← Chapters

အခန်း (၅၄၃)

Vol. 37 Ch. 543

အခန်း (၅၄၃)

Vol. 37 Ch. 543

"ခနနေဦး။" ဖီးနစ်မျက်လုံးများနှင့် အမျိုးသားသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"ဘာဖြစ်လို့လဲ? ဟိုကောင်မလေး ငါတို့နောက်ကို လိုက်လာပြန်ပြီလား။"

အခြားသူများသည် အလိုအလျောက် နောက်သို့ လှည့်ကြည့်လိုက်ကြပြီး သူတို့၏ နောက်တွင် လွတ်နေသော နေရာတစ်ခုသာ ရှိသည်ကို တွေ့လိုက်ရသည်။

မည်သူမျှ သူတို့နောက်သို့ လိုက်မလာခဲ့သဖြင့် သူတို့သည် စိတ်သက်သာရာရစွာ သက်ပြင်းမချဘဲ မနေနိုင်ကြ။

သို့သော်လည်း ထိုမိန်းကလေးသည် အမှန်တကယ်ပင် အတော်လေး ဆိုးသွမ်းလှသည်။

သူမသည် နူးညံ့ပြီး အားနည်းပုံ ပေါက်သော်လည်း မည်သူမျှ သူမကို လျှော့မတွက်ရဲကြပေ။

"မင်းက ဘာလို့ အော်နေတာလဲ? ငါတို့ကို လန့်သေအောင် လုပ်နေတာပဲ" သူတို့သည် ကြောက်စိတ်များ ကျန်ရှိနေသေး သည့်ဟန်ဖြင့် သူ၏ ပခုံးကို ပုတ်လိုက်ကြသည်။

"ငါထင်တာ... ငါတို့ ဟိုကောင်မလေး ပြောတာကို နားထောင်သင့်တယ်။"

ဖီးနစ်မျက်လုံးများနှင့် အမျိုးသားက ခါးသီးသော အပြုံးကို ပြုံးလိုက်သည်။

ဘာ?

"ဘာလဲ၊ မင်း ကြောက်နေတာလား။ စိတ်မပူပါနဲ့၊ သူက အဖွဲ့ချုပ်က ကောင်မလေး တစ်ယောက်ပဲ မဟုတ်ဘူးလား။ ငါတော့ လုံးဝ မယုံဘူး..."

"သူ့ဘေးက အိမ်မွေးတိရစ္ဆာန်က သွေးအလင်းသားရဲ ကွ။"

ဖီးနစ်မျက်လုံးများနှင့် အမျိုးသားက ခေါင်းခါလိုက်သည်။

"ငါ အရင်က မော့ချူးရဲ့ အချက်အလက်တွေကို လှမ်းကြည့်ဖူးတယ်၊ အခုမှ သတိရတော့တယ်။ မှော်သားရဲ တွေကို ထိန်းချုပ်နိုင်တဲ့ ကောင်မလေး တစ်ယောက်ကို ငါတို့ သွားစော်ကားဖို့ တတ်နိုင်လို့လား။"

ဖီးနစ်မျက်လုံးများနှင့် အမျိုးသားသည် အခြား အမျိုးသားများကို ကြည့်လိုက်ပြီး ငိုချင်လာသလို ခံစားလိုက်ရသည်။

အကယ်၍ ဤခရီးစဉ်တွင် ဤကဲ့သို့ ဆိုးသွမ်းသော မိန်းကလေး တစ်ယောက်ကို စော်ကားမိမည်မှန်း သိခဲ့ပါလျှင် သူ အိမ်မှ ထွက်လာခဲ့မည် မဟုတ်ပေ။

သူ အိမ်မှာသာ နေခဲ့လိမ့်မည်။

"မဟုတ်... မဟုတ်ပါဘူး၊ အဲ့လောက်ထိ ဆိုးမယ် မထင်ပါဘူး၊ ဟုတ်တယ်မလား။"

အမျိုးသားများထဲမှ တစ်ယောက်က ခေါင်းမာစွာ ခေါင်းခါလိုက်သည်။

"သူ့မှာ မှော်သားရဲကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည် ရှိတယ် ဟုတ်လား? ငါထင်တာတော့ မင်း ကိုယ့်ဘာသာကိုယ် ကြောက်နေတာပဲ။"

"ဟမ့်။ တခြားဟာတွေ မပြောသေးနဲ့။ အနည်းဆုံးတော့ သူ့ရဲ့ သွေးအလင်းသားရဲ တစ်ကောင်တည်းနဲ့တင် လုံလောက်အောင် ကြောက်ဖို့ကောင်းနေပြီ။"

ဖီးနစ်မျက်လုံးများနှင့် အမျိုးသားက ထပ်တွေးလိုက်ပြီး ပြောသည်။

"တခြားဟာတွေ မပြောသေးနဲ့။ ငါတို့ တစ်သက်လုံး မှော်ဒေသကို မသွားဘဲ နေလို့ ရမလား။ မှော်ဒေသ ထဲမှာသာ ငါတို့ သွေးအလင်းသားရဲ တစ်ကောင်နဲ့ သွားတွေ့ခဲ့ရင် အဲ့ဒါ သေကြောင်းကြံတာပဲ။"

ထိုအမျိုးသား၏ သုံးသပ်ချက်ကို ကြားပြီးနောက်တွင်မှ ထိုအမျိုးသား အနည်းငယ်သည် နောက်ဆုံးတွင် သဘောပေါက်သွားကြသည်။

မှန်ပေသည်။

အကယ်၍ မော့ချူးက ဤသွေးအလင်းသားရဲ ကို မှော်ဒေသတွင် လွှတ်ထားလိုက်ပါက သူတို့သည် အလောင်းပင် ပြန်မရဘဲ ကိုက်စားခံရမည် မဟုတ်ပါလား။

"ဒီလိုဆိုရင်... ငါတို့ သူပြောတဲ့အတိုင်းပဲ လုပ်ရတော့မှာလား။" အမျိုးသားများထဲမှ တစ်ယောက်က စမ်းသပ်သည့် လေသံဖြင့် မေးလိုက်ပြီး သူ၏ လေသံတွင် ဆန္ဒမပါသော အရိပ်အယောင်များ ပါဝင်နေဆဲ ဖြစ်သည်။

အခြား အမျိုးသားများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် သူတို့သည် ခါးသီးစွာ ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်ခဲ့သည်။

သူတို့တွင် ရွေးချယ်စရာ မရှိခဲ့ပေ။

မည်သူက သူတို့ကို ဤနတ်ဆိုးမလေးနှင့် သွားတွေ့ဆုံရန် ပြောခဲ့ပါသနည်း။

သူတို့သည် သူတို့၏ ကံကောင်းမှုအတွက်သာ ဆုတောင်းနိုင်ခဲ့ကြသည်။

...

အခန်းထဲတွင်။

သူတို့ အနည်းငယ် တောင့်တင်းသော ခြေလှမ်းများဖြင့် ထွက်ခွာသွားသည်ကို မြင်သောအခါ ရှဲ့ချွင်ရှီးမှာ သူ၏ အသိစိတ်များ ပြန်လည် မစုစည်းနိုင်သေးပေ။

အချိန်အတော်ကြာပြီးနောက် သူ နောက်ဆုံးတွင် အသိစိတ် ပြန်ဝင်လာခဲ့သည်။

သို့သော်လည်း သူသည် မော့ချူးကို နောက်တစ်ကြိမ် ထပ်မံ၍ အကဲခတ် ကြည့်ရှုမိခြင်းမှ မထိန်းနိုင်ခဲ့ပေ။

သူ၏ အမြင်အာရုံထဲတွင် ဤမိန်းကလေးသည် လက်ရှိတွင် တစ်စုံတစ်ခုကို အာရုံစိုက်နေသည်။

သူမ၏ မျက်ခုံးများသည် အနည်းငယ် တွန့်ချိုးနေသော်လည်း သူတို့သည် သူမ၏ ကိုယ်ပေါ်မှ တက်ကြွ လှပသော ပင်ကိုယ်စရိုက်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ပေ။

သူမကို ကြည့်ရင်း ရှဲ့ချွင်ရှီး၏ အတွေးများသည် အဝေးသို့ လွင့်ပါးသွားသည်။

အစပိုင်းတွင် သူက ဒီမိန်းကလေးသည် နောက်ဖေးပေါက်မှ ဝင်လာသူတစ်ယောက် ဖြစ်ပြီး အဖွဲ့ချုပ်၏ နျဉ် မိသားစုဝင် တစ်ယောက် ဖြစ်သော သူမ၏ ဂုဏ်ပုဒ်ကို အားကိုး၍ ဝင်ရောက်လာသူဟု ထင်ခဲ့သည်။

နောက်ပိုင်းတွင် မော့ချူးသည် စိတ်ဝိညာဉ်ဝိုင် တစ်ပုလင်းကို အသုံးပြု၍ သူမ၏ ကိုယ်ပိုင် စွမ်းဆောင်ရည်ကို သက်သေပြခဲ့ပြီး ဒါက သူ့အား ဤမိန်းကလေးကို အမြင်သစ်ဖြင့် ရှုမြင်စေခဲ့သည်။

အတူတကွ အချိန်အနည်းငယ် ဖြတ်သန်းပြီးနောက်တွင် သူသည် ဤမိန်းကလေးကို နားလည်ခဲ့ပြီဟု ထင်နေဆဲ ဖြစ်သည်။

နောက်ဆုံးတွင် ယခု သူ သူမကို ကြည့်လိုက်သောအခါ သူမအပေါ် သူ၏ နားလည်မှုသည် အလွန် တစ်ဖက်သတ် ဆန်နေသေးကြောင်း ရှင်းလင်းနေသည်။

ဤမိန်းကလေး ပေါ်လာတိုင်း သူက သူ၏ ကမ္ဘာ‌ပေါ်အမြင်ကို အတင်းအကျပ် ပြောင်းလဲစေခဲ့သည်။

မူလက သူသည် ဤမိန်းကလေးကို အလွယ်တကူ တွန်းလှဲနိုင်သော နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်နှင့် အားနည်းသော မိန်းကလေး တစ်ယောက်ဟု ထင်ခဲ့သော်လည်း ယခု သူ သူမကို ကြည့်လိုက်သောအခါ သူမသည် အစွမ်းထက်သော ဇာတ်ကောင် တစ်ယောက် ဖြစ်ကြောင်း ရှင်းလင်းနေသည်။

သို့မဟုတ်ပါက သူမသည် ဤ နာမည်ကြီး အသိုင်းအဝိုင်းထဲမှ သာယာမှုနောက် လိုက်သော သခင်လေးများကို စကားပင် မပြောနိုင်သည်အထိ ဆင်းရဲဒုက္ခ ရောက်အောင် ပြုလုပ်နိုင်မည်လား။

"ဘာဖြစ်လို့လဲ။" ရှဲ့ချွင်ရှီး၏ အကြည့်ကို ခံစားမိသော မော့ချူးသည် သူမ၏ ခေါင်းကို အနည်းငယ် မော့လိုက်ပြီး သူမ၏ လေသံတွင် သံသယများ ပြည့်နှက်နေသည်။

"မဟုတ်ပါဘူး။" ရှဲ့ချွင်ရှီးက သူ၏ လက်ကို ယမ်းလိုက်ပြီး စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။ "ငါ 'စာအုပ်တစ်အုပ်ကို သူ့ရဲ့ အဖုံးကြည့်ပြီး မဆုံးဖြတ်နိုင်ဘူး' ဆိုတဲ့ စကားက တကယ်မှန်တယ်လို့ ခံစားမိလို့ပါ။ ဒါပေမဲ့... သူတို့ တကယ် သတင်း ဖြန့်ကြပါ့မလား။"

မည်သို့ပင် ဆိုစေကာမူ သူသည် အလွန် ရှက်ဖွယ်ကောင်းသော ကိစ္စရပ် တစ်ခု ဖြစ်သည်။

သာမန်လူများသည် သူတို့၏ ကိုယ်ပိုင် အမာရွတ်များကို ဤကဲ့သို့ ဖော်ထုတ်ရန် ဆန္ဒရှိမည် မဟုတ်ပေ။

"စိတ်မပူပါနဲ့။” မော့ချူး၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပြီး သူမသည် လျှို့ဝှက်ဆန်းကြယ်စွာ တိုးတိုး ရယ်မောလိုက်သည်။

“သူတို့ ငါတို့ ပြောတဲ့အတိုင်း လုပ်ကြလိမ့်မယ်။"

"အူး။" ဝိုင်းဝိုင်းကလည်း ပဲ့တင်ထပ်လိုက်ပြီး နှစ်ကြိမ် အော်လိုက်သည်။

သူသည် မော့ချူး၏ ဂရုတစိုက် ပွတ်သပ်ပေးမှုကို ကြိုဆိုရင်း သဘောတူညီစွာဖြင့် သူ၏ ခေါင်းကြီးကို ခါယမ်းလိုက်သည်။

... တကယ်လား။

မော့ချူးက သူတို့ကို ကတိပေးရန် အတင်းအကျပ် ခိုင်းစေခဲ့သော်လည်း ရှဲ့ချွင်ရှီးမှာ ယုံကြည်နိုင်ခြင်း မရှိသေးပေ။

မည်သို့ပင် ဖြစ်စေ သူသည် ထိုကောင်စုတ် အနည်းငယ်၏ စိတ်နေသဘောထားကို ကြားသိထားခဲ့သည်။

သူတို့ ဘယ်လိုလုပ် အဲ့လောက် နာခံမှု ရှိနိုင်မည်နည်း။

သို့သော်လည်း အရာရာသည် ထိုမျှသာ ထူးဆန်းနေခဲ့သည်။

ရက်အနည်းငယ် အတွင်းမှာပင် ဤသတင်းသည် မဟူရာသမုဒ္ဒရာ ဂလက်စီ၏ အထက်တန်းလွှာ အသိုင်းအဝိုင်း တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

အထူးသဖြင့် ဖီးနစ်မျက်လုံးများနှင့် အမျိုးသားနှင့် အခြားသူများက မော့ချူးနှင့် မည်သူ ပိုင်ဆိုင်မှု အများဆုံး ရှိသည်ကို ပြိုင်ဆိုင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် အရှက်ရသွားခဲ့သည့် ကိစ္စရပ်သည် လူအုပ်ကြားတွင် ပူပူနွေးနွေး ဆွေးနွေးမှုတစ်ခု ဖြစ်စေခဲ့သည်။

မလွဲဧကန် မော့ချူး၏ ရည်မှန်းချက်သည်လည်း အောင်မြင်စွာ အကောင်အထည် ပေါ်ခဲ့သည်။

ဤလူ အနည်းငယ်၏ သာဓကနှင့်အတူ မည်သူမျှ အခါအားလျော်စွာ တံခါး လာခေါက်ခြင်း မပြုတော့ပေ။

သူတို့သည် အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သော ငြိမ်းချမ်းမှုကို ရရှိခဲ့သည်ဟုလည်း ယူဆနိုင်ပါသည်။

သို့သော်လည်း ပါဝင်သူ တစ်ယောက် အနေဖြင့် မော့ချူး သည် လက်ရှိတွင် စိုးရိမ်ပူပန်နေခဲ့သည်။

သူမသည် မူလက ဤဖလှယ်ရေး အစည်းအဝေးကို အသုံးပြု၍ စိတ်ဝိညာဥ်အစားအစာ ထုတ်လုပ်မှုကို တိုးချဲ့ရန် နည်းလမ်း ရှာဖွေနိုင်မလား ကြည့်ရှုလိုခဲ့သည်။

နောက်ဆုံးတွင် လန်လျန့်၏ နှောင့်ယှက်မှုနှင့်အတူ သူမသည် ဆေးရုံ ခုတင်ပေါ်တွင် ရက်အနည်းငယ် လဲလျောင်းခဲ့ရပြီး ဖလှယ်ရေး အစည်းအဝေးကို လုံးဝ လွတ်သွားစေခဲ့သည်။

ဤအကြောင်းကို တွေးမိသောအခါ သူမသည် စိတ်ပျက်အားငယ်မှုကိုလည်း ခံစားနေရသည်။

သို့သော်လည်း သူမ တစ်စုံတစ်ရာ မရရှိခဲ့ခြင်းတော့ မဟုတ်ပေ။

သူမသည် ရှဲ့ချွင်ရှီးနှင့် ဆေးဝါး ထုတ်လုပ်မှု လုပ်ငန်းစဉ်ကို ဆွေးနွေးနေစဉ် မော့ချူး ရုတ်တရက် သဘောပေါက်သွားသည်မှာ မည်သည့် ဆေးဝါးမျိုးက ပြုလုပ်ရန် အလွယ်ကူဆုံး ဖြစ်သနည်း။

သဘာဝကျကျပင် ထိုဆေးသည် အရှင်းလင်းဆုံး ပါဝင်ပစ္စည်းများနှင့် အချိုးအစား ရှိသော ဆေးဝါး ဖြစ်သည်။

ထိုနည်းတူစွာ မည်သည့် စိတ်ဝိညာဥ်အစားအစာ မျိုးက အများအပြား ထုတ်လုပ်ရန် အလွယ်ကူဆုံး ဖြစ်သနည်း။

သဘာဝကျကျပင် ဒါက ပါဝင်ပစ္စည်း အနည်းငယ်သာ ရှိပြီး ပိုရိုးရှင်းသော ချက်ပြုတ်နည်း ရှိသည့် အစားအစာ ဖြစ်သည်။

ပါဝင်ပစ္စည်းများ နည်းပါးလေ၊ အမှား လုပ်မိနိုင်ခြေ နည်းပါးလေ ဖြစ်သည်။

ချက်ပြုတ်နည်း ရိုးရှင်းလေ၊ အမှား လုပ်မိနိုင်ခြေ နည်းပါးလေ ဖြစ်သည်။

သိထားရမည်မှာ အကယ်၍ သတိမထားမိပါက ဤ စိတ်ဝိညာဥ်အစားအစာသည် ပေါက်ကွဲသွားနိုင်ခြေ ကောင်းကောင်း ရှိနေသည်။ သူမ ဒါကို ယခင်က မကြုံတွေ့ခဲ့ဖူးခြင်း မဟုတ်ပေ။ အကယ်၍ သူမ အချိန်မီ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပါက သူမသည် လွန်ခဲ့သော အချိန်ကတည်းက ပြာအဖြစ်သို့ ပေါက်ကွဲသွား‌ခဲ့ပြီဖြစ်သည်။

သို့သော်လည်း အဆိပ်ရှိသော မိစ္စာပင်များကို မည်သို့ စစ်ထုတ်ရမည် ဆိုသည်မှာ ခေါင်းခဲစရာ ကိစ္စတစ်ခု ဖြစ်နေဆဲပင်။

"အား၊ စိတ်ရှုပ်လိုက်တာ။" မော့ချူးက သူမ၏ ခေါင်းကို ထုလိုက်သည်။ သူမ၏ ခေါင်းထဲတွင် အတွေးများစွာ ရှုပ်ထွေးနေသည်ဟု ခံစားလိုက်ရသည်။

ဒါသည် သူမ မည်မျှပင် ကြိုးစား ကြိုးစား ဖြေမရနိုင်သော အသေ ချည်ထားသည့် ကြိုးထုံးတစ်ခု လုံးဝ ဖြစ်နေခဲ့သည်။

"ဘာဖြစ်လို့လဲ။" နျဥ်ယွိယွမ်က လျှောက်လာပြီး မော့ချူး၏ လက်ကို ဆွဲဖယ်လိုက်သည်။ "မင်း နည်းလမ်း မတွေးရသေးဘူးလား။"

ချူးလေး၏ အတွေးများကို သူတို့ ပထမဆုံး သိရှိခဲ့ရသောအခါ သူတို့ အံ့အားသင့်မိခြင်းမှ မထိန်းနိုင်ခဲ့ပေ။

မည်သို့ပင် ဆိုစေကာမူ စိတ်ဝိညာဥ်အစားအစာ၏ ပေါ်ထွက်လာမှုသည် အံ့ဖွယ်ရာ တစ်ခု ဖြစ်နေခဲ့ပြီး ဖြစ်သည်။ မော့ချူးက စိတ်ဝိညာဥ်အစားအစာ ထုတ်လုပ်မှုကို တိုးချဲ့ရန် ဆန္ဒရှိနေဆဲ ဖြစ်သည်။ ဒါက အလွန်ကောင်းလှသည်ပင်။ သေချာပေါက် ဒီကိစ္စ၏ ခက်ခဲမှုသည် သူ့အလိုလို ထင်ရှားနေပြီး ဖြစ်သည်။

ရက်အနည်းငယ်ကြာအောင် မော့ချူးသည် ဤ မှော်အပင် များနှင့် မှော်သားရဲ ကုန်ကြမ်းများ ပတ်လည်တွင် အမြဲတမ်းနီးပါး လှည့်လည်နေခဲ့သည်။

"ဟုတ်တယ်။" မော့ချူးက သနားစဖွယ် ခေါင်းညိတ်လိုက်သည်။

နျဥ်ယွိယွမ်၏ မျက်လုံးထဲတွင် ဤ ချစ်စဖွယ် ပုံစံလေးသည် ဒီ့ထက် ပို၍ ချစ်ခင်ဖွယ် ကောင်းနိုင်မည် မဟုတ်တော့ပေ။

မိန်းကလေးငယ်လေးသည် အလွန် နူးညံ့လှပြီး သူမ သူ့ကို ကြည့်လိုက်ပုံမှာ...

နျဥ်ယွိယွမ်၏ နှလုံးသားက တစ်ချက် ခုန်သွားပြီး ပေါ့ပါးသော အနမ်းတစ်ခုက မော့ချူး၏ နဖူးပေါ်သို့ ကျရောက်လာသည်။

ထိုအရှိန်ကို လိုက်၍ အနမ်းသည် မော့ချူး၏ နှုတ်ခမ်းများဆီသို့ တည့်တည့် ဦးတည်သွားသည်။

"အိုး ဘုရားရေ၊ ငါ မကြည့်နိုင်တော့ဘူး၊ ငါ မျက်စိကန်းတော့မယ်။" ရှဲ့ချွင်ရှီးသည် အခန်းထဲသို့ ဝင်လာစဥ်မှာပင် ဤမြင်ကွင်းကို တွေ့လိုက်ရသည်။

ကြက်သီးမွှေးညှင်းများသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ ချက်ချင်း တွားသွားလာကြပြီး သူ အလျင်အမြန် လှည့်ထွက်လိုက်သည်။

ရက်ပေါင်းများစွာတိုင် သူတို့၏ ကြင်နာပြမှုများကို မြင်တွေ့ခဲ့ရပြီးနောက် ရှဲ့ချွင်ရှီးသည် မူလက သူ လုံလောက်သော ခုခံနိုင်စွမ်း ရှိသင့်သည်ဟု ထင်ခဲ့သည်။

နောက်ဆုံးတွင် ဤလူ နှစ်ယောက်သည် အခါအားလျော်စွာ သူတို့၏ အချစ်ကို ပြသတတ်ကြသေးပြီး သူ့ကို အမှတ်မထင် ဖြစ်သွားစေသည်။

ဟင်း...။ သူတို့၏ ခုခံကာကွယ်မှုက အလွန် အားနည်းနေခြင်း မဟုတ်ဘဲ ရန်သူ၏ တိုက်ခိုက်မှု စွမ်းအားကသာ အလွန် အားကောင်းနေခြင်း ဖြစ်သည်။

သူမ၏ မျက်နှာပေါ်မှ ရှက်သွေးများ ပျောက်ကွယ်သွားပြီးနောက် မော့ချူးသည် နျဥ်ယွိယွမ်၏ လက်ကို ကိုင်လိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။

သူမသည် ရှဲ့ချွင်ရှီးကို ကြည့်လိုက်ပြီး ပြောသည်။ "အော် ဟုတ်သား၊ ရှင် ဒီမှာ ဘာလုပ်နေတာလဲ။ အခု ထမင်းစားချိန် မဟုတ်သေးဘူးမလား။"

ထမင်းစားချိန် မဟုတ်သေးဘူးဟု ဆိုလိုခြင်းက ဘာလဲ။

သူမ ထိုသို့ ပြောလိုက်သည်နှင့် ရှဲ့ချွင််ရှီးသည် သူ၏ မျက်လုံးများကို ပင့်တင်လိုက်ပြီး မော့ချူးကို စူးစိုက် ကြည့်လိုက်သည်။

"ဘာလို့လဲ? မင်း ထင်နေတာ... ငါက စားဖို့ပဲ သိတဲ့ အစားသရဲ တစ်ကောင်လို့လား။"

"အင်း၊ ကျွန်မ ကြည့်ပါရစေဦး။" ထိုသို့ ကြားသောအခါ မော့ချူးက မတ်မတ် ထိုင်လိုက်သည်။

သူမသည် ရှဲ့ချွင်ရှီးကို ခေါင်းအစ ခြေအဆုံး ဂရုတစိုက် အကဲခတ်လိုက်သည်။

မော့ချူး၏ အလေးအနက် ထားသော အကြည့်ကို မြင်သောအခါ ရှဲ့ချွမ်ရှီးသည် သူ၏ ခန့်ညားသော ဘက်ကို ပြသနိုင်ရန် အလိုအလျောက် ရင်ကော့လိုက်သည်။

"အင်း၊ ရှင်က အစားသရဲပဲ။" သူ့ကို အချိန်အတော်ကြာ ကြည့်ပြီးနောက် မော့ချူးက ရုတ်တရက် စကားပြောလိုက်ပြီး အတည်ပြုသော ခေါင်းညိတ်မှုနှင့်အတူ ပါရှိသည်။

သူမ၏ ပုံစံသည် ဒီ့ထက်ပို၍ အလေးအနက် ထားနိုင်မည် မဟုတ်တော့ပေ။

ဒါကို ကြားသောအခါ ရှဲ့ချွင်ရှီးသည် အစပိုင်းတွင် အနည်းငယ် လန့်သွားသော်လည်း သူ ချက်ချင်း လေလျော့သွားသော ရာဘာဘောလုံး တစ်လုံးကဲ့သို့ ဖြစ်သွားသည်။

'ဖူး' ဟူသော အသံနှင့်အတူ သူ ယခုလေးတင် ခေါင်းမော့ ရင်ကော့ ထားခဲ့သော ဟန်ပန်သည် လုံးဝ ပျောက်ကွယ်သွားသည်။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

သူသည် ထင်ရှားသော ပါရမီရှင် လူငယ် တစ်ယောက် ဖြစ်သည်မှာ ရှင်းလင်းသည်။

မော့ချူး၏ မျက်လုံးထဲတွင် သူသည် ရည်မှန်းချက် မရှိသော အစားသရဲ တစ်ယောက် မည်သို့ ဖြစ်သွားခဲ့သနည်း။

ဘဝသည် အမှန်တကယ်ပင် အလွန် ခန့်မှန်းရ ခက်လှသည်။

ရှဲ့ချွက်ရှီး၏ မျက်နှာအမူအရာကို မြင်သောအခါ မော့ချူးသည် နောက်ဆုံးတွင် သူမ၏ ရယ်မောမှုကို မထိန်းနိုင်တော့ပေ။

"တော်ပါပြီ၊ ကျွန်မ ရှင်နဲ့ နောက်နေတာပါ။ ပြောပါဦး၊ အခု ဘာကိစ္စ ရှိလို့လဲ။"

"ဒီလို ကိစ္စတွေကို နောက်လို့ ရသလား။"

ထင်ရှားသည်မှာ ရှဲ့ချွင်ရှီးတွင် ဟာသဉာဏ် တစ်စုံတစ်ရာ မရှိခဲ့ပေ။

သို့သော်လည်း မော့ချူး၏ ကြားဖြတ်ခြင်း ခံရပြီးနောက် သူသည် အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလိုက်ပြီး စိတ်လှုပ်ရှားစွာ ခေါင်းမော့လိုက်သည်။ သူ၏ လေသံသည် အလွန် တက်ကြွနေသည်။

"ဒီနေ့က အမဲလိုက် ပွဲတော်နေ့။ မင်းတို့တွေ သွားမကြည့်ကြဘူးလား။"

အမဲလိုက် ပွဲတော်?

မော့ချူး နားမလည်နိုင် ဖြစ်သွားသည်… ဒါကရော ဘာလဲ?

All Chapters