အခန်း (၁၄၉)
Vol. 10 Ch. 149
ရှောင်းကောသည် ကျွမ်းကျွမ်းနှင့် သူ့အဖေတို့ ရင်းနှီးဖို့ အချိန်ပိုရစေရန် အရှေ့ကနေ ရှောက်ယိနှင့် အတူ သွားလိုက်သည်။
သူမသာ အနောက်ကနေ လျှောက်နေမယ်ဆိုရင် သူတို့တွေ သေချာပေါက် မသက်သာသလို ခံစားနေရလိမ့်မည်။ သူမ သူတို့၏ မြင်ကွင်းအရှေ့မှာ ရှိနေမှသာ သူတို့နှစ်ယောက် လွတ်လပ်စွာ ဆက်သွယ်မှုပြုပြီး ရင်းနှီးနိုင်မှာဖြစ်သည်။
ရှောက်ယိသည် ရှောင်းကော၏ နွေးထွေးပြီး သန်မာသော လက်ကို ကိုင်ထားရင်း စိတ်အတွင်းတွင် တုန်ရီနေခဲ့သည်။ သူသည် ရှောင်းကော၏ လက်ကို ပိုလို့တင်းကျပ်စွာ ဆုတ်ကိုင်လိုက်သည်။
သူမ၏ လက်အတွင်းမှ လှုပ်ရှားမှုကို ရှောင်းကော ခံစားလိုက်မိသည့်အတွက် အောက်ကိုငုံ့ကြည့်လိုက်ချိန်တွင် ရှောက်ယိ၏ အကြည့်နှင့် ဆုံလိုက်ရသည်။
ရှောင်းကောသည် သူမ၏ နှုတ်ခမ်းကို ဖိလိုက်ကာ ပြုံးပြလိုက်ချိန်တွင် ရှောက်ယိသည်လည်း မျက်တောင် တစ်ဖြတ်ဖြတ်ခတ်ရင်း ထူးဆန်းစွာ ပြန်ပြုံးပြလာသည်။
ရှောင်းကော၏ အစောက အပြုံးသည် ရှောက်ယိ၏ စိတ်ကူးထဲက အမေကဲ့သို့ပင်။
ရှောက်ယိသည် ခရီးစဥ် တစ်လျှောက်လုံးတွင် ရှောင်းကောကို အထူး ကပ်နေတော့သည်။ ရှောင်းကောလည်း ထိုကလေး၏ လက်ကို မလွှတ်ချင်ပေ။ တစ်ဖက်က ကြည့်လျှင် သူမသည် ကောင်လေးကို နှစ်သက်ပြီး တစ်ဖက်က ပြောရလျှင် ထိုကောင်လေးသည် အိမ်ရှေ့မင်းသားဖြစ်သည်။ ဒီနေရာမှာ လူတွေ အရမ်းများပြီး လမ်းလျှောက်ဖို့တောင် နေရာ အနည်းငယ်သာ ရှိသည်။ သူမ အိမ်ရှေ့မင်းသားကို သေချာ စောင့်ကြည့်ရမည်ပင်။
လမ်းတစ်လျှောက်တွင် ရှောင်းကောသည် အနောက်ကို လှည့်လှည့်ပြီး သူမ၏ အနောက်ကနှစ်ယောက် ရှိသေးလားဆိုတာ စစ်ကြည့်ဖို့လဲ မမေ့ပေ။ ထိုသို့ကြည့်ပြီးချိန်တွင် သူမ စိတ်သက်သာ သလိုခံစားရပြီး ဆက်လျှောက်သွားလိမ့်မည်။
အရှေ့မှ နှစ်ယောက်နှင့် ယှဥ်ကြည့်လျှင် ကျွမ်းကျွမ်းနှင့် ကျန်းတန်းဟယ်ကြားရှိ လေထုသည် အလွန် ကွာခြားလှသည်။
အရှေ့က လေထုသည် ပျော်ရွှင်ဖွယ် ကောင်းသည်ဆိုလျှင် အနောက်တွင် သေချာပေါက် တိတ်ဆိတ် ထိုင်းမှိုင်းနေတာ ဖြစ်သည်။
တစ်ကယ်တော့ ကျန်းတန်းဟယ်သည် စကား များများပြောတတ်သူ မဟုတ်ပေ။ သူ့၏ မိသားစုနှင့် အတူရှိချိန်သာ စကားပိုပြောတာ ဖြစ်သည်။ အပြင်မှာဆိုရင် သူသည် ပုံမှန် စကားများများ မပြောတတ်ပေ။
ကျွမ်းကျွမ်းနှင့် သူ့ကြားရှိ ဆက်ဆံရေးကို တိုးတက်နိုင်စေရန် လမ်းတစ်လျှောက်လုံးတွင် စကားပြောနိုင်ဖို့ သူ အကောင်းဆုံး ကြိုးစားခဲ့သည်။
သို့သော်ငြား ကျွမ်းကျွမ်းသည် အေးစက်စက်နှင့် အဖက်မလုပ်ချေ။ ကျွမ်းကျွမ်းသည် ခေါင်းသာညိတ်ပြပြီး ဘာမှ ပြန်မပြောခဲ့ပေ။
ကျွမ်းကျွမ်းသည် ရှက်နေသည်လို့ ကျန်းတန်းဟယ် ထင်နေခဲ့သည်။ ထို့ကြောင့်မို့ ကျန်းတန်းဟယ်သည် စကားများပိုပြောပြီး ကျွမ်းကျွမ်း ပြန်ပြောလာစေရန် နူးညံ့စွာ ချော့မြူဖို့ ကြိုးစားလိုက်သည်။
သို့သော် ကျွမ်းကျွမ်း၏ မျက်နှာသည် ထုံမှိုင်း နေဆဲဖြစ်သည်။
တစ်ကယ်တော့ ကျွမ်းကျွမ်းသည် ကျန်းတန်းဟယ်ကို စိတ်ရှုတ်နေတာ မဟုတ်ပေ။ 'သူ့အဖေက လက် ကိုင်ထားတာကို ပိုပြီး နူးညံ့ပေးလို့ မရဘူးလား? အခု သူ့လက်က နာနေပြီ။'
လမ်းတစ်လျှောက်တွင် ရှောင်းကောသည် စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်သမျှ ပစ္စည်းတွေ အများကြီးကို ဝယ်ယူခဲ့သည်။ ရှောင်းကောသည် သူမ၏ မိသားစု အတွက်ပါ ဝယ်ယူခဲ့သည်။ ငွေရှင်းသည့်သူကတော့ ကျန်းတန်းဟယ် ဖြစ်သည်။
ရှောင်းကောသည် ကျန်းတန်းဟယ်ကို တားပြီး သူမဘာသာ ပေးချင်ခဲ့ပေမဲ့ ကျန်းတန်းဟယ်သည် သူ့ပိုက်ဆံက သူမ ပိုက်ဆံပဲလို့ ပြောခဲ့သည်။ တစ်ကယ်တော့ ရှောင်းကောသည် သူမ၏ ပိုက်ဆံကိုပဲ အသုံးပြုနေတာဖြစ်သည်။
ထိုစကားလုံးများဖြင့် ကျန်းတန်းဟယ်သည် ရှောင်းကောကို နှစ်သိမ့်ဖို့ ကြိုးစားနေခဲ့သည်။
ကျန်းတန်းဟယ်၏ စကားကို အပြစ်ရှာဖို့လဲ မလွယ်ကူခဲ့ပေ။ သူမတို့က လင်မယားတွေပဲလေ။ 'သူ့ပိုက်ဆံက ငါ့ပိုက်ဆံဖြစ်ပြီး ငါ့ပိုက်ဆံကလဲ ငါ့ပိုက်ဆံပဲ!'
လမ်းတစ်လျှောက်တွင် ရှောင်းကော တစ်ခုခုကို ရပ်ကြည့်တာဖြစ်ဖြစ်၊ စိတ်ဝင်စားပုံ ပေါက်ရင်ဖြစ်ဖြစ် ကျန်းတန်းဟယ်သည် ထိုပစ္စည်းအတွက် ငွေရှင်းခဲ့သည်။
သူမသည် ကျွမ်းကျွမ်းနှင့် ရှောက်ယိအတွက်ပါ အများကြီး ဝယ်ခဲ့လိုက်သည်။
သူမတို့လေးယောက်သည် မောပန်းစွာဖြင့် ရထားလုံးဆီကို ပြန်လာခဲ့ကြသည်။ ကျန်းတန်းဟယ်ကလွဲပြီး တစ်ခြား ခရီးသည် သုံးယောက်က လုံးဝ နွမ်းနယ်နေပြီဖြစ်သည်။
ဈေးဝယ်ရတာ ဒီလောက်ပင်ပန်းမည်မှန်း ရှောင်းကော မသိခဲ့ပေ။ တစ်ခြား အမျိုးသမီးတွေ တစ်နေကုန် ဈေးဝယ်ရင်း ဘယ်လိုများ အချိန်ဖြုန်းလဲ သူမ သိချင်လှသည်။ တစ်ကယ် လေးစားမိခြင်းပင်။
ကျန်းတန်းဟယ်သည် ရထားလုံးမောင်းသူကို သွားဖို့ မညွှန်ကြားခင် ဈေးဝယ် အိတ်များကို အရင် သန့်ရှင်းစွာ ထားလိုက်သည်။
အစက သူတို့သည် အပြင်ဘက် တစ်ဆိုင်ဆိုင်တွင် နေ့လည်စာ အတူစားရန် စီစဥ်ထားတာဖြစ်သည်။ သို့ပေမဲ့ သူတို့က နည်းနည်းပင်ပန်းနေမှတော့ အိမ်ရောက်မှ စားဖို့ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
နေအိမ်ကိုပြန်ရောက်တာနှင့် သူမတို့သည် ရိုးရှင်းစွာ စားလိုက်ကြပြီး ကိုယ့်အခန်းအသီးသီးဆီကို သွားလိုက် ကြသည်။
ရှောင်းကောသည် သူမ ဝယ်လာသော ပစ္စည်းများကို နေရာချချင်ပေမဲ့ ကျွမ်းကျွမ်းနှင့် ရှောက်ယိသည် တော်တော် အိပ်ချင်နေကြပြီး မျက်လုံးတောင် မနည်း ဖွင့်နေကြရသည်။ ကလေးတွေသည် အလွန် အအိပ်လွယ်လေသည်။
ကျန်းတန်းဟယ်နှင့် ရှောင်းကောသည် တစ်ယောက်ဆီကို ပွေ့ချီပြီး အခန်းအတွင်းသို့ သယ်သွားလိုက်သည်။
ရှောင်းကောသည် ကလေးများ၏ ဖိနပ်ကို ချွတ်ပေးလိုက်ကာ စောင်လေးခြုံပေးလိုက်သည်။
ထိုအချိန်တွင် ကျန်းတန်းဟယ်သည် ဝယ်ထားသော ပစ္စည်းများနှင့်အတူ ဝင်လာခဲ့သည်။ ရှောင်းကော မြင်တဲ့အခါမှာ ထောင့်တစ်ထောင့်ကို လက်ညိုးထိုးပြကာ ပစ္စည်းများကို ထားပေးဖို့ ပြောလိုက်သည်။
ရှောင်းကောသည် ပစ္စည်းများကို ခွဲခြမ်း နေခဲ့သည်။ ကျန်းတန်းဟယ်သည် ထွက်မသွားခဲ့ပေ။ ကျန်းတန်းဟယ်သည် ရှောင်းကောကို ဘေးမှ ဂရုတစိုက် ကြည့်နေ ခဲ့လေသည်။
ရှောင်းကောသည် အတတ်နိုင်ဆုံး ကြိုးစားကာ ထိုပူလောင်ပြီး ကော်လိုမျိုး ကပ်ညှိနေသော အကြည့်များကို လျစ်လျူရှုပြီး သူမ ဝယ်ယူလာသော ပစ္စည်းများအပေါ်သာ အာရုံကို အပြည့်စိုက်ထားလိုက်တော့သည်။
အရင်ဦးဆုံး ရှောင်းကောသည် ကျွမ်းကျွမ်းနှင့် ရှောက်ယိတို့ ဝယ်လာသော ပစ္စည်းများကို ခွဲကာ ဘေးတွင် ထားပေးလိုက်သည်။ ထို့နောက်တွင် သူမ လူတိုင်းအတွက် ဝယ်လာသော ပစ္စည်းများကို ထုတ်ပိုးလိုက်သည်။
သူမသည် ချင်းအန့်မင်အတွက် ထူထဲသော သားရေဝတ်ရုံကို ဝယ်ပေးခဲ့သည်။ ချင်းအန့်မင်သည် နေမကောင်းဖြစ်နေတာ ကြာလှပြီးဖြစ်ပြီး အခုထိ မသက်သာ သေးတဲ့အတွက်ဖြစ်သည်။ ရာသီဥတု အေးတဲ့ အချိန်မျိုးဆို ဒါလေးက နွေးထွေးစွာနေနိုင်ဖို့အတွက် ကောင်းသည်။ ဒီလိုဆို သူထပ်ပြီး အလွယ်တကူ ဖျားနာ တော့မည် မဟုတ်ချေ။
သူမသည် ချည်ပန်းထိုးကိရိယာများကို အမျိုးသမီးယန်အတွက် ဝယ်ပေးခဲ့သည်။ အမျိုးသမီးယန်သည် အဝတ်ချုပ်ရတာနှင့် ပန်းထိုးလက်ကိုင်ပုဝါများ လုပ်ရတာ ကြိုက်သည်။ ဒီအစုံလိုက်လေးထဲတွင် သူမ လိုအပ်တာ အကုန်ပါသည့်အတွက် သူမအတွက် အချိန်ခဏတော့ လုံလောက် စေလိမ့်မည်။ ရှောင်းကောသည် ရှောင်းဟွားနှင့် ရှောက်ဟူ အတွက်ပါ ခေါင်းပေါင်းများနှင့် ရယ်ရသော မျက်နှာဖုံးတစ်ချို့ကို ဝယ်ယူခဲ့လိုက်သည်။
ရူယီအတွက်ကိုတော့ ရှောင်းကောသည် တိုင်းတစ်ပါးမှလာသော အရောင်စုံ ဂါဝန်လေး ဝယ်ပေးခဲ့သည်။ ရှောင်းကောသည် ရူယီထံမှ ကြားဖူးသည်။ ရူယီ ငယ်စဥ်က လမ်းပေါ်မှာ နိုင်ငံခြားအမျိုးသမီးများသည် လှပသော အဝတ်အစားများနှင့် လှည့်ပတ်သွားနေတာကို တွေ့ခဲ့ဖူးသည်။ သို့ပေမဲ့ ထိုသို့အဝတ်မျိုးသည် စီရင်စုများတွင် မရောင်းကြပေ။ တိုက်ဆိုင်စွာဖြင့် ရှောင်းကောသည် မြို့တော်တွင် တွေ့လိုက်ရသည်။ ဒါလေးက ရူယီရဲ့ အိပ်မက်ကို ဖြည့်ပေးဖို့ အကူအညီ ဖြစ်မှာပဲ။
ရှောက်စီအတွက်လဲ သူမသည် ဆောင်းတွင်းဝတ် တစ်ချို့ကို ဝယ်ယူခဲ့သည်။ မကြာမှီ ဆောင်းရာသီ ရောက်တော့မှာ ဆိုတော့ အနွေးဓာတ် ရနိုင်စေရန်အတွက် ဖြစ်သည်။
လင်လုံနှင့် ဖူအာသည် ငယ်ရွယ်ကြ သေးပြီး သူမတို့သည် ဆံပင်အလှဆင်သည့် အသုံးအဆောင်များကို ကြိုက်ကြသည်။ ထို့ကြောင့် ရှောင်းကောသည် သူမတို့အတွက် တစ်ပုံစံထဲတူသည် ကောင်းမွန်လှသော ဆံပင် အသုံးအဆောင် တစ်ချို့ကို ဝယ်ယူခဲ့သည်။
ဦးလေး ရှုအတွက် မျက်မှန်တစ်လက်ကို ဝယ်ယူခဲ့သည်။ ဦးလေးရှု၏ မျက်မှန်ကိုင်းတစ်ဖက်သည် ကျိုးနေပြီး မှန်တစ်ဖက်သည်လဲ အကျိုးတစ်ပိုင်းလေး ရှိနေတာကို ရှောင်းကော သတိထား မိခဲ့သည်။ သို့ပေမဲ့ စီရင်စုလေးတွင် သမားတော် ညွှန်ပြပေးသလိုမျိုး မျက်မှန် မရနိုင်ဘူးလေ။ အခု သူမသည် မြို့တော်ကို ရောက်နေပြီး ဦးလေးရှု၏ မျက်မှန် လိုအပ်ချက်ကို သိနေတာမို့ ဦးလေးရှုအတွက် မျက်မှန် အသစ် တစ်လက်ကို ဝယ်ယူခဲ့လိုက်သည်။
သူမသည် တစ်ခုချင်းစီကို သေချာ ထုတ်ပိုးလိုက်သည်။
လက်ဆောင် ထုတ်များကို ကြည့်ရင်း ရှောင်းကောသည် ကျေနပ်စွာ ပြုံးလိုက်သည်။
ကျန်းတန်းဟယ်သည် ရှောင်းကောကို ဘေးမှ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ သူမ ပြုံးတာကို မြင်တဲ့အခါမှာ သူလဲ မနေနိုင်စွာ ပြုံးမိသွားသည်။
ရှောင်းကောသည် အနောက်ကို လှည့်လိုက်တဲ့ အခါမှာ ကျန်းတန်းဟယ်သည် သူမကို ပြုံးပြီး ကြည့်နေတာကို မြင်လိုက်ရသည်။ ကျန်းတန်းဟယ်၏ အပြုံးက အရမ်းလှတာပဲ။ ရှောင်းကောသည် သူမကိုယ်သူမ အသိစိတ် ကပ်အောင် လုပ်နေ ရသည်။
ကျန်းတန်းဟယ်သည် ရှောင်းကောက သူ့ကို မျက်တောင်မခတ် ကြည့်နေပြီး မလှုပ်ရှားတာကို မြင်လိုက်ရသည်။ သူ မနေနိုင်စွာ ရယ်လိုက်မိလေသည်။ ကျန်းတန်းဟယ်သည် လက်ညိုးဖြင့် ရှောင်းကော၏ နှဖူးလေးကို နူးညံ့စွာ တောက်လိုက်သည်။
“ ထတော့…”
ရှောင်းကောသည် ဒုတ်ခနဲ ခံစားလိုက်ရပြီး သူမ၏ နှဖူးကို အလိုအလျောက် ကာလိုက်သည်။
ရှောင်းကော၏ အမူအရာကို ကြည့်ပြီး ကျန်းတန်းဟယ် အံ့သြသွားခဲ့သည်။ သူ ချက်ချင်းပဲ ထလိုက်ကာ သူမ၏ ခေါင်းလေးကို ထိလိုက်သည်။ ကျန်းတန်းဟယ်၏ နှလုံးသားထဲ နာကျင်စွာနှင့် ပြောလိုက်သည်။
“နာသွားတာလား?”
ကျန်းတန်းဟယ်သည် သူ့၏ လက်ကို တစ်ကယ်ကို ဖြတ်ပစ်ချင်နေခဲ့သည်။ ဘာလို့ အဲ့လောက် ကိုးယိုးကားယားနိုင်ရတာလဲ?
ကျန်းတန်းဟယ်၏ အကြည့်အတွင်းမှ နာကျင်မှုများကို ရှောင်းကော မြင်သော အခါမှာ ရှောင်းကောသည် ကျန်းတန်းဟယ်ကို ကြောင်အစွာ ကြည့်နေရင်းဖြင့် ခေါင်းရမ်းပြလိုက်သည်။
“မနာပါဘူး”
အဲ့လိုဆိုရင်တောင်မှ ကျန်းတန်းဟယ်၏ နှလုံးထဲ နာကျင်နေဆဲ ဖြစ်သည်။ ကျန်းတန်းဟယ်သည် သူ တောက်လိုက်မိသော သူမ၏ နှာဖူးတစ်ဝိုက်ကို ညင်သာစွာ ပွတ်သပ် လိုက်သည်။
ရှောင်းကောသည် သူမ၏ နှလုံးက အခုန် မြန်သထက် မြန်လာသလို ခံစားနေရသည်။ သူမ၏ မျက်နှာသည် စတင် ပူလောင်လာခဲ့သည်။
ကျန်းတန်းဟယ်သည် ရှောင်းကော၏ နဖူးနေရာလေး နီလာတာကို မြင်သောအခါမှာ နောင်တရစွာဖြင့် သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးနေခဲ့သည်။ သူ မနေနိုင်စွာကို သူမအတွက် စိတ်မကောင်း ဖြစ်မိလေသည်။ သူဘာလို့ အခုနက ထိုသို့ လုပ်လိုက်မိရတာလဲ? သူ့ရဲ့လက်ကို ခုတ်ပစ်ချင်နေပြီ။
ကျန်းတန်းဟယ်သည် ထိုသို့ တွေးနေချိန်မှာ တစ်ခုခုက ထူးဆန်းနေတာကို သတိထားမိ သွားခဲ့သည်။ ရှောင်းကော၏ နှဖူးတင် နီလာတာ မဟုတ်ပဲ သူမ၏ ပါးလေးတွေလဲ အနီရောင် သန်းလာနေသည်..'မဟုတ်သေးဘူး ဘာလို့..ဘာလို့ သူမရဲ့ မျက်နှာတစ်ခုလုံးက နီနေရတာလဲ'
ကျန်းတန်းဟယ်၏ အကြည့်အောက်တွင် ရှောင်းကော၏ မျက်နှာသည် သိသာစွာ အရှိန်ပြင်းပြင်းဖြင့် နီမြန်းလာလေသည်။ ကျန်းတန်းဟယ်များ သိသွားမလားလို့ ရှောင်းကော စိတ်ပူပြီး ပိုလို့ ရှက်သွေးဖြာနေ ချိန်မှာပဲ ကျန်းတန်းဟယ်သည် ပွတ်ပေးနေတာကို ရပ်လိုက်သည်။
တစ်ဖြည်းဖြည်းဖြင့် ကျန်းတန်းဟယ်သည် အကြောင်းအရင်းကို နားလည် သွားခဲ့သည်။ သူ့၏ နှလုံးသားအတွင်းမှ နာကျင်မှုသည် ချက်ချင်း ပျောက်ကွယ်သွားပြီး ပျော်ရွှင် စိတ်လှုပ်ရှားမှုတို့ အစားထိုး ဝင်ရောက်လာခဲ့ သည်။
ရှောင်းကောသည် ကျန်းတန်းဟယ်ကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် လှမ်းကြည့်လိုက်သည်။ ကျန်းတန်းဟယ်သည် ကြင်နာမှုအပြည့်ဖြင့် ပြန်လည် ကြည့်လာလေသည်။
လေထုသည် ပိုပိုပြီး ပူနွေးလာခဲ့၏။ ကျန်းတန်းဟယ်၏ မျက်နှာသည် နီးသထက် နီးလာခဲ့သည်။ ရှောင်းကော၏ ခါးတစ်ဝိုက်တွင် ကျန်းတန်းဟယ်၏ လက်များက နေရာယူထာပြီး သူမအတွက် ပြေးစရာလွတ်လမ်း မရှိတော့ချေ။ တစ်ဖြည်းဖြည်းနှင့် သူတို့၏ အသက်ရူသံများသည် ရောထွေးလာပြီး အချင်းချင်း၏ အသက်ရှူသံကို ခံစားလို့ ရနိုင်သည်အထိ နီးကပ်လာခဲ့သည်။
ရှောင်းကောသည် ကျန်းတန်းဟယ်နှင့် ပို၍ ပို၍ နီးကပ်လာခဲ့သည်။ အစပိုင်းတွင် သူမသည် ကျန်းတန်းဟယ်ကို တွန်းဖို့ ကြိုးစားသေးပေမဲ့ ကြည့်ရတာ အခု သူမလဲ ညို့ယူခံလိုက်ရသလို ခံစားလိုက်ရပြီး ကျန်းတန်းဟယ်၏ နှုတ်ခမ်းကို ငေးကြည့်နေခဲ့မိသည်။
ကျန်းတန်းဟယ်သည် ရှောင်းကောနှင့် အလွန်ကို နီးကပ်လာခဲ့သည်။ သူသည် စိတ်လှုပ်ရှားစွာ တံတွေး မြိုချမိလိုက်ပြီး ကျန်းတန်းဟယ်၏ လည်စိသည် ဆွဲဆောင်မှုရှိစွာ အပေါ်အောက် လှုပ်ရှားသွားခဲ့သည်။
အဆုံးမှာတော့ သူတို့နှစ်ယောက်သည် အလွန် နီးကပ်လာပြီး နှုတ်ခမ်းချင်းထိကပ်တော့မဲ့ အချိန်မှာပဲ….