အခန်း (၂၆၇)
Vol. 18 Ch. 267
ရှောက်ကျန့် လျှို့ဝှက်စွာ ပြုံးလိုက်မိသည်။
သူ၏ အပြုံးက တိတ်ဆိတ်နေသော်လည်း လူတိုင်း၏ တမင်တကာ အကြည့်များအောက်တွင် အဲ့တာက အလွန်ထင်ရှားနေသည်။
အနောက်ပိုင်း နယ်မြေမှ သံတမန်သည် ဤအပြုံးကို သတိပြုမိသောအခါတွင် သူ တုံ့ဆိုင်းသွားသည်။ "သူပျော်နေတာလား မပျော်နေဘူးလား"
သူ သူ့ရှေ့ကလူကို ခိုးကြည့်လိုက်သည်။ အဲဒီအပြုံးက ဘာကိုဆိုလိုတာလဲ။
ထို့နောက် ဧကရာဇ်မင်းအနားရှိ လွတ်နေသောထိုင်ခုံကို လှည့်ကြည့်လိုက်ရာ သူ့စိတ်နှလုံးသားက တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ဧကရာဇ်နှင့် မိဖုရားတို့က ချစ်ကြသည်ဟု ပြောကြသည်။ အိမ်ရှေ့စံမင်းသားကို မွေးဖွားပြီးနောက် တစ်သက်တာလုံး တစ်ယောက်နှင့်တစ်ယောက် အတူနေရန် ကတိပြုခဲ့ကြသည်။ ကြည့်ရတာတော့ ကောလဟာလတွေက လုံးဝမမှန်ဘူး။ မဟုတ်ရင် ဒီလောက်ကြီးကျယ်တဲ့ ပွဲကြီးမှာ ဧကရီရဲ့ အရိပ်အယောင်ကို ဘာကြောင့် မတွေ့ရတာလဲ။
လက်ရှိဧကရာဇ်သည် ထီးနန်းတက်သည်မှာ တစ်နှစ်မပြည့်သေးသော်လည်း သူ့နည်းလမ်းများက အထင်ကြီးစရာပင်။ နာမည်ကျော် စစ်သူကြီး ကျန်းက သူ့ညာလက်ရုံးတွင် ရှိနေသဖြင့် သူ့ခွန်အားမှာ နားမလည်နိုင်အောင် ဖြစ်နေသောကြောင့် အခြားနိုင်ငံများက သူ့ကိုသာ ကစားနိုင်ကြသည်။
ရှောက်ဘုရင့်နိုင်ငံရဲ့ အတောင်ပံအောက်မှာ ရှိနေသရွေ့ သူတို့ စိုးရိမ်စရာ မလိုပေ။ ဤတစ်ကြိမ်တွင် ဧကရာဇ်မင်းသည် ၎င်းတို့ဘက်တွင် ရှိနေကြောင်း သေချာစေရမည်။
သူ သူ့ဘေးနားက အမျိုးသမီးကို လှမ်းကြည့်လိုက်သည်။ ထိုအမျိုးသမီးသည် သူ့အချက်ပြမှုကိုလည်း ရရှိခဲ့သည်။ သူမက ခေါင်းညိတ်ပြီး ပြုံးပြခဲ့သည်။
ရာဇပလ္လင်ပေါ်ရှိလူကို ကြည့်နေစဉ် သူမမျက်လုံးတွေက တောက်ပနေပုံရသည်။ ရှောက်ကျန့်က သူမကို ကြည့်တောင်မကြည့်ပေ။ အဲ့တာက သနားစရာကောင်းသည်။ သူ သူမကို လုံးဝစိတ်မဝင်စားတဲ့ပုံရသည်။
အလှလေးကို မကြိုက်ပေ။ အနောက်ပိုင်း နယ်မြေရဲ့ နံပါတ်တစ် အလှလေးတစ်ယောက်အနေနဲ့ သူမ ဘယ်သွားသွား အမြဲတမ်း ချီးမွမ်းခံရသည်။ ဒီလူက တကယ်ကို တန်ဖိုးမထားဘူး။ ဒီတော့ သူက ဧကရာဇ်မင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ဧကရာဇ်အသစ်ဖြစ်စဥ်ပဲရှိသေးတဲ့ ဧကရာဇ်မင်းတစ်ပါးဖြစ်တဲ့ သူကိုထားလိုက်ပါတော့ သူမရဲ့ ဖမ်းစားမှုအောက်မှာ ကျဆုံးခဲ့ရတဲ့ မရေမတွက်နိုင်တဲ့ မြင့်မြတ်တဲ့ ဝန်ကြီးတွေ ရှိသည်။
မြှောက်ပင့်ပေးလေ့ရှိသော အနောက်ပိုင်းနယ်မြေမှ အလှလေးသည် သူမ၏ မျက်နှာပေါ်တွင် မောက်မာမှု အရိပ်အယောင်ကို မသိစိတ်က ထုတ်ဖော်ပြသလိုက်သည်။ ရှောက်ကျန့်၏ အကြည့်က ရုတ်တရက် သူမအပေါ် ကျရောက်သွားပြီး ထိုအမူအရာကို ဖမ်းဆုပ်လိုက်သည်။
အလှလေး၏ နှလုံးသားက ခုန်ပေါက်သွားခဲ့သည်။ သူမသည် မြေပြင်ကို လျင်မြန်စွာ ငုံ့ကြည့်ရင်း မြင်းတစ်ကောင်လို နှလုံးခုန်မြန်နေခဲ့သည်။ အဲဒီမျက်လုံးတွေက တကယ်ကို ကြောက်စရာကောင်းသည်။
ရှောက်ကျန့်က သူ့အကြည့်ကို ရုတ်သိမ်းလိုက်ပြီး အလွန်ရွံသွားသလို ခံစားလိုက်ရသည်။ အနောက်ပိုင်း နယ်မြေက သူတို့အတွက် ဘာကကောင်းလဲတော့ မသိဘူး။ သူတို့က ရှောက်ဘုရင့်နိုင်ငံကို ဒီလိုမျိုး ပို့လာတာ ဘယ်လောက်တောင် သတ္တိရှိနေတာလဲ။
အနောက်ပိုင်း နယ်မြေမှ သံတမန်က ရှောက်ကျန့်၏ အတွေးကို သတိမထားမိသေးပေ။ ဒီအမျိုးသမီးက ဧကရီကို အောင်အောင်မြင်မြင် သုတ်သင်ပြီး မောင်းမဆောင်ရဲ့ခေါင်းဆောင်အသစ်ဖြစ်လာအောင် ဘယ်လိုကူညီရမလဲဆိုတာကို သူစဉ်းစားနေတုန်းပဲ။
ရှောက်ကျန့်က သူ့ရည်ရွယ်ချက်များကို ကောင်းကောင်းသိသည်။ အေးစက်မှုအရိပ်အယောင်က သူ့မျက်လုံးတွေပေါ်မှာ တောက်ပနေသည်။ သူမက ကြင်နာတတ်တဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် သူမနဲ့အတူ ရှိုးပွဲတွေတင်ဆက်ဖို့ သူ စိတ်မရှိပေ။ ဒါပေမယ့်လည်း သံတမန်က ထိုအမျိုးသမီးကို သူ့ရင်ခွင်ထဲသို့ထိုးသွင်းဖို့ မဆင်မခြင် ကြိုးစားခဲ့သည်။ ဒီလူက အသက်ရှင်နေရတာကို ငြီးငွေ့နေတာပဲဖြစ်ရမည်။
"ဒီအမျိုးသမီးရဲ့ နာမည်က စန်နာ ပါ၊ အသက်က ၂၀ ရှိပါပြီ။ သူမက ဗျက်စောင်း၊ စစ်တုရင်၊ လက်ရေးလှအတတ်ပညာ၊ ပန်းချီဆွဲတာ ကျွမ်းကျင်ပါတယ် ၊ သူမက အကလည်းကတတ်ပါသေးတယ်။ ဧကရာဇ်မင်းကြည့်ရှုဖို့ရန်အတွက် ရှောက်ဘုရင့်နိုင်ငံရဲ့ သာယာဝပြောမှု ငြိမ်းချမ်းမှုကို ဂုဏ်ပြုတဲ့အနေနဲ့သူမ တစ်လလောက် အချိန်ယူပြင်ဆင်ခဲ့ရပါတယ်။"
အနောက်ပိုင်းနယ်မြေမှ သံတမန်က ကြိုတင်ပြင်ဆင်ထား သည့် စကားများကို ပြောခဲ့သည်။ ထို့နောက် သူ့ဘေးမှ အေးခဲနေသော အမျိုးသမီးကို ညင်သာစွာ တွန်းလိုက်ကာ သူမကို မကျေမနပ် စိုက်ကြည့်နေသည်။ "ဘယ်လောက် စိတ်ပျက်စရာကောင်းလိုက်လဲ!"
ထိုအမျိုးသမီး၏ အာရုံများက ပြန်ရောက်ရှိလာပြီး သူမစိတ်ထဲတွင် ကြောက်ရွံ့မှုကို မျိုသိပ်ထားသည်။ သူမသည် တုန်ရီနေသော လက်များဖြင့် ဦးညွှတ်လိုက်သည်။ ထို့နောက် အနောက်ပိုင်းနယ်မြေမှ သံတမန်က ဆုတ်ခွာသွားပြီး သူမအတွက် နေရာလွတ်တစ်ခု ထားခဲ့သည်။
အနောက်ပိုင်း နယ်မြေမှ အလှလေးရဲ့ လက်တွေ မြှောက်ဖို့ နာကျင်နေပေမယ့် တေးဂီတ မရှိသေးပေ။ သို့သော်လည်း သူမက ဧကရာဇ်မင်းမြတ်၏ မျက်လုံးများတွင် ယခုထိ အရိပ်အယောင်ကို မှတ်မိနေသေးသည်မို့ ယခုအချိန်အထိ သူမ ကမောက်ကမ ပြုမူဝံ့ခြင်း မရှိပေ။ သူမသည် သူမလက်များ၏ နာကျင်ကိုက်ခဲမှုကိုသာ တောင့်ခံထားပြီး သီချင်းစမည့်အချိန်ကို စောင့်မျှော်နေနိုင်သည်။
ထိုအချိန်တွင် ခန်းမအတွင်းရှိ ဂီတသမားများသည် ဧကရာဇ်မင်းမြတ်၏ ခွင့်ပြုချက်ဖြင့် စတင်တီးခတ်ခွင့်ရရှိခဲ့သည်။
သီချင်းသံကြားသည်နှင့် လူတိုင်း သက်ပြင်းချလိုက်ကြသည်။
အနောက်ပိုင်း နယ်မြေမှ သံတမန်လည်း အနည်းငယ် ပဟေဋ္ဌိ ဖြစ်နေသည်။ သူ့ထိုင်ခုံမှာ စိတ်လှုပ်ရှားစွာ ဝင်ထိုင်လိုက်သည်။
အနောက်ပိုင်း နယ်မြေရဲ့ ထိပ်တန်း အလှလေးရဲ့ ဂုဏ်သတင်းက ဘာအတွက်မှ မဟုတ်ပါဘူး။ သူမသည် လှပပြီး ရုပ်ရည်ကောင်းမွန်သည်။ သူမရဲ့ အကတွေက အရမ်းလှပြီး စွဲဆောင်မှုရှိသည်။
သူမ ရှောက်ကျန့်ကို ကြောက်သော်လည်း သူမ ကဖို့အစပြုလာသည်နှင့် သူမသည် သူမ၏ အကတွင် လုံး၀ နစ်မြုပ်သွားခဲ့သည်။
သူမ၏ လှုပ်ရှားမှုတိုင်းသည် စည်းချက်နှင့် ကိုက်ညီနေသည်။ သူမ ခုန်ပြီး လှည့်လိုက်တော့ ခန်းမထဲက ယောက်ျားအားလုံးရဲ့ အာရုံကို အလွယ်တကူ ရလိုက်သည်။ အားလုံးက သူတို့ရဲ့မျက်လုံးတွေကို မခွာနိုင်ကြပေ။ အခြားလူမျိုးစုများမှ သဘောထားကြီးသော ယောက်ျားအချို့ပင် ရှိသေးသည်။ ရှောက်ဘုရင့်နိုင်ငံ ရှုထောင့်မှကြည့်လျှင် ထိုလူတွေက ရိုင်းစိုင်းသောတိုင်းပြည်မှဖြစ်သည်။ ထိုအချိန်တွင် သူတို့သည် တိုးလျသော အသံဖြင့် မကြားဝံ့မနာသာ စကားလုံးများကို ရေရွတ်နေကြသည်။ မကြားဝံ့မနာသာ မှတ်ချက်များ ဖလှယ်နေကြသည်မှာ ထင်ရှားသည်။
အနောက်ပိုင်းနယ်မြေမှ အလှလေး၏ ခံစားရသော ရှောက်ကျန့်ဆီမှ ခံစားနေရသော စိတ်ပျက်အားငယ်မှုကို အခြားအမျိုးသားများက လုံးဝဖယ်ရှားပစ်လိုက်သည်။ သူမ အဲ့တာကိုသိသည်။ သူမ၏ ဆွဲဆောင်မှုကို ဘယ်သူမှ ခုခံနိုင်စွမ်းမရှိကြပေ။
သူမ ပိုပျော်လေလေ သူမရဲ့ အကတွေက ပိုဆွဲဆောင်မှု ရှိလေလေပင်။ ရှောက် ဘုရင့်နိုင်ငံမှ အစိုးရ၀န်ထမ်းများနှင့် ဝန်ကြီးအချို့က အကသည် မဖွယ်မရာဖြစ်သည်ဟု ထင်မြင်ချက်ပေးခဲ့သော်လည်း ၎င်းတို့၏ မျက်လုံးတွေက အလွန်ရိုးသားသည်။ သူတို့သည် နီမြန်းသောမျက်နှာဖြင့် သူမကို ခိုးကြည့်နေကြသည်။
အလှလေးက သူတို့ရဲ့ အကြည့်တွေကို သတိထားမိပြီး ယုံကြည်မှုပိုရှိလာသည်။ သူမ၏ အသစ်တွေ့ရှိသော ယုံကြည်မှုဖြင့် သူမသည် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခုကို ပေးရုံမှတစ်ပါး မကူညီနိုင်ခဲ့ပေ။ သူမသည် ဆွဲဆောင်မှုရှိသောအကြည့်ဖြင့် ပလ္လင်ပေါ်ရှိလူကို ကြည့်လိုက်သည်—သူမ၏မျက်လုံးများတွင် စွဲဆောင်မှုရှိသောအကြည့်က သံသယဖြစ်ဖွယ်မရှိပေ။
ယခုအခါတွင် သူမ၏ အကများဖြင့် ရောက်ရှိလာသော အမျိုးသားများအားလုံးသည် ရှောက်ကျန့်ကို အနိုင်မယူမီ အချိန်တစ်ခုသာဖြစ်သည်။ "ဘယ်ယောက်ျားက အလှအပကို မကြိုက်တဲ့သူရှိမှာလဲ။ သူ ဟန်ဆောင်နေတာပဲ"
သူမ အခန်းထဲမှာ လှည့်ပတ်နေပြီး ရှောက်ကျန့်နှင့် ပိုနီးကပ်လာသည်။ တစ်ဖက်သား၏ အေးစက်သောအမူအရာကြောင့် မဟုတ်ပါက၊ သူမ အစကတည်းက သူ့ထံ ချဉ်းကပ်ခဲ့ပေလိမ့်မည်။ သူမ သူ့အနားမကပ်နိုင်ရင် တခြားနည်းလမ်းတွေရှိပါသေးသည်။
သူမသည် လှည့်ပတ်ကာ ကခုန်ပြီး ရံဖန်ရံခါ သူ့ကို မျက်စိမှိတ်ပြကာ သူမ၏ပေါင်များကို ပေါ်လွင်စေရန် သူမ၏ ၀တ်စုံကို မထားသည်။
ကံမကောင်းစွာပဲ သူမ၏ ကြိုးစားအားထုတ်မှုကြားမှ ရာဇပလ္လင်ပေါ်ရှိလူက သူမအား လျစ်လျူရှုခဲ့သည်။ စင်မြင့်အောက်က လူတွေအားလုံး မီးတောက်သွားကြပေမယ့် ဧကရာဇ်မင်းက သူမကို ကြည့်တောင်မကြည့်ပေ။ စားပွဲပေါ်က ဝိုင်က သူ့အာရုံကို ပိုခံစားထိုက်ပုံရသည်။
အနောက်ပိုင်းနယ်မြေမှ အလှလေးက သူမ၏ ညှို့ဓာတ်နဲ့ စွဲဆောင်နေသည်။ ရှောက်ကျန့်မှလွဲ၍ ယောက်ျားတိုင်းက သူမကို ကြည့်နေကြသည်မှာ သေချာသည်။
ဒါကိုတွေးပြီး အလှလေးက တစ်ခုခုကို သတိပြုမိသွားပုံရသည်။ သူမ၏မျက်လုံးထဲတွင် သရော်လှောင်ပြောင်မှုမှာ ချက်ချင်းပင် တုန်လှုပ်ချောက်ချားမှုဖြင့် အစားထိုးသွားခဲ့သည်။ သူမ ရုတ်တရက် သူမ၏ တေးသွားများကို ရပ်လိုက်သော်လည်း သူမ၏ လက်ရာမြောက်သော အကခြေလှမ်းများဖြင့် ချက်ချင်းဆိုသလို ဖုံးကွယ်သွားခဲ့သည်။
ဒါပေမယ့် သူမ၏မျက်လုံးများတွင် စိတ်ပျက်မှုများမှာ နက်ရှိုင်းလာခဲ့သည်။
အခု သူမကို မကြည့်တဲ့သူက ခန်းမထဲမှာ တစ်ယောက်တည်းပဲ ရှိတယ်လို့ သူမ ယုံကြည့်နေတုန်းပင်။ မထင်မှတ်ပဲ ပလ္လင်အောက်ထိုင်နေတဲ့ အမျိုးသားကလည်း သူမကို ဂရုမစိုက်ပေ။
ဤအခိုက်အတန့်တွင် သူမ၏ လောကအမြင်ကို နင်းချေလိုက်သလို ခံစားလိုက်ရသည်။ သူမ၏ စိတ်ထဲတွင် မထင်မှတ်ဘဲ မောက်မာမှု အက်ကြောင်းများ ပေါ်လာသည်။ ရှားရှားပါးပါး အတွေးတစ်ခု သူမစိတ်ထဲမှာ ပေါ်လာသည်။ သူမထင်သလောက် မပြည့်စုံခဲ့ပေ။
ကျန်းတန်းဟယ်က သူ့လက်ဖက်ရည်ကို ဂရုတစိုက်နဲ့ သောက်နေသည်။ ခန်းမထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သူမသိခဲ့သလို သူ့ရဲ့လျစ်လျူရှုမှုက လူတစ်ယောက်ကို ပြောင်းလဲစေနိုင်တယ်လို့လည်း သူ မသိခဲ့ပေ။
ကျန်းတန်းဟယ် လက်ဖက်ရည်သောက်လိုက်သည်နှင့် ရုတ်တရက် သူ့ မျက်လုံးတွေက တောက်ပလာသည်။ "ဟုတ်တယ်ဟ၊ ဒီလက်ဖက်ရည်က အရသာရှိတယ်၊ နောက်မှ ငါနဲ့အတူပြန် ယူသွားရမယ်။"
အနောက်ပိုင်းနယ်မြေမှ အလှလေးသည် အကကို ပြီးမြောက်ရန် သူမ၏ နောက်ဆုံး ခွန်အားကို အသုံးပြုခဲ့သည်။
ဒါက ကခုန်မှုတစ်ခုပဲ၊ ဒါပေမယ့် သူမ တစ်ခါမှ ဒီလောက်ပင်ပန်းတယ်လို့ မခံစားဖူးပေ။ ညှို့ယူမှုသည် ယခု သူမစိတ်ထဲတွင် နောက်ဆုံးအရာဖြစ်သည်။ ယခုအချိန်တွင် သူမသည် ဤနေရာမှ လွတ်မြောက်ပြီး သူမချစ်တဲ့ အရပ်ကို ပြန်သွားချင်နေပြီ။
အနောက်ပိုင်း နယ်မြေမှ သံတမန်သည် ရှောက်ကျန့်၏ အမူအရာကို စောင့်ကြည့်နေခဲ့သည်။ တစ်ဖက်က အလှလေးကိုကြည့်တောင် မကြည့်မှန်း သိလိုက်ရတော့ သူ့စိတ်တွေ နစ်မွန်းသွားခဲ့သည်။ ဒီတစ်ခါ သူတွက်တာ မှားသွားပြီလား။
စိတ်မသက်မသာ ဖြစ်နေချိန်မှာတော့ လွတ်မြောက်ဖို့ နည်းလမ်းကို တွေးနေတုန်းပဲ။ အလှလေး ကနေတာ ရပ်သွားတော့ သူချက်ချင်း ထရပ်လိုက်သည်။ “အရှင်မင်းကြီး…”
သူ့စကားမဆုံးခင် ရှောက်ကျန့် က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ကို ဖယ်ထုတ်လိုက်သည်။
သံတမန်က သူ၏ ရည်ရွယ်ချက်များကို နားမလည်ဘဲ ကြောင်တက်တက်ဖြင့် ညွှန်ကြားချက်များကိုသာ လိုက်နာနိုင်ခဲ့သည်။ အလှလေးနဲ့ သူ့ထိုင်ခုံဆီ ပြန်လာခဲ့သည်။
လေထုကို သက်တောင့်သက်သာဖြစ်စေရန်အတွက် မိန်းမစိုးစုက ရှောက်ကျန့် ကို နောက်ထပ်ညွှန်ကြားချက်များပေးရန် တောင်းဆိုခဲ့သည်။ သူ့ခွင့်ပြုချက်ရပြီးနောက်တွင် သီချင်းနှင့် အကဖျော်ဖြေမှု တရားဝင်စတင်ကြောင်း ကြေညာခဲ့သည်။
စကားပြောပြီးသည်နှင့် ဂီတသမားများက စတင်တီးခတ်ကြသည်။ နန်းတော်အစေခံတွေက တန်းစီပြီး ခန်းမထဲသို့ ဝင်လိုက်ကြပြီး ရှောက်လူမျိုး အမျိုးသမီးများ၏ ထူးခြားသော နူးညံ့သိမ်မွေ့မှုကို ပြသကြသည်။
လူတိုင်းသည် လှပသော အပြင်အဆင်ကြောင့် မူးဝေသွားကြသည်။ ဝိုင်ကောင်းကောင်း၊ အရသာရှိတဲ့ အစားအစာတွေ၊ လှပတဲ့ အမျိုးသမီးတွေ အားလုံးက စွဲမက်စရာကောင်းနေသည်။
ဒါပေမယ့်လည်း အနောက်ပိုင်း နယ်မြေမှ လူနှစ်ဦးသာ ပွဲပြီးသည်အထိ ကြောက်ရွံ့စွာ စောင့်ဆိုင်းနေခဲ့သည်။
သူတို့နေထိုင်ရာသို့ ရောက်သောအခါမှ တဖြည်းဖြည်း အသိစိတ်ပြန်ဝင်လာကြသည်။ ထိုအချိန်တွင် သူတို့နှစ်ဦးသည် ဘေးဒုက္ခအန္တရယ်မှ လွတ်မြောက်သွားသလို ခံစားရသည်။
အကြောင်းတစ်ခုခုကြောင့် ကျားမုတ်ဆိတ်မွေးကို ဆွဲလိုက်မိသလို ခံစားမိသော်လည်း ဘေးကင်းအောင် ထိန်းနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အလွန်ထူးဆန်းသော အတွေ့အကြုံတစ်ခုဖြစ်သည်။
သူတို့မသိခဲ့တာက ရှောက်ကျန့်က သူ့မျက်လုံးထဲမှာ သူတို့က အရေးမပါတာကြောင့် သူတို့နဲ့ မဆက်ဆံခဲ့တာဆိုတာကိုပဲ။ ဒါပေမယ့် အနောက်ပိုင်း နယ်မြေကို ဧကရာဇ်မင်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းထားခြင်း ရှိ၊ မရှိ မသိရသေးပေ။