← Chapters

အခန်း (၅၄၄)

Vol. 37 Ch. 544

အခန်း (၅၄၄)

Vol. 37 Ch. 544

ထို့ကြောင့် မော့ချူး၏ ကြောင်ငေးနေသော မျက်နှာအမူအရာသည် ရှဲ့ချွင်ရှီး၏ စိတ်လှုပ်ရှားတက်ကြွမှုနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။

သူတို့ နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ဒီအခြေအနေသည်… ထူးထူးခြားခြား ရှုပ်ထွေးလှပေသည်။

"မင်း... မသိဘူးလား။" ရှဲ့ချွင်ရှီးသည် ခြောက်ကပ်ကပ် အသံတစ်ခုကို ညှစ်ထုတ်လိုက်ပြီး သူ၏ လေသံသည် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

မဟူရာသမုဒ္ဒရာဂလက်စီ၏ အမဲလိုက်ပွဲတော်သည် နှစ်ပေါင်း ၅၀၀ နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည်ကို သိထားရပေမည်။

ဒီပွဲတော်တွင် ရှည်လျားသော သမိုင်းကြောင်း ရှိခဲ့ပြီး ဤဂလက်ဆီရှိ လူတိုင်းနီးပါးက ဒီပွဲအကြောင်းကို သိရှိကြသည်။

မော့ချူးက ခြွင်းချက် ဖြစ်နိုင်မည်လား။

မော့ချူးက ရိုးသားစွာ ခေါင်းခါလိုက်သည်။ "ဟုတ်တယ်၊ ကျွန်မ မသိဘူး။"

သူမ၏ တည်ငြိမ်လှသော အမူအရာသည် ရှဲ့ချွင်ရှီးကို သွေးအန်လုနီးပါး ဖြစ်သွားစေခဲ့သည်။

"ထားလိုက်ပါ၊ ဒါက ကိစ္စကြီး မဟုတ်ပါဘူး။" နျဥ်ယွိယွမ်က လက်လှမ်းလိုက်ပြီး မော့ချူး၏ ဆံပင်ကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

"ချူးလေး မသိပေမဲ့ သူ့အတွက် ကျွန်တော် ရှိနေတာပဲ၊ ဟုတ်တယ်မလား။"

နျဥ်ယွိယွမ်သည် ဤမိန်းကလေးမှာ သာမန်အသိတရား ဗဟုသုတ နည်းပါးသူ တစ်ယောက် ဖြစ်ကြောင်း ကာလရှည်ကြာကတည်းက သတိပြုမိခဲ့သည်။

မဟူရာသမုဒ္ဒရာဂလက်စီ၏ ရိုးရာပွဲတော်ကို မဆိုထားနှင့်၊ သူမသည် အဖွဲ့ချုပ်၏ ရိုးရာဓလေ့များကိုပင် မျက်ကန်း ဖြစ်နေနိုင်သေးသည်။

... မည်သို့ပင် ဆိုစေကာမူ သူမသည် အာဟာရခန်းထဲတွင် ဆယ်နှစ်ကျော်ကြာ လဲလျောင်းနေခဲ့ရသည်။

ဤမျှ တိုတောင်းသော အချိန်အတွင်း ဤအရာအားလုံးကို သူမ မည်သို့ သိရှိနိုင်မည်နည်း။

အာဟာရခန်းထဲတွင် လဲလျောင်းနေသော မော့ချူး အကြောင်း တွေးမိသောအခါ နျဥ်ယွိယွမ်၏ မျက်လုံးများထဲတွင် ချစ်ခင်သနားခြင်း အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်ကို မတားဆီးနိုင်ခဲ့ပေ။

သူသည် မော့ချူးကို ဆုပ်ကိုင်ထားသော သူ၏ လက်ဖဝါးကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူမကို ကြည့်နေသော သူ၏ အကြည့်များသည် နူးညံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

'ဒုက္ခပါပဲ။ သူတို့ နှစ်ယောက် ကြင်နာပြနေကြပြန်ပြီ။'

ရှဲ့ချွင်ရှီးက စုတ်သပ်လိုက်သည်။

သူသည် သူတို့ နှစ်ယောက်၏ ကြင်နာပြနေမှုများကို မမြင်ရစေရန် သူ၏ မျက်လုံးများကို အမှန်တကယ် ဖုံးအုပ်ထားချင်ခဲ့သည်။

"အချိန် လင့်နေပြီ။ အချိန်က လူကို မစောင့်ဘူး။ မြန်မြန် သွားကြရအောင်။"

ရှဲ့ချွင်ရှီး၏ စိတ်မရှည်သော အမူအရာကို ကြည့်ရင်း မော့ချူးသည် မျှော်လင့်ချက် အနည်းငယ် မခံစားမိဘဲ မနေနိုင်ခဲ့ပေ။

"ဒီ အမဲလိုက် ပွဲတော်က... ပျော်စရာ ကောင်းလား။"

ဒါကို ကြားသောအခါ ရှဲ့ချွင်ရှီးက စိတ်လှုပ်ရှားစွာ လှည့်လာခဲ့သည်။

သူ တစ်စုံတစ်ခု ပြောရန် ပြင်လိုက်စဉ်မှာပင် နျဥ်ယွိယွမ် က သူ့စကားကို ဖြတ်ပြောလိုက်သည်။ "သူက ဘယ်လိုလုပ် သိမှာလဲ။ ဒီပွဲတော်က နှစ် ၂၀ မှာ တစ်ခါပဲ ကျင်းပတာ။"

ရှဲ့ချွင်ရှီးသည် ယခုနှစ်တွင်မှ ၂၅ သို့မဟုတ် ၂၆ နှစ်သာ ရှိသေးသည်။ လွန်ခဲ့သော နှစ် ၂၀က... သူသည် ၅ နှစ် သို့မဟုတ် ၆ နှစ် အရွယ်သာ ရှိသေးသည်။ ထိုအချိန်က သူသည် ကလေးတစ်ယောက်သာ ဖြစ်ခဲ့ရာ မည်သည့်အရာကို သိနိုင်မည်နည်း။

ရုတ်တရက် အဖွင့်ချ ခံလိုက်ရပြီးနောက် ရှဲ့ချွင်ရှီး၏ မျက်နှာသည် နီလိုက် စိမ်းလိုက် ဖြစ်သွားသည်။

နောက်ဆုံးတွင် သူသည် ဒေါသတကြီး နှာမှုတ်လိုက်ရုံသာ တတ်နိုင်ခဲ့ပြီး သူတို့ကို ထား၍ ဒေါသဖြင့် ထွက်ခွာသွားခဲ့သည်။

လမ်းတစ်လျှောက်လုံး သူသည် ခပ်တန်းတန်း အပြုအမူကို ထိန်းသိမ်းထားခဲ့ပြီး သူတို့ကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။

သို့သော်လည်း သူ၏ ဒေါသသည် ကြာရှည် မခံခဲ့ပေ။

နောက်ဆုံးတွင် မော့ချူးက လတ်ဆတ်သော သရေစာ ပန်းကန် အနည်းငယ်ကို တံစိုးလက်ဆောင် အဖြစ် ကမ်းလှမ်းခဲ့သည်။

ဤကောင်လေးသည် သူ၏ မျက်နှာပေါ်မှ ဒေါသကို ချက်ချင်း လွှတ်ချလိုက်သည်။

သူသည် တုံ့ဆိုင်းမနေဘဲ သူတို့ကို ပျော်ရွှင်စွာ လက်ခံလိုက်သည်။

ယာဉ်ကို ရပ်နားလိုက်ပြီး မှော်ဒေသ သို့ ချဉ်းကပ်လာသောအခါ ရှဲ့ချွင်ရှီးက သူတို့ကို စတင် မိတ်ဆက် ရှင်းပြလေသည်။

အမူအရာ အရ သူသည် အိမ်ရှင်တစ်ဦး၏ ဟန်ပန် ရှိနေပုံ ပေါ်သည်။

"ဒီ အမဲလိုက် ပွဲတော်က ကျွန်တော်တို့ မဟူရာသမုဒ္ဒရာဂလက်စီမှာ အကြီးကျယ်ဆုံး ရိုးရာ ပွဲတော်တွေထဲက တစ်ခုပဲ။ ဒါက နှစ် ၂၀ မှာ တစ်ခါပဲ ဖွင့်တယ်။" ရှဲ့ချွင်ရှီးက နျဥ်ယွိယွမ်ကို မျက်စောင်းထိုးရန် မမေ့ခဲ့ဘဲ ဆက်ရှင်းပြခဲ့သည်။ "ကျွန်တော်တို့ရဲ့ အမဲလိုက် ပွဲတော်က ဂလက်ဆီ တစ်ခုလုံးမှာ ကျော်ကြားတယ်..."

"စောင့်ဦး၊ ဘာလို့ နှစ် ၂၀ မှာ တစ်ခါပဲ ဖွင့်တာလဲ။"

မေးလိုက်သူမှာ မော့ချူးသာ ဖြစ်ပေသည်။

"အဲ့ဒါက ဘာလို့လဲဆိုတော့..." ရှဲ့ချွင်ရှီး ရှင်းပြရန် အချိန်မရလိုက်မီမှာပင် ဘေးမှ လှောင်ပြောင်သံ တစ်ခုကို ကြားလိုက်ရသည်။

“ကျစ်။ နေရာအနှံ့က တောသားတွေအားလုံးက ဒီ အမဲလိုက် ပွဲတော်ကို လာတက်ကြတယ်။ သူတို့က ငါတို့ရဲ့ အဆင့်အတန်းကို ကျသွားမှာ မကြောက်ကြဘူးလား။"

... တောသားများ ဟုတ်လား။

မော့ချူး ကြက်သေသေသွားသည်။

သူမနှင့် သူမ၏ နောက်မှ မော့ယန်တို့သည် တစ်ယောက်ကိုတစ်ယောက် မကြည့်မိဘဲ မနေနိုင်ခဲ့ကြ။

သူတို့ မောင်နှမ နှစ်ယောက်သည် သူတို့ ခရိုင် ၁၂ မှ ခရိုင် ၃ သို့ ပထမဆုံး သွားရောက်ခဲ့စဉ်က ဤ ခေါ်ဝေါ်သုံးနှုန်းပုံသည် သူတို့နှင့်အတူ အချိန်အတော်ကြာ လိုက်ပါလာခဲ့သည်ကို တစ်ချိန်တည်းတွင် ပြန်လည် သတိရလိုက်မိကြသည်။

သူတို့သည် ယနေ့တွင် ဒါကို ကြားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

သူတို့၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။

"မင်း ဘာမဟုတ်တရုတ်တွေ လျှောက်ပြောနေတာလဲ။" ရှဲ့ချွင်ရှီး ဒေါသထွက်သွားသည်။ သူသည် တစ်ဖက်သားက အမျိုးသမီး တစ်ဦး ဖြစ်သည်ကိုပင် ဂရုမစိုက်ဘဲ သူမကို စတင် ဆူပူကြိမ်းမောင်းတော့သည်။

"တခြားဟာတွေ မပြောသေးနဲ့။ မင်းမှာ အဆင့်အတန်း လုံးဝ ရှိတယ်လို့တောင် ငါမထင်ဘူး။ မင်းရဲ့ ဒီအခြေအနေနဲ့ မင်းမှာ တခြားသူတွေအကြောင်း ပြောဖို့ မျက်နှာ ရှိသေးတယ်။ မင်း ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ထိန်းချုပ်နိုင်တာနဲ့တင် တော်တော် ကောင်းနေပြီ။ လူတွေမှာ ကကိုယ့်ကိုယ်ကိုယ်အသိစိတ်တော့ ရှိသင့်တယ်။"

'ဝိုး !'

မော့ချူးသည် ရှဲ့ချွင်ရှီးကို အံ့ဩမှုဖြင့် ကြည့်လိုက်သည်။ သူမသည် ဤကောင်လေးက အခြားသူများကို ဆူပူကြိမ်းမောင်းသည့်အခါ ဤမျှ ကြမ်းတမ်း လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“နင်!” သူ့ရှေ့မှ အမျိုးသမီးသည် သူမ၏ ပေါ့ပေါ့တန်တန် ညည်းညူမှုက ဤမျှ ကြီးမားသော ဝေဖန်မှုကို လက်ခံရရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပုံ ရသည်။

သူမသည် ဒေါသထွက်လွန်းသဖြင့် မျက်နှာ ရဲတက်လာပြီး မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံနေခဲ့သည်။

သို့သော်လည်း သူမ ဘေးရှိ အမျိုးသမီးက အခြေအနေကို မြင်တွေ့လိုက်ပြီး သူမကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။

ထို့နောက်မှ သူမသည် ရှဲ့ချွင်ရှီး ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။

"ဒါ ရှဲ့ မိသားစုရဲ့ ပါရမီရှင်လေး မဟုတ်လား။"

ဤအမျိုးသမီး ပါးစပ် ဖွင့်လိုက်သည့် အခိုက်အတန့်တွင်ပင် သူမသည် ယခင် မိန်းကလေးထက် များစွာ ပို၍ အတွေ့အကြုံ ရင့်ကျက်ကြောင်း သိသာလှသည်။

"ဒါတွေက ရှင့် သူငယ်ချင်းတွေလား။ အော်၊ ရှင် ခုနက ဘာလို့ အဲ့လောက် ဒေါသထွက်သွားလဲ ဆိုတာ မဆန်းတော့ပါဘူး။ ကျွန်မ တကယ် တောင်းပန်ပါတယ်။"

ဤစကားများကို ပြောလိုက်သည်နှင့် ရှဲ့ချွင်ရှီးတစ်ယောက် မည်သည့်အရာမျှ ထပ်မံ မပြောနိုင်တော့ပေ။

မည်သို့ပင် ဆိုစေကာမူ ဒါသည် သေးငယ်သော ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။ တစ်ဖက်သားကလည်း လျင်မြန်စွာ တောင်းပန်ခဲ့ပြီး ဖြစ်သည်။

အကယ်၍ သူသာ လက်မလွှတ်ဘဲ အတင်း ဆက်ပြောဆိုနေပါက အဓိပ္ပာယ် ရှိမည် မဟုတ်တော့ပေ။ သူ လက်ဝှေ့ယမ်းလိုက်ရုံသာ တတ်နိုင်ခဲ့သည်။

"ထားလိုက်ပါတော့၊ ကိစ္စကြီး မဟုတ်ပါဘူး။ သွားကြရအောင်။"

ဤသည်ကို မြင်သောအခါ ထိုအမျိုးသမီး၏ မျက်လုံးများထဲတွင် အပြုံး အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူမသည် သူမ၏ သူငယ်ချင်းကို ဆူပူကြိမ်းမောင်းနေသကဲ့သို့ ကြည့်လိုက်သည်။

"အန်းယောက် နင် တော်တော် လွန်တာပဲ။"

"ရှဲ့ မိသားစုရဲ့ ပါရမီရှင် ကလေးမှာ ရင်းနှီးတဲ့ သူငယ်ချင်းတွေ မရှိဘူးဆိုတာ နင် သိသားနဲ့။ နင်က အဆူခံရဖို့ ဝင်ပြီး ဝင်စွက်ဖက်တာပဲ မဟုတ်ဘူးလား။"

ထိုအမျိုးသမီး၏ အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း မော့ချူးနှင့် အခြားသူများမှာ ဝေးဝေးသို့ မရောက်သေးသဖြင့် သူတို့သည် သူမ၏ စကားများကို သဘာဝကျကျ ကြားလိုက်ရသည်။

ရှဲ့ချွင်ရှီး၏ ပုံရိပ်သည် တုန့်ခနဲ ရပ်တန့်သွားသည်ကို မတားဆီးနိုင်ခဲ့ပေ။

သူ့တွင် အမှန်တကယ်ပင် ရင်းနှီးသော သူငယ်ချင်းများ မရှိခဲ့ပေ။ သူသည် ငယ်ရွယ်ပြီး သူ၏ စရိုက်သည် မာနကြီးသည်။

ဆေးပညာ နယ်ပယ်တွင် သူ၏ ပါရမီ ရှိခြင်းအပြင် ဤအချက် သုံးချက်သည် သူ့အား သူ၏ သက်တူရွယ်တူ အခြား လူငယ်များနှင့် ခွဲခြားထားခဲ့ပြီး ဖြစ်သည်။

ဤနှစ်များ တစ်လျှောက်လုံး သူသည် သူ စကားပြောနိုင်သော သူ၏ သက်တူရွယ်တူ လူတစ်ယောက်ကိုပင် ရှာမတွေ့နိုင်ခဲ့ပေ...။

"မသွားတော့ဘူးလား၊ သူငယ်ချင်း။" မော့ချူး က သူမ၏ မျက်နှာပေါ်တွင် ရိုးသားသော အပြုံးတစ်ခုဖြင့် သူ့အား မျက်တောင်ခတ်ပြလိုက်သည်။

မော့ချူး၏ ဖြူစင်သော မျက်လုံးများနှင့် ဆုံသောအခါ ရှဲ့ချွင်ရှီး ကြောင်သွားသည်။

ခဏအကြာတွင် သူ၏ မျက်လုံးများသည်လည်း အပြုံးများဖြင့် ပြည့်နှက်သွားသည်။

"သွားမှာပေါ့။" သူက ကြည်လင်သော အသံဖြင့် ပြောလိုက်သည်။

သူ့တွင် သူငယ်ချင်းကောင်းများ မရှိဟု မည်သူ ပြောခဲ့သနည်း။ သူ၏ ရှေ့မှ ဤလူများကို ကြည့်လိုက်စမ်း။

လူအုပ်စုသည် သူတို့၏ ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး သူတို့၏ နောက်မှ လူများကို ထားခဲ့လိုက်သည်။

သူတို့ မှော်ဒေသသို့ ချဉ်းကပ်လာသောအခါ မော့ချူး အံ့အားသင့်သွားသည်။

ယခင်က ကြောက်မက်ဖွယ် သတ်ဖြတ်မှုများဖြင့် ပြည့်နှက်နေခဲ့သော မှော်ဒေသသည် ယခုအခါ ထူထဲသော မြူခိုးများဖြင့် ဖုံးလွှမ်းနေသည်။

နို့နှစ်ရောင် မြူခိုးများသည် စုလိုက် ကွဲလိုက် ဖြစ်နေပြီး လေထဲတွင် တိတ်ဆိတ်စွာ ပျံဝဲနေသည်။

တိတ်ဆိတ်ငြိမ်သက်မှုထဲတွင် အစိမ်းရောင် သဲ့သဲ့ အရိပ်အယောင်တစ်ခု ရှိနေပြီး သူက ဤမှော်ဒေသကို အနည်းငယ် လှပနေစေသည်။

"ဒီမြူက..." မော့ချူးက စူးစမ်းလိုစိတ်ဖြင့် ခြေလှမ်း အနည်းငယ် ရှေ့တိုးလိုက်သည်။

သူမ မြူကို ထိတွေ့ရန် လက်လှမ်းလိုက်မည် ပြုစဉ်မှာပင် မျက်နှာထားတင်းတင်းနှင့် နျဥ်ယွိယွမ်က သူမကို ဆွဲလှည့်လိုက်သည်။ "သတိထား။"

နျဥ်ယွိယွမ်၏ အမူအရာကို မဆိုထားနှင့်၊ ရှဲ့ချွင်ရှီး၊ မော့ယန်နှင့် အခြားသူများပင် အံ့အားသင့်သွားခြင်းမှ မထိန်းနိုင်ခဲ့ကြပေ။

သူတို့၏ မျက်နှာများ အနည်းငယ် ဖြူဖျော့သွားသည်။

"ဘယ်လိုလဲ။" မော့ယန်က လျင်မြန်စွာ လျှောက်လာပြီး မော့ချူး၏ လက်ကို ဂရုတစိုက် ကောက်ကိုင်လိုက်သည်။ "မင်း မထိမိလိုက်ဘူးမလား။"

ထိုသို့ ပြောရင်း သူသည် အချိန်အတော်ကြာ ဂရုတစိုက် စစ်ဆေးကြည့်ရှုလိုက်ပြီး မော့ချူး၏ လက်သည် ဖြူဖွေး သန့်စင်နေဆဲ ဖြစ်သည်ကို တွေ့မှသာ သူ သက်ပြင်းချလိုက်သည်။

သူ့ဘေးမှ လူများသည် မော့ချူးကို စိတ်ဖောက်ပြန်နေသူ တစ်ဦးကို ကြည့်သကဲ့သို့ပင် ကြည့်လိုက်ကြသည်။ သူတို့၏ တတွတ်တွတ် ပြောဆိုနေသံများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။

"ဒီကောင်မလေး နေမကောင်းဘူးလား။"

"ငါထင်တာတော့ ဖြစ်နိုင်ခြေ အများဆုံးပဲ။"

"ဒါပေမဲ့ ဒီလူတွေမှာလည်း တစ်ခုခု မှားနေတာ ရှိတယ်။"

"သူတို့မှာ နေမကောင်းတဲ့ မိသားစုဝင် ရှိတယ်ဆိုရင် ကုသဖို့ မြန်မြန် ခေါ်သွားလေ။"

"ဘာလို့ သူတို့ ဒီကို ခေါ်လာခဲ့တာလဲ။"

"ဟုတ်တယ်၊ ခုနက ဘယ်လောက် အန္တရာယ်များခဲ့လဲ မမြင်ဘူးလား။"

"ငါတို့ မတော်တဆမှု ဖြစ်တော့မလို့။"

...

"ဘာဖြစ်လို့လဲ။" မော့ချူးမှာ အနည်းငယ် နားမလည်နိုင်ဖြစ်နေဆဲပင်။ သူမ၏ နူးညံ့သော မျက်နှာလေးသည် အနည်းငယ် မော့ထားပြီး သူမ၏ မျက်လုံးများတွင် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

သူမကို ဤသို့ မြင်သောအခါ နျဥ်ယွိယွမ် မည်သို့ ဒေါသထွက်နိုင်ဦးမည်နည်း။

သူ သက်ပြင်းတစ်ချက် ချလိုက်မိပြီး မြူခိုးကို ထိတွေ့တော့မည့် သူမ၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

"မင်းကတော့လေ၊ ဘယ်တော့မှ ပိုပြီး နာခံတတ်အောင် သင်ယူမှာလဲ။"

ဒီစကားကို ကြားသောအခါ မော့ယန်က ချက်ချင်း ခုန်ထွက်လာပြီး မပျော်မရွှင်ဖြင့် ပြန်ချေပလိုက်သည်။ "ငါ့ညီမက ဘယ်တုန်းက နာခံမှု မရှိဖြစ်သွားလို့လဲ။"

ဤလူသည် အမှန်တကယ်ပင် ညီမရူး တစ်ယောက် ဖြစ်ထိုက်ပေသည်။

ကြည့်ပါဦး၊ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် 'ငါ့ညီမက အကောင်းဆုံး၊ ငါ့ညီမက အံ့သြစရာ အကောင်းဆုံး' ဟူသော စကားလုံးများဖြင့် ပြည့်နှက်နေသည်။

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။" နျဥ်ယွိယွမ်သည် သူ၏ ယောက်ဖကို စိတ်ဆိုးအောင် မလုပ်နိုင်ပေ။ နျဥ်ယွိယွမ်က ချက်ချင်း တောင်းပန်သော အပြုံးဖြင့် ပြုံးလိုက်သော်လည်း မော့ချူးကို ဆွဲရန် မမေ့ခဲ့ပေ။

All Chapters