← Chapters

အခန်း (၆၇)

Vol. 5 Ch. 67

အခန်း (၆၇)

Vol. 5 Ch. 67

"ဗိုလ်ချုပ်!"

ကျန်းတန်းဟယ် သူ့လက်ထဲရှိ မီးလောင်နေသည့် စာတစ်စောင်ကို လွှတ်ချလိုက်သည်။ စာရွက်သည် မြေပြင်ပေါ် ကျသွားကာ ပြာဖြစ်သွားသည်။ သူ့လက်ချောင်းတွေပေါ်ရှိ မီးလောင်ဒဏ်ရာတွေကို ပွတ်သပ်လိုက်ပြီး ဝင်လာတဲ့လူကို မော့ကြည့်လိုက်သည်။

"အားလုံးကို လွှတ်လိုက်ပြီလား?"

လီရှို့ကျီ ဖြစ်သည်။ ၎င်းတို့နှစ်ဦးဟာ ယုံဟိုင်ခရိုင်မှ ထွက်ခွာခဲ့ပြီး မြို့တော်သို့ မရောက်မီ သုံးပတ်ကြာ ခရီးနှင်ခဲ့ရသည်။

လီရှို့ကျီက လေးကို ကိုင်ကာ မတ်တပ်ရပ်နေပြီး သူ့မျက်နှာပေါ်တွင် ရွှင်လန်းမှုအပြည့်ရှိနေသည်။

“အားလုံးဘေးကင်းကင်းနဲ့ ထွက်သွားကြပြီ။ သူတို့တွေက အုပ်စုငါးစုခွဲပြီး နေရာအသီးသီးကနေ မြို့တော်ဆီကို တိတ်တဆိတ် သွားနေကြပြီ”

ကျန်းတန်းဟယ် ခေါင်းညိတ်လိုက်ကာ စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။ ဘေးကင်းကင်းနဲ့ ထွက်ခွာသွားနိုင်တာက အစီအစဉ်ရဲ့သုံးပုံတစ်ပုံကို ပြီးမြောက်စေသည်။

ဒီခရီးစဉ်တွင် အရေးကြီးဆုံးက ဧကရာဇ်မင်း၏ အာရုံကို မဆွဲဆောင်မိဖို့ပင်။ တော်ဝင်နန်းတွင်းထဲတွင် သူတို့အား အချက်ပြပေးမယ့်သူတွေရှိသလို ဧကရာဇ်က ဆက်ပြီးထီးနန်းဆက်ခံနေသရွေ့ သူ့ကို ကာကွယ်ပေးမည့် သစ္စာစောင့်သိသည့် အရာရှိတွေလည်း ရှိဦးမည်ပင်။

ထို့ကြောင့် သူတို့အနေဖြင့် သတိလက်လွတ်ဖြစ်လို့မရပါချေ။

“အင်ပါယာတရားရုံးက လူတွေကို သတိထားဖို့ ပြောလိုက်။ သိုသိုသိပ်သိပ်နေဖို့ တပ်ဖွဲ့အသီးသီးကိုလည်း ညွှန်ကြားထားလိုက်"

ကျန်းတန်းဟယ်က လီရှို့ကျီအား ထပ်ပြီးသတိပေးလိုက်သည်။ လီရှို့ကျီလည်း နားလည်ပြီဖြစ်ကြောင်းနှင့် တပ်သားတွေအား သတိပေးလိုက်မည်ဖြစ်ကြောင်း အမူအရာပြသည်။

ယခု လေးကြိုးကို ဆွဲပြီးသွားပြီဖြစ်သည်။ နောက်ကြောင်းပြန်လှည့်စရာ မရှိပေ။

သူတို့သာ အောင်မြင်လျှင် ၎င်းဟာပျော်ရွှင်စရာအဆုံးသတ်လို့ဆိုလိုတာပင်။

မအောင်မြင်လျှင်တော့ သေရလိမ့်မည်ဟု ဆိုလိုတာပင်။

လီရှို့ကျီ သတိထားကာ ခေါင်းညိတ်လိုက်သည်။ သူ ကျန်းတန်းဟယ် မျက်နှာကိုကြည့်ကာ မနေနိုင်ဘဲ စိတ်ပူသွားမိသည်။

"ဗိုလ်ချုပ် အနားယူရမယ်နော်!"

လီရှို့ကျီ အနည်းငယ် ချီတုံချတုံ ဖြစ်နေသော်လည်း ကျန်းတန်းဟယ်အား သတိမပေးဘဲမနေနိုင်ချေ။ ကျန်းတန်းဟယ်၏ မျက်လုံးအောက်ရှိ အမည်းဝိုင်းတွေကို သူမြင်နေရသည်။

လီရှို့ကျီ စိတ်ပူနေမှန်း ကျန်းတန်းဟယ်သိသည်။ သူ ကူကယ်ရာမဲ့စွာ ရယ်မောလိုက်ပြီး မျက်ခုံးကြားကို ပွတ်လိုက်သည်။

"ငါ့ခန္ဓာကိုယ်က ကောင်းပါတယ်။ ဒီတိုင်း…”

ကျန်းတန်းဟယ် ဆက်မပြောလာပေ။ အတွေးတွေထဲ နစ်နေသလိုမျိုး သူ့မျက်လုံးတွေက ဗလာဖြစ်သွားပြန်သည်။

လီရှို့ကျီ သူ့ကိုကြည့်လိုက်ရင်း မနေနိုင်ဘဲ သူ့ဘာသာသူတွေးလိုက်သည်။ "ထပ်ဖြစ်ပြန်ပြီ…"

ယုံဟိုင်ခရိုင်ကနေ ထွက်လာပြီးကတည်းက ကျန်းတန်းဟယ်သည် ထူးထူးခြားခြား ပြုမူနေခဲ့တာဖြစ်သည်။ သူစကားပြောသည့်အခါ အမြဲတမ်း သတိလက်လွတ်ဖြစ်သွားတတ်သည်။ အရင်က သူဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးပေ။

ပထမတော့ စစ်ဆင်ရေးမအောင်မြင်မှာကို သူစိုးရိမ်နေတာလို့ လီရှို့ကျီထင်ခဲ့တာဖြစ်သည်။ သို့ပေမယ့် နောက်ပိုင်းမှာတော့ ဒီလိုမဟုတ်မှန်း သူသိလာသည်။

လက်အောက်ငယ်သားတစ်ဦးအနေဖြင့် လီရှို့ကျီဟာ ဗိုလ်ချုပ်၏ အရေးကိစ္စတွေကို လိုက်မတွေးရဲပါချေ။ သို့ပေမဲ့ ညီအစ်ကိုတစ်ယောက်အနေနှင့်ဆို ဒါက တခြားကိစ္စပင်။

လီရှို့ကျီ ထွက်သွားလိုက်သည်။ ညမိုးချုပ်သည့်အခါ သူသည် အရပ်ဝတ်နှင့် သေရည်အိုးကိုကိုင်လျက် ကျန်းတန်းဟယ်ဆီသို့ ရောက်လာသည်။ တံခါးခေါက်ပြီးသည်နှင့် အိမ်ထဲ သူဝင်လိုက်သည်။

ကျန်းတန်းဟယ်လည်း တစ်ဖက်လူကို ကြည့်ကာ သူလာရသည့် ရည်ရွယ်ချက်ကို နားလည်လိုက်သည်။

သူတို့နှစ်ဦးဟာ အလွန်ကျွမ်းကျင်သည်ကြောင့် စက္ကန့်ပိုင်းအတွင်းမှာဘဲ အိမ်ခေါင်မိုးပေါ်သို့ ရောက်သွားကြသည်။ နှစ်ယောက်သား ခေါင်မိုး၏ ရွေးထားသည့်နေရာတွင် တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။

ကျန်းတန်းဟယ်က သေရည်ခွက်နှစ်ခွက်ကိုထုတ်ကာ အလယ်တွင် ထားလိုက်သည်။ လီရှို့ကျီက သေရည်ကို ငှဲ့ထည့်လိုက်ပြီး တစ်ခွက်ပေးလိုက်သည်။

"ဘာဖြစ်လို့လဲ? ဒီတစ်လော ဘာများစိတ်ညစ်စရာရှိလို့လဲ?"

လီရှို့ကျီက သူ့အား တိုက်ရိုက်မေးလိုက်သည်။ ကျန်းတန်းဟယ်၏ ခန္ဓာကိုယ်မှာ တစ်ခဏလောက် အေးခဲသွားသည်။ ထို့နောက် ခေါင်းကိုမော့ကာ လက်ထဲရှိသေရည်တစ်ခွက်လုံးကို သောက်ချလိုက်ပြီး သက်ပြင်းချလိုက်သည်။

“အဲ့ဒါက ဘာမှ‌တော့လဲ မဟုတ်ပါဘူး၊ ဒီတိုင်း…”

ကျန်းတန်းဟယ်မှာ ပြောနေရင်းလမ်းတစ်ဝက်တွင် ရပ်လိုက်သည်။ လီရှို့ကျီမှာ သူဘာပြောမလဲဆိုတာကို ကြားရရန် အရမ်းစိတ်လှုပ်ရှားနေသည်။ တစ်ယောက်ယောက်က စကားပြောနေရင်း တန်းလန်း ရပ်လိုက်တဲ့အခါ စိတ်အနှောက်အယှက်ဖြစ်စရာ အကောင်းဆုံးပင်။

"အတိအကျဘာများလဲ?"

ကျန်းတန်းဟယ် တုံ့ဆိုင်းသွားသည်။ သူ ဘာပြောရမှန်းမသိပေ။ သူသာ အမှန်အတိုင်းပြောလိုက်ရင် လီရှို့ကျီတစ်ယောက် သူ့ကို ရူးနေပြီလို့ ထင်သွားမှာများလား?

နောက်ဆုံးတော့ ကျန်းတန်းဟယ် သူ့ကိုအားလုံး ပြောပြလိုက်သည်။

“တကယ်တော့ ဒါက ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း…”

သူ့ပြောစကားကို နားထောင်ပြီးသည့်နောက် လီရှို့ကျီလည်း အကြောင်းအရာကို သိလိုက်ရသည်။

သူ ဒီလိုအမူအရာဖြစ်ရတဲ့ အကြောင်းအရင်းကတော့ သူမြင်ခဲ့သည့် အရာတစ်ခုကြောင့်ပင်။ ခရိုင်ကနေ သူထွက်လာတုန်းက အကျွမ်းတဝင်ရှိလှသည့် လူတစ်ယောက်၏ ဘေးဘက်ပုံရိပ်အား သူတွေ့ခဲ့သည်။ ကလေးတစ်ယောက်လည်းပါသည်...

"ဒါပဲလား?"

လီရှို့ကျီကတော့ ဘာဖြစ်နေလဲဆိုတာကို တကယ်နားမလည်သေးပေ။ ဒီဟာက သူဘာလို့ အတော်ကြာ သောကနေခဲ့ရလဲဆိုတဲ့ အကြောင်းပြချက်ပေါ့လေ?

ကျန်းတန်းဟယ် သက်ပြင်းချလိုက်သည်။ “မင်းက ငါမှမဟုတ်ဘဲ၊ မင်း နားမလည်ပါဘူး"

အဲ့ဒီလိုပြောပြီးတဲ့နောက် သူကသေရည်တစ်ငုံသောက်ကာ ဆက်ပြောသည်။

“အဲဒီတုန်းက ငါက လက်ထပ်ရမယ့်အရွယ်ရောက်နေပြီ။ ငါ့အမေက ငါ့အိမ်ထောင်ရေးကို စီစဉ်ပေးဖို့ အောင်သွယ်တော်ကို ပြောလိုက်တယ်။ ငါနဲ့သင့်တော်ပြီး လက်ထပ်ဖို့အရွယ်ရောက်နေတဲ့ မိန်းကလေးနှစ်ယောက်တွေ့ခဲ့တယ်။ သူတို့က ဘယ်လိုမျိုးလဲဆိုတာကို ငါတိတ်တဆိတ် သွားစစ်ဆေးကြည့်ခဲ့တယ်။ တစ်ခါတွေ့လိုက်ရုံနဲ့ သူတို့ထဲက တစ်ယောက်ကို ငါချစ်မိသွားတယ်”

အဲ့ဒါကို ပြောပြီးတဲ့နောက် ကျန်းတန်းဟယ်က ကိုးရိုးကားယားဖြစ်စွာ ရယ်မောလိုက်သည်။

"သူမက အရမ်းလှတာလား?"

လီရှို့ကျီက သူ ရယ်တာကိုတွေ့တော့ မျက်ခုံးပင့်မိသွားသည်။

“သူက တကယ်အရမ်းလှတာ။ လူတွေကြားထဲမှာတောင် ငါ သူ့ကိုချက်ချင်းရှာတွေ့နိုင်တယ်။ ငါပြန်လာတော့ အမေ့ကို သူ့အကြောင်း ပြောပြလိုက်တယ်။ သူတို့မိသားစုက အဆင်မပြေဘူးဆိုတာ သိလိုက်ရတော့ အမေက ကောက်နှံအိတ်တစ်ဝက်ကို စေ့စပ်ကြောင်းလမ်းလက်ဆောင်အဖြစ် ပေးလိုက်တယ်။ တကယ်တော့ ငါတို့မိသားစုလဲ သိပ်အဆင်မပြေပေမယ့် အမေက ငါ့အိမ်ထောင်ရေးအတွက် လုပ်ပေးတုန်းပဲ။ မင်္ဂလာဦးညမှာ သူ့မျက်နှာမှာလွှားထားတဲ့ဇာကို ဖယ်လိုက်တဲ့အချိန် တွေ့ခဲ့ရတဲ့ သူမ မျက်နှာကို ငါ အခုချိန်ထိ မှတ်မိနေသေးတယ်”

ကျန်းတန်းဟယ်မှာ သူ့ရဲ့မှတ်ဉာဏ်တွေထဲ နစ်ဝင်နေသည်။ အဲဒီညက သူမကို ကဗျာတစ်ပုဒ်အ‌နေနဲ့ ဖော်ပြရရင် ဒီလိုမျိုးဖြစ်နေမှာပင် - နွေဦးရာသီ ယန်ကျိုးရဲ့ ဆယ်မိုင်အကွာ ပုတီးစေ့လိုက်ကာတွေရဲ့နောက်က အလှလေးတွေကြားမှာ မင်းကိုတော့ ဘယ်သူမှ မကျော်နိုင်ဘူး။

လီရှို့ကျီမှာ သူ့ဖော်ပြချက်တွေကို နားထောင်ရင်း အားကျမိသွားသည်။ နောက်ဆုံးတော့ သူက လူပျိုလေ။

“ဒါပေမဲ့ နောက်တစ်နေ့မှာ ငါအဖမ်းခံပြီး စစ်တပ်ကို ပို့ခံလိုက်ရတယ်။ ငါတို့ နောက်ဆုံးတွေ့ခဲ့ရတာ လေးနှစ်နီးပါးလောက်ရှိပြီ။ သူမ ငါ့ကိုစောင့်နေပါ့အုံးမလားလို့ တွေးမိတယ်…”

ကျန်းတန်းဟယ်တွင် စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။ တကယ်တော့၊ သူတို့မင်္ဂလာဦးညတွင် ရှောင်းကောနှင့် စကားအနည်းငယ်သာပြောခဲ့ရသည်။

သူမျက်နှာလွှားဇာပဝါကိုဖယ်လိုက်ပြီး တစ်ယောက်နှင့်တစ်ယောက် သေရည်အတူသောက်ခဲ့ကြကာ အခန်းတစ်ခုထဲ မျှဝေသုံးစွဲခဲ့ကြပြီးသည့်နောက်၊ နောက်တစ်နေ့တွင် သူ့ကို ဖမ်းဆီးလိုက်ကြသည်။

မသွားခင်တွင် သူ သူမအားပြန်လှည့်မကြည့်မိခဲ့ပေ။ သူမ သူ့ကို မစောင့်နေဘူးဆိုတာကိုတော့ နားလည်ပေးနိုင်သည်။

ဒါပေမယ့် တကယ်လို့သူမသာ သူ့ကိုစောင့်နေသေးရင် အဲ့ဒါနဲ့ထိုက်တန်အောင် သူဘာများလုပ်ခဲ့လို့လဲ?

“သူမ အိမ်မှာ စောင့်နေတာလည်းဖြစ်နိုင်တာဘဲ။ ကလေးတွေလည်း ကြီးလာလောက်ပြီ!"

လီရှို့ကျီ အဲ့ဒီလိုပြောလိုက်‌တော့ ကျန်းတန်းဟယ်စိတ်လှုပ်ရှားသွားသည်။ ဘေးတိုက်မြင်လိုက်ရတဲ့သူနဲ့ ကလေးကို သူတွေးလိုက်မိသည်.....

ထိုသို့ပြောပြီးနောက် လီရှို့ကျီက သေရည်ခွက်ကို ချလိုက်သည်။ ခဏကြာတော့ သူ့ပေါင်ကို ရိုက်လိုက်ကာ အံ့ဩတကြီး ပြောလာသည်။ “ဘာလို့ ငါသတိမရလိုက်တာပါလိမ့်!"

"စကားမစပ်! မနေ့တနေ့ ခရိုင်ဈေးကိုသွားတုန်းက မင်းနဲ့တူတဲ့ ကလေးတယောက်ကို တွေ့ခဲ့တယ်။ သူတို့တွေက လူတူတူ ဖြစ်နေမလား?"

ကျန်းတန်းဟယ်ရင်ထဲ ဒိတ်ခနဲဖြစ်သွားသည်။ မဖြစ်နိုင်တာ!

"တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်ရမလား? ဘာပဲဖြစ်ဖြစ် စစ်ဆင်ရေးက ပြီးဖို့အချိန်နီးနေပြီဘဲ”

လီရှို့ကျီက အကြံပြုသည်။

ရှောက်ကျန့်၏ အကြံအစည်တွင် အရေးအကြီးဆုံးလူဖြစ်သည့် ကျန်းတန်းဟယ်မှာ တပ်သားများ သီးသန့်စုဆောင်းရာတွင် အဆင်ပြေစေရန်အတွက် သူ့သေဆုံးမှုအား အတုလုပ်ခဲ့ရသည်။ ထို့ကြောင့် သူ့အနေဖြင့် လူတွေကြားထဲ ပေါ်လာလို့မရသလို သူ့မိသားစုနှင့်လည်း ဆက်သွယ်လို့မရပါချေ။

အာရုံ မထွေပြားစေရန်အတွက် သူသည် ‌အိမ်ရှေ့မင်းသားကျန့်၏ တာဝန်ကိုသာ အာရုံစိုက်ထမ်းဆောင်ခဲ့သည်။ သူက မိသားစုကိုလွမ်းသည့် ဝေဒနာကို ခံနိုင်ရည်ရှိခဲ့သည်။

ဒီအချိန် လီရှို့ကျီ၏ အကြံပြုချက်ဟာ ဆွဲဆောင်နေပေမယ့်...

ကျန်းတန်းဟယ်သည် နောက်ဆုံးတွင် ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။

စစ်ဆင်ရေးသာ အောင်မြင်သွားပါက သူ အိမ်ပြန်ပြီး သူတို့နှင့် အတူရှိနိုင်ပြီဖြစ်သည်။

သို့ပေမယ့် သူသူတို့အား ဆက်သွယ်လိုက်ပါက သူတို့တွင် မျှော်လင့်ချက်တွေ ပြည့်နေလိမ့်မည်။ စစ်ဆင်ရေးလုပ်နေတဲ့လမ်းတစ်ဝက်မှာ သူသာ တစ်ခုခုဖြစ်သွားရင်၊ သူတို့တွေအနေနဲ့ နောက်တစ်ကြိမ် နာကျင်မှုဒဏ်ကို ခံစားကြရမှာ မဟုတ်လား? မေ့လိုက်ပါတော့။ စစ်ဆင်ရေး အောင်အောင်မြင်မြင် ပြီးမြောက်တဲ့အထိ စောင့်လိုက်မည်။

လီရှို့ကျီတွင် မိသားစုမရှိသော်လည်း ကျန်းတန်းဟယ်၏ အကျပ်အတည်းကို သူနားလည်နိုင်သည်။

သူတို့တွေစကားထပ်မပြောဖြစ်ကြ‌ပေ။ ကောင်းကင်ကြီး မှောင်မိုက်သွားသည်အထိ သူတို့တွေ တစ်ခွက်ပြီးတစ်ခွက် သောက်ကြသည်။

နှစ်ယောက်စလုံး အရက်ဒဏ်ကောင်းကောင်းခံနိုင်သည်ကြောင့် သေရည်တစ်အိုးက သူတို့အတွက် ဘာမှမဖြစ်ပေ။

ကျန်းတန်းဟယ်သည် မဖတ်နိုင်သည့် အမူအရာဖြင့် လကို မော့ကြည့်လိုက်သည်။ “လက ဒီတစ်လော တဖြည်းဖြည်း ပိုပြည့်လာတာပဲ"

သူ့အသံက တိုးလွန်းတာကြောင့် လေနှင့်အတူ လွင့်ပါသွားသည့်ပုံပင်။

သူ့အသံက တိုးပေမယ့် လီရှို့ကျီ ကြားလိုက်ပါသေးသည်။

"စာတစ်စောင် ရောက်လာတာလား?"

ကျန်းတန်းဟယ်က ဟုတ်မှန်ကြောင်း အသံပြုကာ လကို ဆက်ကြည့်နေသည်။

“ဆောင်းဦးလယ်တောင် ရောက်ခါနီးပြီ"

သူက အဓိပ္ပါယ်မရှိတဲ့ စကားတစ်ခွန်းကို ဆိုကာ မြေပေါ် ခုန်ဆင်းလိုက်သည်။ သူအိမ်ထဲ လှည့်ဝင်သွားကာ လီရှို့ကျီအား တစ်ယောက်ထဲ ချန်ခဲ့တော့သည်။

လီရှို့ကျီလည်း သူ့ကံကြမ္မာကို ကြိတ်မှိတ်လက်ခံကာ သေရည်ခွက်နှင့် သေရည်အိုးတွေနှင့်အတူ ခုန်ဆင်းလိုက်သည်။

ကောင်းကင်တွင် လသည် အေးစက်စက်နှင့် ငွေရောင်တောက်ပနေ၏။ လီရှို့ကျီ လကို နောက်ဆုံးတစ်ချက်လှည့်ကြည့်လိုက်ပြီး ရုတ်တရက် ခိုက်ခိုက်တုန်သွားသည်။ သူ့လက်‌မောင်းနှစ်ဖက်ကို ပွတ်ကာ အခန်းထဲပြန်ပြေးတော့သည်။

ဆောင်းဦးလယ်ပွဲတော်ပြီးလျှင် အပူချိန် ကျလာမည့်ပုံပင်။

All Chapters