← Chapters

ကောင်းကင်အဆင့် ထိပ်ဆုံး ၁၀ ယောက်…..

Vol. 1 Ch. 6

ကောင်းကင်အဆင့် ထိပ်ဆုံး ၁၀ ယောက်…..

Vol. 1 Ch. 6

နံနက်ခင်း နေမင်း ထွက်ပေါ်လာသည်နှင့် လီချင်းချိုး အခန်းမှ စောစောထွက်လာပြီးနောက် နံနက်ခင်း လေ့ကျင့်ခန်းအတွက် ဂိုဏ်းတူမောင်နှမများကို နှိုးလိုက်၏။

တစ်ညလုံး နှင်းကျထားသောကြောင့် ခြံဝန်းတစ်ခုလုံး နှင်းထုအလွှာ ထူထူ ဖုံးလွှမ်းနေပြီ ဖြစ်သည်။

ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့ စောစောနိုးနေကြပြီး နှင်းများကို ကျုံးနေကြလေပြီ။

လီချင်းချိုးက သူတို့ကို ဂေါ်ပြားများ ချထားပြီး ကျင့်ကြံခြင်းကို ဦးစွာ လုပ်ဆောင်ရန် ပြောလိုက်သည်။

ဂိုဏ်းတူမောင်နှမ ၇ ယောက်စလုံး ခေါင်မိုးစွန်းပေါ်သို့ တက်ကာ ယှဉ်လျက် ခြေချိတ်ထိုင်ပြီး ခရမ်းရောင်ချီများကို အတူတကွ စုပ်ယူလိုက်ကြသည်။ တဖြည်းဖြည်းနှင့် သူတို့၏ ဉီးခေါင်းထိပ်များမှ အပူငွေ့များ တက်လာလေ၏။

လီချင်းချိုး မျက်လုံးတစ်ဖက် ဖွင့်ပြီး ဂိုဏ်းတူမောင်နှမများကို ကြည့်လိုက်ရာ တိတ်တဆိတ် ကျေနပ်နေမိသည်။

သူတို့က ငယ်ရွယ်ကြသေးသော်လည်း စကားနားထောင်ပြီး သင်ကြားရ လွယ်ကူသဖြင့် ချင်းရှောင်းဂိုဏ်း၏ အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်စေသည်။

ဤသည်မှာ သူ၏ လုပ်ငန်းဆောင်တာအတွက် အခြေခံအုတ်မြစ်ပင်။

နာရီဝက်ခန့် ကြာသောအခါ ဂိုဏ်းသားများ ခေါင်မိုးစွန်းမှ ခုန်ဆင်းလိုက်ကြပြီး သူတို့၏ အလုပ်ကိစ္စများကို လုပ်ဆောင်ရန် ပြင်ဆင်ကြသည်။

လီချင်းချိုးက ကျန်းယွီချွန်းကို ခေါ်ပြီး သူ့နောက် လိုက်ခဲ့ရန် ပြောလိုက်၏။

ကျန်းယွီချွန်းတွင် ကန့်ကွက်စရာ မရှိသော်လည်း လီချင်းချိုးက ကောင်းကင်သက်တံဓားကို ယူလာသည်ကို မြင်သောအခါ မျက်ခုံး အနည်းငယ် ပင့်လိုက်မိသည်။

ဂိုဏ်းတူညီအစ်ကို နှစ်ယောက်သား ဂိုဏ်းအတွင်းရှိ အသေးအဖွဲ ကိစ္စရပ်များကို ပေါ့ပေါ့ပါးပါး ပြောဆိုရင်း တောင်ပေါ်တောအုပ်ကို ဖြတ်ကျော် လျှောက်လှမ်းလာကြသည်။

ထိုက်ခုန်းတောင်တန်းက မတ်စောက်ပြီး လီချင်းချိုးနှင့် သူ၏အဖော်ပင်လျှင် ခရီးသွားသောအခါ သတိထားရပေသည်၊ အထူးသဖြင့် ယခုလို နေရာတိုင်း နှင်းများ ရှိနေချိန်တွင် ချော်လဲရန် လွယ်ကူလှ၏။

၁၀ လီခန့် လျှောက်ပြီးနောက် ကျန်းယွီချွန်း မမေးဘဲ မနေနိုင်တော့ပေ။

"ဂိုဏ်းချုပ်အစ်ကို... ကျွန်တော်တို့ ဘယ်ကို သွားနေကြတာလဲ..."

ရှေ့မှ လျှောက်နေသော လီချင်းချိုးက ခေါင်းမလှည့်ဘဲ ပြန်ဖြေလိုက်သည်က…"မနေ့ညက အင်မော်တယ်တစ်ပါး လမ်းညွှန်ပြသပေးတယ်လို့ အစ်ကို အိပ်မက်မက်တယ်... ဒီအနီးအနားက တောင်တွေထဲမှာ ရတနာ ဝှက်ထားတယ်တဲ့... အိပ်မက်က အရမ်းကို ကွက်ကွက်ကွင်းကွင်း ဖြစ်နေတော့ လာပြီး စမ်းကြည့်ချင်တာ..."

ကံတရား အမွေအနှစ်က သူ့ကို လမ်းကြောင်း မှတ်မိစေခဲ့သည်။

၎င်းသည် သူ တကယ် ကြုံတွေ့ခဲ့ရသလိုမျိုး စိတ်အာရုံတစ်ခုဖြစ်ပြီး ယခုထိတိုင် ရှင်းရှင်းလင်းလင်း မှတ်မိနေသေးရာ အလွန်ပင် ဆန်းကြယ်လှပေသည်။

"အင်မော်တယ် လမ်းညွှန်ပြသမှု ဟုတ်လား..."

ကျန်းယွီချွန်း ဤစကားကို ကြားသောအခါ "ကျွန်တော့်ကို အရူးမှတ်နေလား" ဟု သူ၏ ဂိုဏ်းချုပ်အစ်ကိုအား မေးချင်စိတ် ပေါက်သွားပြီး စိတ်ပျက်လုနီးပါး ဖြစ်သွား၏။

သို့သော်လည်း လီချင်းချိုးကို ဘယ်တော့မှ မဖီဆန်ရဲသဖြင့် သည်းခံပြီး သူ၏ ဂိုဏ်းချုပ်အစ်ကို အလိုကျ ဆက်လက် လိုက်ပါရတော့သည်။

ထူထပ်သော နှင်းများက ထိုက်ခုန်းတောင်တန်းကို ဖုံးလွှမ်းထားရာ သူတို့ မည်မျှဝေးဝေး လျှောက်ပါစေ တနေရာမှာပင် နင်းနေသကဲ့သို့ ခံစားရ၏။

ကံကောင်းထောက်မစွာဖြင့် လီချင်းချိုးနှင့် ကျန်းယွီချွန်းတို့က မူလစတင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် သူတို့၏ ခွန်အားများ သိသိသာသာ တိုးတက်နေပြီ ဖြစ်ရာ မောပန်းခြင်း မရှိကြပေ။

နောက်ထပ် ၁၀ လီခန့် ကြာသောအခါ လီချင်းချိုး နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။

ရှေ့တွင် လမ်းမရှိတော့ဘဲ တောင်နံရံတစ်ခုသာ ရှိပြီး ဘေးနှစ်ဖက်တွင် နှင်းများ ရှိနေသဖြင့် ကျဉ်းမြောင်းနေ၏။

ကျန်းယွီချွန်းက လက်ထဲသို့ လေမှုတ်ထုတ်ပြီးအာငွေ့ပေးရင်း ပတ်ဝန်းကျင်ကို ကြည့်ကာ အံ့သြစွာ မေးလိုက်သည်။

"ဂိုဏ်းချုပ်အစ်ကို...ဒီနေရာက ရတနာ ရှိပုံ မပေါ်ပါဘူး... အင်မော်တယ် လမ်းညွှန်ပြသမှုက မမှန်ဘူး ထင်တယ်... ကျွန်တော်တို့ လက်လျှော့လိုက်ကြမလား..."

လီချင်းချိုး သူ့ကို ပြန်မဖြေပေ။ သူသည် တောင်နံရံဆီသို့ လျှောက်သွားပြီး စမ်းသပ်ကြည့်လိုက်၏။

မကြာမီ သူ တစ်စုံတစ်ခုကို ခံစားမိပုံရပြီး တောင်နံရံရှိ နေရာတစ်နေရာကို ပြင်းပြင်းထန်ထန် ထုနှက်လိုက်သည်။ သုံးချက်မျှ ထုပြီးနောက် တောင်နံရံ တကယ်ပင် ကွဲအက်သွားရာ ကျန်းယွီချွန်း အံ့အားသင့်သွားပြီး အမြန် သွားကြည့်လိုက်၏။

အသက် ၁၀ ရှိုက်စာခန့် ကြာသောအခါ တောင်နံရံကို ထပ်မံ ဖြိုခွင်းနိုင်ခြင်း မရှိတော့သည်ကို ဆုံးဖြတ်ပြီးနောက် လီချင်းချိုး ရပ်တန့်လိုက်သည်။

သူ့ရှေ့ရှိ ခွေးဝင်ပေါက် အရွယ်အစားခန့် အပေါက်ကို ကြည့်ပြီး တိတ်ဆိတ်သွား၏။

အိပ်မက်က သူ့ကို ဤနေရာသို့သာ လမ်းညွှန်ခဲ့ပြီး အိပ်မက်ထဲမှ အပေါက်မှာ ဤအပေါက်ထက် များစွာ ပိုကြီးသည်။

ကျန်းယွီချွန်း ကိုင်းညွှတ်ပြီး အပေါက်ထဲသို့ ကြည့်လိုက်တော့

အတွင်းဘက်တွင် မှောင်မည်းနေသော်လည်း လေနွေးများ ထွက်ပေါ်နေသည်ကို ခံစားလိုက်ရ၏။

"သွားကြစို့..."

လီချင်းချိုးက အပေါက်ထဲသို့ ဦးစွာ ဝင်ရောက်လိုက်သည်။ ကျန်းယွီချွန်း တားချင်သော်လည်း သူက အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ ကျန်းယွီချွန်း အံကြိတ်ပြီး အမြန် လိုက်ပါသွား၏။

ဥမင်လိုဏ်ခေါင်းတခုလုံး မှောင်မည်းပြီး အောက်ဘက်သို့ ဆင်းသွားကာ လေနွေးများ စီးဆင်းနေသဖြင့် သူတို့နှစ်ဦးအတွက် ပိုမို သက်တောင့်သက်သာ ဖြစ်စေသည်။ ထို့အပြင် အတွင်းသို့ ပိုမို ဝင်ရောက်လေ ဥမင်လိုဏ်ခေါင်းက ပိုမို ကျယ်ဝန်းလေ ဖြစ်ပြီး သူတို့၏ စိတ်ဖိစီးမှုကို လျော့ပါးစေ၏။

ဇန် ၅၀ (ပေ ၅၀၀ ခန့်) ခန့် ခရီးနှင်ပြီးနောက် နောက်ဆုံးတွင် အဆုံးသို့ ရောက်ရှိသွားသည်။

ကျန်းယွီချွန်းသည်လည်း

လီချင်းချိုးနောက်မှ လိုက်၍ အပေါက်ထဲမှ ထွက်လာခဲ့၏။ အောက်ခြေတွင်းပေါက်က သိပ်မမြင့်သဖြင့် သူ မြေကြီးကို လွယ်ကူစွာ ထိတွေ့နိုင်ခဲ့သည်။

သူ မော့ကြည့်လိုက်ရာ မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ် အလိုအလျောက် ဟသွားလေသည်။

ရှေ့တွင် ကျယ်ဝန်းသော မြေအောက်ဧရိယာတစ်ခု ရှိနေ၏။

တောင်နံရံများတွင် အရွယ်အစား အမျိုးမျိုးနှင့် ထောင့်ချိုး ပုံသဏ္ဌာန် အမျိုးမျိုး ရှိသော မရေမတွက်နိုင်သည့် အပြာရောင်ငွေရောင် သတ္တုရိုင်းများ မြှုပ်နှံထားသည်။ အောက်ဘက်တွင် ဇန် ၁၀ (ပေ ၁၀၀ ခန့်) နီးပါး ကျယ်ဝန်းသော ရေအိုင်တစ်ခု ရှိပြီး မျက်နှာပြင်မှာ အပြာရောင် ဖြစ်ကာ ငွေရောင်အလင်းများ တလက်လက် တောက်ပနေပြီး ဆန်းကြယ်လှပနေ၏။

အကြောင်းတစ်ခုခုကြောင့် ကျန်းယွီချွန်း ဤနေရာသို့ ရောက်ရှိပြီးနောက် လန်းဆန်းတက်ကြွသွားသည်ဟု ခံစားလိုက်ရသည်။

"ဂိုဏ်းချုပ်အစ်ကို...ဒီနေရာက ကျွန်တော်တို့ ပုံမှန် ရှူရှိုက်နေတဲ့ ကောင်းကင်နှင့်မြေကြီး ဝိညာဉ်ချီတွေနဲ့ ပြည့်နှက်နေပုံရတယ်... ကျွန်တော်တို့ ဒီနေရာမှာ ကျင့်ကြံရင် အတွင်းအားချီ ပိုမြန်မြန် တိုးတက်နိုင်မလား..."

ကျန်းယွီချွန်း ပတ်ဝန်းကျင်ကို ငေးကြည့်ရင်း မေးလိုက်ရာ သူ၏လေသံတွင် စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။

"မှန်တယ်...ဒီနေရာက ကျင့်ကြံဖို့အတွက် တကယ်ကို ကောင်းမွန်တဲ့ နေရာတစ်ခုပဲ... ကောင်းကင်ဘုံက ငါတို့ ချင်းရှောင်းဂိုဏ်းကို မျက်နှာသာ ပေးနေပုံရတယ်..."

လီချင်းချိုး ပြုံးလိုက်ပြီး ဟန်ဆောင် တည်ငြိမ်မှုဖြင့် ပြောလိုက်၏။

လက်တွေ့တွင် အမွေအနှစ် အသက်ဝင်ချိန်ကတည်းက သူ စိတ်ကူးယဉ်နေခဲ့ပြီး သူ၏ စိတ်အခြေအနေမှာ ကြာမြင့်စွာကတည်းက ချိန်ညှိပြီးသား ဖြစ်နေသည်။

သူတို့နှစ်ဦး လှည့်လည်သွားလာရင်း လေ့လာကြည့်ရှုကာ ဆွေးနွေးကြလေသည်။

"ဂိုဏ်းချုပ်အစ်ကို... သတိထားနော်... ဒီမှာ အဆိပ်ရှိတဲ့ အင်းဆက်တွေ ဒါမှမဟုတ် ကြမ်းတမ်းတဲ့ သားရဲတွေ ပုန်းနေရင်ဘယ်လိုလုပ်မလဲ..."

"ဂိုဏ်းချုပ်အစ်ကို... အင်မော်တယ်တစ်ပါးက တကယ်ပဲ အစ်ကို့ကို အိပ်မက်ပေးခဲ့တာလား... ဆရာသခင် အရင်က ပြောပြဖူးတဲ့ အရာတစ်ခုခုများ ဖြစ်နေမလား..."

"ကံဆိုးတာက ဒီနေရာက ချင်းရှောင်းဂိုဏ်းနဲ့ သိပ်ဝေးလွန်းတယ်... အသွားအပြန် ခရီးက နေ့ဝက်လောက် ကြာလိမ့်မယ်..."

"ဂိုဏ်းချုပ်အစ်ကို... တကယ်လို့ ကျွန်တော်တို့ ဒီနေရာမှာ ၁၀ နှစ်လောက် ကျင့်ကြံရင် သိုင်းလောကကို လှုပ်ခါနိုင်တဲ့ ပညာရှင်တွေ ဖြစ်လာနိုင်မလား..."

ကျန်းယွီချွန်း၏ မရပ်မနား မေးခွန်းများကို ရင်ဆိုင်ရင်း လီချင်းချိုးက ပေါ့ပေါ့ပါးပါးနှင့် ပြီးစလွယ် ဖြေလိုက်သော်လည်း ကျန်းယွီချွန်းက ဂရုမစိုက်ပေ။

ကျန်းယွီချွန်းသည် ပုံမှန်အားဖြင့် တည်ငြိမ်သော်လည်း ၁၅ နှစ်အရွယ် ကောင်လေးတစ်ယောက်သာ ရှိသေးသည်။ လီချင်းချိုး၏ ရှေ့တွင် သူ၏ ဟန်ဆောင်မှုကို လျှော့ချနိုင်လေ၏။

သူတို့နှစ်ဦး အကြိမ်အနည်းငယ် လှည့်လည်ကြည့်ရှုပြီး ဝင်ပေါက်/ထွက်ပေါက် တစ်ခုတည်းသာ ရှိကြောင်းနှင့် အန္တရာယ် မရှိကြောင်း အတည်ပြုပြီးနောက် နောက်ဆုံးတွင် စိတ်အေးသွားကြသည်။

"မင်း ဘယ်လို ထင်လဲ... နောင်တစ်ချိန် ဂိုဏ်းတူမောင်နှမတွေ ဒီမှာ ကျင့်ကြံဖို့ ဘယ်လို စီစဉ်သင့်လဲ..."

ရေအိုင်ကို ကြည့်ရင်း လီချင်းချိုး မေးလိုက်တော့ ကျန်းယွီချွန်း စဉ်းစားလိုက်ပြီး… "လူတိုင်းကို အတူတူ ခေါ်လာလို့ကတော့ လုံးဝ အဆင်ပြေမှာ မဟုတ်ဘူး... တစ်ယောက်ယောက်က ချင်းရှောင်းဂိုဏ်းကို စောင့်ကြပ်ဖို့ လိုတယ်... ပြီးတော့ ကျွန်တော်လည်း မကြာခင် ဂိုဏ်းသားသစ်တွေ လက်ခံဖို့ လိုသေးတယ်... ဂိုဏ်းချုပ်အစ်ကို... ဒီနေရာကို ကျွန်တော်တို့ ၇ ယောက်ကလွဲပြီး တခြားဘယ်သူမှ သိလို့ မဖြစ်ဘူး... နောက်ပိုင်းကျရင် အလှည့်ကျ လူ ၂ ယောက် လာပြီး တစ်ရက် ကျင့်ကြံဖို့ ကျွန်တော် အကြံပြုချင်တယ်... အစ်ကို ဘယ်လို သဘောရလဲ..."

လီချင်းချိုးက ကျန်းယွီချွန်းကို ကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်ကာ ….

"ကောင်းတယ်... အဲဒါ အရမ်းကောင်းတဲ့ အကြံပြုချက်ပဲ... ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို မင်း ထည့်သွင်းစဉ်းစားနိုင်လို့ ငါ ဝမ်းသာတယ်..."

ကျန်းယွီချွန်း ခေါင်းကုတ်လိုက်ပြီး ရှက်ရွံ့စွာ ပြုံးလိုက်သည်။

"ဆရာသခင် ပြောပြဖူးတဲ့ ကျန်းဝူဇာတ်လမ်းတွေထဲမှာ အင်အား မလုံလောက်တဲ့ လူတွေနဲ့ ဂိုဏ်းအများစုက နတ်ဘုရားအဆင့် သိုင်းပညာတွေ (ဒါမှမဟုတ်) ရတနာတွေကို ပိုင်ဆိုင်ထားမိလို့ သူတို့ကိုယ်သူတို့ ကပ်ဘေး သင့်စေခဲ့ကြတာလေ..."

"ဟုတ်တယ်... ချင်းရှောင်းဂိုဏ်းမှာ ငါတို့ပဲ ရှိတာ... ငါတို့က အရမ်း ငယ်ရွယ်ကြသေးတယ်... ငါတို့ရဲ့ လုပ်ရပ်တွေကို သတိထားရမယ်... တစ်ယောက်ယောက် ဆုံးရှုံးသွားရင်တောင် ငါတို့အတွက် သည်းခံနိုင်စရာ မရှိဘူး..."

လီချင်းချိုး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

တစ်ယောက်ယောက် ဆုံးရှုံးရမယ် ဟုတ်လား….

ကျန်းယွီချွန်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

လီချင်းချိုးနှင့် သူ၏ ဂိုဏ်းတူမောင်နှမများ သူ့မျက်စိရှေ့တွင် သေဆုံးသွားမည့် အတွေးက သူ့ကို ကြောက်ရွံ့စေသည်။

မဖြစ်ဘူး….

အဲဒီလိုကိစ္စမျိုး ဘယ်တော့မှ ဖြစ်ခွင့်မပေးနိုင်ဘူး….

ကျန်းယွီချွန်းသည်လည်း မိဘမဲ့တစ်ဦး ဖြစ်သည်။ သူသည် ၆ နှစ်သားအရွယ်တွင် စွန့်ပစ်ခံခဲ့ရပြီး ငယ်စဉ်ကတည်းက အထီးကျန်ခဲ့ကာ လုံခြုံမှုမရှိဟု ခံစားခဲ့ရသည်။

လီချင်းချိုးနှင့် အခြားသူများကို သူ့ မိသားစုအဖြစ် မှတ်ယူထားခဲ့သည်မှာ ကြာပြီ ဖြစ်ပြီး ဤဆွေမျိုးတော်စပ်မှုကို တန်ဖိုးထားသဖြင့် သူ မမောမပန်း အလုပ်လုပ်လိုခြင်း ဖြစ်သည်။

လီချင်းချိုးက ကန်ဘေးမှ ပုံဆောင်ခဲတစ်တုံးကို ကောက်ယူလိုက်ပြီး အတွင်းရှိ ကြွယ်ဝသော ဝိညာဉ်ချီကို ခံစားလိုက်ရသည်။အစက တစ်တုံး ယူသွားချင်သော်လည်း ထိုဓားမြှောင်လေးမှ ဝိညာဉ်ချီကိုပင် အင်မော်တယ်အသစ်များ အာရုံခံနိုင်သည်ကို တွေးမိလိုက်သည်။ ဤကဲ့သို့သော ဝိညာဉ်ကျောက်တုံးမျိုး ယူဆောင်သွားခြင်းက ကပ်ဘေးကို ဖိတ်ခေါ်ရာ ရောက်ပေလိမ့်မည်။

ထို့ကြောင့် ဝိညာဉ်ကျောက်တုံးကို ပြန်ချထားလိုက်ပြီး နောင်တွင် ဤနေရာမှ ဝိညာဉ်ကျောက်တုံးများကို မည်သူမျှ ယူဆောင်ခွင့်မပြုရန် ကျန်းယွီချွန်းကို သတိပေးလိုက်၏။

သူတို့ ကြာကြာ မနေခဲ့ကြပေ….

တည်နေရာကို အတည်ပြုပြီးနောက် လူအင်အား စီစဉ်ရန် ပြန်သွားကြလေသည်။

အပေါက်ထဲမှ ပြန်တက်လာပြီးနောက်

လီချင်းချိုးက ပတ်ဝန်းကျင်ရှိ ပေါင်းပင်များကို ဖြန့်ကာ ဝင်ပေါက်ကို ဖုံးအုပ်လိုက်ပြီး နှင်းများဖြင့် ထပ်မံ ဖုံးအုပ်လိုက်မှသာ ထွက်ခွာရန် စိတ်ချရတော့သည်။

"ဒီကိစ္စကို အပြင်မှာ ဘယ်တော့မှ ထုတ်မပြောနဲ့နော်... တကယ်လို့ ပညာရှင်တစ်ယောက် ဖြတ်သွားရင်း အဝေးကနေ ကြားသွားရင် ဒုက္ခရောက်လိမ့်မယ်..."

လီချင်းချိုးက ကျန်းယွီချွန်းကို လေးလေးနက်နက် ပြောလိုက်ရာ ကျန်းယွီချွန်း ခေါင်းညိတ်လိုက်ပြီး မြေအောက်စိတ်ဝိညာဉ်ရေအိုင်၏ အရေးပါမှုကို နားလည်လေ၏။

သူတို့နှစ်ဦး ချင်းရှောင်းဂိုဏ်းဆီသို့ လျှောက်လှမ်းရင်း အခြားကိစ္စရပ်များကို စတင် ပြောဆိုကြသည်။

ကျန်းယွီချွန်းက ဆောင်းရာသီ နှင်းများ အရည်ပျော်ပြီးနောက် ဂိုဏ်းသားသစ် စုဆောင်းရန် တောင်အောက်ဆင်းဖို့ စီစဉ်ထားသည်။ မကြာသေးမီက နှင်းများ ပိုမို သည်းထန်လာသဖြင့် ရွာမှ ကလေးများကို တောင်ပေါ်သို့ ခေါ်ဆောင်လာရာတွင် မတော်တဆမှုများ ဖြစ်မည်ကို သူ ကြောက်ရွံ့နေသည်။

လီချင်းချိုးတွင် ကန့်ကွက်စရာ မရှိပေ။ သူသည် ချင်းရှောင်းဂိုဏ်းကို ချဲ့ထွင်ရန် အလျင်မလိုပါ။

ပထမဦးစွာ သူသည် အခြားသူများနှင့် ဆက်ဆံရာတွင် ဒုက္ခမရောက်စေရန်အဓိကအဖွဲ့အစည်း၏ ခွန်အားကို မြှင့်တင်ရမည် ဖြစ်သည်။

အပြန်ခရီးမှာ ခက်ခဲနေဆဲပင်…. သူတို့၏ ခြေရာများသည်လည်း ဆောင်းရာသီ နှင်းသစ်များဖြင့် ဖုံးလွှမ်းသွားပြီ ဖြစ်သည်။

ခရီးတစ်ဝက်တွင် လီချင်းချိုး ရုတ်တရက် ရပ်တန့်လိုက်သဖြင့်

နောက်မှ လိုက်လာသော ကျန်းယွီချွန်းက အံ့သြစွာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ..."

"သေချာ နားထောင်ကြည့်..."

လီချင်းချိုး တိုးတိုးလေး ပြောလိုက်တော့

ကျန်းယွီချွန်း ချက်ချင်း အသက်ရှူအောင့်ထားပြီး စူးစိုက် နားထောင်လိုက်၏။

မကြာမီ အနီးနားရှိ တောအုပ်နက်ထဲမှ ဖျော့တော့သော အသံတစ်ခု ထွက်ပေါ်လာသည်ကို သူ ကြားလိုက်ရသည်။

"ကယ်... ကယ်ကြပါဦး..."

မူလစတင်ခြင်းအဆင့် ပထမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်သော ကျန်းယွီချွန်း ချက်ချင်း အကြည့်ကို စူးစိုက်လိုက်သည်။

သူ၏ မျက်လုံးများက ရှုပ်ထွေးနေသော သစ်ပင်များကို ထိုးဖောက်ကြည့်လိုက်ရာ လူတစ်ယောက်၏ မျက်နှာတစ်ခြမ်းကို တွေ့လိုက်ရပြီး ထိုသူမှာ သစ်ပင်ကြီးတစ်ပင်၏ နောက်ရှိ ကျောက်တုံးကို မှီလျက် သူတို့ကို လှမ်းကြည့်နေသဖြင့်

ကျန်းယွီချွန်း လန့်သွားသည်။ သူက ထိုလူကို ညွှန်ပြပြီး…..

"ဂိုဏ်းချုပ်အစ်ကို... အဲဒီလူ အကူအညီ တောင်းနေတာ... ကျွန်တော်တို့ ဝင်ပါသင့်လား..."

လီချင်းချိုးအနေဖြင့် သူ ညွှန်ပြစရာ မလိုဘဲ ထိုလူကို သတိထားမိပြီး ဖြစ်သည်။

ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် လီချင်းချိုး တိုးတိုးလေး ပြောလိုက်သည်က…

"သွားကြည့်ရအောင်... သူ ငါတို့ကို လှည့်စားတာမျိုး မဖြစ်အောင် သတိထားနော်..."

ကျန်းယွီချွန်း ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦး ခြုံပုတ်များကို ဘေးဖယ်ကာ ထိုလူဆီသို့ လျှောက်သွားကြသည်။

သတိလစ်လုနီးပါး ဖြစ်နေသော ရန်ကျွယ်တိန်သည် လူငယ်နှစ်ဦး ချဉ်းကပ်လာသည်ကို မြင်သောအခါ သူ၏ နှလုံးသားထဲတွင် ကြီးမားသော အံ့သြမှုတစ်ခု ဖြစ်ပေါ်လာသည်။

လီချင်းချိုးနှင့် သူ၏အဖော် တောင်အောက်ဆင်းသွားစဉ်က သူ အဝေးမှ လှမ်းမြင်ခဲ့သော်လည်း ကံဆိုးစွာဖြင့် အကူအညီတောင်းရန် အချိန်မရှိသဖြင့် သူတို့ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ရသည်။

သူ လက်လျှော့တော့မည့်ဆဲဆဲတွင် သူတို့၏ ပုံရိပ်များကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

သူ အားကုန်ထုတ်ပြီး အကူအညီ တောင်းလိုက်သော်လည်း အသံမှာ ဖျော့တော့နေဆဲပင်…

လီချင်းချိုးတို့က ဘေးကင်းသော အကွာအဝေးကို ထိန်းသိမ်းထားရင်း ရန်ကျွယ်တိန်ထံသို့ သတိထားပြီး ချဉ်းကပ်လာကာ သူ့ကို သေချာစွာ လေ့လာကြည့်ရှုလိုက်ကြသည်။

ထိုလူမှာ နှင်းများ ဖုံးလွှမ်းနေပြီး ဝတ်ရုံတခုလုံး ညစ်ပတ်နေကာ မျက်နှာပေါ်ရှိ မုတ်ဆိတ်မွေးများမှာလည်း သွေးများဖြင့် ပေကျံနေပြီး ဆံပင်ရှည်များကို စည်းနှောင်ထားသော ခေါင်းပေါင်းပင် ကျွတ်လုနီးပါး ဖြစ်နေသည်။

ပုံပန်းသဏ္ဌာန်အရ ထိုလူမှာ အသက် ၃၀ ဝန်းကျင် ရှိပုံရသည်။ထိုသူ၏ ဝမ်းဗိုက်တွင် အလွန် ပြင်းထန်သော ဒဏ်ရာတစ်ခု ရှိပြီး သွေးများမှာခဲနေပြီ ဖြစ်သည်။

ကျန်းယွီချွန်းက… "ခင်ဗျား ဘယ်သူလဲ... ပြီးတော့ ဘာလို့ ဒီရောက်နေတာလဲ..."

"ရေ..ရေ…. ပေးပါ..."

ရန်ကျွယ်တိန် သူတို့ကို အားနည်းစွာ ကြည့်ပြီး တိုးညှင်းစွာ ပြောလိုက်ရင်း ညာလက်ကို မြှောက်ရန် ကြိုးစားသော်လည်း အလွန် ခက်ခဲနေသည်။

ကျန်းယွီချွန်းက လီချင်းချိုးကို ကြည့်လိုက်သည်။ လီချင်းချိုး ခေါင်းညိတ်သည်ကို မြင်သောအခါ ချက်ချင်းပင် ရင်ဘတ်ထဲမှ ရေဘူးကို ထုတ်ယူပြီး ရန်ကျွယ်တိန်ထံ ပစ်ပေးလိုက်သည်။

ထိုအခါ မူလက အားနည်းနေသော ရန်ကျွယ်တိန် ရုတ်တရက် ထထိုင်ပြီး ရေဘူးကို ဖမ်းယူကာ အကြမ်းပတမ်း ဖွင့်ပြီးနောက် ရေများကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်တော့ ကျန်းယွီချွန်း လန့်သွားပြီး အလိုအလျောက် နောက်ဆုတ်လိုက်သည်။

ဤလူ၏ ခန္ဓာကိုယ်အတွင်း ချီတစ်မျိုးမျိုး တိုးဝင်စီးဆင်းနေပြီး ခန္ဓာကိုယ် အပူချိန်ကို ထိန်းသိမ်းထားသည်ကို လီချင်းချိုး ခံစားမိနေသည်။

ထို့ကြောင့်သာ ဤမျှ ကြာရှည် ခံနိုင်ရည် ရှိခြင်း ဖြစ်သည်။

အတွင်းအားချီ ကျင့်ကြံထား

သော သိုင်းပညာရှင်တစ်ယောက်လား…

.

ရန်ကျွယ်တိန်က ရေဘူးထဲရှိ ရေနွေးများ အားလုံးကို တစ်ငုံတည်းဖြင့် သောက်သုံးပြီးနောက် လှဲချလိုက်သည်။ သို့သော် သိသိသာသာ ပိုမို သက်တောင့်သက်သာ ဖြစ်သွားပုံရသည်။

ထို့နောက် လီချင်းချိုးတို့ကို ကြည့်ပြီး ပြုံးစိစိဖြင့်…..

"ကျေးဇူးတင်ပါတယ် လူငယ်လေးတို့... ကျုပ်ကိုကယ်တင်ပေးလို့... ကျုပ်နာမည် ရန်ကျွယ်တိန် ပါ..."

လီချင်းချိုးတို့က ​သူ့ကို စူးစိုက်ကြည့်နေကြသဖြင့်

ရန်ကျွယ်တိန် လန့်သွားပြီး အံ့သြစွာဖြင့်….

"ခင်ဗျားတို့ ကျုပ်နာမည် မကြားဖူးဘူးလား... ကျုပ်က ကုကျိုးပြည်နယ် ကျန်းဟူ ရဲ့ကောင်းကင်အဆင့် ထိပ်ဆုံး ၁၀ ယောက် စာရင်းဝင် နဂါးသတ်သူရဲကောင်း ရန်ကျွယ်တိန် လေ..."

All Chapters