← Chapters

ကပ်ဘေးကို ဖြတ်ကျော်ခြင်း၊ ကံတရားနှင့် အခွင့်အရေး

Vol. 2 Ch. 18

ကပ်ဘေးကို ဖြတ်ကျော်ခြင်း၊ ကံတရားနှင့် အခွင့်အရေး

Vol. 2 Ch. 18

လီစီဖုန်း လှုပ်ရှားလိုက်သည်မှာ အလွန် လျင်မြန်လွန်းသည်။ ကုကျိုး သိုင်းလောကတွင် နာမည်ကျော်ကြားပြီး တိုက်ပွဲပေါင်းများစွာ ကြုံတွေ့ခဲ့ဖူးသော ယွဲ့ကျန်ချွမ်းပင်လျှင် အလစ်ငိုက် မိသွားသည်။ သူ အလိုအလျောက် နောက်ဆုတ်ချင်သော်လည်း လီစီဖုန်းက သူ့ ရင်ဘတ်မှ ဝတ်ရုံကို ဆွဲထားပြီး ဖြစ်သည်။

မျက်စိတစ်မှိတ် အတွင်း ယွဲ့ကျန်ချွမ်းက ဒူးကိုမြှောက်၍ လီစီဖုန်း၏ တိုးဝင်မှုကို တားဆီးလိုက်သည်။

လေထဲတွင် ရှိနေသော လီစီဖုန်းကလည်း သူ ဤမျှ မြန်ဆန်စွာ တုံ့ပြန်နိုင်လိမ့်မည်ဟု မထင်မှတ်ထားဘဲ ယွဲ့ကျန်ချွမ်း၏ ဒူးခေါင်းကို ဘယ်လက်ဝါးဖြင့် ချက်ချင်း ရိုက်ချလိုက်သည်။

ဘုန်း...

လီစီဖုန်း လွင့်ထွက်သွားပြီး ဘုန်းခနဲ အသံနှင့်အတူ ပြုတ်ကျကာ မြက်ခင်းပေါ်တွင် လဲကျသွားသည်။ သူ့ညာလက်တွင် ယွဲ့ကျန်ချွမ်း၏ ခန္ဓာကိုယ်မှ ဆွဲဆုတ်လိုက်သော သွေးစွန်းနေသည့် အဝတ်စတစ်ခု ပါလာသည်။

ယွဲ့ကျန်ချွမ်းလည်း ခြေလှမ်းအနည်းငယ် နောက်ယိုင်သွားသည်။ သူ ဟန်ချက်ထိန်းလိုက်ပြီး ငုံ့ကြည့်လိုက်ရာ ရင်ဘတ်တွင် သွေးစို့နေသော ခြစ်ရာ ငါးခုကို တွေ့လိုက်ရသဖြင့် ကြောက်ရွံ့မှု ကျန်ရစ်နေသည်။

သူ လီစီဖုန်းကို မော့ကြည့်လိုက်ရာ မျက်နှာထား ကြမ်းတမ်းသွားပြီး "ကောင်လေး... မင်း တော်တော် ရက်စက်တာပဲ... ချင်းရှောင်းဂိုဏ်းက မင်းလို ပါရမီရှင်မျိုး ဘယ်တုန်းက ထွက်လာတာလဲ..."

သိုင်းလောကတွင် ပါရမီရှင်များ မရေမတွက်နိုင်အောင် ရှိသော်လည်း မည်သည့် ဆယ်ကျော်သက်ကမျှ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ဖူးပေ။ သူ ဒေါသထွက်သလို အံ့သြလည်း အံ့သြနေသည်။

လီစီဖုန်းက "မင်းတို့ နှစ်ယောက် တောင်ပေါ် မြန်မြန်ပြေး... ငါ အချိန်ဆွဲထားပြီး လိုက်ခဲ့မယ်..."

လီစီကျင် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရွှီနင်းက သူမကို ဆွဲခေါ်သွားသည်။

ယွဲ့ကျန်ချွမ်းက သူတို့နောက် လိုက်ရန် မလောပေ။ ၁၀ နှစ်ကျော်အရွယ် ကောင်မလေး နှစ်ယောက်က မည်သည့် ပြဿနာမှ မရှာနိုင်ပေ။ ချင်းရှောင်းဂိုဏ်းသို့ ရောက်ရန် လမ်းလျှောက်ရဦးမည် ဖြစ်သည်။

"ငါ ဘယ်သူလဲဆိုတာ မင်း သိလား... ကုကျိုး ဒေသတစ်ခုလုံးမှာ ငါ့ကို ဒီလို ပြောရဲတဲ့သူ သိပ်မရှိဘူး..."

ယွဲ့ကျန်ချွမ်းက လီစီဖုန်းကို အေးစက်စွာ ရယ်မောရင်း စိုက်ကြည့်ကာ ပြောလိုက်သည်။

လီစီဖုန်းက ခါးပတ်ကြားမှ ဓားတိုကို ထုတ်လိုက်ပြီး ဓားသွားဖြင့် ယွဲ့ကျန်ချွမ်းကို ချိန်ရွယ်ကာ လှောင်ပြောင်လိုက်သည်။

"တခြားတစ်ယောက်ကလည်း အဲလို စကားမျိုး ကျွန်တော့်ကို ပြောဖူးတယ်... ဒါပေမဲ့ တိုက်ခိုက်တော့သူကြောက်လွန်းလို့ သေးပါချပြီး အသနားခံနေခဲ့တာ..."

သူ အလွန် စိတ်လှုပ်ရှားနေသည်။ ဤလူသည် ယခင်က ကြုံတွေ့ဖူးသော ပြိုင်ဘက်များနှင့် မတူဘဲ အလွန် အန္တရာယ်များကြောင်း အာရုံခံမိသည်။

ယွဲ့ကျန်ချွမ်းက အေးစက်စက် နှာမှုတ်လိုက်ပြီး လီစီဖုန်းအပေါ် ချက်ချင်း ခုန်အုပ်လိုက်သည်။ ဆူပွက်နေသော အတွင်းအားများ ပေါက်ကွဲထွက်လာပြီး သူ့ပတ်လည်တွင် လေပြင်းများ ဝန်းရံလာသည်။ သူက လက်နှစ်ဖက်ကို ခြေသည်းပုံစံ ပြုလုပ်ပြီး လီစီဖုန်းကို အဆက်မပြတ် ဖမ်းဆွဲလိုက်ရာ လီစီဖုန်း အလျင်အမြန် ရှောင်တိမ်းလိုက်ရသည်။

မူလစတင်ခြင်းအဆင့် ပထမအဆင့်သို့ ဝင်ရောက်ပြီးနောက် လီစီဖုန်း၏ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု အရှိန်မှာ များစွာ တိုးတက်လာပြီး ပိုမို လျင်မြန်သွက်လက်လာသည်။ တတိယဂိုဏ်းတူအစ်ကိုနှင့် မတိုက်ခိုက်သရွေ့ သူ ဖိအားမခံစားရဘဲ အခြားသူများကို နှေးလွန်းသည်ဟုသာ ခံစားရသည်။

သို့သော် ယခု ယွဲ့ကျန်ချွမ်းကို ရင်ဆိုင်ရသောအခါ ကြောက်လန့်နေပြီး မမြန်ဆန်လောက်ဟု ခံစားနေရကာ သနားစရာကောင်းလောက်အောင် ရှောင်တိမ်းနေရပြီး ပြန်မတိုက်နိုင်ပေ။

မကြာမီ တောင်ကုန်း ရှေ့သို့ ရောက်သွားပြီး ပြေးစရာ နေရာမရှိတော့ပေ။ ကံကောင်းစွာဖြင့် လေကျင့်စဥ် ကို အချိန်တစ်ခုကြာ လေ့ကျင့်ခဲ့ဖူးသည်။ သူက ယွဲ့ကျန်ချွမ်း၏ ချိုင်းကြားမှ ရှောင်ထွက်ပြီး ခုန်တက်ကာ ငါးတစ်ကောင် ခုန်ပျံသကဲ့သို့ နောက်ပြန်လှန်၍ တောင်ကုန်းပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။

ယွဲ့ကျန်ချွမ်း လှည့်ကြည့်လိုက်သော်လည်း လီစီဖုန်းကို မတွေ့ရပေ။ ပြန်လှည့်ကြည့်လိုက်သောအခါ လီစီဖုန်း တောင်ကုန်းပေါ်တွင် ရပ်နေပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။ဤအချက်က သူ့ကို ဒေါသထွက်စေပြီး မျက်နှာထား ကြမ်းတမ်းသွားသည်။

"ထွီ..."

လီစီဖုန်းက ယွဲ့ကျန်ချွမ်းကို တံတွေးထွေးလိုက်ပြီး လှည့်ပြေးသွားသည်။

ယွဲ့ကျန်ချွမ်း ပေါ့ဆမိပြီး ရှောင်တိမ်းရန် အချိန်မရလိုက်ပေ။ မျက်နှာတည့်တည့် ထိသွားသဖြင့် မှင်သက်သွားသည်။

ထိုအချိန်တွင် သစ်တောထဲမှ ခုနစ်စဉ်တောင်ထိပ်မဟာမိတ် သိုင်းသမားများ ပြေးလာကြသည်။ လီစီဖုန်း ယွဲ့ကျန်ချွမ်း၏ နောက်ကျောဘက်မှ ခုန်တက်သွားသည်ကို သူတို့ ခုနက မြင်လိုက်ရသဖြင့် အများစုမှာ အံ့သြသွားကြပြီး တစ်စုံတစ်ယောက် အရင် သတိဝင်လာသည်အထိ မျက်စိမှားသည်ဟု ထင်နေကြသည်။

ယွဲ့ကျန်ချွမ်းက မျက်နှာပေါ်မှ တံတွေးကို သုတ်လိုက်ပြီး နောက်မှ တပည့်များကို လှည့်ကြည့်ကာ လေးနက်သော အသံဖြင့် အော်လိုက်သည်။ "တောင်ပေါ်ကို အခုပဲ တက်ပြီး ချင်းရှောင်းဂိုဏ်းကို သတ်ဖြတ်ကြ..."

ထိုသို့ပြောပြီးနောက် သူ ဦးစွာ ခုန်တက်လိုက်ပြီး ကိုယ်ဖော့ပညာကို အသုံးပြု၍ တောင်တန်းများနှင့် သစ်တောများထဲသို့ ပျံသန်းသွားသည်။

အခြားတစ်ဖက်တွင်...

လီစီဖုန်း ကျားသစ်တစ်ကောင်၏ လျင်မြန်မှုဖြင့် ရွေ့လျားပြီး တောင်တန်းများနှင့် သစ်တောများကို လျင်မြန်စွာ ဖြတ်ကျော်သွားသည်။ သစ်တုံးများနှင့် ကျောက်တုံးများ ကဲ့သို့သော အတားအဆီးများကို ကျော်ဖြတ်ရန် တစ်ခါတစ်ရံ လက်နှစ်ဖက်ကို အသုံးပြုပြီး သာမန်လူများသာမက တောရိုင်းတိရစ္ဆာန် အချို့ပင် သူ့ကို တားဆီး၍ မရနိုင်ပေ။

သို့သော် ယခု သူ့ကို သိုင်းပညာရှင် တစ်ယောက်က လိုက်ဖမ်းနေသည်။

လီစီဖုန်း လှည့်ကြည့်လိုက်ရာ ယွဲ့ကျန်ချွမ်း သစ်ပင်အခက်အလက်များပေါ်တွင် လျင်မြန်စွာ ခုန်ပျံနေသည်ကို တွေ့လိုက်ရသည်။ ခြေလှမ်းတစ်လှမ်းတည်းဖြင့် ခရီးအဝေးကြီး ပျံသန်းနိုင်သဖြင့် သစ်တောထဲတွင် ပျံသန်းနေသကဲ့သို့ ထင်ရသည်။

နှစ်ဖက်ကြား အကွာအဝေးက လျင်မြန်စွာ ကျဉ်းမြောင်းလာနေပြီ...

လီစီဖုန်း အံကြိတ်ပြီး အတွင်းအားကို စတင် စုစည်းလိုက်သည်။ လေကျင့်စဥ် ထိန်းချုပ်နိုင်စွမ်း တိုးတက်လာသည်ကို သူကိုယ်တိုင်ပင် သတိမထားမိပေ။ ယခုအခါ ပုံမှန်ဆို မလုပ်ရဲသော လှုပ်ရှားမှုများကို ပြုတ်မကျဘဲ လုပ်ဆောင်နိုင်နေပြီ ဖြစ်သည်။

ဝှူး...

နောက်ကျောဘက်မှ လေပြင်းတစ်ချက် တိုက်ခတ်လာရာ လီစီဖုန်း အလိုအလျောက် လှည့်ကြည့်လိုက်သည်။ ယွဲ့ကျန်ချွမ်း လင်းယုန်တစ်ကောင်ကဲ့သို့ ထိုးဆင်းလာပြီး သံမဏိ လက်ဝါးကို သူ့ရှေ့သို့ ဆန့်တန်းထားသည်ကို တွေ့လိုက်ရသည်။

လီစီဖုန်း ရှောင်တိမ်းရန် အချိန်မရလိုက်ဘဲ ကျောကုန်းကို အရိုက်ခံလိုက်ရသည်။ သူ သွေးတစ်လုပ် အန်ကာ ရှေ့သို့ လဲကျသွားပြီး သစ်ပင်အုပ် တစ်ခုနှင့် ဝင်တိုက်မိသွားသည်။

...

နေရောင်ခြည်က သစ်တောကို ထိုးဖောက် ဝင်ရောက်နေပြီး ကျန်းကျောက်ရှားက ကွင်းပြင်တွင် ခြေချိတ်ထိုင်နေသည်။ ဓားရှည်ကိုးလက် သူ့ပတ်လည်တွင် ဝဲပျံနေပြီး ဓားသွားများက အောက်သို့ စိုက်လျက် အနည်းငယ် တုန်ခါနေသည်။သူ့လက်များကို ဒူးပေါ်တွင် တင်ထားပြီး လက်ဝါးများက အပေါ်သို့ မျက်နှာမူထားကာ ဝတ်ရုံများ ညင်သာစွာ လှုပ်ရှားနေသည်။

အထူးဓားထိန်းချုပ်မှုသိုင်းကို အာရုံစိုက် ကျင့်ကြံပြီးချိန်မှစ၍ ကျင့်ကြံမှု တိုးတက်မှုမှာ မြန်ဆန်လာပြီး ယခုအခါ ဓားကိုးလက်ကို ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။

သူသည် နေ့တိုင်း ဒီနေရာသို့ လာရောက်ပြီး တစ်ယောက်တည်း ကျင့်ကြံလေ့ရှိသည်။ ဤနေရာသည် ချင်းရှောင်းဂိုဏ်းသို့ သွားရာ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ပြီး မည်သူမျှ သူ့ကို အနှောင့်အယှက် ပေးမည် မဟုတ်။ ရန်သူများ ကျူးကျော်လာပါကလည်း ချင်းရှောင်းဂိုဏ်းကို ကာကွယ်နိုင်သည်။

"တတိယဂိုဏ်းတူအစ်ကို... ပြဿနာကြီး တက်ပြီ..."

အဝေးမှ အော်သံတစ်သံ ထွက်ပေါ်လာသည်။ ကျန်းကျောက်ရှား ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး လှည့်ကြည့်လိုက်ရာ ဂိုဏ်းတူညီမလေး လီစီကျင်နှင့်ရွှီနင်းတို့ သူ့ဆီသို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။

လီစီကျင်၏ မျက်နှာတွင် မျက်ရည်များ ဖုံးလွှမ်းနေသည်ကို မြင်လိုက်ရသောအခါ စိတ်နှလုံးသား လေးလံသွားသည်။

လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားကိုးလက်စလုံး ခါးရှိ ဓားအိမ်များထဲသို့ ပြန်ဝင်သွားသည်။ သူ မတ်တတ်ရပ်လိုက်သောအခါ ဓားအိမ်ကိုးခု အချင်းချင်း တိုက်မိပြီး လေးလံပုံ ပေါက်နေသည်။

သူ လီစီကျင်နှင့် အခြားတစ်ယောက်ကို သွားရောက် တွေ့ဆုံလိုက်ပြီး နှစ်ဖက်အဖွဲ့ လျင်မြန်စွာ ဆုံမိကြသည်။

"ရန်သူတွေ အများကြီး ကျွန်မတို့ကို လာရှာနေကြတယ်... အစ်ကိုလေးက သူတို့ကို အချိန်ဆွဲထားတယ်... တတိယဂိုဏ်းတူအစ်ကို... သူ့ကို သွားကယ်ပေးပါ..." ဟု လီစီကျင်က အရေးတကြီး ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျန်းကျောက်ရှားက ချက်ချင်း မေးလိုက်သည်။ "ဘယ်ဘက်မှာလဲ..."

လီစီကျင် လှည့်၍ လက်ညှိုးထိုးပြလိုက်ရာ ကျန်းကျောက်ရှား ချက်ချင်း ပြေးထွက်သွားပြီး စကားတစ်ခွန်းသာ ချန်ထားခဲ့သည်။ "မင်းတို့နှစ်ယောက် တောင်ပေါ် မြန်မြန်တက်သွား... အချိန်ဆွဲမနေနဲ့..."

သစ်တောထဲသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသော ကျန်းကျောက်ရှား၏ ပုံရိပ်ကို ကြည့်ရင်း လီစီကျင်က ရွှီနင်းကို မကြည့်ဘဲ မနေနိုင်တော့ဘဲ စိုးရိမ်စွာ မေးလိုက်သည်။ "ရန်သူတွေ ဒီလောက်များတာ... တတိယဂိုဏ်းတူအစ်ကို တစ်ယောက်တည်း နိုင်ပါ့မလား..."

ရွှီနင်း ပြန်မဖြေဘဲ "နင် ဆရာ့ကို သတင်းသွားပို့ဖို့ တောင်ပေါ် မြန်မြန်တက်... ငါ သွားကြည့်လိုက်မယ်..."

"နင် လုပ်နိုင်ပါ့မလား..." လီစီကျင်က တွန့်ဆုတ်စွာ မေးလိုက်ပြန်သည်။

ရွှီနင်း သူမကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်က "အချိန်ဖြုန်းမနေနဲ့... လူသေလိမ့်မယ်..."

လီစီဖုန်း အန္တရာယ် ကြုံနိုင်သည်ဟု တွေးမိပြီး လီစီကျင် အံကြိတ်ကာ ချက်ချင်း လှည့်ပြီး တောင်ပေါ်သို့ လျှောက်သွားလိုက်သည်။

ရွှီနင်း အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးများ မာကျောသွားကာ ကျန်းကျောက်ရှား သွားသော ဘက်သို့ လိုက်သွားလိုက်သည်။

...

ကျန်းကျောက်ရှား အလွန် စိုးရိမ်ပူပန်နေသည်။ မူလချီကို စတင် သုံးစွဲပြီး လေကျင့်စဥ်ကို အသုံးပြုကာ တောင်အောက်သို့ အမြန် ဆင်းသွားသည်။

လမ်းတစ်လျှောက်လုံး လီစီဖုန်း၏ ငယ်ဘဝကို ပြန်တွေးနေမိသည်။ ဆရာက လီစီဖုန်းကို တောင်ပေါ်သို့ စခေါ်လာချိန်မှစ၍ သူ ထိုကလေးကို မကြိုက်ခဲ့ပေ။ ကလေးလေးက အမြဲတမ်း ညစ်ပတ်နေပြီး နှာရည်များ တွဲလောင်းကျနေကာ ဂိုဏ်းတူအစ်ကို ဖြစ်သူ သူ့ကို အမြဲတမ်း ဒုက္ခပေးလေ့ရှိသည်။

လွန်ခဲ့သော နှစ်နှစ်အထိ ထိုအမြင် ရှိနေခဲ့ပြီးမှ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ယခု သူတို့ ချင်းရှောင်းဂိုဏ်းကို တာဝန်ယူနေရချိန်တွင် လီစီဖုန်း၏ ပြတ်သားသော လုပ်ဆောင်ချက်များက လီစီဖုန်းအပေါ်ထားရှိသော သူ့ အမြင်ကို လုံးဝ ပြောင်းလဲစေခဲ့သည်။

လီစီဖုန်းက အလားအလာရှိသော ပါရမီရှင် တစ်ယောက် ဖြစ်ပြီး ကောင်းမွန်စွာ ပြုစုပျိုးထောင်ပါက ဂိုဏ်းချုပ်အစ်ကိုကို ကူညီရန် သူနှင့်အတူ လက်တွဲလုပ်ကိုင်နိုင်မည်ဟု ခံစားခဲ့ရသည်။

ယခု လီစီဖုန်း အန္တရာယ် ကြုံနေရနိုင်ပြီး လှပသော အနာဂတ် ပျက်စီးတော့မည် ဖြစ်ရာ လူသတ်လိုစိတ်ကို မထိန်းချုပ်နိုင်တော့ပေ။

သူ ပို၍ ပို၍ မြန်ဆန်လာပြီး လမ်းတစ်လျှောက်ရှိ ပတ်ဝန်းကျင်ကိုပင် လျစ်လျူရှုထားလိုက်သည်။

အချိန်မည်မျှ ကြာသွားသည် မသိ.လူတစ်စု သူ့အမြင်အာရုံထဲသို့ ဝင်ရောက်လာသည်။ သူတို့သည် ထင်းရှူးတောထဲတွင် ပြန့်ကျဲနေသော အပြာရောင် ဝတ်ရုံဝတ် သိုင်းသမား တစ်စုဖြစ်ပြီး ငရဲသို့ ဝင်ရောက်လာမည်ကို စောင့်ဆိုင်းနေသော လက်စားချေလိုသည့် တစ္ဆေများကဲ့သို့ ဖြစ်နေသည်။

သူ့အကြည့်က လူတစ်ယောက်ဆီသို့ လျင်မြန်စွာ ရောက်သွားပြီး မျက်လုံးများ ပြူးကျယ်လာကာ သွေးရောင် လွှမ်းသွားသည်။

ယွဲ့ကျန်ချွမ်းက လီစီဖုန်း၏ မျက်နှာကို ထပ်ခါတလဲလဲ နင်းချေနေသည်။ လီစီဖုန်း မြေကြီးပေါ်တွင် လဲလျက်ရှိပြီး နင်းချက်တိုင်းတွင် ခန္ဓာကိုယ် တွန့်လိမ်သွားကာ အခြေအနေ မရေမရာ ဖြစ်နေသည်။

"မင်း အတင့်ရဲလိုက်တာ..."

ကျန်းကျောက်ရှား ဟိန်းဟောက်လိုက်ပြီး ညာလက်ဖြင့် ခါးဆီသို့ လှမ်းကာ ဓားတစ်လက် ဆွဲထုတ်လိုက်သည်။ ဓားထုတ်လိုက်သံမှာ ကျယ်လောင်လွန်းသဖြင့် ခုနစ်စဉ်တောင်ထိပ်မဟာမိတ် တပည့် ရာပေါင်းများစွာ လှည့်ကြည့်လိုက်ကြသည်။

မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးဖြင့် ယွဲ့ကျန်ချွမ်း လှည့်ကြည့်လိုက်ရာ ကျန်းကျောက်ရှား သူ့ဆီသို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။ သူ မလန့်သွားသည့်အပြင် သူ့အပြုံးက ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။

"မင်း လာတာ အချိန်ကိုက်ပဲ... ဒီကောင်လေးက ပျက်စီးနေပြီ... မင်း ငါ့ကို အဖော်ပြုပြီး ပျော်ပျော်ပါးပါး ကစားပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်..."

ယွဲ့ကျန်ချွမ်းက ဟားတိုက် ရယ်မောလိုက်ပြီး လီစီဖုန်းကို ဘေးသို့ ကန်ထုတ်ကာ ကျန်းကျောက်ရှားထံ ပြေးဝင်သွားသည်။ ခုနစ်စဉ်တောင်ထိပ်မဟာမိတ်၏ အခြားတပည့်များက လက်နက်များကို ဆွဲထုတ်ပြီး ကျန်းကျောက်ရှား ထွက်မပြေးနိုင်အောင် လျင်မြန်စွာ ဝိုင်းရံလိုက်ကြသည်။

ရုတ်တရက်...

ကျန်းကျောက်ရှား၏ နောက်မှ ဓားများ ကျွတ်ထွက်လာပြီး သူ့ပတ်လည်တွင် ဝဲပျံနေသည်ကို ယွဲ့ကျန်ချွမ်း မြင်လိုက်ရသည်။ ဤမြင်ကွင်းက သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ သူ့ မျက်လုံးအိမ်များကို ကျယ်သွားစေသည်။

...

အခန်းထဲတွင် လီချင်းချိုးတယောက် ရရှိထားသော မန္တန်များ အားလုံးကို မှတ်တမ်းတင်ရန် လျှို့ဝှက်ကျမ်းစာ တစ်စောင် ရေးသားနေပြီး လီတုန်းယွဲ့က သူ့ဘေးတွင် ရပ်ကာ မင်သွေးပေးနေသည်။

"အစ်ကို... ကျွန်မရဲ့ လက်ရေးက ဆိုးမှန်း သတိထားမိတယ်... ဘယ်လို တိုးတက်အောင် လုပ်ရမလဲ..."

လီတုန်းယွဲ့က မျှော်လင့်ချက် ပြည့်ဝသော လေသံဖြင့် တိုးတိုးလေး မေးလိုက်သည်။

"နောက်လအနည်းငယ် ကြာရင် ငါ ယွီချွန်း ကို တောင်ပေါ်ကို ပညာရှင် တချို့ ဖိတ်ခေါ်ခိုင်းပြီး မင်းတို့ကို စာရေးစာဖတ် သင်ပေးခိုင်းမယ်..."

ချင်းရှောင်းဂိုဏ်းတွင် စာတတ်မြောက်မှုနှုန်း အလွန် နိမ့်ကျသည်။ လီချင်းချိုး ငယ်ရွယ်စဉ်က မောင်နှမများကို စာဖတ်ရန် သင်ကြားပေးရုံဖြင့် ပြိုလဲလုနီးပါး ဖြစ်ခဲ့ရသည်။ ချင်းရှောင်း သခင် ခုနစ်ပါးသည်လည်း တောင်ပေါ်ရွာမှ လာသူများ ဖြစ်ပြီး စာဖတ်ခြင်း၊ စာရေးခြင်း အတွေ့အကြုံ မရှိကြပေ။

ဤရှေးခေတ် ကမ္ဘာသို့ ရောက်လာပြီးသည့်တိုင် စာဖတ်ခြင်းက အလွန် အသုံးဝင်ကြောင်း လီချင်းချိုး တွေ့ရှိခဲ့သည်။ စာအုပ်များက ကောင်းကင်နှင့် မြေကြီး၏ ဆင့်ကဲဖြစ်စဉ် သင်္ကေတများ ဖြစ်သောကြောင့် စာဖတ်ခြင်း၏ ရည်ရွယ်ချက်မှာ တွေးခေါ်မှုကို ပြုစုပျိုးထောင်ရန်နှင့် အမြင်ကျယ်စေရန် ဖြစ်သည်။

"ဒါဆို စာအုပ်တွေ ပိုဝယ်ပေးလို့ ရမလား... ဆရာနဲ့ ဘိုးဘေးကြီး ချန်ခဲ့တဲ့ စာအုပ်တွေက နည်းနည်းလေးရယ်... ဖတ်ရတာ ရိုးနေပြီ..."

"ရတာပေါ့..."

လီချင်းချိုး တစ်ပြိုင်နက်တည်း အလုပ်လုပ်ရင်း လီတုန်းယွဲ့နှင့် တည်ငြိမ်စွာ ဆက်သွယ်နေသည်။

ရုတ်တရက်...

ကလောင်ကိုင်ထားသော သူ့ လက် ရပ်တန့်သွားသည်။

အဘယ်ကြောင့်ဆိုသော် သူ့မျက်စိရှေ့တွင် အသိပေးချက် တစ်ခု ပေါ်လာသောကြောင့် ဖြစ်သည်။

[ချင်းရှောင်းဂိုဏ်းသည် ကျူးကျော်လာသော အင်အားစုများကို ပထမဆုံးအကြိမ် မောင်းထုတ်နိုင်ခဲ့သဖြင့် ၎င်း၏ မျိုးဆက်သည် ကပ်ဘေးမှ လွတ်မြောက်ခဲ့ပြီး ကံတရား ကိန်းဂဏန်း တစ်ခု ရွေးချယ်ခွင့် ရရှိလိုက်သည်။]

ကျူးကျော်လာတဲ့ အင်အားစုတွေကို ဘယ်လို မောင်းထုတ်လိုက်တာလဲ...

ဘာဖြစ်သွားတာလဲ...

လီချင်းချိုး သူ့ရှေ့ရှိ ဆုလာဘ်ကို အံ့သြခြင်း မရှိဘဲ မျက်မှောင်ကြုတ်ကာ အတွေးများ ပြေးလွှားနေသည်။

အင်အားစုဟု ခေါ်ဆိုနိုင်လျှင် ရန်သူ အများအပြား ရှိရမည်။

သူ မည်သည့် ဆူညံသံမျှ မကြားရသဖြင့် တိုက်ပွဲက ချင်းရှောင်းဂိုဏ်း တံခါးဝနှင့် ဝေးကွာသော နေရာတွင် ဖြစ်ပွားနေခြင်း ဖြစ်နိုင်သည်။

တောင်အောက်မှာ တစ်ခုခု ဖြစ်တာလား...

သူ စုတ်တံကို ချက်ချင်း ချလိုက်ပြီး စကားတစ်ခွန်းတည်း ပြောကာ ထွက်သွားတော့သည်။

"ငါ လုပ်စရာ ရှိတယ်... ငါ့အစား စောင့်ကြည့်ပေးထား... တပည့်တွေကို လာမချောင်းစေနဲ့..."

လီတုန်းယွဲ့ ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် လီချင်းချိုး တံခါးမှ ဒေါသတကြီး ထွက်ခွာသွားပြီ ဖြစ်သည်။

ခြံဝန်းထဲမှ ပြေးထွက်လာပြီးနောက် လီချင်းချိုး လေကျင့်စဥ် ကို ချက်ချင်း အသုံးပြုကာ တောင်အောက်သို့ ပြေးဆင်းသွားသည်။

တောင်အောက်သို့ တစ်မိုင်ခန့် လျှောက်လာပြီးနောက် အသက်ပြင်းပြင်း ရှူနေရသော လီစီကျင်နှင့် တွေ့ဆုံသည်။ လီစီကျင်သ သူ့ကို မြင်သောအခါ အလွန် ဝမ်းသာသွားပြီး သူတို့ ကြုံတွေ့ခဲ့ရသည်များကို အမြန် ပြောပြလိုက်သည်။

လီချင်းချိုး သူမကို နှစ်သိမ့်ရန် အချိန်မရှိဘဲ သူမ ညွှန်ပြသော လမ်းကြောင်းအတိုင်း အမြန် သွားလိုက်သည်။

လမ်းတစ်လျှောက်လုံး လီချင်းချိုးသည်လည်း ကျန်းကျောက်ရှားကဲ့သို့ပင် စိုးရိမ်ပူပန်မှုကို ခံစားနေရသည်။ သူ တာအိုမျိုးဆက် ဇယားကွက်ကို ဖွင့်ကြည့်ပြီးတပည့် အရေအတွက် မလျော့နည်းကြောင်း အတည်ပြုပြီးနောက် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သို့သော် သူ သတိမလျော့ရဲဘဲ တာအိုမျိုးဆက် ဇယားကွက်ကို ရံဖန်ရံခါ ပြောင်းလဲ စစ်ဆေးနေမိသည်။

အမွှေးတိုင် တစ်တိုင်ကုန်စာခန့် ကြာပြီးနောက်...

လီချင်းချိုး ထင်းရှူးတော တစ်ခုထဲတွင် ကျန်းကျောက်ရှား၊ ရွှီနင်းနှင့် လီစီဖုန်းတို့ကို နောက်ဆုံးတွင် တွေ့ရှိလိုက်သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် အလောင်းများစွာနှင့် သွေးစွန်းနေသော သစ်ပင်များစွာကို တွေ့လိုက်ရသည်။

ကျန်းကျောက်ရှား တကိုယ်လုံး သွေးများ ပေကျံနေပြီး လီစီဖုန်းကို ပိုက်လျက် မြေကြီးပေါ်တွင် ထိုင်နေသည်။ ရွှီနင်းလည်း ဘေးတွင် ခွေခွေလေး ဖြစ်နေပြီး မောဟိုက်နေသည်။ သူမ၏ အခြေအနေက အနည်းငယ် သက်သာသော်လည်း ဆံပင်များ ရှုပ်ပွနေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လီချင်းချိုး၏ နှလုံးသား လေးလံသွားသည်။ သူ ကျန်းကျောက်ရှားထံ အမြန်သွားပြီး လီစီဖုန်း၏ နှာခေါင်းအောက်တွင် လက်ညှိုးထောက်ကြည့်ကာ အသက်ရှူနေသေးကြောင်း အတည်ပြုပြီးနောက် သက်ပြင်းချလိုက်သည်။

သို့သော် သွေးရုပ်တုများ ဖြစ်နေသော ဂိုဏ်းတူညီလေး နှစ်ယောက်ကို ကြည့်ရင်း ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။

ကျန်းကျောက်ရှားက လီချင်းချိုးကို မော့ကြည့်ပြီး အားနည်းစွာဖြင့် "ဂိုဏ်းချုပ်... ခင်ဗျား ပြောတာ မှန်တယ်... သိုင်းလောကနဲ့ စစ်မြေပြင်က လုံးဝ မတူဘူး... စစ်သည်ထောင်ချီ မပြောနဲ့... သိုင်းသမား ရာဂဏန်းလောက်ကို ရင်ဆိုင်ရုံနဲ့တင် ကျွန်တော့်ဓားက လုံးဝ ပျက်စီးသွားပြီ..."

All Chapters