အခန်း (၁၈၄)
Vol. 13 Ch. 184
"လီကျောက်ဒီ?!"
ရှောင်းကော အံ့သြသွားပုံရသည်။ မစ္စစ်ယန်က အဲဒါကို မပြောခဲ့ဘူးဆိုရင် လီကျောက်ဒီကို သူမ လုံးဝမေ့သွားတော့မည်ပင်။
မစ္စစ်ယန် သက်ပြင်းရှည်ကြီးချလိုက်သည်။ " ရိုးရိုးသားသားပြောရရင် အိမ်မှာတုန်းက ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အသံ နည်းနည်းကြားခဲ့ရတယ်။ လီကျောက်ဒီ ဒီကို ပြန်ရောက်လာတယ်လို့ ထင်လို့ ငါ အမြန်ပြေးလာတာ"
"ကျွန်မသိပြီး ဒါဆို လီကျောက်ဒီက ဒီကို ခဏခဏ လာတာလား"
"ယောက်မ ဘာတွေဖြစ်နေတာလဲ"
ရှောင်းကော စိတ်ပျက်လာသည်။ လီကျောက်ဒီက ဘာကြောင့် ဒုက္ခရောက်အောင်လုပ်နေသေးတာလဲ။ လီကျောက်ဒီရဲ့ အိမ်က အဖြစ်အပျက်ကို သူမ သတိပြန်ရလာသည် ။ သူမရဲ့ယောက်ျားက ပြီးခဲ့တဲ့ နောက်ဆုံးအကြိမ်မှာ ပြည့်တန်ဆာမကို ပြန်ခေါ်လာခဲ့တာမလား။ သူမ ဘာလို့ တခြားသူတွေကို နှောင့်ယှက်ဖို့ စိတ်ထဲရှိနေသေးတာလဲ။
မစ္စစ်ယန် ချုံပုတ်တစ်ဝိုက်တွင် မရိုက်ခဲ့ပေ။ သူမ သူမရဲ့ပေါင်ကို ရိုက်လိုက်ပြီးပြောခဲ့သည်။ "ရှင်းရှင်းပြောရရင် လီကျောက်ဒီက ရူးသွားတာ"
“….....”
ရှောင်းကော ရှော့ခ့်ရသွားပြီး မေးရိုးပြုတ်ကျသွားခဲ့သည်။ ဘာတွေဖြစ်သွားတာလဲ။ သူမ မြို့တော်ကို ခရီးတိုလေးပဲ သွားခဲ့တာပါ။ အဖြစ်အပျက်တွေက ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး အဆုံးသတ်သွားတာလဲ။
"လီကျောက်ဒီရဲ့ယောက်ျားက ပိုက်ဆံတွေအကုန်ယူသွားပြီး အဲဒီပြည့်တန်ဆာနဲ့ ထွက်ပြေးဖို့လုပ်ခဲ့တာ။ လီကျောက်ဒီကို သူ့ဘာသာသူ တစ်ယောက်တည်းကျန်နေခဲ့အောင် ထားခဲ့ဖို့ ကြံစည်ထားတာလေ။ လီကျောက်ဒီ အဲ့ဒိအတိုင်းထားမယ်လို့ နင် ထင်လား။ သူက ထွက်ပြေးတော့မယ့် အတွဲကို ချက်ခြင်းဖမ်းဆွဲပစ်လိုက်တာ။ သူတို့ကိုရိုက်နှက်ပြီး ဆဲဆိုတာတောင် သူတို့က ပိုက်ဆံတွေနဲ့ ထွက်ပြေးသွားကြတုန်းပဲ။"
မစ္စစ်ယန်သည် လီကျောက်ဒီ ကို မုန်းတီးသော်လည်း သက်ပြင်းမချဘဲမနေနိုင်ခဲ့ပေ။
“…....သူမပုံက နှလုံးသား နုနယ်တဲ့သူတစ်ယောက်လို မထင်ရဘူး”
ရှောင်းကော တစ်ခုခုလွဲနေပြီဟု ခံစားမိသည်။ လီကျောက်ဒီ မှာ ကြမ်းတမ်းတဲ့စရိုက်ရှိသည်။ အဲ့တော့ သူမ ဘယ်လိုလုပ် ရူးနိုင်မှာလဲ။
"မှန်တယ်" မစ္စစ်ယန်စကားပြောပြီးသောအခါတွင် သူမ ပတ်ပတ်လည်ကို ဂရုတစိုက်ကြည့်လိုက်သည်။ ရှောင်းကော သူမ၏ အပြုအမူကြောင့် သဘောကျသွားသည်။ ဤသည်မှာ သူမ၏အိမ်ဖြစ်ပြီး အခြားနေရာမဟုတ်ပေ။ သူမဘာလို့ဒီလောက်သတိထားနေရတာလဲ။
မစ္စစ်ယန်က ရှောင်းကောရဲ့ ခေါင်းကို ပုတ်လိုက်သည်။ "မရယ်နဲ့၊ ငါ့မှာ နောက်ထပ်ပြောစရာတွေရှိသေးတယ် နားထောင်ချင်သေးလား"
ရှောင်းကော ချက်ချင်းပင် ပါးစပ်ပိတ်လိုက်ပြီး လက်ဖဝါးဖြင့် ပါးစပ်ကို ညင်သာစွာ ရိုက်လိုက်ပြီး သူမ စကားပြောတာရပ်မယ်ဆိုတဲ့အကြောင်း အချက်ပြခဲ့သည်။
မစ္စစ်ယန်က နှာမှုတ်ပြီး ဆက်ပြောခဲ့သည်။
"ပထမတုန်းကတော့ လူတိုင်း ဒီလိုပဲထင်ခဲ့ကြပေမယ့် အဲ့လိုမဟုတ်ခဲ့ဘူး။ လီကျောက်ဒီရဲ့ ထူးဆန်းတဲ့ အမူအရာက သူ့ယောက်ျား ပြန်ရောက်တဲ့နေ့ကစပြီးဖြစ်တာ…"
မစ္စစ်ယန်စကားပြောပြီးသောအခါ ရှောင်းကော ကျောရိုးအောက်ထဲ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ အသံက တကယ်ကို ကြောက်စရာကောင်းတာပဲ။
လီကျောက်ဒီ၏ ခင်ပွန်းသည် ပြည့်တန်ဆာကို ပြန်ခေါ်လာပြီးနောက် ၎င်းတို့ သုံးဦးသည် ရှေ့ဘက်မှာတော့ လိုက်ဖက်ညီစွာ အတူနေထိုင်ခဲ့ကြသည်။ ဒါပေမယ့် လီတဟိုင်နဲ့ ပြည့်တန်ဆာတို့က အိမ်ကြီးအား သိမ်းပိုက်ထားပြီး လီကျောက်ဒီအား မွေးမြူရေးခြံတွင် နေထိုင်ရန် ပြုလုပ်ထားသည်ဟု လူအများ ကြားသိခဲ့ရသည်။
လီတဟိုင်သည် အိမ်ရှိ ငွေကြေးအားလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ပြည့်တန်ဆာက လီတဟိုင်ကို ချုပ်ကိုင်ထားပုံရပြီး၊ သူသည် သူမကို အမြဲတမ်း လေလံဆွဲသည်။ သူမက သူ့ကို အရှေ့ကို သွားခိုင်းရင် အနောက်ကို မသွားရဲပေ။ အဲဒီမတိုင်ခင်က လီတဟိုင်က လီကျောက်ဒီ ကို ကြောက်ခဲ့ပေမယ့် ပြည့်တန်ဆာစကားကို နားထောင်ပြီးနောက် လီကျောက်ဒီ က သူမကို အားနည်းသွားစေတဲ့ အရာတစ်ခုနဲ့ မူးယစ်ဆေးဝါးကို သုံးစွဲခဲ့သည်။
ထိုအချိန်မှစ၍ လီကျောက်ဒီသည် သူမ၏ပါးစပ်ကိုသာ လှုပ်ရှားနိုင်ခဲ့သည်။ နောက်ဆုံးတွင် လီတဟိုင်သည် ထိုအမျိုးသမီးကြောင့် သူတို့ရဲ့အိမ်ကို ရွာသို့ ရောင်းစားခဲ့သည်။ သူက လီကျောက်ဒီ ပိုင်တဲ့ ပိုက်ဆံတွေနဲ့ အဖိုးတန်ပစ္စည်းတွေအားလုံးကို ယူသွားပြီး ထွက်ပြေးသွားခဲ့သည်။
သူတို့ထွက်ပြေးတဲ့နေ့မှာ လီကျောက်ဒီက သူတို့ကို ဆက်ပြီး အော်နေခဲ့သည်။ သူတို့နှစ်ဦးမှာ အပြစ်ရှိကြောင်း အသိစိတ်ရှိပြီး သူမကို ရေပုံးထဲသို့ မတော်တဆ တွန်းချပစ်ခဲ့သည်။ သူမရုန်းကန်နေတာကိုမြင်တော့ သူတို့ထွက်ပြေးသွားကြသည်။ လီကျောက်ဒီသည် သူမ၏ ခန္ဓာကိုယ်တွင် ခွန်အားမရှိသောကြောင့် ရေပုံးထဲတွင် ခေါင်းနှစ်ခံထားရပြီး အသက်ရှူကျပ်လုနီးပါး ဖြစ်ခဲ့ရသည်။ ဘေးအိမ်က မုဆိုးမက ရုန်းရင်းဆန်ခတ်ဖြစ်သံကို ကြားပြီး ကူဖို့ ပြေးလာခဲ့သည်။
အဲဒီနောက်မှာတော့ မူးယစ်ဆေးဝါး တစ်စုံတစ်ရာ လွှမ်းမိုးမှုမရှိဘဲ လီကျောက်ဒီက ရွာအဝင်ပေါက်မှာ ဒါမှမဟုတ် သူမရဲ့ အိမ်တံခါးမှာ တစ်နေ့လုံး ထိုင်နေခဲ့သည်။ တစ်ယောက်ယောက်ကိုတွေ့တိုင်း ဆူဆဲသည်။ သူမသည် ဆံပင်လည်းမဖြီး အဝတ်အစားလည်းမလဲဘဲ လူရှေ့သူရှေ့တွင်ပင် စိတ်သက်သာရာရနေသည်။
နောက်ဆုံးတော့ ရွာက သူမကို သနားပြီး လီမိသားစုရဲ့အိမ်မှာ ခေတ္တနေခွင့်ပေးခဲ့သည်။ နေ့တိုင်း ရွာသားတွေကသူမ ငတ်မသေရအောင် အလှည့်ကျ ကျွေးကြသည်။
နောက်ရက်အနည်းငယ်အတွင်း လီကျောက်ဒီ ရူးသွပ်သွားပုံရသည်။ သူမသည် ရုတ်တရက် မိတ်ကပ်ထူထူကို လိမ်းကာ အရောင်စုံအဝတ်အစားများ ဝတ်ဆင်ထားသော လက်မထပ်ရသေးသော အမျိုးသားများရှေ့တွင် ပေါ်လာသည်။ မပျက်ကွက်ဘဲ၊ သူမ သူတို့ကို ပထမဆုံးပြောတာက သူမကို လက်ထပ်ခွင့်တောင်းဖို့ပါပဲ။ သူတို့သဘောမတူရင် သူမက သူမရဲ့အဝတ်တွေကို ချွတ်ပြီး ဝုန်းဒိုင်းကြဲပစ်သည်။
ရွာရှိ လက်မထပ်ရသေးသော အမျိုးသားတွေက သူမကို ကြောက်ရွံ့သဖြင့် တစ်ယောက်တည်း အပြင်မထွက်ရဲကြပေ။ သူမ သူတို့ကို နှောင့်ယှက်မှာကို ကြောက်ရွံ့ပြီး သူမက သူမကို အခွင့်ကောင်းယူသည်ဟု ပြောလိမ့်မည်။
ချင်းအန့်မင်သည် ကံမကောင်းလှပေ။ သူအစွမ်းကုန်ကြိုးစားသော်လည်း လီကျောက်ဒီကို မရှောင်နိုင်ခဲ့ပေ။ သူအိမ်ကထွက်ပြီး သူမကို ဝင်တိုးခဲ့သည်။
ချင်းအန့်မင်က နွားတွေကို စားကျက်တွင်လွှတ်ရန် ထွက်လာခဲ့သည်။ မြစ်ထဲရောက်ခါနီးမှာ လီကျောက်ဒီ ရပ်နေတာကို တွေ့လိုက်ရသည်။ သူ အမြန်လှည့်ပြီး ထွက်သွားဖို့ ကြိုးစားပေမယ့် ကံမကောင်းစွာပဲ လီကျောက်ဒီ က သူ့ကို မြင်ပြီး ပွေ့ဖက်ဖို့ ပြေးသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူမက သူ့ကို ယောကျ်ားလို့ ဆက်တိုက်ခေါ်ခဲ့သည်။ ကံကောင်းစွာဖြင့် အနီးနားတွင် ရွာသားများစွာရှိ၍ ချင်းအန့်မင်ကို ကူညီရန် တက်လာကြသည်။ ဒါပေမယ့်လည်း လီကျောက်ဒီက လုံးဝ ထိန်းမရတော့ပေ။ ယောက်ျားတွေ ချဉ်းကပ်လာသည်ကို သူမမြင်သည်နှင့် သူမသည် ၎င်းတို့ကို ဆောင့်ကန်ကာ အခွင့်ကောင်းယူခဲ့သည်။
အမျိုးသားတွေက သူမကို ရှောင်တိမ်းရန် ဆက်ကြိုးစားခဲ့ကြပြီး ရလဒ်အနေဖြင့် လီကျောက်ဒီ အခွင့်အရေးတစ်ခုရသွားခဲ့သည်။ သူမသည် သူ့ပတ်ဝန်းကျင်မှလူများနှင့် ဝေးရာသို့ထွက်ကာ ချင်းအန့်မင်ကို သူမ သူနှင့်အတူသေမည်ဟု အခိုင်အမာပြောကာ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားသည်။
ကံကောင်းထောက်မစွာဖြင့် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိနေသော ရွာသားများက ၎င်းတို့အား ရေထဲမှ အမြန်ဆွဲထုတ်ခဲ့ကြသည်။ ရာသီဥတု အခြေအနေနဲ့ မြစ်ရေက အတော်လေးအေးနေတာကြောင့် ချင်းအန့်မင် ဒီဇာတ်လမ်းတွဲအပြီးမှာ နေမကောင်းဖြစ်သွားခဲ့သည်။
တစ်ဖက်တွင် လီကျောက်ဒီက သူမ၏ ထူထဲသော အသားအရည်ကြောင့် ဖြစ်နိုင်သည်။ ချင်းအန့်မင် အိပ်ယာထဲမှာ လဲလျောင်းနေချိန်အတွင်း သူမက နံရံကို ကျော်တက်ပြီး သူ့ကို အကြိမ်ကြိမ် နှောင့်ယှက်ခဲ့ပါသေးသည်။ ချင်းအန့်မင်သည် ဤအရာအတွက် အလွန်အမင်း အနှောင့်အယှက်ဖြစ်ခဲ့ပြီး ရလဒ်အနေဖြင့် သူသည် လုံလောက်စွာ အနားယူနိုင်ခြင်း မရှိသည့်အပြင် အအေးမိခြင်းမှာလည်း ပိုမိုပြင်းထန်လာသည်။
ရှောင်းကော အရာအားလုံးကို ကြားလိုက်သောအခါ သူမ အလွန်အမင်း ကွဲလွဲသွားသလို ခံစားလိုက်ရသည်။ လီကျောက်ဒီကို မုန်းသင့်လား၊ သနားသင့်လား သူမ မသိတော့ပေ။ ဒီအမျိုးသမီး…
မစ္စစ်ယန် နေ့လည်စာအတွက် အိမ်ပြန်ရဦးမှာဖြစ်တာကြောင့် သူမ အမြန်ပြန်သွားခဲ့သည်။ ရှောင်းကော သည် သူတို့နှစ်ယောက်ကို တံခါးဝထိ ပို့ပေးပြီးနောက် ချက်ပြုတ်ရန် မီးဖိုချောင်သို့ ပြန်သွားခဲ့သည်။
နေ့လည်စာစားပြီးနောက် ရှောင်းကော သည် ချင်းအန့်မင် ဆေးသောက်ပြီးတဲ့အထိ ကြည့်နေခဲ့သည်။ ထို့နောက် အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။ သူမအခန်းထဲဝင်ပြီးတာနဲ့ သူမ ပြန်ယူလာတဲ့အိတ်ကိုတွေ့တော့ မစ္စစ်ယန်ကိုလက်ဆောင်မပေးရသေးဘူးဆိုတာ သိလိုက်ရသည်။
ရှောင်းကော ကိုယ့်ခေါင်းကိုယ် ရိုက်လိုက်သည်။ သူမ လီကျောက်ဒီ အကြောင်းမေးရန် အာရုံစိုက်နေသောကြောင့် လက်ဆောင်အကြောင်း မေ့သွားခဲ့သည်။
နောက်မှ သူမဆီ ဒါကို ပို့ပေးရတော့မယ်။
ရှောင်းကောသည် ယန် မိသားစုအတွက်ပစ္စည်းကို ထုတ်ယူပြီး ဘေးဖယ်ထားလိုက်သည်။ ကျန်တာတွေ ထုပ်ပိုးထားရသေးသည်။
ချိတ်ဖို့ လိုအပ်တဲ့ အဝတ်အစားများကို ချိတ်ကာ ကျန်အ၀တ်များကို ခွဲထုတ်ပြီး လျှော်ဖွပ်ရမည်။ အိမ်နှင့်အတော်ကြာဝေးကွာပြီးနောက် အိမ်ရှိ အိပ်ယာခင်းများနှင့် ခေါင်းအုံးစွပ်အားလုံးကို အသစ်တွေနဲ့ အစားထိုးလဲလိုက်သည်။ အဟောင်းတွေကိုလျှော်ဖွတ်ဖို့ ဖယ်ထုတ်လိုက်သည်။
ချင်းအန့်မင်က အိမ်ကို နေ့တိုင်း သန့်ရှင်းရေးလုပ်ထားပြီး လေဝင်လေထွက်ရှိအောင်လုပ်ထားတာကြောင့် ခင်းထားတဲ့ အိပ်ယာခင်းတွေကလွဲလို့ တခြားဘာမှ သန့်ရှင်းနေဖို့မရှိပေ။
"အမေ၊လအမေ အဝတ်လျှော်သွားမလို့လား"
ကျွမ်းကျွမ်းက ချင်းအန့်မင်ရဲ့အခန်းထဲမှ ထွက်လာပြီး အဝတ်အစားများနှင့် အိပ်ယာခင်းများကို သယ်ဆောင်လာသော ရှောင်းကော ထံဝင်တိုးမိသွားသည်။
"ဟုတ်တယ်။ သားရဲ့ဦးလေး အိပ်ပျော်နေပြီလား။"
ရှောင်းကောက ကျွမ်းကျွမ်းတံခါးကို တိတ်တဆိတ်ပိတ်နေတာကို မြင်လိုက်ရတဲ့အတွက် ချင်းအန့်မင် အိပ်ပျော်နေလောက်ပြီလို့ သူမ မှန်းဆခဲ့သည်။
“ဟုတ်တယ်၊ အိပ်ပျော်နေပြီ"
ကျွမ်းကျွမ်း ခေါင်းညိတ်ပြပြီး ရှောင်းကော အတွက် အင်တုံတစ်ခု ယူပေးတော့မည်။
ရှောင်းကောက သူ့ကို အမြန်တားလိုက်သည်။ " မလိုဘူး ကျွမ်းကျွမ်း၊ တစ်ရေးလောက်သွားအိပ်လိုက်။ အမေ့ဘာသာ လုပ်နိုင်တယ် "
ကျွမ်းကျွမ်း ခေါင်းယမ်းလိုက်သည်။ သူ့အမေက အဝတ်တွေအကုန်လုံးကို သူ့ဘာသာသူ ဘယ်လိုလုပ်လျှော်မလဲ။
"တကယ်ကို မလိုအပ်ဘူး။" ရှောင်းကောက သူ့ကို တားလိုက်ပြန်သည်။ သူကိုယ်တိုင်လည်း အဝတ်လျှော်နိုင်သည်။ အဝတ်လျှော်တာက ဒီလောက်ကြီးလည်းမဟုတ်ပါဘူး။
နောက်ဆုံးတွင် ကျွမ်းကျွမ်းကို ရှောင်းကော မှ အိမ်ထဲသို့ ပြန်ခေါ်သွားခဲ့သည်။ သူ့ကို မလိုက်လာစေချင်တာကြောင့် အင်အားသုံးရုံသာ ရှိတော့သည်။
ရှောင်းကောက သူ့ကို စောင်နဲ့ အုပ်ထားလိုက်သည်။ "မလှုပ်နဲ့ အိပ်တော့။"
ကျွမ်းကျွမ်းက ထဖို့ကြိုးစားသော်လည်း နောက်တခဏတွင် ရှောင်းကော က မျက်လုံးပြူးပြူးကြီးနဲ့ စိုက်ကြည့်နေတာကြောင့် အိပ်ယာပေါ် ပြန်လှဲချသွားခဲ့သည်။
“လိမ္မာတယ်…”
ရှောင်းကော သူ့ပါးကိုဖျစ်လိုက်ပြီး ထွက်သွားရန် ထလိုက်သည်။
ကျွမ်းကျွမ်း စောစောကထမင်းစားရင်း အိပ်ချင်နေပြီးသားဖြစ်သည်။ ထမင်းစားချိန်အတွင်း သူ့မျက်လုံးကို တူနဲ့ထိုးမိလုနီးပါးပဲ။ ဒါတောင် သူက သူ့ဘာသာ ပန်းကန်တွေအတင်းဆေးပြီး ချင်းအန့်မင် နဲ့ စကားစမြည်ပြောနေတုန်းပဲ။ ယခုပင် သူသည် ရှောင်းကော ၏အဝတ်အစားများကို လျှော်ဖွပ်ရန်ပင် ကူညီချင်ခဲ့သည်။
ရှောင်းကော တံခါးကိုပိတ်လိုက်ပြီး ချက်ခြင်းမထွက်ခွာခဲ့ပေ။ အချိန်အတော်ကြာအောင် စောင့်ပြီးနောက် မျက်လုံးမှိတ်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကျွမ်းကျွမ်းကို စစ်ဆေးရန် တံခါးကို တိတ်တဆိတ် တွန်းဖွင့်ခဲ့သည်။ သူမကိုယ်သူမ ပြုံးမိသည်။ "ငါတို့ရဲ့လူကြီးလေး ကောင်းကောင်းအိပ်စက်နိုင်ပါစေ”