← Chapters

အခန်း (၉၅)

Vol. 7 Ch. 95

အခန်း (၉၅)

Vol. 7 Ch. 95

ရှောင်းကော သူမအနီးသို့မလာရဲသည့် ကျွမ်းကျွမ်းအားကြည့်ကာ အနည်းငယ် ရယ်မောမိသွားသည်။ သူမသည် အရသာနယ်ထားသည့် အသားများကို နှစ်ပိုင်းခွဲထားသည်။ တစ်ပိုင်းကို ဒီတိုင်းထားလိုက်သည်။ ကျန်တစ်ပိုင်းကိုတော့ အစပ်လုပ်ရန် ငရုတ်သီးထည့်လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်စွာ အိမ်တွင် ဝိုင်ဖြူ ပုလင်းတစ်ဝက်ရှိသေးသည်။ ဤအချိန်သည် ၎င်းအားသုံးရမည့်အချိန်ဖြစ်သည်။ သူမ ဝိုင်ဖြူကို အသားပေါ် လောင်းလိုက်ပြီး အားလုံးကို အညီအမျှ ရောမွှေလိုက်သည်။

ထို့နောက် သန့်ရှင်းသည့် အထည်နှစ်စကို သုံးကာ အသားများကိုအုပ်လိုက်ပြီး တစ်ညလုံး နှပ်ရန်ထားလိုက်သည်။

ရှောင်းကောသည် ကျွမ်းကျွမ်း နံနက်စောစော ခပ်ထားသည့် ရေကိုသုံးကာ လက်ဆေးလိုက်သည်။ ရှောင်းကောသည် ကျွမ်းကျွမ်း၏ ကြိုးပမ်းအားထုတ်မှုအတွက် ချီးကျူးလိုက်ကာ သူမလက်ဆေးပြီးသည့်အခါ သူက အင်တုံကို ယူသွားလိုက်သည်။

ရှောင်းကော အူများကို ဇလုံတစ်ခုထဲသို့ လောင်းထည့်လိုက်သည်။ အထဲတွင် အူသိမ်လေးများ ရှိနေသည်ကို တွေ့ခဲ့သည့်အတွက် သူမ ဝယ်ခဲ့တာဖြစ်သည်။ ၎င်းတို့ဟာ ဝက်အူချောင်း အစာသွပ်ရန်အတွက်ပြီးပြည့်စုံသည်။

ရှောင်းကော အူများကို ရေတွင်စိမ်ထားကာ နောက်တစ်နေ့တွင်မှ ၎င်းတို့အား သန့်စင်ရန် စီစဉ်ထားသည်။

ကျွမ်းကျွမ်း ပြန်ရောက်သည့်အခါ၊ သူက ရှောင်းကောလုပ်တာကို ကူညီချင်ပေမယ့် သူမက မနက်ဖြန်မှ လုပ်မည်ဟု ပြောလာသည်။

“နောက်ကျနေပြီ။ မေမေတို့တွေ မနက်ဖြန်မှ လုပ်ကြမယ်"

ရှောင်းကောသည် အူတွေကိုထိထားသည့်အတွက် လက်ကို သေချာဆေးကြောလိုက်သည်။ သေချာတာကတော့ အူတွေဟာအနံ့က သိပ်မကောင်းပေ။

သူမ လက်ဆေးပြီးသည်နှင့် ညစာပြင်ရမည့်အချိန်ရောက်လာသည်။ ကျွမ်းကျွမ်းသည် မီးဖိုနားတွင် နာနာခံခံထိုင်နေကာ ရှောင်းကော မီးမွှေးခိုင်းမှာကို စောင့်နေသည်။

ကျွမ်းကျွမ်းသည် ညဘက်တွင် စာဆက်လက်လေ့လာရန် စီစဉ်ခဲ့သော်လည်း ရှောင်းကောက သူ့ကို တားလိုက်သည်။ ဒီကလေးဟာ စာလုပ်သည့် ထောင်ချောက်ထဲ ကျသွားသည့်ပုံပင်။ မနက်စာဘက်၌ စာကျက်တာကပင် သူ့အတွက် လုံလောက်ပြီဖြစ်သည်။ သူက ညဘက်တွင်ပါ စာကျက်ချင်သေးသည်ဟု တွေးမိသည်။

ရှေးခေတ်တွင် မီးလုံးမရှိသလို ဖယောင်းတိုင်မှ ထုတ်လွှတ်သည့် အလင်းရောင်ဟာလည်း အရမ်းမှိန်သည်။ ရှောင်းကောသည် သူ့မျက်လုံးတွေကို ကာကွယ်လိုသည့်ကြောင့် ညဘက် စာမလုပ်ရန် ကျွမ်းကျွမ်းနှင့် ဆွေးနွေးခဲ့သည်။

ကျွမ်းကျွမ်းသည် ချင့်ချိန်တတ်သည့် ကလေးဖြစ်သည်။ ရှောင်းကော ပြောသမျှသူနားထောင်သည်။ ထို့ကြောင့် သူ နာနာခံခံဖြင့် စာအုပ်များကိုထားလိုက်ကာ အိပ်ရာဝင်ရန် ဖိနပ် ချွတ်လိုက်သည်။

သို့ပေမယ့် စောနေသေးသည်မို့ သူအိပ်မပျော်ပေ။ ရှောင်းကောက သူ့ကို အိပ်ရာဝင်ပုံပြင်တစ်ပုဒ် ပြောပြလိုက်သည်။

ရှောင်းကောအနေဖြင့် သူ့အား ပုံပြင်တွေ နေ့တိုင်းပြောပြရသည်မှာ ပြဿနာ မဟုတ်ပေ။ သူမသည် ဒဏ္ဍာရီပုံပြင်များကို အမြဲဖတ်လေ့ရှိကာ ဒဏ္ဍာရီပုံပြင်စာအုပ်များစွာကိုလည်း ပိုင်ဆိုင်သည်။

ထို့အပြင် သူမသည် မှတ်ဉာဏ်ကောင်းပြီး ဇာတ်လမ်းအားလုံးကို အခြေခံအားဖြင့် မှတ်မိနိုင်သည်။ နေ့တိုင်း ကျွမ်းကျွမ်းအား ပုံပြင်ပြောပြသော်လည်း ယခုအချိန်အထိ တစ်ခုမှထပ်သည်ဆိုတာ မရှိပေ။

“အင်း ဒီတစ်ခါတော့ ဖားမင်းသားလေး ဇာတ်လမ်း ပြောကြတာပေါ့"

ကျွမ်းကျွမ်း ထိုပုံပြင်အား ထူးဆန်းသွားသည်။ ဖားက ဘယ်လိုလုပ် မင်းသားဖြစ်လာနိုင်မှာလဲ?

သူ့အာရုံကို ဇာတ်ကြောင်းတွေက တဖြည်းဖြည်းချင်း ဆွဲဆောင်သွားတော့သည်။ ရှောင်းကောသည် ဇာတ်လမ်းကို အသက်ဝင်အောင် ပြောပြနေကာ ကျွမ်းကျွမ်းက သူမအား အပြည့်အဝ အာရုံစိုက်ထားသည်။

ရှောင်းကော ပြောရင်းပြောရင်းဖြင့် သူမအသံက တိုးသွားသည်။ ကျွမ်းကျွမ်းလည်း မနေနိုင်ဘဲ မျက်လုံးတွေမှိတ်သွားတော့သည်။

ဇာတ်လမ်းအဆုံးတွင် ကျွမ်းကျွမ်း လုံးဝအိပ်ပျော်သွားတော့သည်။

ရှောင်းကော သူ့အား စောင်ခြုံပေးလိုက်ပြီး ပါးလေးအား နမ်းလိုက်သည်။

“ကောင်းသောညပါ ကလေးလေး…”

နောက်တစ်နေ့တွင် ရှောင်းကောသည် တစ်ချိုးတည်းနှင့်အိပ်ပျော်သွားခဲ့ရာ ကျွမ်းကျွမ်းနှင့်အတူနိုးလာသည်။

ကျွမ်းကျွမ်းသည် ကုတင်ပေါ်တွင် လူးလှိမ့်နေသည်။ သူ‌ဆော့နေတာက ရှောင်းကောဆီမှ ကလေးဆန်စိတ်ကို ထွက်ပေါ်လာစေကာ သူမလည်း သူနှင့်အတူ ကုတင်ပေါ်တွင် လူးလှိမ့်လိုက်သည်။

သူတို့၏ ရယ်မောသံများက အိမ်ရှိထောင့်တိုင်းတွင် ပြည့်နှက်သွားသည်။

အိပ်ရာမှထကာ ရိုးရိုးရှင်းရှင်း စားသောက်ကြပြီးနောက် ရှောင်းကောသည် အူဇလုံအားထုတ်ကာ ကျွမ်းကျွမ်းနှင့်အတူ ထိုင်လိုက်သည်။

ကျွမ်းကျွမ်း စာလုပ်နေတုန်းမှာ ရှောင်းကောက အူသိမ်လေးတွေကို လုပ်နေလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် အူများသည် တစ်ညလုံး ရေထဲတွင် စိမ်ထားတာကြောင့် ညှီနံ့တွေပျောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ မဟုတ်ပါက ကျွမ်းကျွမ်းတစ်ယောက် အနံ့ကြောင့် အန်နေမှာကို ရှောင်းကော စိုးရိမ်မိသည်။

ကျွမ်းကျွမ်း အသံထွက်ဖတ်နေတာကို နားထောင်ရင်း ရှောင်းကော ဝမ်းသာပီတိဖြစ်မိသည်။ ဒါက သီချင်းနားထောင်ရတာထက် ပိုကောင်းသည်။ ' ငါ့သားလေးရဲ့ အသံကို နားထောင်ကြည့်ပါအုံး! နူးညံ့ပေမယ့် စွမ်းအားပြည့်တဲ့ အသံကို နားထောင်ကြည့်ပါအုံး! အိုက်ယိုး! နားထောင်ကြည့်ပါအုံး!!"

ရှောင်းကောက သူမသားဟာ အတော်ဆုံးလို့ တကယ်ပဲ ခံစားရသည်။ "ပြီးပြည့်စုံတယ်!”

ရှောင်းကော အူတွေကို ပျော်ရွှင်စွာဖြင့် သန့်စင်လိုက်သည်။ ကျွမ်းကျွမ်း၏ စာဖတ်သံနှင့်အတူ သူမ အူတွေကို အမြန်ဆေးကြောပြီးသွားသည်။

ရှောင်းကော မီးဖိုချောင်သို့ ပြန်သွားကာ အူများကို ရေနှင့် ဂျုံမှုန့်တို့ဖြင့် အကြိမ်အနည်းငယ် ထပ်မံဆေးကြောလိုက်သည်။ အနံ့ပျောက်ကြောင်း သေချာသွားမှ ရေကိုလောင်းကာ အူထဲကနေ ညှစ်ထုတ်လိုက်သည်။

ထို့နောက် နှပ်ထားသည့် ဝက်သားကို ထုတ်လိုက်သည်။ ရှောင်းကောတွင် ဝက်အူချောင်းထည့်သည့် ကိရိယာ မရှိသည်ကြောင့် တူကိုသာ သုံးနိုင်သည်။

ဝက်အူအစာထည့်ရန် အဆင်သင့်မဖြစ်မီ ရှောင်းကော သက်ပြင်းချလိုက်သည်။ သူမ မကန်းပါချေ။

"ကျွမ်းကျွမ်း! စာဖတ်တာကို ရပ်လိုက်တော့! ဝက်အူထဲ အစာအတူတူထည့်ရအောင်!”

သေချာပေါက်ကို ကျွမ်းကျွမ်းတစ်ယောက် တစ်စက္ကန့်မပြည့်ခင် ရှောင်းကော အရှေ့ရောက်လာသည်။

သူ့အရှိန်အား သုံးသပ်ကြည့်ပါက သူသည် အချိန်အတော်ကြာအောင် သူ့ကိုခေါ်ရန် စောင့်နေသည့်ပုံပင်။

ကျွမ်းကျွမ်းတွင် သူထုတ်ထားသမျှကို ပြန်ထားတတ်သည့် အလေ့အကျင့်လေးတစ်ခုရှိသည်။

ကျွမ်းကျွမ်းအနေဖြင့် စာအုပ်များကို ပြန်မထားဘဲ ဒီတိုင်းထားထားခဲ့ရန်မှာ မဖြစ်နိုင်ပေ။ သူဒီကိုမလာခင် သေချာပေါက် သိမ်းထားပြီးသားဖြစ်မှာပင်။ သို့ပေမယ့် သူရောက်လာသည့် အရှိန်ဖြင့် တွက်ချက်ကြည့်ပါက ကျွမ်းကျွမ်းတစ်ယောက် စာအုပ်တွေကို ထားခဲ့ပြီးပြီဖြစ်ကာ သူ့ကို ခေါ်ရန် စောင့်နေခဲ့တာပင်။

အရေးကြီးဆုံးအချက်ကတော့ အစကတည်းက မီးဖိုချောင်တံခါးကနေ မကြာခဏ ချောင်းကြည့်နေတာဖြစ်သည်။

ရှောင်းကော ဒါကိုဘယ်လိုလုပ် မတွေ့နိုင်ရမှာတဲ့လဲ? သူ့လို စပ်စုတတ်တဲ့ကြောင်လေးက ဝက်အူထဲ အစာသွပ်သည့် လုပ်ငန်းစဉ်ကို ဘယ်လိုလုပ် လက်လွတ်ခံနိုင်ရမှာတဲ့လဲ?

ကျွမ်းကျွမ်းမှာ သူ့လှည့်ကွက်အနည်းငယ်ကို ရှောင်းကော မြင်ခဲ့ကြောင်း မသိလိုက်ပေ။ ဒီအခိုက်အတန့်တွင် သူသည် မတ်တပ်ရပ်ရန် ခွေးခြေခုံတစ်လုံးကို ပျော်ရွှင်စွာဖြင့် သယ်ဆောင်လာသည်။

ရှောင်းကောအနေဖြင့် ထိုသို့သောအသေးအမွှားကိစ္စများကို စောင်းပြောမည်မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ကျွမ်းကျွမ်းဟာ သုံးနှစ်ပဲ ရှိပါသေးသည်။ စာလုပ်ခြင်းသည် ယခုအချိန်တွင် ထိပ်တန်းဦးစားပေးမဟုတ်ပေ။ အခြေခံအုတ်မြစ်ကောင်းများ ချထားသရွေ့ ကျောင်းစတက်သည့်အခါတွင် စာများကို သူလိုက်နိုင်မည်ဖြစ်သည်။

အခု သူဖတ်နေတဲ့ စာအုပ်တွေကို သင်ရိုးညွှန်းတမ်းစာဖတ်ခြင်းအဖြစ် သတ်မှတ်နိုင်သည်။ လွန်လွန်ကဲကဲ လုပ်ရန် မလိုအပ်ပါချေ။ သူသည် နေ့တိုင်း အခန်းတစ်ခန်းဖတ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ နောင် သူကျောင်းတက်သောအခါ ဆရာက ထိုဘာသာရပ်များကို ထပ်မံသင်ကြားပေးလိမ့်မည်ပင်။

ရှောင်းကော အူတစ်ချောင်း ထုတ်လိုက်ကာ ကျွမ်းကျွမ်းကို ပေးလိုက်သည်။ ကျွမ်းကျွမ်း ခေါင်းညိတ်လိုက်ကာ သူမလက်တွေကို အနီးကပ်ကြည့်လိုက်သည်။

သူမလည်း အူတစ်ချောင်းကို ယူလိုက်ကာ သူမဘာလုပ်လဲဆိုတာ ကျွမ်းကျွမ်းမြင်နိုင်ရန် ဘေးစောင်းလိုက်သည်။

အရင်ဆုံး အူအစွန်းတစ်ဖက်အား ထုံးကာချည်လိုက်သည်။

ကျွမ်းကျွမ်းဟာ သေးငယ်သော်လည်း၊ သူ၏ လက်နှင့် မျက်လုံး ပေါင်းစပ်လုပ်ကိုင်နိုင်မှုမှာ ကောင်းကောင်းတိုးတက်‌လာသည်။ သူသည် ရှောင်းကောအတိုင်း တစ်ဆင့်ချင်းစီ ဖြည်းဖြည်းချင်းလိုက်လုပ်နိုင်သည်။

ကျွမ်းကျွမ်းသည် ကြိုးထုံးကို အောင်မြင်စွာ ချည်နိုင်ခဲ့သည်ကို မြင်လိုက်ရသဖြင့် ရှောင်းကော အခြားအစွန်းတစ်ဖက်ကို ယူလိုက်ကာ အသားများကို သူမ၏ တူဖြင့်ညှပ်ယူလိုက်သည်။ ထို့နောက် သူမတူကိုသုံးကာ အသားများကို ထိုးထည့်လိုက်သည်။

ရှောင်းကော ကျွမ်းကျွမ်းအား ငရုတ်သီးမပါသည့် အသားဇလုံကို ပေးလိုက်ကာ ဝက်အူချောင်းလုပ်ခွင့်ပေးလိုက်သည်။ ငရုတ်သီးပါသည့် အသားတွေကိုက သူမကိုင်သည်။

ကျွမ်းကျွမ်းတစ်ယောက် ငရုတ်သီးကို ထိမိပြီးနောက် သူ့မျက်လုံး ဒါမှမဟုတ် ခန္ဓာကိုယ်ရှိ အခြားအစိတ်အပိုင်းများကို မတော်တဆ ထိမိသွားမည်ကို ရှောင်းကောစိုးရိမ်သည်။ ငရုတ်သီးက အရမ်းစပ်သည်။

အူများဟာ ချောကာ ထိန်းရခက်တာကြောင့် ကျွမ်းကျွမ်းလက်ထဲမှ ရံဖန်ရံခါ လွတ်ထွက်သွားတတ်ကာ ရလဒ်အနေဖြင့် အစာများ ပြန်ပြန်ထွက်လာသည်။

ကျွမ်းကျွမ်း အနည်းငယ် စိတ်ပျက်သလို ခံစားလိုက်ရသည်။ ရှောင်းကောက သူ့ကို အများကြီး အားပေးလိုက်သည်။ ကျွမ်းကျွမ်းသည် ရှောင်းကောကိုလည်း စိတ်မပျက်စေချင်တာကြောင့် ထည့်တာချော်သွားသည့်အခါတိုင်း သူထပ်ကောက်ကာ ပြန်ထည့်သည်။ အစာတွေ ပြန်ထွက်လာတိုင်း သူပြန်ထည့်သည်။

စိတ်ရှည်သည်းခံရင်းဖြင့် သူခပ်မြန်မြန်လဲ ကျွမ်းကျင်လာကာ အူတစ်ချောင်းလုံးကို ပြည့်အောင်ဖြည့်လိုက်နိုင်သည်။

ရှောင်းကော၏ လမ်းညွှန်ချက်အရ ကျွမ်းကျွမ်း ဝက်အူချောင်းကို ၈၀ ရာခိုင်နှုန်းအထိသာ အသားတွေဖြည့်လိုက်ပြီး ကျန်တစ်ဖက်အား ထုံးကာချည်နှောင်လိုက်သည်။

ကျွမ်းကျွမ်း အောင်အောင်မြင်မြင်ပြီးမြောက်သွားတယ်လို့ ခံစားလိုက်ရသည်။ သူက ရှောင်းကောကို ကြည့်ခိုင်းလိုက်သည်။ သေချာပေါက် ရှောင်းကောက သူ့ကိုအားပေးကာ လပေါ်ရောက်တဲ့အထိ ချီးကျူးလိုက်သည်။

ကျွမ်းကျွမ်း သူလုပ်ထားတာကို စိတ်ကျေနပ်သွားတဲ့အခါ ရှောင်းကောသည် သူမဖြတ်ထားသည့် ချည်ကြိုးများကို ပေးလိုက်သည်။ ချည်ကြိုးများကို တစ်ခုနှင့်တစ်ခုကြား အကွာအဝေး ခပ်မှန်မှန်ချည်တတ်အောင် ရှောင်းကော သင်ပေးလိုက်သည်။ ကျွမ်းကျွမ်းလည်း သူမနည်းအတိုင်းလိုက်လုပ်ကာ အူအရှည်တစ်ချောင်းကို ချည်ပြီးသွားသည်။ ထို့နောက် ရှောင်းကောသည် အပ်တစ်ချောင်းကိုယူကာ ချက်ပြုတ်နေစဉ်အတွင်း အငွေ့တွေထွက်နိုင်စေရန် အပေါက်ဘယ်လိုဖောက်ရမလဲဆိုတာပြလိုက်သည်။

ကျွမ်းကျွမ်းလည်း ရှောင်းကောအတိုင်းလိုက်ကာ အပေါက်တွေ ဆက်ဖောက်သည်။ ပထမတော့ ရှောင်းကောမှာ ကျွမ်းကျွမ်း သူ့ကိုယ်သူ အပ်နှင့်ထိုးမိမှာ စိုးနေသည်။ နောက်တော့ သူက အရမ်းယုံကြည်ရကြောင်း သူမ သိလိုက်ရသည်။ သူသည် အပေါက်များကို အလိုက်သင့်ဖောက်နိုင်ကာ အပေါက်ဖောက်ပြီးသည့်အခါ ဝက်အူချောင်းများကို ထောင့်တစ်ခုတွင် သေသေသပ်သပ် စီထားပေးတတ်သည်။ သူ အလုပ်လုပ်ပုံကိုကြည့်ကာ ရှောင်းကော အရမ်းစိတ်အေးသွားရသည်။

ဒီလို ကောင်းမွန်သည့် အစပျိုးမှုဖြင့် ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့သည် နံနက်ခင်းတွင် ဝက်အူချောင်းများ အားလုံး အစာသိပ်ပြီးသွားကြတော့သည်။

အသားပမာဏက အူတွေအားလုံးကို ဖြည့်ဖို့လုံလောက်သည်။ ပိုလျှံတာ လုံးဝမရှိပေ။

ရှောင်းကောသည် ဝက်အူချောင်းများကို အခြောက်ခံရန် အရိပ်ထဲတွင် ထားဖို့စီစဉ်လိုက်သည်။ တရုတ်ဝက်အူချောင်းများကို ဤနည်းဖြင့် ပြုလုပ်သည်။ လက်ရှိ ရာသီဥတုမှာ နေ့ခင်းဘက်တွင် အပူချိန်က အရမ်းမပူဘဲ လေနုလေအေးတွေအမြဲတိုက်နေတတ်သည်။

ရှောင်းကော အရိပ်ထဲတွင် ဝက်အူချောင်းအားလုံးကို ချိတ်ဆွဲထားလိုက်သည်။ အမြဲတမ်း အရိပ်ရသည့် အဝတ်လှန်းကြိုးတစ်တန်းရှိသည်။

ရှောင်းကော ထိုနေရာတွင် အူများကို ချိတ်ဆွဲထားလိုက်သည်။ စုစုပေါင်း ဝက်အူချောင်းခြောက်ချောင်းရကာ ကြိုးဖြင့်ချည်လိုက်သည့်အခါ ဝက်အူချောင်း စုစုပေါင်း ၃၆ ချောင်းရလိုက်သည်။

ရှောင်းကော လေသလပ်ရန်အတွက် ဝက်အူချောင်းအရှည် သုံးချောင်းသာ ချန်ထားသင့်သည်ဟု တွေးလိုက်သည်။ သူမသည် ဆောင်းဦးလယ်ပွဲတော်တွင် ဝက်အူချောင်း လတ်လတ်ဆတ်ဆတ် ကင်ရန် တွေးလိုက်သည်။ တရုတ်ဝက်အူချောင်းများကို ကင်တာကမမှန်ပေ။

All Chapters