← Chapters

အခန်း (၄၄)

Vol. 3 Ch. 44

အခန်း (၄၄)

Vol. 3 Ch. 44

ကျန်းတန်းဟယ်လည်း ခေါင်းညိတ်လိုက်သည်။ အဲ့ဒီအချိန်တွင် တံခါးခေါက်သံ ထွက်လာသည်။ လီကျီရှို့လည်း ဘယ်သူလဲလို့ မေးလိုက်သည်။ ယွီကျစ်ကျစ်၏ ရှက်ရွံ့ချိုသာသည့် အသံကထွက်လာသည်။ “အစ်ကိုလီ၊ ကျွန်မပါ"

လီရှို့ကျီမှာ ရွေးချယ်စရာမရှိတော့ဘဲ တံခါးဖွင့်လိုက်ရသည်။ ယွီကျစ်ကျစ်၏ မျက်နှာကို မြင်လိုက်ရတဲ့အခါ သူ့မျက်နှာက ချက်ချင်း ယဉ်ကျေးသည့်အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ "မိန်းကလေးယွီ"

ယွီကျစ်ကျစ်သည် ရှက်ရှက်ဖြင့် ခေါင်းငုံ့ကာ လီရှို့ကျီကိုဖြတ်ရင်း ကျန်းတန်းဟယ်၏ နံဘေးသို့ လျှောက်သွားလိုက်သည်။ သူမ သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်ကာ သူမဘာသာ ကျေနပ်စွာဖြင့်တွေးလိုက်သည်။ 'သူက အရင်အတိုင်း ချောနေတုန်းဘဲ'

သူမကြည့်နေတာကို ကျန်းတန်းဟယ်သတိထားမိမှာစိုးတာကြောင့် ယွီကျစ်ကျစ်မှာ စားပွဲပေါ်ရှိ ပန်းကန်လုံးအလွတ်ဆီ အကြည့်အမြန်လွှဲလိုက်သည်။ သူမမြင်လိုက်ရသည့်အရာက သူမကို အရမ်းစိတ်လှုပ်ရှားသွားစေသည်။ 'ငါလုပ်ထားတဲ့ဆန်ပြုတ်တွေကို သူကုန်အောင်စားလိုက်တယ်။ သူတော့ ငါ့ကို အရမ်းကောင်းတဲ့မိန်းမလို့ ထင်သွားမှာဘဲ!'

"အစ်ကိုကျန်း စားလို့ကောင်းလားဟင်?"

ပြောရင်းဖြင့် သူမ မျက်လုံးထဲရှိ ခံစားချက်တွေကို ဖုံးကွယ်မထားနိုင်လိုက်ပေ။ သူမ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် နီမြန်းနေသည်။

ကျန်းတန်းဟယ်က မမှုစွာဖြင့်ပြန်ဖြေလိုက်သည်။ “အဆင်ပြေပါတယ်”

အတိအကျပြောရလျှင် အရသာမရှိပေ။ သို့ရာတွင်၊ ဘာပဲဖြစ်ဖြစ်သူမဟာ သူတို့ကယ်တင်ရှင်၏ သမီးဖြစ်သည်။ သူ့အနေဖြင့် အရမ်းတည့်တိုးကြီလုပ်လို့မရပါချေ။ သူ့အမူအကျင့်ကို သူသတိထားရမည်။

ယွီကျစ်ကျစ်က ကျန်းတန်းဟယ်ကို ရှက်ရွံ့စွာ ကြည့်လိုက်သည်။ 'ဘာလဲ? ကောင်းရင်လည်းကောင်းတယ်လို့ပြောလိုက်ပေါ့။ သူ ဒီလိုပြောဖို့ ရှက်နေလို့များလား?' ထိုအတွေးများက သူမစိတ်ထဲတွင် လည်ပတ်နေသဖြင့် ယွီကျစ်ကျစ်မှာ ရှက်ကိုးရှက်ကန်းအကြည့်ဖြင့် မျက်တောင်ခတ်နေတာမရပ်နိုင်တော့ပေ။

ယွီကျစ်ကျစ်တစ်ယောက် အခန်းထဲမှ ထွက်သွားဖို့ ရည်ရွယ်ချက်မရှိသေးကြောင်း တွေ့လိုက်ရသည်။ ကျန်းတန်းဟယ် မနေနိုင်ဘဲ သူမဘက်ကိုမျက်မှောင်ကြုတ်ကာကြည့်လိုက်သည်။

သို့သော် သူ့မှာ သူမ မျက်တောင်အဆက်မပြတ် ခတ်နေတာကိုသာ တွေ့လိုက်ရသည်။ ကျန်းတန်းဟယ်မှာ သူမမျက်လုံးတွေ မသက်မသာဖြစ်နေသည်ဟု ထင်တာကြောင့် သူမအား ဆေးသောက်ရန် အကြံပေးလိုက်သည်။ သူ့ရှေ့ရှိ ကောင်မလေးဆီကနေ နှာသံထွက်လာသည်။

ကျန်းတန်းဟယ်သာ ယွီကျစ်ကျစ် ဘာတွေးနေလဲဆိုတာသိရင် သူဆွံ့အသွားမိမှာပင်။ သူဟာ သူ့နည်းစနစ်အတိုင်း အစားကို မဖြုန်းတီးချင်တာကြောင့် ပန်းကန်လုံးထဲရှိ ဆန်ပြုတ်အားလုံးကို ကုန်အောင်စားလိုက်တာဖြစ်သည်။

ဒါတွေကို ဘေးကနေစောင့်ကြည့်နေတဲ့ လီရှို့ကျီမှာ ‌မနေနိုင်တော့ပေ။ ကျန်းတန်းဟယ်ဟာ ခပ်ဖြောင့်ဖြောင့်တွေးခေါ်တတ်သူဖြစ်သည်— သူ့ဆီမှ အကူအညီတချို့ လိုနေတဲ့ပုံပင်။ လီရှို့ကျီမှာ သူမကိုယ်ပိုင်စိတ်ကူးထဲတွင် နှစ်မြှုပ်နေဆဲဖြစ်သည့် ယွီကျစ်ကျစ်၏ အာရုံကိုဆွဲဆောင်ရန်အတွက် ချောင်းဟန့်လိုက်သည်။

“ကျွန်တော်ပြောတာက ကျွန်တော်တို့တွေ အစ်ကို့ရဲ့အိမ်နဲ့မဝေးဘူးလေ။ အစ်ကို့မိန်းမနဲ့ အမေကို သွားမတွေ့ချင်ဘူးလား?"

ယွီကျစ်ကျစ် ရှင်းရှင်းလင်းလင်းကြားနိုင်ရန်အတွက် "မိန်းမ" ဆိုသော စကားကိုသူတမင်တကာ အလေးပေးပြောလိုက်တာဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်း ယွီကျစ်ကျစ်၏ မျက်နှာဟာ ဖြူဖျော့သွားတော့သည်။ သူမ၏ သွယ်လျသည့်လက်တွေဟာ သူမ၏အဝတ်အစားထောင့်တွေကို ဆုပ်ကိုင်ထားသည်။ လီရှို့ကျီရင်ထဲ သက်ပြင်းချလိုက်မိသည်။ 'ငါ့ကို အပြစ်မတင်နဲ့'

အနားမှာအပြင်လူရှိနေတာကို လီရှို့ကျီ သူ့ကို ဘာလို့ဒီလိုလာ‌မေးမှန်း ကျန်းတမ်းဟယ်‌ မသိပေမယ့် ဒီစကားကြောင့် သူချက်ချင်း အာရုံပြောင်းသွားသည်။

သူ ဘယ်လိုလုပ် မပြန်ချင်ရမှာလဲ? သူ့အိမ်မက်ထဲမှာတောင် ပြန်ချင်နေတာ။ ဒါပေမယ့် သူ့မှာပြီးပြတ်အောင်လုပ်ရမည့် မစ်ရှင်ရှိသေးသလို သူတို့ကိုပါ မပါဝင်မပတ်သတ်စေချင်ပေ။ ဒါ့အပြင် အခုချိန်မှာ သူ မပေါ်လာချင်သေးပေ။ မဟုတ်ရင် သူ့သေဆုံးမှုအတုလုပ်ထားတာတွေက အဓိပ္ပါယ်မဲ့သွားလိမ့်မည်ပင်။ အိမ်က သူ့အမေနဲ့ ကြင်စဦးဇနီးအကြောင်းကို တွေးလိုက်မိသည်။ သူမ သူ့ကိုစောင့်နေသေးလား ဒါမှမဟုတ် ထားခဲ့ပြီလားဆိုတာ သူသိချင်သည်။ ဘာပဲဖြစ်ဖြစ်၊ အခုတော့ သူဟာတရားဝင်သေလူတစ်ယောက်ဖြစ်သည်။

အတွေးတွေထဲ နစ်မြုပ်နေတဲ့ ကျန်းတန်းဟယ်မှာ ယွီကျစ်ကျစ် ထွက်သွားတာကို သတိမထားမိလိုက်ပေ။ သူတို့နှစ်ယောက်ကို အနီးကပ်စောင့်ကြည့်နေတဲ့ လီရှို့ကျီမှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ယွီကျစ်ကျစ်ကို ပြန်လွှတ်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။ 'ဒါက မင်းကောင်းဖို့အတွက်ဘဲ၊ ငါ့ကို အပြစ်မတင်နဲ့'

–

ကျွမ်းကျွမ်းသည် နောက်ဆုံးစကားလုံးကို တိတ်တဆိတ်ရေးလိုက်ပြီး စာရွက်ကို ရှောင်းကောအား ပေးလိုက်သည်။ သူ့မျက်လုံးတွေက မျှော်လင့်ချက်တွေဖြင့် တဖျပ်ဖျပ်လက်နေသည်။

ရှောင်းကောက စာရွက်ကိုယူလိုက်ပြီး စကားလုံးတွေကို ကြည့်လိုက်သည်။ သူမ အံသြသွားသည်။ ကျွမ်းကျွမ်း ထပ်ပြီးအကုန်လုံးမှန်ပြန်ပြီ!

ခက်ခဲမှုအဆင့်ကို တိုးဖို့အတွက် သူမက စကားလုံးအဟောင်းနှင့် အသစ်တွေကိုရောကာ စမ်းသပ်လိုက်သည်။ ကျွမ်းကျွမ်း အားလုံးမှန်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။ ဒီကလေးက တကယ်ကြီး ဉာဏ်ကြီးရှင်များလား?

ကျွမ်းကျွမ်းသည် စကားလုံးအသစ်များကို ဆက်သင်ယူလိုသော်လည်း ရှောင်းကောကတော့ ငယ်စဉ်ကပင် အလုပ်နှင့် အားလပ်ချိန်အကြား ဟန်ချက်ညီမှုရှိသင့်သည်ဟု ခံစားရသည်။ သူမသည် မီးဖိုချောင်တွင် ချက်ပြုတ်ရာတွင် ကူညီရန်အတွက် ကျွမ်းကျွမ်းကို ခေါ်လိုက်သည်။

ကျွမ်းကျွမ်းသည် ထိုစကားကိုကြားသည့်အခါ စုတ်တံကိုချ စာအုပ်တွေကို အဝေးပို့လိုက်သည်။ ထို့နောက် မီးဖိုချောင်ကို လိုက်သွားလိုက်သည်။

"ဒီနေ့ နေ့လည်စာအတွက် ငါးချိုချဉ် လုပ်ရမလား?" ရှောင်းကောသည် နောက်ဆုံးအကြိမ် သူမ ဖမ်းမိရာမှ ကျန်နေသည့် ငါးများအကြောင်းကို တွေးလိုက်သည်။ ဒီနေ့ သူမအားသည့်အတွက် သူ့အတွက် ချက်ပေးလို့ရသည်။

“ဟုတ်၊ ဟုတ်” ကျွမ်းကျွမ်းက အားတက်သရော ခေါင်းညိတ်သည်။ ငါးချိုချဉ်ဆိုတာ ဘာမှန်းသူမသိပေမယ့် စိတ်လှုပ်ရှားနေဆဲပင်။

ဆန်ပြုတ်ပြီးသွားတဲ့နောက် ရှောင်းကောသည် ကျန်နေသည့်ငါးကို ရေထဲမှထုတ်ကာ အသစ်ဖမ်းမိထားသည့်ငါးများကို ထည့်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့်ငါးတွေ အသက်ရှင်နေသေးသည်။ သူမအဲ့ဒီအကြောင်း ကျွမ်းကျွမ်းကိုပြောပြဖို့ မေ့သွားတော့မလို့ပင်။

ငါးကို သတ်ပြီးတဲ့နောက် ရှောင်းကောသည် ငါးကိုလှီးဖွင့်ကာအကြေးခွံများကို ခြစ်ထုတ်လိုက်သည်။ ထို့နောက် ရေဖြင့် ဆေးကြောလိုက်သည်။ ငါးပေါ်ရှိ ကျန်နေသည့်ရေများကို ဖယ်ထုတ်ပြီးတဲ့နောက် ရှောင်းကောသည် ငါး၏ နှစ်ဖက်စလုံးကို ဓားရာအနည်းငယ်ပေးလိုက်ကာ ဂျုံမှုန့်ဖြင့် အုပ်လိုက်သည်။

All Chapters