အခန်း (၁၆၇)
Vol. 12 Ch. 167
ရှောက်ယိ အဆင်သင့်ဖြစ်နေပြီ။ မုန်တိုင်း အရှိန်အပြည့်နဲ့ လာပါစေ။
"အား!!!...အဲ"
ရှောက်ယိ အံကြိတ်လိုက်သည်။ နာကျင်စွာ မအော်နိုင်ခင်မှာ သူ့နောက်ကျောမှာ မတူညီတဲ့ ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။ လုံးဝမနာဘူး။
ကျန်းတန်းဟယ်သည် ကျွမ်းကျွမ်းတွင် သူ၏ ပြင်းထန်သော ခွန်အားကို လေ့ကျင့်ထားပြီးဖြစ်သောကြောင့် ယခု လွယ်ကူစွာ လုပ်နိုင်ခဲ့သည်။ ယခု ရှောက်ယိ၏ ကျောကို ပွတ်တိုက်ရာတွင် အသုံးပြုရန် ခွန်အားပမာဏကို တိုင်းတာရာတွင် ပိုမိုကောင်းမွန်သည်။
“ကောင်းလိုက်တာ၊ အရမ်းကောင်းတယ်။”
ရှောက်ယိကို ကြည့်ရတာ သူ့ကိုယ်သူ ကျေနပ်ပြီး ပျော်နေပုံပဲ။
ကျွမ်းကျွမ်က ရှောက်ယိကို မယုံနိုင်စွာ ကြည့်လိုက်သည်။ ကောင်းတာလား။ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူ့နောက်ကျောက ပူပြီးနာနေတုန်းပဲ
ရေတွေအေးလာတော့ ကျန်းတန်းဟယ်က သူတို့ကို အမြန်ရေချိုးပေးပြီး သန့်ရှင်းတဲ့အဝတ်အစားကို ဝတ်ပေးခဲ့သည်။
ကျန်းတန်းဟယ် ကလေးတွေကို ပထမဆုံးအဝတ်အစားဝတ်ပေးရခြင်းဖြစ်တာကြောင့် သူ အနည်းငယ်စိတ်ရှုပ်သွားသည်။ သူသည် အတွင်းဝတ်ဘောင်းဘီကို ထုတ်လိုက်ပြီး ခါးပတ်ကြိုးကို မှားယွင်းစွာ ချည်ခဲ့သည်။ ကောင်လေးတွေကို အဝတ် ဝတ်ပေးဖို့ သူအချိန်အတော်ယူလိုက်ရသည်။
ဝတ်ပေးပြီးတာနဲ့ ကလေးနှစ်ယောက်က စာကြည့်ဖို့ ထွက်သွားခဲ့သည်။
ကျန်းတန်းဟယ် အလွန်ဗိုက်ဆာနေသဖြင့် မီးဖိုချောင်သို့ ပြန်လာခဲ့သည်။ စောစောက ထမင်းစားဖို့ ပြင်ဆင်နေပေမယ့် ထမင်းစားဖို့ အခွင့်မသာခင် ကလေးတွေကို ရေချိုးပေးဖို့ တာဝန်ပေးခံလိုက်ရသည်။ ခုတော့ ဗိုက်ဆာလွန်းလို့ ဗိုက်တွေ တဂွီဂွီအော်နေပြီ။
"စစ်သူကြီး"
အဒေါ်ရှု့က လင်းဗန်းထဲအစားအသောက်ထည့်နေရင်း မော့ကြည့်လိုက်တော့ ကျန်းတန်းဟယ်ကို တွေ့လိုက်ရသည်။
“ဟုတ်” ကျန်းတန်းဟယ် ခေါင်းညိတ်လိုက်သည်။ သူသည် လေထဲတွင် မွှေးရနံ့ကို ရှူရှိုက်ရင်း ဆာလောင်မှုကိုပင် ခံစားလိုက်ရသည်။ "မွှေးလိုက်တာ။ ဘာလုပ်ထားတာလဲ"
"ဒါကို အခုချက်ချင်းလုပ်ဖို့အတွက် သခင်မက ပြောထားတာ။ သူ တစ်ပွဲယူသွားပြီ စစ်သူကြီးအတွက် ဒါ ထားခဲ့တာ"
အဒေါ် ရှု့က စကားပြောနေစဉ် သူမသည် ဗန်းကို ကျန်းတန်းဟယ် ရှေ့ ချပေးလိုက်သည်။
အစားအစာ၏ရနံ့က သူ့နှာခေါင်းထဲသို့ ပျံ့လွင့်သွားကာ ဗိုက်ထဲကိုအော်မြည်စေခဲ့သည်။
"သူမက ကျွန်တော့်အတွက် ပြင်ဆင်ပေးထားတာလား" ကျန်းတန်းဟယ်ရဲ့ နှုတ်ခမ်းတွေ ကော့တက်သွားသည်။ သာမန်ပုံစံခေါက်ဆွဲပြုတ်ပန်းကန်လုံးကို ကြည့်ရင်း သူ့နှလုံးသားကို သမင်ကန်တာခံလိုက်ရသလို ခံစားလိုက်ရသည်။
သူစဉ်းစားနိုင်တာကတော့ "ဒါကို သူမက ငါ့အတွက်လုပ်ပေးထားတာ၊ ဒါကို ငါ့အတွက် လုပ်ပေးထားတာ..."
ကျန်းတန်းဟယ်က ခေါက်ဆွဲကို ကျေနပ်စွာဖြင့် အခန်းထဲ ပြန်သယ်သွားသည်။ အဲဒီနောက် အဒေါ် ရှု့ ပြောတာကို သူ မကြားလိုက်တော့ပေ။
ရှောင်းကောက သူမ အခန်းထဲမှာ ခေါက်ဆွဲကို အငမ်းမရစားသောက်နေသည်။ အမှန်အတိုင်းပြောရရင် သူမ အရမ်းဗိုက်ဆာနေတာ။ မွန်းတည့်ချိန်၌ ကျန်းတန်းဟယ်ကို ဝင်တိုက်ခြင်းမှ ရှောင်ရှားရန်အတွက် သူမသည် အစားစားဖို့ အခန်းမှ မထွက်ခဲ့ပေ။ သူမသည် အစောပိုင်းက ကျွမ်းကျွမ်းနဲ့ ရှောက်ယိတို့ကို လိုက်ဖမ်းပြီး အတော်လေး လေ့ကျင့်ခန်းလုပ်ခဲ့ရသည်။ သူတို့အဝတ်တွေမှာပေနေတဲ့ အဆီအညစ်အကြေးတွေ ဖယ်ရှားဖို့ အလွန်ခက်ခဲခဲ့သောကြောင့် အဝတ်လျှော်ရန်လည်း အချိန်အတော်ကြာခဲ့သည်။
အဝတ်လျှော်ပြီးနောက် သူမ မီးဖိုခန်းသို့ သွားခဲ့သည်။ ဗိုက်ဆာလွန်းလို့ စားဖို့ တစ်ခုခုရှာချင်နေခဲ့သည်။ ဒါပေမယ့် ထမင်းစားချိန် မဟုတ်သေးသောကြောင့် သူမကိုယ်တိုင် တစ်ခုခုကို လုပ်လိုက်ရလေသည်။ သူမ ချက်ပြုတ်နေစဉ် ကျန်းတန်းဟယ်လည်း မစားရသေးကြောင်း အဒေါ်ရှု့ထံမှ သိလိုက်ရသည်။ သူ စားစရာရှာဖို့ ခဏနေရင် ပြန်လာမှာကိုသိတာကြောင့် ရှောင်းကောက သူ့အတွက် အပိုတစ်ပွဲကို ဘာမှမစဉ်းစားနေဘဲ လုပ်ခဲ့သည်။
တံခါးခေါက်သံကြားတော့ သူမ ခေါက်ဆွဲစားနေတုန်းပင်။
ရှောင်းကောက သူမ၏ တူတွေကို ချလိုက်ပြီး တံခါးကိုဖွင့်တော့ သူမ၏ ပါးစပ်ထဲတွင် ခေါက်ဆွဲများ ရှိနေသေးသည်။ ကျန်းတမ်းဟယ်ရဲ့ ချောမောသော မျက်နှာနဲ့ သူ့လက်ထဲတွင် ဗန်းတစ်ခုနှင့်အတူ တံခါးဝတွင် ပေါ်လာသည်။
သူသည် အလွန်ချောမောပြီး သူ၏ဝတ်စားဆင်ယင်ပုံမှာ ချွတ်ယွင်းချက်မရှိသော်လည်း ရှောင်းကော တကယ်ပြောလိုက်ချင်ခဲ့သည် - 'ကျေးဇူးတင်ပါတယ်၊ ကျွန်မ အခန်းဝန်ဆောင်မှု မလိုဘူး'
"ငါတို့အတူတူစားကြမလား"
သူတို့နှစ်ယောက်လုံး နေ့လည်စာ မစားရသေးသောကြောင့် ကျန်းတန်းဟယ်သည် ရှောင်းကောကို ရှာရန် မီးဖိုချောင်မှ ထွက်လာပြီး နှစ်ယောက်သား အတူတူ အချိန်ပေးနိုင်သည်ဟု ထင်မိသည်။
"… ဝင်လာလေ"
ရှောင်းကောက သူ့ကို ဝင်ခွင့်ပြုလိုက်ပြီး သူ့နောက်မှာ သူမရဲ့ မျက်နှာကို အရူးအမူး သုတ်လိုက်သည်။ သူမ ခုဏက အသည်းအသန်စားနေတော့ သူမမျက်နှာမှာဟင်းရည်တွေ ရွှဲနေလိမ့်မည်။
ကျန်းတန်းဟယ် လှည့်ကြည့်လိုက်တော့ ရှောင်းကောက ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီ။
နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ ကျန်းတမ်းဟယ်ရဲ့ပန်းကန်လုံးထဲမှာ ခေါက်ဆွဲတွေအများကြီးရှိပေမယ့် ရှောင်းကောရဲ့ပန်းကန်ထဲမှာ တစ်ဝက်ပဲကျန်တော့သည်။
“အဲဒါ…အဲဒါကဘာလဲ။ ကျွန်မပန်းကန်ထဲမှာ ခေါက်ဆွဲနည်းနည်းပဲရှိတော့တယ်…”
ရှောင်းကော တုန်လှုပ်သွားသည်။ ကျန်းတန်းဟယ် သူမကို ယုံမှာလားဆိုတာ သူမ မသိပေမယ့် သူမရဲ့ကိုယ်ပိုင်စကားကြောင့် သူမ သဘောကျသွားသည်။
ကျန်းတန်းဟယ် ခေါင်းညိတ်ပြီး ဘာမှ မပြောတော့ပေ။ ဝင်လာကတည်းက သူ မရပ်မနား ပြုံးနေခဲ့တာ။ ရှောင်းကောရဲ့ စကားကိုကြားတော့ ကျန်းတန်းဟယ်ရဲ့ အကြည့်က သူမရဲ့နှုတ်ခမ်းဘေးဆီ ရောက်သွားသည်။
“မင်းရဲ့…”
“ကျွန်မမှာ ခေါက်ဆွဲ သိပ်မရှိဘူး…”
နှစ်ယောက်သား တစ်ချိန်တည်း စကားပြောခဲ့ကြသည်။ ရှောင်းကောက ကျန်းတန်းဟယ်ရဲ့ စကားများကို မကြားခဲ့ရဘဲ ရှင်းပြရန်သာ အာရုံစိုက်ခဲ့သည်။ ကျန်းတန်းဟယ်ကို သူမအား အစားကြူးသူဟု ထင်မြင်ခွင့်မပြုနိုင်ပေ။
ဒီအချိန်မှာ ရှောင်းကောက တစ်နေ့မှာ အများကြီးစားနိုင်ရင် ကျန်းတန်းဟယ် က သေချာပေါက် ပျော်ရွှင်လိမ့်မယ်ဆိုတာကို မေ့နေခဲ့သည်။ သူမ အများကြီးစားတယ်ဆိုပြီး သူဘယ်လိုလုပ် စောဒကတက်မှာလဲ။
“ဟက်…” ကျန်းတန်းဟယ်သည် ထိုစကားကိုကြားသောအခါ အလွန်ဝမ်းသာသွားသည်။ “ဒီမှာ…..”
ကျန်းတန်းဟယ်က ရှေ့သို့ ကိုင်း၍ သူမ၏ ပါးစပ်ကို ထိရန် လက်လှမ်းလိုက်စဉ် ရှောင်းကော အံ့အားသင့်သွားသည်။ သူမ မှင်သက်နေတုန်း ကျန်းတန်းဟယ်လုပ်နေတာတွေက ပြီးသွားခဲ့ပြီး သူ့လက်ချောင်းပေါ်မှာ ကြက်သွန်မြိတ်တချို့ ရှိနေသည်။
ရှောင်းကောမှာ ယခုတွင် ခရမ်းချဉ်သီးလို အနီရောင်ဖြစ်နေပြီ။
“ဒီ၊ ဒါ… ဒါ…မဟုတ်ဘူး... ကျွန်မ…”
ရှောင်းကော ဒေါသထွက်သွားသည်။ သူမ သူ့ထံမှ ကြက်သွန်မြိတ်ကို လုယူကာ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ လွှင့်ပစ်လိုက်သည်။
“အိုး… ဒီခေါက်ဆွဲတွေက အရမ်းကောင်းတယ်။ ကျွန်မ အရမ်းဆာနေတာ”
ကျန်းတန်းဟယ် က သူနားလည်ကြောင်း ထောက်ပြရန် ခေါင်းညိတ်ခဲ့သည်။ သူချက်ချင်း အကြောင်းအရာပြောင်းပြီး ခေါက်ဆွဲကို စတင်စားလိုက်သည်။
“အွန်း အရသာရှိတယ်....”
ကျန်းတန်းဟယ် ခေါင်းငုံ့ကာ သူ့မျက်နှာပေါ်မှာအပြုံးဖြင့် ခေါက်ဆွဲကို စားခဲ့သည်။ သူမက အရမ်း ချစ်စရာကောင်းလွန်းသည်။ သူ အဲ့အကြောင်း မပြောစေချင်ဘူးဆိုတော့လည်း ထားလိုက်ပါမယ်လေ။
ရှောင်းကောသည် ပြုံးနေတဲ့ ကျန်းတန်းဟယ်ကို ဒေါသတကြီးကြည့်နေသည်။ မမြင်နိုင်ဘူးလို့ သူထင်နေတာလား။
နှစ်ယောက်သား မျက်နှာချင်းဆိုင် ခေါက်ဆွဲစားခဲ့ကြသည်။ ကျန်းတန်းဟယ်က အနီးနားတွင် ရှိနေသောကြောင့် ရှောင်းကော မြန်မြန်မစားဝံ့ပေ။ တစ်လုတ်စာလေးတွေသာ စားပြီး အတတ်နိုင်ဆုံး သန့်ရှင်းအောင် ကြိုးစားခဲ့သည်။
ကျန်းတန်းဟယ်က ရှောင်းကောရဲ့ အတွေးတွေကို ခံစားမိနိုင်သောကြောင့် ခေါက်ဆွဲကို တတ်နိုင်သမျှ နှလုံးသားဖြင့် စားကာ သူ့အမူအရာက သူမကို စိတ်ပြေလျော့စေမည်ဟု မျှော်လင့်မိသည်။
ရှောင်းကော တဖြည်းဖြည်း စားတာနည်းလာသည်။ ဒီတစ်ခါတော့ လူအုပ်စုကြီးနဲ့ ထမင်းစားရတာနဲ့ မတူဘူး။
သူတို့နှစ်ယောက်တည်းစားတာ ဒါပထမဆုံးအကြိမ်မို့ ရှောင်းကော နည်းနည်းရှက်နေသည်။ ကျန်းတန်းဟယ်ရဲ့ သူ့ခေါက်ဆွဲစားပုံကို ကြည့်ပြီးနောက် ရှောင်းကောမှာ အတားအဆီးနည်းပါးသွားသည်ဟု ခံစားရသည်။
ရံဖန်ရံခါတွင် သူမသည် သူ၏ ပုံကြီးချဲ့ပြီးဆူညံစွာစားသောက်နေတဲ့အသံကို ရယ်နေတတ်သည်။
“ဖူး ဟားဟား…”
ရှောင်းကော ချက်ချင်း သူမပါးစပ်ကို အုပ်လိုက်သည်။
ကျန်းတန်းဟယ်က ကြည့်ပြီး မကူညီနိုင်ဘဲ ရယ်ခဲ့သည်။ အခုက နည်းနည်း ချဲ့ကားတာတော့ အမှန်ပဲ။ “ဟာဟား”
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ လေထုက ပိုပြီးသဟဇာတဖြစ်သွားသည်။
–
မနက်ဖြန်သူတို့ထွက်သွားတော့ ညစာစားနေချိန်မှာ လူတိုင်းက ခန်းမထဲမှာ စုဝေးနေကြသည်။
စားဖိုမှူး ရှု့နှင့် ခပ်ဝဝစားဖိုမှူးတို့က ရှောင်းကောအား ဆုတောင်းမင်္ဂလာပြုပေးခဲ့ကြသည်။
ခပ်ဝဝစားဖိုမှူးက စိတ်ကူးယဉ်ဆန်သူတစ်ယောက်ဖြစ်ပြီး သူမမျက်ရည်တွေကို မထိန်းထားနိုင်လုနီးပါးဖြစ်နေသည်။ ရှောင်းကောက စိတ်ခံစားမှုဆိုင်ရာ မြင်ကွင်းများကို မခံနိုင်သောကြောင့် နေ့လည်အစောပိုင်းက သူမရေးခဲ့တဲ့ ဟင်းချက်နည်းများကို အမြန်ထုတ်ယူခဲ့သည်။
"အဒေါ်၊ ဒါတွေက ဒီနေ့ ကျွန်မရေးထားတဲ့ အိမ်ချက် ဟင်းချက်နည်းတွေပါ။ မပြည့်စုံပေမယ့် စမ်းကြည့်လို့ရနိုင်ပါတယ်။ သူတို့က အချိန်အတော်ကြာအောင် အသုံးဝင်လောက်မှာပါ"
ရှောင်းကောက စားဖိုမှူးနှစ်ယောက်ကို စာရွက်အထပ်လိုက်ကို ပေးလိုက်သည်။ အထဲမှာ ဟင်းအမယ်တွေ အများကြီးမရှိပေမယ့် ဟင်းချက်နည်းတော်တော်များများကို စူးစမ်းရှာဖွေရကျိုးနပ်ပါသည်။ ထိုချက်ပြုတ်နည်းများကို လေ့လာခြင်းမှ များစွာသင်ယူနိုင်သည်။ ဒါ့အပြင် သူမ ရေးထားတဲ့ ဟင်းလျာအများစုဟာ အိမ်ချက်လက်ရာဟင်းပွဲတွေဖြစ်တာကြောင့် စားဖိုမှူးတွေအတွက် အတော်လေးအသုံးဝင်သည်။
"ဒါ...ကျေးဇူးအများကြီးတင်ပါတယ်သခင်မ!"
အဒေါ်ရှု့က စိတ်လှုပ်ရှားစွာဖြင့် လက်တွေတုန်တုန်နဲ့ ဟင်းချက်နည်းများကို ယူလိုက်သည်။
ရှောင်းကောက ဒါက ဘာမှမဟုတ်ကြောင်း အမြန်ပြောလိုက်သည်။ သူမသည် ဤကဲ့သို့သော စိတ်ခံစားမှုဆိုင်ရာ ပြကွက်များကို ကိုင်တွယ်ရာတွင် ဆိုးရွားခဲ့သည်။
အနားတွင် လီရှို့ကျီက အလွန်ပျော်သွားသည်။ “အဲဒါဆိုရင် နောင်မှာ မရီးရဲ့ အထူးဟင်းလျာတွေကို မြည်းစမ်းခွင့်ရတော့မယ်။ ခင်များတို့နှစ်ယောက် ကောင်းကောင်းလေ့လာထားရမယ်နော်။ ဟားဟား"
အဒေါ်ရှု့ နဲ့ ခပ်ဝဝစားဖိုမှူးတို့က ခေါင်းညိတ်ခဲ့သည်။ "ဟုတ်ကဲ့၊ ဟင်းချက်နည်းတွေကို သေချာလေ့လာပါ့မယ်။"
ကျန်းတန်းဟယ်မှာ တခြားဘာမှ မပြောခဲ့ပေ။ သူသည် ရှောင်းကော ၏ပန်းကန်လုံးထဲသို့ အစားအစာများကိုသာ ဆက်ထည့်နေခဲ့သည်။
ကျွမ်းကျွမ်းနဲ့ ဝမ်ရှောက်ယိတို့လည်း နှုတ်ဆက်ခဲ့ကြသည်။ ဘယ်တော့ပြန်ဆုံကြမလဲဆိုတာ တကယ်မသိခဲ့ကြသလို သူတို့ အဲ့တာကိုလက်မခံနိုင်ခဲ့ကြပါပေ။
အထူးသဖြင့် ရှောက်ယိ အတွက်ပဲ။ တွေးရင်းနဲ့ ငိုချင်လာသလို ခံစားရသည်။ အကယ်၍ သူတို့ ခန်းမထဲမှာ ရှိနေလို့သာ မဟုတ်ရင် ရှောက်ယိက ကျွမ်းကျွမ်းကို ပွေ့ဖက်ပြီး ငိုနေလိမ့်မည်။
စားပွဲဝိုင်းတွင် လီရှို့ကျီက စကားစမြည်ပြောကာ ရယ်နေသောကြောင့် ပတ်ဝန်းကျင်မှာ စိတ်ပျက်ဖွယ်ကောင်းလှသည်။
အားလုံးက ထမင်းစားပွဲမှ လူစုခွဲပြီးနောက် လီရှို့ကျီ သည် ရှောင်းကော နောက်လိုက်ချင်နေတဲ့ ကလေးနှစ်ယောက်ကို ခေါ်ဆောင်သွားခဲ့သည်။ သူက ကျန်းတန်းဟယ်ကို သိနေတဲ့အကြည့်ပေးကာ ထွက်သွားခဲ့သည်။
ကလေးနှစ်ယောက် ဘယ်လောက်ပဲ ရုန်းကန်နေရပါစေ လီရှို့ကျီက ဂရုမစိုက်ပေ။ သူတို့ကို သူ့လက်နဲ့ ဆွဲကိုင်ပြီး ထွက်သွားခဲ့သည်။
"ကိုယ်တို့ လမ်းလျှောက်ကြမလား"
ကျန်းတန်းဟယ်က ပြုံးပြီး သူ့အနားရှိ ရှောင်းကောကို ပြောလိုက်သည်။