← Chapters

အခန်း (၁၃၉)

Vol. 10 Ch. 139

အခန်း (၁၃၉)

Vol. 10 Ch. 139

နောက်ဆုံးတော့ ထုံကျင်တာတွေ ပျောက်ကွယ်သွားသဖြင့် ကျန်းတန်းဟယ်ချက်ခြင်းး သူတို့ဆီလျှောက်သွားလိုက်သည်။

သူ လျှောက်သွားရင်း စိတ်ထဲကနေ အော်ပြောနေမိသည်။ _'ရှောင်းကော၊ သားလေး၊ မင်းတို့ရဲ့ ခင်ပွန်းနဲ့ဖေဖေက ဒီမှာ!'_

“အား!”

ကျွမ်းကျွမ်းသည် သူလျှောက်လာတာကိုမြင်တော့ ရုတ်တရက် ကြောက်လန့်တကြား အော်လိုက်သည်။ သူသည် ရှောင်းကော၏ ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်သည်။

အခုချိန်တော့ ရှောင်းကော ခေါင်းငုံ့မထားနိုင်တော့ပေ။ သူမ ကျွမ်းကျွမ်းကို ဖက်လိုက်ကာ သူလန့်သွားတဲ့အရာကို ကြည့်လိုက်သည်။

ရှောင်းကော ကြည့်ဖို့ ပြင်ဆင်လိုက်သည်။ သူမမော့ကြည့်လိုက်ပါက ညစ်ညမ်းသည့်မြင်ကွင်း မြင်မိသွားမှာစိုးသည်။

သို့သော် သူမ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ သူမမြင်လိုက်ရသည်မှာ ယောက်ျားဖြစ်သည့် အပြာရောင်ဝတ်စုံပင်။

ဒါပေမယ့် အဲဒီလူက အရမ်းကပ်နေတယ်။ ရှောင်းကော မျက်မှောင်ကြုတ်ကာ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်ပြီး သူ့မျက်နှာကိုညမော့ကြည့်လိုက်သည်။

!!!

ရှောင်းကောလည်း ကျွမ်းကျွမ်းလိုမျိုး ထိတ်လန့်သွားသည်။ တုန်လှုပ်မှုကြောင့် သူမညအသက်ရှုကြပ်သွားလုမတတ်ပင်။

“ရှင် ရှင်က လူလား သရဲလား…”

ရှောင်းကော၏ တုန်ယင်နေသော နှုတ်ခမ်းမှ ထိုစကားတွေထွက်လာသည်။

ကျန်းတန်းဟယ်မှာ သူမျှော်လင့်ထားသည့် ရင်ထဲထိလောက်မယ့်မြင်ကွင်းကို မမြင်လိုက်ရ‌ပေ။ သူ မတတ်နိုင်ဘဲ အနည်းငယ်ဝမ်းနည်းသွားမိသည်။ 'သူ စိတ်ကူးထားတာနဲ့ ဘာလို့ လုံးဝမတူနေရတာလဲ?'

သူမ၏ ချိုမြိန်သည့်အသံကို သူနောက်ဆုံးကြားခဲ့ရသည်မှာ လေးနှစ်ရှိပြီဖြစ်သည်။ အချိန်တွေဟာ တစ်ဘဝလုံး ကုန်သွားသလို ခံစားလိုက်ရသည်။ 'ဒါပေမဲ့ ဒါက ဘာကိုဆိုလိုတာလဲ? လူလား သရဲလားဆိုတာ ဘာကိုဆိုလိုတာလဲ?'

ကျန်းတန်းဟယ် နားမလည်နိုင်ဖြစ်သွားသည်။ သူသေသွားပြီဆိုတာကို သူ တကယ် မေ့နေခဲ့တာပင်။

ရှောင်းကော မတတ်နိုင်ဘဲ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်မိသည်။ သူမရှေ့တွင် ရင်းနှီးသော်လည်း မရင်းနှီးသေးသည့် မျက်နှာကိုကြည့်ရင်း သူမအနည်းငယ် စိတ်မသက်မသာဖြစ်သလို ခံစားလိုက်ရသည်။

ကျွမ်းကျွမ်းဟာ ကျန်းတန်းဟယ်၏ ပုံတူကို အမြဲကြည့်နေတတ်တာကြောင့် သူမလည်း မြင်ဖူးနေသည်။ သူမရှေ့က မျက်နှာနဲ့ အရမ်းတူပေမယ့် ပန်းချီကားထဲကလောက်တော့ မငယ်တော့ပေ။ သူမရှေ့ရှိလူ၏ မျက်နှာပေါ်က ကောက်ကြောင်းတွေဟာ ပိုပြတ်သားသည်။ သူမကို သူစိုက်ကြည့်လာသည့်အခါ အနည်းငယ် ခြိမ်းခြောက်နေသလို ခံစားလိုက်ရသည်။

ရှောင်းကောသည် ကျွမ်းကျွမ်းအား သူမ၏ ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကာ ထိုလူကို သတိထားကြည့်လိုက်သည်။

ရှောက်ကျန့်က အနောက်ကနေ တိတ်တဆိတ် ကြည့်နေသည်။ ထို့နောက် သူ့လက်ကို ဝှေ့ယမ်းကာ မဝေးလှသည့်နေရာမှ ရှောင်ယိကို လှမ်းခေါ်လိုက်သည်။ ပွဲထိုင်ကြည့်ရတာက ပိုကောင်းသည်။

သူအချက်ပြတာကိုမြင်တဲ့အခါ ရှောင်ယိမှာ သူ့ကို လျစ်လျူရှုချင်သော်လည်း သူ မတ်တပ်ရပ်နေရတာ အနည်းငယ် ပင်ပန်းနေပြီဖြစ်သည်။ ထို့ကြောင့် သူ သွားထိုင်ရန် ဆုံးဖြတ်လိုက်သည်။ ဒါပေမဲ့ သူ့အမိန့်ကို နာခံတာမဟုတ်ဘူး။ သူ တကယ် ထိုင်ချင်နေလို့ဘဲ။ ရှောင်ယိသည် စိတ်ကြီးဝင်နေသည့် အမူအရာဖြင့် ခပ်ခွာခွာထိုင်လိုက်ကာ သူ့ခေါင်းကိုတော့ ရှောက်ကျန့်ဘက်နှင့်ဝေးရာဆီလှည့်ထားလိုက်သည်။

“ဝေးဝေးနေ!”

အနားကပ်ရန် ကြိုးစားနေသည့် ကျန်းတန်းဟယ်မှာ ရှောင်းကောဆီကနေ အတားခံလိုက်ရသည်။

"ရှောင်းကော ဘာဖြစ်လို့လဲ?"

ကျန်းတန်းဟယ် ဝမ်းနည်းလာသည်။ သူသည် နေရာတွင်ဘဲ ကူကယ်ရာမဲ့စွာရပ်နေကာ အဝေးတွင် ရပ်နေသည့် သားအမိကို ကြည့်လိုက်သည်။ သူ ဘာအမှားလုပ်မိလို့ခဲ့လဲဆိုတာ သူ မသိပေ။ ဒီလိုအချိန်မှာ တစ်ယောက်ကိုတစ်ယောက် ဖက်ပြီး ငိုနေသင့်တာမဟုတ်ဘူးလား?

ရှောင်းကော တုန်လှုပ်သွားသည် _'ငါ့နာမည်က ရှောင်းကောဆိုတာ သူ သိနေတယ်။ ဒါဆို သူက တကယ်ပဲ ကျန်းတန်းဟယ်လား? သေသွားတဲ့ကျန်းတန်းဟယ်လား?'_

"ရှင်က ဘယ်သူလဲ?"

ရှောင်းကော မေးလိုက်သည်။ ကျွမ်းကျွမ်းလည်း ထိုစကားကိုကြားသည့်အခါ တိတ်တိတ်လေး ခေါင်းမော့ကာ သူ့အဖြေကို စောင့်နေသလို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် မျှော်လင့်နေသည့် အရိပ်အယောင်တစ်ခုပေါ်လာသည်။

"ကိုယ်လေ ကျန်းတန်းဟယ်ပါ"

ကျန်းတန်းဟယ် အလျင်အမြန် တွေးတောလိုက်မိသည်။ သူစိတ်လှုပ်ရှားနေပြီးနောက်၊ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်ထားလိုက်ကာ ဘာမှားနေလဲဆိုတာကို တွေးတောဖို့ကြိုးစားလိုက်သည်။ တစ်ခဏမှာဘဲ သူသည် သူတို့၏ မျက်လုံးထဲတွင် သေလူဖြစ်နေသေးသည်ကို သူသိလိုက်ရသည်။

ထိုအခြေအနေမျိုးတွင် သူတို့ကြောက်ရွံ့နေတာကိုအပြစ်တင်လို့မရပေ။

" ရှောင်းကော ကိုယ်လေ။ ကိုယ် မသေသေးပါဘူး"

ကျန်းတန်းဟယ် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးတွေထဲ နွေးထွေးမှုနှင့် တောင့်တမှုတို့ဖြင့် ပြည့်နေသည်။

“…”

ရှောင်းကော ဘာပြောရမှန်းမသိတော့ပေ။ သူမ စိတ်တွေက ရှုပ်ထွေးနေသည်။ သူမ၏ အတွေးတွေနှင့် ခံစားချက်တွေ ရှုပ်ထွေးနေသည်။ မည်သို့ပင်ဆိုစေကာမူ အရာအားလုံး ရှုပ်ထွေးနေ၏။

ထိုအချိန်တွင် ကျွမ်းကျွမ်းသည် ကျန်းတန်းဟယ်အား ရဲဝံ့စွာကြည့်နေသည်။ သူသည် သူ့ကို သေသေချာချာ ဆန်းစစ်နေ၏။ သူ့ဝတ်စုံကို ကြည့်လိုက်တော့ ကျောက်ဆောင်နောက်တွင် သူ တွေ့ခဲ့သည့်သူ ဖြစ်တဲ့ပုံပင်။

ဒါပေမယ့် ဘာဖြစ်လို့ သူ့ကို မမှတ်မိတာလဲ? လူတိုင်းက သူ့ကို သူ့အဖေနဲ့တူတယ်လို့ ပြောကြပေမယ့် တွေ့တဲ့အခါကျတော့ သူ့ကို ဘာလို့မမှတ်မိတာလဲ?

ကျန်းတန်းဟယ်လည်း ကျွမ်းကျွမ်း၏ အကြည့်ကို ခံစားလိုက်ရသဖြင့် သူ့ကိုငုံ့ကြည့်လိုက်သည်။ သူတို့ရဲ့ အကောင်းဆုံး အသွင်အပြင်တွေ ပေါင်းစပ်ထားတဲ့ မျက်နှာလေးကို သူကြည့်လေ၊ ပိုသဘောကျလာလေပင်။

ဒီလိုကြည့်လိုက်တော့ ကျွမ်းကျွမ်းက သူတို့နှစ်ယောက်နဲ့ တကယ်တူတာပဲ။ ပထမတော့ သူက ကျွမ်းကျွမ်းနဲ့ နည်းနည်းတူတယ်လို့ ခံစားလိုက်ရသည်။ အခု သေချာကြည့်လိုက်တော့ သူနဲ့ တော်တော်တူသည်။

ကျန်းတန်းဟယ် သူ့သားကိုကြည့်မိလေလေ ပိုပျော်လာလေလေပင်။ သူ့သားတောင် အရမ်းချောတာဆိုတော့ သူ့သမီးလည်း ပိုလို့တောင်ချစ်စရာကောင်းမှာဘဲ။

ရှောင်းကော ဘယ်လို‌တောင် ခုခံနေလဲဆိုတာကိုမြင်တော့ ကျန်းတန်းဟယ်မှာ ဘာပြန်ပြောရမှန်းမသိတော့ပေ။ ထို့အပြင် ဤနေရာသည် စကားပြောဖို့ ကောင်းသည့်နေရာမဟုတ်ပေ။

ရှောက်ကျန့်လည်း အဝကြည့်လိုက်ရသည်။ စကားပြောဖို့အချိန်ကျပြီဟု ခံစားလိုက်မိသည်။ သူ့လက်ထဲက အသီးခြောက်တွေကို ချလိုက်ပြီး လက်ပေါ်မှာကျန်နေတဲ့ အသီးအနှံမှအမှုန့်တွေကို ဖယ်လိုက်သည်။

“အဲဒီမှာဘဲ ရပ်မနေကြနဲ့။ လာ ညစာစားဖို့လာထိုင်ကြ"

ရှောက်ကျန့်သည် ဂုဏ်သိက္ခာရှိသည့် အသံဖြင့် ပြောလိုက်သည်။ ရှောင်းကော ကျန်းတန်းဟယ်ကို မော့ကြည့်လိုက်ပြီး ကျွမ်းကျွမ်းကို ချီထားရင်း သူနှင့်အတူ သွားလိုက်သည်။

ကျန်းတန်းဟယ်မှာ အနောက်ကနေ နီးနီးကပ်ကပ်လိုက်မသွားခင် တစ်ခဏလောက် ရပ်သွားသည်။ သူတို့သုံးယောက် တန်းစီထိုင်လိုက်ကြသည်။

ရှောင်းကောက ကျွမ်းကျွမ်းကို သူမဘေးတွင် ထားလိုက်သည်။ ကျန်းတန်းဟယ်လည်း နှာခေါင်းကိုပွတ်ကာ တုံ့ဆိုင်းစွာဖြင့် ကျွမ်းကျွမ်းအနားတွင် ထိုင်လိုက်သည်။ သုံးယောက်သား ထိုင်ခုံတွင် လိုက်လျောညီထွေစွာ ထိုင်လိုက်ကြပြီး ကျွမ်းကျွမ်းကတော့ သူ့မိဘနှစ်ပါးအနားတွင် ထိုင်နေသည်။

ကံကောင်းထောက်မစွာဖြင့် ဤသို့ကြားဖြတ်ပြောဆိုမှုကြောင့် ရှောင်းကောအနေဖြင့် နှုတ်ခွန်းဆက်သသည့်စကားများကို ပြောရန်မလိုအပ်တော့ပေ။

ထမင်းစားပွဲတွင် ဝမ်ရှောင်ယိသာ အားရပါးရစားနေ၏။ ကျန်တဲ့လူတွေအားလုံးကတော့ အခြေအနေကိုကြည့်နေကြသည်။

ရှောက်ကျန့်လည်း ဘေးတွင်သာရှိနေသည်။ သူသည် ရှိုးတစ်ခုကြည့်နေသလိုမျိုး ရှောင်းကောနှင့် ကျန်းတန်းဟယ်တို့ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။

ကျန်းတန်းဟယ်က ရှောင်းကောကို တိတ်တဆိတ် အာရုံစိုက်နေသည်။ သူမ အများကြီး မစားတာကိုမြင်တော့ သူ သူမအတွက် စားစရာတစ်ချို့ကို ထည့်ပေးသည်။

တစ်ဖက်တွင် ရှောင်းကောမှာ တခြားအရာတွေကို စဉ်းစားနေသည်။ ' ဥပမာ၊ ကျန်းတန်းဟယ် ဘယ်လိုလုပ် အသက်ရှင်နေတာလဲ? သူ ဘာလို့ ဒီမှာရှိနေတာလဲ? သူအသက်ရှင်နေတယ်ဆိုရင် အိမ်ကိုဘာလို့စာမပို့တာလဲ? နောက်ကျ သူမ ဘာလုပ်သင့်လဲ? '

သူမသည် ကျန်းတန်းဟယ် သူမအတွက် ထည့်ပေးသည့် အစားအစာအတွက် ကိုးရိုးကားယားနိုင်စွာ ယဉ်ကျေးစွာဖြင့် ပြုံးပြလိုက်သည်။ သို့သော် သူမ မစားပါချေ။

ကျွမ်းကျွမ်းမှာ ကျန်းတန်းဟယ်ကို ဘေးမှ တိတ်တဆိတ် ဆန်းစစ်နေသော်လည်း သူကြည့်လာသည့်အခါ သူ့ခေါင်းကို အမြန်ငုံ့ပြီးအကြည့်လွှဲလိုက်သည်။

စားပွဲပေါ်မှ ထူးဆန်းသည့် လေထုအောက်တွင် ရှောင်ယိတစ်ယောက်သာ အားရပါးရစားနေ၏။ _'ငါးအသားက အရသာရှိတယ်၊ မုန်လာဥကလည်း အရသာရှိတယ်၊ အသားလုံးတွေကလဲ အရမ်းမွှေးတယ်၊ မုန့်တွေလည်း အရသာရှိတယ်။ ကြက်သားကလဲ အရမ်းနူးညံ့တယ်၊ ဟင်းကလဲ အရမ်းလတ်တယ်…'_

ထိုကဲ့သို့သော စကားတွေသာ ရှောင်ယိ၏ စိတ်ထဲတွင် လည်ပတ်နေတာကြောင့် သူ့ပတ်ဝန်းကျင်ရှိလေထုကို အာရုံမစိုက်ဘဲ သူ့အစားအစာကိုသာ လုံးလုံးလျားလျားစိတ်ဝင်စားနေသည်။

နောက်ဆုံး ရှောက်ကျန့် သူ့ရဲ့တူတွေကို ချလိုက်တဲ့အခါ ရှောင်းကောလည်း စိတ်သက်သာရာရစွာဖြင့် သူမရဲ့တူတွေကိုချလိုက်သည်။

ကျန်းတန်းဟယ် မျက်လုံးတွေ မည်းမှောင်သွားသည်။ သူမပန်းကန်ပေါ်ရှိ ဟင်းများကို မထိထားတာမြင်တော့ သူ အနည်းငယ်စိတ်ပျက်သွားသည်။

ကျွမ်းကျွမ်းလည်း သူ့တူတွေကို ချလိုက်သည်။ ကျွမ်းကျွမ်း မစားတော့တာကိုမြင်တော့ ရှောင်ယိက ဝမ်းသာအားရလက်ခုပ်တီးလိုက်သည်။ "ကောင်းတယ်! ကျွမ်းကျွမ်း ပြန်ပြီးအိပ်ကြရအောင်!"

သူ ဗိုက်ပြည့်သွားပြီဖြစ်ကာ တစ်ဖက်တွင် ကျွမ်းကျွမ်းကိုစောင့်နေသည်။ အစောပိုင်းက သူတို့သည် ညဘက်တွင်အတူတူအိပ်ရန် သဘောတူထားကြသည်။ သူသည် ကျွမ်းကျွမ်းအား သူ၏တိရစ္ဆာန်သူငယ်ချင်းများထံ ခေါ်ဆောင်သွားရန် အလွန်စိတ်အားထက်သန်နေသည်။

“သွားကြစို့ သွားကြစို့…”

ရှောင်ယိက ကျွမ်းကျွမ်းကို ထွက်သွားဖို့ တိုက်တွန်းလိုက်သည်။ သို့သော် ကျွမ်းကျွမ်းက ရှောင်းကောကိုကြည့်ကာ တုံ့ဆိုင်းသွားသည်။ "မေမေ?"

ရှောင်းကော ခေါင်းညိတ်ပြလိုက်ပြီး သူမလည်းသွားဖို့ပြင်လိုက်တဲ့အချိန် ရှောက်ကျန့်က ပြောလာသည်။

"သူတို့ကို တူတူပေးအိပ်လိုက်ပါ။ မင်းတို့နှစ်ယောက်လဲ မတွေ့တာကြာပြီလေ။ တစ်ယောက်နဲ့တစ်ယောက် မေးစရာမေးခွန်းတွေ အများကြီးရှိမယ်ဆိုတာ သေချာတယ်။ မင်းက တန်းဟယ်နဲ့ သူ့နေရာဆီ လိုက်သွားလိုက်"

ရှောက်ကျန့်က ညွှန်ကြားချက်တွေပေးလိုက်သည်။ ကျိန်းသေပေါက် ရှောင်းကောကတော့ ကျန်းတန်းဟယ်နှင့် အမှန်တကယ် စကားပြောဆိုလိုခြင်းမရှိပေ။ သူမအတွက် ကျန်းတန်းဟယ်က သူစိမ်းတစ်ယောက်လိုပင်။ ထို့အပြင် သူမသည် ကျွမ်းကျွမ်းတစ်ယောက်တည်း လွှတ်ထားရမည်ကို စိုးရိမ်နေမိသည်။

သို့သော် ရှောင်းကောမှာ မည်ကဲ့သို့လိမ္မာပါးနပ်စွာ ငြင်းဆန်ရမှန်းမသိပေ။ မည်သို့ပင်ဆိုစေကာမူ သူမရှေ့မှလူသည် ဧကရာဇ်ဖြစ်သည်။

ရှောင်းကောတုံ့ဆိုင်းနေချိန် ကျန်းတန်းဟယ်က အမိန့်ကို သဘောတူလိုက်သည်။

ရှောင်းကော ကျန်းတန်းဟယ်ကို လှည့်ကြည့်လိုက်သည်။ အချိန်အတော်ကြာ ရုန်းကန်ခဲ့ရပြီးနောက် သူမသည် ကျွမ်းကျွမ်းအား ရှောင်ယိနှင့်အတူ လိမ်လိမ်မာမာနေပြီး နောက်တစ်နေ့တွင် သူမ သူ့ကိုလာခေါ်မည်ဖြစ်ကြောင်း ပြောလိုက်သည်။

ကျွမ်းကျွမ်းသည် ရှောင်းကောအား တွန့်ဆုတ်စွာဖြင့်ကြည့်လိုက်ပြီး နောက်တော့ ကျန်းတန်းဟယ်ကို အမြန်ကြည့်လိုက်သည်။ နောက်ဆုံးတော့ သူခေါင်းညိတ်လိုက်သည်။ သူ့မေမေလဲ အဲဒီလူနဲ့ ပြောစရာတွေ အများကြီးရှိမှာဘဲ။ လောလောဆယ် သူတို့ကို မနှောင့်ယှက်ဖို့ သူဆုံးဖြတ်လိုက်သည်။

ကျွမ်းကျွမ်းသည် လိမ်လိမ်မာမာဖြင့် ရှောင်ယိနှင့်အတူ ထွက်သွားတာကိုမြင်တော့ ကျန်းတန်းဟယ်လည်း ရှောက်ကျန့်ကို အမြန်နှုတ်ဆက်ကာ ရှောင်းကောနှင့်အတူထွက်သွားသည်။

ရှောင်းကောလည်း သူမ၏အိတ်ကိုယူရန် ကပ်လျက်ခန်းမသို့သွားလိုက်ပြီး ရထားလုံးပေါ်သို့ တက်လိုက်သည်။

ကျန်းတန်းဟယ်လည်း သူ့မြင်းကိုပစ်ထားလိုက်ကာ ရှောင်းကောနောက်သို့ လိုက်သွားလိုက်သည်။

ရထားလုံးထဲတွင် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ဘာပြောရမှန်းမသိ ဖြစ်နေကြသည်။ လေထုထဲ၌ ကိုးရိုးကားယားနိုင်သည့် အသက်ရှူမဝတဲ့ ခံစားချက်တွေဖြင့် ပြည့်နှက်နေသည်။

All Chapters