← Chapters

The Fish Pond Blows Up

Vol. 13 Ch. 122

The Fish Pond Blows Up

Vol. 13 Ch. 122

ရှစ်ယိုချန်း ကြက်သေသေသွားခဲ့သည်။

ထို့နောက် သူ့လျှို့ဝှက်ချက်တွေကို သူ့မိတ်ဆွေတွေ၊ လုပ် ဖော်ကိုင်ဖက်တွေအပြင် အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ကပါ မိန့်မိန့်ကြီးနားထောင်နေကြသည်ကို သတိရသွားခဲ့သည်။

ရှစ်ယိုချန်း တစ်ကိုယ်လုံးတုန်ယင်သွားပြီး မို့ရွှယ်ယင်း၏ ပါးစပ်ကို ပိတ်ဖို့ကြိုးစားကာ ဟိန်းဟောက်လိုက်သည်။

“ပါးစပ်ပိတ်ထားစမ်း!”

သို့သော်လည်း မို့ရွှယ်ယင်းက ဂရုမစိုက်တော့ပေ။ ရှစ်ယိုချန်းကို တွန်းထုတ်လိုက်ပြီး လှောင်ပြောင်သရော်စွာပြောလိုက်သည်။

“ငါပြောတဲ့စကား အမှားပါလို့လား! လက်ဆက်ထိန်းမြှားမှုတစ်ခုမှာ အိမ်ထောင်ရေးသုခ မခံစားချင်တဲ့လူမျိုး ရှိလို့လား! နင်ကတော့ ငါ့ကို သုံးလတိတိ လျစ်လျူရှုထားခဲ့တယ်၊ ပြီးတော့ နင့်ရဲ့ ယုတ်မာရိုင်းစိုင်းတဲ့မိခင်ကလည်း ငါ့ကို ဥမဥနိုင်တဲ့ ကြက်မ ဆိုပြီး လှောင်ပြောင်သေးတယ်!”

“အေး! ငါက ဥမဥနိုင်တဲ့ ကြက်မဆိုရင် နင်က ဥမပါတဲ့ ကြက်ဖပဲ!”

မို့ရွှယ်ယင်း အော်ကြီးဟစ်ကျယ် သောင်းကျန်းလိုက်လေသည်။

ရှစ်ယိုချန်း တစ်ကိုယ်လုံး ဓာတ်လိုက်သလိုတုန်ယင်သွားခဲ့သည်။

“ပါးစပ်ပိတ်ထား! ပိတ်ထားစမ်း အပျက်မ!”

မို့ရွှယ်ယင်းကို ရိုက်နှက်ဖို့အတွက် ရှစ်ယိုချန်း ပြေးလာခဲ့သည်။

မို့ရွှယ်ယင်းကလည်း လူအုပ်ထဲဝင်ပြေးကာ ဝူကျီးနောက်မှာ ဝင်ပုန်းလျက် အေးစက်စွာပြောလိုက်ပါသည်။

“နင် အခုလို အမှိုက်သရိုက်ဖြစ်နေမှန်း နောက်ကျမှ သိခဲ့ရတာ ရင်နာတာပဲ!”

ကျန်းကျီမြောင် ပါးစပ်အဟောင်းသားဖြင့် နားထောင်နေခဲ့လေသည်။

[ဒီသခင်မရှစ်… အဲလေ မဟုတ်ဘူး၊ မို့ရွှယ်ယင်းက ငါထင်ထားတာထက် သတ္တိပိုရှိနေတာပဲ၊ နည်းနည်းတောင် လေးစားမိသွားတယ်]

မို့ရွှယ်ယင်း၏ချေပစကားများကြောင့် ရှစ်ယိုချင်း ဆွံ့အသွားခဲ့ရသည်။ သူ့မျက်နှာတစ်ခုလုံး ဒေါသကြောင့် နီရဲနေပြီး မျက်လုံးတွေပါ သွေးချင်းနီနေပြီဖြစ်သည်။

သူ့အမြင်မှာတော့ မို့ရွှယ်ယင်းက အရှက်မရှိသည့် ပြစ်မှုကို ကျူးလွန်ခဲ့သူဖြစ်သည့်အတွက် သူ့ဝေဖန်ဆုံးမမှုကို ခေါင်းငုံ့ခံယူသင့်တာဖြစ်သည်။

အခုတော့ သူ့ကို ပြန်တိုက်ခိုက်နေသတဲ့လား…

သူ လုပ်ခဲ့တာတွေကို သူမ ကျူးလွန်ခဲ့တဲ့ အကျည်းတန်လုပ်ရပ်တွေနဲ့ ယှဉ်လို့ရမတဲ့လား!

သူ့ရဲ့ထူးထူးခြားခြား ဝါသနာအကြောင်း လူတွေအများကြီး နားထောင်နေကြမည်ကိုတွေးမိသွားပြီး ရှစ်ယိုချန်း နေရာမှာပင် လဲသေချင်သွားမိသည်။

ရှစ်ယိုချန်း ကတုန်ကယင်ဖြင့် တစ်ခုခုပြောဖို့ ကြိုးစားလိုက်သည်။

“မင်း… မင်း…”

“မင်း-ဘာဖြစ်လဲ! ဆက်ပြောလေ”

မို့ရွှယ်ယင်း သွေးအေးရက်စက်စွာ ရယ်မောလိုက်သည်။

“ကိုယ့်ကိုယ်ကိုကော ပြန်ကြည့်မိရဲ့လား ? နင်သာ နုနုပျိုပျို ချောချောမောမော လူငယ်လေးတစ်ယောက်ဆို လက်မှာကြာပွတ်ကိုင်ပြီး တောင်းတောင်းပန်ပန် ရိုက်ခိုင်းနေတာကို ငါကရုဏာသက်သွားပြီး သဘောကျမိလောက်သေးတယ်၊ အခုတော့ ဒီလောက်အကျည်းတန်တဲ့ မျက်နှာနဲ့ ကြမ်းပြင်ပေါ်မှာ လောက်တစ်ကောင်လို တွန့်လိမ်ပြီး ကြမ်းကြမ်းလေး ရိုက်ပေးပါလို့ တောင်းဆိုနေတဲ့ မြင်ကွင်းကိုမြင်တော့ ငါ အန်မထွက်တာတောင် ကံကောင်းလှပြီမှတ်!”

ရှစ်ယိုချန်း တစ်ကိုယ်လုံး ပိုမို တုန်ယင်လာခဲ့သည်။

“မင်း… မင်း…”

မို့ရွှယ်ယင်း မတော်သေးဘဲ ဆက်လက် ကဲ့ရဲ့လိုက်ပါသည်။

“အခုထိ ဘာမှ ဆက်မပြောနိုင်သေးဘူးလား ? နင့်ရဲ့ စက် ဆုပ်စရာ ကစားနည်းကို ကစားဖို့အတွက် နင့်ရဲ့ အချစ် တော် ကိုယ်လုပ်တော်လေးကိုလည်း ငါ လစဉ်လတိုင်း ငွေစငါးဆယ် ပိုပေးခဲ့ရတာ! အခု ဟန်ဆောင်မျက်နှာဖုံးတွေ အကုန်ကွာကျကုန်ပြီဆိုတော့ ငါ ပေးခဲ့ရတဲ့ ငွေတွေကို နင်ပြန်ပေးမှာလား!”

ရှစ်ယိုချန်း ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

အဲ့ဒီကိုယ်လုပ်တော်က… အဲ့ဒီကိုယ်လုပ်တော်ကလည်း သူ့ကို စက်ဆုပ်စရာကောင်းတယ်လို့ မြင်နေတာလား…

ထို ထိုးနှက်ချက်ကို ရှစ်ယိုချန်း ခံနိုင်ရည်မရှိတော့ပေ။

ရုတ်တရက် ပါးစပ်မှသွေးတွေပန်းထွက်ပြီး မြေကြီးပေါ် လဲကျသွားတော့သည်။

လဲကျသွားသည့် ရှစ်ယိုချန်းကိုကြည့်ရင်း မို့ရွှယ်ယင်း ကြက်သေသေသွားခဲ့ပါသည်။ အမဲလိုက်အဖွဲ့နဲ့အတူ ပါလာသည့် သမားတော်တစ်ယောက် အမြန်ရောက်ရှိလာပြီး ရှစ်ယိုချန်းကို စစ်ဆေးကြည့်လိုက်သည်။

“ရှစ်ယိုချန်းမှာ အသက်အန္တရာယ်ကြီးကြီးမားမား မရှိပါဘူး၊ သွေးခုန်နှုန်းလည်း တည်ငြိမ်နေတယ်၊ သူ သတိပြန်ရလာအောင်လို့ ဒီငယ်သား အပ်စိုက်ပြီး စမ်းသပ်ကြည့်ပေးလို့ ရပါတယ်”

ရှစ်ယိုချန်း ဟန်ဆောင်သတိလစ်ပြနေတာဟု သမားတော် သွယ်ဝှက်စွာပြောလိုက်သည်နှင့် အတူတူပင်။

“သူ့ကို မြန်မြန်သတိရအောင် လုပ်ပေးပါ!”

အရာရှိအမတ်တွေအားလုံး ပြိုင်တူတောင်းဆိုလိုက်ကြသည်။

သူတို့ ကြည့်လို့မဝကြသေးပါ။

ထိုအခါ ရှစ်ယိုချန်း မျက်တောင်များလှုပ်ခါသွားသည်။

နန်းတော်ထဲမှာ အမှုထမ်းခဲ့တာကြာပြီဖြစ်သော်လည်း သူ့လုပ်ဖော်ကိုင်ဖက်တွေက ဒီလိုမြေခွေးတွေဖြစ်မှန်း အခုမှ သိခဲ့ရပါသည်။

“ကောင်းပါပြီ”

သမားတော်က အပ်စိုက်ကုသဖို့ ပြင်လိုက်သည်။

ရှစ်ယိုချန်း မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက် သည်။

“မ… မလိုတော့ပါဘူး”

“အခုလို ပြန်သတိရလာတာ ဝမ်းသာစရာပါပဲ”

သမားတော်လည်း နားလည်မှုရှိစွာဖြင့် ပြန်ဆုတ်ခွာသွားလေသည်။

မို့ရွှယ်ယင်း အထင်အမြင်သေးစွာပြောလိုက်သည်။

“ပြန်ချေပစရာ စကားလုံးမရှိတော့ သတိပဲ လစ်ပြရတော့တာပေါ့ ဟုတ်လား ? ရှစ်ယိုချန်း… နင်က တကယ်သတ္တိကြောင်တဲ့ကောင်ပဲ!”

ရှစ်ယိုချန်း အံကြိတ်လိုက်သည်။

“မိန်းမပျက်! နင်ကလည်း အမှားလုပ်ထားသေးတယ် မတောင်းပန်တဲ့အပြင် ငါ့ကိုပါ ပြန်တိုက်ခိုက်နေတယ်ပေါ့!”

“အဲ့တော့ ဘာဖြစ်လဲ”

မို့ရွှယ်ယင်း ဂရုမစိုက်စွာ ပြောလိုက်သည်။

အခြေအနေတွေ ဒီလောက်ထိ ဖြစ်လာခဲ့သဖြင့် သူမ အသက်ရှင်ဖို့ စိတ်ကူးမရှိတော့ပါ။

ဒီလိုနေ့ရက်တွေကို သူမ ငြီးငွေ့ခဲ့တာကြာပါပြီ။ ထို့ကြောင့် နောက်ဆုံးအချိန်မှာ အားလုံးကိုဖွင့်ချလိုက်တာ အကောင်းဆုံးဖြစ်သည်။

“ယောက်ျားတွေကျတော့ မိန်းမအများကြီးထားပြီး မိန်းမတွေကျတော့ ယောက်ျားတစ်ယောက်ပဲ ယူရမယ်လို့ ဘယ်သူ သတ်မှတ်ထားလို့လဲ”

မို့ရွှယ်ယင်း အေးစက်စွာ ရယ်မောလိုက်သည်။

“နင်က ငါ့ကို စိတ်ကျေနပ်အောင်လည်း မစွမ်းဆောင်ပေးနိုင်ဘူး စိတ်ကျေနပ်အောင် စွမ်းဆောင်ပေးနိုင်တဲ့ သူများဆီသွားတော့လည်း အပြစ်တင်သေးတယ်၊ နင် ဘာဖြစ်ချင်နေတာလဲ”

ချန်ကျင်းမင်: “…”

‘သူများဆီသွားသည်’ဟူသည့် စကားကိုကြားပြီး ချန်ကျင်းမင် ဂုတ်တိုသွားခဲ့သည်။

ဘုရား ဘုရား! ဒီ မီးပွားတွေ ဆက်မကူးစက်ပါစေနဲ့တော့!

မို့ရွှယ်ယင်း ဒီလောက်ထိ ရူးသွပ်မှန်း ဘာလို့မသိခဲ့ရတာလဲ!

အစကတည်းကသိခဲ့ရင် ဒီမိန်းမကို လက်ဖျားနဲ့တောင် မထိခဲ့ဘူး!

ချန်ကျင်းမင် ရင်ထဲမှာ ကြိတ်မှိတ်ဆုတောင်းနေမိပါပြီ။

သို့သော် မို့ရွှယ်ရင်းက ချန်ကျင်းမင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“ကျန်တာတွေ ထည့်မတွက်ရင်တောင် အနည်းဆုံးတော့ ဝန်ကြီးချန်ရဲ့မျက်နှာက နင့်ထက် ပိုကြည့်ကောင်းတယ်၊ ပြီးတော့ အိပ်ရာထဲမှာလည်း သာမန်ယောက်ျားတစ်ယောက်လိုပဲ စွမ်းဆောင်နိုင်တယ်၊ ငါ့ဘဝအခြေအနေကိုကြားပြီး သူရင်နာမိတဲ့အကြောင်း၊ ငါ့ကိုပဲ တစ်သက်လုံး ချစ်မြတ်နိုးသွားမယ့်အကြောင်း တဖွဖွပြောခဲ့တယ်၊ အဲ့တုန်းက သူလိမ်ညာခဲ့တာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အနည်းဆုံးတော့ ငါ့အတွက် ခဏတာနားဝင်ချိုခဲ့တာပဲ!”

“နင်ကကော ? ခေါင်းအစခြေအဆုံး နင့်မှာ မက်လောက်စရာ ကောင်းကွက် ဘာတစ်ခုမှမရှိဘူး!”

မို့ရွှယ်ယင်း မျက်လုံးတွေထဲမှာ အထင်အမြင်သေးမှု၊ စက်ဆုပ်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။

ချန်ကျင်းမင် ဝမ်းသာရမလား ဝမ်းနည်းရမလား မဝေခွဲနိုင် ဖြစ်သွားသည်။

ရှစ်ယိုချန်း အံကြိတ်ကာ မေးလိုက်ပါသည်။

“မင်း… မင်းကိုယ် မင်း မှန်တယ် ထင်နေတယ်ပေါ့”

မို့ရွှယ်ယင်း သရော်ကာပြန်ပြောလိုက်သည်။

“နင့်စံအိမ်မှာ နေခဲ့ရတုန်းက နေ့နေ့ညည ငါ့မှာ ဒုက္ခခံစားခဲ့ရတာ၊ ဒီနေ့တော့ ဟန်ဆောင်မျက်နှာဖုံးတွေ အကုန်ခွာချနိုင်ခဲ့ပြီလေ၊ အဲ့အတွက် ငါသေရမယ်ဆိုရင်တောင် နင့်ဆီမှာ နေရတာထက် ပိုပျော်ဖို့ကောင်းတယ်!”

ပြောပြောဆိုဆိုနဲ့ ယွဲ့လင်းနှင့် ကျန်းကျီမြောင်တို့ရှေ့သို့ သွားကာ မို့ရွှယ်ယင်း ဒူးထောက်ချလိုက်ပါသည်။

“အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့… ဒီငယ်သား ပြစ်မူတစ်ခု ကျူးလွန်ခဲ့မိမှန်း နားလည်ပါတယ်၊ ဒါ့ကြောင့် အရှင်မင်း ကြီး ချမှတ်တဲ့ အပြစ်ဒဏ်ကိုခံယူဖို့အသင့်ပါပဲ၊ သို့ပေမယ့် တစ်ခုတော့ တောင်းဆိုပါရစေ၊ ဒီပြစ်မှုကို ဒီငယ်သားနဲ့ ဝန်ကြီးချန်တို့ အတူတူကျူးလွန်ခဲ့ကြတာမို့ ဝန်ကြီးချန်လည်း တူညီတဲ့အပြစ်ဒဏ်ကို ခံစားရမယ်ဆိုမှ ဒီငယ်သား လက်ခံနိုင်ပါမယ်”

မို့ရွှယ်ယင်း အရာရာကိုမေ့ထားလိုက်ပြီး တည်ငြိမ်စွာ လျှောက်တင်ခဲ့သည်။

ခဏကြာတော့ သူမ အာရုံထဲ ကျန်းကျီမြောင်၏အတွေးသံ ဝင်ရောက်လာခဲ့သည်။

[ဘုရား ဘုရား မို့ရွှယ်ယင်းရဲ့အတွေးအခေါ်က တော်တော် အဆင့်မြင့်တာပဲ]

မို့ရွှယ်ယင်း: “???”

မို့ရွှယ်ယင်း ကြက်သေသေသွားခဲ့ပြီး ဘယ်ညာ လှည့်ကြည့်လိုက်မိသည်။

“မြောင်မြောင် ဘယ်လိုသဘောရလဲ”

ကျန်းကျီမြောင်ကို ယွဲ့လင်း မေးမြန်းလိုက်ပါသည်။

ကျန်းကျီမြောင် ပြုံးလိုက်သည်။

“ပြစ်မှုတစ်ခုတည်းကို အတူတူ ကျူးလွန်ခဲ့ကြတာဖြစ်လို့ ယောက်ျားကော မိန်းမကော တူညီတဲ့အပြစ်ဒဏ်ကို ခံယူသင့်ပါတယ်”

[နှစ်ဦးနှစ်ဖက် သဘောတူညီမှုနဲ့ ဖောက်ပြားခဲ့တာဖြစ်တဲ့အတွက် မို့ရွှယ်ယင်းကို အပြစ်ပေးသလို ချန်ကျင်းမင်ကိုလည်း အပြစ်ပေးမှတရားမျှတမှုရှိမှာပေါ့၊ ပြီးတော့ ချန်ကျင်းမင် ဒုက္ခရောက်အောင်လုပ်ခဲ့တဲ့ လူတွေက မို့ရွှယ်ယင်း တစ်ယောက်တည်း မဟုတ်ဘူး]

ကျန်းကျီမြောင်၏အတွေးသံကို ထပ်ကြားလိုက်ရပြီးနောက် မို့ရွှယ်ယင်း သဘောပေါက်နားလည်သွားခဲ့သည်။

သူ့ အာရုံထဲ ဝင်ရောက်လာတဲ့အသံက… မိဖုရားကြီးရဲ့ အသံလား…

မို့ရွှယ်ယင်း အံ့အားသင့် တုန်လှုပ်သွားခဲ့ရသည်။

ဒါ… ဒါ ဘယ်လို ဆန်းကြယ်မှုမျိုးလဲ!

ယွဲ့လင်း ခေါင်းညိတ်လိုက်ပြီး ချန်ကျင်းမင်ကိုလှည့်မေးလိုက်သည်။

“ဝန်ကြီးချင် ဘာပြောချင်သေးလဲ”

ချန်ကျင်းမင်၏မျက်နှာ အတော်အကျည်းတန်နေပါပြီ။ မို့ရွှယ်ယင်းကိုလည်း အငြှိုးကြီးစွာလှမ်းကြည့်လိုက်သည်။

ဒီမိန်းမ ဘာဖြစ်နေတာလဲ!

အရင်တုန်းကပြောတော့ သူ့ကို နှစ်နှစ်ကာကာ ချစ်ခဲ့တာပါဆို!

ဘာလို့ ရုတ်တရက်ကြီး နောက်ကျောကို ဓားနဲ့ထိုးရတာလဲ!

All Chapters