← Chapters

အခန်း (၁၃၅)

Vol. 9 Ch. 135

အခန်း (၁၃၅)

Vol. 9 Ch. 135

'တကယ့်ဟာသပဲ! အခုချိန်မစားရင် နောက်တစ်ခါ အခွင့်အရေးက ဘယ်တော့မှ ရမှာတဲ့လဲ? ဒါတွေအားလုံးက နန်းတော်က အစားအစာတွေလေ။ ဒါက ဘယ်လိုတောင်ဂုဏ်သရေ ကြီးမားလိုက်သလဲ။'

သားအမိနှစ်ယောက်ဟာ စစားလိုက်ကြပြီး အစားအသောက်ကို အလဟသ မဖြုန်းတီးမိစေရန် ကြိုးစားလိုက်ကြပေမယ့် စားပြီးချိန်မှာတော့ အစားအသောက်တွေဟာ အများကြီးကျန်နေသေးသည်။ ဟင်းတွေက အရမ်းများသည်။ သူတို့နှစ်ယောက်လုံး အကုန်စားကုန်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ ကူကယ်ရာမဲ့စွာဖြင့် နန်းတော်မှအစေခံတွေ စားကြွင်းစားကျန်ကို ယူသွားတာကိုဘဲ နောင်တရစွာဖြင့် ကြည့်နေနိုင်တော့သည်။

သူမကိုယ်သူမ အရှက်ခွဲမိမှာစိုးတာကြောင့်တာမဟုတ်ရင် ရှောင်းကောမှာ အစားအသောက်တွေကို တကယ်ထုတ်ပိုးသွားချင်သည်။ နောက်တစ်ခုကတော့ နန်းတော်က ဟင်းလျာတွေဟာ ကြည့်ကောင်းရုံတင်မက နာမည်တွေကလဲ နားထောင်ကောင်းကာ အရသာလည်းရှိလှသည်။ ဒါ့အပြင်၊ ဤအရာဟာ သူမဘ၀တွင် အမှန်တကယ် ဖြစ်ပျက်ခဲ့တာပင်။ သူမအနေဖြင့် အချိန်အတော်ကြာတဲ့အထိ ကြွားဖို့လုံလောက်သည်။

'ချင်းရှောင်းကောက နန်းတော်က အစားအစာကို စားဖူးတယ်ဟ!'

မိန်းမစိုးစုသည် အချိန်မီခန်းမထဲတွင် ပေါ်လာသည်။ ထိုအချိန်တွင် နန်းတော်အစေခံများသည် ပန်းကန်ပြားများကို သိမ်းလိုက်ကြသည်။

"မိန်းကလေးချင်း စားလို့ကောင်းရဲ့လား?"

မိန်းမစိုးစု၏ အပြုံးသည် နွေးထွေးပြီးကြင်နာသော်လည်း ရှောင်းကော၏ မျက်လုံးထဲတွင်တော့ ၎င်းတွင်ပိုမိုလေးနက်သည့် အဓိပ္ပါယ်ရှိနေသည်။

'စားလို့ကောင်းရဲ့လား? ဒီဟာတွေစားပြီးရင် သူမသေမှာလား? ကြိုးပေးခံရတဲ့အကျဉ်းသားတွေက သူတို့ရဲ့နောက်ဆုံးထမင်းစားရချိန်မှာ အစားအသောက်ကောင်းတွေကို စားရတယ်မဟုတ်လား?'

ရှောင်းကောမှာ သူမ၏ကိုယ်ပိုင် စိတ်ကူးကြောင့် တုန်လှုပ်သွားမိသည်။ သူမအနေဖြင့် တော်ဝင်မိသားစုနှင့် ရန်စမရှိတာကြောင့် သူမအသက်ကို သတ်ဖို့အကြောင်းမရှိပေ။ 'သူမ သိပ်ပြီးစိတ်ပူမနေသင့်ဘူး။'

ရှောင်းကောသည် သူမကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြင်ဆင်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်ပြီး သူမရဲ့ခံစားချက်တွေကိုဖုံးကွယ်ရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ သူမ တတ်နိုင်သလောက် ပုံမှန်အတိုင်းပြောလိုက်သည်။

ရှောင်းကောလည်း မိန်းမစိုးစုကို ကောင်းကောင်းမွန်မွန်ပြန်ပြောကာ မိန်းမစိုးစုတွင်လည်း ကောင်းကောင်းမွန်မွန် ဆက်ဆံလိုသည့် ရည်ရွယ်ချက်ရှိသည်ကြောင့် သူတို့ကြားတွင် အတော်လေး ရင်းရင်းနှီးနှီး စကားစမြည်ပြောဖြစ်ခဲ့သည်။

ခဏအကြာ ရှောင်းကောသည် သူမ၏သံသယများကိုရှင်းလင်းရန် မိန်းမိစိုးစုအား မေးဖို့ကြိုးစားလိုက်သည်။

"မိန်းမစိုးစု ကျွန်မ ဘာလို့ဒီကိုရောက်နေတာလဲ?"

“ကောင်းပြီ၊ ခဏနေကျရင် မင်းကို တစ်ယောက်ယောက်က ရှင်းပြပေးလိမ့်မယ်။ ကျေးဇူးပြုပြီး စိတ်ရှည်ရှည်ထားပါ"

မိန်းမစိုးစု၏ မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သည့်အကြည့်ကို တပ်ဆင်ထားသည့်အတွက် ရှောင်းကောမှာ သူ့ကိုငြင်းဆန်ခြင်းမပြုနိုင်တော့ပေ။ လမ်းတစ်လျှောက်တွင် လူတိုင်းဟာ သူမထံမှ တစ်စုံတစ်ရာကို ဖုံးကွယ်ထားပုံရသည်။ 'ဘယ်လိုလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတာများလဲ?'

ရှောင်းကောသည် သူမပုံ ထူးထူးဆန်းဆန်း မဖြစ်နေစေရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်ပြီး သူမရင်ခွင်ထဲမှ ကျွမ်းကျွမ်းကို လက်ဖြင့် အသာလေးပုတ်လိုက်သည်။ ဒီကောင်လေးဟာ ထမင်းစားပြီးတာနဲ့ အိပ်ငိုက်တော့တာပင်။ သူ့ပတ်ဝန်းကျင်ကို သတိမမူမိဘဲ ရှောင်းကော၏ ရင်ခွင်ထဲတွင် လျင်မြန်စွာ အိပ်ပျော်သွားသည်။

ရှောင်းကောသည် သူမပေါင်ပေါ်ရှိ ကျွမ်းကျွမ်း၏ အနေအထားကိုချိန်ညှိရန် ကြိုးစားလိုက်သည်။ မိန်းမစိုးစုသည် သဘောပေါက်လွယ်သူဖြစ်သည်။ ကျွမ်းကျွမ်း အိပ်ငိုက်နေသည့်ပုံပေါ်ကတည်းက သူသည် တခြားအစေခံတွေကို အနားယူဖို့အခန်းပြင်ပေးရန် ညွှန်ကြားလိုက်သည်။

"ကလေးအနားယူဖို့ ဒီလမ်းအတိုင်းခေါ်သွားလိုက်ပါ"

မိန်းမစိုးစုသည် "ကလေး" ဟူသည့် စကားလုံးကို ပြောနေချိန်တွင် ခဏလောက်ရပ်သွားမိသည်။ ထိုကောင်လေးကို "သခင်လေး" ဟု သူခေါ်မိလုနီးနီးပင်။ သူ့ပါးစပ်ထဲက စကားလုံးတွေ မထွက်လာခင် “ကလေး” ဆိုတဲ့ စကားလုံးကို အစားထိုးသုံးနိုင်လိုက်သည်။ ကံကောင်းစွာနဲ့ ရှောင်းကောရဲ့အာရုံကို သူမဆွဲဆောင်နိုင်လိုက်ပေ။

ရှောင်းကောလည်း သူ၏ ကြင်နာသည့်ကမ်းလှမ်းမှုကိုလက်ခံလိုက်ပြီး ကပ်လျက်အခန်းတစ်ခုသို့ မသွားခင် သူ့ကိုကျေးဇူးတင်စကား ပြောလိုက်သည်။

အိပ်ရာ ပြင်ထားပြီးပြီဖြစ်သည်။ ရှောင်းကောသည် ကျွမ်းကျွမ်းအား အိပ်ရာပေါ်အသာချလိုက်ကာ သူ့ဖိနပ်ကိုချွတ်ပေးလိုက်ပြီး စောင်ခြုံပေးလိုက်သည်။

ဒါကိုမြင်တော့ မိန်းမစိုးစုလည်း အကြောင်းပြချက်တစ်ခုပေးလိုက်ပြီး သူတို့အား ကောင်းကောင်းအနားယူရန်ပြောလိုက်သည်။ ဒီည တစ်စုံတစ်ယောက်က သူမကို ဆင့်ခေါ်လိမ့်မည်ဟု သူပြောလိုက်သည်။

ရှောင်းကော ခေါင်းညိတ်ပြလိုက်သည်။ သူဘာကိုဆိုလိုလဲဆိုတာ သူမ သိသည်။ သူမသည် ယနေ့ညတွင် သူမ၏ ခရီးစဉ်နောက်ကွယ်ရှိ ရည်ရွယ်ချက်အစစ်အမှန်ကို သိရလိမ့်မည်ဖြစ်သည်။

မှန်သည်။ ကျန်းမိသားစုမှ အကြီးအကဲနှစ်ဦးအား မြို့တော်သို့ ပြန်လည်ခေါ်ဆောင်ရန် သူမဒီကိုလာရခြင်း၏ ရည်ရွယ်ချက်မှာ ဒုတိယဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ ကျွမ်းကျွမ်း၊ သူမကိုယ်တိုင်နှင့် ဆက်စပ်နေတာ ဖြစ်လောက်သည်။

ရှောင်းကော တံခါးကိုပိတ်ကာ ကုလားထိုင်တစ်ခုတွင် ထိုင်လိုက်သည်။ သူမသည် တော်ဝင်မိသားစုနှင့် မည်သို့ပတ်သတ်နေကြောင်း မှတ်မိနိုင်ရန် ကြိုးစားလိုက်သည်။ သူမနှင့်မူလပိုင်ရှင်သည် တော်ဝင်မိသားစုနှင့် မည်သည့်ကိစ္စမှ မရှိကြောင်းသေချာစေရန် အကြိမ်ကြိမ်မှတ်ဉာဏ်ပြန်‌ခေါ်ရန် ကြိုးစားလိုက်သည်။ 'ထူးဆန်းတယ်။ ဒီခရီးစဉ်ရဲ့ တကယ့်ရည်ရွယ်ချက်ကဘာလဲ? တစ်ယောက်ယောက်က အောင်မြင်မှုတစ်ခုခုရဖို့ သူမကို အသုံးချနေတာများလား?'

ဒီအချိန် ကျွမ်းကျွမ်းရဲ့အသံက သူမကိုသတိပြန်ဝင်လာစေသည်။ သူမချက်ချင်းထကာ သူ့ကိုကြည့်ရန် သွားလိုက်သည်။ သူမှောက်အိပ်နေတာကြောင့် အသက်ရှုရတာအဆင်မပြေတာဖြစ်ကြောင်း သူမ သိလိုက်ရသည်။

ရယ်ချင်စွာဖြင့် ရှောင်းကော သူ့အား တစ်ဘက်သို့လှည့်စေကာ ဗိုက်ပွတ်ပေးလိုက်သည်။

သူ မသက်မသာဖြစ်နေတာ မဆန်းတော့ဘူး။ အစားအလွန်အကျွံလစားမိခြင်းကြောင့် သူ့ဗိုက်လေးဟာ ပူနေ၏။ 'ဒီကလေး ဘယ်လောက်တောင် ဗိုက်ဆာနေခဲ့တာလဲ?'

ရှောင်းကော ကျွမ်းကျွမ်း၏ မျက်နှာလေးအား ရွှင်မြူးစွာဖြင့် ညစ်လိုက်တော့ သူတိုးတိုးလေးညည်းလိုက်ကာ ပြန်အိပ်ပျော်သွားသည်။

ယန်ရှင်းနန်းဆောင်၌

"အရှင်မင်းကြီး"

မိန်းမစိုးစုသည် ရှောင်းကောတို့၏ နေရာမှ ထွက်လာပြီးနောက် ကပ်လျက်ရှိ ယန်ရှင်းနန်းဆောင်သို့ ပြန်ရောက်လာသည်။

ရှောင်းကောတို့အား ယန်ရှင်းနန်းဆောင်၏ ဘေးဘက်ခန်းမတွင် နေရာပေးခံထားရသည်။ ခန်းမနှစ်ခုအား အုတ်တံတိုင်းတစ်ခုဖြင့်သာ ခြားထားသည်။

" မိန်းကလေးချင်းတို့တွေ နေ့လည်စာ စားပြီးသွားပါပြီ။ နေ့ခင်းတစ်ရေးအိပ်နေတဲ့ သခင်လေးနဲ့အတူ ရှိနေပါတယ်"

ရှောက်ကျန့် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး သူ့လက်ထဲမှ စုတ်တံကိုချလိုက်သည်။ မိန်းမစိုးစုက ခဏရပ်လိုက်ပြီး စားပွဲရှင်းပေးဖို့ တစ်ယောက်ယောက်ကို ခေါ်ခိုင်းလိုက်သည်။

ရှောက်ကျန့်ထကာ သူ့နားနေရာ နေရာဆီလျှောက်သွားလိုက်သည်။ မိန်းမစိုးစုလည်း အနောက်မှနေ နီးကပ်စွာလိုက်လာသည်။

“သူ့မိသားစုက ငါတို့နဲ့အတူရှိနေကြောင်း ကျန်းတန်းဟယ်ကို အကြောင်းကြားလိုက်။ တခြားဘာမှ ပြောစရာတော့မလိုဘူး”

ရှောက်ကျန့်သည့် ညောင်စောင်းပေါ်တွင်ထိုင်ကာ မိန်းမစိုးစုအား ညွှန်ကြားလိုက်သည်။ "ပြီးတော့၊ ယန်ရှင်းနန်းဆောင်မှာ ညစာစားမယ်လို့ပြောလိုက်"

"အမိန့်တော်အတိုင်းပါ"

မိန်းမစိုးစုသည် ထွက်သွား‌တော့မလို့ လုပ်လိုက်ပေမယ့် ရှောက်ကျန့်အား တုံ့ဆိုင်းသွာဖြင့် ကြည့်လိုက်သည်။

“ပြောစရာရှိရင် ပြောပါ”

“အရှင်မင်းကြီး၊ ကျွန်တော်မျိုး ဝင်ပါမိလို့ ခွင့်လွှတ်ပေးပါ။ အရှင်မင်းကြီး အစားပိုစားသင့်တယ်။ အရှင်မင်းကြီး နည်းနည်းလေးပဲ စားတာမြင်တော့ ကျွန်တော်မျိုး မနေနိုင်လို့ပါ။ အရှင်မင်းကြီးမစားတဲ့ အနပ်တိုင်းဟာ ကျွန်တော်မျိုးရဲ့အသားကို လှီးဖြတ်နေသလိုပါပဲ"

မိန်းမစိုးစုဟာ ရှိုက်သံဖြင့်ပြောလိုက်သည်။ သူပြောတာ လုံးဝမှန်သည်။သူသည် ဤနှစ်တွင် အသက် ၅၆ နှစ်ပြည့်တော့မည်ဖြစ်သည်။ သူသည် ငယ်စဉ်ကတည်းက ယခင်ဧကရာဇ် ရှောက်ကျန့်၏ ဖခင်ထံ အမှုထမ်းခဲ့သည်။ နောက်ပိုင်းတွင် သူသည် ကံကောင်းထောက်မစွာဖြင့် အသက်ရှင်နိုင်ခဲ့ပြီး ငယ်ရွယ်သည့်ရှောက်ကျန့်နှင့်အတူ ယုံဟိုင်ကောင်တီသို့ လိုက်ပါသွားခဲ့သည်။ နှစ် ၃၀ နီးပါးအလုပ်ကျွေးပြုခဲ့သည်။ အရှင်မင်းကြီးငယ်ငယ်ကတည်းက သူ့အနားတွင်ရှိနေခဲ့သည်ဟု ဆိုနိုင်သည်။ ရှောက်ကျန့် သိပ်မစားတာကိုမြင်တော့ သူတကယ်စိုးရိမ်မိသလို ခံစားလိုက်ရသည်။

“အင်း၊ အင်း ၊အင်း။ ကျွန်တော်မျိုးလဲ အသက်ကြီးလာတော့ နာပူနာဆာလုပ်နေမိပြီ"

ရှောက်ကျန့် သူ့ကိုစိတ်မဆိုးပါချေ။ မိန်းမစိုးစု သူ့ကိုဘယ်လိုဂရုစိုက်တယ်ဆိုတာ သူ သိသည်သလို အရမ်းလည်းလေးစားသည်။

"အိုက်ယား အိုက်ယား စကားအလွန်အကျွံပြောမိလို့ ဒီကျွန်တော်မျိုးကို အပြစ်တင်ပါ"

မိန်းမစိုးစုသည် အပြောင်အပြက်သဘောဖြင့် သူကိုယ်သူရိုက်လိုက်တော့ ရှောက်ကျန့်က ကျယ်လောင်စွာဖြင့် ရယ်မောလိုက်သည်။

“ကောင်းပြီ၊ ခင်ဗျားလဲ အသက်ကြီးလာပြီဆိုတော့ ပိုပြီးအနားယူသင့်တယ်။ နန်းဆောင်က အလုပ်တွေကို တခြားသူတွေဆီ အပ်ထားပါ။ ကျွန်တော့်ရဲ့ကျန်းမာရေးကို ကျွန်တော်ဂရုစိုက်ပါ့မယ်"

မိန်းမစိုးစုသည် ဝမ်းသာအားရဖြင့် သက်ပြင်းချလိုက်ပြီး ထွက်ခွာမသွားမီ ဦးညွှတ်လိုက်သည်။

ရှောက်ကျန့် သူ့လက်ထဲက ရေနွေးကြမ်းခွက်ကို ချလိုက်ကာ ပြုံးနေတာကိုရပ်လိုက်သည်။ မိန်းကလေးချင်းတစ်ယောက် သူ့သားကိုပါ ခေါ်ဆောင်လာသည်ကို သူ ရုတ်တရက် သတိရသွားမိသည်။ 'ကောင်းတယ်။'

"တစ်ယောက်ယောက်ရှိလား?"

ရှောက်ကျန့် စကားမဆုံးခင် တစ်ယောက်ယောက်ဝင်လာသည်။

"အရှင်မင်းကြီး"

"ကွမ်နဥ်နန်း‌ဆောင်က ကျစ်ရှားကို ကျန်း-ချင်းမိသားစုရဲ့ သခင်ငယ်လေးနဲ့ ကစားဖို့ မင်းသားလေးကို ခေါ်လာခိုင်းလိုက်"

“ဟုတ်ကဲ့ပါ!”

အစောင့်က အမိန့်ကိုလက်ခံပြီး ထွက်သွားတော့ ရှောက်ကျန့် သူဘာသာသူပြုံးလိုက်သည်။ သူ့သားငယ်လေးလဲ သေအောင်ပျင်းနေသည့်ပုံပင်။ အနည်းဆုံးတော့ အခု သူနဲ့ကစားမယ့် ရွယ်တူတစ်ယောက် ရှိနေပြီ။ တစ်ချိန်တည်းမှာပင် ကျန်းတန်းဟယ်၏ သားနှင့် အနိုင်ယူရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။ ချင်းရှောင်းကောတစ်ယောက်ထဲ ဒီမှာရှိရုံနှင့်မလုံလောက်ပေ။ အရာအားလုံးက ကလေးအပေါ်မှာပဲ မူတည်နေသေးသည်။ အချိန်တန်ရင် ကလေးကို နေချင်အောင်ဆွဲဆောင်နိုင်သည်။ ဘယ်မိဘကမှ ကိုယ့်ကလေးရဲ့ဆန္ဒကို လျစ်လျူရှုပြီး အတင်းအကြပ် ခေါ်သွားမှာမဟုတ်ပေ။

“ဘယ်လောက်တောင် ပြောင်မြောက်လိုက်တဲ့ လှုပ်ရှားမှုလဲ!” ရှောက်ကျန့် ရေနွေးကြမ်းအား ပျော်ရွှင်စွာဖြင့် တစ်ငုံသောက်လိုက်သည်။ ခဲတစ်လုံးနှင့် ငှက်သုံးကောင်ပစ်လိုက်တာပင်။ မင်းသားငယ်လေးလည်း မပျင်းရတော့ပေ။ ကျန်းမိသားစုရဲ့သားကသာ ဆက်နေချင်တယ်ဆိုပါက သူ့မိဘတွေလည်း သေချာပေါက်နေမှာပင်။

မြို့တော်အပြင်ဘက်၌

"ဘုရားရေ! ကျန်းတန်းဟယ် မင်းအရမ်းလွန်တာပဲ!"

လီရှို့ကျီ တံခါးကိုဆွဲဖွင့်ကာ ကျန်းတန်းဟယ်အား အပြစ်တင်သလို ကြည့်လိုက်သည်။ 'ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?' သူ ဗိုလ်ချုပ်မဖြစ်ချင်သော်လည်း ကျန်းတန်းဟယ်ကတော့ သူ့ကို အတင်းအကြပ်လုပ်ခိုင်းနေသည်။ 'ဒါက တည်ကြည်တဲ့ ကျန်းတန်းဟယ်ဟုတ်သေးရဲ့လား?'

လီရှို့ကျီတစ်ယောက် သူ့ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ပေ။ ကျန်းတန်းဟယ်သာ သူ့ကိုစစ်တပ်စခန်းထဲကနေ အတင်းဆွဲခေါ်သွားရင် ကြောက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခု သူဖန်တီးရလိမ့်မည်။ ' သူ့ဂုဏ်သိက္ခာကရော? သူ ဂရုမစိုက်တော့ဘူးဘဲ။'

ပထမတော့ ကျန်းတန်းဟယ်သည် လီရှို့ကျီလက်ကို အစွမ်းကုန်ဆွဲလိုက်သည်။ မြေပြင်ပေါ်တွင် သူလူးလိမ့်နေသည်ကို မြင်လိုက်ရသည့်အခါ သူ၏နဖူးပေါ်ရှိသွေးကြောတွေ ပေါက်ထွက်သွားမတတ်ပင်။

အစကတော့ သူ့ပတ်ဝန်းကျင်ကို သတိမထားမိပေ။ သူ လှည့်ကြည့်လိုက်တော့ တံခါးဝတွင် စုဝေးနေသည့် လူတစ်စုက ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို လက်ညိုးထိုးနေတာမြင်လိုက်ရတော့ သူ့မျက်နှာ မည်းမှောင်သွားတော့သည်။ သူအံကြိတ်ကာ ရာဇသံပေးလိုက်သည်။

"ထစမ်း"

ဒီစကားနှစ်ခွန်းကိုကြားလိုက်ရရုံနှင့် လီရှို့ကျီ ဆံပင်မွှေးတွေ ထောင်လာသည်။ သူမြန်မြန်ထကာ အဝတ်အစားတွေပေါ်မှ ဖုန်တွေကိုသုတ်ခါလိုက်သည်။

သူတို့နှစ်ယောက် စကားမပြောရခင်မှာဘဲ မြင်းတစ်ကောင်ဟာ လေပြင်းတိုက်သလို ပြေးလွှားလညသည်။ ဆူညံသံစွာစုဝေးနေသည့် လူအုပ်သည် လူစုခွဲကာ တံခါးဝတွင်ရပ်လိုက်ကြသည်။

"နန်းတော်က စာလာပါတယ် ဗိုလ်ချုပ်"

ကျန်းတန်းဟယ် လှည့်လိုက်ပြီး သူ့အနားကပ်လာသည့်လူကို မျက်လုံးတွေ မှေးကျဉ်းကာကြည့်လိုက်သည်။ ရုတ်တရက် သူ ခံစားချက်မကောင်းတော့ပေ။

All Chapters