အခန်း (၂၁၁)
Vol. 15 Ch. 211
ကျန်းတန်းဟယ်၏ စကားကိုကြားသောအခါ ရှောင်းကော အနည်းငယ် မကျေမနပ်ဖြစ်နေသည်။ ဘာမှ မပြောဘဲ နေလိုက်တာ ကောင်းသည်။ ဒါပေမယ့် ကျန်းတန်းဟယ်က သူ့ပါးစပ်ကို ဆက်ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သူမ သူ့ ပါးစပ်ထဲက ဘာကိုမှ ထုတ်ယူနိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း သူမ နားလည်ခဲ့သည်။ ကျွမ်းကျွမ်းကလည်း သူနဲ့ တစ်ပုံစံတည်းပဲ။
"ဟေ့ မင်းဘယ်သွားမလို့လဲ"
ကျန်းတန်းဟယ်သည် သူမ၏ မျက်လုံးတွေကို လှန်ပြပြီး ထွက်သွားရန် ထနေတဲ့ ရှောင်းကောကို ကြည့်လိုက်သည်။ သူမကို စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။ သူ့ရဲ့စနောက်မှုက သူမရဲ့ခံနိုင်ရည်ကို ကျော်သွားတာလား။
"တစ်စုံတစ်ယောက်အတွက် ချက်ပြုတ်ပေးမို့ "
!!
အဲဒါနဲ့ ရှောင်းကော နောက်ပြန်လှည့်မကြည့်ဘဲ မီးဖိုချောင်ဘက်ကို လျှောက်သွားခဲ့သည်။
ကျန်းတန်းဟယ် တခစ်ခစ်ရယ်ကာ သူမ၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်လိုက်သည်။ သူမတ်တပ်ထရပ်ပြီး ပြောလိုက်သည်။ “အတူတူသွားရအောင်”
"ရှင်က ဘာလို့ကျွန်မနဲ့လိုက်မှာလဲ"
"မီးမွှေးပေးမို့လေ"
“ရူးလိုက်တာ..…”
—-
နောက်နေ့မနက်မှာတော့ ရှောင်းကော အိပ်ပျော်နေတဲ့အချိန် အပြင်က အော်သံကြောင့် ရုတ်တရက် လန့်နိုးလာခဲ့သည်။ သူမ ကျွမ်းကျွမ်းကို မသိစိတ်က လှည့်ပတ်ကြည့်ခဲ့သည်။ သူမ နိုးလာသောအခါ ကျွမ်းကျွမ်းက ကျန်းတန်းဟယ်နဲ့ တခြားအခန်းတွင် အိပ်နေသည်ကို သတိရမိသွားသည်။
ယခုအချိန်တွင် ရှောင်းကော တော်တော်လေး နိုးသွားခဲ့သည်။ သူမ စိတ်တည်ငြိမ်အောင် ကြိုးစားပြီး အဝတ်အစားနှင့် ဖိနပ်ကို ၀တ်လိုက်သည်။ အိပ်ရာကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက် အိမ်မှ ပစ္စည်းများကို စစ်ဆေးရန် ထွက်လာခဲ့သည်။
အပြင်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို ချင့်ချိန်ပြီး အဲ့တာက ကျန်းတန်းဟယ် သူမကို ပြောခဲ့တဲ့ဟာ ဖြစ်လောက်သည်။
ရှောင်းကောသည် ကျန်းတန်းဟယ် လီကျောက်ဒီနဲ့ ချုံလော့ဇီ ကို ဘယ်လိုဖော်ထုတ်ခဲ့သည်ကို လျှို့ဝှက်စွာ စူးစမ်းခဲ့သည်။ သူမသည် ပုံမှန်မဟုတ်သော အမူအရာဖြင့် ဘယ်သူမှ သူမကိုမမြင်ရအောင် တည်ငြိမ်ဟန်ဆောင်ခဲ့သည်။
ကျန်းတန်းဟယ်က အိမ်ရှိ ပြတင်းပေါက်ဘေးတွင် ရပ်ကာ ရှောင်းကော၏ စိတ်လှုပ်ရှားနေသော နောက်ကျောကို ကြည့်ခဲ့သည်။ သူ ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ သူမက တကယ်ချစ်ဖို့ကောင်းသည်။ နောက်ဆုံးတော့ သူနားလည်သွားပြီ။ သူ မြို့တော်မှာရှိတုန်းက ဧကရာဇ်မင်းက ရှောင်းကောက အမျိုးသမီးတစ်ယောက်နဲ့ လုံးဝမတူဘူးလို့ ပြောခဲ့သည်။ သူမက ကလေးမလေးနဲ့ ပိုတူသည်။
သူမက လုံးဝကို ကလေးမလေးနှင့် တူသည်။ ကျန်းတန်းဟယ် သူ့အကြည့်ကို ရုတ်လိုက်ပြီး ပြုံးကာ ခေါင်းခါလိုက်သည်။ ရုန်းရင်းဆန်ခတ်ဖြစ်တာကို စောင့်ကြည့်ဖို့ အပြေးအလွှားလာရင်း သူမရဲ့အင်္ကျီကော်လာကို ချဖို့ မေ့သွားခဲ့သည်။
ကျန်းတန်းဟယ် အိပ်ရာပေါ်သို့ ပြန်လာကာ ကျွမ်းကျွမ်း၏ နားရွက်ပေါ်ရှိ နားအကာများကို ညင်သာစွာ ချိန်ညှိလိုက်သည်။ အိပ်ပျော်နေတဲ့ ကောင်လေး၏ နှင်းဆီရောင်မျက်နှာကို ကြင်နာစွာကြည့်မိခဲ့သည်။ "ဆက်အိပ်ပါ အဖေ့ကလေးလေး "
ဒါက ရှောင်းကော ရုန်းရင်းဆန်ခတ်ဖြစ်မှုကို စစ်ဆေးဖို့လာတာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။ မစ္စစ်ယန် သတိမထားမိသေးမှာကို ကြောက်လို့၊ ရှောင်းကော ထွက်လာတုန်း ပထမဆုံးလုပ်ခဲ့တာက မစ္စစ်ယန်ရဲ့ တံခါးကို လာခေါက်တာပဲ။
မစ္စစ်ယန် တံခါးဝမှာ ပေါ်လာသည်နှင့် တပြိုင်နက် ရှောင်းကောက သူမအား လူစည်ကားသောနေရာဆီသို့ စိတ်လှုပ်ရှားစွာ ဆွဲခေါ်သွားသည်။
မစ္စစ်ယန် အံသြသွားသည်။ ဒါက တော်တော်ကို ဆန်းသည်။ ရှောင်းကော ဒီတခေါက် သူမထက် ဘာကြောင့် ပိုပြီးစိတ်လှုပ်ရှားနေရတာလဲ။
လမ်းတစ်လျှောက်တွင် ရှောင်းကောက သူမ သိထားသလို မပြုလုပ်နိုင်ခဲ့ပေ။ သူမ စိတ်ဝင်တစားကြည့်ရန် တစ်ခုခုရှိနေသည်ဟု ဟန်ဆောင်ပြီးသား ပြောနိုင်ခဲ့သည်။
မစ္စစ်ယန်က စပ်စုသည့်ပုဂ္ဂိုလ်ဆို ချစ်သည်။ ဒီစကားကို ကြားလိုက်ရတော့ ရှောင်းကောထက် ပိုမြန်သွားသည်။ ရှောင်းကောကို သူမနှင့်အတူဆွဲခေါ်ရန် သူမအလှည့်ရောက်လာသည်။
သူမ ပြေးရင်းမေးခဲ့သည်။ “ဘယ်မှာလဲ၊ ဘယ်မှာလဲ၊ ဘယ်မှာလဲ”
ရှောင်းကောက နေရာတစ်ခုကို ယောင်ဝါးဝါးပြောလိုက်သည်။ “ကျွန်မလည်း မသိဘူး ဒါပေမယ့်ပြောသံတွေအရတော့ ရွာသူကြီးရဲ့ တံခါးမှာဖြစ်လောက်တယ် ”
မနေ့ညက ရှောင်းကောသည် ကျန်းတန်းးဟယ်မှ သူမကို သဲလွန်စမပေးခဲ့မီ အချိန်အတော်ကြာ တောင်းဆိုခဲ့ရသည်။သူက စာသားတွေနဲ့ပြောပြခဲ့သည်... ရွာသူကြီးအိမ်
တိကျသော ဦးတည်ရာတစ်ခုကို စိတ်ထဲမှာ စွဲမှတ်ထားပြီး မစ္စစ်ယန်က လေလိုမျိုး ပြေးသွားခဲ့သည်။ ရှောင်းကောကို အလွန်လျှင်မြန်စွာ ဆွဲခေါ်သွားခဲ့ပြီး သူမမှာ အော်ဟစ်လုဆဲဆဲပင်။ သူတို့ လျှပ်စီးကြောင်းအရှိန်အတိုင်း ပြေးလာခဲ့ကြသည်။
ထိုနေရာသို့ သူတို့ ချဉ်းကပ်လာစဉ်တွင် အသားအရေလတ်လတ်ရှိတဲ့ စုံတွဲတစ်တွဲ တစ်ယောက်ရင်ခွင်ထဲတစ်ယောက်ဝင်ပြီး ရစ်ပတ်နေကာ မဖွယ်မရာ ပြုမူနေသည်ကို တွေ့လိုက်ရသည်။
ရွာသူကြီး၏ ဇနီးက အော်ဟစ်နေသည်။ လူအုပ်ကြားတွင် အမည်မသိ ဇာတ်ကောင်အချို့လည်း အော်ဟစ်နေပြီး အာရုံစိုက်ရန် ကြိုးစားနေပုံရသည်။ လူတွေစုဝေးလာသည်ကို မြင်သောအခါ သူတို့ ချက်ချင်းပြန်ဆုတ်ကာ ထွက်ပြေးကြသည်။
သူတို့နှစ်ဦးက ပထမဆုံးရောက်ရှိလာသော လူနည်းစုဖြစ်သည်။ ခုထိ လူသိပ်မများသေးတဲ့အတွက် နေရာကောင်းတစ်ခုကို လွယ်လွယ်ကူကူ ရှာတွေ့ခဲ့သည်။ တဖြည်းဖြည်းနဲ့ လူအုပ်ကြီးက ပိုကြီးလာပြီး တချို့က ဖရဲစေ့နဲ့ မြေပဲတွေတောင် ပါလာကြသည်။
မစ္စစ်ယန်နှင့် ရှောင်းကောတို့ ထိုစုံတွဲဘာလုပ်နေကြတယ်ဆိုတာကို မြင်လိုက်ရတော့ တစ်ချိန်တည်းမှာပင် မကူညီနိုင်ဘဲ အော်လိုက်ကြသည်။ ကံကောင်းထောက်မစွာ သူတို့ မနက်စာ မစားထားကြသေးလို့သာပေါ့ မဟုတ်ရင် စားထားသမျှ အားလုံး အန်ထုတ်ပစ်မိလိမ့်မည်။
“နေ့ခင်းကြောင်တောင်ကြီး သူတို့ ဒီလိုလုပ်တာ ဘယ်လောက်ရှက်စရာ ကောင်းလိုက်လဲ”
အခင်းဖြစ်ပွားရာသို့ နောက်မှရောက်လာတဲ့သူတစ်ဦးက ၎င်းတို့နှစ်ဦးကို တံတွေးထွေးဖို့ မကူညီနိုင်ခဲ့ပေ။ ဒါပေမယ့် သူ့မျက်လုံးတွေက မြေပြင်ပေါ်ရှိ လူးလိမ့်နေသော စုံတွဲကို စူးစိုက်ကြည့်နေသေးသည်။
ရှောင်းကောက ဒါကိုမြင်တော့ မစ္စစ်ယန်ကို အဲဒီလူဆီကနေ ဆွဲထုတ်လိုက်သည်။ ဒီလို ဇာတ်ရုပ်မျိုးက တော်တော် မုန်းစရာကောင်းသည်။ အဲ့နှစ်ယောက်လုံး ရွံရှာစရာကောင်းသည်ဟု သူ ပြောခဲ့သည်၊ ဒါပေမယ့် သူက သူတို့နှစ်ဦးလို ရွံရှာစရာကောင်းသည်ကို ဘယ်သူကသိမှာလဲ။
"အိုးဘုရားရေ!"
မစ္စစ်ယန် သူမ၏ပါးစပ်ကို အုပ်လိုက်ပြီး အန်တော့မလို ခံစားလိုက်ရသည်။ "လီကျောက်ဒီ အဲဒီလူနဲ့ ဘာလုပ်နေတာလဲ"
ရှောင်းကောလည်း ပါးစပ်ကို အုပ်ထာပေမယ့် သူမကတော့ ပြုံးနေသည်။ သူတို့ရဲ့ အစီအစဉ်ကို သူမ မကြားမိဘူးဆိုရင် ဒီနေ့ပွဲမှာ သူမက ရုံတင်ခံရမယ့်သူဖြစ်မှာ။
စိတ်ထဲတွင် ဤအတွေးဖြင့် ရှောင်းကောရဲ့ မျက်လုံးများတွင် အနက်ရောင် အလင်းတန်းတစ်ခု တောက်ပလာသည်။ "နင့်ကိုယ်ပိုင်ဆေးကို မြည်းစမ်းကြည့်လိုက်ပါဦး လီကျောက်ဒီ"
နောက်ဆုံးတွင် လူအုပ်ထဲမှ အသံများက မူးဝေနေသော စုံတွဲကို နှိုးခဲ့သည်။ တစ်ယောက်နဲ့တစ်ယောက် ကမန်းကတန်း ခွဲခွာလိုက်ကြပြီး ကာစရာရှာနေကြသည်။ ဒါပေမယ့်လည်း တပ်ဆင်မှုသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင်ကို ရှင်းလင်းထားခဲ့သည်။ မြေသားပုံသဏ္ဍာန်ကိုပင် မမြင်ရတော့ဘဲ သူတို့နှစ်ဦး ထိတ်လန့်တကြား ဆောင့်ကြောင့်ထထိုင်ကာ သူတို့ရဲ့လက်နှစ်ဖက်နဲ့ ရစ်ပတ်ထားလိုက်ကြသည်။ ဒါပေမယ့် ၎င်းသည် အသုံးမဝင်ကြောင်း ထင်ရှားသည်။ ကာထားဖို့ကြိုးစားခဲ့ပေမယ့် ပေါ်နေဆဲပင်။
ရှောင်းကော ခဏလောက် အဝေးကို လှမ်းကြည့်လိုက်သည်။ သူတို့ကို နောက်ထပ် တစ်စက္ကန့်လောက် ကြည့်နေရင် သူမမျက်လုံးတွေ ကန်းသွားလိမ့်မည်။
ဒါပေမယ့် သူတို့မျက်နှာကို ကြည့်လိုက်တော့ ဒဏ်ရာ တစ်ချက်မှ မတွေ့ရပေ။ ကျန်းတန်းဟယ် ဘယ်သူ့ကို ထိုးခဲ့တာလဲ။
ရွာသူကြီး၏ဇနီးသည် စောစောက ဒေါသကြောင့် မူးမေ့လဲသွားကာ အခုမှ ဖြည်းညှင်းစွာ နိုးလာခဲ့သည်။ မနက်မိုးလင်းတော့ အိမ်တံခါးဝမှာ ဒီလိုမြင်ကွင်းမျိုးကို မြင်လိုက်ရရင် ဘယ်သူကမှ စိတ်ထားကောင်းနေမှာ မဟုတ်ပေ။
ရွာသူကြီးလည်း သူ့နှလုံးသားကို ဆုပ်ကိုင်ထားပြီး ချုံလော့ဇီကို တုတ်နဲ့ရိုက်ဖို့ ကြိုးစားခဲ့ပေမယ့် တစ်စုံတစ်ယောက်ရဲ့ တားဆီးတာကို ခံလိုက်ရသည်။
အဲ့တာက သနားစရာကောင်းတယ်လို့ ရှောင်းကော ထင်ခဲ့သည်။ အကယ်၍ ဘယ်သူမှ သူ့ကို မတားနိုင်ခဲ့ရင်… သူ ထိုလူကို ကောင်းကောင်း ရိုက်နှက်နိုင်သည်။
အကြောင်းတစ်ခုခုကြောင့် သူမစိတ်ထဲ အတွေးဝင်လာပြီး ရွာသူကြီးကို တားဖို့ လက်က ချော်ထွက်သွားခဲ့ပြီး တုတ်က ချုံလော့ဇီရဲ့ နောက်ကျောဘက် ခက်ခက်ခဲခဲ ကျရောက်သွားသည်။ သူ့ကျောမှာ ချက်ချင်း နီရဲလာပြီး ရောင်လာသည်။ ရှောင်းကော ကျေနပ်စွာ အာမေဋိတ်သံပြုလိုက်စဥ် သူက နာကျင်စွာ အော်ဟစ်ခဲ့သည်။
ဒေါသပြေသွားသဖြင့် ရွာသူကြီးက တုန်တုန်ယင်ယင်ဖြင့် ရပ်သွားလေသည်။ သူသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော စုံတွဲကို လက်ညှိုးထိုးပြီး သူတို့ကို ကျိန်ဆဲခဲ့သည်။
သူတို့ကို အော်ဟစ်ပြီး မဆုံးမခင်မှာ ယောကျ်ားတစ်ယောက် လူအုပ်ကြားထဲကနေ ရုတ်တရက် ပေါ်လာခဲ့သည်။ မြေပြင်ပေါ်ရှိ လီကျောက်ဒီကို လက်ညှိုးထိုးပြီး ဆဲလိုက်သည်။ မနှစ်မြို့ဖွယ် စကားလုံးများ အားလုံးကို လီကျောက်ဒီပေါ် တံတွေးထွေးပြီးနောက် နောက်ပြန်ဆုတ်ခဲ့သည်။
မည်သည့်နေရာမှမဆို တစ်စုံတစ်ယောက်က လီကျောက်ဒီရဲ့ တင်ပါးကို ကန်ထုတ်လိုက်ရာ လူအုပ်ဆီ နီးကပ်လာတော့သည်။ သူမကို ဆဲဆိုကြိမ်းမောင်းနေသော ယောက်ျားက သူ့ဘက်သို့ သူမ လဲကျသွားသည်ကို မြင်သောအခါ မသိစိတ်ကနေ သူမကို တွန်းထုတ်ပစ်လိုက်သည်။ လီကျောက်ဒီသည် သူမ၏အဝတ်ဗလာကိုယ်ထည်က လုံးလုံးလျားလျား ပေါ်လွင်သွားပြီး မြေပြင်ပေါ် ခြေကားရားလက်ကားရားလဲကျသွားတော့သည်။
သူမရဲ့ အရေပြားပေါ်မှာ အမှတ်အသားတွေ အမျိုးမျိုးရှိခဲ့ပြီး ကြည့်နေတဲ့လူတိုင်းက သူမကို ကျိန်ဆဲကြသည်။ သူမနဲ့ ချုံလော့ဇီကို အမျိုးမျိုး ကဲ့ရဲ့ရှုံ့ချခဲ့သည်။
အခြေအနေက လက်ထဲက လွတ်သွားသည်ကို မြင်လိုက်ရသဖြင့် ရွာသူကြီးက လီကျောက်ဒီကို ဆဲဆိုရန် ထွက်လာသော ထိုလူကို အမြန်ခေါ်လိုက်သည်။ "မင်းက ဘယ်ရွာကလဲ၊ မင်းကိုကြည့်ရတာ မက်မွန်ပွင့် ရွာက မဟုတ်ဘူး"
ရွာသူကြီး၏ စကားကိုကြားသောအခါ သူ၏ မထီမဲ့မြင်ပြုတဲ့ အမူအရာမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။ ချက်ချင်းပင် အော်ဟစ်ပြီး ရွာသူကြီး၏ ခြေထောက်ကို ပွေ့ဖက်ကာ တရားမျှတမှုအတွက် အော်ဟစ်တောင်းဆိုခဲ့သည်။
"ရွာသူကြီး၊ ရွာသူကြီး ကျွန်တော့်ကိုကူညီပါ။ မကြာသေးခင်က လီကျောက်ဒီက ငွေချောင်းငါးခုနဲ့ လဲလှယ်ပြီး ယောက်ျားတစ်ယောက်ကို ကူပြီးကန်ထုတ်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သူမ ရုတ်တရက် စိတ်ပြောင်းသွားတယ်။ ငွေမပေးရုံတင်မကဘဲ ကျွန်တော့်ကို ရိုက်နှက်ဖို့ လူတစ်ယောက်တောင် ပါလာပါတယ်။ တရားမျှတမှုမရှိဘူး......"
သူပြောလိုက်သည်နှင့် တပြိုင်နက် သူ့ပတ်ဝန်းကျင်တွင် ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသည်။ လူတိုင်းက သူအမှန်အတိုင်း ပြောနေတာလားလို့ ခန့်မှန်းဖို့ ကြိုးစားနေကြသည်။
မစ္စစ်ယန်ပင်လျှင် ရှောင်းကောကို စူးစမ်းလိုစိတ်ဖြင့် မေးခဲ့သည်။ " လီကျောက်ဒီက ရူးနေတာ မဟုတ်ဘူးလား၊ ဘာဖြစ်လို့ ဒီလိုတွေ လုပ်ရတာလဲ"
ရှောင်းကော ရယ်လိုက်သည်။ "သူမ တကယ် ရူးနေလားဆိုတာကို ဘယ်သူက သိမှာလဲ"
ရွာလူကြီးက သူ့ရင်ဘတ်ကို ပွတ်လိုက်ပြန်သည်။ သူ့ကိုယ်သူ မတ်တပ်ထရပ်ဖို့ အားပေးပြီး လီကျောက်ဒီကို ကြည့်လိုက်သည်။ "လီကျောက်ဒီ မင်းတကယ်ရူးနေတာလား ဒါမှမဟုတ် မင်း လိမ်နေတာလား "
လီကျောက်ဒီက ရွာတွင် အမြဲတမ်း ပြဿနာတွေ ဖန်တီးနေသည်။ ရွာလူကြီးက သူ့ခန္ဓာကိုယ်က ဒီဒရာမာတွေကို အကုန်ယူနိုင်ပါ့မလားလို့ တွေးမိသည်။
ဆေး၏ အာနိသင်များ ပြယ်သွားပြီးနောက် လီကျောက်ဒီ နောက်ဆုံးတွင် သူမ၏ အာရုံများ ပြန်လည် ရောက်ရှိလာပြီး သူမ၏ ပတ်ဝန်းကျင်ကို ကောင်းမွန်စွာ ကြည့်နေလေသည်။ အော်ဟစ်သံနှင့်အတူ သူမဆီ လူတိုင်း၏ အကြည့်တွေ ရောက်ရှိလာပြန်သည်။ ရွာသူကြီး၏ အမေးကို ဘေးမှကြည့်သူတွေသူက သူမတကယ်ရူးနေတာလားဟု လူတိုင်း ချက်ချင်းသံသယဝင်လာကြသည်။
သူမ စကားမပြောတော့တာကြောင့် ထိုလူက ထပ်ပြောပြန်သည်။ “ဟုတ်ပါတယ် သူမ ရူးချင်ယောင်ဆောင်နေတာပါ၊ သူမကို မနှင်ထုတ်အောင် ဒီလို လုပ်နေတာ ပြီးတော့ နေစရာနဲ့ စားစရာတွေ ရနေလို့ပါ”
သူ့ကို ဘယ်သူမှ မယုံမှာကို ကြောက်လို့ အဲဒီလူက ထပ်ပေါင်းပြောခဲ့သည်။ “ဒါကို သူမကိုယ်တိုင် ကျွန်တော့်ကို ပြောပြတာပါ”
ထိုလူပြောပြီးသည်နှင့် တပြိုင်နက် ရွာသူကြီးနှင့် သူ့ပတ်ဝန်းကျင်ရှိ လူအားလုံးက လီကျောက်ဒီကို ကြည့်ခဲ့ကြသည်။ "ဒါအမှန်ပဲလား လီကျောက်ဒီ "
တစ်စုံတစ်ယောက်၏ ကိုယ်ချင်းစာမှုကို အသုံးပြုခြင်းက အဆိုးဆုံးဖြစ်သည်။ ရွာသူကြီး လုံးဝ ဒေါသတကြီး ဖြစ်နေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် အိမ်ပေါက်မှ ထွက်လိုက်ဝင်လိုက်နဲ့ အားထုတ်ကာ လီကျောက်ဒီအား ကျွေးမွေးရန်အတွက် ရွာသူရွာသားများဆီ အစားအစောက်တွေ တောင်းရမ်းခဲ့ရသည်။ အရာရာတိုင်းက ဟန်ဆောင်နေတာလို့ စဥ်းစားလိုက်ရင် ဒါက လုံးဝခွင့်မလွှတ်နိုင်စရာပဲ။