← Chapters

အခန်း (၁၅၇)

Vol. 11 Ch. 157

အခန်း (၁၅၇)

Vol. 11 Ch. 157

နောက်တစ်နေ့တွင် ကျန်းတန်းဟယ်နှင့် လီရှို့ကျီသည် အိမ်၌ မရှိကြပေ။ သူတို့မှာ ကိစ္စရှိတယ်ဆိုပြီး မနက်အစောတည်းက ထွက်သွားခဲ့ကြတာ ဖြစ်သည်။ ဘာကိစ္စလဲ ဆိုတာကို တစ်ယောက်မှ မပြောသွားခဲ့ပေ။

ကျွမ်းကျွမ်းနှင့် ရှောက်ယိသည် စာဖတ်ခန်းကို ထပ်သွားလိုက်သည်။ အရင်တစ်ခေါက်က ကျန်းတန်းဟယ်သည် ကျွမ်းကျွမ်းအတွက် စာအုပ်တွေ အများကြီး ဝယ်ပေးထားခဲ့သည်။ ဒီတော့ စာဂျပိုးလေး ကျွမ်းကျွမ်းသည် ရှောက်ယိနှင့် အတူ နေ့တိုင်း စာဖတ်ခန်းထဲတွင်သာ ရှိနေလိမ့်မည်။

လုပ်စရာမရှိသောသူမှာ ရှောင်းကော တစ်ယောက်သာ ဖြစ်ပြီး သူမသည် စံအိမ်ထဲကို လှည့်ပတ်သွားနေလိုက်သည်။

မသိလိုက်ဘာသာနှင့် သူမ မီးဖိုခန်းဘက်ကို ရောက်လာခဲ့သည်။

စာဖိုမှုးနှစ်ယောက်၏ စကားပြောသံ တိုးတိုးမှ လွဲလျှင် မီးဖိုခန်းက တိတ်ဆိတ်နေခဲ့သည်။

သူမ ရုတ်တရက် ရောက်လာလို့ စာဖိုမှူး နှစ်ယောက်ကို လန့်မိသွားမှာ စိုးတဲ့ အတွက် ရှောင်းကောသည် သူမ ရောက်နေကြောင်း သိစေရန် အသံပြုလိုက်သည်။

“ မဒမ် ရောက်နေတာပဲ!”

ခပ်ဝဝ အမျိုးသမီးသည် ရှောင်းကောကို ပျော်ရွှင်စွာ နှုတ်ဆက်လာခဲ့သည်။

“ အွန်း ရောက်နေတယ်။ မင်းတို့ ဘာတွေ ချက်နေကြတာလဲ?”

ရှောင်းကောသည် သူမတို့ကို ပုံမှန်လိုပဲ ပွင့်ပွင့်လင်းလင်းသာ ပြောဆိုသည်။ ခွေးခြေခုံ တစ်ခုကို ယူလိုက်ပြီး သူမသည် စာဖိုမှူး နှစ်ယောက်၏ ဘေးသို့ ဝင်ထိုင်လိုက်သည်။

“ ကျွန်မ ပန်းထိုးနေတာ။ နောက်ကျရင် ဖိနပ်မှာ ချုပ်မလို့လေ”

ခပ်ဝဝ အမျိုးသမီးက ခြင်းတောင်းထဲရှိ ချုပ်လက်စ ဖိနပ် နှစ်ရံကို လက်ညိုးထိုးပြလိုက်သည်။

ရှောင်းကောသည် ခပ်ဝဝ အမျိုးသမီးထံမှ ချည်ထိုးထားတဲ့ အပိုင်းလေးကို တိတ်တိတ်လေး ယူလိုက်သည်။ ချုပ်ရာ တော်တော်လေး ကောင်းလှသည်။ “ လုပ်ထားတာ မိုက်တယ်”

ခပ်ဝဝ အမျိုးသမီးသည် ရှက်ရွံ့စွာ ပြုံးလိုက်သည်။

“ အဒေါ် ရှု့ သင်ပေးထားတာ”

သူမ ပြောပြီးတာနှင့် အသက် ပိုကြီးသည့် ခပ်ပိန်ပိန် စာဖိုမှူးကို လက်ညိုးထိုးပြလိုက်သည်။

အမျိုးသမီးရှု့ ကြားသော အခါမှာ ချက်ချင်းပဲ နှိမ့်ချစွာ ပြောလာခဲ့သည်။ “ ဟူး.. သူ့ကို နားမထောင်နဲ့ရယ်။ ကျွန်မက ဒီတိုင်း အပျော်တမ်း သမားလောက်ပါ။ ကျွန်မရဲ့ အရည်အချင်းက အရမ်း အရမ်းကို”

“ အရမ်းကြီး မနှိမ့်ချနေစမ်းပါနဲ့” စားဖိုမှူးနှစ်ယောက်သည် ပြောပြီးနောက်တွင် ရယ်လိုက်ကြသည်။

တစ်ဝက် လုပ်ထားပြီးသား ဖိနပ်တွေကို ချလိုက်ပြီး ရှောင်းကော၏ ခေါင်းထဲတွင် အတွေးတစ်ခု ဝင်လာခဲ့သည်။

“ မဒမ်ကော တစ်ခုခု လုပ်ချင်လို့လား?”

အမျိုးသမီးရှု့က အမြင်ကောင်းသူ ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ရှောင်းကော တစ်ခုခု တွေးနေသည်ကို သူမ ပြောနိုင်သည်။

“ ဟမ်?” ရှောင်းကော အသိပြန်ဝင်လာခဲ့သည်။ ထို့နောက်မှာ သူမ အရင်ဆုံး ရှက်သလို ခံစားလိုက်ရပြီး ပြောလိုက်သည်။ “ ကျွန်မလဲ ဖိနပ်တစ်စုံလောက် လုပ်ချင်လို့”

ရှောင်းကောသည် ရုတ်တရက် ကျန်းတန်းဟယ်ကို တွေးမိသွားခဲ့သည်။ မနေ့က ညစာ စားတုန်း သူသည် သူမ နားနားကိုကပ်ကာ တိုးတိုးလေး ပြောသွားခဲ့ သည်။

ကျန်းတန်းဟယ်က သူမ အပေါ် ကောင်းမွန်စွာ ဆက်ဆံသည့်အတွက် သူမ ပြန်ပြီး ကျေးဇူးတင်မှုကို ပြတဲ့အနေနဲ့ ဖိနပ် တစ်စုံလောက် ချုပ်ပေးလိုက်လျှင် ကောင်းလောက်မလား?

ရှောင်းကော၏ မျက်နှာကို ကြည့်လိုက်ပြီး ခပ်ဝဝ အမျိုးသမီးက စနောက်လာခဲ့သည်။ “ မဒမ် ဒါကို စစ်သူကြီးအတွက် လုပ်မလို့ မလား?”

ရှောင်းကော မျက်နှာပူသွား ခဲ့သည်။ တစ်စုံတစ်ယောက်က သူမရဲ့ အမြှီးကို တက်နင်းလိုက်လို့ ခေါင်းမွှေးတွေ အကုန် ထောင်သွားသကဲ့သို့ ခံစားနေရသည်။ “ ဘယ်သူပြောလဲ? ဒါဒီတိုင်းလေး မေးကြည့်တာ ဒီတိုင်းလေးပဲ”

ရှောင်းကော စတင်ပြီး ဗလုံးဗထွေး ပြောတော့သည်။ ရှောင်းကော၏ အပြုအမူကို ကြည့်ပြီး သူမ ရှက်နေသည်ကို စားဖိုမှုး နှစ်ယောက် သိလိုက်သည်။ ထို့ကြောင့်မို့ သူတို့သည် အကြောင်းအရာကို အတိအကျ သိနေသော်လည်း ဘာမှ မပြောကြတော့ပဲ စကားလမ်းကြောင်းသာ အမြန် လွှဲလိုက် တော့သည်။

သူမတို့ သုံးယောက်သည် ပုံမှန်လို စကား ပြောခဲ့ကြသည်။ ချုပ်လုပ်ရေးကို သေချာ လုပ်ကိုင်နေကြသော စာဖိုးမှူး နှစ်ယောက်ကို ရှောင်းကော ကြည့်ခဲ့လိုက်သည်။ ထိုနှစ်ယောက် ဖိနပ်အခံကို ဘယ်ဆိုင်ကနေ ဝယ်ခဲ့သလဲ ဆိုတာကိုပါ သိရအောင် သူမ ကြိုးစားခဲ့လိုက်သေးသည်။

သူမလိုချင်သည့် အဖြေကို ရသွားပြီး နောက်မှာ ရှောင်းကော ထွက်သွားခဲ့သည်။

မြို့တော်ကို ရောက်ပြီးတာ ရက်တစ်ချို့ ရှိပြီဖြစ်သည်။ သူမ အိမ်ကို ပြန်ဖြစ်မလား မသေချာ တာမလို့ သူမ မသွားခင် ကျန်းတန်းဟယ်ကို ဖိနပ်အပြီးလုပ်ပြီး ပေးခဲ့လိုက်တာ ပိုကောင်းမည်။

စားဖိုမှူးနှစ်ယောက်၏ ညွှန်ပြမှုအတိုင်း ရှောင်းကောသည် ဖိနပ်ဆိုင်သို့ ရောက်လာခဲ့သည်။ ရထားလုံး ရပ်သွားပြီးနောက် ရှောင်းကောလဲ အပြင်ကို ထွက်လိုက်သည်။

ဆိုင်ထဲ ဝင်ပြီးသည်နှင့် သူမ လှည့်ပတ်ပြီး ကြည့်နေခဲ့သည်။ ဆိုင်က မကြီးပေမဲ့ အထဲတွင် ပစ္စည်းပစ္စယ စုံလင်စွာ ရှိသည်။

ဆိုင်အကူလေးသည် ရှောင်းကောကို ထွက်ကာ နှုတ်ဆက်လာသည်။ ကျန်းတန်းဟယ်၏ ခြေထောက် အရွယ်ကို အခြေခံပြီး ဖိနပ်အကြီး တစ်ခုကို သူမ ယူလိုက်သည်။ ခြေထောက် နွေးစေရန် အတွင်းသားတွင် သူမ အမွှေးတစ်ထပ် ထပ်ချုပ်ပေးမှာ ဖြစ်သည်။

ဆိုင်တွင် ပစ္စည်းအကုန် စုံသည့်အတွက် ရှောင်းကော လိုအပ်သမျှကို အကုန် ရခဲ့သည်။

ငွေရှင်းပြီးနောက်တွင် ရှောင်းကောသည် ရထားလုံးဆီသို့ ပြန်လာခဲ့လိုက်သည်။ ဖိနပ်ကြီးကို သူမ လက်တစ်ဖက်နဲ့ သယ်ထားရင်း သေးငယ်သော လက်ဖဝါးများနှင့် တိုင်းဆနေခဲ့သည်။ ဆိုဒ်မှန်လောက်သည်။

အစက ကျန်းတန်းဟယ်၏ ဖိနပ်ဆိုဒ်ကို ရှောင်းကော မသိပါချေ။ သို့ပေမဲ့ သူမ ထွက်မလာခင်တွင် သူမ အိပ်သော အခန်းထဲ၌ ကျန်းတန်းဟယ်၏ ဖိနပ်ကို သူမ ရှာတွေ့ ခဲ့သည်။ ထိုအခန်းက အမှန်တော့ ကျန်းတန်းဟယ်၏ အိပ်ခန်းပင်။ မြို့တော်ကို ရောက်တည်းက ကျန်းတန်းဟယ်၏ အခန်းကို သူမ မောင်ပိုင်ဆီးထားခဲ့တာ ဖြစ်သည်။

ရှောင်းကောသည် အတိုင်းကို တိုင်းတာဖို့ရန် ဖိနပ်ကို လက်ထဲ ထည့်ထားခဲ့ပြီး အခု သူမ ဝယ်လာသည့် ဆိုဒ်သည်လဲ မှန်လောက်မည်ဟု ခံစားနေရသည်။ လက်သည်းအရွယ်ခန့်လောက် ကျန်းတန်းဟယ်၏ ဖိနပ်ထက် ပိုကြီး နေခဲ့ပေမယ့် ကိစ္စတော့ မရှိချေ။ ထူတဲ့ အမွှေးနဲ့ ချုပ်ပြီး ချုပ်စာ ယူအုံးမှာနှင့်ဆိုရင် ဖိနပ်သည် ကွက်တိ ဖြစ်လောက်သည်။

ရထားလုံးသည် စံအိမ်သို့ ပြန်လည် မောင်းနှင် လာခဲ့သည်။

ရှောင်းကောသည် အိမ်ရောက်သည်နှင့် အမြန်ပဲ ဖိနပ်ချုပ်ခြင်းအလုပ်ကို စတင် တော့သည်။ သူမ အချိန်မရွေး ပြန်သွားနိုင်အောင်လို့ အမြန်လုပ်ထားမှ ဖြစ်မည်။

ရှောင်းကော ဖိနပ်ချုပ်နေစဥ်တွင် ရှောက်ယိနှင့် ကျွမ်းကျွမ်းသည် ရှောင်းကောကို လာရှာခဲ့သည်။ ကလေး နှစ်ယောက်လုံးသည် ကဗျာတစ်ပုဒ်ကို သေသပ်စွာ ရေးထားသော စာရွက်တစ်ခုဆီ သူမအား ကမ်းပေးလာကြသည်။ စာရွက် နှစ်ခုကို နှိုင်းယှဥ့်ကြည့်ပြီးနောက်တွင် ကလေး နှစ်ယောက်လုံးသည် ကဗျာတစ်ပုဒ်ထဲကို ကူးထားသည်ကို သူမ သဘောပေါက်သွား ခဲ့သည်။

ရှောင်းကော တိတ်ဆိတ်စွာ လေ့လာလိုက်သည့် အခါမှာ မိခင်မေတ္တာကို ဖော်ကျူးထားတဲ့ ကဗျာ တစ်ပုဒ်ဆိုတာကို သူမ တွေ့လိုက်ရသည်။

ရှောင်းကော၏ ရင်ထဲ ထိသွားတော့သည်။ သူမသည် ဖိနပ်ကို အောက်ခဏ ချလိုက်ပြီး လက်ထဲမှ စာရွက်နှစ်ခုကို ဂရုတစိုက် ကြည့်လိုက်သည်။ သူမ ကြည့်လေလေ ပျော်ရွှင် မိလေလေပဲ။

ရှောင်းကောသည် ကျွမ်းကျွမ်းကို စစချင်း ဘယ်လို ရေးရမလဲ သင်ပေးခဲ့တုန်းက ကျွမ်းကျွမ်း၏ အရေးအသားသည် မသပ်ရပ်ပေ။ ကြည့်လိုက်ရုံနှင့် ရေးထားသည့် သူမှာ ချစ်စရာကောင်းသည့် ကောင်ငယ်လေး ဖြစ်မည်ဟု မည်သူမဆို ပြောနိုင်လောက်သည်။

ထင်သည့်အတိုင်း လက်ရေးလက်သားက လူတစ်ယောက်ကို တိုင်းတာဖို့ ကောင်းတဲ့ အရာပင်။ လက်ရေးကို ကြည့်ရုံဖြင့် ရေးသားသူ၏ အပြုအမူကို ရှောင်းကော ပြောနိုင်သည်။

ရှောက်ယိသည် ကစားသန်ပြီး ကျွမ်းကျွမ်းက နည်းနည်း ပိုတည်ငြိမ်သည်။

ရှောင်းကောသည် စာရွက်နှစ်ရွက်ကို သိမ်းလိုက်ပြီး အိမ်ပြန်ရောက်သော အခါတွင် ချိတ်ထားဖို့ ရည်ရွယ်ထားခဲ့သည်။

ကျွမ်းကျွမ်း၏ စားပွဲ၏ ဘေးတွင် ထားထားရမည်။

စာရွက်နှစ်ရွက်ကို ဘေးချပြီးနောက်တွင် ရှောင်းကောသည် ဆက်ပြီး ဖိနပ် ချုပ်နေခဲ့သည်။

နေ့လည်ရောက်သည်အထိ အိမ်ပြန် ရောက်သင့်ပြီဖြစ်သော ကျန်းတန်းဟယ်နှင့် လီရှို့ကျီသည် ပြန်မလာကြသေးပေ။ ရှောင်းကော အနည်းငယ် သိချင်လာခဲ့သည်။ သူမ မြို့တော်ကို ရောက်လာတည်းက ထိုနှစ်ယောက်သည် အများအားဖြင့် အိမ်တွင်သာ ရှိတတ်ကြသည်။ ဒီနေ့ ထိုနှစ်ယောက်၏ ရုတ်တရက် ပျောက်ကွယ်မှုကို သူမ အနည်းငယ် ကျင့်သားမရသေးပေ။

နေ့လည်စာမစားခင်တွင် ဖြစ်သည်။ ကျွမ်းကျွမ်းသည် ရှောက်ယိကိုပါ အတူ ခေါ်လာပြီး ရှောင်းကော ချက်တာကို စားရဖို့ရန် နားပူနားဆာ လုပ်နေခဲ့သည်။

သူမ လုပ်သည့် အစားအသောက်ကို ရုတ်တရက်ကြီး ဘာလို့ စားချင်သွားတာလဲ ရှောင်းကော မေးခဲ့သည်။ ကျွမ်းကျွမ်း ပြန်ပြောလိုက်သည်။ “ မေမေချက်တာကို ရှောက်ယိက တစ်ခါမှ မစားဖူးတော့ သူ နည်းနည်း စားကြည့်ချင် နေတာတဲ့”

ကျွမ်းကျွမ်း ပြောပြီးနောက်တွင် ရှောက်ယိက ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ မေမေ ချက်တာက အရမ်းကောင်းတယ်လို့ ကျွမ်းကျွမ်း ပြောလို့ သားနည်းနည်း ဗိုက်ဆာလာပြီး…”

ကလေးနှစ်ယောက်ကို ကြည့်ပြီး ရှောင်းကောသည် သူမ၏ ပေါင်ကို ရိုက်ကာ ပြောလိုက်သည်။ “လာသွားစို့!”

ဒီလိုနဲ့ပဲ သူမသည် လက်ထဲက ဖိနပ်ကို ပစ်ချကာ ကလေးနှစ်ယောက်အား မီးဖိုခန်းဆီသို့ ခေါ်သွားလိုက်သည်။

ရှောင်းကော၏ ရည်ရွယ်ချက်ကို ကြားသည်နှင့် စားဖိုမှူး နှစ်ယောက်က ချက်ချင်း ရှောင်းကော ချက်နိုင်ရန် မီးဖိုးတစ်ခု အရင်ပေးလိုက်ကြသည်။

ကျေးဇူးတင်ပြီးသည်နှင့် စားဖိုမှူး နှစ်ယောက်၏ အလုပ်ကိုလဲ မကြန့်ကြာစေရန် ချက်ချင်း စတင် ချက်ပြုတ် တော့သည်။

ရှောင်းကောသည် ရိုးရှင်းသော ဟင်းတစ်ချို့သာ ချက်ပြုတ်ခဲ့သည်။ ဆန်ပြုတ် တစ်အိုးတည်လိုက်ပြီး ပေါင်းထားသော ဘန်းကိတ်များကို အပူ ပေးလိုက်သည်။ ထို့နောက်မှာ ဆန်ပြုတ်နှင့် ဘန်းကိတ်ကို လင်ဗန်းထဲ ထည့်ပြီး သူမ ထွက်သွားလိုက်သည်။ ကျန်သော ဟင်းများကတော့ ရှောက်ယိနှင့် ကျွမ်းကျွမ်း ထုတ်စားဖို့ရန် ချန်ထားပေးခဲ့သည်။

ရှောင်းကောအတွက် ကျွမ်းကျွမ်း ပန်းကန်းတွေ သယ်ပေးခဲ့တာ ကြာလှပြီ ဖြစ်သည်။ ရှောင်းကောသည် ဆန်ပြုတ်နှင့် ဘန်းကိတ်ကို ကိုင်လိုက်တာကို မြင်သော အခါမှာ ကျွမ်းကျွမ်းသည် စိတ်လှုပ်ရှားစွာဖြင့် ရှောက်ယိကိုပါ ခေါ်လိုက်ကာ ပန်းကန်တစ်ခု ဆီကို ကိုင်ထားလိုက်သည်။ ထို့နောက်တွင် အစ်ကိုကြီး တစ်ယောက်သဖွယ် ရှောင်းကော သွားသည့်အနောက်ကို လိုက်သွားလိုက်သည်။ ရှောက်ယိသည်လည်း အလွန် ပျော်နေခဲ့သည်။ သူ အံ့သြတကြီး ရေရွတ်ပြီး ကျွမ်းကျွမ်း၏ အနောက်မှ လိုက်သွားလိုက်သည်။

အမျိုးသမီးရှု့သည် လေထုထဲကို အနံ့ခံလိုက်ပြီး ဟင်းပွဲတွေ၏ မွှေးရနံ့တွင် ယစ်မူးနေခဲ့သည်။ “ အိုး ဘုရားရေ သခင်မရဲ့ ဟင်းတွေက အရမ်း မွှေးတာပဲ”

ခပ်ဝဝ အမျိုးသမီးသည် ဘေးတွင် ရပ်ပြီး ရှောင်းကောနှင့် ကလေးတွေ ထွက်သွားတာကို ကြည့်နေခဲ့သည်။

“ ဟုတ်တယ်။ တစ်လုတ်လောက် ခိုးစားရုံအပြင် မတတ်နိုင်တော့ဘူး။ ဟီးဟီး”

“ဘယ်လိုတောင် ရဲတင်းတာလဲ?!”

အမျိုးသမီးရှု့သည် သူမ၏ သွားရည်တွေကို သုတ်လိုက်ရင်း ခပ်ဝဝ အမျိုးသမီးကို ညင်သာစွာ တစ်ချက် ရိုက်လိုက်သည်။ သူမတို့သည် ဘေးတွင် စောင့်နေခဲ့ကြပြီး မွှေးရနံ့က နှာခေါင်းတွင် ဝင်မွှေနေခဲ့တာ ဖြစ်သည်။ ဟင်းတွေက တစ်ကယ်ကို ဆွဲဆောင်နေခဲ့သည်။ “ အဲ့အကြောင်း ပြောနေတာ ရပ်ပါတော့။ ငါလဲ စားချင်တယ်လေ။ ဟဟ”

စားဖိုမှူးနှစ်ယောက်သည် အချင်းချင်း မှီပြီး သက်ပြင်းချလိုက်ကြသည်။

“ အဒေါ် ဒီနေ့ ဘာစားကြမှာလဲ? အပြင်ကနေတောင် အနံ့ရနေတယ်”

ထိုအချိန်တွင် အခုမှ တာဝန်ပြီးလာသော စစ်သားတစ်ယောက်သည် တူနှင့် ပန်းကန်လုံးကို ကိုင်ကာ ရောက်လာခဲ့သည်။ နေ့လည်စာချိန် မရောက်သေးဘူး ဆိုပေမဲ့ အနံ့က တော်တော်လေးဆွဲဆောင်နေသည်။ ထို့ကြောင့် တာဝန် ပြီးသည်နှင့် သူ မနေနိုင်စွာဖြင့် မီးဖိုခန်းဆီကို ရောက်လာ ရတော့သည်။

စစ်သားသည် အိုးကို ကြည့်နေသည်ကို တွေ့သော အခါမှာ စာဖိုမှူးနှစ်ယောက်သည် အချင်းချင်း ကြည့်မိသွားကြပြီး ကူကယ်ရာမဲ့စွာပဲ ပြောလိုက်တော့သည်။ “ အခုထိ မချက်ရသေးဘူး”

“ဟူး.. မနောက်နေပါနဲ့။ အနံ့က အရမ်း မွှေးနေတာကြီးကို”

All Chapters