ချင်ရှောင်းကောဟာ အနာဂတ်ကာလ၏ အောင်မြင်တဲ့ စားဖိုမှူးတစ်ယောက်ဖြစ်သည်။ ကံကြမ္မာအလှည့်အပြောင်းတစ်ခုက သူမကို အတိတ်ဖြစ်တဲ့ အငတ်ဘေးနှင့် မရေရာသော ကာလများဆီသို့ ပို့ဆောင်ပေးခဲ့သည်။ တစ်နေ့တော့ သူမ နိုးထလာတဲ့ အချိန်မှာ ချင်ရှောင်းကောဟာ သူမအား အမေအဖြစ် အသိအမှတ်ပြုထားတဲ့ ကောင်လေးတစ်ယောက်ကို မျက်မြင်တွေ့လိုက်ရသည်။ 3024ခုနစ်မှ 42ဘီစီ ဆီသို့ ကူးပြောင်းလာရခြင်းသည် ချင်ရှောင်ကောအတွက် နှစ်သုံးထောင်ကာလကို ဖြတ်ကျော်ပြီး အတိတ်ဆီသို့ ခုန်ကျော်လာခဲ့တာဖြစ်သည်။ သူမသည် ခိုကိုးရာမဲ့ အရပ်သို့ ပို့ဆောင်ခံလိုက်ရသည့်အပြင် ဆာလောင်နေသော မိခင်ဖြစ်လာကာ ပိန်ပါးပါးကောင်လေးပါရှိလာရသည်။ အသစ်တွေ့ရှိခဲ့သော အခြေအနေများအတွက် သူမ၏ တစ်ခုတည်းသော နှစ်သိမ့်မှုမှာ သူမ ကူးပြောင်းလာစဉ် အတူပါလာသော စိတ်ဝိညာဥ်လက်စွပ်သာဖြစ်သည်။ သူမ၏ အစားအစာနှင့် အခြားခေတ်တစ်ခုမှ အခြားပစ္စည်းများကို လွတ်လပ်စွာ သုံးစွဲခွင့် ပေးလေသည်။ သူမသားကို နှစ်ပေါင်းများစွာ တစ်ကိုယ်တည်း ပြုစုပျိုးထောင်ခဲ့ပြီးနောက် ချင်ရှောင်းကော မမျှော်လင့်ထားတဲ့ဧည့်သည်ဟာ သူမ၏ တံခါး၀၌ ရောက်လာလေသည်။ ထိုယောက်ျားသည် သူမ၏ ခင်ပွန်းဖြစ်သည်ဟုဆိုကာ တစ်ည တည်းခိုရန် တောင်းဆိုလာလေသည်။ ရုန်းရင်းဆန်ခတ်မှုများနှင့် သနားစရာဖြစ်မှုများအကြား ချင်ရှောင်းကောသည် သူမ ကလေး၏ ဖခင်ကို အိမ်ထဲ ၀င်ခွင့်ပေးခဲ့သည်။

