← Chapters

ကုကျိုး…..ဧကရာဇ်ဖြူစံအိမ်

Vol. 1 Ch. 4

ကုကျိုး…..ဧကရာဇ်ဖြူစံအိမ်

Vol. 1 Ch. 4

“ကံကောင်းခြင်း - သတ်မှတ်ထားသော အကွာအဝေးတစ်ခု အတွင်းတွင် သင့် တာအိုမျိုးဆက် ဖွံ့ဖြိုးတိုးတက်မှုအတွက် သင့်လျော်သော ကံကောင်းခြင်းများကို ရှာဖွေတွေ့ရှိလိမ့်မည်။”

လီချင်းချိုး စာတန်းကို ကြည့်ပြီး မျက်ခုံးပင့်လိုက်သည်။ “ကံကောင်းခြင်း” ဟူသော စကားလုံးက ချက်ချင်းပင် ကောင်းသော အရာတစ်ခုဟု ထင်ရသည်။

ချင်းရှောင်းဂိုဏ်း၏ လက်ရှိ အခြေအနေအရ ဖွံ့ဖြိုးတိုးတက်စေရန်မှာ အလွန် ခက်ခဲလှသည်။

စစ်မှန်သော အင်မော်တယ် ကျင့်ကြံခြင်း ဂိုဏ်းတစ်ခု ဖြစ်လာရန်အတွက် ကြီးမားသော အရင်းအမြစ်များ လိုအပ်ပေမည်။

သို့သော် ကံကောင်းခြင်းက ယူဆောင်လာသော အကျိုးကျေးဇူးများကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည်။ သူတို့ ခုနစ်ယောက် ထိုဒဏ်ကို ခံနိုင်ပါ့မလား။

“ကံကောင်းခြင်း” ဟူသော စကားလုံးက ကောင်းသော အရာတစ်ခုဟု ထင်ရသဖြင့် အားလုံး သေဆုံးသည်အထိ ဖြစ်စေမည် မဟုတ်ပေ။

သို့သော် ဂိုဏ်းတူညီလေး သို့မဟုတ် ညီမလေး တစ်ယောက်ယောက် ဒဏ်ရာရသွားလျှင်ပင် သူ ခံစားနိုင်မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် ဤတောင်နက်ကြီးထဲတွင် ဆရာဝန် ရှာဖွေရန်မှာ အလွန် ခက်ခဲသောကြောင့် ဖြစ်သည်။

လီချင်းချိုး အကြာကြီး စဉ်းစားပြီးနောက် စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

တပည့်အားလုံး မူလစတင်ခြင်းအဆင့်၊ ပထမအဆင့်သို့ ဝင်ရောက်ပြီးမှသာ ကံကောင်းခြင်းကို အသက်သွင်းမည် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကံကောင်းခြင်းတွင် အချိန်သတ်မှတ်ချက် မရှိသလို မတူညီသော အချိန်ကာလများတွင် သူတို့အတွက် သင့်လျော်သော မတူညီသော ကံကောင်းခြင်းများကို ပေးစွမ်းလိမ့်မည်။

သူ တွေးနေသည်ကို ရပ်လိုက်ပြီး သူကိုယ်တိုင် ထွင်းထုထားသော သစ်သားဓားဖြင့် ဓားသိုင်းကို ဆက်လက် လေ့ကျင့်လိုက်သည်။

ဤဓားသိုင်းကို လင်ရွှန်းဖုန်း ချန်ထားခဲ့ခြင်း ဖြစ်ပြီး “အစွန်းကိုးပါးနတ်ဓားသိုင်း”ဟု အမည်ရသည်။

နားထောင်ရသည်မှာ စွမ်းအားကြီးမားပုံ ပေါက်သော်လည်း တကယ်တမ်းတွင်မူ အင်မော်တယ် ကျင့်ကြံခြင်း နယ်ပယ်ထဲတွင် မရှိပေ။

ဤဓားသိုင်းကိုကျွမ်းကျင်သွားပါက တိုက်ပွဲတွင် အလွန် ထိရောက်ပေလိမ့်မည်။

ဟုတ်ပါတယ်... လိုအပ်ချက်က လုံလောက်အောင် မြန်ဆန်ဖို့ လိုတယ်... သို့မဟုတ်ပါက ဓားကွက်များမှာ သူ့ ယခင်ဘဝက ရိုးရာ သိုင်းပညာများ တိုက်ခိုက်ရေး နည်းစနစ်များနှင့် ရင်ဆိုင်ရသကဲ့သို့ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် အလွယ်တကူ ကျိုးပျက်သွားနိုင်သည်။

ပြောစရာ ရှိသည်မှာ အစွန်းကိုးပါးနတ်ဓားသိုင်းသည် အတွင်းချီကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။ မူလချီကို အစားထိုး အသုံးပြု၍ ရနိုင်မလားဟု သူ တွေးမိသည်။

မွေးရာပါ ဓားရူး ကံတရားကို ပိုင်ဆိုင်ထားသော လီချင်းချိုးကတော့အစွန်းကိုးပါးနတ်ဓားသိုင်းကို တစ်ကြိမ် လေ့ကျင့်ရုံဖြင့် ကျွမ်းကျင်သွားခဲ့သည်။

လေ့ကျင့်လေ ဓားသိုင်းစွမ်းရည် တိုးတက်လေ ဖြစ်သည်။

နှစ်ရက်သာ လေ့ကျင့်ပြီးနောက် သူ၏ ဓားကွက်များမှာ လေကဲ့သို့ ထက်ရှနေပြီး အဝေးမှ ကြည့်နေကြသော လီစီဖုန်းနှင့် လီစီကျင်တို့ကို ပါးစပ်အဟောင်းသား ဖြစ်ကာ အားကျသွားစေသည်။

သစ်တောထဲမှ ထွက်လာသော ကျန်းကျောက်ရှားက ဤမြင်ကွင်းကို မြင်လိုက်ရရာ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး သစ်တောထဲသို့ တိတ်တဆိတ် ပြန်လှည့်သွားခဲ့သည်။

လွန်ခဲ့သော နှစ်ရက်အတွင်း လီချင်းချိုး၏ ဓားသိုင်းဆိုင်ရာ နားလည်သဘောပေါက်နိုင်စွမ်းက သူ့ကို လွန်စွာ တုန်လှုပ်စေခဲ့သည်။

သူသည် မိမိကိုယ်ကို ပါရမီရှင် တစ်ဦးဟု အမြဲ တွေးထင်ခဲ့ပြီး အခွင့်အရေး မရှိသေးဟုသာ ထင်ခဲ့သည်။ သို့သော် လီချင်းချိုးက ပထမဆုံးအကြိမ် လေ့ကျင့်ရုံဖြင့် ဓားသိုင်းကို လွယ်ကူစွာ ကျွမ်းကျင်သွားခဲ့သည်။

လီချင်းချိုး ဤနှစ်များတစ်လျှောက် ဓားကစားခြင်းကို လုံးဝ မလေ့ကျင့်ခဲ့ဖူးကြောင်း သူ အတည်ပြုနိုင်သည်။

သူသည် ငယ်စဉ်က မိသားစုအတွင်း ဓားသိုင်း ပညာရပ်များတွင် ခိုင်မာသော အခြေခံအုတ်မြစ် ချထားခဲ့သောကြောင့် အစွန်းကိုးပါးနတ်ဓားသိုင်းကို တစ်ခါတည်းဖြင့် ကျွမ်းကျင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် လီချင်းချိုး၏ ဓားသိုင်း ပါရမီက သူ့ထက် မြင့်မားသည်ဟု သူ ခံစားလိုက်ရသည်။

လီချင်းချိုးကတော့ကျန်းကျောက်ရှား ဘာတွေးနေသည်ကို မသိသော်လည်း ကျန်းကျောက်ရှား၏ သူ့အပေါ် သစ္စာရှိမှုက မနေ့က နှစ်မှတ် တိုးလာခဲ့သဖြင့် စိတ်မပူပေ။

တာအိုမျိုးဆက် မျက်နှာပြင်က အလွန် သိသာထင်ရှားပြီး သစ္စာရှိမှုကဲ့သို့သော ဇဝေဇဝါ ဖြစ်မှုများကို ဖြေကြားပေးနိုင်သည်။

အများဆုံး သစ္စာရှိမှုမှာ ၁၀၀ ဖြစ်ပြီး ကျန်းကျောက်ရှား၏ သစ္စာရှိမှုမှာ ၉၈ အထိ ရောက်ရှိနေပြီ ဖြစ်ကာ ရူးသွပ်သော ဆည်းကပ်မှုအဆင့်သို့ နီးကပ်နေပြီ ဖြစ်သည်။

အမွှေးတိုင် တစ်ဝက်ခန့် ကြာပြီးနောက် ကျန်းယွီချွန်း စိတ်လှုပ်ရှားစွာဖြင့် လီချင်းချိုးကို လာရောက်တွေ့ဆုံပြီး သူ၏ အောင်မြင်မှုများကို တင်ပြလေသည်။

လီချင်းချိုး အလွန် ပျော်ရွှင်သွားပြီး လူတိုင်း ပျော်ရွှင်စေရန် ယနေ့ညစာတွင် ဟင်းပွဲအပို ထည့်ပေးရန် ဆုံးဖြတ်လိုက်သည်။

ကျန်းယွီချွန်း အလွန် စိတ်လှုပ်ရှားသွားပြီး ဂိုဏ်းတူအစ်ကိုကြီးက သူ့ကို အလွန် တန်ဖိုးထားသည်ဟု ခံစားလိုက်ရသည်။

သို့သော် သူ အသားလှီးရန် မီးဖိုချောင်သို့ သွားသောအခါ တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရသည်။

ငါ့ကို ဂုဏ်ပြုတာ... ဒါပေမဲ့ ငါပဲ ချက်နေရတာလား...

... နွေရာသီ ကုန်ဆုံးပြီး ဆောင်းဦးရာသီ ရောက်ရှိလာသည်။

ချင်းရှောင်းဂိုဏ်း တည်ရှိရာ ထိုက်ခုန်းတောင်တန်းတွင် မိုးဖွဲများ အဆက်မပြတ် ရွာသွန်းလာပြီး တောင်တန်းများမှာ မြူနှင်းများ ဖုံးလွှမ်းနေသည်။

လင်ရွှန်းဖုန်း ထွက်ခွာသွားသည်မှာ သုံးလ ရှိပြီ ဖြစ်သည်။

ယခုအခါ ဝူမန်အာမှလွဲ၍ ကျန်သော ဂိုဏ်းတူညီလေးများနှင့် ညီမလေးများ အားလုံး မူလချီကို ကျင့်ကြံနိုင်ခဲ့ကြပြီ ဖြစ်သဖြင့် လီချင်းချိုး စိတ်အေးသွားရသည်။

နေ့လည်ခင်း နီးကပ်လာသောအခါ ခြံဝန်းထဲတွင် လီချင်းချိုး ကုလားထိုင်ရှည်ပေါ်တွင် လှဲလျောင်းလျက် လက်များကို ခေါင်းနောက်တွင် ယှက်ထားပြီး မိုးရေကို ကြည့်ရှုခံစားနေသည်။

သူ့ခေါင်းပေါ်တွင် မိုးကာတစ်ခု ထောင်ထားပြီး ဘေးနားရှိ စားပွဲပေါ်တွင် သစ်သီးများ တင်ထားသည်။

ဘဝက အလွန် သက်သောင့်သက်သာ ရှိလှသည်။

လီချင်းချိုးသည် ဂိုဏ်းတူညီလေးများနှင့် ညီမလေးများကို မူလချီ ကျင့်ကြံရန် ဦးဆောင်ပြီးနောက် သူ၏ ဂုဏ်သိက္ခာမှာ ပိုမို မြင့်တက်လာခဲ့သည်။

လူတိုင်း သူ့စကားကို နာခံကြပြီး အများဆုံး နှုတ်ဖြင့်သာ ပြန်ပြောလေ့ရှိသော ကျန်းကျောက်ရှားပင်လျှင် သူ့ခန္ဓာကိုယ်က အလွန် နာခံမှု ရှိနေဆဲပင်။

ကောက်ရိုးမိုးကာ ဝတ်ထားသော လီစီဖုန်းခြံဝန်းထဲသို့ ပြေးဝင်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ သေးငယ်ပြီး အဝတ်စွန်းများက မြေကြီးပေါ်တွင် တရွတ်တိုက်ပါလာကာ ရွှံ့များ ပေကျံနေသည်။

သူ လီချင်းချိုး အနားသို့ အမြန် ရောက်လာပြီး “ဂိုဏ်းတူအစ်ကိုကြီး... ဂိုဏ်းတံခါးဝကို လူတစ်ယောက် ရောက်နေတယ်... သူက ဆရာသခင့် မိတ်ဆွေဟောင်းလို့ ပြောတယ်... အစ်ကိုကြီးက ဆရာသခင်အကြောင်း ဘယ်သူမေးမေး မသိဘူးလို့ ပြောခိုင်းထားတယ်လေ... ကျွန်တော် အဲဒီလိုပဲ ပြောလိုက်တာ... ဒါပေမဲ့ သူက တစ်ညလောက် တည်းချင်တယ်တဲ့...” ဟု ပြောလိုက်သည်။

ဆရာ့ရဲ့ မိတ်ဆွေဟောင်း ဟုတ်လား...

လီချင်းချိုး မျက်မှောင်ကြုတ်လိုက်ပြီး ဖြည်းညင်းစွာ မတ်တတ်ရပ်ကာ “ငါ သွားကြည့်လိုက်ဦးမယ်... မိုးရွာထဲမှာ လျှောက်မပြေးနဲ့... တောင်ပေါ်က ပြုတ်ကျရင် ဒုက္ခများလိမ့်မယ်...” ဟု ပြောလိုက်သည်။

ထို့နောက် ဘေးနားရှိ ဆီစိမ်စက္ကူထီးကို ကောက်ကိုင်ပြီး ခြံဝန်းတံခါးဆီသို့ လျှောက်သွားလိုက်သည်။

လီစီဖုန်းက လီချင်းချိုး၏ ကျောပြင်ကိုကြည့်ကာ မျက်နှာပြောင်ပြလိုက်သည်။ လီချင်းချိုး ခြံဝန်းအပြင်ဘက် ထောင့်ချိုးကွေ့သွားသည်နှင့် တပြိုင်နက် ရွှံ့ပေနေသော လက်သေးသေးလေးကို လှမ်းပြီး စားပွဲပေါ်မှ သစ်သီးများကို စတင် စားသောက်တော့သည်။

ခြံဝန်းမှ ထွက်ပြီးနောက် ဂိုဏ်းတံခါးဝသို့ ရောက်ရန် မီတာ ဆယ်ဂဏန်းခန့် ရှည်လျားသော ကွေ့ကောက်နေသည့် လမ်းကလေး အတိုင်း လျှောက်ရုံသာ ရှိသည်။

ဂိုဏ်းတံခါးဝက တောင်ခါးပန်းတွင် တည်ရှိပြီး တောင်တန်းများကို စီးမိုးမြင်ရသော ကျယ်ဝန်းသည့် မြင်ကွင်း ရှိသည်။

လီချင်းချိုး နေ့စဉ် ထိုနေရာတွင် ရပ်နားလေ့ ရှိသည်။

သူ အဝေးသို့ လှမ်းကြည့်လိုက်ရာ ကောက်ရိုးမိုးကာ ဝတ်ထားသော အမျိုးသားတစ်ဦး ဂိုဏ်းတံခါးဝတွင် ရပ်နေပြီး သူ့ကို ကျောခိုင်းထားသည်ကို တွေ့လိုက်ရသည်။ ထိုသူ၏ခန္ဓာကိုယ် တည်ဆောက်ပုံအရ ကြည့်လျှင် ကြောက်စရာ ကောင်းပုံရသည်။

လီချင်းချိုးက မူလစတင်ခြင်းအဆင့် သို့ ဝင်ရောက်နေပြီ ဖြစ်သော်လည်း ရင်ထဲတွင် သတိထားနေဆဲ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် မူလစတင်ခြင်းအဆင့်၏ပထမအဆင့် ကျင့်ကြံသူ တစ်ဦးက ကျန်းဟူ သိုင်းပညာရှင် တစ်ဦးနှင့် ရင်ဆိုင်ရလျှင် နိုင်နိုင်ချေ မည်မျှ ရှိသည်ကို သူ မပြောနိုင်သောကြောင့် ဖြစ်သည်။

လင်ရွှန်းဖုန်း၏ သိုင်းပညာမှာ သာမန်သာ ဖြစ်သည်ဟု သူ ယုံကြည်သော်လည်း လင်ရွှန်းဖုန်း ပြောပြသော ဇာတ်လမ်းများအရ ဤကမ္ဘာမှ သိုင်းပညာရှင်များက အလွန် သန်မာကြသည်။

သူတို့တွေက နံရံများပေါ်တွင် လမ်းလျှောက်နိုင်ပြီး ကျားများနှင့် ဝက်ဝံများကို နှိမ်နင်းနိုင်သည်။

အတွင်းချီ ရှိနေခြင်းနှင့် ပေါင်းစပ်လိုက်လျှင် သူတို့သည် သူယခင်ဘဝက ဖတ်ခဲ့သော သိုင်းဝတ္ထုများထဲမှ လူများကဲ့သို့ပင် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။

ဖြစ်နိုင်တာက လင်ရွှန်းဖုန်းကလည်း အရမ်း စွမ်းအားကြီးတာ ဖြစ်နိုင်တယ်... ဒါပေမဲ့ သူက တပည့်တွေကို ဘယ်တော့မှ ထုတ်မပြခဲ့တာ ဖြစ်မယ်...

စစ်မှန်သော စွမ်းရည်မရှိဘဲ လင်ရွှန်းဖုန်းက တောင်အောက်ဆင်းပြီး ရံဖန်ရံခါ မိဘမဲ့များကို ဘယ်လိုလုပ် ကယ်တင်နိုင်မှာလဲ...

လီချင်းချိုးသည် ၁၆ နှစ်တိုင်တိုင် တောင်ပေါ်မှ မဆင်းခဲ့ဖူးသော်လည်း ငယ်စဉ်က မှတ်ဉာဏ်များ ရှိနေသေးသည်။ သူ အနှီးထုပ်ထဲတွင် ရှိစဉ်က ကမ္ဘာလောကကြီးကအလွန် ဖရိုဖရဲ ဖြစ်နေပုံရသည်။ လင်ရွှန်းဖုန်းက သူ့ကို ပွေ့ချီလျက် အခြားသူများနှင့် တိုက်ခိုက်ခဲ့သည်ကို သူ မှတ်မိသည်။မြင်ကွင်းများဝေဝါးနေပြီး မြင်းခွာသံများနှင့် သတ်ဖြတ်ရန် အော်ဟစ်သံများကိုသာ သူ ကြားခဲ့ရသည်။ ထိုနေရာသည် စစ်မြေပြင် ဖြစ်လောက်သည်။

ကောက်ရိုးမိုးကာနှင့် လူက နောက်ဘက်မှ ခြေသံများကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ဆီစိမ်စက္ကူထီး ကိုင်ထားသော ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသည့် ချောမောသော လူငယ်တစ်ဦး လျှောက်လာသည်ကို မြင်လိုက်ရတော့ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

လီချင်းချိုး စကားမပြောမီ သူက ဦးစွာ မေးလိုက်သည်။ “မင်းက လီချင်းချိုးလား... ကျန်းယွီချွန်းလား...”

တစ်ဖက်လူက သူနှင့် ဒုတိယညီလေး၏ အမည်များကို ပြောနိုင်သည်ကို ကြားလိုက်ရသဖြင့် လီချင်းချိုး၏ သတိထားမှုများ အတော်လေး လျော့ကျသွားသည်။

ဤအချက်က တစ်ဖက်လူက သူတို့ကို ပြောပြနိုင်လောက်အောင် ဆရာသခင်နှင့် နက်ရှိုင်းသော သံယောဇဉ် ရှိကြောင်း ပြသနေသည်။

“ကျွန်တော်က လီချင်းချိုး ပါ... စီနီယာ့ နာမည်နဲ့ ကျွန်တော့် ဆရာသခင်နဲ့ ဘယ်လို ပတ်သက်လဲ ဆိုတာ မေးခွင့်ပြုပါ...”

လီချင်းချိုး ရပ်တန့်လိုက်ပြီး လက်ကို မြှောက်၍ နှုတ်ဆက်ကာ ကောက်ရိုးမိုးကာနှင့် လူနှင့် ခြေလှမ်း ခုနစ်လှမ်း အကွာအဝေးကို ထိန်းသိမ်းထားလိုက်သည်။

ကောက်ရိုးမိုးကာနှင့် လူက ဖရိုဖရဲ ပုံစံရှိပြီး လှည့်လည်သွားလာသော သူရဲကောင်းတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည်။

သူ၏ ကျောပေါ်မှ အထုပ်အပိုး အပြင် ခါးတွင် ပုလွေရှည်တစ်ချောင်း ချိတ်ဆွဲထားသည်။

ထိုသူက သဘောကောင်းပုံ ပေါက်အောင် အားရပါးရ ရယ်မောလိုက်သည်။

“ငါ့နာမည်က ကျန်းခေါ်ထျန်းပါ... မင်း ဆရာသခင်နဲ့ ငါက သွေးသောက်ညီအစ်ကိုတွေလေ... ၁၆ နှစ်တောင် ရှိပြီ... မင်း ငယ်ငယ်တုန်းက ငါ မင်းကို ပွေ့ချီဖူးသေးတယ်...”

လီချင်းချိုး မိတ်ဆက်သည်ကို ကြားလိုက်ရသဖြင့် မိမိကိုယ်ကို ကျန်းခေါ်ထျန်းဟု ခေါ်သော ကောက်ရိုးမိုးကာနှင့် လူ၏ မျက်လုံးများက ပိုမို နူးညံ့ပျော့ပျောင်းလာသည်။

လီချင်းချိုး ထိုနာမည်ကို မှတ်မိသည်။ လွန်ခဲ့သော ၁၆ နှစ်က ဆရာသခင် သူ့ကို ခေါ်ဆောင်၍ ထွက်ပြေးနေစဉ် ကျန်းခေါ်ထျန်းနှင့် တွေ့ဆုံခဲ့သည်။ ကျန်းခေါ်ထျန်းက သူတို့ဆရာတပည့်ကို ချင်းရှောင်းဂိုဏ်း၏ ခြေရင်းအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။

“ဒါဆို ဆရာဦးလေးကျန်းပေါ့.. ဆရာသခင် ပြောတာ ကျွန်တော် မကြာခဏ ကြားဖူးပါတယ်...”

လီချင်းချိုးက ချက်ချင်းပင် စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“ဆရာဦးလေး ဟုတ်လား... အော်... မင်း ဆရာသခင်က ငါ့ကို သူ့အစ်ကိုကြီး အဖြစ် သီးသန့် အသိအမှတ်ပြုထားတာလား...”

“ဒါက သဘာဝကျပါတယ်... သူ ဆရာဦးလေးအကြောင်း မကြာခဏ ပြောပါတယ်... ကျန်းဟူသိုင်းလောကမှာ သူ လေးစားတဲ့သူ သိပ်မရှိဘူး... ဆရာဦးလေးက အဲဒီအထဲက တစ်ယောက်ပဲတဲ့... သူက ကဏ္ဍတော်တော်များများမှာ ဆရာဦးလေးကို ပန်းတိုင်အဖြစ် သတ်မှတ်ထားတာ...”

လီချင်းချိုးက တုံ့ဆိုင်းခြင်း မရှိဘဲ ပြောလိုက်သည်၊ ဟုတ်ပါသည်...ဒါတွေက သူလုပ်ကြံပြောဆိုနေခြင်း ဖြစ်သည်။

လင်ရွှန်းဖုန်းက ကျန်းခေါ်ထျန်းအကြောင်း ဘယ်တုန်းကမှ မပြောခဲ့ဖူးပေ။

ကျန်းခေါ်ထျန်း အားရပါးရ ရယ်မောလိုက်သည်။

လီချင်းချိုးကို ကြည့်ရသည်မှာ ပိုပိုပြီး အဆင်ပြေလာပြီး လင်ရွှန်းဖုန်းအပေါ် ထားရှိသော သူ၏ မကျေနပ်မှုများလည်း ပျောက်ကွယ်သွားသည်။

သူတို့နှစ်ဦး ခဏကြာ နှုတ်ဆက်စကား ပြောပြီးနောက် လီချင်းချိုးက သူ့ကို စကားပြောရန် ခြံဝန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။

လီစီဖုန်းက သူတို့ လာနေသည်ကို မြင်သောအခါ သစ်သီး နှစ်လုံးကို အမြန် ဆွဲယူပြီး သူ့အခန်းသို့ ပြေးသွားတော့သည်။

လီချင်းချိုးက ဂိုဏ်းတူညီလေး၏ လုပ်ရပ်များကို ကျင့်သားရနေပြီ ဖြစ်သည်။ သူ မမြင်ယောင် ဆောင်လိုက်ပြီး ကျန်းခေါ်ထျန်းကို သစ်ပင်အောက်တွင် ထိုင်ရန် ဖိတ်ခေါ်ကာ ရေငှဲ့ပေးလိုက်သည်။

ကျန်းခေါ်ထျန်းက ရေသောက်ရင်း ချင်းရှောင်းဂိုဏ်းကို လေ့လာကြည့်ရှုနေသည်။

ချင်းရှောင်းဂိုဏ်းက ယခင်ကအတိုင်း ယိုယွင်းပျက်စီးနေဆဲပင်။ဤသည်ကိုကြည့်ခြင်းဖြင့် လင်ရွှန်းဖုန်းက ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားခဲ့ခြင်း မရှိကြောင်း ထင်ရှားသည်။

ကျန်းခေါ်ထျန်း ပန်းကန်လုံးကို ချလိုက်ပြီး လီချင်းချိုးကို ကြည့်ကာ “မင်း ဆရာသခင်ရဲ့ ကိစ္စတွေကို ငါ သိပြီးပါပြီ... လွန်ခဲ့တဲ့ တစ်လက ကုကျိုးပြည်နယ်မှာ သူ့ကို ငါ တွေ့ခဲ့တယ်... သူက အင်မော်တယ်တွေကို ရှာဖွေဖို့ သွားမယ်လို့ ပြောပြီး မင်းတို့ကို စောင့်ရှောက်ပေးဖို့ ငါ့ကို မှာခဲ့တယ်... မင်းတို့ ငါနဲ့အတူ ဧကရာဇ်ဖြူစံအိမ်ကို ဘာလို့ မလိုက်ခဲ့ကြတာလဲ... ဧကရာဇ်ဖြူစံအိမ်က ကုကျိုး ကျန်းဟူသိုင်းလောကရဲ့ နာမည်ကြီး ဂိုဏ်းခုနစ်ဂိုဏ်းထဲက တစ်ခုပဲ... ဂုဏ်သတင်း ကျော်ကြားတယ်... မင်းတို့ တောင်ပေါ်မှာ နေတာထက် သေချာပေါက် ပိုကောင်းမှာပါ...” ဟု တဲ့တိုး ပြောလိုက်သည်။

ဧကရာဇ်ဖြူစံအိမ်...

လင်ရွှန်းဖုန်း ပြောပြသည်ကို လီချင်းချိုးအမှန်တကယ် ကြားဖူးသည်။

ဧကရာဇ်ဖြူစံအိမ်သည် နန်းတွင်း နောက်ခံရှိသော ကျန်းဟူဂိုဏ်းအနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်၊

စံအိမ်သခင်၏ ညီဖြစ်သူသည် နန်းတွင်း၌ ရာထူးကြီးကြီး ရယူထားသည်။

ဧကရာဇ်ဖြူစံအိမ်သို့ ဝင်ရောက်ခြင်းသည် လီချင်းချိုးနှင့် အခြားသူများအတွက် ကောင်းမွန်သော အရာတစ်ခု ဖြစ်ပေမည်။

ကံဆိုးသည်မှာ လီချင်းချိုးက တာအိုမျိုးဆက် မျက်နှာပြင်ကို အသက်သွင်းထားပြီး ဖြစ်သည်။ သူသည် ကံတရားများကို ဆက်တိုက် ရွေးချယ်နိုင်ရန်နှင့် အမွေအနှစ် ဆုလာဘ်များ ရရှိရန်အတွက် ဂိုဏ်းချုပ် ဖြစ်နေရမည်။

အကယ်၍ သူတို့သာ ဧကရာဇ်ဖြူစံအိမ်သို့ သွားလျှင် အစေခံကောင်လေး တစ်ယောက်သာ ဖြစ်လာလိမ့်မည်၊ ယခုကဲ့သို့ လွတ်လပ်မှု ရှိမည် မဟုတ်သလို ယခုကဲ့သို့ ကောင်းမွန်သော အနာဂတ်လည်း ရှိမည် မဟုတ်ပေ။

လီချင်းချိုး ဟန်ဆောင် တွေဝေလိုက်ပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချကာ “ဆရာဦးလေးကျန်း... ဆရာဦးလေးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်... ကျွန်တော်နဲ့ ကျွန်တော့် ဂိုဏ်းတူညီလေးတွေ၊ ညီမလေးတွေက ကျန်းဟူရန်ငြိုးတွေထဲကို ထပ်ပြီး မပါဝင်ချင်တော့ဘူး... တောင်ပေါ်က ဘဝက ခက်ခဲပေမယ့် တည်ငြိမ်ပြီး လွတ်လပ်ပါတယ်... ကျွန်တော်တို့ တောင်ပေါ်က မဆင်းတော့ပါဘူး...” ဟု ပြောလိုက်သည်။

ကျန်းခေါ်ထျန်း ထိုစကားကို ကြားသောအခါ လီချင်းချိုးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

လင်ရွှန်းဖုန်းက သူ၏ အကြီးဆုံး တပည့် လီချင်းချိုးသည် ငယ်စဉ်ကတည်းက ဓားတစ်လက်ဖြင့် ကမ္ဘာလောကကို လှည့်လည်သွားလာရန် အမြဲ အိပ်မက်မက်ခဲ့ကြောင်း အတိအကျ ပြောခဲ့သည်။ သူတို့ ဧကရာဇ်ဖြူစံအိမ်သို့ ရောက်ပြီးနောက် လီချင်းချိုး ကြီးပြင်းလာသောအခါ လီချင်းချိုးကို လွတ်လပ်ခွင့် ပေးနိုင်ရန် လင်ရွှန်းဖုန်းက မျှော်လင့်ခဲ့သည်။

လီချင်းချိုးက ဤကဲ့သို့သော ရွေးချယ်မှုမျိုး လုပ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျန်းခေါ်ထျန်း လီချင်းချိုးအတွက် ရင်ထဲတွင် သနားမိသွားသည်။

ဒီကလေးက သူ့ရဲ့ ဂိုဏ်းတူညီလေးတွေနဲ့ ညီမလေးတွေအတွက် သူ့ဘဝရဲ့ ရည်မှန်းချက်ကို စွန့်လွှတ်လိုက်တာလား...

“မင်းရဲ့ ဂိုဏ်းတူညီလေးတွေနဲ့ ညီမလေးတွေအတွက် စိတ်ပူနေတယ်ဆိုရင် မလိုပါဘူး... ဧကရာဇ်ဖြူစံအိမ်က သူတို့ကို ကောင်းကောင်း စောင့်ရှောက်ပေးမှာပါ... ပြီးရင် မင်း ကြိုက်တဲ့နေရာကို သွားလို့ ရပါတယ်...” ကျန်းခေါ်ထျန်းက လေးလေးနက်နက် ပြောလိုက်သည်။

လီချင်းချိုး စကားပြောရန် ပြင်လိုက်စဉ် အနီးနားရှိ အခန်းမှ လှုပ်ရှားမှုများကို ရုတ်တရက် ကြားလိုက်ရသည်။ ထိုမွေခံထိုက်သော ကလေးဆိုးလေးများက တံခါးကြားမှ ချောင်းကြည့်နေကြသည်။

သူ ချက်ချင်း စိတ်ပြောင်းလိုက်ပြီး “ဆရာဦးလေး... ကျွန်တော်က ကိုယ့်ကံကြမ္မာကို ကိုယ့်လက်ထဲမှာပဲ ဆုပ်ကိုင်ထားချင်တယ်... ဂိုဏ်းတူညီလေးတွေနဲ့ ညီမလေးတွေကို ကိုယ်တိုင် စောင့်ရှောက်ရတာ ပိုစိတ်ချရပါတယ်...” ဟု လေးနက်စွာ ပြောလိုက်သည်။

သူ အသံကျယ်ကျယ် မပြောပေ၊ တကယ်တော့ သူ့အသံကတပါးသူ ကြားသွားမှာ ကြောက်သကဲ့သို့ အလွန် တိုးညှင်းသော်လည်း ဂိုဏ်းတူညီလေးများနှင့် ညီမလေးများ ကြားနိုင်မည်ဟု သူ ယုံကြည်သည်။

ကျန်းခေါ်ထျန်းကလည်း ဧကရာဇ်ဖြူစံအိမ် အတွင်းမှ ပဋိပက္ခများကို တွေးမိပြီး လီချင်းချိုး၏ ရွေးချယ်မှုမှာ မကောင်းသော အရာမဟုတ်ကြောင်း ခံစားလိုက်ရသည်။

အတော်ကြာအောင် တွေးတောပြီးနောက် ကျန်းခေါ်ထျန်းသည် သူ၏ ကျောပေါ်မှ အထုပ်ကို ဖြုတ်၍ စားပွဲပေါ် တင်လိုက်သည်။ သူ အထုပ်ကို ဖွင့်လိုက်ရာ အဝတ်အစားများ၊ သိုင်းကျမ်းများ၊လျှို့ဝှက်လက်နက်များနှင့် ထူးဆန်းသော လက်ဝတ်ရတနာ အနည်းငယ် ထွက်ကျလာသည်။

ကျန်းခေါ်ထျန်းက သိုင်းကျမ်းတစ်အုပ်ကို ကောက်ကိုင်လိုက်ပြီး “မင်း ဆရာသခင်က မင်းတို့ကို စောင့်ရှောက်ပေးဖို့ ငါ့ကို အပ်ခဲ့တယ်... ငါ ဘာမှ မလုပ်ဘဲ နေလို့မရဘူး... ငါ ဒီသိုင်းကျမ်းကို အခက်အခဲတွေကြားကနေ ရှာတွေ့ထားတာ... တိတ်တဆိတ် လေ့ကျင့်ကြ... အပြင်ကို မပြန့်စေနဲ့...” ဟု ပြောလိုက်သည်။

လီချင်းချိုးက ကျန်းခေါ်ထျန်၏လက်ထဲမှ သိုင်းကျမ်းကို မကြည့်ဘဲ အထုပ်ထဲမှ ဓားမြှောင်လေး တစ်ချောင်းကို ကြည့်နေမိသည်။

ဓားသွားမှာ မိုးမခရွက်ကဲ့သို့သွယ်လျ ပြီး ထူထဲသော သံချေးများ တက်နေကာ မြေကြီးထဲတွင် နှစ်ပေါင်းတစ်ထောင်ခန့် မြှုပ်နှံထားသကဲ့သို့ ဖြစ်နေသည်။

သူသည် ဤဓားမြှောင်လေးထံမှ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီကို အမှန်တကယ် ခံစားနေရသည်။

All Chapters