← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

ရှောင်းကောသည် အခုချိန်ထိ ရှုပ်ထွေးနေဆဲဖြစ်ကာ အိမ်မက်ရှည်ကြီး မက်ခဲ့သလို ခံစားနေရသည်။

သူမ၏ အိမ်မက်ထဲတွင် သူမဟာ လွန်ခဲ့တဲ့ နှစ် ၃၀၀၀ ရှောင်မင်းဆက် (၄၂ဘီစီ) ၌ မက်မွန်ပွင့်ရွာတွင် မွေးဖွားခဲ့သည်။ သူမ၏ အမည်မှာ ချင်ရှောင်းကော ဖြစ်သည်။ ချင်ရှောင်းကောဟာ သူမ၏ အလှကြောင့် ထိုရွာ၌ကျော်ကြားလာသည်။ သူမသည် မက်မွန်ပွင့်ရွာရှိ ကျန်းတန့်ဟယ်နှင့် လက်ထပ်ခဲ့သည်မှာ ၃ နှစ်ရှိပြီဖြစ်သည်။ ကျန်းတန့်ဟယ်သည် ချောမောကာ အရက်လည်း ရှည်သည်။ အသက်အရွယ်ရလာသည်နှင့်အမျှ အောင်သွယ်လုပ်သူ အများအပြားက သူ့အတွက် သတို့သမီးတစ်ဦးရှာရန် စိတ်အားထက်သန်ကြသည်။

ထိုအချိန်က အစာရေစာ ရှားပါးသည့်ကာလ‌ဖြစ်သည်။ သို့တိုင် ရှောင်းကောဟာ တင့်တောင်းပစ္စည်း စပါးတစ်ထုတ်နှင့် ‌ကျန်းတန့်ဟယ်နှင့် လက်ထပ်ခဲ့သည်က အလွန်ထူးဆန်းသည်။ သူမ၏ မင်္ဂလာပွဲ နေ့တွင် ရှောင်းကောသည် လိုက်ကာကဲ့သို့ အစမျိုးကို၀တ်ရသည်။ ထို့နောက် သူမသည် ကြင်ဖော်အခန်းထဲ ဝင်ထိုင်ပြီး သတို့သား ဝင်လာပြီး အပျို ခေါင်းအုပ်စကို ဖယ်ပေးရန် စောင့်နေခဲ့သည်။

မင်္ဂလာပွဲညပြီးသောအခါ မောင်းသံ၊ စည်တီးသံကို မိုးလင်းမှ ကြားရသည်။ ‌ချင်ရှောင်းကော မထလိုက်မှီပင် စစ်ဘက်ဆိုင်ရာ တူညီ ၀တ်စုံများနှင့် လူနှစ်ယောက်က အခုမှ နိုးစဖြစ်နေတဲ့ သူမ၏ ယောက်ျားကို ရုတ်တရက် ဆွဲထုတ်သွားသည်။

ထိတ်လန့်နေဆဲ အချိန်အနေမှာပင် သူမ ယောက္ခမ၏ အသံကိုကြားလိုက်ရသည်။

"ဆရာ ဆရာ မလုပ်ပါနဲ့ မလုပ်ပါနဲ့ ကျွန်မရဲ့သားက အခုမှ လက်ထပ်ထားတာပါ သားစဉ်မြေးဆက် မရှိသေးဘူး။ ကျွန်မတို့အပေါ် သနားညှာတာမှုလေးပေးပြီး သူကိုလွှတ်ပေးပါနော်"

" အစ်မကြီး အိမ်တော်က လူတိုင်းက စစ်တပ်မှာ‌တာ၀န်ထမ်းရမယ်။ ဒီအိမ်မှာ ယောက်ျားဆိုလို့ သူပဲရှိကတည်းက သူကို ကျွန်တော်တို့နဲ့ ခေါ်သွားရမှာပဲ"

သူမ ယောက္ခမ၏ ရင်ကွဲမတက် ငိုသံကိုကြားလိုက်ရသောအခါ ရှောင်းကောသည် ထိုယောက်ျားက စစ်ထဲဝင်ရန် အမျိုးသားများ စုဆောင်းကြသည်ကို သိလိုက်ရသည်။

ထို့သို့ဖြစ်နေချိန်တွင် ရှောင်းကောက အပေါ်၀တ်ကို ဆွဲကာ ပြေးထွက်လာသည်။ သူမက ခြံထဲမှာ ဒူးထောက်ကျနေတဲ့ ယောက္ခမ၏ အနားတွေ သူမ၏ လက်မောင်းတွေကို လွှမ်းပေးလိုက်သည်။ သူမက အရာရှိများ ဆွဲခေါ်သွားသော သူမ ယောက်ျား၏ နောက်ကျောကိုသာ ငေးနိုင်တော့သည်။ သူက ထိုအတိုင်းပါသွားကာ ခေါင်းတောင်ငဲ့မကြည့်လာချေ။ တစ်ချက်တောင် မငဲ့ကြည့်တော့ဘဲ သူက ကျန်နေသော အမျိုးသမီးနှစ်ဦးအား ကိုယ်ကိုကိုယ် ဂရုစိုက်ကြရန်နှင့် သူပြန်လာတဲ့အထိ စောင့်ရန်ပြောခဲ့သည်။

ထို့နောက် တတ်စွမ်းနိုင်သော လူငယ်များကို စစ်တပ်သို့ ခေါ်ဆောင်ရန် အရာရှိများသည် အချိန်အခါအလိုက် လာကြသည်။ ထို့နောက် ခြံထဲမှာ လူကြီးနှင့် လူငယ်တို့၏ ငိုသံများ ထွက်လာသည်။ ရွာသူရွာသားများသည် ၎င်းတို့၏ ချစ်ရသူနှင့် ခွဲခွာရန် ဝမ်းနည်းကြေကွဲခဲ့ကြသည်။ အရာရှိများက ဤသည်ကို တွေ့သောအခါ စိတ်မကောင်းဖြစ်သွားကြ၍ သူတို့အား နှစ်သိမ်လေသည်။

" အဲတာကလည်း သူတို့အတွက် ပိုကောင်းတဲ့ အခွင့်အရေးဖြစ်မှာပါ။ စစ်ပွဲမှာ ရှင်သန်ပြီး အနာဂတ်မှာ ရာထူးကောင်းတစ်ခု ရယူနိုင်ရင် မင်းတို့ရဲ့ဘိုးဘေးတွေကို ဂုဏ်ယူစေလိမ့်မယ်။"

ထိုစကားအား ပြောပြီးသည့်နောက်တွင် အရာရှိတွေက ရွာကနေ ထွက်လာကြသည်။ ထိုရွာ၌ မစွမ်းသူ ‌အိုသူမှ လွဲ၍ မည့်သည့် ယောက်ျားမှ မရှိနေတော့ချေ။ အခုချိန်ကစလို့ မိန်းမ၊ ကလေးနှင့် အားနည်း၊ အို‌နေသော ယောက်ျားများသား မက်မွန်ပွင့်ရွာ၌ ကျန်ခဲ့လေသည်။

ရှောင်းကောဟာ သူမ၏ ယောက္ခမကို အိမ်ထဲသို့ကူပြီးခေါ်လာခဲ့သည်။

"အမေ..."

"ရှောင်ကော မျှော်လင့်ချက်အားလုံးက မင်း ပေါ်မှာပဲ ကျန်တော့တယ်"

ရှောင်းကော၏ ဝမ်းဗိုက်ကို ညွှန်ပြရင်း ယောက္ခမက ငိုတော့သည်။ သူမသည် စကားပြောနေရင်းနှင့်ကို အလွန်ငိုကြွေးနေခဲ့သည်။ သူမ ပြောစကားကြားပြီး‌သည့်နောက် သူမလည်း မသေချာသလို ခံစားရသည်။ သို့တိုင်အောင် ဤသည်က တညတည်းသာဖြစ်သည်....

သူမ ယောက္ခမ၏ စကားက သူမအားကြီးမားတဲ့ ဖိအားနှင့် ကြောက်ရွံမှုဖြစ်‌စေခဲ့သည်။ သူမ၏ နှလုံးတွင်းတွင် စစ်မြေပြင်မှ လူနည်းစုသာ အသက်ရှင်ပြီး အိမ်ပြန်လာနိုင်မည်ကို သိလေသည်။ ကြင်စဦး ဇနီးမောင်နှံဖြစ်ဖြစ်ခြင်း သူမယောက်ျားက ဆွဲခေါ်ခံလိုက်ရသည်။ သူမ၌ ယခု ယောက္ခမဘဲကျန်တော့သည်။ ထို့အပြင်....သူမ၏ အတွေးများ၌ အကြောင်းပေါင်းစုံ ပြည့်နေသည်။ ရှောင်းကောဟာ သူမ၏ ၀မ်းဗိုက်ကိုကြည့်လိုက်သည်။ တစ်ညတည်းနဲ့တော့...ဘာတွေပြောင်းလဲသွားပါ့မလဲ ...

ယောက်ျားက စစ်တပ်ကို ‌လူစုရောက်‌သွားသောအခါ၌ သူတို့မိသားစုတွေကို လျော်ကြေးအဖြစ် လစဉ် ငွေတပြားစီ ပေးသည်။ ဤသည်မှာ ၎င်းတို့သည် စစ်မြေပြင်တွင် အသက်ရှင်လျက် တိုက်ပွဲဝင်နေဆဲဖြစ်ကြောင်း သက်သေပြ နေသည်။ ချင်ရှောင်းကောသည် ဤလစဉ်ပေးချေမှုကို နှစ်သိမ့်မှုပုံစံအဖြစ် မှတ်ယူသည်။ လစဉ်ငွေရှိသရွေ့သူ့ခင်ပွန်းသည် အသက်ရှင်နေသေးသည်ဟု ဆိုလိုသည်။ ယင်းက ရွာရှိလူတိုင်းကို မျှော်လင့်ချက်နှင့် နှစ်သိမ့်မှုပေးနေကာ ချစ်ခင်သူတွေ ဘေးကင်းကြောင်း သိရသည်။

သူမ၏ ကံကောင်းမှုနှင့် ယောက္ခမ၏ ဆုတောင်းကောင်မှုကြောင့် ရှောင်းကောဟာ ထိုတစ်ညပြီးနောက် ကိုယ်၀န်ရလာခဲ့သည်။ ဝမ်းနည်းခြင်းတွေ ပြည့်နှက်နေသော ယောက္ခမ အတွက် အနည်းဆုံးတော့ စောင့်မျှော်စရာ တစ်ခုခုတော့ရှိလာခဲ့သည်။ သူမ၏ ကိုယ်၀န်ကြောင့် ရှောင်းကောက အေးဆေးနားခွင့်ရကာ မည့်သည့်အိမ်အလုပ်မှ မလုပ်ရချေ။

များမကြာမှီပင် ကလေးလေး ရောက်ရမည့်အချိန် ရောက်လာခဲ့သည်။ ရှောင်းကောဟာ ကျန်းမာပြီး ၀တုတ်တုတ် ယောက်ျားလေးအား မွေးဖွားခဲ့သည်။ ကလေး လေးရောက်ရှိလာခြင်းဟာ သူမ ယောက္ခမကို အလွန်ပျော်ရွှင်စေကာ သူမ တစ်နေလုံး ပြုံးနေလေတော့သည်။ ကလေးဟာ တစ်ရက်ပြီးတစ်ရက် ကြီးလာပြီး စစ်တပ်ဘက်မှ ထောက်ပံငွေကလည်း လစဉ်ရလေသည်။ ရက်တွေကြာလာတာနဲ့အမျှ သူတို့ရဲ့ဘဝတွေက တဖြည်းဖြည်း ပိုကောင်းလာသည်။

ထို့နောက် တစ်နေ့ အရောက်တွင် ငွေက ဆက်မရောက်တော့ချေ။ အခြေအနေကို နားလည်သွားသောအခါ သူမ၏ ယောက္ခမလည်း ဖျားတော့သည်။ ယောက္ခမဖြစ်သူသည် ထို့နေ့အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သော်လည်း ထိုကဲ့သို့ မကောင်းသတင်းကို လက်မခံနိုင်ကာ ဖျားနာတော့သည်။ ထိုအချိန်တွင် ရွာသည် အငတ်ဘေးနှင့် ကြုံနေချိန်ဖြစ်ကာ သူမသည် သူမ၏ ဖျားနားမှုဒဏ်ကို မခံနိုင်ကာ အချိန်တိုနှင့်ပင် အသက်ပေးလိုက်ရသည်။

ချင်ရှောင်းကောသည် သူမ၏ ဝမ်းနည်းမှုအား ထိန်းထားလျက် သူမ ယောက္ခမ၏ အသုဘကို စီစဉ်လေသည်။ သူမ ဝမ်းနည်းစပြုလာသည့် သူမ စိတ်တွေကိုပြန်စုစည်းလိုက်ကာ အစားအစာများ စုဆောင်းတော့သည်။ မိုးခေါင်ရေရှားမှုကြောင့် သီးနှံအားလုံး ကြွေကျခဲ့ပြီး ရိတ်သိမ်းနိုင်ခြင်း မရှိခဲ့ချေ။ ငွေကြေးအနည်းငယ် ရှိသူများသည် ရိက္ခာရရှိရန် မြို့တွင်းသို့ သွားရောက်ကြသည်။ ဒီလိုအချိန်မျိုးက မြို့ထဲမှာ အစားအသောက်ဈေးတွေ တဟုန်ထိုး တက်နေချိန်ဖြစ်သည်။

ရှောင်းကောမှာ မည့်သည် ငွေမှမကျန်တော့ချေ။ သူမ သုံးနှစ်သာရှိတဲ့ သူမ သားကိုလည်း ဂရုစိုက်ရမည်။ သူတို့သည် ပါးစပ် နပ်မမှန်တောင် နေထိုင်လာကြရပြီး မကြာမီ သူမ၏ကလေးသည် ပိန်လာပြီး အာဟာရချို့တဲ့လာသည်။ သူမ၏ ကလေးကို ပိုစားစေချင်တာကြောင့် ရှောင်းကောသည် သုံးရက်မှ လေးရက်ဆက်တိုက် အစာမစားဘဲ နေလေ့ရှိသည်။ ထိုအရာက ရှောင်းကောကို ကျန်းမာရေး ပြဿနာ ဖြစ်လာစေသည်။

အချိန်တွေက ကုန်သွားကာ မိုးခေါင်ရေရှားမှု နောက်ဆုံးတော့ ပြီးသွားသည်။ မြေဆီက တဖန် စိုလာကာ ရွာရှိ လူများ၏ဘ၀က တဖြေးဖြေး ပြန်ကောင်းလာလေသည်။

တစ်နေ့ မနက်ခင်း၌ ရှောင်းကောဟာ အိမ်မှထွက် ကာ အစားသွားရှာရင် သူမ လဲကျပြီး ပွဲချင်းပြီး သေဆုံးသွားသည်။

နောက် အခြေအနေမှာ ရှောင်းကော၏ မျက်ခုံးများဟာ တွန့်သွားသည်။ အိမ်ရှိ ကလေးက စိတ်လှုပ်ရှားစွာ အော်ခေါ်လာသည်။

"မေမေ ဝူးဝူး ထပါတော့ ဝူးဝူး"

ငိုသံကို မခံနိုင်တော့သည့်နောက်တွင် ရှောင်းကောဟာ သူမ၏ ပင်ပန်းနေတဲ့ မျက်လုံးတွေကိုဖွင့်ကာ တစ်ဖြေးဖြေးချင်း သူမကိုဖက်ထားတဲ့ ကလေးကို စောင်းကြည့်လိုက်သည်။ သူမ မြင်လိုက်ရသည့်အရာက သူမကို သတိလစ်သွားစေလောက်သည်။

"ဒီမျောက်မဲလေးက ဘယ်ကနေ ရောက်လာတာလဲ"

ကောင်ငယ်ကလေးက နှုတ်ခမ်း‌ လေး၀ိုင်းသွားကာ ဒေါသတကြီး ရှိုက်ငိုလိုက်သည်။

"မေမေ...."

All Chapters