← Chapters

အခန်း (၅၄၁)

Vol. 37 Ch. 541

အခန်း (၅၄၁)

Vol. 37 Ch. 541

ဤမျက်လုံးစင်းစင်းနှင့် အမျိုးသားသည် မဟူရာ သမုဒ္ဒရာ ဂလက်စီရှိ အချမ်းသာဆုံးပုဂ္ဂိုလ်၏ သားဖြစ်သည်။ ထို့အပြင် သူသည် ကိုယ်ပိုင် ပိုင်ဆိုင်မှုများစွာလည်း ရှိသည်။ သူ ဒီကောင်မလေး မော့ချူးကို ရှုံးနိမ့်စရာအကြောင်းမရှိပေ။ ကျွတ်စ် ကျွတ်စ် ကိုယ့်သေတွင်းကိုယ်တူးသူတွေကို မြင်ဖူးပေမဲ့ ဒီလိုမျိုး တိုးဝင်လာသူကိုတော့ တစ်ခါမှမမြင်ဖူးဘူး။

ပြီးတော့ ဒီစိတ်ဝိညာဉ်အစားအစာကို သူတို့ သေချာပေါက် ရကိုရရမည်။

ရှဲ့ချွင်ရှီးသည် ဆက်မထိန်းနိုင်တော့ဘဲ ဒေါသတကြီး ပြောလိုက်သည်။

"ခင်ဗျားတို့က ကျွန်တော်တို့ကို အနိုင်ကျင့်နေတာ မဟုတ်ဘူးလား။ ဒီလူ့ရဲ့ပိုက်ဆံက မိသားစုငယ်တစ်စုရဲ့ စုစုပေါင်းပိုင်ဆိုင်မှုထက်တောင် များနိုင်တယ်။ ခင်ဗျားတို့ ဒီလိုလုပ်နိုင်လိမ့်မယ်လို့တောင် မထင်ထားဘူး..."

"ဒါက မစ္စ မော့ချူး ကိုယ်တိုင် သဘောတူခဲ့တဲ့အရာပဲ။"

ထိုအမျိုးသားသည် ရှဲ့ချွင်ရှီး၏ စကားကို ဖြတ်ပြောလိုက်ပြီး မော့ချူးကို လှည့်ကြည့်လိုက်သည်။

"'ပြောတဲ့စကားတည်ရတယ်' ဆိုတဲ့ စကားကို မင်းတို့ အဖွဲ့ချုပ်ကလူတွေလည်း နားလည်သင့်တယ် မဟုတ်လား။"

"ဟုတ်တာပေါ့။"

မော့ချူး၏ နှုတ်ခမ်းထောင့်သည် အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။ "ဒါပေမဲ့ အချိန်ကျလာတဲ့အခါ ရှင်လည်း ဒီစကားလေးလုံးကို သတိရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

"မော့ချူး၊ သူ့စကားနားမထောင်နဲ့။ ဒီလူက..."

ရှဲ့ချွင်ရှီးသည် မော့ချူး အရှုံးနှင့်ရင်ဆိုင်ရမည်ကို စိုးရိမ်သောကြောင့် သူမကို သတိပေးရန် အလျင်အမြန် ခေါင်းလှည့်လိုက်သည်။ သို့သော် ကျုံးဝမ်က လက်လှမ်းတားလိုက်ပြီး သူ့နားနားကပ်၍ တိုးတိုးလေးပြောလိုက်သည်။

"တော်ပြီ၊ စိတ်မပူနဲ့။ ချူးလေးက ကြိုတင်ပြင်ဆင်မှုမရှိဘဲ စစ်မတိုက်ဘူး။"

'… ဒီမိန်းကလေးရဲ့ ဓနဥစ္စာက အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့သားရဲ့ ဓနဥစ္စာနဲ့ ယှဉ်နိုင်လို့လား။'

ရှဲ့ချွင်ရှီးသည် မော့ချူးကို စိုက်ကြည့်ကာ သက်ပြင်းတိုးတိုးချလိုက်သည်။ နောက်ဆုံးတွင် သူရပ်တန့်လိုက်ပြီး သူ့ထိုင်ခုံတွင် ထိုင်ကာ နောက်ထပ်စကားတစ်ခွန်းမှ မပြောတော့ပေ။

"ရှင် အရင်စမလား၊ ဒါမှမဟုတ် ကျွန်မ အရင်စရမလား။"

မော့ချူးသည် အမြဲတစေ တည်ငြိမ်သော သဘောထားဖြင့် ညင်သာစွာ မေးလိုက်သည်။

ခလုတ်ခုံထဲမှ ငွေကို အလွန်ရှင်းလင်းစွာ မြင်နိုင်ပြီး တစ်ချက်နှိပ်လိုက်ရုံဖြင့် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

"ငါ အရင်စမယ်။"

ဖီးနစ်လိုမျက်လုံးများနှင့် အမျိုးသားသည် နှာခေါင်းရှုံ့လိုက်သည်။ သူသည် သူ၏လက်ကောက်ဝတ်ပေါ်မှ လုတ်ခုံ ကို ချက်ချင်းဖွင့်ကာ 'ကိုယ်ပိုင်ဘဏ္ဍာရေး' ကော်လံသို့ လျင်မြန်စွာ ရွှေ့လိုက်သည်။ သူသည် အလင်းမျက်နှာပြင်ကို တမင်တကာ ချဲ့လိုက်ပြီး မော့ချူးကို လှမ်းကြည့်လိုက်သည်။

"မင်း သေချာကြည့်ထားရမယ်။ အချိန်ကျမှ မငြင်းနဲ့။"

"စိတ်မပူပါနဲ့။"

မော့ချူးသည် ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။ "ကျွန်မရဲ့ မျက်စိက အပြစ်အနာအဆာ မရှိသလောက်ပါပဲ။"

"ဟုတ်လား။"

ထိုအမျိုးသားသည် နှာခေါင်းရှုံ့လိုက်ပြီး နောက်ထပ်ဘာမှမပြောတော့ပေ။ သူ၏လက်ချောင်းဖြင့် ခပ်ဖွဖွတို့လိုက်ရာ သူ၏ပုဂ္ဂလိကပိုင်ဆိုင်မှုများအားလုံး ပေါ်ထွက်လာသည်။ ခလုတ်ခုံ ပေါ်တွင် ပေါ်လာသော ရှည်လျားသည့် သုညတွဲကြီးသည် လူတိုင်း၏မျက်လုံးများကို ကြိန်းစပ်သွားစေသည်။

"ဟေး.. ဒီကောင် !"

နောက်မှ အမျိုးသား အနည်းငယ်သည် သူတို့၏မျက်လုံးထဲမှ မနာလိုမှုကို မဖုံးကွယ်နိုင်ကြပေ။ သူတို့သည် သူ့ပခုံးကို ပြင်းပြင်းထန်ထန် ပုတ်လိုက်ကြသည်။

"မိုက်လှချည်လား။ အချိန်မကြာသေးဘူး၊ မင်းရဲ့ ပိုင်ဆိုင်မှုက နောက်တစ်ခါ နှစ်ဆဖြစ်သွားပြန်ပြီ ဟုတ်လား။"

သူတို့အားလုံးသည် အသိုင်းအဝိုင်းထဲမှ ချမ်းသာသောမိသားစုများ၏ သားသမီးများဖြစ်ကြသည်။ သူတို့တွင် အခွင့်အာဏာများစွာရှိသော်လည်း ငွေရှာနိုင်သည့် အရှိန်နှုန်းအရမူ ဤမျက်လုံးစင်းစင်းနှင့် အမျိုးသားကို မယှဉ်နိုင်ကြပေ။ သူသည် ငွေစုဆောင်းရာတွင် မွေးရာပါကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

ရှဲ့ချွင်ရှီးသည်လည်း ရှင်းလင်းစွာမြင်တွေ့လိုက်ရပြီး မော့ချူးအတွက် စိုးရိမ်စိတ်မဖြစ်ဘဲ မနေနိုင်တော့ပေ။

"ဘယ်လိုလဲ။"

ဖီးနစ်မျက်လုံးများနှင့် အမျိုးသားသည် မော့ချူးကို လှမ်းကြည့်ကာ အသံမြှင့်ပြောလိုက်သည်။

"မင်း ယှဉ်ရဲသေးလား။"

သူသည် သူ၏နှလုံးသားထဲတွင် အနည်းငယ် ကျေနပ်ဂုဏ်ယူစိတ်မဖြစ်ဘဲ မနေနိုင်တော့ပေ။ ဤပမာဏသည် ဒီကောင်မလေးကို ကြောက်လန့်သွားစေသင့်သည် မဟုတ်လား။ အဖွဲ့ချုပ်မှာ နာမည်နည်းနည်းရှိရုံနဲ့ ကိုယ့်ကိုယ်ကိုယ် သိပ်တော်တယ်လို့ မထင်နဲ့။ ဒါတောင် မဟူရာသမုဒ္ဒရာ ဂလက်စီကို လာပြီး ထောင်လွှားရဲသေးတယ်။ ဒါက ဘယ်သူ့နယ်မြေလဲဆိုတာ မင်းမမြင်ဘူးလား။

"ယှဉ်ကြတာပေါ့။ ဘာလို့မယှဥ်နိုင်ရမှာလဲ။"

မော့ချူးသည် ခေါင်းညိတ်လိုက်ရင်း ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ သူမ၏ မျက်နှာပေါ်မှ တည်ငြိမ်မှုသည် ယခင်အတိုင်းပင် ဖြစ်သည်။

မော့ချူး၏ တည်ငြိမ်သောမျက်နှာအမူအရာကို မြင်သောအခါ ဖီးနစ်မျက်လုံးများနှင့် အမျိုးသားသည် မျက်မှောင်ကြုတ်လိုက်မိသည်။

ယုတ္တိတန်တန်ပြောရလျှင် ဤမိန်းကလေး ထိတ်လန့်နေသင့်သည် မဟုတ်လား။ အဘယ်ကြောင့် သူမသည် ဤမျှလောက် တည်ငြိမ်နေရသနည်း။

ဤမိန်းကလေး၏ စည်းစိမ်ဥစ္စာသည် အမှန်တကယ်ပင် သူ့ထက်ပိုများနေသည်လား။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

ဤအတွေးပေါ်လာသည့်အခိုက်တွင် သူသည် ထိုအတွေးကို အလိုလျောက် ပယ်ချလိုက်သည်။

ခလုတ်ခုံထဲမှ ပိုင်ဆိုင်မှုများကို အတုလုပ်၍မရနိုင်ကြောင်း သိထားရမည်ဖြစ်သည်။ မော့ချူးတွင် ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သော နည်းလမ်းများရှိသည့်တိုင် ဤမျှတိုတောင်းသောအချိန်အတွင်း ကြယ်ကွန်ယက်ရှိ မှတ်တမ်းများကို ဝင်ရောက်ခြယ်လှယ်ရန်မှာ မဖြစ်နိုင်ပေ။ ထိုမှတ်တမ်းများမှာ အစစ်အမှန်ကိန်းဂဏန်းများဖြစ်ပြီး အတုလုပ်၍မရနိုင်ပေ။

!!

သို့သော်... ဤမိန်းကလေးသည် ဟန်ဆောင်နေခြင်းသာ ဖြစ်နိုင်သည်။

ဤသို့တွေးမိသောအခါ ဖီးနစ်မျက်လုံးများနှင့် အမျိုးသားသည် ခေါင်းမော့ကာ မော့ချူးကို ဂရုတစိုက် အကဲခတ်လိုက်မိသည်။

သူမသည် ကောင်းမွန်စွာချုပ်လုပ်ထားသော အဝတ်အစားတစ်စုံကို ဝတ်ဆင်ထားပြီး အသားမှာလည်း မဆိုးလှပေ။ သို့သော် ဤဒီဇိုင်းမှာမူ... နာမည်ကြီးအိမ်တော်တစ်ခုမှ မဟုတ်သည်မှာ ထင်ရှားသည်။ သူမ၏ မည်းနက်သောဆံပင်ကို သာမန် ခေါင်းစည်းကြိုးဖြင့် စည်းနှောင်ထားသည်။ သူမ၏ မျက်နှာမှာ အလွန်ရိုးရှင်းပြီး မိတ်ကပ်လိမ်းထားပုံပင် မပေါ်ပေ။

သူမ ဘယ်လောက် ချမ်းသာနိုင်မှာလဲ။

ခပ်ဖွဖွ နှာခေါင်းရှုံ့လိုက်ရာ ထိုအမျိုးသား၏ နှလုံးသားသည် လျင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။

သို့သော် မော့ချူး ခလုတ်ခုံကို ဖြည်းညင်းစွာဖွင့်လိုက်ပြီး အတွင်းမှ ပိုင်ဆိုင်မှုကိန်းဂဏန်းများ ပေါ်ထွက်လာသည်ကို မြင်လိုက်ရသောအခါ ဤတည်ငြိမ်မှုသည် ချက်ချင်းပင် ပြာမှုန်များအဖြစ်သို့ ကြေမွသွားခဲ့သည်။

ဘုရား...ဘုရား။

ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

သူဘာမြင်လိုက်သည်ကို သူကိုယ်တိုင်မသိသော်လည်း မြင်လိုက်ရသည့်အခါတွင်မူ သူ အလွန်တုန်လှုပ်သွားခဲ့သည်။

ဤဖီနစ်မျက်လုံးများနှင့် အမျိုးသားသည် သူ၏ထိုင်ခုံမှ ခုန်ထလုနီးပါး ဖြစ်သွားသည်။

မော့ချူး၏ ခလုတ်ခုံ ပေါ်တွင် ထိုရှည်လျားသော သုညတွဲကြီးသည် ကောင်းကင်ကိုပင် ထိုးဖောက်တော့မတတ် ဖြစ်နေသည်။ တစ်၊ ဆယ်၊ ရာ... တစ်သန်း၊ ဆယ်သန်း၊ တစ်ဘီလီယံ... မကောင်းတော့ဘူး။ မသိစိတ်ဖြင့် စတင်ရေတွက်နေသော အမျိုးသားသည် ခေါင်းခါလိုက်သည်။ ဤနံပါတ်သည် အလွန်ကြီးမားပြီး သူ၏မျက်လုံးများပင် ထိုအရာကြောင့် ကျိန်းစပ်သွားသည်။

သို့သော် အသေးစိတ်ရေတွက်ရန်မလိုအပ်ဘဲ ယခုကဲ့သို့ အကြမ်းဖျင်းကြည့်လိုက်ရုံဖြင့် မော့ချူး၏ ခလုတ်ခုံ ပေါ်မှ ဓနဥစ္စာပမာဏသည် သူ၏ပိုင်ဆိုင်မှုထက် အသေအချာပင် ပိုများကြောင်း သူသိလိုက်သည်။

ခုဏကမှ ကျေနပ်ဂုဏ်ယူနေသော ဖီးနစ်မျက်လုံးများနှင့် အမျိုးသားသည် ထိုအချိန်တွင် မျက်နှာဖြူဖျော့သွားသည်။ သူ၏နောက်မှ ထိုလူများပင် ကြောက်လန့်တကြားဖြင့် မျက်နှာ ဖြူဖျော့သွားကြသည်။ သူတို့ မော့ချူးသည် အမှန်တကယ်ပင် ဤမျှချမ်းသာလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ကြပေ။

သူမက ချမ်းသာသည်။ မဟုတ်ဘူး၊ သူမသည် အလွန်အမင်းချမ်းသာသည်ဟု ဆိုသင့်သည်။

ခဏတာမျှ သူ၏အသက်ရှူသံပင် ပို၍ပြင်းလာခဲ့သည်။

သူမ၏ ဘေးမှ ရှဲ့ချွင်ရှီးသည် မယုံကြည်နိုင်စွာဖြင့် သူ့မျက်လုံးများကို ပွတ်သပ်လိုက်သည်။ မော့ချူး၏ ခလုတ်ခုံ ပေါ်မှ နံပါတ်များကို ကြည့်ရင်း သူ၏မျက်လုံးများသည် အရောင်တောက်လုနီးပါးဖြစ်နေသည်။ ဒါသည် ရှုံးနိမ့်သော ကစားပွဲတစ်ခုဟု သူထင်ခဲ့သော်လည်း ဤမိန်းကလေးသည် အခြေအနေကို ပြောင်းပြန်လှန်လိုက်သည်။ အံ့ဩစရာပင်။

သူ မော့ချူးကို စိုက်ကြည့်နေစဉ် သူ့မျက်လုံးများသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ ဤမိန်းကလေးသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။ သူမသည် ပုံမှန်အားဖြင့် သူမ၏ အရည်အချင်းများကို ကောင်းစွာဖုံးကွယ်ထားတတ်သည်။

"သူဌေးကြီး၊ ငါ ဒီနေ့ကစပြီး နင့်နောက်ပဲ လိုက်တော့မယ်။" ရှဲ့ချွင်ရှီးသည် မော့ချူးနှင့် နီးကပ်စွာရှိနေသည်။ သူသည် လက်လှမ်းကာ မော့ချူး၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ ထိုငွေများသည် သူပိုင်ဆိုင်သကဲ့သို့ သူ့မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

"အာ့ အာ့ –" မော့ချူး ဘာမှမပြောနိုင်ခင်မှာပင် သူမ လက်ထဲမှ ဝိုင်းဝိုင်းသည် မကျေမနပ်ဖြစ်သွားခဲ့သည်။

သူ၏ချွန်ထက်သော လက်သည်းများသည် အောက်သို့ခြစ်ချလိုက်ရာ ရှဲ့ချွင်ရှီးကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေခဲ့သည်။ သူသည် မော့ချူး၏ အင်္ကျီစကို ဆွဲရန် မဝံ့ရဲတော့ပေ။ ဒီကောင်လေး၏ စွမ်းအားကို သူသိသောကြောင့် ရင်ဆိုင်ရန် မဝံ့ရဲပေ။

ထိုအခြင်းအရာကိုမြင်သောအခါ ဝိုင်းဝိုင်း နောက်ဆုံးတွင် ကျေနပ်သွားသည်။ သူသည် သူ၏ခေါင်းကို အနည်းငယ် မော့လိုက်သည်။ 'ဟွန်း။ ဒီတုံးအတဲ့လူသားတွေက အမြဲတမ်း ငါ့နေရာကို လုချင်နေကြတာ။ အိပ်မက်ထဲမှာတောင် မက်ခွင့်မရှိဘူး။'

"တော်ပြီ၊ မနောက်နဲ့တော့။"

မော့ချူး ရယ်မောလိုက်သည်။ သူမသည် လက်လှမ်းကာ ဝိုင်းဝိုင်း၏ ဗိုက်ပူပူလေးကို တို့ထိလိုက်သည်။ ထိုကောင်လေးသည် တို့ထိခံရသည်က သက်သောင့်သက်သာ ရှိလှသည်ဟု ခံစားရသောကြောင့် သူ့ကိုယ်ကို ပျင်းရိစွာ ပြားချပ်လိုက်သည်။ သူ့မျက်လုံးများသည် အနည်းငယ်မှေးစင်းသွားပြီး သူ၏ဆီးနှင်းကဲ့သို့ဖြူဖွေးသောဗိုက်သားကို ဖော်ပြကာ အလွန်သက်သောင့်သက်သာရှိနေသည်။

"နင်ဘာမှမဖြစ်ဘူးနော်။ ဒီကောင်လေးက ဒီတိုင်း နောက်နေတာပါ။" ဤကောင်လေးကို နှစ်သိမ့်ပြီးနောက် မော့ချူးသည် ရှဲ့ချွင်ရှီး ဘက်သို့ လှည့်ကာ တောင်းပန်သောလေသံဖြင့် ပြောလိုက်သည်။

"ငါ ဘာမှမဖြစ်ပါဘူး။"

ရှဲ့ချွင်ရှီး ခေါင်းခါလိုက်သည်။ အကယ်၍ ဝိုင်းဝိုင်း သူ့ကို အမှန်တကယ် ခြစ်ချင်ခဲ့ပါက သူလွတ်မြောက်နိုင်မည်မဟုတ်ကြောင်း သူကောင်းစွာသိသည်။ 'ဟင်း။ ဒီခေတ်ကြီးမှာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို ရှုံးနိမ့်ရတာ တကယ်ကို ရှက်စရာကောင်းတာပဲ။'

သို့သော် သူ့အကြည့်ကို တစ်ဖက်လှည့်ကာ ဘေးမှ အမျိုးသားအနည်းငယ်ကို မြင်လိုက်ရသောအခါ ရှဲ့ချွင်ရှီး၏ စိတ်အခြေအနေသည် ချက်ချင်း တိုးတက်ကောင်းမွန်လာခဲ့သည်။

'သောက်ကျိုးနည်း ဒီလူတွေက ပိုတောင် ဆိုးဝါးနေသေးတယ် မဟုတ်လား။'

"ခလုတ်ခုံထဲက ပိုင်ဆိုင်မှုအားလုံးကို ကျွန်တော်ကြည့်ပြီးပြီ၊ အဖြေလည်းထွက်လာပြီ။"

ရှဲ့ချွင်ရှီးသည် မူလကတည်းက မာနကြီးသူတစ်ဦးပင်။ ထိုအချိန်တွင် သူသည် မျက်ခုံးပင့်ကာ မေးကို ချွန်လိုက်သည်။ သူ၏မာနကြီးသောဟန်ပန်သည် အမျိုးသားအနည်းငယ်ကို အံကြိတ်စေခဲ့သည်။

"မင်းတို့ရဲ့ ကတိကို ဖြည့်ဆည်းသင့်ပြီ မဟုတ်ဘူးလား။"

'မြန်မြန် တောင်းပန်လိုက်ကြလေ။ အဲ့ဒီမှာ ဒီအတိုင်းရပ်ပြီး ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းတယ်လို့ မထင်နေကြနဲ့။'

ထိုစကားကို ကြားသောအခါ မျက်လုံးစင်းစင်းနှင့် အမျိုးသား၏ မျက်နှာအမူအရာသည် မည်းမှောင်သွားသည်။ သူသည် ရှဲ့ချွင်ရှီးကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။

'မင်းက ဘယ်သူလဲ။ တော်တော်လေးတော့ ခုန်ပေါက်နေတာပဲ။'

သို့သော် မော့ချူး၏ အနည်းငယ် သရော်လှောင်ပြောင်သောအကြည့်များနှင့် ဆုံမိသောအခါ သူတို့သည် အသက်ရှူ ကြပ်သွားလုနီးပါး ဖြစ်ခဲ့သည်။

အမှန်ပင်။ ယခင်လောင်းကြေးအရ သူတို့ ယခု မော့ချူး ကို တောင်းပန်သင့်သည်။ သို့သော်... အမျိုးသားအနည်းငယ်သည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ အနည်းငယ် မကျေမနပ်ဖြစ်နေကြသည်။

အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် သူတို့သည် မော့ဟိုင်း ဂလက်စီတွင် သြဇာလွှမ်းမိုးမှုရှိသော ပုဂ္ဂိုလ်များဟု ယူဆနိုင်သော်လည်း ယခုမူ အသက်မပြည့်သေးသော မိန်းကလေးတစ်ဦးကို ဦးညွှတ်တောင်းပန်ရမည်ဖြစ်သည်။ သဘာဝကျစွာပင် သူတို့ မကျေနပ်ကြပေ။

"ဘာလဲ၊ ရှင်တို့... ကတိဖျက်ဖို့ ပြင်ဆင်နေကြတာလား။"

မော့ချူးသည် သူတို့၏အတွေးများကို သဘာဝကျစွာ မြင်နေရသည်။ သူမသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဝိုင်းဝိုင်း၏ ဗိုက်ကို ပွတ်သပ်နေသော သူမ၏ လက်များ ရပ်တန့်သွားခဲ့သည်။

သူမရပ်လိုက်သောအခါ ဝိုင်းဝိုင်းသည် သူမ၏လက်ထဲတွင် ချက်ချင်းခံစားလိုက်ရပြီး မျက်လုံးများဖွင့်ကာ အနည်းငယ် စိတ်မသက်မသာဖြစ်သွားသည်။

သူ၏လက်သည်းများသည် မော့ချူး၏ လက်ကို ရှာဖွေဆုပ်ကိုင်ကာ သူ့ဗိုက်နှင့် ပွတ်သပ်လိုက်သည်။ သူသည် ညင်သာစွာ ညည်းညူလိုက်သေးရာ ထိုအမူအရာသည် အလွန်ပင်ချစ်စရာကောင်းလှသည်။

"ကောင်းပြီ၊ ကောင်းပြီ၊ ငါ ဆက်ကုတ်ပေးမယ်နော်။"

ဝိုင်းဝိုင်း၏ ချစ်ခင်ဖွယ်အမူအရာကို မြင်သောအခါ မော့ချူး မပြုံးဘဲမနေနိုင်တော့ပေ။ သူမ၏ သွယ်လျသောလက်ချောင်းများသည် ဝိုင်းဝိုင်း၏ ဗိုက်ကို ဆက်ပွတ်ပေးနေသည်။ ဤနူးညံ့သောအမွှေး... တို့ထိရသည်မှာ အတော်ပင် သက်သောင့်သက်သာရှိသည်။

All Chapters