← Chapters

Let’s Shake Hands and Make Peace

Vol. 13 Ch. 123

Let’s Shake Hands and Make Peace

Vol. 13 Ch. 123

“မဟုတ်ပါဘူး ! အဲ့လို မဟုတ်ရပါဘူး ! အစ်ကိုကျင်းမင်ရဲ့ အပြစ်မဟုတ်ပါဘူး!”

သခင်မအန်း ချန်ကျင်းမင်ကို ဆွဲခေါ်လိုက်ပြီး မို့ရွှယ်ယင်းကိုလက်ညှိုးထိုးကာ ဒေါသတကြီး ပြောလိုက်သည်။

“အစ်ကိုကျင်းမင်ကို အဲ့ဒီမိန်းမ ရည်ရွယ်ချက်ရှိရှိ မြှူဆွယ်ဖြားယောင်းခဲ့တာ!”

ထိုမြင်းကွင်းကိုမြင်ပြီး ကျန်းကျီမြောင် ဆွံ့အသွားခဲ့သည်။

[လင်ကြီးငုတ်တုတ်ရှိလျက်နဲ့ ဖောက်ပြန်တာချင်းအတူတူ သခင်မအန်းက မယားငယ်ကို ဆုံးမနေသလိုမျိုး ဘာလို့ ပြုမူနေရတာလဲ!]

မို့ရွှယ်ယင်း ခေါင်းငုံ့လိုက်ပြီး တခစ်ခစ်ရယ်မောလိုက်ပါသည်။

အပြင်ပန်းမှာ ဣန္ဒြေသိက္ခာအပြည့်ရှိပုံပေါ်သည့် မိဖုရားကြီး၏စိတ်ထဲမှာ ဒီလိုရယ်ချင်စရာကောင်းသည့် အတွေးတွေ ရှိနေလိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။

“သခင်မအန်း”

အတိုင်ပင်ခံအမတ်ကြီးကလည်း ပွဲကြည့်ကောင်းနေသဖြင့် မီးလောင်ရာလေပင့်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

“သူများကို လက်ညှိုးမထိုးခင် သခင်မအန်းနဲ့ ဝန်ကြီးချန်တို့ ကိစ္စကို အရင်မရှင်းသင့်ဘူးလား”

အတိုင်ပင်ခံအမတ်ကြီးတို့ ဇနီးမောင်နှံက အသက်ရွယ်ကြီးရင့်နေပြီဖြစ်ကြသဖြင့် လူငယ်တွေရဲ့အရေးကိစ္စအား ပုံမှန်ဆို ဝင်စွက်ဖက်မည်မဟုတ်ပါ။ သို့သော် ယခုမူ သူတို့တစ်တွေ ဖရဲသီးစားကောင်းနေကာ ပွဲလည်း ဆက်ကြည့်ချင်နေကြသည်။

သခင်မအန်း မျက်လုံးများဂနာမငြိမ်ဖြစ်သွားပြီး လိပ်ပြာမလုံစွာလျှောက်တင်လိုက်ပါသည်။

“အစ်ကိုကျင်းမင်နဲ့ ဒီငယ်သားတို့က မိတ်ဆွေတွေပါ…”

ဟုတ်ပါတယ် ဟုတ်ပါတယ်…

တကယ့် မိတ်ဆွေကောင်းတွေပေါ့…

အားလုံး အန်းယွီထံ တိတ်တဆိတ်လှည့်ကြည့်လိုက်ကြသည်။

အန်းယွီ ဒီကိစ္စကို ဒီအတိုင်း သည်းခံနေတော့မှာလား…

သခင်မအန်းလည်း အန်းယွီအား မျှော်လင့်တကြီးငေးကြည့်လိုက်ပါသည်။ အခုချိန်မှာ သူ့ဘက်မှ အန်းယွီ ကူညီပြောဆိုပေးဖို့လိုအပ်သည်။

ချန်ကျင်းမင်ပင် အန်းယွီအား မျက်လုံးဖြင့် မသိမသာ အချက်ပြနေခဲ့သည်။

အန်းယွီလည်း သူ့ရဲ့ အမည်ခံဇနီးဖြစ်သော သန့်ရွှေ့လန်ကို တည်တည်ငြိမ်ငြိမ် စိုက်ကြည့်လိုက်သည်။

အန်းယွီသည် အစွမ်းအစမရှိတာသာဖြစ်ပြီး ဦးနှောက်မရှိခြင်း မဟုတ်ပေ။

ချန်ကျင်းမင် အပေါ်ထားသည့် သူခံစားချက်များက စစ်မှန်သည်။ မို့ရွှယ်ယင်းလို ပြတ်ပြတ်သားသားမဆုံးဖြတ်နိုင်ပါ။ သို့သော် ယခုအချိန်မှာတော့ ယခင်ကလို နောင်တမရ၊ ရန်ငြှိုးမထားဘဲ မနေနိုင်တော့ပေ။

သူပေးခဲ့သည့် မေတ္တာတွေမှာ တန်ပြန်သက်ရောက်မှုရှိသင့်သည်။ ယခင်တုန်းက ချန်ကျင်းမင်လည်း သူ့အား ထပ်တူညီသည့် မေတ္တာတွေပေးခဲ့သည်ဟု ထင်သဖြင့် အန်းယွီ နောင်တမရခဲ့ခြင်းဖြစ်သည်။

ယခုမူ ချန်ကျင်းမင်ထံ အချစ်စစ်ပေါင်းများစွာ ရှိနေတာကိုသိလိုက်ရပြီဖြစ်သဖြင့် အန်းယွီ ထပ်ပြီးမျှော်လင့်နေလို့ မရတော့ပါ။

ထို့အပြင် သူ့ဇနီးကို မုန်းတီးမိသည်ဟုလည်း မဆိုနိုင်ပါ။ ချန်ကျင်းမင်နှင့် သူ့ဇနီးတို့၏ဖောက်ပြားမှုကို ဂရုမစိုက်ချင်ယောင် ဆောင်ပေးလိုက်လို့လည်းရသည်။ တကယ်တော့ သူ့မှာ ဂရုစိုက်ပိုင်ခွင့်တောင် ရှိချင်မှ ရှိပါလိမ့်မည်။

သို့သော်… အန်းယွီ ခွင့်လွှတ်ဖို့ မဖြစ်နိုင်သည့် အချက်တစ်ခုတော့ ရှိနေသည်။

သူတို့ သဘောတူညီခဲ့ကြသည်။ အန်းကျောက်ရီ၏မျိုးရိုးအကြောင်းကို တစ်သက်လုံးလျှို့ဝှက်ထားကြမည်ဟု အားလုံးအတူတူ သဘောတူညီခဲ့ကြသည်။

သို့သော်လည်း ယခုမူ တခြားအမျိုးသမီးတစ်ဦးရှေ့မှာ စကားနိုင်လုဖို့အတွက်နဲ့ တန့်ရွှေ့လန်မှ ထိုလျှို့ဝှက်ချက်အား ပေါ့ပေါ့တန်တန်ထုတ်ပြောခဲ့လေသည်။

အန်းကျောက်ရီ၏ခမည်းတော်အစစ်က မည်သူမည်ဝါပဲ ဖြစ်နေပါစေ သူတို့သမီးအရင်းဖြစ်သည်ဟု အန်းယွီ ခံယူထားပြီးသားဖြစ်သည်။ မြောက်ပိုင်းဒေသကို အုပ်စိုးရသည့် စစ်သူကြီး၏မျိုးဆက်ဖြစ်လာစေရမည်ဟု သဘော တူခဲ့ကြသည်။

သမီးဖြစ်သူကို ဇနီးမောင်နှံနှစ်ဦး နှစ်ပေါင်းများစွာ အတူ တူပျိုးထောင်ခဲ့ရသဖြင့် သူတို့ကြားထဲ သံယောဇဉ်ရှိမနေလျှင်ပင် မိခင်တစ်ဦးအနေဖြင့် သမီးအပေါ်သံယောဇဉ်ရှိသင့်ပါသည်။

ယခုတော့ အန်းကျောက်ရီအပေါ်မှာ သခင်မအန်း သံယော ဇဉ် စိုးစင်းလေးတောင်ရှိခဲ့ရဲ့လား အန်းယွီ မသေချာတော့ပါ။

အန်းယွီ ရုတ်တရက်မှတ်မိသွားခဲ့သည်။ ယွဲ့လင်း နန်းတက်ခါစအချိန် ကြင်ယာတော်ရွေးချယ်သောအခါ အန်းကျောက်ရီကို အနောက်နန်းဆောင်ထဲ အန်းယွီ မစေလွှတ်ချင်ခဲ့ပါ။ တန့်ရွှေ့လန်ကသာ အန်းကျောက်ရီ၏ အမည်ကို စာရင်း ခိုးသွင်းပေးလိုက်ခြင်းဖြစ်သည်။

ထို့နောက် အားလုံး သူ့အား ဝိုင်းဖြောင်းဖြခဲ့ကြသည်။ အရှင်မင်းကြီး၏အနောက်နန်းဆောင်က ခြောက်ခြောက် ကပ်ကပ် ရှိလှသဖြင့် ရှောင်းရီသာ ဝင်ရောက်နိုင်ခဲ့လျှင် အခွင့်ထူးရရှိနိုင်သည်ဟု ဆိုခဲ့ကြသည်။

ရှောင်းရီကိုယ်တိုင်ကလည်း ညီအစ်မတွေလိုဖြစ်နေသည့် ချန်ရှုယိအားအဖော်ပြုပေးဖို့အတွက် အနောက်နန်းဆောင်ထဲ ဝင်ရောက်ချင်စိတ်ရှိခဲ့သည်။ သူမတို့ အတူတူဝင်ရောက်ပါက တစ်ဦးကိုတစ်ဦး စောင့်ရှောက်ပေးနိုင်မည်ဖြစ်သည်။

ထိုလူတွေရဲ့ စကားတွေကြောင့် အန်းယွီ ဆုံးဖြတ်ချက်တစ်ခုချခဲ့ရပြီး အနောက်နန်းဆောင်ထဲ သမီးဖြစ်သူဝင်ရောက်သွားတာကို ဒီတိုင်းငေးကြည့်နေခဲ့ရသည်။

အရှင်မင်းကြီးသည် ကောလဟာလတွေထဲကလို မင်းဆိုးမင်းညစ်မဟုတ်ဘဲ မိဖုရားကြီးကလည်း စိတ်နှလုံးဖြူစင်သူ ဖြစ်သည်။ ထို့ကြောင့် အနောက်နန်းဆောင်ထဲမှ ရှောင်းရီဘဝက သိပ်မဆိုးရွားလှပဲ အန်းယွီထံစာလွှာများလည်း မကြာခဏပေးပို့ပြီး သတင်းပါးနိုင်ခဲ့သည်။

သို့သော် ထိုအချိန်တုန်းက အရှင်မင်းကြီးကို မင်းဆိုးမင်ညစ်ဟု အထင်မှားခဲ့ကြသဖြင့် ဘယ်လို မျိုးရိုးမြင့် မိသား စုကမှ ၎င်းတို့၏သမီးများအား အနောက်နန်းဆောင်ထဲ မပို့ချင်ခဲ့ကြပေ။ တန့်ရွှေ့လန်ကမူ ၎င်းကိုသိသိလျက်နှင့် ရှောင်းရီအား ပို့ဆောင်ခဲ့သည်။

ယခုသေချာပြန်စဉ်းစားကြည့်မှ ထိုအချိန်ကတည်းက လက္ခဏာတွေပြနေခဲ့တာဖြစ်မည်။ ဧကန္တ ရှောင်းရီကို အနောက်နန်းဆောင်ထဲ ပို့ဆောင်ဖို့က တန့်ရွှေ့လန်၏ ရည်ရွယ်ချက်မဟုတ်ဘဲ ချန်ကျင်းမင်၏အကြံအစည် ဖြစ်နေနိုင်သည်။

“တစ်ခုခု ဝင်ပြောစမ်းပါ!”

တန့်ရွှေ့လန် (သခင်မအန်း) စိတ်ဖိစီးလာပါပြီ။

ချန်ကျင်းမင်နှင့် တန့်ရွှေ့လန်တို့ကို အန်းယွီတည်ငြိမ်စွာ ကြည့်လိုက်ပြီးနောက် ယွဲ့လင်းရှေ့မှာ ဒူးထောက်ချလိုက်ပါသည်။

“အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့… သူတို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကို ဒီငယ်သား အရေးမယူချင်တော့ပါဘူး၊ သို့ပေမယ့် ဒီငယ်သား အတည်ပြုချင်တာ တစ်ခုပဲရှိပါတယ်၊ ရှောင်းရီရဲ့မျိုးရိုးနဲ့ပတ်သတ်ပြီး ဒီမိန်းမ မဟုတ်မမှန်ပြော ဆိုနေတာပါ! ရှောင်းရီက ဒီငယ်သားရဲ့သမီးအရင်းခေါက်ခေါက်ပါပဲ! ဒါကို သံသယဖြစ်စရာအကြောင်း ဘာမှမရှိဘူး!”

အန်းယွီ မြေကြီးပေါ် ဦးချကာ ယွဲ့လင်းထံ ဂါဝရပြုတောင်း ဆိုလိုက်ပါသည်။

သန့်ရွှေ့လန် ကြက်သေသေသွားခဲ့သည်။ အန်းယွီကို သူမဘက်မှ ကူညီရှင်းပြစေချင်တာဖြစ်သည်။ ဒီလို အရေးမပါသည့် အရာတွေကိုပြောစေချင်တာ မဟုတ်ပါ။

“အန်းယွီ…”

တန့်ရွှေ့လန် တစ်ခုခုပြောဖို့ ကြံလိုက်သည်။

သို့သော် အန်းယွီ သူမအ စူးစူးဝါးဝါး ရုတ်တရက်လှည့်ကြည့်လိုက်ပြီး ခက်ထန်စွာပြောလိုက်ပါသည်။

“ပါးစပ်ပိတ်ထား!”

အန်းယွီက ပုံမှန်ဆို ပေါ့ပေါ့ပါးပါး ပြုံးပြုံးရွှင်ရွှင်နေတတ်သူ ဖြစ်သည်။ သူ့ကို အခုလို မာကျောခက်ထန်နေသည့် ပုံစံမျိုးနဲ့ မြင်ရတာ ရှားသဖြင့် တန့်ရွှေ့လန် ကြောက်လန့် တကြား တုန်ယင်သွားပြီး ဘာမှဆက်မပြောဝံ့တော့ပါ။

“အရှင်မင်းကြီး… သွေးသားမျိုးရိုးကိစ္စတွေက မရောယှက်ကောင်းဖူးဆိုတာ အရှင်မင်းကြီးလည်း နားလည်မှာပါ၊ ရှောင်းရီရဲ့ မျိုးရိုးမှာ ပြဿနာတစ်ခုခုရှိနေရင် ဒီငယ်သား လုံးဝ ကာကွယ်ပေးမှာမဟုတ်ပါဘူး၊ သို့ပေမယ့် ရှောင်းရီက ဒီငယ်သားရဲ့ သမီးအရင်းဆိုတာ ဒီငယ်သားရဲ့ နှလုံး သားထဲမှာ တပ်အပ်ယုံကြည်နေပါတယ်။ ရှောင်းရီလေးက မြောက်ပိုင်းဒေသကို အုပ်စိုးတဲ့ စစ်သူကြီးရဲ့မျိုးဆက်အစစ်အမှန်ပါပဲ!”

အန်းယွီ ခေါင်းငုံ့ထားပြီး ဆက်လျှောက်တင်လိုက်သည်။ “ဒီနေ့အဖြစ်အပျက်တွေကြောင့် မြို့တော်အတွင်းမှာ ကောလဟာလတွေ ပြန့်နှံ့သွားမှာသေချာပါတယ်၊ ဘာတွေပဲ ဖြစ်လာပါစေ ဒီငယ်သားရဲ့ဂုဏ်သိက္ခာတွေကို အကုန်ရင်းပြီး ရှောင်းရီအတွက် တရားမျှတမှုရအောင်တိုက်ခိုက်သွားမှာပါ၊ မိန်းမသားတွေအတွက် ဘဝက ခက်ခဲနေပြီးသားမို့ ရှောင်းရီကို မကြားသင့်တဲ့စကားတွေ မကြားစေချင်ဘူး”

အန်းယွီ ထပ်မံ ဦးချတောင်းပန်လိုက်သည်။

“ဒီအရေးကိစ္စနဲ့ပတ်သတ်ပြီး အရှင်မင်းကြီး အဆုံးအဖြတ်ပေးဖို့ တောင်းဆိုပါတယ်!”

အန်းယွီ အချိန်အတော်ကြာအောင် မြေကြီးပေါ် ခေါင်းချထားခဲ့ပါသည်။

အန်းယွီကို ကြည့်ရင်း ကျန်းကျီမြောင် သက်ပြင်းချလိုက်မိသည်။ ရန်ပွဲတစ်ခုမှာ အန်းကျောက်ရီ၏မျိုးရိုးကို လက် နက်တစ်ခုသဖွယ် သခင်မအန်း အသုံးပြုလိမ့်မည်ဟု သူမလည်းထင်မထားခဲ့မိပါ။

ယခု အန်းယွီအတော်လေး နာကျင်နေလောက်သည်။ သို့ သော်လည်း သူ့နာကျင်မှုကိုသူ ဂရုမစိုက်ဘဲ သမီးဖြစ်သူ၏ ဂုဏ်သိက္ခာကို ကာကွယ်ပေးဖို့သာ ရှေ့တန်းတင်နေသည်။

[ကျန်တာတွေ ထည့်မတွက်ရင်တောင် အန်းယွီက ဖခင်ကောင်းတစ်ယောက်ပဲ]

ကျန်းကျီမြောင် တွေးတောလိုက်သည်။

အန်းယွီ ခန္ဓာကိုယ် အနည်းငယ်တုန်ယင်သွားခဲ့သည်။

ဖခင် ကောင်းတဲ့လား…

မဖြစ်နိုင်ပါ။ သူက လောကထဲမှာ အရူးမိုက်ဆုံး ဖခင်တောင်ဖြစ်နိုင်သည်။ ကံကောင်းစွာဖြင့် အားလုံးကအိပ် မက်ဆိုးတစ်ခုဖြစ်ခဲ့ကာ ယခုမူ သူ နိုးထလာခဲ့ပါပြီ။

“ထပါ”

အန်းယွီကို ယွဲ့လင်း ထူပေးလိုက်သည်။ ထို့နောက် အားလုံးကိုကြည့်ပြီး တည်ငြိမ်စွာမိန့်ကြားလိုက်သည်။

“ကြင်ယာတော်အန်းရဲ့မျိုးရိုးနဲ့ ပတ်သတ်တဲ့ အရေးကိစ္စမှန်သမျှ ကျန်း ဘာမှမကြားချင်ဘူး၊ သူက ကျန်းရဲ့ ကြင်ယာတော်တစ်ပါးဖြစ်သလို မြောက်ပိုင်းဒေသကို အုပ်စိုးတဲ့ စစ်သူကြီးရဲ့မြေးမလည်း ဖြစ်တယ်၊ ပြီးတော့ အန်းယွီရဲ့ သမီးအရင်းခေါက်ခေါက်ပဲ၊ ဒါကို ဘယ်သူမှမေးခွန်းထုတ်ခွင့်မရှိဘူး၊ အပြင်မှာ ကောလဟာလ အတင်းအဖျင်းသံ တွေကို ကြားမိတာနဲ့ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကိုလှန်ပြီး အဲ့ဒီ ကောလာဟာလလွှင့်တဲ့လူကို ကျန်း ရှာဖွေဖမ်းဆီးမယ်!”

ယွဲ့လင်း မျက်နှာထားက အလွန်လေးနက်ပါသည်။ ထို့ ကြောင့် ဝန်ကြီးမှူးမတ် အားလုံးလည်း စည်းစည်းလုံးလုံး အမိန့်နာခံခဲ့ကြသည်။ ယွဲ့လင်း၏အရှိန်အဝါက တစ်နေ့ထက်တစ်နေ့ပိုကြီးမားလာသည်ဟု ခံစားရကာ သူ့စကားကို ကန့်ကွက်ရဲသူတွေလည်း ပိုပိုပြီးနည်းလာခဲ့သည်။

“ဒါဖြင့်ရင် အန်းယွီ… ဒီနှစ်ယောက်ကကော…”

ချန်ကျင်းမင်နှင့် တန့်ရွှေ့လန်တို့ကို ယွဲ့လင်း လှည့်ကြည့်လိုက်သည်။

အန်းယွီ မျက်လွှာချလိုက်ပါသည်။

“ဒီငယ်သားက ရှောင်းရီရဲ့အရေးကိစ္စကို ဖြေရှင်းနိုင်ဖို့ပဲ စိတ်ဝင်စားတာပါ၊ တခြားသူတွေရဲ့ အရေးကိစ္စကိုတော့ အရှင်မင်းကြီးပဲ အဆုံးအဖြတ်ပေးတော်မူပါ”

“ဪ…”

ယွဲ့လင်း ခေါင်းပြန်မော့လိုက်ပြီး ယွဲ့ဟွာကို ခံစားချက်မဲ့စွာ မေးလိုက်ပါသည်။

“မင်းသားအန်းဟယ်ကော ဘယ်လိုသဘောရလဲ”

ယွဲ့ဟွာ တစ်ခုခုဝင်ပြောချင်သဖြင့် ပါးစပ်ယားနေတာ အတော်ကြာပါပြီ။ နောက်ဆုံးတော့ ယွဲ့လင်း မေးလာပြီ ဖြစ်သဖြင့် ယွဲ့ဟွာ စိတ်မရှည်လက်မရှည်ဖြင့် လျှောက်တင်လိုက်သည်။

“အရှင်မင်းကြီး! ဒီအမျိုးသမီးတွေကိုက အသိတရားကင်းမဲ့လွန်းတာပါ၊ အဲ့တာကြောင့် ဝန်ကြီးချန်ကိုပဲ အပြစ်တင်လို့ မဖြစ်ပါဘူး! ညီတော့်ဆန္ဒအရသာဆို ဒီအမျိုးသမီးတွေကပဏာမဇနီးဖြစ်ဖို့မထိုက်တန်လို့ ကွာရှင်းပြတ်စဲခိုင်းပြီး ဘုရားကျောင်းကို ပို့ဆောင်လိုက်ရင်လုံလောက်ပါပြီ၊ ဝန်ကြီးချန်၊ ဒုဝန်ကြီးရှစ်နဲ့ အန်းယွီတို့အားလုံး နစ်နာသူတွေပါ၊ ဝန်ကြီးချန်က… ပုဂ္ဂိုလ်ရေးရာမှာ အနည်းငယ် အဆင်အခြင်မဲ့ခဲ့တယ် ဆိုပေမယ့် လူဆိုတာအမှားနဲ့မကင်း နိုင်ပါဘူး အရှင်မင်းကြီး”

“ပြီးတော့ ဒုဝန်ကြီးရှစ်နဲ့ အန်းယွီတို့ ကွာရှင်းပြတ်စဲပြီးတဲ့အခါကျရင် ပဏာမဇနီးသစ်တွေရှာဖွေနိုင်ဖို့ ဒီညီတော် ကူညီပေးပါ့မယ်၊ နူးညံ့သိမ်မွေ့ပြီး အကျင့်စာရိတ္တကောင်း မွန်တဲ့ အမျိုးသမီးတွေကိုသာ ဒီညီတော် ရွေးချယ်ရှာဖွေပေးပါ့မယ်”

“ဒါဆို သူတို့ ဘာမှအရှုံးမရှိနိုင်တော့ဘူး၊ ဒုဝန်ကြီးရှစ်နဲ့ အန်းယွီတို့ ဘယ်လိုသဘောရလဲ ? ဝန်ကြီးချန်နဲ့ လက်ဆွဲနှုတ်ဆက်ပြီး ဒီအတိုင်း ငြိမ်းချမ်းရေးယူလိုက်ကြရအောင်လား”

ရှစ်ယိုချန်းနှင့် အန်းယွီတို့နှစ်ယောက်ထံ ယွဲ့ဟွာ မျှော်လင့်တကြီးကြည့်လိုက်လေသည်။

All Chapters