← Chapters

သူခိုးဘုရင်

Vol. 3 Ch. 26

သူခိုးဘုရင်

Vol. 3 Ch. 26

လီချင်းချိုးက ကျန်းယွီ၏ နောက်ဆုံးအချိန်မှ ဈေးတင်လိုက်မှုကို လက်ခံလိုက်သည်။ သူ့ အစီအစဉ်မှာ ကျန်းယွီ၏ အရည်အချင်းကို အရင်စမ်းသပ်ကြည့်ပြီး ကောင်းကောင်း မသင်ပြနိုင်ပါက ပြန်လွှတ်လိုက်ရန် ဖြစ်သည်။

ထိုနေ့ညစာစားချိန်တွင် လီချင်းချိုးက ဂိုဏ်းသားများအားလုံး နောက်တစ်နေ့မှစ၍ စာသင်ကြားရမည် ဖြစ်ကြောင်း၊ ဂိုဏ်းတံခါးဝ အောက်ဘက်ရှိ မြေကွက်လပ်တွင် ကျန်းယွီ၏ သင်တန်းကို တက်ရောက်ရမည် ဖြစ်ကြောင်းနှင့် မည်သူမျှ ပျက်ကွက်ခွင့် မရှိကြောင်း ကြေညာလိုက်သည်။

ထို့ကြောင့် နောက်တစ်နေ့ နံနက်ခင်း လေ့ကျင့်ခန်း ပြီးဆုံးသည်နှင့် လီချင်းချိုးမှလွဲ၍ ကျန်လူအားလုံး စာသွားသင်ကြရသည်။ ယန်ကျွယ်တိန် ပင်လျှင် ဤဆရာက အရည်အချင်း ရှိ၊ မရှိ သိလိုသဖြင့် စပ်စုရန် ရောက်လာခဲ့သည်။

သူ့အမြင်တွင်မူ ကျန်းယွီ တောင်းဆိုသည့် ဈေးက များလွန်းနေသည်။

ယန်ကျွယ်တိန်က သိုင်းပညာသင်ကြားရေး အကြီးအကဲ ဖြစ်လာပြီးကတည်းက ကိစ္စရပ်များကို ချင်းရှောင်းဂိုဏ်း၏ ရှုထောင့်မှ စတင်စဉ်းစားလာခဲ့ပြီ ဖြစ်သည်။

နေ့လယ်ပိုင်းတွင် လီချင်းချိုး ခြံဝန်းထဲသို့ ပြန်ရောက်လာပြီး ဂိုဏ်းတူညီအစ်ကို မောင်နှမများ၏ အမြင်များကို နားထောင်ကြည့်လိုက်သည်။ သူတို့က ကျန်းယွီအပေါ် အတော်လေး အထင်ကြီးနေကြပြီး သင်ပြပုံမှာ စိတ်ဝင်စားစရာ ကောင်းသည်ဟု ဆိုကြသည်။ ယန်ကျွယ်တိန်ကပင် ကျန်းယွီက ဗဟုသုတ ကြွယ်ဝသူဖြစ်ကြောင်း ဝန်ခံပြောဆိုသည်။

ဤရလဒ်ကို ကြားလိုက်ရမှ လီချင်းချိုး စိတ်အေးသွားတော့သည်။

သို့သော် ကံဆိုးသည်မှာ အကောင်းဆုံးသော သင်ကြားနည်းများပင်လျှင် ကြာလာသောအခါ ကျောင်းသားများအတွက် ငြီးငွေ့ဖွယ် ဖြစ်လာတတ်ခြင်းပင်။

တစ်လအကြာတွင်

လီချင်းချိုး ရွှီနင်းကို ခေါ်၍ တောင်ပေါ်သို့ တက်လာခဲ့သည်။ ယနေ့ သူတို့ မြေအောက်စိတ်ဝိညာဉ်ရေအိုင် သို့ သွားခဲ့ကြသည်။ ရွှီနင်းက မူလစတင်ခြင်းအဆင့် ဒုတိယအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ သူမ၏ မျက်နှာလေးမှာ ဝင်းပနေပြီး အပြုံးများကို ဖုံးကွယ်ထား၍ မရနိုင်အောင် ဖြစ်နေရှာသည်။

ဂိုဏ်းတံခါးဝ အောက်ဘက်ရှိ မြေကွက်လပ်သို့ ရောက်သောအခါ ကျန်းယွီက ဂိုဏ်းသားငါးယောက်ကို စာသင်ပြနေသည်ကို လီချင်းချိုး တွေ့လိုက်ရသည်။

"မင်းတို့ရဲ့ သင်ယူလိုစိတ် ပြင်းပြမှုကို ငါအရမ်း သဘောကျတယ်... ဒါပေမဲ့ ဟိုကောင်လေး လီစီဖုန်းကိုတော့ အတုမယူကြနဲ့... သူက သူ့စိတ်မြန်လက်မြန်နိုင်မှုကြောင့် တစ်နေ့ ဒုက္ခရောက်လိမ့်မယ်..."

ကျန်းယွီက လီစီဖုန်း အကြောင်းကို ဒေါသတကြီး ပြောနေလေသည်။

အဝေးမှနေ၍ ဤစကားကို ကြားလိုက်ရသောအခါ လီစီဖုန်းက ကျန်းယွီကို နောက်တစ်ကြိမ် ဆေးထိုးလိုက်ပြန်ပြီ ဖြစ်ကြောင်း လီချင်းချိုး သိလိုက်သည်။

သူတို့ အချင်းချင်း ရင်းနှီးလာကြပြီးကတည်းက လီစီဖုန်းက ကျန်းယွီကို နောက်ပြောင်ရသည်၊ သိုင်းပညာ မတတ်သည့်အပေါ် လှောင်ပြောင်ရသည်ကို နှစ်သက်လာသည်။

မှန်ပေသည်။ ကျန်းယွီက သိုင်းပညာ မလေ့ကျင့်ပေ။ ကောင်းကင်ခိုးယူခြင်းပညာကို တတ်မြောက်ပြီးပါက သိုင်းပညာ မလေ့ကျင့်ရဟူသော သူ့ဆရာ ချမှတ်ခဲ့သည့် စည်းမျဉ်းကြောင့် ဖြစ်သည်ဟု သူက ဆိုသည်။ထို့ကြောင့်လည်း သူ ဤစည်းမျဉ်းကို အမြဲ လိုက်နာခဲ့သည်။

လီချင်းချိုးက ရွှီနင်းကို မျက်ရိပ်ပြလိုက်ရာ ရွှီနင်း သဘောပေါက်သွားသည်။ သူတို့နှစ်ယောက် ခြေသံလုံလုံဖြင့် ကျန်းယွီ၏ အနောက်ဘက်မှနေ၍ တိတ်တဆိတ် ဖြတ်လျှောက်သွားကြသည်။

ကျန်းယွီက မျက်လုံးထောင့်မှနေ၍ သူတို့ကို ရိပ်ခနဲ မြင်လိုက်ရပြီး မျက်လုံးများ ပြူးကျယ်သွားသည်။ သူက လက်ကို အလျင်အမြန် ဝှေ့ယမ်းကာ လှမ်းအော်လိုက်သည်။

"ဂိုဏ်းချုပ်... ကျွန်တော် ဆွေးနွေးစရာ ရှိလို့ပါ..."

လီချင်းချိုးက မကြားချင်ယောင်ဆောင်၍ လှေကားထစ်များအတိုင်း အမြန်တက်သွားလိုက်ရာ ရွှီနင်းကလည်း ကပ်ပါသွားသည်။ဤသို့ဖြင့် ဆရာနှင့် တပည့် နှစ်ယောက်သား ဂိုဏ်းတံခါးဝအတွင်းသို့ ရှေ့ဆင့်နောက်ဆင့် ဝင်ရောက် ပျောက်ကွယ်သွားကြသည်။

ကျန်းယွီမှာ မတတ်သာဘဲ ရပ်လိုက်ရသည်။ တပည့်များ၏ ရှေ့မှောက်တွင် ဆရာတစ်ယောက်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည် ဖြစ်သဖြင့် ရိုင်းစိုင်းသော စကားများကို မပြောဘဲ ထိန်းလိုက်ရလေသည်။

အခြားတစ်ဖက်တွင်မူ...

လီချင်းချိုး ခြံဝန်းထဲသို့ ရောက်လာသောအခါ လီတုန်းယွဲ့က သစ်ပင်အောက်တွင် ထိုင်၍ ယွမ်လီ ကို ပွေ့ချီထားသည်ကို တွေ့လိုက်ရသည်။ ယွမ်ချီက ဘေးတွင် မတ်တတ်ရပ်၍ ယွမ်လီကို စနောက်နေသည်။

ခြံဝန်း၏ အခြားထောင့်တစ်နေရာတွင် အမျိုးသမီး ဂိုဏ်းသားနှစ်ဦးက အဝတ်ယက်လုပ်နေကြသည်။ လီချင်းချိုး ဝင်လာသည်ကို မြင်သောအခါ သူတို့ ကမန်းကတန်း ထရပ်၍ အရိုအသေ ပေးကြသည်။ ဤယဉ်ကျေးမှု စည်းကမ်းများကို ကျန်းယွီက သူတို့ကို သင်ပေးထားခြင်း ဖြစ်သည်။

ချင်းရှောင်းဂိုဏ်း၏ စည်းကမ်းများမှာ ရှင်းလင်းပြတ်သားမှု မရှိဟု ကျန်းယွီက ခံစားမိသည်။ ဦးညွှတ်အရိုအသေပြုခြင်းသည် ရိုးအီနေသော ဓလေ့တစ်ခု ဖြစ်သော်လည်း ဂုဏ်သိက္ခာ တည်ဆောက်ရန် နည်းလမ်းတစ်ခု ဖြစ်ပေသည်။ အငယ်များက အကြီးများကို အရိုအသေ မပေးကြလျှင် ကြာလာသောအခါ ပျင်းရိလာပြီး ရိုသေလေးစားမှု ကင်းမဲ့လာတတ်သည်။

လီချင်းချိုးက ထိုအချက်ကို သဘောမတူသော်လည်း ကျန်းယွီချွန်း၊ ကျန်းကျောက်ရှားနှင့် ယန်ကျွယ်တိန်တို့အားလုံး ထောက်ခံကြသဖြင့် ကျန်းယွီကို ယဉ်ကျေးမှု သင်ကြားခွင့် ပြုလိုက်ရသည်။

လီချင်းချိုးက အမျိုးသမီး ဂိုဏ်းသားနှစ်ဦးကို ခေါင်းညိတ်ပြပြီးနောက် လီတုန်းယွဲ့ထံသို့ လျှောက်သွားရန် ပြင်လိုက်စဉ် ကျန်းယွီချွန်းက ဘေးခန်းထဲမှ ထွက်လာပြီး သူ့ထံသို့ အလျင်အမြန် ရောက်လာသည်။

"ဂိုဏ်းချုပ်အစ်ကိုကြီး... ကျွန်တော် လူတစ်ယောက်လောက် ငှားချင်လို့ပါ..." ကျန်းယွီချွန်းက လီချင်းချိုးကို ဆွဲထားပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဘယ်သူ့ဆီက ငှားမှာလဲ..."

"တတိယညီလေးဆီကပါ... ကျွန်တော် လူသစ်စုဖို့ တောင်အောက်ဆင်းသွားတာ အဆင်မပြေခဲ့ဘူး... နောက်ဆုံးတော့ သိုင်းပညာရှင် တစ်ယောက်နဲ့ တွေ့ခဲ့တယ်... အဲဒီလူက သူ့ကို အနိုင်တိုက်နိုင်တဲ့သူ ရှိရင် တစ်သက်လုံး ကျွန်ခံခိုင်းရင်တောင် ရတယ်ဆိုပြီး ကတိပေးထားတယ်... ဒါကြောင့် တတိယညီလေးကို အကူအညီ တောင်းချင်ပေမယ့် သူက ခုနှစ်စဉ်တောင်ထိပ်မဟာမိတ် နဲ့ ချင်းဂိုဏ်းတို့ လာတိုက်မှာ စိုးရိမ်လို့ တောင်အောက် မဆင်းချင်ဘူး ဖြစ်နေတယ်..."

ချင်းရှောင်းဂိုဏ်းအနေဖြင့် လာမည့် ခြောက်လအတွင်း ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့ရမည် မဟုတ်ကြောင်း၊ ပြဿနာရှိလျှင်လည်း ကျန်းကျောက်ရှားမရှိဘဲ ဖြေရှင်းနိုင်ကြောင်း ကျန်းယွီချွန်းက ခပ်နွမ်းနွမ်း ပြောလိုက်သည်။

"မင်းပြောတဲ့လူက တကယ်ရော ပညာရှင် ဟုတ်ရဲ့လား..."

"ဟုတ်ပါတယ်... အဲဒီပညာရှင်က ထိုက်ခုန်းတောင်တန်း အစပ်က တောအုပ်တစ်ခုထဲမှာ ရှိတာပါ... သူအဲဒီမှာ နေတာ နှစ်အတော်ကြာပြီလို့ ပြောကြတယ်... ပုံစံကတော့ နည်းနည်း ထူးဆန်းတယ်... လွန်ခဲ့တဲ့ ရက်နည်းနည်းက ကျွန်တော် သွားတွေ့ခဲ့သေးတယ်... တကယ်လည်း စွမ်းရည်ရှိပါတယ်... ကျွန်တော် သူ့ကို မနိုင်လို့ တတိယညီလေးကို အကူအညီတောင်းဖို့ ပြန်လာခဲ့ရတာ... သူထွက်ပြေးသွားမှာ ဒါမှမဟုတ် တခြားလူတစ်ယောက်ယောက် ဦးသွားမှာ စိုးရိမ်လို့ပါ..."

ကျန်းယွီချွန်း ဖြေလိုက်သောအခါ သူ့မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ပေါ်လာသည်။

ချင်းရှောင်းဂိုဏ်း လူသစ်စုဆောင်းရေးနှင့် ပတ်သက်၍ သူ အမှန်တကယ် စိတ်ပူပန်နေမိသည်။ တောင်ခြေရင်းရှိ ရွာများမှလွဲ၍ အခြားမည်သည့်နေရာမှ ဂိုဏ်းသားသစ် မစုဆောင်းနိုင်ခဲ့ပေ။ လူများက ချင်းရှောင်းဂိုဏ်းဟု ကြားသည်နှင့် အနာဂတ်မရှိဟု တွေးကြသည်။ ထို့အပြင် သူကလည်း ငယ်ရွယ်လွန်းသဖြင့် လူပုံအလယ်တွင် ယုံကြည်မှု မရှိသလို ဖြစ်နေသည်။

လက်ရှိတွင် ချင်းရှောင်းဂိုဏ်း၌ လုပ်စရာများစွာ ရှိနေသော်လည်း ဂိုဏ်းသားများမှာ ငယ်ရွယ်လွန်းပြီး လုပ်အား ရှားပါးနေသည်။ ထို့ကြောင့် ဂိုဏ်းသို့ ဝင်ရောက်ရန် ပညာရှင်များကို ရှာဖွေရမည် ဖြစ်သည်။

လီချင်းချိုး ခေတ္တမျှ စဉ်းစားလိုက်သည်။ ကျန်းယွီချွန်းသည် ထိုလူကို စိန်ခေါ်ပြီး ရှုံးနိမ့်ခဲ့သော်လည်း အကောင်းပကတိ ပြန်လာနိုင်သည်ကို ကြည့်လျှင် တစ်ဖက်လူက သွေးဆာနေသူ မဟုတ်ကြောင်း သိသာသည်။ ကျန်းကျောက်ရှားကို စေလွှတ်လိုက်လျှင် အဆင်ပြေလောက်ပေမည်။ ကျန်းယွီချွန်းမှာ ယခုရက်ပိုင်း အလွန် အလုပ်များနေသဖြင့် ဒီတစ်ကြိမ်တော့ သူ့ဆန္ဒအတိုင်း လိုက်လျောသင့်သည်။

"သွားပြောလိုက်ပါ... ငါ သဘောတူတယ်လို့..."ဟု လီချင်းချိုး ပြောလိုက်တော့ကျန်းယွီချွန်းမှာ အတိုင်းမသိ ဝမ်းသာသွားပြီး လီချင်းချိုးကို အလျင်အမြန် ကျေးဇူးတင်စကား ဆိုကာ လှည့်ထွက်သွားတော့သည်။

ညီအစ်ကိုများကြားတွင် သံယောဇဉ် ကြီးမားကြပြီး လီချင်းချိုး သဘောတူသည်ဟု ပြောလျှင် ကျန်းကျောက်ရှား က ကျန်းယွီချွန်းကို ယုံကြည်မည် ဖြစ်သည်။ ကျန်းယွီချွန်းက လိမ်ညာတတ်သူ မဟုတ်သလို လီချင်းချိုး သဘောမတူဘဲ လီချင်းချိုး၏ အမည်ကို အသုံးပြု၍ အမိန့်ပေးမည့်သူလည်း မဟုတ်ချေ။

လီချင်းချိုးက လီတုန်းယွဲ့ အနားသို့ လျှောက်သွားပြီး ပြုံးကာ "တုန်းယွဲ့... ဒီကောင်လေးကို ကောင်းကောင်း စောင့်ရှောက်ပေးဖို့ လိုတယ်နော်... သူက အနာဂတ် ချင်းရှောင်းဂိုဏ်းရဲ့ ဂုဏ်ယူစရာ ဖြစ်လာလိမ့်မယ်လို့ ငါခံစားရတယ်..."

လီတုန်းယွဲ့က ပြုံး၍ ညင်သာစွာဖြင့် "သူဘယ်လောက်ပဲ ထူးချွန်ထူးချွန်... ညီမလေးကတော့ ကောင်းကောင်း စောင့်ရှောက်ပေးမှာပါ..."ဟု ပြန်ဖြေလိုက်သည်။

"ဂိုဏ်းချုပ်... တကယ်လို့ အဲဒီလို ထင်တယ်ဆိုရင် ကျွန်တော့်ညီလေးကို တပည့်အဖြစ် လက်ခံပေးလို့ ရမလား..." ယွမ်ချီက မျှော်လင့်တကြီး မေးလာသည်။

ချင်းရှောင်းဂိုဏ်းသို့ ရောက်ပြီးကတည်းက လီချင်းချိုးနှင့် သူ့ဆက်ဆံရေးမှာ အတော်လေး ဝေးကွာနေခဲ့သည်။ သူသည် သိုင်းပညာဘက်တွင် ထူးခြားသော ပါရမီ မပြနိုင်ခဲ့သဖြင့် လီချင်းချိုး၏ အသိအမှတ်ပြုမှုကို ရရန် မလွယ်ကူကြောင်း သိထားကာ အချို့ညများတွင် သူ ဝမ်းနည်းအားငယ်မိသည်။

လီချင်းချိုးက ရယ်မောလိုက်ပြီး "ကောင်းပြီလေ... သူကြီးလာပြီး စာဖတ်တတ်တဲ့အရွယ် ရောက်ရင် ငါတပည့်အဖြစ် လက်ခံပေးမယ်..."

ဤစကားကို ကြားလိုက်ရသောအခါ ယွမ်ချီမှာ ဝမ်းသာလွန်းသဖြင့် လီချင်းချိုးကို ချက်ချင်း ဒူးထောက်၍ ကျေးဇူးတင်စကား ဆိုလေသည်။

လီတုန်းယွဲ့မှာ လီချင်းချိုးက မတားဆီးသည်ကို တွေ့လိုက်ရသဖြင့် တိတ်တဆိတ် အံ့အားသင့်သွားသည်။ ယွမ်လီလေး၏ ပါရမီက တကယ်ပဲ ထူးခြားနေလို့များလား။

ရွှီနင်း၏ ကျင့်ကြံခြင်း အောင်မြင်မှုများက လီချင်းချိုး၏ ဆုံးဖြတ်ချက် မှန်ကန်ကြောင်း သက်သေပြနေပြီ ဖြစ်သည်။ ချင်းရှောင်းဂိုဏ်းတွင် ဂိုဏ်းသားများစွာ ရှိသော်လည်း လီချင်းချိုးက မည်သူ့ကိုမျှ တပည့်အဖြစ် အလွယ်တကူ လက်မခံခဲ့ပေ။ ဤသည်က သူ တပည့်လက်ခံရာတွင် မည်မျှ စည်းကမ်းကြီးကြောင်း ပြသနေသည်။

"ထပါ ယွမ်ချီ... မင်းရဲ့ ညီလေးကိုချည်းပဲ ဦးစားပေးမနေနဲ့... မင်းလည်း သိုင်းပညာကို ကြိုးစားသင်ယူဖို့ လိုတယ်... ပါရမီဆိုတာ တစ်ပိုင်းပေါ့... ကြိုးစားအားထုတ်မှုကလည်း အရမ်း အရေးကြီးတယ်..."

လီချင်းချိုးက လေးလေးနက်နက် ပြောလိုက်ရာ ယွမ်ချီက မတ်တတ်ထရပ်ပြီး လေးစားစွာ ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် လီတုန်းယွဲ့နှင့် ခေတ္တစကားပြောပြီးနောက် မိမိအခန်းသို့ ပြန်လာခဲ့သည်။ ပြန်လည်နုပျိုစေသော တစ္ဆေဝိညာဉ်အပ်ပညာကို လေ့ကျင့်ရာ၌ စွမ်းအင် အလွန်အကျွံ သုံးစွဲမိသဖြင့် ယနေ့ အနည်းငယ် ပင်ပန်းနေပြီဖြစ်သည်။

ကျင့်ကြံသူများက မအိပ်ဘဲ နေနိုင်သော်လည်း ၎င်းမှာ မူလစွမ်းအင်ကို မသုံးစွဲထားမှသာ ဖြစ်သည်။ လီချင်းချိုးအတွက်မူ တစ်ခါတစ်ရံ အိပ်မက်မက်ခြင်းက မဆိုးလှပေ။

သူ အိပ်ပျော်သွားပြီး ဆူညံသံများ ကြားရမှ နိုးလာတော့သည်။

မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ပြတင်းပေါက် အပြင်ဘက်တွင် မှောင်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူ့ကို ဘာကြောင့် ညစာစားရန် မည်သူမျှ လာမခေါ်ကြသနည်းဟု တွေးမိကာ စိတ်ထဲတွင် သံသယ ဝင်သွားသည်။

အိပ်ယာမှထဖို့ပြင်နေစဉ် ခြံဝန်းအပြင်ဘက်မှ လူတစ်ယောက် အသနားခံနေသံနှင့် အခြားဂိုဏ်းသားများ၏ ဒေါသတကြီး အော်ဟစ်သံများကို ကြားလိုက်ရသည်။

"ဟမ်... အပြင်လူ ရောက်နေတာလား..."

လီချင်းချိုး မတ်တတ်ရပ်၍ တံခါးဆီသို့ လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် ခြံဝန်းတံခါးမကြီး အနီး၌ ဂိုဏ်းသား တစ်ဒါဇင်ခန့် စုဝေးနေကြသည်။ သူတို့အလယ်တွင် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦး မြေကြီးပေါ်တွင် ဒူးထောက်နေကာ မျက်နှာတခုလုံး ဖူးရောင်နေပြီး မျက်ရည်များ စီးကျနေသည်။ သူက လက်အုပ်ချီ၍ အသနားခံနေပုံမှာ အလွန် သနားစဖွယ် ကောင်းလှသည်။

ရွှီနင်းက သူ့ရှေ့တွင် ရပ်နေပြီး သူမ၏ မျက်နှာလေးမှာ အလွန် တည်ကြည်လေးနက်နေသည်။

ကျန်းယွီချွန်းနှင့် ကျန်းကျောက်ရှားတို့လည်း ရိက္ခာခြောက်အချို့ သယ်ဆောင်၍ တောင်အောက်မှ ပြန်ရောက်နေပြီ ဖြစ်သည်။ မည်သူမျှ ဂိုဏ်းသားများကို လူစုမခွဲကြသဖြင့် လူအုပ်ကြီးမှာ ဆူညံပွက်လောရိုက်နေသည်။

ယန်ကျွယ်တိန်က ခြံဝန်းတံတိုင်းကို ကျော်၍ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ သူက တပည့်များ၏ အနောက်တွင် ရပ်၍ သေချာ ကြည့်လိုက်ပြီးနောက် အံ့သြတကြီး ရေရွတ်လိုက်သည်။

"ချန်ချန်ဟိုင်... မင်း ဒီမှာ ဘာလုပ်နေတာလဲ..." ဟုယန်ကျွယ်တိန်က မေးလိုက်တော့မြေကြီးပေါ်တွင် ဒူးထောက်နေသော အနက်ရောင် ဝတ်စုံနှင့် လူက သူ့ကို မော့ကြည့်လိုက်သည်။ သို့သော် အံ့သြမသွားဘဲ ရှက်ရွံ့ခြင်းနှင့် ဒေါသတို့ကြောင့် ခေါင်းငုံ့သွားပြီး မြေကြီးထဲသို့ တိုးဝင်သွားချင်စိတ် ပေါက်နေပုံရသည်။

လီချင်းချိုး အိမ်ထဲမှ ထွက်လာသောအခါ လီတုန်းယွဲ့က ယွမ်လီလေးကို ပွေ့ချီလျက် ရောက်လာသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး လီတုန်းယွဲ့က သူမလည်း မသိကြောင်း ခေါင်းခါပြလိုက်သည်။

"ဘာတွေ ဆူညံနေကြတာလဲ..."ဟု

လီချင်းချိုး လှမ်းမေးလိုက်တော့သူ့အသံကို ကြားလိုက်ရသောအခါ ဂိုဏ်းသားများက အလျင်အမြန် လမ်းဖယ်ပေးကြပြီး ဦးညွှတ်အရိုအသေ ပြုကြသည်။

ဤမြင်ကွင်းကို ကြည့်ပြီး ဘေးတွင် ရပ်နေသော ကျန်းယွီက သဘောကျစွာ ခေါင်းညိတ်လိုက်ပြီး ကျေနပ်နေပုံရသည်။

ချင်ယဲ့က ဦးစွာ ပြောလိုက်သည်။ "ဆရာသခင်... ဒီလူက ပစ္စည်းခိုးဖို့ ဂိုဏ်းထဲကို ခိုးဝင်လာတာပါ... ဒါပေမဲ့ ဂိုဏ်းတူအစ်မကြီး ဖမ်းတာ ခံလိုက်ရတယ်..."

သူပြောသော ဂိုဏ်းတူအစ်မကြီး ဆိုသည်မှာ ရွှီနင်းကို ဆိုလိုခြင်း ဖြစ်သည်။ ရွှီနင်းက သူ့ထက် ငယ်သော်လည်း လီချင်းချိုး၏ တပည့် အရင် ဖြစ်လာခဲ့ပြီး သူမ၏ သိုင်းပညာ စွမ်းရည်မှာ မြင့်မားလွန်းသဖြင့် ချင်ယဲ့ သူမ၏ အရည်အချင်းကို လုံးဝ ယုံကြည်လက်ခံထားသည်။

ခိုးတယ် ဟုတ်လား။

လီချင်းချိုး သံသယ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ချင်းရှောင်းဂိုဏ်းက ယခင်ကနှင့် မတူတော့ဘဲ ခိုးယူစရာ ပစ္စည်းများ ရှိလာပြီ ဖြစ်သောကြောင့်တည်း။

သူက ချန်ချန်ဟိုင်၏ ရှေ့သို့ လျှောက်သွားပြီး အထက်အောက် စုန်ဆန် ကြည့်လိုက်သည်။

ချန်ချန်ဟိုင်က ကမန်းကတန်းဖြင့် "ကျွန်တော် ဗိုက်ဆာလွန်းလို့ပါ... စားစရာလေး နည်းနည်းလောက် လာယူတာပါ..."

ရွှီနင်းက"ရှင်က ပစ္စည်းနည်းနည်းလောက်ပဲ ယူတာလား... ကြက်ကင်တစ်ကောင်လုံး ခိုးထားပြီးတော့... ပြီးတော့ ဝိုင်အိုးနှစ်လုံးလည်း ယူသေးတယ်... အဲဒါတွေကို မြေကြီးပေါ် ခွဲချခဲ့တယ်... ဒီကိစ္စ ဒီလောက်နဲ့ မပြီးဘူးနော်..."

ဤသည်ကို ကြားလိုက်ရသောအခါ လီချင်းချိုး၏ မျက်နှာလည်း မည်းမှောင်သွားသည်။

ချင်းရှောင်းဂိုဏ်းက ချမ်းသာလာပြီ ဖြစ်သော်လည်း ပါးစပ်ပေါက်များစွာကို ကျွေးမွေးရမည် ဖြစ်သဖြင့် အရာရာကို စနစ်တကျ စီမံခန့်ခွဲရသည်။ ကြက်ကင်တစ်ကောင်လုံး ဆိုသည်မှာ ရှားပါးသော ဇိမ်ခံပစ္စည်း ဖြစ်ပြီး ဤကောင်က တကယ်ပင် ခိုးရဲလေသည်။

"ကျွန်တော် ပြန်လျော်ပေးပါ့မယ်... ကျွန်တော့်ကို အခွင့်အရေး တစ်ခုလောက် ပေးပါ... အများဆုံး ငါးရက်ပါပဲ... လျော်ကြေးငွေ ပြန်ယူပြီး သေချာပေါက် ပြန်လာခဲ့ပါ့မယ်..."

ချန်ချန်ဟိုင်က အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ကမန်းကတန်း ပြောလိုက်သည်။ ထို့နောက် ယန်ကျွယ်တိန် ဘက်သို့ လှည့်ကြည့်ပြီး "နဂါးသတ်သူရဲကောင်းကြီး... ခင်ဗျား ကျွန်တော့်ကတိရဲ့ တည်ကြည်မှုကို သိပါတယ်... ကျွန်တော့်အတွက် ပြောပေးပါဦး..."

ဝိုင်အိုးနှစ်လုံး ကုန်သွားပြီဟု ကြားလိုက်ရသောအခါ ယန်ကျွယ်တိန်မှာ ဒေါသထွက်လွန်းသဖြင့် နှာမှုတ်ပြီး မျက်ထောင့်နီကြီးဖြင့် ကြည့်လိုက်သည်။ ယခု ချန်ချန်ဟိုင်က သူ့ကို အသနားခံခိုင်းနေသဖြင့် သူက စိတ်တိုတိုနှင့် "မင်းအတွက် ပြောပေးရမယ် ဟုတ်လား... မင်းကို သိတာတောင် ငါရှက်တယ်... သူခိုးဘုရင် ဆိုတဲ့ကောင်က အာဏာရှိသူတွေနဲ့ သူဌေးတွေဆီကနေ ပြည်သူတွေရဲ့ ချွေးနည်းစာကို ခိုးရမယ့်အစား ငါတို့တောင်ပေါ် လာပြီး ကြက်ကင်နဲ့ ဝိုင်ကို လာခိုးတယ်ပေါ့... ခိုးတာက ထားပါတော့... ကလေးတစ်ယောက်ရဲ့ လက်ထဲမှာ အဖမ်းခံရတယ် ဆိုတော့... မင်းကိုယ်မင်း မရှက်ဘူးလား..."

သူ့စကားများက မီးလောင်ရာ လေပင့်သလို ဖြစ်သွားပြီး ချန်ချန်ဟိုင်မှာ ချက်ချင်း ငိုချလိုက်တော့သည်။

"ယန်ကျွယ်တိန်... ဒါက ကလေးတဲ့လားဗျာ... သူက မိစ္ဆာမလေးပါဗျ... ခင်ဗျားလည်း သူ့ကို နိုင်မှာ မဟုတ်ပါဘူး..."

ဤစကားကို ကြားသောအခါ ယန်ကျွယ်တိန် ဒေါသထွက်သွားသည်။ သူက ရွှီနင်းကို မယှဉ်နိုင်စရာ အကြောင်း ရှိပါ့မလား။

သူ ရွှီနင်း တောင်ပေါ်တက်သွားသည်ကို ကြည့်နေခဲ့ဖူးသည်။ ဤမျှ တိုတောင်းသော အချိန်အတွင်း ရွှီနင်းက သူ နှစ်ပေါင်းနှစ်ဆယ်ကြာ ကြိုးစားအားထုတ်ခဲ့ရသော ကျင့်ကြံမှုကို ကျော်ဖြတ်သွားခဲ့ပြီလော။

သို့သော် သူ၏ အကြည့်များ ရွှီနင်း၏ ဘေးတိုက်မျက်နှာထားပေါ်သို့ မတော်တဆ ရောက်သွားသောအခါ သူ့ရင်ထဲတွင် ထူးဆန်းသော တုန်လှုပ်မှုတစ်ခုကို ခံစားလိုက်ရသည်။

All Chapters