← Chapters

အခန်း (၁၃၆)

Vol. 10 Ch. 136

အခန်း (၁၃၆)

Vol. 10 Ch. 136

ထိုအချိန်တွင် စာကိုယူလာပေးသည့် အစောင့်သည် လီရှို့ကျီကိုပါမြင်တော့ နှစ်ယောက်စလုံးကို ဦးညွှတ်လိုက်သည်။

လီရှို့ကျီ ခပ်မတ်မတ်ရပ်ကာ အေးစက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ စောစောက ဖရိုဖရဲဖြစ်နေပေမယ့် သူ့ရာထူးကိုလည်း စိုးရိမ်ရသေးသည်။

ကျန်းတန်းဟယ် စာကိုယူလိုက်ကာ စာအိတ်ကို ဆုတ်ဖြဲလိုက်သည်။ အထဲမှ စာကိုသူထုတ်လိုက်သည်။

သူ့မျက်လုံးတွေက စာရွက်ပေါ်ကို ဖြတ်ပြေးသွားရင်း သူ့နှလုံးခုန်သံတွေ ရပ်တန့်သွားသည်။ ပြီးတာနဲ့ ချက်ချင်းဆိုသလိုပင် နောက်ဆက်ပြီးဖြစ်လာတာကတော့ သူ့နှလုံးတွေ တဒိတ်ဒိတ်ခုန်လာတာပင်။

ဒါ… ဒါက အမှန်လား?

မိုးကြိုးပစ်ခံလိုက်ရသလိုဖြစ်သွားတဲ့ ကျန်းတန်းဟယ်ကိုကြည့်ရင်း လီရှို့ကျီတစ်ယောက် မျက်နှာပြောင်တိုက်ကာ တစ်ချက်ကြည့်လိုက်သည်။ စာက တိုတိုလေးပင်။ စာကြောင်းတစ်ကြောင်းထဲဖြင့် ကျန်းမိသားစုသည် နန်းတော်၌ ရှိနေကြောင်း ဖော်ပြထားသည်။

"ဘယ်မိသားစုလဲ? ကျန်းတန်းဟယ်ရဲ့ မိသားစုလား?"

လီရှို့ကျီ ကျန်းတန်းဟယ်ကို မော့ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ထိတ်လန့်နေသည့်အမူအရာ ရှိနေဆဲပင်။ ဒါက ဘာလဲ? သူ့မိသားစုကို သူနေ့ရောညပါ လွမ်းဆွတ်နေခဲ့သော်လည်း ယခု သူတို့တွေ ဒီကိုရောက်နေကြောင်းသိလိုက်ရတော့ သူကြောက်ကာ နောက်တွန့်သွားမိသည်။

"ဟေး ဟေး မင်းသတိရှိသေးရဲ့လား?"

လီရှို့ကျီ ကျန်းတန်းဟယ်ရဲ့ပုခုံးကို ပုတ်လိုက်သည်။ ထိုလူမှာ ကြောင်တက်တက် ဖြစ်နေသေးသည်။

သူ့တာဝန်ပြီးမြောက်သွားသည့်အတွက် စာလာပို့သည့်အစောင့်လည်း ထွက်သွားတော့သည်။ လီရှို့ကျီမှာ ကျန်းတန်းဟယ်နှင့်အတူ တံခါးဝတွင် ရပ်မနေချင်ပေ။ သူ့ကို ဆွဲရန်ကြိုးစားပေမယ့် မအောင်မြင်လိုက်တဲ့အတွက် လီရှို့ကျီပဲ အခန်းထဲ လှည့်ဝင်သွားလိုက်သည်။

'ဘာပဲဖြစ်ဖြစ်၊ ကျန်းတန်းဟယ်တစ်ယောက် အခုချိန်မှာ သူ့ကိုစစ်တပ်စခန်းဆီ သွားခိုင်းဖို့ စိတ်မ၀င်စားနေလောက်ဘူး။ သူ ပြန်ပြီးတော့ ကောင်းကောင်းလေးသွားအိပ်လိုက်တာ ပိုကောင်းမယ်။'

ကျန်းတန်းဟယ်မှာ ယခုအခိုက်အတန့်တွင် သူမည်သို့ခံစားနေရသည်ကို မသိသော်လည်း သေချာပေါက် သူ မတည်ငြိမ်နေပေ။ သူသည် လီရှို့ကျီနှင့် ဆွေးနွေးလိုသော်လည်း ပတ်ပတ်လည်ကို လှမ်းကြည့်သော် သူ့အရိပ်အယောင်တောင်မရှိတော့ပေ။ သူထွက်ပြေးသွားပြန်ပြီဆိုတာ သိလိုက်သည်။

သူအံကြိတ်ကာ အိမ်ထဲသို့ပြေးသွားပြီး သူ့ကိုသွားရှာသည်။

လီရှို့ကျီသည် ကျန်းတန်းဟယ် သူ့ကိုလာရှာမည်မှန်းမျှော်လင့်ထားသည်ကြောင့် ကျန်းတန်းဟယ် မိန်းမောနေသည့်အချိန် နံရံကိုကျော်တက်ကာ နေအိမ်မှ ထွက်ခွာသွားသည်။ 'ဟာသပဲ။ အခုချိန်မှ မထွက်‌ပြေးရင် နောက်ကျလွတ်တော့မှာ မဟုတ်ဘူး!'

ကျန်းတန်းဟယ်သည် အလွန်စိတ်လှုပ်ရှားနေကာ သူ့စိတ်လှုပ်ရှားနေမှုဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။ မြင်းပေါ်တက်၍ သူ နန်းတော်သို့ သွားလိုက်သည်။ သို့သော် သူသည် သွားနေရင်းလမ်းတစ်ဝက်တွင် ပြန်လှည့်လာသည်။

နောက်ပြန်လှည့်ရတဲ့ အကြောင်းရင်းကတော့ သူကောင်းကောင်းမွန်မွန် မဝတ်စားထားရလို့ပင်။ စောစောက စစ်တန်းလျားမှာရှိတုန်းက ချပ်ဝတ်တန်ဆာတွေကိုသာ ဝတ်ထားမိသည်။ ဒီဝတ်စုံနှင့် သူ့မိသားစုကိုသွားတွေ့ဖို့ တော်တော်လေး မသင့်တော်ဘူးဟု သူထင်မိသည်။

ကျန်းတန်းဟယ် အိမ်သို့အမြန်ပြန်ကာ အဝတ်အစားအသစ်လဲလိုက်သည်။ သူ ရေတောင်ချိုးလိုက်သေးသည်။ သူသည် အပြာနုရောင်၀တ်စုံအား ရွေးလိုက်ကာ အရောင်တူ ခေါင်းစည်းဖြင့် ဆံပင်ကို စည်းလိုက်သည်။ ကျန်းတန်းဟယ်သည် အစကတည်းက ကြည့်ကောင်းသော်လည်း ပုံမှန်နေ့များတွင် သူသည်ချပ်ဝတ်တန်ဆာနှင့် အနက်ရောင်ဝတ်စုံများကိုသာ ဝတ်ဆင်တတ်သည်ကြောင့် ပုံမှန်ဝတ်စားဆင်ယင်မှုနှင့် သိပ်မမြင်ရပေ။

ယခု သူသည်အရောင်ဖျော့ဖျော့ဝတ်စုံ လဲလိုက်ပြီး၊ အမြဲတမ်း မျက်မှောင်ကြုတ်နေတတ်သည့် ကျန်းတန်းဟယ်သည် ပြုံးရွှင်နေကာ လှုပ်ရှားမှုတိုင်းဟာလည်း ထူးထူးခြားခြား ဆွဲဆောင်မှုရှိနေသလိုပင်။

ကျန်းတန်းဟယ်သည် သူ့ဝတ်စုံအား သပ်သပ်ရပ်ရပ်ဖြစ်စေရန် ပွတ်လိုက်သည်။ ထိုဝတ်စုံအား သူဈေးတွင် ဝယ်ခဲ့သည်မှာကြာပြီဖြစ်သည်။ သူဝယ်ပြီးကတည်းက ၀တ်ဖို့အခွင့်အရေး တစ်ခါမှ မရခဲ့ဘဲ အဝတ်ဗီရို၏ အောက်ခြေတွင် အချိန်အတော်ကြာအောင်သိမ်းဆည်းထားခဲ့မိသည်။ ဤအခိုက်အတန့်တွင် သူအနည်းငယ် စိတ်မသက်မသာဖြစ်သလို ခံစားလိုက်ရသည်။ ဒီဝတ်စုံက ဘယ်လိုဖြစ်နေလဲဆိုတာ သူ မသိပေ။ 'ဘာလို့ ထူးဆန်းသလို ဖြစ်နေတာလဲ?'

ရောင်ဖျော့ဖျော့ အဝတ်အစားတွေဝတ်ပြီးနောက်မှာ သူတကယ်ကို အဆင်မပြေသလို ခံစားလိုက်ရပြီး သူ့လက်တွေခြေထောက်တွေကို ဘယ်မှာထားရမလဲဆိုတာ မသိတော့ပေ။ 'ဒါကို သူလဲလိုက်သင့်လား?'

ကျန်းတန်းဟယ် ကုတင်ပေါ်ကအဝတ်အစားတွေကို ပြန်ကြည့်လိုက်သည်။ သူ့မျက်စိကို ဖမ်းစားနိုင်သည့် အခြားဝတ်စုံမရှိပါချေ။ သူဝတ်ထားသည့် ၀တ်စုံကလွဲလို့ ကျန်တဲ့အ၀တ်တွေဟာ အမှောင်ဘက်သွားသည်။ ဒီလို အရောင်မှောင်မှောင်တွေနဲ့ဆို သူ့ပုံစံအရမ်းတင်းမာနေမလား? သူ့မိသားစုတစ်စုလုံး လာတာလား ဒါမှမဟုတ် နှစ်ယောက်ပဲ လာတာလားဟု သူတွေးမိသည်။

စိတ်လှုပ်ရှားစွာဖြင့် ကျန်းတန်းဟယ်သည် မြင်းကိုစီးကာ နန်းတော်သို့ ရောက်လာသည်။ သူတို့ ဘာလို့ မြို့တော်ဆီရုတ်တရက် ရောက်လာရလဲဆိုတာ သူ မတွေးမိသလို သေသွားပြီဟုယူဆရတဲ့ သူ့ကို သူတို့တွေ့လျှင် ဘယ်လိုနေမလဲဆိုတာ သူ မစဉ်းစားမိခဲ့ပေ။ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။ "ငါသူတို့ကိုတွေ့ရမယ်"

နန်းတော်ထဲတွင်…

"အခု ဘယ်သွားကြမှာလဲဟင် အရီးတော်ကျစ်ရှား?"

မင်းသားငယ်လေးသည် အမျိုးသမီးတစ်ယောက်နောက်သို့ လိုက်လာသည်။

ထိုအမျိုးသမီးသည် အနီရောင်အဆင်များဖြင့် နက်ပြာရောင်၀တ်စုံကို ၀တ်ဆင်ထားသည်။ သူမသည် မင်းသားငယ်လေး၏ လက်ကို ကိုင်ထား၏။ ထိုမေးခွန်းကို သူမကြားသည့်အခါ ခေါင်းငုံ့၍‌ခပ်တိုးတိုးပြောလာသည်။ "အရှင့်သား၊ ကျွန်မတို့တွေ အခု ယန်ရှင်းနန်းဆောင်ရဲ့ ဘေးကခန်းမဆီကို သွားမလို့ပါ"

"ဘာလုပ်ဖို့လဲဟင်?"

အိမ်ရှေ့မင်းသား၏ မျက်လုံးများသည် နားမလည်စွာဖြင့် ပြူးကျယ်နေ၏။ 'အဲဒီလူက ယန်ရှင်းနန်းဆောင်မှာ နေတာမဟုတ်ဘူးလား? သူ အဲဒီကို မသွားချင်ဘူး!'

မင်းသားငယ်လေးဟာ သွားဖို့ငြင်းဆန်နေတာကိုမြင်တော့ ကျစ်ရှားက သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားကာ တားလိုက်သည်။ “အရှင့်သားနဲ့ ရွယ်တူ ကလေးတစ်ယောက်ကို သွားတွေ့မလို့ပါ။ နှစ်ယောက် အတူကစားလို့ရတာပေါ့"

အစပိုင်းတွင် ဝန်လေးနေသည့် အိမ်ရှေ့မင်းသားလေးသည် ဤစကားကိုကြားတဲ့အခါ ချက်ချင်းပင် ရုန်းကန်နေတာရပ်တန့်သွားတော့သည်။ သူ့ရင်ထဲတွင် မျှော်လင့်ချက်တချို့ ရှိလာသည်။ "ကလေးမလေးများဖြစ်နေမလား?"

ဒေါက် ဒေါက် ဒေါက်....

တံခါးခေါက်သံ ထွက်လာသည့်အချိန် ရှောင်းကောမှာ ကျွမ်းကျွမ်းကို ထဖို့ ခေါ်နှိုးနေ၏။ ရှောင်းကောလည်း ကောင်လေးအား ပြန်ချထားလိုက်ကာ တံခါးဖွင့်ရန် သွားလိုက်သည်။

တံခါးဖွင့်ကြည့်လိုက်တော့ ရင်းနှီးနေသည့် မျက်နှာလေးကို မြင်လိုက်ရတဲ့အခါ သူမအံ့ဩဝမ်းသာသွားသည်။

"အယ်? စုဟွေ့?!"

'အချိန်အတော်ကြာ ပျောက်နေခဲ့တဲ့ စုဟွေ့မဟုတ်ဘူးလား?'

"ရှောင်းကော?"

စုဟွေ့လည်း အရမ်းအံ့သြသွားသည်။ 'ရှောင်းကောပဲ!'

ရှောင်းကော စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။ အိမ်နဲ့ဝေးနေတဲ့အချိန်မှာ ရင်းနှီးတဲ့လူတစ်ယောက်နဲ့ ဆုံဖို့ဆိုတာမလွယ်ပေ။ သူမ လုံးဝ ဝမ်းသာသွားမိသည် _'စုဟွေ့က ဒီမှာဆိုတော့ ထန်ယိလဲ ဒီမှာဘဲလား?'_

ရှောင်းကောသည် တံခါးအပြင်ဘက်ရှိ ကောင်လေးကို ငုံ့ကြည့်လိုက်သည်။ 'အမှန်တကယ်ကို ထန်ယိပင်!'

ရှောင်းကော၏ မျက်လုံးတွေဟာ မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားသည်။ သူတို့ကို ဒီမှာတွေ့လိမ့်မယ်လို့ သူမ မမျှော်လင့်ထားချေ။

သူမသည် အစပိုင်းတွင် စိတ်လှုပ်ရှားနေပြီးနောက် သူတို့နှစ်ဦး၏ ၀တ်စားဆင်ယင်ပုံကိုကြည့်ကာ ဘာတွေဖြစ်နေတာလဲဟု တွေးလိုက်မိသည်။

ဤနေရာသည် စကားပြောဖို့ကောင်းသည့်နေရာမဟုတ်မှန်း သူမသိသဖြင့် သူတို့အား အခန်းထဲခေါ်လိုက်သည်။ ထန်ယိဟာ အလွန်ဉာဏ်ကောင်းသည်။ ရှောင်းကောကိုတွေ့သည့်အခါ ကျစ်ရှားပြောသည့် ကလေးဟာ ကျွမ်းကျွမ်း ဖြစ်လိမ့်မည်ဟု သူခန့်မှန်းလိုက်မိသည်။

ထန်ယိသည် ကျစ်ရှားလက်ကိုလွှတ်ကာ အထဲသို့ ပြေးဝင်သွားသည်။ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေသည့် ကျွမ်းကျွမ်းကို သူမြင်လိုက်ရသည်။ "ကျွမ်းကျွမ်း!"

ကျွမ်းကျွမ်းလည်း အံ့အားသင့်သွားသည်။ သူ့ မျက်လုံးတွေကို ပွတ်သပ်လိုက်တော့ ဘယ်သူလဲ ဆိုတာမြင်လိုက်ရပြီး သူ့မျက်နှာ‌ဟာတောက်ပလာကာ မျက်ခုံးတွေ ပင့်တက်သွားသည်။ "ရှောင်ယိ!"

ကလေးနှစ်ယောက်မှာ တစ်ယောက်လက် တစ်ယောက် တင်းတင်းဆုပ်ကိုင်လိုက်ကြပြီး ဝိုင်းကြီးပတ်ပတ်လုပ်ကာ ခုန်ပေါက်လိုက်ကြသည်။ သူတို့၏ရယ်မောသံတွေဟာ အခန်းထဲ ချက်ချင်းပျံ့နှံ့သွားတော့သည်။

စုဟွေ့လည်း အရမ်းပျော်သွားသည်။ သူမ ရှောင်းကော၏ လက်ကိုကိုင်လိုက်ကာ ထိုင်လိုက်သည်။ ထိုအချိန်တွင် ထန်ယိလည်း ကျွမ်းကျွမ်းနှင့်အတူ လျှောက်လာသည်။ "အရီးတော်ကျစ်ရှား၊ သား ကျွမ်းကျွမ်းကို ကစားဖို့ ခေါ်သွားလို့ရမလား?"

ထန်ယိသည် သူတို့နှစ်ဦးအား သနားစရာကောင်းပြီး မျှော်လင့်နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ စုဟွေ့က ဘာမှမပြောပေ။ သူမ ရှောင်းကောကို တစ်ချက်ကြည့်လိုက်သည်။

ရှောင်းကော ခဏလောက် စဉ်းစားလိုက်သည်။ ထန်ယိ၏ ၀တ်စားထားပုံကို အကဲဖြတ်ကြည့်လျှင် သူသည် ရာထူးတစ်ခုရှိသည့်ပုံပင်။ သူနှင့်ဆိုလျှင် ကျွမ်းကျွမ်း ဒုက္ခရောက်မည်ကို သူမစိတ်ပူနေစရာ မလိုပေ။ ထို့ကြောင့် သူမခေါင်းညိတ်ကာ သဘောတူလိုက်သည်။

ကလေးနှစ်ယောက် ထွက်သွားပြီးနောက် စုဟွေ့က ရှောင်းကောကို ရှင်းပြလာသည်။

"ထန်ယိက လက်ရှိဧကရာဇ်မင်းရဲ့သားတော်ပဲ။ သူ့နာမည်က ရှောက်ယိတဲ့။ အဲဒီတုန်းက အရှင်မင်းကြီးအနားမှာထားရတာ အဆင်မပြေသေးတဲ့အတွက် အရှင်မင်းကြီးကိုယ်စား သူ့ကို ငါတို့တွေ ပြုစုစောင့်ရှောက်ခဲ့တာ။ သူလည်း သူ့ရဲ့အထောက်အထားကိုဖုံးကွယ်ပြီး ငါတို့နဲ့ ရှိနေခဲ့တာ။ ငါတို့က သူ့ကို ငါတို့ရဲ့သားလေးလို ပြုစုစောင့်ရှောက်ထားတာ‌လေ။ အခု နန်းတော်ထဲမှာ ဖုန်မှုန့်တွေ ရှင်းသွားပြီဆို‌တော့ သူ့ကိုယ်ပိုင်ရာထူးကို ပြန်ရလာပြီလေ”

စုဟွေ့—အိုး၊ မဟုတ်ဘူး- ကျစ်ရှားသည် မရေမရာလောက်သာ ပြောပြလိုက်သော်လည်း ရှောင်းကောကတော့ ယင်း၏ အဓိပ္ပါယ်ကို နားလည်သည်။

သူတို့နှစ်ယောက် စကားစမြည်ပြောရင်းဖြင့် ရှောင်းကောလည်း လက်ရှိအခြေအနေအားလုံးကို ပိုနားလည်လာသည်။ လက်ရှိဧကရာဇ် ရှောက်ကျန့်နှင့် ကျစ်ရှား၏ အစ်မတို့သည် မြင်မြင်ချင်း ချစ်မိသွားခဲ့ကြသည်။ သို့ပေမယ့် သူတို့နှစ်ယောက်ကြားက အဆင့်အတန်းကွာခြားမှုကြောင့် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ဖုံးကွယ်ထားရုံသာ တတ်နိုင်ခဲ့သည်။

ရှောက်ယိကို မွေးသည့်အခါ သူ့မိခင်သည် ခက်ခဲစွာမွေးဖွားခဲ့ရပြီးနောက် ကွယ်လွန်သွားခဲ့သည်။ ထိုအချိန်တွင်၊ ရှောက်ကျန့်သည်လည်း ကလေးကို ကိုယ်တိုင်ပြုစုပျိုးထောင်ရန် မသင့်လျော်နေပေ။ ထို့ကြောင့် သူသည် ကလေးကို သူ့ခယ်မနှင့်ယောက်ဖဖြစ်သူ ကျစ်ရှားနှင့်ထန်ကျူးထံတွင် အပ်ခဲ့ရသည်။

ယခု ရှောက်ယိလည်း နန်းတော်သို့ပြန်ရောက်လာပြီး အိမ်ရှေ့စံမင်းသားဖြစ်လာတဲ့အခါ ကျစ်ရှားနှင့်ထန်ကျူတို့မှာ သူ့အားစိုးရိမ်သည်ကြောင့် နန်းတော်သို့ အတူလိုက်လာခဲ့ကြသည်။ ကျစ်ရှားကို လက်ထောက်အဖြစ်ခန့်အပ်ခဲ့ပြီး ထန်ကျူကို ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ကြီးကြပ်ရန် အလုပ်သမားဝန်ကြီးဌာနသို့ စေလွှတ်ခဲ့သည်။

သူတို့စကားစမြည်ပြောဆိုရာကနေ ကျွမ်းကျွမ်းနှင့် သူမတို့ဟာ ယန်ရှင်းနန်းဆောင်၏ ဘေးဘက်ခန်းမတွင် နေထိုင်နေကြကြောင်းကို ရှောင်းကောသိလိုက်ရသည်။ သူမတို့ ဒီကိုရောက်လာတဲ့အချိန် ရထားလုံးဖြင့် ဤနေရာ၏ ပင်မဝင်ပေါက်ဆီ တိုက်ရိုက်ခေါ်ဆောင်လာခဲ့တာဖြစ်သည်။ ထို့ကြောင့် ရှောင်းကောသည် သူမဘယ်မှာရှိနေသည်ကို လုံးလုံးမသိခဲ့ရပေ။ ယခု ကျစ်ရှားနှင့် စကားပြောပြီးသည့်အခါ သူမအား ဤနေရာသို့လာရန် ဘယ်သူခေါ်ခဲ့လဲဆိုတာကို ရှောင်းကောသိလိုက်သည်။

All Chapters