ဝိညာဉ်ချုပ်ကျိန်စာ
Vol. 3 Ch. 25
ညအချိန်ဖြစ်သော်လည်း လင်းလက်နေပြီး လသာကာ ကြယ်အနည်းငယ်သာ ရှိသည်။
လီချင်းချိုး သူ့အခန်းသို့ ပြန်ရောက်သောအခါ အခန်းတခုလုံး သန့်ရှင်းနေပြီး ကုတင်ပေါ်တွင် အိပ်ရာခင်းများနှင့် ခေါင်းအုံးများ ရှိနေသည်ကို တွေ့လိုက်ရသည်။ ချင်မိသားစု၏ ရင်းနှီးမြှုပ်နှံမှုများ ရောက်ရှိလာပုံရပြီး ချင်းရှောင်းဂိုဏ်း၏ နေထိုင်မှု ဘဝမှာ ပိုကောင်းလာနေပြီ ဖြစ်သည်။
လီချင်းချိုးက ဘဏ္ဍာရေး အာဏာကို ကျန်းယွီချွန်းထံ လွှဲပြောင်းပေးထားသည်။ သူ့အမြင်တွင် ငွေကြေးသည် လောကီအရာသာ ဖြစ်ပြီး မြေအောက် စိတ်ဝိညာဉ်ရေအိုင်ထဲမှ ဝိညာဉ်ကျောက်တုံးများကို ထိန်းချုပ်ထားရန်သာ လိုအပ်သည်။
ဝိညာဉ်ကျောက်တုံးများက ကျင့်ကြံခြင်းကို အထောက်အကူ ပြုနိုင်ပြီး ယခင်ကမ္ဘာမှ ရေနံကဲ့သို့ ကျင့်ကြံခြင်း လောကတွင် ခိုင်မာသော ငွေကြေးစနစ် ဖြစ်လာပေလိမ့်မည်။ ထိုအရာက ချင်းရှောင်းဂိုဏ်း၏ စစ်မှန်သော အုတ်မြစ် ဖြစ်သည်။
လီချင်းချိုး ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ပြီး တာအိုမျိုးဆက်ဇယားကွက်ကို ဖွင့်လိုက်သည်။
ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်မှ လွတ်မြောက်လာသည့်အတွက် ရရှိသော အမွေအနှစ် ဆုလာဘ်များကို မဖွင့်ရသေးပေ။ တောထဲတွင် သူ မဆင်မခြင် မလုပ်ရဲ အိမ်ရောက်ပြီး စိတ်အေးရမှသာ ဖွင့်ရန် ဝံ့ရဲတော့သည်။
[အမွေအနှစ် ဆုလာဘ်များကို ရယူမည်]
[တာအို ထုံးတမ်းစဉ်လာများ လွှဲပြောင်းမှုကို စတင်နေပြီ]
[သင်သည် မန္တန်တစ်ခု ရရှိလိုက်သည် - ဝိညာဉ်ချုပ်ကျိန်စာ]
[အမွေအနှစ်ကို လက်ခံမလား]
ဝိညာဉ်ချုပ်ကျိန်စာ ဟုတ်လား...
ဒီနာမည်က လမ်းမှန်လိုက်တဲ့ ပုံစံ မဟုတ်ပါလား...
တာအိုမျိုးဆက် ဇယားကွက်က သူ ဖြောင့်မတ်သော လမ်းစဉ် လိုက်သင့်သလား၊ မိစ္ဆာလမ်းစဉ် လိုက်သင့်သလား ဆိုသည်ကို သတ်မှတ်ထားခြင်း မရှိပုံ ရသည်။
ကောင်းတယ်... ငါ ကြိုက်တယ်...
လီချင်းချိုးက စည်းမျဉ်းစည်းကမ်း အများအပြားဖြင့် အချုပ်အနှောင် မခံချင်ဘဲ ဤကဲ့သို့သော သမားရိုးကျ မဟုတ်သည့် နည်းလမ်းများကို လေ့လာလိုစိတ် ရှိသည်။
စဉ်းစားပြီးနောက် ဝိညာဉ်ချုပ်ကျိန်စာကို ချက်ချင်း စတင် လက်ခံလိုက်သည်။
ရင်းနှီးသော ခံစားမှုတစ်ခု ထပ်မံ ထွက်ပေါ်လာပြီး အမွေအနှစ် မှတ်ဉာဏ်များထဲတွင် လျင်မြန်စွာ နစ်မြုပ်သွားလေသည်။
အချိန်အတော်ကြာပြီးနောက်။
သူ မျက်လုံး ဖွင့်လိုက်သည်။ ယခင်ကလည်း အမွေဆက်ခံဖူးသဖြင့် သိပ်မအံ့သြတော့ပေ။ သို့သော် ဤတစ်ကြိမ်တွင် သူ မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီဝိညာဉ်ချုပ်ကျိန်စာက သိပ်ယုတ်မာတာပဲ...
ဝိညာဉ်ချုပ်ကျိန်စာဆိုသည်မှာ လူတစ်ယောက် အသက်ရှင်နေလျှင်ပင် ထိုလူ၏ ဝိညာဉ်ကို သိမ်းယူနိုင်သည်။ ဝိညာဉ် သိမ်းယူစဉ်တွင် သားကောင်သည် ဖော်ပြမရနိုင်သော နာကျင်မှုကို ခံစားရလိမ့်မည်။ ထို့နောက် ထိုဝိညာဉ်သည် ကျိန်စာတိုက်သူ မသေမချင်း ထိုသူ၏ ထိန်းချုပ်မှုအောက်တွင် ထာဝရ ရှိနေမည် ဖြစ်သည်။
ဝိညာဉ်ချုပ်ကျိန်စာ အောင်မြင်သည်နှင့် ထိုလူသည် တစ္ဆေ ဖြစ်လာမည်။ တစ္ဆေဖြစ်ခဲ့လျှင်ပင် ကျိန်စာတိုက်သူကို မဖီဆန်နိုင်ပေ။ ဤသည်မှာ ဝိညာဉ်မှတစ်ဆင့် ဖိနှိပ်ထားခြင်း ဖြစ်သည်။
သို့သော် ဤမန္တန်တွင် အန္တရာယ်များလည်း ရှိသည်။ နယ်ပယ်ကျော်ပြီး အသုံးပြုပါက ဖီဆန်သော လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ်ခံရပြီး ပြင်းထန်သော တန်ပြန်သက်ရောက်မှု ဖြစ်လာနိုင်သည်။
ဝိညာဉ်ချုပ်ကျိန်စာကို မှတ်သားပြီးနောက် လီချင်းချိုး ချက်ချင်း စတင် မကျင့်ကြံသေးပေ။
လောလောဆယ် ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ် ပညာရပ်ကို ကျင့်ကြံရန် လိုအပ်သေးသည်။ ထိုအရာကို အဆင့်တစ်ခုအထိ ဦးစွာ ကျွမ်းကျင်အောင် လုပ်ရမည်။
သူ့အခြေအနေကို ညှိယူလိုက်ပြီး ချီစုပ်ယူ ကျင့်ကြံခြင်း အခြေအနေသို့ လျင်မြန်စွာ ဝင်ရောက်သွားလေသည်။
လကွယ်ပြီး နေထွက်လာရာ ညတစ်ည ကုန်ဆုံးသွားသည်။
နောက်တစ်နေ့ နံနက်တွင် တပည့်များ အားလုံး နိုးလာကြသည်။ သိုင်းလေ့ကျင့်သူများက လေ့ကျင့်ကြပြီး ဝိညာဉ်လမ်းစဉ် ကျင့်ကြံသူများက နေနှင့် လ၏ အနှစ်သာရကို စုပ်ယူရန် အတူတကွ တရားထိုင်ကြသည်။
လီချင်းချိုးက ယွမ်ချီကို ယန်ကျွယ်တိန်ထံမှ သိုင်းပညာ သင်ယူခိုင်းလိုက်ပြီး ချင်မိသားစုဝင် ခြောက်ယောက်အတွက်လည်း ထိုနည်းတူပင် ဖြစ်သည်။
ယခုမှစ၍ ထူးကဲသော ပါရမီ သို့မဟုတ် ထူးချွန်သော အောင်မြင်မှုများ မရှိလျှင် မည်သူမျှ ထိုက်ချင်းဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံနိုင်မည် မဟုတ်ပေ။
ကျင့်ကြံခြင်း ရွှေရောင်ကာလ ကုန်ဆုံးသွားပြီးနောက် လီချင်းချိုးနှင့် ကျန်းယွီချွန်းတို့ အိမ်ထဲသို့ ပြန်ဝင်ပြီး နောက်တစ်ဆင့် လုပ်ဆောင်ရမည့် အရာများကို ဆွေးနွေးကြသည်။
"ပထမအချက်.. တပည့်တစ်ဖွဲ့ ဖွဲ့ပြီး တောင်တံခါးအောက်က တောအုပ်ထဲမှာ အိမ်တွေ စဆောက်မယ်... ယန်ကျွယ်တိန်က လူကြီးဆိုတော့ သူ့ကိုခေါ်သွားလို့ ရတယ်... ဒုတိယအချက်.. အသက် နှစ်ဆယ်ထက် မကြီးရင် ပြီးရော တပည့် ဆယ်ယောက်လောက် ထပ်စုဆောင်းမယ်... ငါတို့က ကလေးတွေကိုချည်းပဲ အမြဲတမ်း စုဆောင်းလို့ မဖြစ်ဘူး..."
လီချင်းချိုး ရေနွေးကြမ်း သောက်ရင်း ပြောလိုက်ရာ ထိုလက်ဖက်ခြောက်သည်လည်း ချင်မိသားစု၏ လက်ဆောင် ဖြစ်ပြီး အနံ့ အလွန် မွှေးကြောင်း၊ မနေ့ညက တစ်ခွက် သောက်ခဲ့ကြောင်း ပြောပြလေသည်။
ကျန်းယွီချွန်းက ပြုံးပြီး "ကျွန်တော် ဒါကို လုပ်ချင်နေတာ ကြာပြီ... အခု ပိုက်ဆံရှိပြီ ဆိုတော့ လှုပ်ရှားရမယ့် အချိန်ပဲ... ဒါနဲ့... ကျွန်တော်တို့ စာပြဆရာ တစ်ယောက်လောက် ငှားသင့်လား... အစ်ကိုကြီးမှာ အဲဒီလို အစီအစဉ် ရှိတယ်လို့ တုန်းယွဲ့ ပြောတာ ကြားတယ်..."
"ကျေးဇူးပြုပြီး ဒီကိစ္စတွေကို မင်းပဲ စီစဉ်လိုက်ပါ... အရာအားလုံး ကိုယ်တိုင် လုပ်နေစရာ မလိုဘူး... နောင်အခါကြရင် မင်းကို ကူညီနိုင်အောင် တပည့်တွေကို ရွေးချယ်ပြီး လေ့ကျင့်ပေးလို့ ရတယ်... ချင်းရှောင်းဂိုဏ်း ကြီးထွားလာတာနဲ့အမျှ လုပ်ပိုင်ခွင့် ခွဲဝေမှုတွေက ပိုပြီး အသေးစိတ် ကျလာလိမ့်မယ်..."
ကျန်းယွီချွန်းက "ဟွမ်ရှန်နဲ့ ယွီလင်က မဆိုးပါဘူး... သူတို့က အပြင်ပန်း ကြမ်းတမ်းပေမဲ့ စေ့စပ်သေချာတယ်... ဘက်စုံ ထည့်သွင်းစဉ်းစားတတ်တယ်... ကျွန်တော် သူတို့ကို ကောင်းကောင်း ပြုစုပျိုးထောင်ပေးလိုက်မယ်..."
"ဒီနေ့ကစပြီး တပည့်ရင်း ဖြစ်လာတဲ့သူတွေကပဲ ဟွမ်ယွမ်ကျမ်းစာကို ကျင့်ကြံနိုင်မယ်... လောလောဆယ် ရွှီနင်းကပဲ တစ်ဦးတည်းသော တပည့်ရင်း ဖြစ်တယ်... ဟွမ်ရှန်နဲ့ တခြား ခုနစ်ယောက်လည်း တပည့်ရင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ခံစားခွင့် ရှိပေမဲ့ သိုင်းပညာက သူတို့အတွက် ဦးစားပေး ဖြစ်လိမ့်မယ်..."
လီချင်းချိုးက ဆက်ပြောလိုက်ပြီး ကျန်းယွီချွန်းက ချရေးလိုက်သည်။
လီချင်းချိုးတွင် တပည့်များ၏ အဆင့်သတ်မှတ်ခြင်းနှင့် ပတ်သက်၍ စိတ်ကူးများစွာ ရှိသော်လည်း လောလောဆယ် အကောင်အထည် ဖော်ရန် မသင့်တော်သေးပေ။ အထူးသဖြင့် တပည့်များ၏ ခံစားခွင့်များကို အသေးစိတ် မသတ်မှတ်နိုင်သေးပါ။အဘယ်ကြောင့်ဆိုသော် ချင်းရှောင်းဂိုဏ်းတွင် ကိုယ်ပိုင် စနစ် မရှိသေးသောကြောင့် ဖြစ်သည်။
ယနေ့ထိတိုင် ချင်းရှောင်းဂိုဏ်းတွင် တည်ငြိမ်သော ဝင်ငွေ အရင်းအမြစ် မရှိသေးပေ။
လီချင်းချိုးနှင့် ကျန်းယွီချွန်းတို့က ချင်မိသားစု တစ်ခုတည်းကိုသာ အားကိုး၍ မရကြောင်း၊ ကျန်းကျောက်ရှား တောင်အောက်ဆင်းစဉ်က မြင်တွေ့ကြားသိခဲ့ရသည်များကို ထည့်သွင်းစဉ်းစားနိုင်ကြောင်း အလေးထား ဆွေးနွေးခဲ့ကြသည်။
ဂုဏ်သရေရှိ လူကြီးလူကောင်းများ သို့မဟုတ် တန်ဖိုးရှိ ပစ္စည်းများကို စောင့်ရှောက်ပို့ဆောင်ပေးခြင်း၊ အစိုးရ ဆုကြေးများကို လက်ခံခြင်း စသည်ဖြင့်... ဤအလုပ်များကို နောင်တွင် တပည့်များ လုပ်ဆောင်နိုင်သည်။
ပထမအချက်မှာ သူတို့ကို အတွေ့အကြုံ ရစေသည်၊ ဒုတိယအချက်မှာ ငွေရှာနိုင်သည်၊ တတိယအချက်မှာ ချင်းရှောင်းဂိုဏ်း၏ ဂုဏ်သတင်းကို မြှင့်တင်ပေးသည်။
ဂုဏ်သတင်း မရှိလျှင် တပည့်စုဆောင်းရန် ခက်ခဲပြီး ရွာများမှသာ စုဆောင်းနိုင်သည်။
ပါရမီကို ဘေးဖယ်ထားလျှင် ထိုတပည့်များ စာမတတ်ပေ။ သူတို့ကို သိုင်းပညာ သင်ပေးမည် ဆိုလျှင်ပင် အရင်းအမြစ်များ ပိုမို ရင်းနှီးမြှုပ်နှံရန် လိုအပ်ပေလိမ့်မည်။
လီချင်းချိုးက ချင်းရှောင်းဂိုဏ်းတွင် ကိုယ်ပိုင် စာဖတ်သင်တန်းများ ရှိစေလိုသော်လည်း ချင်းရှောင်းဂိုဏ်း၏ တပည့်စုဆောင်းမှုကို ကျေးလက်ဒေသများ၌သာ ကန့်သတ်မထားလိုခြင်း ဖြစ်သည်။
သူတို့နှစ်ဦး တစ်နာရီခန့် ကြာအောင် ဆွေးနွေးခဲ့ကြပြီး ပြီးဆုံးသောအခါ တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသော ကျန်းယွီချွန်းကချက်ချင်း စတင် ဆောင်ရွက်လေတော့သည်။
လီချင်းချိုး ခဏကြာအောင် နေပြီးနောက် အိမ်ပြင်ထွက်ကာ လီတုန်းယွဲ့ကို ခေါ်ပြီး တောင်နောက်ဘက်ရှိ တောအုပ်ထဲသို့ အတူသွားကာ ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်ကို လေ့ကျင့်ကြသည်။
နေ့လယ်ရောက်သာ်အထိ ကျင့်ကြံခဲ့ကြပြီးနောက် ပြန်လာခဲ့ကြသည်။
"အစ်ကိုကြီး... ချင်မိသားစု တပည့်တွေထဲက တစ်ယောက်ကို တပည့်အဖြစ် ရွေးဖို့ မမေ့နဲ့နော်... အစ်ကိုကြီး ချင်မိသားစုကို ကတိပေးထားတယ်လေ... အဲဒီကလေးတွေလည်း စောင့်နေကြတယ်..."
လီချင်းချိုး ဘေးမှ လျှောက်ရင်း လီတုန်းယွဲ့က တိုးတိုးလေး ပြောလိုက်သည်။
လီချင်းချိုး ခေါင်းညိတ်ပြီး ပြုံးလိုက်ကာ"စိတ်မပူပါနဲ့... ငါ မမေ့ပါဘူး... ယွီချွန်းလည်း ငါ့ကို ပြောထားတယ်..."
ချင်ကျွယ်က သူ့သားကို လီချင်းချိုး၏ တပည့်အဖြစ် သတ်မှတ်ပေးပြီးပြီ ဖြစ်သဖြင့် လီချင်းချိုး စဉ်းစားနေစရာ မလိုပေ။ ချင်မိသားစု တပည့် ခြောက်ဦး စိတ်အေးရလေအောင် သူ စောစော ဆုံးဖြတ်ချက်ချရန်သာ လိုသည်။
နေ့လယ်စာ စားပြီးနောက် လီချင်းချိုးက ချင်ယဲ့ကို ခေါ်ပြီး သူနှင့်လိုက်ခဲ့ရန် ပြောလိုက်သည်။
ချင်ယဲ့ စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်လိုက်ပြီး မျက်နှာများ နီရဲနေသည်။အခြား ချင်မိသားစု တပည့် ငါးယောက်လည်း စိတ်လှုပ်ရှားနေကြသည်။ သူတို့အားလုံး မိသားစု၏ မျှော်လင့်ချက်များကို သယ်ဆောင်လာခဲ့ကြသည် မဟုတ်ပါလား။
...
လီချင်းချိုးက ချင်ယဲ့ကို တပည့်အဖြစ် တရားဝင် လက်ခံပြီးနောက် ယန်ကျွယ်တိန်ထံ ပို့လိုက်သည်။ ချင်ယဲ့၏ ပါရမီဓာတ်ခံ ညံ့ဖျင်းလွန်းသဖြင့် ကျင့်ကြံခြင်းတွင် တစ်စုံတစ်ခု ရရှိရန် သူ့အတွက် ခက်ခဲပေလိမ့်မည်။ သို့သော် နောင်တွင် ကောင်းမွန်စွာ လုပ်ဆောင်နိုင်လျှင် လီချင်းချိုး သူ့ကို ကျင့်ကြံရန် ကူညီပေးနိုင်သည်။
မြေအောက် စိတ်ဝိညာဉ်ရေအိုင် ရှိနေခြင်းက ကျင့်ကြံခြင်း ပါရမီ လိုအပ်ချက် အချို့ကို ဖြည့်ဆည်းပေးနိုင်သည်။
ယန်ကျွယ်တိန်သည်လည်း ချင်းရှောင်းဂိုဏ်း၏ သိုင်းပညာ အကြီးအကဲ ဟူသော ဂုဏ်ပုဒ်ကို ရရှိသွားလေသည်။
လဝက်ခန့် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ လီချင်းချိုးက ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်တွင် သူ လုပ်ခဲ့သည့် အရာများကို ဖုံးကွယ်ထားသဖြင့် ကျန်းကျောက်ရှားက စွမ်းရည်များကို လေ့ကျင့်ရန် တောင်ခါးပန်းသို့ သွားမြဲ သွားနေဆဲ ဖြစ်သည်။ လီချင်းချိုး သူ့ကို မတားပေ။ ဘာပဲဖြစ်ဖြစ် ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်အပြင် ချင်းဂိုဏ်း၏ အလားအလာရှိသော ပြဿနာများလည်း ရှိနေသေးသည်။
တစ်နေ့တွင် ကျန်းယွီချွန်း သတင်းစကားတခု ယူဆောင်လာသဖြင့် ကျန်းကျောက်ရှား၊ လီတုန်းယွဲ့၊ ဝူမန်အာ၊ လီစီဖုန်းနှင့် လီစီကျင်တို့ကို လီချင်းချိုး၏ အခန်းသို့ ဆင့်ခေါ်လိုက်သည်။
"ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်မှာ ကိစ္စကြီးတစ်ခု ဖြစ်ပျက်ခဲ့တယ်... ပထမဂိုဏ်းချုပ် လွီထိုက်သု သေသွားပြီ... ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်က အခု ဖရိုဖရဲ ဖြစ်နေပြီ... သူတို့ ပြဿနာ လာမရှာတာ အံ့ဩစရာ မဟုတ်တော့ဘူး..." ဟု ကျန်းယွီချွန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
လီချင်းချိုးက စူးစမ်းလိုစိတ်ဖြင့် "မင်း အဲဒီအကြောင်း ဘယ်က သိတာလဲ..."
ဒါက လဝက်အတွင်း ကျန်းယွီချွန်း တောင်အောက်သို့ သုံးကြိမ်မြောက် ဆင်းခြင်း ဖြစ်ပြီး ကျန်းယွီချွန်း သိုင်းလောက သတင်းအချက်အလက်များကို စုဆောင်းနိုင်လိမ့်မည်ဟု လီချင်းချိုး မထင်ထားခဲ့မိပေ။
ကျန်းယွီချွန်း ရယ်မောပြီး "ဒီတစ်ခါ တောင်အောက် ဆင်းတုန်း လမ်းမှာ ဓားပြတွေနဲ့ တွေ့တယ်... ကျွန်တော် ဟွမ်ရှန်နဲ့ ယွီလင်ကို ခေါ်ပြီး ဝင်ကူညီပေးလိုက်တာ မိတ်ဆွေတချို့ ရခဲ့တယ်... သူတို့ဆီကနေ ကုကျိုးက ဒီထိတ်လန့်စရာ အဖြစ်အပျက်ကို သိခဲ့ရတာ..."
လီစီဖုန်းက လီချင်းချိုးကို မျက်လုံးပြူးကြည့်ပြီး "အစ်ကိုကြီး... အဲဒါ အစ်ကိုကြီး လုပ်လိုက်တာ မဟုတ်ဘူးမလား..."
အခြား ဂျူနီယာ ညီအစ်ကို မောင်နှမများလည်း လီချင်းချိုးကို စိုးရိမ်တကြီး၊ မျှော်လင့်တကြီး ကြည့်လိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် လီချင်းချိုး တောင်အောက်သို့ လဝက်ခန့် ဆင်းသွားခဲ့သည်လေ။
လီချင်းချိုး မျက်လုံးလှန်ကြည့်လိုက်ပြီး စိတ်တိုတိုဖြင့် "ငါ့မှာ ဘယ်လိုလုပ် အဲဒီလို စွမ်းရည် ရှိမှာလဲ... မင်းတို့ရဲ့ တတိယဂိုဏ်းတူအစ်ကိုကို မေးကြည့်... ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်က ဖြေရှင်းရလွယ်တယ်လို့ မင်း ထင်လို့လား..."
ကျန်းကျောက်ရှားက ခေါင်းညိတ်ပြီး "ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် ဌာနချုပ်က အသန်မာဆုံး လူကို သတ်ဖို့ ဆိုတာ တကယ် ခက်ခဲပါတယ်... တစ်ယောက်ချင်း တိုက်တာနဲ့ လူတစ်ရာ၊ လူတစ်ထောင်ကို တိုက်တာနဲ့က မတူဘူး..."
စောစောက ကျန်းကျောက်ရှား ရခဲ့သော ဒဏ်ရာများကို ပြန်တွေးမိပြီး လူတိုင်း နားလည်သွားကြသည်။
လီစီဖုန်းက စတင် အော်ဟစ်ပြီး လက်ဟန်ခြေဟန်များဖြင့် ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်မှ ကျွမ်းကျင်သူများ မည်မျှ သန်မာကြောင်း ဖော်ပြလေတော့သည်။
ကျန်းကျောက်ရှားက လီချင်းချိုးကို ရှုပ်ထွေးသော အကြည့်ဖြင့် စိုက်ကြည့်နေသဖြင့် သူ့မှာ နေရခက်လာသည်။
ကျန်းကျောက်ရှား၏ အကြည့်ကို မခံနိုင်တော့သဖြင့် လီချင်းချိုး ချောင်းအသာဟန့်ကာ လီစီဖုန်း၏ သရုပ်ဆောင်မှုကို ကြားဖြတ်နှောက်ယှက်လိုက်ရသည်။
"ဘာပဲဖြစ်ဖြစ်... ခုနှစ်စဉ်တောင်ထိပ်မဟာမိတ်က ငါတို့ကို ခဏလောက်တော့ မနှောင့်ယှက်လောက်ဘူး... ဒါပေမဲ့ ငါတို့ ပေါ့ဆလို့ မဖြစ်ဘူး... ဒီနေ့ကစပြီး ဘယ်သူမှ အချောင်မခိုရဘူး.. ကိုယ့်စွမ်းရည်ကိုယ် လေ့ကျင့်ရင် လေ့ကျင့်... မလေ့ကျင့်ရင် ဂိုဏ်းတည်ဆောက်ရာမှာ ကူညီ..."
ဂိုဏ်းချဲ့ထွင်မည့် စီမံကိန်း စတင်နေပြီ ဖြစ်ပြီး ဒုတိယမျိုးဆက် တပည့်များထဲမှ ယောက်ျားလေးများက အများဆုံး ပါဝင်ကူညီနေကြသည်။
လီချင်းချိုးက လီစီကျင်မှလွဲ၍ သူ့ဂျူနီယာ ညီအစ်ကို မောင်နှမ အားလုံးကို တာဝန်များ ခွဲဝေပေးထားသည်။
အစည်းအဝေး ပြီးဆုံးပြီးနောက် ကျန်းယွီချွန်း ပြန်မသွားသေးပေ။ သူ လီချင်းချိုးကို ဘေးဖယ်ထုတ်ပြီး "အစ်ကိုကြီး... ကျွန်တော် တောင်အောက်ကနေ ဆရာတစ်ယောက် ဖိတ်လာတယ်... သူက မျက်နှာသွင်ပြင်လက္ခဏာ ဖတ်ရှုတာနဲ့ ဗေဒင်ဟောတာကို ကျွမ်းကျင်တယ်လို့ ပြောတယ်... ပြီးတော့ သူက အစ်ကိုကြီးနဲ့ တွေ့ဖို့ ဇွတ်ပြောနေတယ်..."
"ပိုက်ဆံ ကုန်လိုက်သေးလား..."
"ပိုက်ဆံတော့ ကုန်တယ်... ဒါပေမဲ့ သူက ကျွန်တော့် မျက်နှာသွင်ပြင်လက္ခဏာပေါ် မူတည်ပြီး ဘယ်လောက် အားစိုက်ထုတ်မလဲ ဆိုတာ ဆုံးဖြတ်မယ်တဲ့..."
"ကောင်းပြီ... သူ ဘာလှည့်ကွက်တွေ သုံးမလဲ ဆိုတာ ကြည့်ရသေးတာပေါ့..."
လီချင်းချိုး ထိုသို့ ပြန်ပြောလိုက်ပြီးနောက် သူတို့နှစ်ဦး အိမ်ပြင်သို့ အတူထွက်လာကြသည်။
အိမ်ပြင်သို့ ရောက်သည်နှင့် သူ့တပည့်နှစ်ဦး လက်သမားအလုပ် လုပ်နေသည်ကို ရပ်ကြည့်နေသော အဖြူရောင် ဝတ်စုံနှင့် ပညာရှင် တစ်ဦးကို တွေ့လိုက်ရသည်။
အဖြူရောင် ဝတ်စုံနှင့် ပညာရှင်က အသက် နှစ်ဆယ်၊ သုံးဆယ်ဝန်းကျင်ခန့် ရှိပုံရသည်။ ကျောပေါ်တွင် စာအုပ်သေတ္တာ တစ်လုံး လွယ်ထားပြီး အလွန် သိမ်မွေ့သော အမူအရာ ရှိကာ ပညာရှင် တစ်ဦး ဖြစ်ကြောင်း ထင်ရှားသည်။
"ဆရာကျန်း... ကျွန်တော့်အစ်ကိုကြီး ရောက်လာပြီ..."
ကျန်းယွီချွန်းက လှမ်းခေါ်လိုက်ရာ ထိုစကားကို ကြားသောအခါ ကျန်းယွီ အမည်ရှိသော အဖြူရောင် ဝတ်စုံနှင့် ပညာရှင်က ချက်ချင်း လှည့်ကြည့်ပြီး လီချင်းချိုးတို့ဆီလျှောက်လာသည်။
ကျန်းယွီ၏ အကြည့်က လီချင်းချိုးထံသို့ တည့်တည့်ကျရောက်နေသည်။ သူတို့ နီးကပ်လာသည်နှင့်အမျှ သူ့မျက်လုံးများ အရောင်တောက်လာကာ လီချင်းချိုး စကားမပြောနိုင်ခင်မှာပင် သူ ရှေ့သို့ တိုးလာပြီး သူ့လက်ကို ဆွဲယူလိုက်သည်။
လီချင်းချိုး ရှောင်တိမ်းချင်သော်လည်း သူ့မှာ အတွင်းအား မရှိကြောင်း သတိရလိုက်ပြီး အကိုင်ခံလိုက်သည်။
"ဂိုဏ်းချုပ်လီ... ခင်ဗျားရဲ့ မျက်နှာက ထူးခြားလွန်းတယ်... ဧကရာဇ်တွေ စစ်သူကြီးတွေရဲ့ မိသားစုမှာ မွေးဖွားလာပြီး ငယ်ဘဝမှာ ခက်ခဲခဲ့ပေမဲ့ ခင်ဗျားရဲ့ ကံကြမ္မာက ထူးကဲတယ်... ခရမ်းရောင်ကြယ် ပွင့်လင်းနေတာနဲ့အမျှ ခင်ဗျားက တစ်နေ့ကျရင် စစ်မှန်တဲ့ နဂါးတစ်ကောင် ဖြစ်လာဖို့ ကံပါလာတယ်..."
ကျန်းယွီက စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး လီချင်းချိုး ရှေ့တွင် ဒူးထောက်လုမတတ် ဖြစ်နေသည်။
လိမ်လည်လှည့်ဖြားသူ...
စကားပြော ကောင်းသူ...
လီချင်းချိုး သူ့ကို ကံကြမ္မာစာရင်း နှစ်ခု တည့်တည့် ပေးလိုက်သည်။ ဒါ အဓိပ္ပာယ် မရှိဘူးလေ…
ဟေ့ကောင် ငါ့အဖေက အဲဒီလောက် အစွမ်းထက်တာ မဟုတ်ဘူးကွ…
လီချင်းချိုး တည်ငြိမ်စွာပင် လက်ကို ပြန်ရုပ်လိုက်ပြီး
"ခင်ဗျားရဲ့ ကြင်နာတဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ် ဆရာ... ခင်ဗျား မျက်နှာသွင်ပြင်လက္ခဏာ ဖတ်ရှုခြင်း ပညာရပ်ကို ဘယ်က သင်လာသလဲ ဆိုတာ မေးလို့ ရမလား..."
ကျန်းယွီ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် လုပ်လိုက်ပြီး ခြေတစ်လှမ်း နောက်ဆုတ်ကာ လက်ကို မြှောက်၍ ဦးညွှတ်လိုက်ပြီး "ကျွန်တော်က မျိုးဆက်ကိုးခုအကြီးအကဲရဲ့ တပည့်ပါ... ခင်ဗျား သူ့နာမည်ကို ကြားဖူးမှာ မဟုတ်ပါဘူး... သူက နှစ်ပေါင်း ၁၃၀ လောက် တသီးတခြား နေထိုင်ခဲ့ပြီး သူ့ရဲ့ နောက်ဆုံး လက်ကျန်နှစ်တွေကို အေးအေးဆေးဆေး ဖြတ်သန်းဖို့ ပြင်ဆင်နေတာပါ..."
လီချင်းချိုး သူ့ကို မမေးခွန်းထုတ်တော့ဘဲ ပြုံး၍"ခင်ဗျား တစ်ယောက်တည်း ကျွန်တော့်တပည့်တွေကို သင်ပေးရမှာ ဖိအားများ ရှိမလားလို့ တွေးမိလို့ပါ..."
"ဖိအား မရှိပါဘူး... ခင်ဗျားရဲ့ ဂိုဏ်းက သေးငယ်ပေမဲ့ လျှို့ဝှက်ပါရမီရှင်တွေနဲ့ ပြည့်နှက်နေပြီး စာပေရော သိုင်းပညာမှာပါ ထူးချွန်ကြတယ်... အောင်မြင်တော့မယ့် အရိပ်အယောင်တွေ ပြနေပြီ... ကျန်းယွီက ချင်းရှောင်းဂိုဏ်းအတွက် ပါဝင်ကူညီလိုပါတယ်... ဒါပေမဲ့ ဂိုဏ်းချုပ်အနေနဲ့ တစ်လကို ကြေးပြား အပြား ၃၀ တိုးပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့..."
ကျန်းယွီက ပြုံးပြီး ပြောလိုက်ရာ သူ့စကားလုံးများက ရှင်းလင်းပြတ်သားပြီး သူ့အသံက သန်မာအားကောင်းသဖြင့် ပညာရှိပြီး မွန်မြတ်သော လူတစ်ယောက်၏ အငွေ့အသက်ကို ပေးစွမ်းနေလေသည်။