← Chapters

အခန်း (၂၇၂)

Vol. 19 Ch. 272

အခန်း (၂၇၂)

Vol. 19 Ch. 272

ဒီစကားကို သူမပြောလိုက်တာနဲ့ ရှောင်းကော လုံးဝအံ့အားသင့်သွားခဲ့သည်။ သူမ၏ မှန်းဆချက်အားလုံး မမှန်ပေ။ တကယ့်အကြောင်းရင်းကဘာလဲ။

အမျိုးသမီးယန်က သူမ၏မျက်နှာပေါ်တွင် ကာကွယ်သည့်အကြည့်ဖြင့် အဖိုးကြီးယန်ကို ဆက်ကာကွယ်ခဲ့သည်။ "သူက မုဆိုးမ လျိုကို ကလေးကို ကာကွယ်ဖို့ ကူညီပေးမယ့် သူမရဲ့ဆေးညွှန်းကို ငှားချင်တာကြောင့် လိုက်ရှာခဲ့တာ။ မုဆိုးမ လျိုရဲ့အမျိုးသားက သူအသက်ရှင်နေတဲ့အချိန်မှာ ဆေးပညာကို လေ့လာထားပြီး ဝေဒနာအမျိုးမျိုးအတွက် ဆေးစာတွေ အများကြီးကို သိခဲ့တယ်။ ငါ မနေ့ညနေကပဲ ဆေးညွှန်းစာရခဲ့တယ်။"

ရှောင်းကော ကျိန်ဆဲနေဆဲပင်။ "ဒါဆို သူမက ဘာလို့ငိုနေတာလဲ!"

"ဟူး စိတ်မပူပါနဲ့ ၊ ငါ့ကိုဆက်ခွင့်ပြုပေးဦး"

ရှောင်းကော ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ ပြောပါဦး။ လူသိရှင်ကြား ချစ်ခင်မှုကို ထပ်ပြီးပြနေတယ်ဆိုတာတော့ ကျွန်မ မယုံဘူးနော်"

"ရှောင်းကော၊ မအိပ်နဲ့၊ ငါစကားပြောလို့ မပြီးသေးဘူး။"

အမျိုးသမီးယန်က ရှောင်းကောကို ဖြစ်ကြောင်းကုန်စင် ဆက်ပြောဖို့ တံတောင်ဖြင့်တို့လိုက်သည်။ "ငါ ဒီကိုလာမယ်ဆိုတာ အဖိုးကြီးယန်ကိုပြောခဲ့တယ်။ ဒါပေမဲ့ သူက ငါ့ကို တားဖို့ နှောင့်တောင့်မနှောင့်ယှက်ဘူး။ သူက ငါ့ကို စိတ်မတည်ငြိမ်နေဘူးလို့ပြောပြီး အရင်ဆုံး စိတ်အေးအေးထားဖို့တောင် တိုက်တွန်းနေတာ..."

ရှောင်းကောက အမျိုးသမီးယန်၏ ဗိုက်ကို ထိခိုက်မိမည်ကို ကြောက်သောကြောင့် အလွန်အမင်း မလှုပ်ရှားဝံ့ပေ။ ဒါပေမယ့် အမျိုးသမီးယန်ပြောသည့်စကားကို သူမတကယ်ပင် ဆက်၍းနားမထောင်နိုင်ခဲ့ပေ။

သူမ၏ ကိုယ်ဝန်ရှိနေတဲ့သူငယ်ချင်းက ဒီလောက် ဒရမ်မာဆန်လိမ့်မည်ဟု သူမ တကယ်ပင် မမျှော်လင့်ထားခဲ့ပေ။

ထိုအချိန်တွင် ရှောင်းကောမှာ ပျော့နေတဲ့ အသားတုံးနှင့်တူသည်။ သူမကိုယ်သူမ ဆွဲမနိုင်ခဲ့သည်။ သူမရဲ့ခေါင်းက ခေါင်းအုံးမှာ ကပ်နေသလို ခံစားရသည်။

...

"ရှောင်းကော? ရှောင်းကော?"

အမျိုးသမီးယန်က လက်မလျှော့ခဲ့ပေ။ သူမ ရှောင်းကော၏နောက်ကျောကို ဆက်၍ပုတ်ခဲ့သည်။ သူမကို မနှိုးနိုင်တော့ဘဲ စိတ်ပျက်လက်ပျက်နဲ့ လက်လွှတ်ပေးလိုက်ရသည်။

နောက်တစ်နေ့မနက် မိုးလင်းတော့ အစ်ကိုယန်က အမျိုးသမီးယန်ကို ပြန်လာခေါ်သည်။

ရှောင်းကောက သူမရဲ့ခေါင်းကို ခိုကိုးရာမဲ့စွာ ယမ်းကာ တံခါးကို သော့ခတ်ပြီး အခန်းထဲသို့ ပြန်မဝင်မီ အချစ်ဌက်နှစ်ကောင် ထွက်သွားဖို့ကို စောင့်ဆိုင်းနေခဲ့ရသည်။သူမ အကြောဆန့်ပြီး အိပ်ရာပေါ်ပြန်တက်သွားသည်။ အမျိုးသမီးယန်က သူမကို ညတစ်ဝက်လောက်ထိမအိပ်ခိုင်းခဲ့ပေ။ အစောကြီးရှိသေးချိန်တွင် အိပ်ပျော်သွားဖို့ သူမ အခွင့်အရေးကို ရယူခဲ့သည်။

..

မြို့တော်၌...

“အရှင့်သား၊ ထပါတော့ ”

ကျစ်ရှသည် စောင်အောက်ရှိ အဖုအထစ်လေးကို ညင်သာစွာ ခေါ်ခဲ့သည်။

အဖုအထစ်လေးက လုံးဝလှုပ်ရှားတာမရပ်တန့်ခင် အနည်းငယ် ရွေ့လျားသွားခဲ့သည်။

ကျစ်ရှက တခစ်ခစ်ရယ်ပြီး ထပ်ပြောခဲ့သည်။ "အရှင့်သား။ ရှောက်ယိ "

ဒီတစ်ခါတော့ သူ မရပ်တန့်ခင် အကြိမ်အနည်းငယ် လှုပ်ယမ်းခဲ့သည်။

...

အခွင့်အလမ်းရှိနေတာကိုမြင်တော့ ကျစ်ရှက ထပ်ကြိုးစားခဲ့သည်။ "ဒီနေ့ က အရှင့်သားရဲ့မွေးနေ့နော်"

ဒီတစ်ခါတော့ စောင်အောက်မှာ အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။ အမည်းရောင် ခေါင်းသေးသေးလေး ပေါ်လာပြီး နောက်တော့ လှုပ်ရှားမှု မရှိတော့ပေ။

"ဒီနေ့ ကျွန်တော်မျိုးမတို့ရဲ့ မွေးနေ့ရှင်လေးက လက်ဆောင် ဘယ်နှစ်ခုများ ရမှာလဲနော်"

"အွန်းးးး"

ရှောက်ယိ နိုးလာပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။

ကျစ်ရှက ပါးစပ်ကို အုပ်ပြီး တခစ်ခစ်ရယ်လိုက်သည်။ သူမ ဘေးသို့ ရွှေ့လိုက်ပြီး သူမ၏ နောက်မှ နန်းတော်မှ အစေခံများက ချက်ခြင်း ရှေ့သို့ ပြေးလာသည်။ သူတို့သည် ရှောက်ယိကို အဝတ် ၀တ်ပေးကြပြီး ဆံပင်ကို စည်းပေးကာ သန့်ရှင်းရေးလုပ်ပေးကြသည်။ မကြာခင်မှာ ချောမောပြီး ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက် သူမရှေ့မှာ ပေါ်လာခဲ့သည်။

သူ မသမ်းနေဘူးဆိုရင် ပိုလို့တောင် ချစ်စရာကောင်းနေလိမ့်မည်။

ကျစ်ရှသည် ရှောက်ယိကို ယန်ရှင်း နန်းဆောင်သို့ ခေါ်ဆောင်လာခဲ့သည်။

ဒီနေ့က သူ့မွေးနေ့။ ရှောက်ကျန့်ကို ဂါရဝပြုဖို့ တအားအစောကြီး နိုးနေခဲ့ရသည်။

ရှောက်ယိ ဒီလောက်ထိ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းမှာ ရှားပါသည်။ လမ်းတလျှောက် ဆူညံသံတွေ မကြားရဘဲ သူပြောသမျှကို လုပ်ခဲ့သည်။

ကျစ်ရှ အလွန်အံ့သြသွားသည်။ ဒါက အံ့ဖွယ်တစ်ခုပါပဲ။ သာမာန်နေ့တွေမှာ သူ့ကို ဒီလိုမေးခဲ့ရင် အခုအချိန်မှာ ရှုပ်ပွနေအောင် ကန်ထုတ်ပစ်လိမ့်မည်။ သူ ဒီလောက်ထိ နာခံစွာ ပူးပေါင်းဆောင်ရွက်မည်မဟုတ်မှာ သေချာသည်။

...

ရှောက်ယိ၏ မျက်လုံးကြီးတွေက ခန်းမအဝင်ဝကို စိုက်ကြည့်နေသည်။ ရှောက်ကျန့်နဲ့ အတူစားဖို့တောင် သူ စိတ်မ၀င်စားပေ။

ရှောက်ကျန့် ကြိမ်ဖန်များစွာ နှာမှုတ်ခဲ့သော်လည်း ရှောက်ယိ၏အာရုံကို မဆွဲဆောင်နိုင်ခဲ့ပေ။

မနက်စာစားပြီးတာနဲ့ ရှောက်ယိက အဆင်သင့်ပြင်ပြီး ထွက်သွားခဲ့သည်။ အထုပ်တွေက သူ့နန်းဆောင်မှာရောက်နေပြီလို့တွေးပြီး စိတ်လှုပ်ရှားစွာနဲ့ ထွက်လာခဲ့သည်။

“ဟူး၊ အဲ့မှာ ရပ်နေ”

ရှောက်ကျန့်က ပါးစပ်ကို သုတ်ပြီး ထွက်သွားတော့မည့် ကောင်လေးကို ကြည့်လိုက်သည်။ “ဘယ်လောက်တောင် ရိုသေလေးစားမှုမရှိလိုက်လဲ။”

ရှောက်ယိက ရှောက်ကျန့် နဲ့မတူဘဲ ဒီနေ့ စိတ်ကောင်းဝင်နေသည်။ လှည့်ပြီး ဦးညွှတ်လိုက်သည်။ "သားတော် သွားလိုက်ပါဦးမယ်။"

အဲဒါနဲ့ သူ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။ သူ အပြင်ထွက်ပြီးတာနဲ့ စိတ်လှုပ်ရှားစွာ ပြေးသွားတော့သည်။

ရှောက်ကျန့် အကြိမ်အနည်းငယ် မျက်တောင်ခတ်ပြီးနောက် အာရုံပြန်ဝင်လာသည်။ သူလည်း ရှောခ့်ရသွားသော မိန်းမစိုးစုကိုကြည့်လိုက်သည်။ "ဒါတကယ်ဖြစ်သွားတာလား"

ရှောက်ယိ ယဉ်ကျေးစွာ ပြုမူသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

"မှန် မှန်လှပါ!" မိန်းမစိုးစုက သူ့ဦးထုပ်ကို ကိုင်ပြီး အားတက်သရော ခေါင်းညိတ်ခဲ့သည်။ ကျိန်းသေပေါက်အဲ့လိုလုပ်ခဲ့တာ။

“အရှင်မင်းကြီး၊ ဒါက…”

...

မိန်းမစိုးစုသည် သူ့ဘေးနားက လက်ဆောင်ကို ရုတ်တရက် တွေးလိုက်မိသည်။ ဧကရာဇ်မင်းသည် ၎င်းကိုပြင်ဆင်ရန် အားထုတ်ကြိုးပမ်းခဲ့သော်လည်း ရှောက်ယိဆီ မပေးနိုင်ခဲ့ပေ။

“..…” ရှောက်ကျန့် သူ့ဘေးက ဘူးကို ကြည့်ပြီး ခဏလောက် စဉ်းစားလိုက်သည်။ "ထားလိုက်ပါတော့၊ ဒီည သူ့ကိုပေးလို့ရတာပဲ"

မိန်းမစိုးစုက အောက်ငုံ့ကာ ဘူးကို ကောက်ကိုင်လိုက်သည်။ သူ ဂရုတစိုက်ဆောင်ရွက်ခဲ့သည်။ အတွင်းမှအရာတွေက ရုတ်တရတ်ရွှေ့လိုက်တော့ ရွေ့လျားနေဆဲပင်။

ဘူးကို သူ့လက်ထဲတွင် ဂရုတစိုက်ကိုင်ထားရင်း မိန်းမစိုးစုက သူ့ကံကြမ္မာကို မကူညီနိုင်ဘဲ သက်ပြင်းချခဲ့သည်။ ဧကရာဇ်ကို စောင့်ဆိုင်းပြီးနောက်၊ သူသည် ဤကောင်ငယ်လေးကို ဝတ်ပြုရသေးသည်။ ဒါက သူ့ကို တကယ်သတ်နေတာ။

“အေး”

မိန်းမစိုးစုက ရပ်လိုက်ပြီး ခေါင်းကို တင်းတင်း မြှောက်လိုက်သည်။ ဧကရာဇ် သူ့စိတ်ကို ဖတ်ပြီးသွားပြီလား။

"ဒါကိုဒီနေ့ရဲ့ နောက်ဆုံးလက်ဆောင်အဖြစ် သူ့ကို ပေးဖို့ မှတ်ထားပါ"

“မှန်လှပါ”

မိန်းမစိုးစု သက်ပြင်းချပြီး အမြန်ထွက်လာခဲ့သည်။

ရှောက်ကျန့်က သူ့နှုတ်ခမ်းတွေကိုဖိလိုက်သည်။ ဒီသတင်းကို ဘယ်သူ့ဆီက သူကြားခဲ့ရလဲဆိုတာ သူ မေ့နေခဲ့သည်။ ပထမဆုံးနဲ့ နောက်ဆုံး မွေးနေ့လက်ဆောင်တွေက အမြဲတမ်း အဓိပ္ပါယ်အရှိဆုံး လက်ဆောင်တွေပင်။ သူ့မွေးနေ့လက်ဆောင်ကို ပထမဆုံးလက်ဆောင်မပေးနိုင်တဲ့အတွက် နောက်ဆုံးလက်ဆောင်ဖြစ်တယ်ဆိုတာ သေချာအောင်လုပ်သင့်သည်။

သူ့လက်ကို မြှောက်ပြီး နဖူးကို ပွတ်လိုက်သည်။ ဒီကောင်ငယ်လေးအတွက် စိတ်ပူပြီး သူ့အချိန်တွေ အများကြီးကုန်သွားခဲ့သည်။

...

ရှောက်ယိက သူ့ရဲ့နန်းဆောင်ဆီ အမြန်ပြန်ပြေးခဲ့သည်။ သူဝင်လာတုန်းက ပထမဆုံးလုပ်ခဲ့တာက သူ့အတွက် တစ်ခုခုရှိလားလို့ မေးတာပဲ။

သူစိတ်မပျက်ခဲ့ရပေ။ စောစောက ယန်ရှင်းနန်းဆောင်ကိုသွားတဲ့အခါ မိန်းမစိုးက ရှောင်းကောနဲ့ ကျွမ်းကျွမ်း တို့က သူ့ဆီပို့ထားတဲ့ လက်ဆောင်တွေကို ယူလာပြီးသားပင်။

ရှောက်ယိ အရမ်းပျော်သွားသည်။ အထုပ်အပိုးကို ပွေ့ဖက်ကာ ပျော်ရွှင်စွာ ခုန်ပေါက်လိုက်သည်။ တစ်ယောက်ယောက်ကို တွေ့တိုင်း သူ့လက်ထဲက အထုပ်အပိုးကို ပြလိမ့်မည်။ "ဒါက ကြည့်ကောင်းလား"

သူ ဘယ်သူ့တွေကိုပဲ မေးနေပါစေ အဖြေကတော့ အတူတူပါပဲ။

"မှန်လှပါ၊ ကြည့်ကောင်းပါတယ်!"

ရှောက်ယိသည် ကျေနပ်စွာဖြင့် လက်ဆောင်များကို ဖွင့်ရန် အထုပ်ကို သူ့အခန်းထဲပြန်သယ်သွားသည်။

တံခါးအပြင်ဘက်တွင် မိန်းမစိုးများနှင့် နန်းတော်အစေခံတွေက ၎င်းတို့၏နဖူးမှ ချွေးများကို သုတ်ကာ အသက်နှင့်သေခြင်းဆိုင်ရာ ဆုံးဖြတ်ချက်ကို ချမှတ်ထားပုံရသည်။

အိမ်ရှေ့မင်းသားက အထုပ်အပိုးအကြောင်း စောစောက သူတို့ကို မေးတုန်းက သူတို့ ဘာပြန်ပြောရမှန်း မသိကြပေ။ နောက်ဆုံးတော့၊ အဲဒါက သာမန်အထုပ်တစ်ခုပဲ။ မဖွင့်ရသေးတဲ့ အချိန်မှာ ကြည့်လို့ကောင်းလားလို့မေးရင် ဘယ်သူက ဘယ်လိုပြောနိုင်မှာလဲ။

ကံကောင်းထောက်မစွာဖြင့် သူတို့အားလုံး အဖြေမှန်ကို ရွေးချယ်ခဲ့ကြသည်—၎င်းသည် ကြည့်ကောင်းသည်ဟု သဘောတူသည်။

"ကောင်းပြီ၊ အလုပ်သွားလုပ်ကြရအောင်။"

ကျစ်ရှ၏အမိန့်အရ လူတိုင်းလူစုခွဲကာ ၎င်းတို့၏နေရာတွေဆီ ပြန်သွားခဲ့ကြသည်။

...

ရှောက်ယိက အထုပ်အပိုးကို ပွေ့ဖက်ပြီး ကုတင်ပေါ်တွင် လှဲချလိုက်သည်။ သူ့မျက်နှာကို အထုပ်နဲ့ ပွတ်သပ်လိုက်သည်။ သူဘာလုပ်သင့်လဲ။ ရှောင်းကော ကိုယ်တိုင်ကိုယ်ကျ ချည်နှောင်ထားတဲ့ ကြိုးကို သူ မပျက်စီးစေချင်ပေ။

အဆုံးတွင် သူသည် အထုပ်ကို ကျေကျေနပ်နပ်ဖြင့် ဖြည်လိုက်သည်။ အပြင်ဘက်က ကြိုးထုံးကို ဖြေဖို့ သည်းမခံနိုင်ပေမယ့် လက်ဆောင်ကို တောင့်တတာက သူ့အတွက် ပိုကောင်းပါသည်။

ထိပ်ဆုံး၌ စာ နှစ်စောင် ပေါ်ထွက်လာသည်။ စာတွေအောက်တွင် ကွင်းထိုးဖိနပ်တစ်ရံ၊ ခြယ်လှယ်ထားသော ဒီဇိုင်းဆန်းဆန်းအထည်အိတ်နှင့် စာအုပ်တစ်အုပ်ပါရှိသည်။

စာအုပ်ကိုမြင်သောအခါ ရှောက်ယိ မျက်လုံးပြူးသွားသည်။ "စာအုပ်တစ်အုပ်တောင်ပါသေးတာလား!"

စူးစမ်းချင်စိတ်ဖြင့် ရှောက်ယိသည် စာအိတ်များကို စိတ်အားထက်သန်စွာ ဖွင့်လိုက်သည်။ တရားမျှတစေရန်အတွက် ရှောက်ယိက စာအိတ်နှစ်ခုလုံးကို တစ်ပြိုင်နက်ဖွင့်ရန် သေချာစေခဲ့သည်။

ရှောက်ယိ၏ မွေးနေ့တွင် ဂုဏ်ပြုခြင်းအပြင် လက်ဆောင်များအကြောင်း အသေးစိတ် နိဒါန်းပါရှိကာ ၎င်း၏သံသယအားလုံးကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့သည်။

ခြေထောက်တစ်ဝက်ကို ပေါ်လွင်စေသော အချောထည် ဖိနပ်များကို ကွင်းထိုးဖိနပ်ဟု ခေါ်သည်။ အိမ်မှာနေရင်း စီးဖို့ ရည်ရွယ်ထားသည်။

ပန်းထိုးထားသော ထူးဆန်းသော အိတ်ကို ကျောင်းလွယ်အိတ်ဟု ခေါ်သည်။ ကျောင်းအတွက် သုံးဖို့ ရည်ရွယ်ထားတာ။

ကျွမ်းကျွမ်း ပေးခဲ့သောစာအုပ်သည် သာမန်စကားလုံးစာအုပ်မဟုတ်ပေ။ သူကိုယ်တိုင် ရေးဆွဲခဲ့သော ရုပ်ပုံစာအုပ်ဖြစ်သည်။ အကြောင်းအရာများကို ရှောင်းကော ပြောပြသော ပုံပြင်များမှ ကောက်နုတ်ထားသည်။ သူသည် ထိုဇာတ်လမ်းများကို ချရေးပြီး သူ့ကိုယ်သူ သရုပ်ဖော်ထားသည်။

ရှောက်ယိ အတွက်ကတော့ အစုအဝေးရှိအရာအားလုံးသည် သူ့အတွက် အလွန်အဓိပ္ပာယ်ရှိသည်။

ရှောက်ယိ အကြာကြီးစောင့်မျှော်ခဲ့ရတဲ့ ဒီလက်ဆောင်တွေက ကျွမ်းကျွမ်းနဲ့ ရှောင်းကောတို့နဲ့ ပြန်မဆုံမချင်း သူ့ကို ပျော်ရွှင်စေလောက်သည်။

ရှောက်ကျန့်၏ လက်ဆောင်ကို ညဘက်တွင် လက်ခံရရှိပြီးနောက် တစ်နေ့တာလုံး ကောင်းမွန်နေတဲ့ စိတ်တွေက အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

ညဘက်တွင် ကျစ်ရှသည် နန်းတော်မှ အစေခံများကို ခေါ်ဆောင်ပြီး ရှောက်ယိ၏ အခန်းမှ ထွက်သွားခဲ့သည်။ သူ့အခန်းထဲမှာ ဖယောင်းတိုင်တစ်တိုင်ပဲ ကျန်တော့သည်။ မီးရောင်မှိန်မှိန်အောက်တွင် ဗိုက်ပူပူလေးနဲ့ အဝါရောင်ခွေးကလေးအနားတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကလေးကို သူမ ရေးရေးလေးမြင်နေရသည်။ သူ့ခေါင်းအုံးဘေးမှာ ဖွင့်ထားတဲ့ စာအုပ်တစ်အုပ်ရှိနေသည်။ ကုတင်အောက်မှာ သူ့ခြေဖောက်အရွယ်အစား ဖိနပ်တစ်ရံရှိသည်။ သူမ လှည့်ကြည့်လိုက်တော့ စားပွဲပေါ်ရှိ ကျောပိုးအိတ်ကြီးတစ်လုံးကို ပိုင်ရှင်က မနက်ဖြန် အဲ့တာကိုယူသွားဖို့ စောင့်နေတာကို တွေ့လိုက်ရသည်။

All Chapters