← Chapters

မပျက်စီးနိုင်သော စစ်ဘုရင်ခန္ဓာ

Vol. 3 Ch. 22

မပျက်စီးနိုင်သော စစ်ဘုရင်ခန္ဓာ

Vol. 3 Ch. 22

လရောင်ခြည်က ခြံဝန်းထဲရှိ လီချင်းချိုး၏ အရိပ်ကို ရှည်လျားစွာ ဆွဲဆန့်ထားသလိုထင်ရစေသည်။ သူသည် ဓားကို ဆွဲထုတ်၍ အိမ်ဘက်သို့ လျှောက်သွားလိုက်ရာ အတွင်းမှ လူတယောက်၏ အသက်ရှူသံကို ကြားနေရပြီ ဖြစ်သည်။

သူ့ခြေလှမ်းများက ပေါ့ပါးပြီး အသံတိတ်နေသည်။

သူ တံခါးဝသို့ ရောက်သောအခါ တံခါးပေါ်သို့ လက်တင်လိုက်သော်လည်း တံခါးမှာ တင်းကျပ်စွာ ပိတ်ထားသဖြင့် အင်အားမသုံးဘဲ ဖွင့်၍ မရနိုင်ပေ။

သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး တံခါးနောက်မှ သော့ကို ရုတ်တရက် ရိုက်ချိုးလိုက်ကာ အသက်ရှူသံ ထွက်ပေါ်လာရာ အရပ်သို့ ဉီးတည်တိုက်ခိုက်လိုက်သည်။

ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်၏ နံပါတ်တစ် ခေါင်းဆောင် လွီထိုက်သု ခုတင်ပေါ်တွင် အိပ်ပျော်နေသော်လည်း ကမ္ဘာကျော် သိုင်းပညာရှင် တစ်ဦးအနေဖြင့် သူသည် အလွန် သတိရှိသူ ဖြစ်သည်။ အိပ်ပျော်နေသော်လည်း တံခါးပွင့်သွားသည့် အခိုက်အတန့်တွင် မျက်လုံးများ ပွင့်လာသည်။

အမှောင်ထဲတွင် သူ့ထံသို့ ဓားတစ်ချောင်း လက်ခနဲ ဝင်လာသည်ကို မြင်လိုက်ရသဖြင့် လန့်ဖျပ်သွားကာ ဘေးသို့ လှိမ့်၍ ရှောင်တိမ်းလိုက်သော်လည်း ပခုံးကို ဓားထိသွားလေသည်။

အသက် လေးဆယ်အရွယ်ရှိ လွီထိုက်သုက ကြမ်းတမ်းသော မျက်နှာနှင့် စူးရှသော မျက်လုံးများကို ပိုင်ဆိုင်ထားပြီး ပါးသိုင်းမွှေးများနှင့် မုတ်ဆိတ်ရှည်များ လှုပ်ခါလျက် မျက်လုံးပြူးကာ စိုက်ကြည့်လိုက်၏။

လီချင်းချိုး အနည်းငယ် အံ့သြသွားသည်။ သူ့ပြိုင်ဘက်က သေစေနိုင်သော ဓားချက်ကို ရှောင်တိမ်းနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဒီလူရဲ့ သိုင်းပညာက ယန်ကျွယ်တိန်ထက် အများကြီး သာတာပဲ...

"မောက်မာလိုက်တာ..."

လွီထိုက်သုက ဟိန်းဟောက်လိုက်ပြီး အတွင်းအားများကို ညာဘက် လက်ဖဝါးတွင် စုစည်းလိုက်ရာ မီးတောက်များ ထွက်ပေါ်လာပြီး လီချင်းချိုးကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

လီချင်းချိုး နောက်သို့ ခုန်ဆုတ်လိုက်ပြီး တိုက်ခိုက်မှုကို ကာကွယ်ရန် ဓားကို မြှောက်လိုက်သည်။

ဘုန်း...။

ပြင်းထန်သော လေလှိုင်းကြောင့် ပြတင်းပေါက်များ ကွဲအက်သွားပြီး ဘေးနှစ်ဖက်ရှိ စားပွဲများနှင့် ဗီဒိုများလည်း ပျက်စီးသွားကာ အိမ်တစ်ခုလုံး တုန်ခါသွား၏။

လွီထိုက်သု မျက်လုံးများ ပြူးကျယ်သွားသည်။ အစွမ်းကုန် ထုတ်သုံးထားသော သူ့ လက်ဖဝါးရိုက်ချက်ကို ပြိုင်ဘက်က ပိတ်ဆို့ထားနိုင်ခဲ့သည်။ လီချင်းချိုး၏ ဘေးပတ်လည်တွင် အကာအကွယ် အော်ရာတစ်ခု ပေါ်လာပြီး လှိမ့်ဝင်လာသော လွီထိုက်သု၏အတွင်းအားများကို တားဆီးထားလိုက်ခြင်းဖြစ်သည်။

လီချင်းချိုး ခြေထောက်အောက်ရှိ မြေကြီးများ အက်ကွဲသွားခြင်းက လွီထိုက်သု၏ ထူးကဲသော စွမ်းရည်ကို သက်သေပြနေသည်။

မင်း ဘယ်သူလဲ...

လွီထိုက်သုက လေးနက်သော အသံဖြင့် မေးလိုက်ပြီး ရပ်တန့်ရဲခြင်း မရှိပေ။ ယခု ရပ်တန့်လိုက်လျှင် သူ့ကိုယ်တွင်းကလီစာများ သေချာပေါက် ဒဏ်ရာရသွားမည် ဖြစ်သည်။

လီချင်းချိုး မော့ကြည့်လိုက်ပြီး ဘယ်လက်က သူ့ခါးနောက်သို့ ရုတ်တရက် လှမ်းကာ ရှေ့သို့ ပစ်လွှတ်လိုက်သည်။ လှုပ်ရှားမှုက မြန်ဆန်လွန်းသဖြင့် လွီထိုက်သု တုံ့ပြန်ရန် အချိန်မရလိုက်ပေ။

ငွေအပ် သုံးချောင်းက လွီထိုက်သု၏ ပြင်းထန်သော အတွင်းအားများကို ဖောက်ထွင်းသွားပြီး လျှပ်စီးများ တဖျစ်ဖျစ် မြည်လျက် တားဆီးမရနိုင်သော အရှိန်အဟုန်ဖြင့် လွီထိုက်သု၏ လည်ပင်းကို စိုက်ဝင်သွားချေပြီ။

လွီထိုက်သု၏ ကြီးမားသော အော်ရာများ ချက်ချင်း ပျောက်ကွယ်သွားသည်။ ပြင်းထန်သော အားအဟုန်ကြောင့် သူ လွင့်ထွက်သွားပြီး နံရံနှင့် ဝင်ဆောင့်ကာ ကုတင်ပေါ်သို့ ပြုတ်ကျသွားသဖြင့် ကုတင်ကျိုးကျသွားပြီး ဖုန်မှုန့်များ နေရာအနှံ့ ပျံ့လွင့်သွားလေသည်။

လီချင်းချိုး ရပ်တန့်လိုက်ပြီးနောက် အိမ်ထဲမှ ထွက်ခွာရန် လှည့်လိုက်သည်။

ထို့နောက် ခြံဝန်းထဲတွင် လဲနေသော ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်ကို မချီကာ ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ပြီး ပေတစ်ရာခန့် ဝေးသော အခြားခေါင်မိုးတစ်ခုဆီသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။

ထိုနေရာရောက်မှ ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်ကို အသုံးပြု၍ ထိုတပည့်ကို နှိုးလိုက်သည်။

ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်မှာ အိပ်မက်ဆိုးမှ နိုးလာသကဲ့သို့ မျက်လုံးများ ပွင့်လာပြီး အသက်ကို ရှူရှိုက်လိုက်သည်။

လီချင်းချိုးက သူ့ပါးစပ်ကို အုပ်ထားပြီး တိုးတိုးလေး ပြောလိုက်ပြန်သည်။

"တခြား ဂိုဏ်းချုပ်တွေကို ရှာဖို့ လမ်းဆက်ပြ..."

ဤ ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်အမည်မှာ ချန်ယဲ့ ဖြစ်သည်။

သူ ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်၏ တပည့် ဖြစ်လာသည်မှာ နှစ်ဝက်ပင် မရှိသေးပေ။ လောလောဆယ်တွင် သူ့တာဝန်က တံခါးစောင့်ခြင်းနှင့် အောက်ခြေသိမ်း အလုပ်များကိုသာ လုပ်ဆောင်နေရပြီး မဟာမိတ်အဖွဲ့၏ အဆင့်မြင့် သိုင်းပညာများကို မသင်ကြားရသေးချေ။

သူ့စိတ်ထဲတွင် ပထမဂိုဏ်းချုပ် လွီထိုက်သုကို ကမ္ဘာပေါ်တွင် နံပါတ်တစ် ကျွမ်းကျင်သူ ဖြစ်သည်ဟု ထင်မှတ်ထားသဖြင့် လီချင်းချိုးကို လွီထိုက်သု၏ ခြံဝန်းသို့ ဦးစွာ ခေါ်သွားခဲ့ခြင်း ဖြစ်သည်။ လီချင်းချိုး သူ့အပြစ်နှင့်သူ ခံစားရစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း လီချင်းချိုး၏ စကားများကို ထောက်ချင့်ကြည့်လျှင် လွီထိုက်သု သူ့လက်ချက်ဖြင့် သေဆုံးသွားပြီလော။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

ချန်ယဲ့က လီချင်းချိုးကို မယုံနိုင်စွာဖြင့် မျက်လုံးပြူးကြည့်လိုက်သည်။ အနီးကပ် သေချာ ကြည့်လိုက်သောအခါ လီချင်းချိုး၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရ၏။ သူမ... (သူ) သိပ်ငယ်သေးသည်။

သိပ်ငယ်လွန်းသဖြင့် သူ့အတွက် မဖြစ်နိုင်ဟု ခံစားနေရသည်။

လီချင်းချိုး မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်သော အသံဖြင့် မေးလိုက်သည်။

"မင်း အနေတာ လား... နားကန်းနေတာလား..."

ချန်ယဲ့ အသိပြန်ဝင်လာပြီး မျက်တောင်များကို အသည်းအသန် ခတ်ပြလိုက်သည်။ ထိုအရာကို မြင်သောအခါ လီချင်းချိုးက သူ့ကို ချက်ချင်း မချီပြီး လမ်းညွှန်ခိုင်းလိုက်ပြန်သည်။

လွီထိုက်သု၏ ခြံဝန်းအတွင်းမှ ဆူညံသံများက အနီးနားရှိ တပည့်များကို လန့်နိုးသွားစေပြီး သူတို့အားလုံး အိမ်များထဲမှ အလျင်အမြန် ထွက်လာကာ အသံလာရာ အရပ်သို့ ဦးတည်သွားကြသည်။

လီချင်းချိုးနှင့်ချန်ယဲ့တို့ ခရီးအနည်းငယ်သာ လျှောက်ရသေးချိန်တွင် အဝေးမှ ထူးဆန်းသော ခရာသံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ညကောင်းကင်ယံအောက်တွင် ထိုအသံမှာ ပုံမှန်မဟုတ်ဘဲ ကျယ်လောင်နေသည်။

အရပ်မျက်နှာ အသီးသီးမှ လူများ ခြံဝန်းထဲသို့ ဝင်လာကြသည်ကို မြင်လိုက်ရသဖြင့် ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်များ၏ အကြည့်မှ လွတ်ကင်းစေရန် ချန်ယဲ့ကို ဖိချထားလိုက်ရသည်။

"ဒါ ဘာအသံလဲ..." ဟု လီချင်းချိုးက အသံတိုးတိုးဖြင့် မေးလိုက်သည်။

ချန်ယဲ့ တံတွေး တစ်ချက် မျိုချလိုက်ပြီး "ဒါ ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်ရဲ့ ကျူးကျော်မှု သတိပေး ခရာသံပဲ... အနှောင့်အယှက် တစ်ခုခု ရှိတာနဲ့ ခရာသံ ပေးလိမ့်မယ်... အထင်လွဲတာ ဆိုရင်တောင်မှ ဂိုဏ်းချုပ်တွေက အပြစ်တင်မှာ မဟုတ်ဘူး... ရန်သူ ဝင်လာတာကို ခရာမှုတ်ဖို့ တာဝန်ရှိတဲ့ တပည့်က ခရာမမှုတ်ဘဲ နေမယ်ဆိုရင် ဘာအကြောင်းပြချက်နဲ့မဆို ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်..."

ဤအချိန်၌ အခြား အရပ်မျက်နှာများမှ ခရာသံများလည်း ထွက်ပေါ်လာရာ ကျူးကျော်မှုက နေရာတစ်ခုတည်းတွင် မဟုတ်ကြောင်း ပြသနေသည်။

ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်၏ သတိရှိမှုကို လျှော့တွက်မိကြောင်း လီချင်းချိုး ဝန်ခံရပေမည်။ ညဘက် ကင်းလှည့်သည့် တပည့်များ မရှိသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ဤကဲ့သို့သော ကာကွယ်ရေး လိုင်းမျိုးကို လျှို့ဝှက်စွာ ဖုံးကွယ်ထားသောကြောင့် ဖြစ်နိူင်သည်။

"ကျူးကျော်မှု သတိပေး ခရာသံ ထွက်လာပြီ ဆိုရင် ခင်ဗျား တခြား ဂိုဏ်းချုပ်တွေနား အလွယ်တကူ ကပ်ဖို့ မဖြစ်နိုင်တော့ဘူး..."

လွီထိုက်သု သေဆုံးသွားပြီဆိုလျှင် လီချင်းချိုးက သူ့ကို အခြား ဂိုဏ်းချုပ်များထံ ခေါ်သွားမည်ကို ကြောက်သဖြင့် ချန်ယဲ့က တိုးတိုးလေး ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လီချင်းချိုးက သူ့ကို နောက်တစ်ကြိမ် ရိုက်လိုက်ရာ သတိမေ့သွားလေသည်။

ထို့နောက် လီချင်းချိုးက ချန်ယဲ့၏ အဝတ်အစားများကို ချွတ်ယူကာ သူကိုယ်တိုင် အမြန် ဝတ်ဆင်လိုက်ပြီး ချန်ယဲ့၏ ဓားကိုပင် ယူလိုက်ပြီး ခေါင်မိုးပေါ်မှ ခုန်ဆင်းလိုက်သည်။

ထို့နောက် ချန်ယဲ့ ယခင်က ညွှန်ပြခဲ့သော လမ်းကြောင်းအတိုင်း ဆက်လက် လျှောက်သွားလိုက်သည်။

ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် တပည့်အများအပြား အိမ်ထဲမှ ထွက်လာကြပြီး လီချင်းချိုး သူတို့ထဲမှ အများအပြားနှင့် ဆုံတွေ့ခဲ့သည်။ ထိုအခါမှသာ ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်၏ နက်ရှိုင်းသော အင်အားကို သဘောပေါက်လိုက်သည်။

သုံးထောင်ဆိုတာ သိပ်မများဘူးလို့ ထင်ရပေမဲ့ တကယ် ကြုံတွေ့ရတဲ့အခါကျမှ အဲဒီအင်အားရဲ့ ကြောက်စရာကောင်းပုံကို နားလည်လာရသည်။

ထို့အပြင် ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်သည် စစ်မှန်သော သိုင်းဂိုဏ်းတစ်ခု ဖြစ်ပြီး တပည့်အားလုံး သိုင်းပညာ အရည်အချင်းများ ပိုင်ဆိုင်ထားကြသည်။

လီချင်းချိုး လမ်းလျှောက်ရင်းနှင့် လွီထိုက်သု၏ အတွင်းအားများကို ပြန်လည် သုံးသပ်မိလိုက်သည်။

"သိုင်းပညာ ဆိုတာ ရိုးရှင်းမနေဘူးပဲ..."

သူသာ မူလအားဖြည့်နယ်ပယ် တတိယအဆင့်သို့ မချိုးဖောက်နိုင်ခဲ့လျှင် လွီထိုက်သုကို သတ်ရန် အလွန် ဒုက္ခရောက်လိမ့်မည်ဟု လီချင်းချိုး တွေးလိုက်မိသည်။ လွီထိုက်သုကို သတ်ဖြတ်ခြင်းက သူ့မူလစွမ်းအင်များကို မလွဲမသွေ ကုန်ဆုံးစေမည် ဖြစ်ပြီး ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်မှ လွတ်မြောက်ရန်မှာ သူ့အတွက် လွယ်ကူသော အလုပ်တစ်ခု ဖြစ်လာမည် မဟုတ်ပေ။

လွီထိုက်သုသည် ကုကျိုးရှိ သိုင်းပညာရှင် တစ်ဦးသာ ဖြစ်သည်။ တာလီမင်းဆက်တွင် အခြား ပြည်နယ်များ ရှိသေးရာ လောကတွင် သူ့ထက် သန်မာသူများ ရှိနေဦးမည်မှာ သေချာသည်။

လောကကြီးမှာ ဘယ်သူ့ကိုမှ လျှော့မတွက်မိစေနဲ့တော့...

လီချင်းချိုး ရန်သူခေါင်းဆောင်ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သော်လည်း ရလဒ်အနေဖြင့် ပိုမို သတိထားလာမိသည်။

ဟုတ်ပါတယ်.. နောက်တစ်ကြိမ် ထပ်လုပ်ရမယ် ဆိုရင်လည်း သူ ဒီလိုပဲ လုပ်ဦးမှာပါ... ပိုကောင်းတဲ့ အခွင့်အရေးကို စောင့်ပြီး လုပ်မှာပါ…

လွီထိုက်သုလို သိုင်းပညာရှင်မျိုး ရှိနေသရွေ့ ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်က လောလောဆယ် ချင်းရှောင်းဂိုဏ်း ရန်စနိုင်သည့် အဖွဲ့အစည်း မဟုတ်ပေ။

ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်က အကြီးစား ကျူးကျော်မှု စတင်လာမည့် အချိန်ကို စောင့်ရင်း သူ့တပည့်များ၏ သွားလာလှုပ်ရှားမှုများကို ကန့်သတ်ထားရုံနှင့် မရနိုင်ပေ။

ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် တပည့် ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် လီချင်းချိုး သံသယ ဝင်မခံရပေ။ ထူးဆန်းပုံ ပေါက်နေမည် စိုးသဖြင့် သူတို့ကို တမင်တကာ ရှောင်တိမ်းမနေတော့။

ထို့ကြောင့် ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် တပည့် တစ်ယောက်ပြီး တစ်ယောက်ကို ဖြတ်ကျော်ကာ ရဲရဲတင်းတင်းပင် လျှောက်လှမ်းသွားလိုက်၏။

ရုတ်တရက်။

သူ ခြံဝန်းတစ်ခု၏ တံခါးဝတွင် ရပ်တန့်လိုက်ပြီး ခေါင်းလှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။

တစ်စုံတစ်ယောက် တိုးတိုးရှိုက်ငိုနေသကဲ့သို့ အလွန် တိုးညှင်းသော ငိုသံများကို ကြားလိုက်ရပြီး တစ်ယောက်တည်း မဟုတ်ပေ။ နောက်တစ်ယောက်က မငိုသော်လည်း အသက်ရှူသံ ဖျော့တော့နေသည်။

သူများကိစ္စကို ဝင်မပါချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် သူ့ဂိုဏ်းတူ ညီအစ်ကို မောင်နှမများကို သွားသတိရမိလိုက်ပြန်သည်။

ကျန်းယွီချွန်း၊ ကျန်းကျောက်ရှားနှင့် လီတုန်းယွဲ့တို့ ချင်းရှောင်းဂိုဏ်းသို့ စရောက်ကာစက သူတို့လည်း ကြောက်လန့်ပြီး ပုန်းအောင်းကာ တစ်ယောက်တည်း ငိုကြွေးခဲ့ဖူးသည်။ ဝူမန်အာကတော့ သိပ်မခံစားတတ်ပေ...

ဝူမန်အာက အစာကျွေးထားသရွေ့ အဆင်ပြေနေတတ်သည်။ လီစီဖုန်းနှင့် လီစီကျင်တို့ကတော့ တစ်ယောက်နှင့် တစ်ယောက် အဖော်ရှိကြသဖြင့် သိပ်ကြောက်လန့်ခြင်း၊ အထီးကျန်ခြင်း မရှိကြပေ။

သူ ခဏတာ တုံ့ဆိုင်းနေပြီးနောက် ခြံဝန်းထဲသို့ ဝင်ကာ အခန်းတံခါးဝသို့ ရောက်ရှိသွားသည်။ ခြံဝန်းထဲတွင် ထင်းများနှင့် အိုဟောင်းသော ပစ္စည်းများ ပုံထားပြီး မည်သူမျှ စောင့်ကြပ်နေခြင်း မရှိပေ။

သူ တံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်ပြီး မျက်လုံးကို ကျဉ်းမြောင်းကာ ကြည့်လိုက်ရာ အခန်းထဲတွင် ထင်းများ ပြည့်နေသည်ကို တွေ့လိုက်ရသည်။ ထင်းပုံရှေ့တွင် ကလေးတစ်ယောက် ထိုင်နေပြီး ခေါင်မိုးပေါက်မှတစ်ဆင့် လရောင် ဖြာကျကာ ထိုကလေးအပေါ် ကျရောက်နေသည်။

ထိုကလေးမှာ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ခန့်သာ ရှိသေးပြီး အရေးအကြီးဆုံးမှာ ထိုကလေးက ပိုငယ်သော ကလေးတစ်ယောက်ကို ပွေ့ဖက်ထားကာ ငိုနေသူမှာ သူ ဖြစ်နေခြင်းပင်။

လီချင်းချိုး တံခါးတွန်းဖွင့်ပြီး ဝင်လာသောအခါ ကလေးခင်မျာ လန့်သွားပြီး သူ့ကို လှည့်ကြည့်လိုက်၏။

မင်း ထွက်သွားချင်လား...

လီချင်းချိုးက သူ့ကို ကြည့်ပြီး တဲ့တိုးပင် မေးလိုက်သည်။

ထိုကလေးက ရွှီနင်း သူတို့ဆီရောက်လာစဉ်ကလို စုတ်ပြဲညစ်ပတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။

လီချင်းချိုး၏ မေးခွန်းကို ကြားသောအခါ ကလေးက "ရလို့လား..." ဟု ကြောင်တောင်တောင် ပြန်မေးလိုက်သည်။

"မင်း ဆန္ဒရှိမယ်ဆိုရင် ငါ မင်းတို့ နှစ်ယောက်လုံးကို ခေါ်ထုတ်သွားပေးမယ်..."ဟု လီချင်းချိုးက ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသည်နှင့် ကလေးက ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး သူ့ရင်ခွင်ထဲမှ ကလေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားလိုက်သည်။ ထိုကလေးမှာ တစ်နှစ်၊ နှစ်နှစ်သားခန့်သာ ရှိဦးမည် ဖြစ်ပြီး သူတို့ထံမှ အနံ့ဆိုးများ ထွက်ပေါ်နေသည်။

"ခင်ဗျားက ဘယ်သူလဲ..."

ယွမ်ချီလေးက သတိထားပြီး မေးလိုက်သည်။ သူ လီချင်းချိုးကို တစ်ခါမှ မတွေ့ဖူးသော်လည်း မိစ္ဆာဂူလို ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်မှ ထွက်ခွာရမည် ဆိုသည့် အတွေးက သူ့ကို ရင်ခုန်စေသည်။

လီချင်းချိုးက "ငါ ဘယ်သူပဲဖြစ်ဖြစ် ငါက ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်က မဟုတ်ဘူး... ငါက ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် ဂိုဏ်းချုပ်ကို သတ်ပြီး ထွက်သွားဖို့ ပြင်နေတာ..."

ထိုစကားကို ကြားသောအခါ ယွမ်ချီ မကြောက်လန့်သွားပေ။ သူ့မျက်လုံးများ ပြူးကျယ်သွားပြီး မျက်ရည်များ ဝဲလာကာ ရယ်ပင် ရယ်မောလိုက်သေးသည်။

"ကျွန်တော် ခင်ဗျားနဲ့ လိုက်ခဲ့မယ်... ဒါပေမဲ့ ကျွန်တော့်ညီလေးကိုပါ ခေါ်သွားပေးရမယ်..."

ယွမ်ချီက မျက်ရည်များကို သုတ်လိုက်ပြီး လီချင်းချိုးကို လေးနက်စွာ စိုက်ကြည့်လိုက်သည်။

လီချင်းချိုး ခေါင်းညိတ်လိုက်ပြီး "ဒီနေ့ကစပြီး မင်းနဲ့ မင်းညီလေး ငါ့ဂိုဏ်းကို ဝင်ရမယ်... ဘယ်လိုလဲ..."

"ပြဿနာ မရှိပါဘူး... ကျွန်တော်တို့ ခင်ဗျားဂိုဏ်းကို ဝင်ပြီး နောင်တစ်ချိန်ကျရင် ကျေးဇူးပြန်ဆပ်ပါ့မယ်..."

ယွမ်ချီက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။ လီချင်းချိုး သူ့အနားသို့ ချက်ချင်း လျှောက်သွားပြီး ညီဖြစ်သူကို သူ့ရင်ခွင်ထဲမှ လွှဲယူလိုက်ကာ အသက် နှစ်နှစ်အောက်သာ ရှိသေးသော ထိုကလေးကို ကြမ်းပြင်ပေါ်မှ ညစ်ပတ်နေသော အဝတ်စဖြင့် သူ့ရင်ဘတ်တွင် ပတ်၍ ချည်နှောင်လိုက်သည်။ ထို့နောက် ယွမ်ချီကို လက်တစ်ဖက်ဖြင့် မချီလိုက်ပြီး အပြင်သို့ အမြန် လျှောက်ထွက်လာခဲ့သည်။

အခန်းပြင်သို့ ရောက်သောအခါမှ လရောင်အောက်တွင် လီချင်းချိုး၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ထိုအခါ သူ့မျက်လုံးအိမ်များ ကျယ်သွားပြီး မျက်လုံးထဲတွင် ထူးဆန်းသော အရောင်တစ်ခု တောက်ပသွားသည်။ ဤမြင်ကွင်းက သူ့စိတ်ထဲတွင် ထာဝရ စွဲထင်သွားတော့မည် ဖြစ်သည်။

အိမ်ထဲမှ ထွက်ခွာပြီးနောက် လီချင်းချိုး ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ပြီး ပေါ့ပါးသော ခြေလှမ်းများဖြင့် ရှေ့ဆက်ခဲ့သည်။

ထို့နောက် တာအိုမျိုးဆက်ဇယားကွက်ကို ဖွင့်၍ တပည့် အရေအတွက်ကို စစ်ဆေးလိုက်သည်။ ထင်သည့်အတိုင်းပင် ယွမ်ချီ အမည်ရှိသော တပည့်တစ်ဦး ပိုလာသည်ကို တွေ့လိုက်ရသဖြင့်ယွမ်ချီ၏ ပုံတူကို နှိပ်၍ သစ္စာရှိမှုကို စစ်ဆေးလိုက်သည်။

၉၀/၈၀!

မဆိုးဘူး... ဒီကလေးက ကျေးဇူးသိတတ်သားပဲ...

လီချင်းချိုး ယွမ်ချီရဲ့ကံကြမ္မာကို သေချာ မစစ်ဆေးဘဲ ကျော်သွားလိုက်ပြီး ယွမ်ချီ၏ ညီလေးဖြစ်သူ ပုံတူကို မသိစိတ်ဖြင့် ဝင်စစ်ဆေးလိုက်မိသည်။

နှိပ်လိုက်သည်နှင့် သူ နောင်တရသွားသည်။ ကလေးက သိပ်ငယ်လွန်းပြီး သတိမေ့နေသည်လေ... ဘယ်လိုလုပ် သစ္စာရှိနိုင်မှာလဲ...

ထင်ထားသည့်အတိုင်းပင် ယွမ်ချီ၏ ညီလေးနာမည်မှာ ယွမ်လီ ဖြစ်ပြီး သစ္စာရှိမှုမှာ သုည ဖြစ်နေသည်။

နောက်တစ်စက္ကန့်တွင် လီချင်းချိုး မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာတွင် မယုံကြည်နိုင်မှုများ ပေါ်လာကာ ခြေလှမ်းပင် ရပ်တန့်သွားသည်။

[အမည် - ယွမ်လီ]

[ကျား/မ - ကျား]

[အသက် - ၁ နှစ်]

[သစ္စာရှိမှု (ခေါင်းဆောင်/ဂိုဏ်းချုပ်) - ၀/၀ (အများဆုံး ၁၀၀)]

[ကျင့်ကြံခြင်း ပါရမီ - အလွန်နိမ့်]

[နားလည်သဘောပေါက်နိုင်စွမ်း - ထူးကဲ]

[ကံကြမ္မာ - မပျက်စီးနိုင်သော စစ်ဘုရင်ခန္ဓာ၊ ဆရာသခင်ရဲ့နှလုံးသား၊ ကြံ့ခိုင်မှု]

[မပျက်စီးနိုင်သော စစ်ဘုရင်ခန္ဓာ - သေမျိုးလောကတွင် ရှားပါးသော ရှေးဟောင်း ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ ကောင်းကင်နှင့် မြေကြီးထံမှ ကြီးမားသော ကောင်းချီးမင်္ဂလာ၊ သို့သော် သေမျိုးလောကတွင် မူလအစ ရှိသောကြောင့် နိုးထလာစေရန် အထူးနည်းလမ်း လိုအပ်သည်။]

[ဆရာသခင်ရဲ့နှလုံးသား - တိုက်ခိုက်ရေး ပညာရပ်များနှင့် ပတ်သက်၍ ထူးကဲသော ထိုးထွင်းသိမြင်မှုနှင့် စိတ်ကူးစိတ်သန်းများကို ပိုင်ဆိုင်ထားသည်၊ ဖန်တီးမှုတွင် ထူးချွန်ပြီး မျှဝေရသည်ကို နှစ်သက်သည်]

[ကြံ့ခိုင်မှု - ဘယ်လို စမ်းသပ်မှုမျိုးပဲ ကြုံရပါစေ... စိတ်ဆန္ဒ ဘယ်တော့မှ ယိမ်းယိုင်သွားမည် မဟုတ်]

...

ရွှေတုံးကြီး ကောက်ရလိုက်တာပဲ...

ကံကြမ္မာ အရည်အသွေး သုံးခု၊ မပျက်စီးနိုင်သော စစ်ဘုရင်ခန္ဓာနှင့် ဆရာသခင်ရဲ့နှလုံးသားတို့က အလွန် စွမ်းအားကြီးမည့်ပုံ ပေါ်သည်။အထူးသဖြင့် မပျက်စီးနိုင်သော စစ်ဘုရင်ခန္ဓာက လျှို့ဝှက်ဆန်းကြယ်လွန်းလှသည်။

လီချင်းချိုး ပြန်ငုံ့ကြည့်လိုက်ရာ သူ့ရင်ခွင်ထဲရှိ ယွမ်လီထံမှ ရွှေရောင် အလင်းတန်းများ ဖြာထွက်နေသကဲ့သို့ ခံစားလိုက်ရသည်။

လက်တစ်ဖက်ဖြင့် ချီထားခြင်း ခံရသော ယွမ်ချီက သူ ရပ်တန့်သွားသည်ကို မြင်သောအခါ ငုံ့ကြည့်လိုက်ပြီး ညီလေးဖြစ်သူကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။

"ကျွန်တော့်ညီလေး ဘာဖြစ်လို့လဲ..."

လီချင်းချိုး မော့ကြည့်လိုက်ပြီး ဆက်လျှောက်သွားကာ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်က "ကြည့်ရတာ သူ ရှူးပေါက်ချလိုက်ပုံပဲ..."

ထိုစကားကို ကြားသောအခါ ယွမ်ချီ ချက်ချင်း ရှက်သွားလေသည်။

"တောင်းပန်ပါတယ်..."ဟု သူ ခေါင်းငုံ့ပြီး တိုးတိုးလေး ပြောလိုက်သည်။

All Chapters