← Chapters

အခန်း (၈၃)

Vol. 6 Ch. 83

အခန်း (၈၃)

Vol. 6 Ch. 83

ရှောင်းကော တံခါးဖွင့်သံကြားသည့်အချိန် မီးဖိုချောင်ကြမ်းပြင်ကို လှဲနေတာဖြစ်သည်။ သူမ ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သည့်အခါ ကျွမ်းကျွမ်း၏ ပျော်ရွှင်နေတဲ့ ပုံလေးကို တွေ့လိုက်ရသည်။ ဒီကလေး ပြန်လာတာ တော်တော်မြန်မြန်သည်။

"မေမေ!"

အိမ်ထဲ မဝင်ခင် သူမကို အော်ခေါ်နေသည့် သူ့အသံကို ကြားနေရသည်။

ရှောင်းကောရှေ့တွင် သူရပ်လိုက်တဲ့အချိန် ကျွမ်းကျွမ်းသည် မျက်နှာလိုမျက်နှာရလုပ်ကာ ပြောလာသည်။ “ပေါက်ပေါက်က အစိုဓာတ်ဝင်လို့မရဘူးလို့ အဒေါ်ယန်ကို သားပြောခဲ့တယ်။ သေသေချာချာ သိမ်းထားရမယ်လို့!"

"အိုက်ယိုး၊ ငါတို့ ကျွမ်းကျွမ်းက ဘယ်လောက်တောင် ဉာဏ်ကောင်းလိုက်လဲ? မေမေက သားကိုသတိပေးဖို့မေ့နေပေမဲ့ သားက မှတ်မိနေသေးတယ်!"

ရှောင်းကောသည် ထိုအကြောင်းကို ကျွမ်းကျွမ်းအား ပြောရန် မေ့သွားသည်ကို သူမ ရုတ်တရက် သတိရလိုက်သည်။ သူ့မှတ်မိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။ သူ့ဦးနှောက်က သူမထက်တောင် ပိုကောင်းနေသေးသည်။

ကျွမ်းကျွမ်းက ရှက်ရွံ့စွာဖြင့် ပြုံးလိုက်သည်။ သူက ရှောင်းကောကို ဖတ်လိုက်ကာ အခန်းထဲသွားတော့မယ်လို့ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

ရှောင်းကောလည်း မီးဖိုချောင်ကို ဆက်လက် သန့်ရှင်းရေး လုပ်သည်။ သူမ မီးဖိုချောင်ကို သန့်ရှင်းရေး မလုပ်သည်မှာ ရက်အတော်ကြာခဲ့ပြီဖြစ်သည်။ ရှောင်းကောသည် အဝတ်တစ်ထည်ကို ယူလိုက်ကာ မီးဖိုချောင်အား စတင်သန့်ရှင်းရေးလုပ်သည်။

နောက်ဆုံး ရှောင်းကော တံမြက်စည်းအား ချလိုက်သည့်အချိန် မီးဖိုချောင်က သန့်ရှင်းသပ်ရပ်သွားသည်။ ဤကဲ့သို့ သန့်ရှင်းနေသည့်မီးဖိုချောင်ဖြင့်ဆိုလျှင် ချက်ပြုတ်လိုစိတ်တွေ ပိုတိုးလာမည်ပင်။

ယခု ရှောင်းကောတွင် အားလပ်နေသဖြင့် ကျွမ်းကျွမ်းစာလုပ်ရာတွင် ကူညီပေးရန် အခန်းထဲသို့ သူမဝင်လာသည်။

ဒီတလောတွင် ရှောင်းကောသည် ကျွမ်းကျွမ်းနှင့်အတူ နေ့တိုင်း စာလုပ်ပေးသည်။ တခြားအချိန်များတွင် သူမသည် အမျိုးသမီးယန်နှင့်အတူ စကားစမြည်ပြောရင်း အပ်ချုပ်နည်းများကို ဆွေးနွေးလေ့ရှိသည်။ သူမဘဝက တော်တော်ကိုကောင်းလှသည်။

တစ်နေ့နေ့လည်ခင်းတွင် ရှောင်းကောသည် ကျွမ်းကျွမ်းအား စာသင်ပေးနေချိန် အမျိုးသမီးယန်သည် တံခါးကိုခေါက်ကာ သူမအား လှမ်းအော်ခေါ်သည်။ ရှောင်းကောလည်း သိလိုစိတ်ဖြင့် စာအုပ်အားချလိုက်ပြီး ကျွမ်းကျွမ်းတစ်ယောက်တည်း စာလုပ်ရန် ထားထားလိုက်သည်။ သူမသည် တံခါးဆီသွားကာ ဖွင့်လိုက်သည်။

"အစ်မ? အထဲဝင်ပါ"

အမျိုးသမီးယန်သည် တံခါးအပြင်ဘက်တွင် ပျော်ရွှင်စွာဖြင့် ရပ်နေ၏။ ရှောင်းကောကို တွေ့လိုက်ရသည့်အခါ သူမ မဝင်‌တော့ကြောင်းပြရန် လက်ကိုဝှေ့ယမ်းလိုက်သည်။ သူမက ရှောင်းကောကို မေးလိုက်သည်။ "မနက်ဖြန်ခရိုင်ကိုသွားမလား?"

ရှောင်းကောသည် သူမနှင့်အတူ ခရိုင်သို့ မကြာခဏ သွားလေ့ရှိသော်လည်း ယနေ့တွင် သူမဘယ်လိုတောင်ပျော်နေလဲဆိုတာကို သူမအနည်းငယ် သိချင်စိတ်ဖြစ်မိသည်။ “ဒါပေါ့၊ မနက်ဖြန်က ဘာနေ့မို့လို့လဲ?"

“ဆောင်းဦးလယ်ပွဲတော် နီးနေပြီလေ” အမျိုးသမီးယန်က ပြုံးကာပြောလိုက်သည်။ “လီမိသားစုရဲ့ချွေးမဆီကနေ သူတို့ ဒီနေ့ခရိုင်ကို သွားကြတယ်လို့ ကြားတယ်။ အခုချိန် ခရိုင်ဈေးမှာ အစားအသောက်မျိုးစုံတွေ ရောင်းနေတယ်တဲ့။ မနက်ဖြန် သွားကြည့်ကြည့်ရအောင်လေ!"

ဆောင်းဦးလယ်ပွဲတော်ပဲ… ရှောင်းကော ၎င်းအားမေ့သွားလုနီးနီးပင်။ မနက်ဖြန် သွားရလဲ သူမ စိတ်မရှိချေ။ တိုက်တိုက်ဆိုင်ဆိုင် အိမ်တွင်လည်း အသားမရှိတော့ပေ။ သူမအနေဖြင့် လိုက်ပတ်ကြည့်ကာ ကုန်ပစ္စည်းစုံများအား စုဆောင်းရန် ၎င်းအခွင့်အရေးကိုယူလို့ရသည်။

အမျိုးသမီးယန်နှင့်အတူ အချိန်ကိုဖြတ်ပြီးသည့်နောက် ရှောင်းကောလည်း အိမ်ထဲသို့ပြန်ဝင်လာကာ ကျွမ်းကျွမ်းအား သူမနှင့်အတူ လိုက်ချင်လားဟု မေးလိုက်သည်။ ကျွမ်းကျွမ်းသည် ထိုစကားကိုကြားသည့်အခါ အရမ်းဝမ်းသာသွားပြီး အမြန်သဘောတူလိုက်သည်။

နောက်နေ့မနက် မနက်စာစားပြီးတဲ့နောက် ရှောင်းကောသည် မြည်းလှည်းကို ပြင်လိုက်ကာ ကျွမ်းကျွမ်းအား အမျိုးသမီးယန်ကို သူမထုပ်ပိုးပြီးတာနှင့် ထွက်ကြရန် ပြောခိုင်းလိုက်သည်။ ကောင်လေးပြေးထွက်သွားပြီးတဲ့နောက် ရှောင်းကောသည် မြည်းလှည်းကို အိမ်အပြင်ဆီ ထုတ်လိုက်သည်။ သူမ အိမ်ထဲကနေထွက်လာစဉ် ခွေးပေါက်လေးများကလည်း သူမနှင့်အတူ ထွက်လာသည်ကြောင့် ရှောင်းကော သူတို့အား အိမ်ထဲပြန်သွင်းကာ တံခါးသော့ခတ်လိုက်သည်။

သူမ အမျိုးသမီးယန်၏ အိမ်သို့ ရောက်သည့်အခါ၊ ကျွမ်းကျွမ်းက အမျိုးသမီးယန်အား အပြင်သို့ ခေါ်ထုတ်လာသည်။ အမျိုးသမီးယန် တစ်ယောက်တည်းဖြစ်နေတာကိုမြင်တော့ ရှောင်းကော ပြောလိုက်သည်။ “အစ်မယန် ဒီနေ့က ပျော်စရာကောင်းမယ့်နေ့ပဲလေ။ ရှောင်းဟူနဲ့ ရှောင်းဟွားတို့ကိုလဲ ခေါ်သွားရအောင်!"

အမျိုးသမီးယန်က ရပ်လိုက်ကာ တွေးလိုက်သည်။ ' ဟုတ်တယ် ဘာလို့မခေါ်ရမှာလဲ' သူမ ရှောင်းကောအား ခေါင်းညိတ်ပြလိုက်ကာ အိမ်ထဲပြန်ဝင်ကာ ကလေးနှစ်ယောက်အား စျေးဝယ်သွားကြရန် အဝတ်အစားမြန်မြန်လဲခိုင်းလိုက်သည်။

ခဏကြာတော့ သူတို့သုံးယောက် ထွက်လာကာ မြည်းလှည်းပေါ် တက်ခဲ့ကြသည်။ ရှောင်းကောက သူတို့အား ခပ်ကျပ်ကျပ်လေး ထိုင်ခိုင်းလိုက်သည်။

ကလေးသုံးယောက်က အရမ်းစိတ်လှုပ်ရှားနေမှန်း သိသာသည်။ သူတို့သုံးယောက်ကြားတွင် ပြောစရာတွေအဆုံးမရှိအောင် များလှသည်။ အမျိုးသမီးယန်က သူတို့အား ဂရုစိုက်ရန် သူတို့ဘေးတွင် ထိုင်နေပြီး ရှောင်းကောက မြည်းလှည်းမောင်းရန် အရှေ့တွင် ထိုင်သည်။

စျေးသို့ရောက်သည့်အခါ ရှောင်းကောသည် အမျိုးသမီးယန်၏ အကြံပြုချက်အတိုင်း အခြားလမ်းတစ်ခုမှ သွားလိုက်သည်။ မရင်းနှီးသည့် ပတ်ဝန်းကျင်ကိုကြည့်ရင်း ရှောင်းကောသည် သူမ ဤနေရာကို မရောက်ဖူးတာကြောင့် အနည်းငယ် လမ်းပျောက်သလို ခံစားလိုက်ရသည်။

"အစ်မ ဒီမှာ ဘာရှိလို့လဲ?"

ရှောင်းကောသည် သာမန်ကျသည့်လမ်းကိုကြည့်ကာ အမျိုးသမီးယန်က ဒီကနေသွားခိုင်းသည်မှာ အနည်းငယ် ထူးဆန်းသည်ဟု သူမခံစားမိလိုက်သည်။

“ရှေ့ကိုသွားပြီးရင်း အဲဒီလမ်းကို ကွေ့လိုက်။ အနံ့တစ်ခုခုရလား?"

အမျိုးသမီးယန်က ရှောင်းကောအား လျှို့ဝှက်ဆန်းကြယ်သည့် အကြည့်တစ်ချက်ပေးလိုက်သည်။

ရှောင်းကော ထိုစကားကိုကြားသည့်အခါ သူမလေထဲတွင် အနံ့ခံရန် ကြိုးစားလိုက်သည်။ ဟုတ်သည်၊ ယခု အမျိုးသမီးယန်ပြောမှ၊ သူမ မုန့်နံ့တွေ ရလိုက်သည်။ လမ်းကြားဆီ လှည်းကိုမောင်းလာရင်း အနံ့က ပိုအားကောင်းလာသည်။

ရှောင်းကောသည် အမျိုးသမီးယန်၏ လမ်းညွှန်ချက်အတိုင်း လိုက်ကာ မြည်းလှည်းအား ရှေ့သို့ မောင်းသွားလိုက်သည်။

လမ်းကွေ့ဆီရောက်သည့်အခါ ရှောင်းကောသည် အမျိုးသမီးယန်၏ လမ်းညွှန်အတိုင်း လှည်းအာ လမ်းကြားထဲ ကွေ့ဝင်လိုက်သည်။

ဒီတစ်ခါမြင်လိုက်ရတာက ကျယ်ဝန်းတဲ့လမ်းတစ်ခုပင်။ လမ်းဘေးနှစ်ဖက်တွင် မုန့်ဆိုင်တွေရှိသည်။ ဤသည်မှာ ရှန့်ချယ် လမ်းဖြစ်သည်။

မုန့်တွေ၏ မွှေးရနံ့တွေက ဒီလမ်းကနေ ထွက်လာမှန်း သိလိုက်ရသည်။

ဒီအချိန်တွင် ဆိုင်တွေဖွင့်နေပြီဖြစ်သည်။ ဆိုင်တိုင်းတွင် တံခါးများကို ခပ်ကျယ်ကျယ်ဖွင့်ထားသည်။ မုန့်မျိုးစုံကို ကောင်တာထဲတွင် ပြသထားသည်။

လတ်လတ်ဆတ်ဆတ် ဖုတ်ထားသော မုန့်တွေအား ထုတ်ကာ ဝါးဗန်းများပေါ်တွင် ခင်းကျင်းထားသည်။ ၎င်းတို့၏ ဆိုင်အမည်တံဆိပ်များ ကပ်ထားသည့် ဖယောင်းစက္ကူဖြင့် ထုပ်ထားသည့် မုန့်ထုပ်များလည်း ရှိသည်။

လှပသော သကြားရည်သုတ် မုန့်များဟာလည်း လမ်းသွားလမ်းလာများကို ဆွဲဆောင်နေသည်။ သူတို့မှာ မနေနိုင်ဘဲ ဆိုင်ထဲသို့ဝင်ကာ တစ်ခုခုဝယ်မိကြသည်။

“အစ်မ၊ ဒီမှာ ဒီလိုလမ်းမျိုးရှိမှန်း ကျွန်မလဲမသိခဲ့ရပါလား?"

ရှောင်းကောမှာ သူမသည် ခရိုင်ရှိနေရာအများစုကို တွေ့ဖူးပြီးပြီဟု ထင်ခဲ့သည်။ တွေးကြည့်ပါက ဒီလမ်းကျဉ်းလေးထဲတွင် တကယ်ဘဲ ဝှက်ထားတဲ့ ရတနာတစ်ခု ရှိနေတာပင်။

"ဒါပေါ့! ဒါက နာမည်ကြီး မုန့်မျိုးစုံလမ်းပဲ။ ဒီက မုန့်တွေက အရသာရှိတယ်။ အရေးကြီးဆုံးကတော့၊ ဒီနေရာက ထုတ်ကုန်တွေက အမျိုးမျိုးရှိတယ်။ ဈေးကြီးသည်ဖြစ်စေ စျေးသက်သာသည်ဖြစ်စေ အားလုံးမှာ ထူးခြားတဲ့ကိုယ်ပိုင်အရသာတွေရှိတယ်!”

အမျိုးသမီးယန်က သူမ အကြိုက်ဆုံး ဆိုင်အကြောင်း ရှောင်းကောကို ပြောပြခဲ့သည်။

ဆောင်းဦးလယ်ပွဲတော် နီးလာသည်နှင့်အမျှ လမုန့်လုပ်တဲ့ ဆိုင်တွေလည်း ရှိပြီဖြစ်သည်။ ရှောင်းကောနှင့်အတူ သူမဒီကိုလာရသည့် ရည်ရွယ်ချက်မှာ လမုန့်ဝယ်ဖို့ပင်။

အမျိုးသမီးယန်၏ စကားကြားတော့ ရှောင်းကော အနည်းငယ် အံ့သြသွားသည်။ ဆောင်းဦးလယ်ပွဲတော်ရောက်ရန် ရက်ပေါင်း ၂၀ ကျော်လောက် ကျန်သေးသည် မဟုတ်လား? သူမ လမုန့်ဝယ်ဖို့ ဘာကြောင့် အလျင်လိုနေတာလဲ? ပွဲတော်ရက်နီးမှ ဝယ်လို့လဲရသည်ပင်။

တွေးရင်းနှင့် သူမပါးစပ်မှနေ မေးခွန်းတစ်ခု ထွက်လာသည်။ ဒါကို အမျိုးသမီးယန်ကြားတော့ သက်ပြင်းချကာ ပြောပြလာသည်။ “ဒါက ကိစ္စမရှိပါဘူး။ အစ်မက များများဝယ်ပြီး ပွဲတော်အတွက် သိမ်းထားမလို့ ဘာပဲဖြစ်ဖြစ် ဒီလမုန့်တွေက အလွယ်တကူ မပျက်စီးနိုင်ဘူး‌လေ။ တကယ်တော့ ပိုအရေးကြီးတာက… "

အမျိုးသမီးယန်က ပြောနေရင်း ရှောင်းကောအား သိချင်စိတ်ဖြစ်အောင် လုပ်လိုက်သည်။ ရှောင်းကောမှာ အရေးကြီးဆုံးအပိုင်းကို နားထောင်ရန် မျှော်လင့်စောင့်စားနေသည်။ သူမ မည်မျှသိချင်နေပုံကို မြင်လိုက်ရသည့်အခါ အမျိုးသမီးယန်က ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်သည်။ "ပိုအရေးကြီးတာက ဒီဆိုင်မှာရှိတဲ့ ပင်လုံးကြိုင်ပန်းဝိုင်ကို ဒီရက်အနည်းငယ်အတွင်းမှာပဲ ရနိုင်တာ။ ဝိုင်ရတာနဲ့ လူတွေက အဲ့ဒါကိုဝယ်ပြီး ရက်နှစ်ဆယ်လောက် အချဉ်ဖောက်ထားကြတယ်။ အဲဒီအခါကျရင်ဆောင်းဦးလယ်ပွဲတော်နေ့မှာ သောက်လို့အကောင်းဆုံးဘဲ!"

ရှောင်းကော၏ နားမလည်သည့် အကြည့်ကို မြင်လိုက်ရသဖြင့် အမျိုးသမီးယန်က အလေးအနက်ထား ရှင်းပြခဲ့သည်။ သူမဘေးက ကလေးသုံးယောက်လည်း ဂရုတစိုက် နားထောင်ကြသည်။

ရှောင်းကော မြည်းလှည်းကိုရပ်ကာ အမျိုးသမီးယန်ပြောသည့် ဆိုင်သို့ သွားလိုက်သည်။

ရှောင်းကော ကျွမ်းကျွမ်းနှင့်အတူ ဆင်းလိုက်သည်။ သူမသည် ပင်လုံးကြိုင်အိမ် ဆိုသည့် ကမ္ပည်းပြားကို မော့ကြည့်လိုက်သည်။

ဆိုင်နာမည်တောင်မှ ပင်လုံးကြိုင်ပန်းတွေနှင့် ဆက်စပ်နေသည်။ ဤဆိုင်တွင် ရောင်းသည့်ပစ္စည်းတွေသည်လည်း ပင်လုံးကြိုင်ပန်းတွေနှင့် ဆက်စပ်နေသည့်ပုံပင်။

ရှောင်းကော ကျွမ်းကျွမ်းလက်အား ကိုင်ကာ အမျိုးသမီးယန်နောက်သို့ လိုက်သွားလိုက်သည်။ အမျိုးသမီးယန်က ရှောင်းကောထက် ဤနေရာနှင့် ပိုရင်းနှီးတာကြောင့် သူမကသာ ဦးဆောင်သွားသည်။

ဆိုင်ထဲသို့ဝင်လိုက်သည်နှင့် တပြိုင်နက် ပြင်းထန်သော ပင်လုံးကြိုင်ပန်းရနံ့က သူမအား ကြိုဆိုလိုက်သည်။ ရှောင်းကော ခပ်ပြင်းပြင်းလေးရှိုက်လိုက်ကာ စွဲမက်ဖွယ်ကောင်းသည့် ရနံ့အားခံစားလိုက်သည်။

ကျွမ်းကျွမ်းပင်လျှင် လန်းဆန်းသည့်ရနံ့ကို ရလိုက်သည်။ သူသည် ရှောင်းကော၏ လက်ကို တိတ်တဆိတ်ဆွဲလိုက်ကာ ပြောလိုက်သည်။ "မေမေ၊ ဒီအနံ့က အရမ်းကောင်းတာပဲ!"

ရှောင်းကော ကျွမ်းကျွမ်းကို ခေါင်းညိတ်ပြလိုက်သည်။ အမှန်ဘဲ၊ အနံ့က တကယ်ကောင်းတယ်!

ပင်လုံးကြိုင်အိမ်၏ အတွင်းပိုင်းသည် ကြီးကြီးမားမားတော့မဟုတ်ပေ။ ထုပ်ပိုးထားသည့် မုန့်များကို ကောင်တာပေါ်တွင် အပုံခပ်သေးသေးပုံထားသည်။ အမျိုးသမီးယန်က လှည့်လာကာ ရှောင်းကောအား ပြောပြသည်။ "ဒါတွေက ဒီနေ့ အော်ဒါအတွက် လုပ်ထားတဲ့ ပင်လုံးကြိုင်ကိတ်တွေ။ သူတို့ရဲ့နေ့တိုင်းအမှာစာတွေက ပုံမှန်ဆို ဒီထက်ပိုများတယ်၊ ဘယ်တော့မှ မလျှော့ဘူး”

ဒါကိုကြားတော့ ရှောင်းကော အံ့သြသွားသည်။ ဒီဆိုင်က ကိတ်မုန့်တွေက အရမ်းအရသာရှိလိမ့်မည်ပင်။ နေ့တိုင်း အမှာစာတွေ အများကြီးရတယ်ဆိုတော့ သူတို့ရဲ့လုပ်ငန်းက ကောင်းတာပဲ!

ကောင်တာပေါ်တွင် ဝိုင်အိုး ကြီးကြီး‌ရော သေးသေးတွေပါ ရှိသည်။ အိုးနှုတ်ခမ်းတွင် အနီရောင်စက္ကူဖြင့် ချိတ်ပိတ်ထားသည်။ စာရွက်ပေါ်တွင် ရက်စွဲများအား စုတ်တံဖြင့်ရေးထားကာ အမှတ်အသားပြုထားပြီး အားလုံးဟာ ယနေ့ရက်စွဲများဖြစ်သည်။

၎င်းတို့သည် ပင်လုံးကြိုင်ပန်းဝိုင်ဖြစ်လိမ့်မည်ဟု ရှောင်းကော မှန်းလိုက်မိသည်။ အမျိုးသမီးယန်က ရှောင်းကောအား မုန့်‌တွေထားသည့်ဘက်ကို လှည့်ပတ်ကာ ခေါ်သွားသည်။ မုန့်တစ်ခုတွေ့တိုင်း သူမက ရှောင်းကောအား နာမည်ပြောပြသည်။

“အစ်မက ဒီဆိုင်ရဲ့ ပုံမှန်ဖောက်သည်လား?”

ပစ္စည်းတိုင်းကို အမျိုးသမီးယန် နာမည်ပြောနိုင်တာမြင်တော့ သူမဟာ ဤဆိုင်၏ ပုံမှန်ဝယ်သူဖြစ်လိမ့်မည်ဟု ရှောင်းကော မှန်းမိသည်။

အမျိုးသမီးယန်သည် ရှက်ရွံ့စွာ ပြုံးကာ သူမ၏ ရင်ဘတ်ကို ပုတ်ပြီးရှောင်းကောအား အာမခံလိုက်သည်။ "အစ်မ ပြောတာကိုနားထောင်။ ဒီဆိုင်က သူတို့ရဲ့ ပင်လုံးကြိုင်ကိတ်မုန့်တွေကြောင့် နာမည်ကြီးတယ်”

ရှောင်းကောက ကျွမ်းကျွမ်းအား သူ ဘာလိုချင်လဲဆိုတာ မေးလိုက်သည်။ အမျိုးသမီးယန်လည်း ရှောင်းဟူနှင့် ရှောင်းဟွားတို့အား သူတို့စားချင်တာကို ရွေးခိုင်းလိုက်သည်။

All Chapters