင်းကြီးကို နှိုးစက်ပေးလိုက်သကဲ့သို့ ဖြစ်စေကာ သူ့အား အကြီးအကျယ် ဒေါသထွက်သွားစေပုံရသည်။

နောက်ဆုံးတွင် စွမ်းအားများက အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်၌ ရေခဲတောင်ကြီးအတွင်းမှ အော်သံအကျယ်ကြီးထွက်ပေါ်လာသည်။

"ရပ်လိုက်စမ်း!"

ထိုဟိန်းဟောက်သံကြီးနှင့်အတူ ရေခဲတောင်ပေါ်ရှိ တားမြစ်ချက်များနှင့် အစီအရင်များအားလုံး ဝုန်းခနဲ ပွင့်ထွက်ပျက်စီးသွားတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဒုတိယဂိုဏ်းချုပ်ကျန်းသည် မျှော်လင့်ချက်မဲ့နေသည့်ကြားမှ အလင်းရောင်တစ်ခုကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးက တောင့်တင်းနေပြီး ချူးယွင်ဖန်း၏ လက်ချက်ကြောင့် ကြောက်လန့်တုန်ရင်နေခဲ့ရခြင်း ဖြစ်သည်။

အချိန်တိုလေးအတွင်းတွင်ပင် သူခေါ်ဆောင်လာသမျှ အင်အားကြီးအကြီးအကဲများ၊ ချူးယွင်ဖန်းကို နှိမ်နင်းနိုင်လိမ့်မည်ဟု သူအပိုင်တွက်ထားသော ဝှက်ဖဲများအားလုံးသည် ချူးယွင်ဖန်းတစ်ယောက်တည်းလက်ချက်ဖြင့် အကုန်သေဆုံးသွားခဲ့ရပြီ မဟုတ်ပါလား။

ဤသည်မှာ မည်မျှအထိ တုန်လှုပ်စရာကောင်းလိုက်သလဲ?

အကယ်၍သာ ကိုယ်တိုင် မျက်မြင်မတွေ့ခဲ့လျှင် လူတစ်ယောက်က ဤမျှအထိ စွမ်းဆောင်နိုင်လိမ့်မည်ဟု သူယုံကြည်နိုင်မည်မဟုတ်ချေ။ လက်ရှိ ဂိုဏ်းချုပ်ကြီးပင်လျှင် ဤသို့ လုပ်နိုင်မည်မဟုတ်။ ပြင်ပလူများရှေ့တွင် သူသည် မြင့်မြတ်လှသော ကြယ်ကိုးပွင့်၏ဒုတိယဂိုဏ်းချုပ် ဖြစ်သော်လည်း ယခုအခါတွင်မူ အမြီးကုပ်ထွက်ပြေးနေရသည့်ခွေးအိုကြီးတစ်ကောင်နှင့် တူနေတော့သည်။ ယခုအချိန်၌ သိက္ခာကို ထည့်တွက်နေရန် အချိန်မရှိပေ။ သူသည် ရေခဲတောင်ရှိရာဘက်သို့ အစွမ်းကုန် ထွက်ပြေးတော့သည်။ ချူးယွင်ဖန်းလက်ချက်ဖြင့် အသက်မပျောက်စေရန်သာ ဆု‌တောင်းနေရပေသည်။

"ဂိုဏ်းချုပ်ဟောင်းကြီး... ကျွန်တော့်ကို ကယ်ပါဦ။!"

ဒုဂိုဏ်းချုပ်ကျန်းသည် အော်ဟစ်ကာ အလင်းတန်းတစ်ခုအသွင်ဖြင့် အပြင်းနှင် ထွက်ပြေးလေတော့သည်။

သူနှင့် ရေခဲတောင်ကြားအကွာအဝေးက အနည်းငယ်မျှသာရှိသော်လည်း ယခုအချိန်တွင်မူ ထိုအကွာအဝေးမှာ ဖြတ်ကျော်ရခဲလှသော ချောက်ကမ်းပါးကြီးတစ်ခုသဖွယ် ဖြစ်နေတော့သည်။

ရုတ်တရက်ထိုခဏ၌ပင် ချူးယွင်ဖန်းသည် သူ့ရှေ့သို့ ရောက်လာသည်မှာ အတော်လေးမြန်လွန်းလှသည်။ ချူးယွင်ဖန်း၏အရှိန်က တစ္ဆေတစ်ကောင်ကဲ့သို့ပင်။

ဒုတိယဂိုဏ်းချုပ်ကျန်းသည် သူ၏ဦးခေါင်းထက်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု လွှမ်းခြုံလာသည်ကို ခံစားလိုက်ရသည်။ မော့ကြည့်လိုက်သောအခါ လက်ပိုက်လျက် မိမိအား စောင့်နေသည့် ချူးယွင်ဖန်းကို တွေ့လိုက်ရသဖြင့် လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားတော့သည်။

ချူးယွင်ဖန်းက ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ သူ၏ ခြေထောက်တစ်ဖက်က ဝုန်းခနဲ ကန်ချလိုက်ရာ ဒုတိယဂိုဏ်းချုပ်ကျန်း၏ ကိုယ်ပေါ်သို့ တည့်တည့်ကျရောက်သွားတော့သည်။

မည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်ထားရမည်ဖြစ်သဖြင့် ချူးယွင်ဖန်းသည် ငရဲကန်ချက်ကိုးသွယ်ကို အသုံးမပြုခဲ့ပေ။ သို့သော်လည်း ထိုပညာရပ်ကို ကျွမ်းကျင်ထားသူဖြစ်သဖြင့် ခြေထောက်သိုင်းပညာအပေါ် သူ၏နားလည်မှုမှက အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ ပေါ့ပေါ့ပါးပါးနင်းချလိုက်သည့် ခြေလှမ်းတစ်ချက်ပင်လျှင် ကောင်းကင်နှင့်မြေကြီး ပြိုကျလာသကဲ့သို့ ဒုတိယဂိုဏ်းချုပ် ကျန်း ခံစားလိုက်ရသည်။

ဝုန်း!

ဒုတိယဂိုဏ်းချုပ်ကျန်းသည် နင်းခြေခံလိုက်ရသဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်ရပြီး သူ၏တစ်ကိုယ်လုံးမှက ကောင်းကင်ယံထက်၌ပင် အပိုင်းပိုင်း ပြတ်ထွက်သွားတော့သည်။ မြင်းငါးကောင်ဖြင့် အပိုင်းပိုင်းဆွဲဖြတ်ခံရသည့် ပြစ်ဒဏ်ထက်ပင် ပို၍ဆိုးရွားလှ၏။ အလွန်ပင် ရင်လေးစရာကောင်းလှသော နိဂုံးပင်ဖြစ်လေသည်။

ချူးယွင်ဖန်းက သူ့ကို ခြေထောက်ဖြင့် နင်းသတ်ပစ်လိုက်ခြင်း ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်တောင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ လူတိုင်းက မယုံကြည်နိုင်သော မျက်လုံးများဖြင့် ဤမြင်ကွင်းကို ငေးကြည့်နေမိကြသည်။

"သေကုန်ပြီ... အားလုံး သေကုန်ပြီ။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။"

လူအများက အသက်ရှူရန်ပင် မေ့လျောနေကြ၏။ အချိန်အတော်ကြာမှသာ သူတို့ သတိပြန်ဝင်လာကြတော့သည်။ နတ်စွမ်းအားအဆင့်အကြီးအကဲ ရာနှင့်ချီ၍ အသတ်ခံလိုက်ရပြီး အမတေမဲ့အဆင့်အကြီးအကဲသုံးဆယ်ကျော်လည်း အမြစ်ပြုတ်သုတ်သင်ခံလိုက်ရသည်။ ဤမျှအထိ ရက်စက်ပြင်းထန်လှသော တိုက်ပွဲမျိုးက တိုင်းပြည်နှစ်ခု စစ်ဖြစ်သည်ထက်ပင် ဆုံးရှုံးမှု ကြီးမားလှသည်။

ယေဘုယျအားဖြင့် တဝေနှင့်တချီကဲ့သို့သော တိုင်းပြည်ကြီးနှစ်တိုင်းပြည်၊ သုံးတိုင်းပြည် စစ်ဖြစ်မှသာ ဤမျှများပြားသော အကြီးအကဲများသေဆုံးမှုကို မြင်တွေ့နိုင်ခြင်း ဖြစ်သည်။ ထို့အပြင် ပုံမှန်တိုက်ပွဲများတွင်မူ ဂုဏ်သိက္ခာကို ငဲ့ကွက်ကာ တစ်ဦးနှင့်တစ်ဦး ချူးယွင်ဖန်းကဲ့သို့ အလွယ်တကူ သတ်ပစ်လေ့ မရှိကြချေ။

ဤကဲ့သို့သောသတ်ဖြတ်ပွဲမျိုးက အပြင်ဘက်နယ်မြေတွင် နှစ်ပေါင်းရာချီတိုင်အောင် မရှိခဲ့ဖူးပေ။ ဤတိုက်ပွဲမှာ မေ့မရနိုင်စရာဖြစ်ပြီး သမိုင်းတွင်လည်း မှတ်တမ်းတင်ခံရတော့မည်မှာ သေချာလှသည်။

"ဂိုဏ်းကြီးခြောက်ဂိုဏ်းတော့ ဒီတစ်ခါ တကယ်ပဲ နိဂုံးချုပ်သွားပြီ။ ဒီလောက် အကြီးအကဲတွေ အကုန်သေသွားမှတော့ ဂိုဏ်းအမည်ခံ ကျန်နေဦးတော့ တခြားလူတွေရဲ့ ဝါးမြိုတာကို ခံရတော့မှာပဲ။"

တစ်ယောက်က မှတ်ချက်ပေးလိုက်သည်။

ပြင်ပလောကတွင် ထိပ်တန်းအကြီးအကဲများရှိနေခြင်းကသာ အဓိကသော့ချက်ဖြစ်ကြောင်း သူတို့ သိကြသည်။ ဂိုဏ်းကြီးခြောက်ဂိုဏ်း၏အုတ်မြစ် မပျက်စီးသေးစေဦးတော့၊ ဤမျှများပြားသောအကြီးအကဲများ သေဆုံးသွားခြင်းက သူတို့အတွက် သေဒဏ်ပေးလိုက်ခြင်းနှင့် အတူတူပင်။ ဂိုဏ်းတံခါးပိတ်ကာ နှစ်ပေါင်းရာချီ ကျင့်ကြံဦးတော့ ယနေ့ဆုံးရှုံးမှုကို ပြန်လည်ကာမိရန် မလွယ်ကူတော့ချေ။

"ခြောက်ဂိုဏ်းတင် မဟုတ်ဘူး၊ ကြယ်ကိုးပွင့်ကို ကူညီခဲ့တဲ့ ဂိုဏ်း (၁၃) ဂိုဏ်းလုံး သွားပြီပဲ။ ဒါဟာ ကြယ်ကိုးပွင့် ပါးကို အားရပါးရ ရိုက်လိုက်တာနဲ့အတူတူပဲ။”

လူအချို့ကမူ ချူးယွင်ဖန်း၏ရည်ရွယ်ချက်ကို ရိပ်မိနေကြပြီဖြစ်သည်။ ဤသည်မှာ သူ လျှို့ဝှက်လုပ်ဆောင်နေခြင်းမဟုတ်ဘဲ လူသိရှင်ကြား ဗြောင်ကျကျ စိန်ခေါ်နေခြင်း ဖြစ်သည်။ သို့သော်လည်း ထိုသို့ ဗြောင်ကျကျလုပ်ဆောင်နေသည့်တိုင် သူတို့မှာ ဘာမှပြန်မပြောနိုင်ကြချေ။

နောင်တွင် မည်သူကမျှ ကြယ်ကိုးပွင့်ကို ကူညီဝံ့တော့မည်မဟုတ်ပေ။ ကူညီခြင်းသည် မီးနှင့်ကစားသကဲ့သို့ ဖြစ်နေမည်ကို သူတို့ သိသွားကြပြီ။

"ဒါပေမဲ့ ကျန်းဝူချန်တစ်ယောက် အခုချိန်မှ မပြေးရင်တော့ နောက်ကျသွားပြီ!"

သန်မာလှသောအမျိုးသားတစ်ဦးက အော်ဟစ်လိုက်ချိန်တွင် ရေခဲတောင်ကြီးမှာ ဝုန်းခနဲ ပေါက်ကွဲသွားတော့သည်။ ခါးကုန်းကုန်းနှင့် အဝတ်အစားကောင်းမွန်စွာ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် ထိုအတွင်းမှ ဖြည်းညင်းစွာ လမ်းလျှောက်ထွက်လာသည်။

ထိုအဘိုးအို၏ဆံပင်နှင့် မုတ်ဆိတ်များက ဖြူဖွေးနေပြီး အလွန်အိုမင်းပုံရသည်။ မျက်နှာပေါ်တွင်လည်း အရေးအကြောင်းများဖြင့်ပြည့်နှက်နေကာ လမ်းဘေးက သာမန်အဘိုးအိုတစ်ဦးနှင့် မခြားနားချေ။ သို့သော်လည်း မည်သူကမျှ ထိုအဘိုးအိုကို လျှော့မတွက်ဝံ့ကြပေ။

သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသောအရှိန်အဝါများ ထွက်ပေါ်နေပြီး ကောင်းကင်တောင်တစ်ခုလုံး၏ အရှိန်အဝါကို သူတစ်ဦးတည်းနှင့် ဖိနှိပ်ထားနိုင်သည်။ ၎င်းမှာ အလွန်တရာ အံ့ဩဖွယ်ကောင်းသော စွမ်းအားဖြစ်သော်လည်း ဘယ်သူမှ မအံ့သြကြချေ။ ထိုစွမ်းအားမျိုး ရှိမှသာ သူ၏ ဂုဏ်ဒြပ်နှင့် ထိုက်တန်မည် မဟုတ်ပါလား။

သူသည် ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ဟောင်းကြီး ဖြစ်ပြီး အပြင်ဘက်နယ်မြေတစ်ခုလုံး၌ ထိပ်တန်းပုဂ္ဂိုလ်ကြီး ဖြစ်သည်။

ချူးယွင်ဖန်းသည် ထိုဂိုဏ်းချုပ်ဟောင်းကြီးနှင့် ရင်ဆိုင်ရချိန်တွင် တစ်လက်မမျှပင် မလှုပ်ရှားပေ။ ထိုအရှိန်အဝါများက သူ့ကို မတုန်လှုပ်စေနိုင်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက လက်ပိုက်လျက် ဒေါသထွက်နေသော အဘိုးအိုအား အပြုံးနုနုဖြင့် စိုက်ကြည့်နေသည်။

ချူးယွင်ဖန်း အမှတ်မမှားပါက ထိုအဘိုးအိုကို ဒဏ္ဍာရီလာကြယ်ကိုးပွင့်၏ ဂိုဏ်းချုပ်ဟောင်းကြီး ဖြစ်ကြောင်း သိလိုက်သည်။

ကောလာဟလများအတိုင်းပင် သူသည် ရွှေအမတေအဆင့်သို့ တက်လှမ်းထားသူ ဖြစ်သည်။ သို့သော်လည်း ချူးယွင်ဖန်း ခန့်မှန်းထားသည့်အတိုင်း သူ၏စွမ်းအင်နှင့် သွေးဓာတ်များက အတိုင်းအတာတစ်ခုအထိ ကုန်ခန်းနေပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာ အေးခဲခံထားရသဖြင့် သူ၏အသက်ဓာတ်ကလည်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေချေပြီ။

သို့သော်လည်း ထိုသို့ဖြစ်နေသည့်တိုင် သာမန်အမတေမဲ့အဆင့်တစ်ဦးအဖို့မူ သူ၏အစွမ်းများက တောင်ကြီးတစ်လုံးကဲ့သို့ ဖိနှိပ်ထားနိုင်ဆဲဖြစ်ပြီး သာမန်လူများ ယှဉ်ပြိုင်နိုင်သောအဆင့် မဟုတ်ပေ။

"မင်း... ယုတ်မာတဲ့ကောင်။ မင်းကို သတ်ပစ်မယ်ကွ!"

အဘိုးအိုက ဖြည်းညင်းစွာ ပြောလိုက်သည်။ နှစ်ပေါင်းများစွာ စကားမပြောဘဲ နေခဲ့ရသဖြင့် သူ၏အသံမက အက်ကွဲကွဲနှင့် စူးရှနေပြီး ဇီးကွက်တစ်ကောင်၏ အော်သံနှင့် တူနေတော့သည်။

သူ၏ အကြည့်များက ချူးယွင်ဖန်းကို စားမတတ်ဝါးမတတ်စိုက်ကြည့်နေသည်။ သူ သတိပြန်ဝင်လာသည့်အချိန်မှစ၍ ချူးယွင်ဖန်းက စိတ်ကြိုက်သတ်ဖြတ်နေသည်ကို မြင်လိုက်ရသည်။ သေဆုံးသွားသူအများအပြားမှာ ကြယ်ကိုးပွင့်မှ အကြီးအကဲများ ဖြစ်ကြသည်။ ထိုအချက်ကို တွေးမိသည်နှင့် သူ၏စိတ်ထဲမှ ဒေါသမီးများက ဟုန်းဟုန်းတောက်လောင်လာတော့သည်။

မနိုးထလာမီမှာပင် ဒုတိယဂိုဏ်းချုပ်ကျန်းက သူ့အား အခြေအနေများကို အသိပေးထားခဲ့သဖြင့် ဤလူငယ်မှာ ကြယ်ကိုးပွင့်အတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ကြောင်း သိထားနှင့်ပြီးဖြစ်သည်။

အထူးသဖြင့် ဤလူငယ်၏နုပျိုနေခြင်းက မိမိအား ပို၍ ဒေါသထွက်စေသည်။ သူ၏ မျက်လုံးများထဲတွင် မနာလိုမှုများ ဖြတ်ပြေးသွာသယောင်ရှိ၏။ ချူးယွင်ဖန်း၏ နုပျိုမှုကို မနာလိုဖြစ်မိသလို တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များလည်း ပေါ်လာသည်။ ဤသို့သောလူမျိုးကို အသက်ရှင်ခွင့် မပေးနိုင်ချေ။ မဟုတ်ပါက သူသည် ကြယ်ကိုးပွင့်ကို ဖျက်ဆီးပစ်ပေလိမ့်မည်။

အခန်း (၁၄၅၁) ရက်ရက်စက်စက်အနိုင်ပိုင်းခြင်း

ထိုအရာသည် ပင်ကိုယ်အသိစိတ်ဖြစ်ပြီး သူသည် ထိုပင်ကိုယ်အသိစိတ်ကို ယုံကြည်ပေသည်။

ယခုမြင်တွေ့နေရသည့်လူငယ်သည် ဓားအိမ်မှဆွဲထုတ်လိုက်သော သံမဏိဓားတစ်လက်ကဲ့သို့ ထက်မြက်လွန်းလှသည်။ နောင်တစ်ချိန်တွင် ကြယ်ကိုးပွင့်ဂိုဏ်းကြီးတစ်ခုလုံးကို မြေမြှုပ်သဂြိုဟ်မည့်သူက ဤလူငယ်ပင်ဖြစ်လိမ့်မည်ဟု လူတိုင်းက အလိုလိုသိမြင်နေကြသည်။ ၎င်းမှာအကြောင်းပြချက်မရှိဘဲ ခံစားမိသည့် ထိတ်လန့်ဖွယ်နိမိတ်တစ်ခုပင် ဖြစ်သည်။

ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ဟောင်းကြီးထံမှ ထွက်ပေါ်လာသော လူသတ်ငွေ့အရှိန်အဝါတို့သည် ကောင်းကင်တောငင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ထိုဖိအားကြောင့် ပတ်ဝန်းကျင်ရှိသူအားလုံးမှာ လည်ပင်းကို အညှစ်ခံထားရသလို အသက်ရှူရပ်မတတ် တုန်လှုပ်နေကြရ၏။ ဘယ်သူမှ စကားတစ်လုံးတောင် မဟရဲကြဘဲ ငြိမ်သက်နေကြရသည်။

“တကယ်ကို ကြောက်စရာကောင်းတာပဲ။၊ ဒါ ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ဟောင်းရဲ့ စွမ်းအားအစစ်တဲ့လား။”

“ရွှေအမတေအဆင့်နဲ့ အမတေမဲ့အဆင့်ကြားက ခြားနားချက်က လူသားတွေ တွေးဆလို့ရတဲ့ အတိုင်းအတာထက် အများကြီး ကျော်လွန်နေပြီပဲ။”

“ကျန်းဝူချန်တော့ အခြေအနေ မဟန်တော့ဘူး ထင်တယ်။ သူက အရမ်းထောင်လွှားလွန်းတယ်။”

လူအများက တီးတိုးရေရွတ်နေကြစဉ်တွင်ပင် ဂိုဏ်းချုပ်ဟောင်းကြီးက စတင်လှုပ်ရှားလိုက်သည်။ သူ၏လက်ဝါးကြီးဖြင့် ရိုက်ချလိုက်သောအခါတွင် ကောင်းကင်နှင့်မြေကြီးပြိုကျလာသကဲ့သို့ ဧရာမလက်ဝါးရိပ်ကြီးတစ်ခုက အပေါ်မှ စီးမိုးကျဆင်းလာသည်။ ထိုတိုက်ကွက်မှာ ပြင်းထန်လွန်းလှသဖြင့် ရွှေအမတေမဲ့ အဆင့်ရှိသူပင် ခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။

သို့သော် ချူးယွင်ဖန်းကမူ နှာခေါင်းတစ်ချက်ရှုံ့ကာ လှောင်ပြောင်လိုက်ပြီး သူ၏ဓားကို အသာအယာပင် ဝေ့ယမ်းလိုက်သည်။ ရိုးရှင်းလှသော ထိုဓားချက်တစ်ချက်ကပင် ကြောက်မက်ဖွယ်လက်ဝါးရိပ်ကြီးကို ဟင်းလင်းပြင်ထဲ၌ပင် အပိုင်းပိုင်ပြတ်ကာ ပေါက်ကွဲသွားစေခဲ့သည်။ သူ၏ဟန်ပန်မှာ ဘာမှမခက်ခဲသလို အလွန်ပင် ပေါ့ပါးလွန်းနေသည်။

“ခင်ဗျားအစွမ်းက ဒီလောက်ပဲလား၊ ဒါဆိုရင်တော့ မင်းကို သေမင်းဆီ ပို့ပေးရတော့မှာပဲ။”

ချူးယွင်ဖန်းက အေးစက်စွာ ပြောလိုက်သည်။

ဂိုဏ်းချုပ်ဟောင်း၏မျက်ဝန်းထဲတွင် ဒေါသနှင့်အတူ ကြောက်မက်ဖွယ်အလင်းတန်းများ လက်ခနဲ ဖြစ်သွားတော့သည်။

“ခင်ဗျားမှာရှိတဲ့ စွမ်းအားအကုန်လုံးကို အခုပဲ ထုတ်သုံးလိုက်တော့။ မင်းရဲ့ နောက်ဆုံးသော တောက်ပမှုက သေခြင်းတရားပဲ ဖြစ်လိမ့်မယ်။”

ချူးယွင်ဖန်းက ဆက်လက်၍ ခနဲ့တဲ့တဲ့ ပြောဆိုလိုက်သည်။

ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ဟောင်းကြီးသည် ထိုစကား၏အဓိပ္ပာယ်ကို ကောင်းကောင်းနားလည်သည်။ ချူးယွင်ဖန်းသည် သူ့အား သေမင်းတံခါးဝသို့ ရောက်အောင် ဆွဲခေါ်နေခြင်းပင်။ အကယ်၍ သူသာ စွမ်းအားအပြည့်ကို ထုတ်သုံးလိုက်ပါက ခဏတာ အစွမ်းကုန်တောက်ပလာမည်ဖြစ်သော်လည်း ထိုခဏအပြီးတွင် အသက်ဇီဝိန်ကလည်း ချုပ်ငြိမ်းသွားမည်သာ ဖြစ်သည်။ ချူးယွင်ဖန်းကို သူ သတ်နိုင်သည်ဖြစ်စေ၊ မသတ်နိုင်သည်ဖြစ်စေ သူကိုယ်တိုင်ကတော့ အသက်ရှင်နိုင်တော့မည် မဟုတ်ပေ။

ထိုသို့တွေးမိသည်နှင့် ဂိုဏ်းချုပ်ဟောင်း၏ကိုယ်ဟန်က အနည်းငယ် တုန်ယင်သွားပြီး နောက်တစ်ခဏ၌မူ သူ၏ပုံရိပ်မှာ ပျောက်ကွယ်သွားတော့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူသည် ချူးယွင်ဖန်း၏ရှေ့မှောက်သို့ ရုတ်ချည်းရောက်ရှိလာ၏။ သူ၏တစ်ကိုယ်လုံးမှ ကြယ်စင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်အရှိန်အဝါတို့ လွှမ်းခြုံသွားသည်။

“ခင်ဗျားက ခွန်အားကို ဘယ်လိုထုတ်သုံးရမယ်ဆိုတဲ့ အခြေခံသဘောတရားကိုတောင် နားမလည်သေးဘူးပဲ။ ငါ့ကို အနီးကပ်လာတိုက်ရဲတယ်ပေါ့လေ။”

ချူးယွင်ဖန်းက ကဲ့ရဲ့လိုက်ပြီး သူ၏ဓားကို အရှိန်အဟုန်ဖြင့် ပိုင်းချလိုက်သည်။

ချွမ်….

ချူးယွင်ဖန်း၏ဓားအလင်းတန်းက ဂိုဏ်းချုပ်ဟောင်းကြီးအား တိုက်ရိုက်ထိမှန်သွားသည်။

ချွမ်….

သတ္တုချင်းထိမှန်သည့်အလား အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဂိုဏ်းချုပ်ဟောင်းကြီးမှာ နောက်သို့ လွင့်ထွက်သွားတော့သည်။

ဂိုဏ်းချုပ်ဟောင်းသည် သွေးများ အန်ထုတ်လိုက်ရပြီး သူ၏ကိုယ်ဟန်ကို ပြန်လည်ထိန်းသိမ်းနိုင်ရန် အတော်လေး ကြိုးစားလိုက်ရသည်။ သူ၏မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွား၏။ အရာအားလုံးက မြန်လွန်းလှသည်။ ချူးယွင်ဖန်း၏ တုံ့ပြန်မှုက မယုံနိုင်စရာကောင်းလောက်အောင် လျင်မြန်လွန်းနေခြင်းပင်။

သူသည် တစ်ချက်တည်းနှင့် အပိုင်အနိုင်ယူရန် အချက်ပေးချက်မရှိဘဲ ရုတ်တရက် အငိုက်ဖမ်းတိုက်ခိုက်ခဲ့သော်လည်း ချူးယွင်ဖန်းကို သတိတစ်ချက်လွတ်အောင် မလုပ်နိုင်ခဲ့ပေ။

ချူးယွင်ဖန်းတစ်ယောက်က တည်ငြိမ်လွန်းလှသည်။ သူ၏တည်ငြိမ်မှုမှက ဤအခြေအနေကို ကြိုတင်မျှော်လင့်ကာ ပြင်ဆင်ထားသကဲ့သို့ပင်။ ဂိုဏ်းချုပ်ဟောင်းကြီးဘက်မှ လှုပ်ရှားမှုမပြုနိုင်ခင်မှာပင် ချူးယွင်ဖန်း၏ဓားချက်က ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အပြင်လူများအမြင်တွင်မူ ချူးယွင်ဖန်းက ဓားကို အမြင့်သို့မြှောက်ထားစဉ် ဂိုဏ်းချုပ်ဟောင်းကြီးက ပြေးဝင်တိုက်မိသလို ထင်ရသော်လည်း အမှန်စင်စစ်မှာမူ ချူးယွင်ဖန်းက အချိန်ကိုက်ဖြစ်အောင် အရင်ဆုံး စတင်တိုက်ခိုက်လိုက်ခြင်းဖြစ်သည်ကို ဂိုဏ်းချုပ်ဟောင်း ကိုယ်တိုင်သာ သိလိုက်သည်။

နောင်တစ်ချိန်တွင် ထိပ်တန်းကျင့်ကြံသူဖြစ်လာမည့်သူတစ်ဦးကသာ ဤကဲ့သို့ အံ့ဖွယ်စွမ်းဆောင်ရည်ကို ပြသနိုင်ပေလိမ့်မည်။ ချူးယွင်ဖန်းသည် သိသိသာသာပင် အစွမ်းထက်နေရုံသာမက သူထင်ထားသည်ထက် အဆပေါင်းများစွာ ပိုမိုကြောက်မက်ဖွယ်ကောင်းနေသည်။

သူ၏ကိုယ်ပေါ်မှ ကြယ်စင်အလင်းတန်းများမှာ မှိန်ဖျော့သွားပြီး ချူးယွင်ဖန်း၏ ဓားချက်ကြောင့် ကွဲအက်လုနီးပါး ဖြစ်သွားခဲ့သည်။

ထိုခဏ၌ ကောင်းကင်တောင်ပေါ်ရှိ လူတိုင်းက အံ့သြတုန်လှုပ်လျက် အသက်ပင် မရှူရဲကြတော့ပေ။

“ဒါ ကြယ်ကိုးပွင့်ရဲ့ နာမည်ကျော် ကာကွယ်ရေးပညာရပ်ဖြစ်တဲ့ ကြယ်ကိုးပွင့်ကိုယ်ခံပညာအတတ် မဟုတ်လား။ ဂိုဏ်းချုပ်ဟောင်းကို အရင်က အမတေမဲ့အဆင့်ဆယ်ယောက်ကျော် ဝိုင်းတိုက်တုန်းကတောင် ဒီကာကွယ်ရေးကို မဖောက်ပစ်နိုင်ခဲ့ဘူးလို့ ကောလာဟလကြားဖူးတယ်။”

“ဟုတ်တယ်။ ဒါ အမြင့်ဆုံးအတတ်ပဲ။ အခုတော့ ကျန်းဝူချန်ရဲ့ ဓားချက်တစ်ချက်တည်းနဲ့ ပျက်စီးသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။”

“ဂိုဏ်းချုပ်ဟောင်းက အိုနေပြီလေ။ အရင်လို ထိပ်ဆုံးအခြေအနေမျိုး မဟုတ်တော့ဘူး။”

“မဟုတ်ဘူး။ မင်းတို့အားလုံးက ဂိုဏ်းချုပ်ဟောင်းကို အိုပြီလို့ ထင်နေကြတာ။ ငါ့အမြင်မှာတော့ သူ အထွတ်အထိပ်မှာရှိနေရင်တောင် ကျန်းဝူချန်ရဲ့ ဓားချက်ကို တားဆီးနိုင်မှာ မဟုတ်ဘူး။”

လူအများမှာ အမျိုးမျိုးသောထင်မြင်ယူဆချက်များဖြင့် အားပါးတရ ဆွေးနွေးနေကြသော်လည်း ဤတိုက်ပွဲသည် အလွန်တုန်လှုပ်ဖွယ်ကောင်းသည့် ထိပ်တိုက်ရင်ဆိုင်မှုဖြစ်သည်ကိုတော့ မည်သူမျှ ငြင်းဆို၍ မရပေ။

သို့သော် အင်အားကြီးအဖွဲ့အစည်းများမှ ကင်းထောက်များ၏အမြင်တွင်မူ မယုံကြည်နိုင်လောက်အောင် ယုံကြည်မှုအပြည့်ရှိနေသော ချူးယွင်ဖန်းကိုသာ မြင်တွေ့နေရသည်။ လူတိုင်းကို တုန်လှုပ်ချောက်ချားစေခဲ့သော ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ဟောင်းကြီးမှာ သူ၏လက်ထဲတွင် ကစားစရာတစ်ခုသဖွယ် အနိုင်ကျင့်ခံနေရ၏။

ချူးယွင်ဖန်းသည် အလျင်စလို တိုက်ခိုက်ခြင်းမရှိသော်လည်း သူ၏ တန်ပြန်တိုက်စစ်များမှာပင် ထိုမျှအထိ အစွမ်းထက်နေသည်။

ဒါဟာ ပြက်လုံးတစ်ခုမဟုတ်ရင် ဘာဖြစ်နိုင်ဦးမလဲ….

ကောင်းကင်ယံတွင် ပျံသန်းနေသောဂိုဏ်းချုပ်ဟောင်းကြီးသည် ချူးယွင်ဖန်း၏အမူအရာကို မြင်သောအခါ ချက်ချင်းဆိုသလို ဒေါသအလိပ်လိပ်ထွက်လာတော့သည်။ ဒေါသထွက်နေသော ခြင်္သေ့အိုကြီးတစ်ကောင်ကဲ့သို့ သူ၏အစွမ်းများ ချက်ချင်းပေါက်ကွဲထွက်ပေါ်လာ၏။

“ကျန်းဝူချန်! မင်း ငါ့ကို အထင်သေးနေတာလား!”

ဂိုဏ်းချုပ်ဟောင်းကြီးက ဒေါသတကြီအော်ဟစ်လိုက်သည်။

“အထင်သေးတာတဲ့လား?”

ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။

“ဟုတ်တယ်... ခင်ဗျားတကယ်မြင်ချင်တယ်ဆိုရင်တော့ ကျုပ်က ပြပေးရသေတာပေါ့။”

ပထမဆုံးအကြိမ်အဖြစ် ချူးယွင်ဖန်း၏ စစ်မှန်သောအရှိန်အဝါများ အမှန်တကယ် ပေါက်ကွဲထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ထိုအရှိန်အဝါသည် ချက်ချင်းဆိုသလို ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။ အကယ်၍ ဂိုဏ်းချုပ်ဟောင်း၏ အရှိန်အဝါက ကျယ်ပြောလှသော ကောင်းကင်ယံကဲ့သို့ လူတို့ကို မျှော်လင့်ချက်မဲ့စေသည်ဆိုလျှင် ချူးယွင်ဖန်း၏အရှိန်အဝါမှာမူ အရာအားလုံးကို ဖြတ်တောက်နိုင်သော ထက်မြက်သည့် နတ်ဘုရားဓားတစ်လက်နှင့် တူနေသည်။

သူသည် လူသားတစ်ယောက်မဟုတ်တော့ဘဲ အနှိုင်းမဲ့ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။

ကောင်းကင်တောင်ပေါ်ရှိ အပြင်လောကမှ အင်အားစု၏ကင်းထောက်များထဲတွင် အစွမ်းထက်သော ရွှေအမတေအဆင့်ကျင့်ကြံသူများစွာ ပါဝင်သော်လည်း ယခုအခါ သူတို့အားလုံး မျက်နှာအမူအရာ ပျက်သွားကြသည်။ ချူးယွင်ဖန်း၏ခွန်အားသည် ရွှေအမတေအဆင့်သို့ ရောက်ရှိနေပြီလားဆိုသည်ကို သူတို့ ခန့်မှန်းနေခဲ့ကြခြင်းဖြစ်သည်။

သို့သော် ယခုမူ ခန့်မှန်းနေရန် မလိုတော့ပေ။ထိုပုံစံသည် ထင်ရှားလှသည့် အမှန်တရားတစ်ခု ဖြစ်သွားချေပြီ။ ချူးယွင်ဖန်းသည် အမတေမဲ့အဆင့်ကို ကျော်လွန်သွားပြီဆိုသည်မှာ သံသယဖြစ်စရာ မရှိတော့ပေ။

ထိုခဏ၌ ချူးယွင်ဖန်းသည် ဓားအိမ်ထဲမှ ရုတ်ချည်းထွက်ပေါ်လာသော ဓားတစ်လက်ကဲ့သို့ ဂိုဏ်းချုပ်ဟောင်းထံသို့ ပိုင်းချလိုက်သည်။

ဘုန်း…

ချူးယွင်ဖန်း၏တိုက်ကွက်မှာ လျှပ်စီးကဲ့သို့ မြန်ဆန်လှသည်။ ဂိုဏ်းချုပ်ဟောင်းမှာ ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ ခဏချင်းမှာပင် ပြင်းထန်သော တိုက်ခိုက်မှုက ထိမှန်သွားတော့သည်။

ဂိုဏ်းချုပ်ဟောင်းသည် သွေးများ ထပ်မံအန်ထုတ်လိုက်ရပြန်သည်။ သူသည် နောက်သို့ လွင့်ထွက်သွားပြီး သူ၏ပတ်ပတ်လည်ရှိ ကြယ်စင်အလင်းတန်းများမှာလည်း မှိန်ဖျော့သွားခဲ့ပြီဖြစ်သည်။

သို့သော် ဤတိုက်ခိုက်မှုသည် အစပျိုးရုံသာ ရှိသေးသည်။

နောက်တစ်ခဏတွင် ချူးယွင်ဖန်းသည် အရိပ်တစ်ခုကဲ့သို့ ထပ်ကြပ်မကွာ လိုက်လံတိုက်ခိုက်တော့သည်။ ဓားအလင်းတန်းများသည် ဟင်းလင်းပြင်တွင် အပိုင်းပိုင်းကွဲထွက်သွားပြီး ထောင်ပေါင်းများစွာသောတိုက်ကွက်များအဖြစ် ဂိုဏ်းချုပ်ဟောင်းကို မုန်တိုင်းတစ်ခုသဖွယ် လွှမ်းမိုးသွားလေတော့၏။

အခန်း (၁၄၅၂) ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ဟောင်းကြီး နိဂုံးချုပ်လေပြီ

ပြင်းထန်လှသော ဓားအလင်းတန်းအမျိုးမျိုးသည် ကောင်းကင်ယံမှ ဝေါခနဲလျောဆင်းလာပြီး ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ဟောင်းကြီးအား လွှမ်းမိုးနှစ်မြှုပ်သွားတော့သည်။ ပတ်ဝန်းကျင်ရှိသူအားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ရင်း အသက်ရှူပင် မှားမတတ် ဖြစ်နေကြရ၏။

ရွေအမတေအဆင့်သို့ ရောက်ရှိပြီးသား ကျင့်ကြံသူများမှာမူ ပို၍ပင် ထိတ်လန့်နေကြသည်။ အကယ်၍ ထိုတိုက်ကွက်ကို သူတို့သာ ခံယူရမည်ဆိုပါက တစ်ကွက်တည်းနှင့်ပင် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားမည်ကို ကောင်းကောင်းနားလည်လိုက်ကြသည်။

ချူးယွင်ဖန်း အသာအယာပိုင်းချလိုက်သော ဓားချက်တစ်ချက်စီတိုင်းသည် ကောင်းကင်တောင်တစ်ခုလုံးကို ပြားပြားဝပ်သွားစေနိုင်လောက်သည့်အစွမ်းရှိပြီး ၎င်းမှာ သူ၏ စစ်မှန်သောခွန်အားပင် ဖြစ်သည်။ တိုက်ပွဲမှာ လူအများ ထင်မှတ်ထားသလောက် မရိုးရှင်းလှပေ။

နောက်ထပ် ကြောက်မက်ဖွယ်ကောင်းသည့် အချက်တစ်ခုမှာ ထိုမျှ ပြင်းထန်လှသော တိုက်ခိုက်မှုများကို ပြုလုပ်နေသော်လည်း ချူးယွင်ဖန်း၏ထိန်းချုပ်မှုမှက အံသြစရာကောင်းလောက်အောင် တိကျနေခြင်းပင်။ သူသည် တိုက်ကွက်များကို သတ်မှတ်ထားသော ဘောင်အတွင်း၌သာ ရှိနေစေပြီး အခြားမည်သည့်နေရာကိုမျှ မထိခိုက်စေရန် ထိန်းချုပ်ထားနိုင်သည်။ ထိုအရာကိုယ်တိုင်က အံ့ဖွယ်ဖြစ်ရပ်တစ်ခုပင်။

ဒါက ဘာကို ဆိုလိုတာလဲ?

လူအများ၏ စိတ်ထဲတွင် တွေးတောနေကြသည်။ ဤသည်မှာ ချူးယွင်ဖန်း၏စွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းက တုန်လှုပ်ချောက်ချားစရာအဆင့်အတန်းတစ်ခုသို့ ရောက်ရှိနေပြီဟု ဆိုလိုခြင်းပင်။

လူတိုင်းမှာ မျက်လုံးများကို အစွမ်းကုန် ပြူးကြည့်နေကြရသည်။ အထူးသဖြင့် ကမ္ဘာပျက်မတတ် ပြင်းထန်သောတိုက်ခိုက်မှုအောက်တွင် ဂိုဏ်းချုပ်ဟောင်းကြီး အသက်ရှင် နိုင်ပါဦးမလားဆိုသည့် အဖြေကို သိချင်နေသဖြင့် ဤအခွင့်အရေးကို လုံးဝလက်လွတ်မခံရဲကြပေ။

အချိန်အတော်ကြာပြီးနောက်တွင်မှ ချူးယွင်ဖန်း၏တိုက်စစ်များ ရပ်တန့်သွားခဲ့သည်။ လူတိုင်းက ထိုမျှကြောက်စရာကောင်းသည့်တိုက်ကွက်များကို ဆက်တိုက်သုံးစွဲခဲ့သဖြင့် သူ၏ စွမ်းအားများ ကုန်ခမ်းနေလောက်ပြီဟု ထင်မှတ်ထားကြသော်လည်း လက်တွေ့မှာမူ ထိုသို့မဟုတ်ပေ။

ချူးယွင်ဖန်း၏မျက်နှာက အလွန်ပင် တည်ငြိမ်နေပြီး အသက်ရှူသံမှာလည်း မှန်မှန်ပင် ရှိနေသည်။ စောနက တုန်လှုပ်ဖွယ်တိုက်ကွက်များကို ထုတ်ဖော်ခဲ့သူမှာ သူမဟုတ်ဘဲ တခြားတစ်ယောက် ဖြစ်နေသည့်အလားပင်။

လူအများက ဤအခြေအနေအားလုံးကို တွက်ချက်နေကြပြီး တွက်ချက်မိလေလေ သူတို့၏ ကျောရိုးထဲအထိ စိမ့်တက်သွားအောင် ထိတ်လန့်လာမိလေလေ ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော သူ၏ဓားသိုင်းစွမ်းရည်၊ မည်သူမျှ မမီနိုင်လောက်အောင် လျင်မြန်သောအရှိန်၊ သန်မာလှသောခန္ဓာကိုယ်ကျင့်ကြံမှုနှင့် ယခုတွေ့မြင်နေရသည့် အတိုင်းအဆမရှိ နက်ရှိုင်းလှသောစွမ်းအင်များ….။

ဤအရည်အချင်းများထဲမှ တစ်ခုတည်းနှင့်ပင် နာမည်ကျော်ပညာရှင်တစ်ယောက် ဖြစ်နိုင်နေပြီဖြစ်ရ၊ ဤမျှများပြားသောစွမ်းရည်များ လူတစ်ယောက်တည်းဆီမှာ စုစည်းနေသည်က အမှန်တကယ်ပင် လူ့အရေခွံခြုံထားသောမိစ္ဆာတစ်ကောင်နှင့် တူလှသည်။

ဤကဲ့သို့သောသူမျိုးတွင် အားနည်းချက်ဟူ၍ မရှိပေ။ သူ့ကို အကြွင်းမဲ့ခွန်အားဖြင့် အနိုင်ယူနိုင်မှသာလျှင် ဖြစ်နိုင်မည်ဖြစ်ပြီး အားနည်းချက်ကို ရှာဖွေတိုက်ခိုက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ဟောင်းကြီးတွင်မူ အားနည်းချက်ရှိသည်။ ၎င်းမှာ သူသည် အိုမင်းမစွမ်းဖြစ်နေခြင်းပင်။ အတိတ်က မည်မျှပင် ထင်ပေါ်ကျော်ကြားခဲ့ပါစေ၊ သူအိုမင်းနေသည်မှာ ငြင်းမရသောအမှန်တရားဖြစ်သည်။ သူ၏သက်တမ်းမှကလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ။ အကယ်၍ ချူးယွင်ဖန်းသာ စိတ်ရှည်ရှည်ထားခဲ့မည်ဆိုပါက သူ့ကို အချိန်ဆွဲပြီး သတ်ပစ်နိုင်ပေသည်။

ဓားအလင်းတန်းများ နောက်ဆုံးတွင် ကွယ်ပျောက်သွားသောအခါမှ ချူးယွင်ဖန်း၏ ပြင်းထန်သော တိုက်ခိုက်မှုအပြီးတွင် ဂိုဏ်းချုပ်ဟောင်းမှာ အသက်ရှင်နေဆဲဖြစ်သည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။ သို့သော် သူ၏အခြေအနေမှာ အလွန်ပင် စိတ်မချမ်းမြေ့ဖွယ်ကောင်းလှပြီး ကြည့်ရဆိုးလောက်အောင်ပင် ဒဏ်ရာဗရပွ ဖြစ်နေခဲ့ပြီ။

သူ၏ ကြယ်ကိုးပွင့်ကိုယ်ခံပညာအတတ်မှာ လုံးဝကျိုးပျက်သွားခဲ့ပြီဖြစ်ပြီး တစ်ကိုယ်လုံးတွင်လည်း ချူးယွင်ဖန်းၑဓားချက်များကြောင့် ရရှိထားသော ကြီးမားသည့် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသည်။

“ဟူး... ဟူး... ဟူး!”

ဂိုဏ်းချုပ်ဟောင်းသည် အသက်ရှူပင် မဝတော့ဘဲ အလူးအလဲ အသက်ရှူနေရသည်။ သူ၏ မျက်နှာဟောင်းကြီးမှာ ကြည့်မကောင်းအောင် တွန့်လိပ်နေပြီး ဒဏ်ရာများကြောင့် သူ၏ မူလရုပ်သွင်ကိုပင် ခွဲခြားမရနိုင်တော့ပေ။

ဂိုဏ်းချုပ်ဟောင်းသည် သူ၏ကျန်ရှိနေသော အသက်ဓာတ်များကို ကြိုတင်အသုံးပြုပြီးမှသာ ဤတိုက်ကွက်မှ သီသီလေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်ကို လူတိုင်းသိကြသည်။ သို့သော် သူ၌ အစကတည်းက သက်တမ်းစွမ်းအင် များများစားစား မရှိတော့ပေ။ အကယ်၍ ထိုစွမ်းအင်များကို အတင်းအကျပ်ထုတ်သုံးလိုက်မည်ဆိုပါက သူသည် မလွဲမသွေ သေဆုံးရတော့မည် ဖြစ်သည်။

“မသေသေးဘူးပဲ။ ခင်ဗျားက တကယ်ကို ဇွဲကောင်းတာပဲ!”

ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။

ဂိုဏ်းချုပ်ဟောင်းသည် လေတိုက်ရုံနှင့်ပင် လဲကျသွားတော့မည့်အလား တုန်ယင်နေသော်လည်း ချူးယွင်ဖန်းကို စိုက်ကြည့်နေဆဲဖြစ်သည်။

ထိုခဏ၌ သူ၏လက်များက ချိတ်စည်းတစ်ခုကို ဖော်ဆောင်လိုက်သည်။ နောက်တစ်စက္ကန့်တွင် ကြောက်မက်ဖွယ်ကောင်းသော သက်တမ်းစွမ်းအင်များ သူ၏ကိုယ်ထဲမှ ပေါက်ကွဲထွက်လာတော့သည်။ အိုမင်းတွန့်လိပ်နေသောသူ၏မျက်နှာက ရုတ်ချည်းပြောင်းလဲသွား၏။ ဖြူဖွေးနေသောဆံပင်များမှာ အနက်ရောင်သို့ ပြောင်းသွားပြီး မျက်နှာပေါ်ရှိအရေးအကြောင်းများကလည်း ပျောက်ကွယ်သွားသည်။ ကိုင်းညွတ်နေသော သူ၏ကိုယ်ဟန်မှာလည်း ပြန်လည်ဖြောင့်မတ်လာခဲ့ပြီ။ ခဏချင်းအတွင်းပင် သူသည် သက်လတ်ပိုင်းအမျိုးသားတစ်ဦးအသွင်သို့ ပြောင်းလဲသွားပြီး သူ၏ အစွမ်းအထက်ဆုံး အထွတ်အထိပ်အချိန်သို့ ပြန်လည်ရောက်ရှိသွားပုံရသည်။

ပိုမိုပြင်းထန်လှသောဖိအားများက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ ၎င်းမှာ ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ဟောင်း၏ စစ်မှန်သောစွမ်းအားပင် ဖြစ်သည်။ သူသည် ထိုစွမ်းအားကို ပြန်လည်ရယူလိုက်ခြင်း ဖြစ်သည်။ အချိန်ခဏလေးအတွက်သာ ဖြစ်သော်လည်း ဤအချင်းအရာမှာ လူတိုင်းကို အံ့အားသင့်စေခဲ့၏။

“မင်းက ငါ့ရဲ့အစွမ်းအစအကုန်လုံးကို အတင်းအကျပ်ထုတ်သုံးခိုင်းဖို့ ဒီလောက်တောင် ကြိုးစားခဲ့တာပဲ။ ဒါဆိုရင်လည်း ငါ့ရဲ့ အထွတ်အထိပ်ခွန်အားတွေနဲ့ပဲ မင်းရဲ့ အသက်ကို ယူပြရသေးတာပေါ့။”

ဂိုဏ်းချုပ်ဟောင်းကြီးက လေးနက်သောအသံဖြင့် ဆိုလိုက်သည်။

ယခုအချိန်တွင် သူသည် သူ၏အထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်။ ဤအခြေအနေမှာ ခဏတာမျှသာ ဖြစ်သော်လည်း သူသည် ဤခံစားချက်ကို အလွန်ပင် စွဲလန်းနှစ်သက်နေမိသည်။ သူ၏အစွမ်းအစများ အထွတ်အထိပ်သို့ ရောက်ရှိနေသည့်ခံစားချက်မျိုး မရရှိခဲ့သည်မှာ ကြာလှပြီ မဟုတ်ပါလား။ ကြာလွန်းလှသဖြင့် ထိုခံစားချက်မှာ မည်သို့ရှိသည်ကိုပင် မေ့လျော့နေခဲ့ပြီ ဖြစ်သည်။

အမှန်စင်စစ် ကျင့်ကြံခြင်းဟူသည်မှာ ကောင်းကင်ဘုံကိုဆန့်ကျင်ပြီး မိမိ၏ ကံကြမ္မာကို ပြောင်းလဲပစ်ရန် ကြိုးစားခြင်းသာ ဖြစ်သည်။ အကယ်၍ နတ်ဘုရားတစ်ပါးဖြစ်မလာခဲ့လျှင် တစ်နေ့တွင် မလွဲမသွေ သေဆုံးကြရမည်သာ ဖြစ်၏။ ဂိုဏ်းချုပ်ဟောင်းကြီးမှာ နောက်ထပ် နှစ်ပေါင်း(၅၀၀)လောက် ထပ်မံအသက်ရှင်ချင်သေးသော်လည်း ထိုသို့သော အခွင့်အရေးမျိုး မရှိတော့ပေ။

သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး စိတ်ထဲရှိအတွေးစများကို ဖယ်ထုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ တစ်ခုပြီးတစ်ခု ပျက်စီးနေပြီဖြစ်ကြောင်း ခံစားသိရှိနေသည်။ သူ၏အသက်ဓာတ်အားလုံးကို ထုတ်သုံးလိုက်ခြင်းဖြစ်ရာ ၎င်းမှာ သူ လုပ်ဆောင်နိုင်သည့် နောက်ဆုံးသောအစွမ်းပင် ဖြစ်၏။

“သေပေတော့! ကြယ်ကြွေနိဂုံးလက်သီးချက်!”

ဂိုဏ်းချုပ်ဟောင်းကြီးက အသံကုန် အော်ဟစ်လိုက်ပြီး လက်သီးဖြင့်ထိုးနှက်လိုက်သည်။ သူ၏ သက်တမ်းစွမ်းအင်အားလုံးသည် ဤလက်သီးချက်အဖြစ် ပြောင်းလဲသွားခဲ့ပြီ။ လက်သီးအရှိန်အဝါတို့သည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး အရာအားလုံးကို ဖောက်ထွင်းဖျက်ဆီးပစ်တော့မည့်အလား။

လက်သီး၏ထိုးချက်က ပေါက်ကွဲထွက်လာသည့်အခါတွင် လူတိုင်းမှာ ထောင်ပေါင်းများစွာသော ကြောက်မက်ဖွယ်ဥက္ကာခဲများ မြေပြင်ပေါ်သို့ ကျဆင်းလာသကဲ့သို့ မြင်တွေ့လိုက်ရသည်။ ထိုဖျက်ဆီးအားက လူသားမျိုးနွယ်တစ်ခုလုံးကိုသော်လည်းကောင်း၊ ကမ္ဘာကြီးတစ်ခုလုံးကိုသော်လည်းကောင်း ဖျက်ဆီးပစ်နိုင်လောက်သည်အထိ ပြင်းထန်လှသည်။

အမှန်စင်စစ် ဂိုဏ်းချုပ်ဟောင်းကြီးမှာ ထိုမျှအထိမစွမ်းဆောင်နိုင်သော်လည်း ဤလက်သီးချက်မှာ ကောင်းကင်တောင်ပေါ်ရှိ လူတိုင်းကို သေလောက်အောင် ကြောက်လန့်သွားစေရန် လုံလောက်လှသည်။ ဤတိုက်ကွက်သည် သူတို့အားလုံးကို မြေမြှုပ်ပစ်နိုင်စွမ်း ရှိသည်။

ချူးယွင်ဖန်း၏မျက်နှာမှာလည်း ပထမဆုံးအကြိမ်အဖြစ် လေးနက်တည်ကြည်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ဟောင်းကြီး၏အထွတ်အထိပ်ခွန်အားမှာ ယခုအခါ ရွေအမတေမဲ့အဆင့်၏နောက်ဆုံးအဆင့်နီးပါးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားလိုက်ရသောကြောင့် ဖြစ်သည်။ ဤတိုက်ခိုက်မှုသည် အမြင့်ဆုံးအဆင့်သို့ မရောက်သေးလျှင်ပင် အလယ်အလတ်အဆင့်တွင် ရှိမည်က သေချာပေါက်ပင် ဖြစ်သည်။

၎င်းမှာ ချူးယွင်ဖန်းကို အလေးအနက်ထားရန် လုံလောက်သောအခြေအနေပင်။

သူသည် လက်တစ်ဖက်ဖြင့် ဓားကို ဆွဲကိုင်ကာ ပိုင်းချလိုက်သည်။ သူ၏ရှေ့တွင် ဓားဝင်္ကပါ ဓားအစီအရင်တစ်ခု ဖြစ်ပေါ်လာပြီး ဂိုဏ်းချုပ်ဟောင်းကြီး၏လက်သီးချက်ဆီသို့ ပျံသန်းသွားသည်။ ၎င်းမှာ နေဝင်ချိန်မြစ်ဖျားဓားချက်၏ ခံစစ်ဓားဝင်္ကပါပင် ဖြစ်သည်။

ဘုန်း….

လက်သီး၏အရှိန်အဝါသည် မတားဆီးနိုင်သောခွန်အားဖြင့် ဓားဝင်္ကပါကို ဖြတ်ကျော်ဖျက်ဆီးသွားသည်။ ချူးယွင်ဖန်း၏ဓားဝင်္ကပါမှာ ၎င်းကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူသည် ဓားဝင်္ကပါများကို ဆက်တိုက်ဆိုသလို ဖန်တီးကာ ထုတ်လွှတ်လိုက်ရပြီး နောက်ဆုံးတွင်မှ ထိုတုန်လှုပ်ဖွယ်လက်သီးချက်ကို တားဆီးနိုင်ခဲ့တော့သည်။

ချူးယွင်ဖန်းသည် မျက်မှောင်အသာကြုတ်လိုက်မိသည်။ ဂိုဏ်းချုပ်ဟောင်းကြီးသည် သူ၏ ခွန်အားအားလုံးကို ထုတ်သုံးခဲ့ခြင်းဖြစ်ရာ ၎င်းမှာ သူ့အတွက် အတွေ့အကြုံကောင်းတစ်ခု ဖြစ်ခဲ့သည်။ အမှန်စင်စစ် သူသည် တိုက်ကွက်ပေါင်းများစွာကို ဆက်တိုက်အသုံးပြုခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ တစ်ဖက်လူက သာမန်အလယ်အလတ် သို့မဟုတ် နောက်ဆုံးအဆင့် ရွေအမတေအဆင့်သာ ဖြစ်ခဲ့လျှင် ဤမျှ ပြင်းထန်သောတိုက်ကွက်မျိုးကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ထိုကဲ့သို့သော ထိပ်တန်းပညာရှင်တစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ ချူးယွင်ဖန်း၏အစွမ်းမှာ အနည်းငယ် လိုအပ်နေသေးသော်လည်း မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိသည်ဟုတော့ သူ ယုံကြည်ချက်ရှိသည်။

ချူးယွင်ဖန်း၏ရှေ့မှောက်တွင်ပင် ကြယ်ကိုးပွင့်ဂိုဏ်းချုပ်ဟောင်းကြီး၏ ခန္ဓာကိုယ်မှာ ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး လွင့်စင်ကွယ်ပျောက်သွားရလေတော့၏။

All Chapters