← Chapters

အခန်း (၃၁၇)

Vol. 22 Ch. 317

အခန်း (၃၁၇)

Vol. 22 Ch. 317

အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး

အပိုင်း ၃၁၇

မျှော်မှန်းထားသည့်အတိုင်း ထွက်ခွာမည့်ရက်က အကန့်အသတ်မရှိပေ။ ၁၅ ရက်ခန့်လောက်ဟု ယူဆထားသော်လည်း ရက်တော့ရှေ့မတိုးပေ။ အဲဒီအစား နှောင့်နှေးခဲ့သည်။ ၁၇ ရက် လောက်ထိ ရောက်သွားသည်။

ရှောင်းကော သည် ကျန်းတန်းဟယ် ၏စာထဲက ဖော်ပြချက်ကို လိုက်နာပြီး သူမရှေ့တွင် ထိုလူ၏မျက်နှာကို သေချာစစ်ဆေးခဲ့သည်။

ထိုအမျိုးသားရဲ့မျက်နှာ နီရဲသွားသည်အထိ သူမ အဝေးကို မကြည့်ခဲ့ပေ။ "သွားကြရအောင်။"

ယန်ကျားနှင့်အတူ အပိုသော့ကိုထားခဲ့ပြီးနောက် ကျွမ်းကျွမ်း ကို ရထားလုံးထဲသို့ ခေါ်သွားခဲ့သည်။

!!

ရထားလုံးထဲသို့ဝင်လိုက်သည်နှင့် ရှောင်းကော နဲ့ ကျွမ်းကျွမ်းတို့ ရှောခ့်ရသွားကြသည်။

ကျွမ်းကျွမ်း အာမေဋိတ်သံပြုတော့မည့်အချိန်မှာ

ရှောင်းကောက သူ့ ပါးစပ်ကို အုပ်လိုက်သည်။ သူ့ကိုယ်သူ အရှက်ခွဲလို့မဖြစ်ဘူး။

ကျွမ်းကျွမ်းကို လွှတ်ပေးလိုက်ပြီးနောက် ရှောင်းကောက သူနှင့်အတူ အလွန်ပျော့ပျောင်းသော ထိုင်ခုံကူရှင်ပေါ်တွင် ထိုင်ကာ တံခါးအပြင်ဘက်ရှိ လူချောအား "သွားကြရအောင်" ဟု ပြောခဲ့သည်။ ရထားလုံးစတင်ရွေ့လျားပြီးနောက်၊ နောက်ဆုံးတွင် သူမသည် ရထားလုံး၏အတွင်းပိုင်းကို ကောင်းမွန်စွာကြည့်ရှုနိုင်ခဲ့သည်။

ကျန်းတန်းဟယ်က သူတို့ကို လာခေါ်ဖို့ အလွန်ဇိမ်ကျသော ရထားလုံးကို စေလွှတ်ခဲ့သည်။ ရထားလုံးသည် အပြင်ဘက်တွင် သာမာန်ဟုမြင်ရသော်လည်း အတွင်းခန်းမှာ လုံးဝကွဲပြားသည်။

ကုတင်တစ်လုံး၊ လက်ဖက်ရည်စားပွဲ၊ သစ်သီးများနှင့် စာတိုလေးများ ပါရှိသည်။ ၎င်းသည် အလွန်ကောင်းမွန်စွာ တပ်ဆင်ထားပြီး သူမမြင်ဖူးသော ခရိုင်တရားသူကြီးထက် အဆများစွာ ပိုဇိမ်ကျနေသည်။

ရထားလုံးပေါ်ရှိ ကူရှင်တွေက အိပ်မက်တစ်ခုလိုပင်။ ရထားလုံးက ဘယ်လောက်ပဲ ကြမ်းနေပါစေ အတွင်းထဲမှာ ဘာမှ မခံစားရဘူး။

ကျွမ်းကျွမ်း ကူရှင်ပေါ်တွင် ထိုင်ကာ ပြင်းထန်စွာ ဖိချလိုက်သည်။ “မေမေ၊ အရမ်းခုန်နေတယ်” ဟု အံ့သြစွာပြောလိုက်သည်။

ရှောင်းကော ဝမ်းသာအားရ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

ဒီတစ်သက် ဇိမ်ခံရထားလုံးပေါ်မှာ ထိုင်ရတာက သူမကို ရယ်မောကာ အိမ်မက်တွေကနေ နှိုးထစေဖို့လုံလောက်တဲ့ ကိစ္စတစ်ခုပင်။

ရထားလုံးသည် မိုးလင်းမှ ညနေအထိ တစ်နေကုန် သွားလာခဲ့သည်။ ရထားလုံး နှေးကွေးသွားသည်ကို ရှောင်းကော ခံစားရသောအခါ၊ သူမသည် သူမ၏ရင်ခွင်ထဲတွင် အိပ်ပျော်နေသော ကျွမ်းကျွမ်းကို ညင်သာစွာလှဲချပေးလိုက်သည်။ ထို့နောက် ကန့်လန့်ကာကို မပြီး အပြင်ကို လှမ်းကြည့်လိုက်သည်။

မလှမ်းမကမ်းတွင် ကောင်းကင်ယံ၌ မီးတောက်မီးလျှံများ တောက်ပနေသည်။ သံချပ်ကာတပ်သားတွေက ချွန်ထက်သောလှံများ ကိုင်ဆောင်ကာ တန်းစီကာ ကင်းလှည့်နေကြသည်။ သပ်ရပ်ပြီး ပေါ့ပါးတဲ့ ခြေသံတွေ အဆက်မပြတ် ထွက်ပေါ်နေသည်။

စခန်းအလယ်တွင် အရွယ်အစား အမျိုးမျိုးရှိသော တဲများရှိသည်။ သူမရှိရာကနေ နွေးထွေးတဲ့ တဲရဲ့ ဦးတည်ရာဆီကနေ မွှေးကြိုင်တဲ့ အသားနံ့တွေ သင်းပျံ့နေခဲ့သည်။

ရထားလုံးနှင့် မြင်းတွေကို ဘေးနားမှာ သပ်ရပ်စွာ ရပ်ထားကြသည်။ တစ်နေ့တာလုံး မောင်းနှင်လာပြီးနောက် အားလုံး အနားယူနေကြသည်။

သူတို့ ဝင်ပေါက်သို့ ရောက်သည်နှင့် အမှောင်ထုထဲမှ ထွက်လာသော ပုံသဏ္ဍာန်ကို သူမ တွေ့လိုက်ရသည်။

ရှောင်းကော အနီးကပ်ကြည့်လိုက်တော့ အချိန်အတော်ကြာစောင့်ဆိုင်းနေခဲ့တဲ့ ကျန်းတန်းဟယ်ဖြစ်သည်ကို သဘောပေါက်သွားသည်။ သူမ မျက်မှောင်ကြုတ်ထားတာက ချက်ချင်း ပြေလျော့သွားခဲ့သည်။

ကျန်းတန်းဟယ်က သူမကို ချက်ချင်းတွေ့လိုက်ရသည်။ သူ့မျက်နှာက ကြည်လင်လာပြီး အမြန်လျှောက်လာခဲ့သည်။

စစ်သည်တွေက ကျန်းတန်းဟယ်ကို မြင်သောအခါ ချက်ချင်း ဦးညွှတ်ကြသည်။ သူ သူတို့ကို ကြည့်ဖို့တောင် အချိန်မရသေးဘဲ ရှောင်းကောဆီကို ဖြတ်လျှောက်သွားခဲ့သည်။

"စစ်သူကြီး!"

ကျန်းတန်းဟယ်သည် ရှောင်းကောနဲ့ ကျွမ်းကျွမ်းတို့ကို ဤနေရာသို့ ခေါ်ဆောင်လာသော လူငယ်ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ "မင်းရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်!"

ထိုလူသည် ထိုစကားကိုကြားသောအခါ ရှက်သွားသည်။ သူ စိတ်လှုပ်ရှားစွာနဲ့ပြန်ပြောခဲ့သည်။ "ဒါက ခက်ခဲတဲ့အလုပ်မဟုတ်ပါဘူး!"

"ပြန်ပြီး အနားယူလိုက်တော့"

အဲဒါနဲ့ ထိုလူက ဦးညွှတ်ပြီး ဝမ်းသာအားရ ထွက်သွားသည်။

ခြေလှမ်းသုံးလှမ်းနဲ့ ကျန်းတန်းဟယ်က ရထားလုံးပေါ်ရောက်နေပြီ။ သူ ကန့်လန့်ကာကို မလိုက်ပြီး ရှောင်းကောကို ခေါ်ဖို့လုပ်ခါနီးမှာ သူမက သူ့ကို တားလိုက်သည်။

ရျောင်းကောက အိပ်ပျော်နေတဲ့ ကျွမ်းကျွမ်းကို ညွှန်ပြခဲ့သည်။ ကျန်းတန်းဟယ် ချက်ချင်း သဘောပေါက်သွားသည်။ သူ ရယ်လိုက်ပြီး ကောင်လေးကို ဂရုတစိုက် ကောက်ချီလိုက်သည်။ ဒီအချိန်မှာ ကျွမ်းကျွမ်းက ရုတ်တရက် လှည့်သွားသည်။ ကျန်းတန်းဟယ် အလွန်တုန်လှုပ်သွားပြီး ချက်ချင်း နေရာတွင်ပင် အေးခဲသွားသည်။ ကျွမ်းကျွမ်းထပ်ပြီး အိပ်ပျော်သွားသည်အထိ သူ မလှုပ်မရှားခဲ့ပေ။

"သွားရအောင်"

ကျန်းတန်းဟယ်က ရထားလုံးပေါ်မှ ဆင်းလာသော ရှောင်းကောကိုကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

ရှောင်းကော ခေါင်းညိတ်ပြီး သူမရဲ့အိတ်ကို ကိုင်ကာ သူ့နောက်ကို လိုက်သွားခဲ့သည်။

ကျွမ်းကျွမ်းကို သူ့ရင်ခွင်တွင် ချီထားစဉ် ကျန်းတန်းဟယ်ရဲ့ပုံစံက အဲ့တာကို နေသားမကျသလိုဖြစ်နေသည်။ သူသည် အတော်အတန် တောင့်တင်းနေပြီး အဆင်မပြေနေပုံပေါ်သည်။ အကယ်၍ ကျွမ်းကျွမ်းသာ အိပ်မပျော်နေပါက ရှောင်းကော ကျယ်လောင်စွာ အော်ရယ်နေပေလိမ့်မည်။ ကျန်းတန်းဟယ်က သက်ရှိစက်ရုပ်လိုပင်။

သူတို့သုံးယောက် မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက်တွင် ရပ်နေကြသော အစောင့်စစ်သားများက တီးတိုးရယ်မောခဲ့ကြသည်။

ရှောင်းကောသည် ကျန်းတန်းဟယ်နှင့်အတူ တဲထဲသို့ ဝင်လိုက်သည်။ ခွေးခြေခုံတစ်လုံးကို တွေ့တော့ လွယ်အိတ်ကို ချလိုက်သည်။ အတွင်းခန်းကို ကောင်းကောင်း မကြည့်ခင် ကျန်းတန်းဟယ်က ကျွမ်းကျွမ်းကို ကိုးရိုးကားရားနိုင်စွာ ချလိုက်တာကို တွေ့လိုက်ရသည်။ အရင်ဆုံး သူ့ခေါင်းကို ဘယ်မှာထားရမှန်း သူ မသိပေ။ သူ့ကို ချလိုက်ပြီးနောက် သူ့လက်ကို မဆွဲထုတ်နိုင်တော့ဘဲ ကျွမ်းကျွမ်းကို မချီပြီး လှဲချလိုက်ပြန်သည်။ သူ့ရဲ့ ဆက်တိုက် လုပ်ရပ်တွေက ကောင်လေးကို နှိုးမိလုမတတ်ပင်။

ရှောင်းကော သည်းမခံနိုင်တော့ဘဲ ကျွမ်းကျွမ်းကို ချီပြီး ကုတင်ပေါ် ကျွမ်းကျင်စွာ ချလိုက်သည်။ ကျန်းတန်းဟယ်က သူမဘေးမှာ ရပ်နေပြီး ကောင်လေးကို စောင်ခြုံပေးခဲ့သည်။ ရှောင်းကောက စောင်ကို ထပ်မံမလိုက်ပြီး ဗိုက်ကိုဖုံးပေးရန် ထောင့်တစ်ခုသာကျန်တော့သည်။

ဒီရာသီဥတုမှာ သူ့ကို စောင်တစ်ထည်လုံးနဲ့ ခြုံပေးဖို့ဆိုတာက နည်းနည်းပူသည်။ ထို့အပြင် ကျွမ်းကျွမ်းက သူ့အဝတ်အစားများကို ၀တ်ထားဆဲဖြစ်သည်- သူ့ဗိုက်ကို ဖုံးထားရုံဖြင့် လုံလောက်လိမ့်မည်။

ကျန်းတန်းဟယ်က ရှောင်းကော၏ ရင်းနှီးသော လှုပ်ရှားမှုများကို ကြည့်ပြီး အချိန်အတော်ကြာ စဉ်းစားနေခဲ့သည်။

"ဘာဖြစ်လို့လဲ"

ရှောင်းကော ပြီးသွားတဲ့အခါ သူမ ထူးဆန်းတဲ့အသွင်အပြင်ရှိနေတဲ့ ကျန်းတန်းဟယ်ကို တွေ့လိုက်ရသည်။ သူဘာတွေ တွေးနေမှန်းမသိပေမယ့် သူ့မျက်နှာမှာ အပြစ်ရှိမှုတွေနဲ့ ပြည့်နေသည်။

"ဟင့်အင်း၊ ဘာမှမဟုတ်ပါဘူး" ကျန်းတန်းဟယ် ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ "စကားမစပ် စားဖို့ အဆင်သင့်ပြင်ထားတယ်၊ ကိုယ်တို့ စားဖို့ ကျွမ်းကျွမ်းကို နှိုးလိုက်မလား"

“အင်း…” ရှောင်းကောက ကျွမ်းကျွမ်းကို တုံ့ဆိုင်းစွာဖြင့် ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ "ကျွန်မ သူ့ကို အခုနှိုးလိုက်မယ်။"

တနေကုန် ခရီးထွက်လာပြီး အများကြီး မစားထားခဲ့ကြပေ။ ကျွမ်းကျွမ်းသည် အစောပိုင်းတွင် ဗိုက်ဆာနေခဲ့သော်လည်း သူမ သူ့ကို ချော့ကာ အိပ်ခိုင်းခဲ့သည်။

ကျန်းတန်းဟယ်က ခေါင်းညိတ်ပြပြီး အစားအသောက်တွေ ယူလာဖို့ ထွက်သွားခဲ့သည်။ ရှောင်းကောနဲ့ ကျွမ်းကျွမ်းတို့ မစားရသေးဘူးဆိုတာ သူသိနေတဲ့အတွက် သူလည်း မစားထားပေ။ သူက သူတို့နဲ့ အတူစားဖို့ စောင့်နေခဲ့တာ။

"ကျွမ်းကျွမ်း၊ ကျွမ်းကျွမ်း "

ကျန်းတန်းဟယ် ထွက်သွားပြီးနောက် ရှောင်းကောက အိပ်ရာပေါ်သို့ တက်လာပြီး ကျွမ်းကျွမ်းကို ဖွဖွလေးနမ်းလိုက်သည်။ နှစ်ကြိမ်ခေါ်ပြီးနောက် အလုပ်မဖြစ်ပေ။ သူမသည် သူမ၏ အဆုံးစွန်သော လှုပ်ရှားမှုကို အသုံးပြုခဲ့ရသည်။

သူမလက်ထဲသို့ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး သူ့အဝတ်အစားထဲသို့ ထိုးထည့်လိုက်သည်။ နူးညံ့သော အသားစများကို ထိတွေ့လိုက်သောအခါတွင်တော့ သူမ သူ့ကို ယားအောင်လုပ်လိုက်သည်။

“ဟမ် ၊ဟားဟား…”

အိပ်ပျော်နေသော ကျွမ်းကျွမ်းက ကလိထိုးမှုကြောင့် နိုးလာသည်။

သူနိုးလာတာကိုမြင်တော့ ရှောင်းကောက သူမလုပ်နေတာတွေကို ရပ်ပြီး အိပ်ချင်မူးတူးဖြစ်နေတဲ့ မျက်နှာလေးကို ပွတ်သပ်လိုက်သည်။ "မေမေတို့ရောက်ပြီ၊ သားအဖေက ထမင်းသွားယူဖို့ ထွက်သွားတယ်။ ထတော့စားဖို့ပြင်ကြမယ်"

ကျွမ်းကျွမ်းက သူမစကားကြားသောအခါ ပတ်ပတ်လည်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။ ရထားလုံးထဲမှာ မရှိနေတော့ဘူးဆိုတာကို သူ သဘောပေါက်သွားသည်။ ဒီအတွေးနဲ့ သူ စိတ်အားထက်သန်စွာ ခုန်ဆင်းပြီး ပတ်ပတ်လည်ကို ကြည့်ဖို့ သူ့ဖိနပ်ကို စီးလိုက်သည်။

သူ၏ ရုတ်တရက် စိတ်ဝင်စားမှုကို မြင်လိုက်ရတော့ ရှောင်းကော အနည်းငယ် အံ့ဩသွားသည်။ လွန်ခဲ့သည့်အခိုက်အတန့်တွင် သူသည် ပင်ပန်းနွမ်းနယ်နေသည့်ပုံပေါက်နေသော်လည်း ယခုအခါ သူပြန်ပြီး တက်ကြွနေပြန်သည်။

“မေမေ… သား ရထားလုံးပေါ်မှာ ထပ်မထိုင်ချင်တော့ဘူး။ အရမ်းပင်ပန်းတယ်”

ကျွမ်းကျွမ်းက ခုန်ပေါက်ပြီးတာနဲ့ ရပ်လိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။

"မနက်ဖြန် တစ်ခါထိုင်ရဦးမယ်"

ရှောင်းကော စကားမပြောမီ ကျန်းတန်းဟယ်၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

ကျွမ်းကျွမ်းက သူ့အဖေကို အရမ်းလွမ်းနေတာ။ သူဝင်လာတာကိုမြင်တော့ ချက်ချင်းပြေးသွားပြီး သူ့ခြေထောက်တွေကို ဖက်ထားလိုက်သည်။ ကျန်းတန်းဟယ်က သူ့လက်ထဲတွင် ဗန်းကိုကိုင်ထားသော်လည်း ကျွမ်းကျွမ်းကို လက်တစ်ဖက်တည်းဖြင့် ကောက်ချီနိုင်သေးသည်။

သားအဖနှစ်ယောက် ပြီးခဲ့တုန်းက ဉာဏ်ရည်ဉာဏ်သွေးနဲ့ သတ္တိရှိရှိ ရုန်းကန်ခဲ့ကြပေမယ့် အခုချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ဆိုးဆိုးရွားရွား လွမ်းနေခဲ့ကြသည်။

ရှောင်းကော လမ်းလျှောက်သွားပြီး သူ့ဆီက ဗန်းကို ယူလိုက်သည်။ စားပွဲပေါ်တင်လိုက်ပြီး သားအဖပြန်ဆုံသည့် မြင်ကွင်းကို ကြည့်လိုက်မိသည်။ သူမ မနာလိုဖြစ်စွာ ပြောလိုက်သည်။ "ရှင်တို့ ထမင်းကောစားကြဦးမှာလား"

သူမ ကျွမ်းကျွမ်းကို ဒီလို ဖက်ထားလို့ မရနိုင်ပေ။ သူမ ကျန်းတန်းဟယ်ကို တကယ်ပင် အားကျပြီး မနာလိုဖြစ်ခဲ့သည်။

"စားမှာ စားမှာ စားမှာ !" ကျွမ်းကျွမ်း ပထမဆုံးဖြေဆိုသူဖြစ်သည်။

ကျန်းတန်းဟယ်က ပြုံးပြီး သူ့ဘေးကထိုင်ခုံကိုမယူခင် ကျွမ်းကျွမ်းကို ထိုင်ခုံပေါ် ချပေးလိုက်သည်။

ဗန်းပေါ်တွင် ဆန်ပြုတ်၊ ပေါင်းထားသော ပေါက်စီအနည်းငယ်၊ အသီးအရွက်ကြော် သုံးပန်းကန်နှင့် သိုးသားတုံးကင်တစ်ပန်းကန်တို့ ပါရှိသည်။

ရှောင်းကောရဲ့ အစာစားချင်စိတ်က နည်းနေသေးသည်။ ဆန်ပြုတ်တစ်ပန်းကန်နဲ့ ပေါင်းထားတဲ့ ပေါက်စီတစ်ဝက်ကို စားပြီးတာနဲ့ သူမ ဗိုက်ပြည့်သွားသည်။

ကျန်းတန်းဟယ်က သူမကို ပိုစားစေချင်ပေမယ့် အစာမကြေမှုကြောင့် သူမ တခါတုန်းက အိပ်ရေးပျက်ခဲ့ရတာကို ရုတ်တရက် သတိရသွားသည်။ တွေးလိုက်တိုင်း သူ့နှလုံးသားက နာကျင်လွန်းလို့ အဲ့တာကို စွန့်လွှတ်လိုက်သည်။ သူသည် ကျန်ရှိသော အသီးအရွက်များကို ကျွမ်းကျွမ်းနှင့်သာ ဆက်စားနိုင်ခဲ့သည်။

ကျန်းတန်းဟယ်က ပန်းကန်ပြားတွေကို ပြန်ယူသွားပြီးနောက် ရေနွေးပူပူတစ်ဇလုံနဲ့ ပြန်ရောက်လာခဲ့သည်။ "အခုကတော့ အဆင်မပြေဘူး။ ရေချိုးချင်ရင် မနက်ဖြန်ရောက်မှ မင်းအတွက် ပြင်ဆင်ပေးမယ်"

ရှောင်းကော ခေါင်းညိတ်လိုက်သည်။ "သိပါပြီ"

သူမ ရေချိုးရန် အလျင်စလို မဖြစ်ခဲ့ပေ။ အပြင်မှာ လူတွေအများကြီးရှိသေးသည်။ အခြေအနေတွေက ခွင့်ပြုထားရင်တောင် ဒီမှာ ရေချိုးရမှာကို သူမ ရှက်လွန်းသည်။

သူမသည် ကျွမ်းကျွမ်းနှင့် သူမရဲ့ခန္ဓာကိုယ်ကို ရေပတ်တိုက်ရန် ရေကိုအသုံးပြုခဲ့သည်။

ကျွမ်းကျွမ်းသည် ယခုအချိန်တွင် အနည်းငယ် အိပ်ငိုက်နေပြီဖြစ်သည်။ ညစာအပြီးသတ်ရန် သူ၏နောက်ဆုံးဆန္ဒကို အသုံးချခဲ့သည်။ ဤအခိုက်အတန့်တွင် သူ မျက်လုံးတွေကို မဖွင့်နိုင်တော့ပေ။ သူ့ကြည့်ရတာ စက္ကန့်တိုင်း လွတ်သွားသလိုပင်။

All Chapters