← Chapters

အခန်း (၃၂)

Vol. 3 Ch. 32

အခန်း (၃၂)

Vol. 3 Ch. 32

နေ့လယ်ခင်းလုံး စောင့်ပြီးတဲ့နောက် ဇလုံထဲကရေတွေ ကြည်လာသည်။ ရှောင်းကောသည် အင်တုံ၏ အောက်ခြေရှိ လက်တစ်ချောင်းစာလောက်ရှိတဲ့ အနှစ်ပေါ်လာရန် ရေတွေကို သွန်လိုက်သည်။ တခြားဇလုံနှစ်လုံးထဲရှိ ရေတွေကိုလည်း သူမ သွားသွန်လိုက်သည်။ နောက်တော့ အနှစ်တွေကို ဝါးဗန်းတွေပေါ်ပြောင်းထည့်လိုက်ကာ လေသလပ်ခံဖို့ ထားထားလိုက်သည်။

ကျွမ်းကျွမ်းက အနှစ်တွေကို သိချင်စိတ်ဖြင့် တို့ထိကြည့်သည် - အဲ့ဒါတွေက တစ်ချိန်တည်းမှာဘဲနူးညံ့ကာမာမာလေးဖြစ်နေသည်။ သူက အဲ့ဒါကို အံ့ဩသလိုနဲ့ဆက်တို့ထိနေသည်။ ရှောင်းကောမှာ သူ့ရဲ့အပြုအမူတွေဟာ အလွန်ချစ်စရာကောင်းကြောင်း တွေ့လိုက်ရသည်။ သူမက သူလုပ်သလို လုပ်ကြည့်ပေမယ့် တစ်ခါဘဲထိပြီးသည့်နောက်လက်ကို အမြန်ပြန်ရုတ်လိုက်သည်။

လက်ရှိရာသီဥတုအခြေအနေအရ အနှစ်တွေဟာ နောက်နေ့တွင် လုံးဝခြောက်သွားလိမ့်မည်ပင်။ ရှောင်းကောက မနက်ဖြန်အတွက် ဟင်းချိုချက်ဖို့ စတင်ပြင်ဆင်သည်။ သူမတွင် ဝက်အရိုးအနည်းငယ်ရှိသေးသည်။ အရိုးစွတ်ပြုတ် ပြီးသည့်အခါ သူမ တောင်ပေါ်တွင်မှိုတချို့သွားခူးပြီး မှိုဟင်းချိုချက်မည်။ အဲဒါကို တွေးမိလိုက်ရုံနဲ့ ရှောင်းကောမှာ ဆိုးဆိုးရွားရွားကို တောင့်တမိသည်။

အဲ့ဒီညက ရှောင်းကော ညစာစားပြီးတဲ့နောက် အိပ်ရာဝင်ခဲ့သည်။ တောင်ပေါ်တွင် ရှာစရာတွေ အများကြီးရှိတဲ့အတွက် မနက်ဖြန်ခပ်စောစောလောက် ဘယ်လိုထွက်ရမလဲဆိုတာ သူမ စဉ်းစားကြည့်သည်။ သူမ မှိုအပြင်၊ ဟင်းခတ်အမွှေးအကြိုင်တချို့ကိုလည်း ကံစမ်းကာ ရှာကြည့်ချင်သည်။

'တခြားနေရာလွတ်' တွင်ရှိသော ဟင်းခတ်အမွှေးအကြိုင်များမှာ သုံးကုန်လုနီးပါးဖြစ်တဲ့အတွက် သူမသည် ငရုတ်သီးဆီချက်လုပ်ဖို့ စီစဉ်ထားသည်။ သူမတွင် လိုအပ်တဲ့ဟင်းခတ်အမွှေးအကြိုင်တွေ မရှိသည့်အတွက် တောင်ပေါ်တွင်ရှာရမည်ဖြစ်သည်။

အိပ်မပျော်ခင် သူမက ကျွမ်းကျွမ်းအား သူမမနက်ဖြန် တောင်ပေါ်သွားမည်ဖြစ်ကာ သူ့ကိုခေါ်သွားလို့မရကြောင်းပြောလိုက်သည်။ ဒီတစ်ခါတော့ သူမကနောက်ထပ် စွန့်စားလုပ်ကိုင်မညိဖြစ်သည်။ သူမသည် ထိုဒေသနှင့်လည်း မရင်းနှီးသလို လမ်းတစ်လျှောက်တွင်လည်း အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။ သူမတစ်ယောက်တည်းဆိုရင် သူမကိုယ်သူမ လုံခြုံအောင်လုပ်ဖို့လွယ်ပေမယ့် ကျွမ်းကျွမ်းနဲ့သာ အတူရှိလျှင် သူဘေးကင်းနိုင်ဖို့ အာမခံချက်မရှိပါချေ။ ကျွမ်းကျွမ်းကို သူမနှင့်အတူ မည်သည့်အန္တရာယ်မှ မကျရောက်စေလိုပေ။

ပထမတော့ ကျွမ်းကျွမ်းက သဘောမတူပေ။ ရှောင်းကောက သူ့ကို ထပ်ခါတလဲလဲ သေချာဖျောင်းဖျပြီးမှသာ သူမ၏အစီအစဉ်ကို တွန့်ဆုတ်ဆုတ်နှင့် သဘောတူလိုက်သည်။ အဆုံးမှာတော့ ရှောင်းကောကို သူ့လက်နှစ်ဖက်နဲ့ဖက်ထားရင်း စိတ်မပါဘဲ အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့ အရုဏ်မတက်ခင် ရှောင်းကောနိုးလာသည်။ သူမ ကုတင်ပေါ်ကနေ တိတ်တဆိတ်ဆင်းကာ တံခါးအပြင်ကို ထွက်လာလိုက်သည်။ သူမက တံစဉ်နှင့်မီးဖိုချောင်သုံး ဓားတစ်ချောင်းကို ခြင်းတောင်းထဲထည့်ကာ ထွက်သွားတော့သည်။ ဒီတစ်ခါတော့ သူမဓားအပိုတစ်ချောင်းထပ်ယူလာသည်။ အန္တရာယ်ဖြစ်လျှင်သုံးလို့ရသည်။ မီးဖိုချောင်သုံးဓားက အသုံးမဝင်ရင်တောင် လက်စွပ်ကိုသုံးကာ လွတ်မြောက်နိုင်သေးသည်။ ရှောင်းကော တောင်ပေါ်ကို မသွားခင် တံခါးကို သော့ခတ်လိုက်သည်။

သူမ တောင်ပေါ်ကို ရောက်တဲ့အခါ ရှောင်းကောက သားကောင်ထောင်ချောက်တွေကို အရင်ဆုံးစစ်ဆေးလိုက်သည်။ သူမကို အံ့အားသင့်သွားသွားစေတာက၊ သူမ အနားကပ်လာတာနဲ့ ထောင်ချောက်တွေထဲက တစ်ခုဟာ ပျက်စီးနေကြောင်းတွေ့လိုက်ရသည်။ သူမလျှောက်လာရင်း အထဲတွင် ရစ်ငှက်တစ်ကောင် အမှန်တကယ် ရှိနေတာကို တွေ့လိုက်ရသည်။ ရှောင်းကော အလွန်ဝမ်းသာသွားပြီး ဓားကိုလွှဲယမ်းတော့မည့်စဲစဲတွင် သူမလက်တွေတန့်သွားသည်။

အဲဒါတွေက ဥတွေလား?

ရစ်ငှက်အောက်တွင် ဥအနည်းငယ်ရှိပုံရသည်။ ရှောင်းကောက အဲ့ဒါတွေကို ဥတွေလားဆိုတာ သိရဖို့ယူကြည့်ဖို့လုပ်လိုက်သည်။ ဒါပေမယ့် သူမလက်က ဥ‌တွေကိုမထိခင်မှာ ငှက်လေးက သူမလက်ကို အရူးအမူးဆိတ်တော့သည်။ ရှောင်းကော အမြန်လှုပ်ရှားလိုက်ပြီး၊ ဒီဟာတွေသည် အကောင်ငယ်လေးတွေအဖြစ်ပေါက်လာနိုင်ကြောင်း ခံစားမိသည်။ ဒီလိုအခြေအနေမျိုးမှာ အဲဒီဥတွေကို သူမ မစားရက်သလို ငှက်ကိုလည်း မသတ်ရက်ပါချေ။

ရှောင်းကောသည် ထူထဲသည့် သစ်‌ချောင်းတစ်ချောင်းကို ရှာလိုက်ပြီး ငှက်လေးကို ထောင်ချောက်တစ်ဖက်သို့ရွှေ့လိုက်သည်။ နောက်တော့ ငှက်ကိုလက်တစ်ဖက်နဲ့ ထိန်းထားကာ ဥတွေကို ဂရုတစိုက်ဖယ်ထုတ်လိုက်သည်။ ထောင်ချောက်ထဲရှိ ဥတွေအားလုံးကို ဖယ်ထုတ်ပြီးတဲ့နောက်မှာတော့ သူမရစ်ငှက်ကို ဆိတ်ငြိမ်သည့်နေရာတစ်ခုတွင် ချပေးလိုက်သည်။

ရစ်ငှက်ကအခုချိန်မှာ ရုန်းရင်းဆန်ခတ် လုပ်နေတာတွေ ရပ်တန့်သွားသည်။ ရှောင်းကောက ရစ်ငှက်ကိုကိုင်ထားတာ ဖြေလျော့လိုက်တော့ ငှက်ကသူ့ဥတွေဆီအမြန်သွားကာ ဝပ်လိုက်သည်။ ငှက်လေးရဲ့မျက်လုံးတွေက ရှောင်းကောကို စိုက်ကြည့်နေဆဲဖြစ်ကာ သူကသူမကို ထူးထူးဆန်းဆန်းနဲ့ ဆက်ပြီးစိုက်ကြည့်နေသည်။ ရှောင်းကောလည်း အားလုံးကိုချကာ ထွက်သွားလိုက်သည်။

သူမတောင်တွေထဲ ခပ်ဝေးဝေးသွားလိုက်သည်။ သူမသွားလေလေ သစ်ပင်တွေ ပိုများလာလေလေပင်။ သူမပတ်ဝန်းကျင်ရှိ အပင်တွေလည်း ပိုပြီးသိပ်သည်းလာပုံရသည်။ ရှောင်းကောက ခြေလှမ်းတိုင်းတွင် အမှတ်အသား ချန်ထားကာ ဖြည်းဖြည်းချင်း ဆက်သွားသည်။ သူမ သတိလက်လွတ်မလုပ်ရဲပေ။

လွန်ခဲ့တဲ့နှစ်ရက်က မိုးရွာထားတာကြောင့် မှိုအညှောက်တွေပေါက်ထားသည်။ ရှောင်းကောက စားလို့ရတဲ့ မှိုတွေနှင့် အဆိပ်ရှိသည့်မှိုတွေကို ဂရုတစိုက်ခွဲခြားဖို့ ကြိုးစားခဲ့သည်။ ခဏအတွင်းမှာပင် ခြမှိုများနှင့် တောထင်းရှူးမှိုများစွာကို နှုတ်နိုင်ခဲ့သည်။ မွှေကြော်ထဲတွင် ဒီဟာတွေက အရသာကောင်းတာကြောင့် သူမတတ်နိုင်သမျှ နှုတ်ယူဖို့ကြိုးစားသည်။

ရှောင်းကော တစ်ယောက်လျှောက်လာရင်း တောလယ်ခေါင်ထဲ ရောက်လုနီးပါးပင်။ သူမအနေနှင့် တခြားအရာတွေကို ရှာတွေ့နိုင်မလားဆိုတာ မသေချာပေမယ့် ဆက်လျှောက်လေလေ တောထဲရှိမြူခိုးတွေက ပိုပြီးပြင်းလာသည်ကို သူမ ခံစားလိုက်ရသည်။ သူမရဲ့ ပင်ကိုယ်အသိစိတ်က သူမအား ဆက်မသွားတော့ဘဲ အဲ့ဒီအစား တစ်ဖက်ကို ဦးတည်သွားဖို့ ပြောနေသည်။

ကံကောင်းထောက်မစွာနဲ့၊ သူမသည် မလှမ်းမကမ်းတွင် ငရုတ်ကောင်းပင်တွေကို ရှာတွေ့လိုက်ပြီး အမြန်ခူးလိုက်သည်။ ငရုတ်ကောင်းပင် အနီးတဝိုက်တွင် နာနတ်ပွင့်ပင်တချို့ကိုလည်း သူမတွေ့ခဲ့သည်။ အပြန်လမ်းတွင်ကရဝေးတစ်ပင်ကို တွေ့လိုက်ရသည်။ သူမ ကရဝေးရွက်တွေ အများအပြားကို ခူးလိုက်သည်၊ ဒီတော့ အခြောက်ခံကာ သိမ်းထားလို့ရသည်။

အုပ်ဆိုင်းနေသည့် အရွက်တွေမှတဆင့် နေရောင်က ကွက်တိကွက်ကျား ဖြာကျနေသည်။ ပူနွေးတဲ့ နေရောင်ခြည်က ရွှေရောင်လိုက်ကာကဲ့သို့ မြေပြင်ပေါ်တွင် ဖြာကျနေသည်။ ရှောင်းကောမှာ ကံကောင်းထောက်မစွာဖြင့် သူမရှေ့တွင် မှော်ဆန်သည့် ဖြစ်ရပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်— စိမ်းလန်းစိုပြေနေသည့် အရွက်များမှတဆင့် ကွက်တိကွက်ကျားကျနေသည့် နေရောင်ခြည်တွေက သစ်ပင်တစ်ဝိုက်တွင် လှလှပပဝန်းရံကာ ဖျာကျနေသည်။ နတ်သူငယ်တစ်အုပ်က အပင်ပတ်ပတ်လည်တွင် ကခုန်နေသလိုပင်။

ရှောင်းကော ရပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ အခု သူမမှာသာ ကင်မရာရှိနေရင် ဒီလိုလှပတဲ့အလင်းရောင်ကို မှတ်တမ်းတင်မိလိုက်မှာပင်။

All Chapters