← Chapters

အခန်း (၄၆၃)

Vol. 31 Ch. 463

အခန်း (၄၆၃)

Vol. 31 Ch. 463

ဆွေးနွေးပြီးနောက် ချင်းရှောင်းကော နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူမ အိပ်မပျော်၊ စားမဝင် ဖြစ်ခဲ့ရသည်။ ယခု ပြင်ဆင်မှုအားလုံး ပြီးစီးသွားပြီဖြစ်၍ သူမ ပြန်ပြီး ကောင်းကောင်း အနားယူရပေမည်။ သူမ၏ အင်အားများကို စုဆောင်းထားပြီး မနက်ဖြန် တိုက်ပွဲအတွက် ဆက်ပြင်ဆင်ရမည် မဟုတ်ပါလား!

သူမ ထရန် ပြင်လိုက်စဉ်မှာပင် ရှု့ပေါ်ထုန်က မေးလိုက်သည်။ "ဆိုင်ဆိုင်းဘုတ်ကို ဘယ်တော့ သွားယူလို့ရမလဲ?"

ဆိုင်မှာ မနက်ဖြန် စတင်ဖွင့်လှစ်တော့မည် ဖြစ်သော်လည်း ဆိုင်းဘုတ်ကို ယခုထိ မချိတ်ရသေးပေ။

"!!"

ချင်းရှောင်းကော သူမ၏ ပေါင်ကို လက်ဖြင့် ရိုက်လိုက်မိသည်။ သူသာ သတိမပေးလျှင် သူမ လုံးဝ မေ့သွားတော့မည် ဖြစ်သည်။ သူမ၏ မှတ်ဉာဏ်မှာ တကယ်ကို ဆိုးရွားလှပေစွ!

"အဲဒါ ပြီးတာ ကြာလောက်ပြီ။ ကျွန်မ သွားမယူနိုင်သေးတာ။"

"ဒါဆို ငါပဲ ခဏနေရင် သွားယူလိုက်ပါ့မယ်" ရှု့ပေါ်ထုန်က ပြုံးလျက် ပြောလိုက်သည်။

"ကောင်းပါပြီ..."

ချင်းရှောင်းကော ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာကို လက်ဖြင့် အုပ်လိုက်ပြီး "ကျွန်မရဲ့ မှတ်ဉာဏ်ကတော့ဖြင့်..." ဟု ခပ်တိုးတိုး ပြောလိုက်သည်။

ကျန်တဲ့သူတွေက ဘာမှမပြောဘဲ သူမ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေသည်ကို ကြည့်ပြီး ပြုံးနေကြသည်။

"ကျွန်မ သွားတော့မယ်။ ပြန်ပြီး အိပ်ရေးဝအောင် အိပ်ရဦးမယ်။"

ထိုသို့ပြောပြီး ချင်းရှောင်းကော ထွက်ခွာရန် ထလိုက်သည်။

လွန်ခဲ့သော နှစ်ရက်က ရှောင်ကျူးနှင့် ယွီလင်းတို့သည် မက်မွန်ပွင့်ရွာမှ ဆိုင်သို့ တရားဝင် ပြောင်းရွှေ့လာခဲ့ကြသည်။ ချင်းရှောင်းကောလည်း ဤနေရာတွင် နေချင်သော်လည်း အိမ်ရှိ တိရစ္ဆာန်များကို စောင့်ရှောက်မည့်သူ မရှိဘဲ ပစ်မထားနိုင်ပေ။ ထို့ကြောင့် ဆိုင်အလုပ်များ ပြီးတိုင်း သူမသည် နေ့တိုင်း အိမ်သို့ အပြေးအလွှား ပြန်ရသည်။

တံခါးဝသို့ ရောက်သည်နှင့် ချင်းရှောင်းကောသည် ရုတ်တရက် မျက်စိရှေ့တွင် မှောင်အတိ ကျသွားသလို ခံစားလိုက်ရသည်။ သူမ၏ ခြေထောက်များ ပျော့ခွေသွားပြီး သတိလစ်လဲကျသွားတော့သည်။

ကံကောင်းထောက်မစွာဖြင့် ရှု့ပေါ်ထုန်မှာ သူမနှင့် နီးနီးကပ်ကပ် ရပ်နေသည်။ အရှက်အကြောက်များကို ဂရုမစိုက်နိုင်တော့ဘဲ သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားကာ စိုးရိမ်တကြီးဖြင့် "ရှောင်းကော? ရှောင်းကော?" ဟု လှမ်းခေါ်လိုက်သည်။

ရှောင်ကျူးနှင့် ယွီလင်းတို့လည်း အလန့်တကြား အော်ဟစ်ကာ သူမအနားသို့ ပြေးလာကြသည်။ သူတို့လည်း ရှု့ပေါ်ထုန်နှင့်အတူ သူမကို လှမ်းခေါ်ကြသော်လည်း ချင်းရှောင်းကောမှာ နိုးလာသည့် အရိပ်အယောင် လုံးဝ မပြပေ။

ဒါကို မြင်သောအခါ ရှု့ပေါ်ထုန် တုံ့ဆိုင်းမနေတော့ဘဲ သူမကို ပွေ့ချီကာ ဆေးခန်းသို့ အပြေးအလွှား သွားတော့သည်။ ပြေးနေစဉ်မှာပင် သူက ထိုနှစ်ယောက်ကို အော်ပြောလိုက်သည်။ "အမြန်သွားပြီး အန်းမင်ကို သွားရှာကြ!"

ယွီလင်းက ချက်ချင်း တုံ့ပြန်ပြီး ရှောင်ကျူးကို တွန်းလိုက်သည်။

"နင် သူတို့နောက် လိုက်သွား။ ငါ အစ်ကိုအန်းမင်တို့ဆီ သွားရှာလိုက်မယ်!"

ထိုသို့ပြောပြီး ရှောင်ကျူး ပြန်မပြောနိုင်ခင်မှာပင် သူမ ပြေးထွက်သွားတော့သည်။ ရှောင်းကျူးလည်း အမြန် တံခါးခတ်ပြီး ရှု့ပေါ်ထုန်နောက် ဆေးခန်းသို့ အမှီလိုက်သွားသည်။

ထိုအချိန်တွင် ချင်းအန်းမင်မှာ ခေါက်ဆွဲဆိုင်တွင် အလုပ်ရှုပ်နေသည်။ သူ၏ စိတ်ထဲတွင် အနည်းငယ် လေးလံသလို ခံစားနေရသည်။ ကောင်းကင်ကို မော့ကြည့်ရင်း ရာသီဥတုကြောင့် ဤသို့ ဖြစ်နေခြင်း ဖြစ်နိုင်သည်ဟု သူ တွေးနေမိသည်။

မကြာမီမှာပင် အပြေးအလွှား အော်သံတစ်ခု ကြားလိုက်ရသဖြင့် ခေါက်ဆွဲဆိုင်ရှိ လူတိုင်း အပြင်သို့ လှည့်ကြည့်လိုက်ကြသည်။

ယွီလင်းသည် အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ခေါက်ဆွဲဆိုင်ထဲတွင် လှည့်ပတ်ကြည့်ရှုရာ နောက်ဆုံးတွင် ချင်းအန်းမင်ကို တွေ့သွားသည်။ သူမက တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။ "အစ်ကိုအန်းမင်... အစ်မရှောင်းကော သတိလစ်သွားလို့!"

"ဘာ...!!"

ချင်းအန်းမင် ထိုစကားကို ကြားသောအခါ လက်ထဲက ပန်းကန် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ အလွန်အမင်း ထိတ်လန့်သွားပြီး ဘယ်သွားရမှန်းမသိဘဲ အပြင်သို့ ပြေးထွက်သွားသည်။ ကံကောင်းထောက်မစွာဖြင့် ယွီလင်း ထွက်လာပြီး သူ့ကို ဆေးခန်းသို့ ခေါ်သွားခဲ့သည်။

ရူယီ သတိပြန်ဝင်လာသောအခါ ဘာမှမပြောဘဲ ချင်းအန်းမင်နောက်သို့ အပြေးလိုက်သွားသည်။ ကျန်တဲ့သူတွေလည်း ချင်းရှောင်းကောအတွက် အလွန် စိုးရိမ်နေကြသော်လည်း ဆိုင်ကို ပစ်မထားနိုင်ကြပေ။ သူတို့မှာ သတင်းသစ်ကိုသာ စိုးရိမ်တကြီး စောင့်မျှော်နေကြရသည်။

ဆေးခန်းသို့ ရောက်သောအခါ ကုတင်ပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသော ချင်းရှောင်းကောနှင့် မောဟိုက်နေသော ရှု့ပေါ်ထုန်ကို တွေ့လိုက်ရသည်။ ချင်းအန်းမင်မှာ မျက်နှာပေါ်က ချွေးတွေကိုပင် မသုတ်နိုင်အားပေ။ ချင်းရှောင်းကော နိုးသွားမှာ စိုးသဖြင့် သူက တိုးတိုးလေး မေးလိုက်သည်။ "ရှောင်းကော ဘာဖြစ်တာလဲ?"

ရှု့ပေါ်ထုန်က အသက်ပြင်းပြင်းရှူကာ အပြင်ထွက်ပြီး စကားပြောရန် တံခါးကို ညွှန်ပြလိုက်သည်။ ချင်းအန်းမင် စိုးရိမ်စိတ်ကို မျိုသိပ်ကာ သူ့နောက်မှ လိုက်လာသည်။ အပြင်ရောက်သည်နှင့် သူ ထပ်မံ အလောတကြီး မေးမြန်းတော့သည်။

ချင်းအန်းမင် အလွန်အမင်း စိုးရိမ်နေမှာ စိုးသဖြင့် ရှု့ပေါ်ထုန်က အမြန်ပြောလိုက်သည်။ "သူ ဘာမှမဖြစ်ပါဘူး!"

သူသည် ယခုထိ အသက်ရှူ မမှန်သေးပေ။ ချင်းအန်းမင် နားမလည်မှာ စိုးသဖြင့် သူက အရင်ဆုံး နှစ်သိမ့်ပေးလိုက်ခြင်း ဖြစ်သည်။

ချင်းအန်းမင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်သည်။ သူသည် မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူမ ဘာမှမဖြစ်ဘူးဆိုသည်ကို ကြားလိုက်ရမှသာ သူ မျက်နှာကို သုတ်နိုင်တော့သည်။ ၎င်းမှာ ချွေးလား မျက်ရည်လားဆိုသည်ကိုမူ မခွဲခြားနိုင်ပေ။

ရူယီ အမှီလိုက်လာသောအခါ အမျိုးသားနှစ်ဦး တိုးတိုးတိတ်တိတ် စကားပြောနေသည်ကို တွေ့ရသော်လည်း ယွီလင်းကိုမူ မတွေ့ရပေ။ သူမ ရင်တုန်သွားပြီး "အစ်မရှောင်းကော ဘယ်လိုနေလဲ?" ဟု မေးလိုက်သည်။

ချင်းအန်းမင်က အသေးစိတ်ကို မသိသေးသဖြင့် ခေါင်းအရင်ခါပြလိုက်သည်။ ရှု့ပေါ်ထုန် အသက်ရှူမှန်လာသည်အထိသာ သူ စောင့်နေရသည်။ သူတို့၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ ချင်းရှောင်းကောအတွက် အသက်အန္တရာယ် မရှိပုံရသည်။ ချင်းရှောင်းကော ဘာမှမဖြစ်ဘူးဆိုသည်ကို သိလိုက်ရသဖြင့် သူမ သက်ပြင်းချလိုက်နိုင်သည်။

မကြာမီမှာပင် ရှု့ပေါ်ထုန်က ပြုံးလျက် ပြောလိုက်သည်။ "ဒါက ဝမ်းသာစရာ သတင်းပဲ! ရှောင်းကောမှာ ကိုယ်ဝန်ရှိနေပြီ!"

"ဟင်...!"

ချင်းအန်းမင်နှင့် ရူယီတို့ အံ့သြတကြီးဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ "သူ့မှာ ကိုယ်ဝန်ရှိနေတာလား?!"

ထိုအချိန်တွင် ယွီလင်းနှင့် ရှောင်ကျူးတို့မှာ ဆေးထုပ်များကို ကိုင်ဆောင်ကာ ပါးစပ်မစိနိုင်အောင် ပြုံးလျက် လျှောက်လာကြသည်။

ဆေးခန်းသို့ ရောက်သည်နှင့် ယွီလင်းကို ရှောင်ကျူးက ခေါ်သွားခြင်း ဖြစ်သည်။ သမားတော်က ဆေးနှစ်ထုပ် ပေးလိုက်သည်။ တစ်ထုပ်မှာ ရေနှင့်ဖျော်ရန် ဖြစ်ပြီး နောက်တစ်ထုပ်မှာ ကျိုရန် ဖြစ်သည်။ ရှောင်ကျူး တစ်ယောက်တည်း မနိုင်သဖြင့် ယွီလင်းကို ကူခိုင်းခြင်း ဖြစ်သည်။ လမ်းတွင် သူမက အကြောင်းရင်းကို ရှင်းပြခဲ့သည်။

"ဒါဆို သူမ ဘာလို့ သတိလစ်သွားတာလဲ?"

ချင်းအန်းမင်မှာ စိတ်မချနိုင်သေးဘဲ သမားတော်ကို ကိုယ်တိုင် မေးချင်နေသည်။ သမားတော်၏ စကားကို ကိုယ်တိုင် ကြားရမှသာ သူ စိတ်အေးရပေမည်။

ရှု့ပေါ်ထုန်က သူ့ကို တားပြီး ပြုံးလျက် ရှင်းပြလိုက်သည်။ "သမားတော်ပြောတာက သူမ လွန်ခဲ့တဲ့ ရက်ပိုင်းတွေမှာ အလုပ် အရမ်းများနေတော့ သွေးလေလှည့်ပတ်မှု အားနည်းသွားတာတဲ့။ အနားယူပြီး အာဟာရ ပြန်ဖြည့်လိုက်ရင် ကောင်းသွားမှာပါလို့ ပြောတယ်။"

"ဒါက သမားတာ် ပေးလိုက်တဲ့ ဆေးပါ။ ကျွန်မ ဒါကို အစ်ရှောင်းကောဆီ အခု သွားပေးလိုက်မယ်။ နောက်ထပ် တစ်ခွက်ကိုတော့ ခဏနေမှ သောက်ရမှာပါ" ဟု ပြောပြီး ရှောင်ကျူးသည် ယွီလင်းနှင့်အတူ အခန်းထဲသို့ ဝင်သွားသည်။

ချင်းအန်းမင် သူတို့နောက် လိုက်သွားရန် ပြင်စဉ်မှာပင် တစ်ခုခုကို ရုတ်တရက် သတိရသွားသည်။ "ရှောင်းကောမှာ ကိုယ်ဝန်ရှိနေတာလား?!"

သူ၏ ရုတ်တရက် အော်သံကြောင့် ထိုနှစ်ယောက် လန့်သွားကြသည်။ ဘာတွေ ဖြစ်နေတာလဲ? ရှု့ပေါ်ထုန်က ခုနကတင် ပြောပြီးပြီ မဟုတ်လား။

ရူယီလည်း အလွန် ဝမ်းသာနေသော်လည်း ချင်းအန်းမင်ကြောင့် လန့်သွားသဖြင့် ခဏတာ ငြိမ်သွားပြီးမှ ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။ "ဟုတ်တယ်! သူ့မှာ ကိုယ်ဝန်ရှိနေတာ။"

ထိုသို့ပြောပြီး သူမ အလွန် ပျော်ရွှင်သွားသည်။ အစ်မရှောင်းကော ကျွမ်းကျွမ်းကို မွေးတုန်းက သူမ မကူညီနိုင်ခဲ့သော်လည်း ယခုတစ်ခါတော့ ကလေးအတွက် စောင်လေးတစ်ထည် ကြိုပြင်ထားရပေမည်။

"ဘယ်နှစ်လရှိပြီလဲ?"

ချင်းအန်းမင်လည်း သတင်းကို နောက်ဆုံးတွင် လက်ခံနိုင်သွားပြီ ဖြစ်သည်။ သူ၏ မျက်နှာပေါ်မှ အပြုံးမှာ အလွန် တောက်ပနေသဖြင့် မသိသူဆိုလျှင် သူကိုယ်တိုင် ကိုယ်ဝန်ရှိနေသည်ဟု ထင်ရပေမည်။

"သုံးလ မပြည့်သေးဘူး။"

ဘေးမှ ရှု့ပေါ်ထုန်က ပြန်ဖြေလိုက်သည်။ အသက်သစ်လေး တစ်ခု ရောက်ရှိလာခြင်းအပေါ် လူတိုင်း ပျော်ရွှင်နေကြသည်။

အစ်ကိုအန်းမင်မှာ ငေးကြောင်နေဆဲ ဖြစ်သည်ကို မြင်သဖြင့် ရူယီ ခေါင်းခါလိုက်ပြီး သူ့ကို ကျော်ကာ အိမ်ထဲသို့ ဝင်သွားသည်။ အခန်းထဲသို့ ရောက်သော်လည်း ချင်းအန်းမင်၏ ရယ်သံကို ကြားနေရဆဲ ဖြစ်သည်။

ချင်းရှောင်းကောမှာ နိုးလာပြီး ဆေးသောက်ပြီးပြီ ဖြစ်သည်။ သူမလည်း ကိုယ်ဝန်ရှိနေသည့် သတင်းကို ရှောင်ကျူးနှင့် ယွီလင်းတို့ထံမှ သိလိုက်ရသည်။

ယခုအချိန်တွင် သူမ ပျော်လား၊ မပျော်ဘူးလား ဆိုသည်ကို မပြောနိုင်သေးပေ။ သူမ ဇဝေဇဝါ ဖြစ်နေဆဲ ဖြစ်သည်။ ယခင်က ခံစားခဲ့ရသော ရောဂါလက္ခဏာများကို ယခုမှ အဓိပ္ပာယ်ဖော်နိုင်တော့သည်။ ပျို့အန်ခြင်းနှင့် အိပ်ငိုက်ခြင်းတို့မှာ ကိုယ်ဝန်နုစဉ် ခံစားရသော လက္ခဏာများ မဟုတ်ပါလား။

ရူယီ အခန်းထဲ ဝင်လာပြီး ချင်းရှောင်းကောကို မြင်သောအခါ အပြုံးမပျက်ဘဲ "ဂုဏ်ယူပါတယ် အစ်မရှောင်းကော..." ဟု ဆိုကာ ကုတင်အနားသို့ လာပြီး သူမ၏ ဝမ်းဗိုက်ကို ဂရုတစိုက် ကိုင်ကြည့်သည်။

ချင်းရှောင်းကောမှလွဲ၍ ကျန်တဲ့သူတွေ အားလုံးမှာ ပါးစပ်မစိနိုင်အောင် ပြုံးနေကြသည်ဟု ဆိုရပေမည်။ ချင်းရှောင်းကော တစ်ယောက်တည်းသာ ကိုယ်ဝန်ရှိနေသည့် ပုံစံနှင့် မတူပေ။

ဝမ်းသာအားရ ဖြစ်နေကြသော သူတို့တစ်စုမှာ ချင်းရှောင်းကောကို သေသေချာချာ ပြုစု စောင့်ရှောက်ကြသည်။

အခန်းထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေစဉ်မှာပင် ဆေးခန်း အဝင်ဝမှ ထိတ်လန့်တကြား အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ မသိသူများဆိုလျှင် တစ်ခုခု ဖြစ်ပြီဟု ထင်ရပေလိမ့်မည်။

ချင်းရှောင်းကောနှင့် ကျန်တဲ့သူများလည်း သိချင်စိတ် ပြင်းပြနေကြသည်။ သူတို့မှာ ဆေးခန်း၏ နောက်ဖေးဝင်းထဲတွင် ရှိနေသဖြင့် ဆိုင်ရှေ့တွင် ဘာဖြစ်နေသည်ကို မမြင်ရပေ။ သို့သော် ထိုအမျိုးသား၏ အသံမှာ ရင်းနှီးနေသလို ခံစားရသည်။

ချင်းအန်းမင် နားထောင်လေလေ တစ်ခုခု မှားနေသည်ဟု ခံစားရလေ ဖြစ်သဖြင့် ကျန်တဲ့သူတွေကို ပြောပြီး အခြေအနေ သွားကြည့်သည်။

သိချင်စိတ်ကြောင့် ရူယိလည်း သူ့နောက်မှ လိုက်သွားသည်။ ထို့နောက် ရှု့ပေါ်ထုန်လည်း လိုက်သွားသဖြင့် အခန်းထဲတွင် ချင်းရှောင်းကောကို စောင့်ရှောက်ရန် ရှောင်ကျူးနှင့် ယွီလင်းတို့သာ ကျန်ရစ်ခဲ့သည်။

ထိုမိန်းကလေး နှစ်ယောက်၏ မျက်လုံးထဲတွင် ချင်းရှောင်းကောမှာ ယခုအချိန်တွင် အလွန် ထိခိုက်လွယ်သူ ဖြစ်နေသည်။ ကိုယ်ဝန် ပထမသုံးလပတ်အတွင်း ကောင်းကောင်း အနားယူရန် သမားတော်က အကြံပေးထားသဖြင့် ချင်းရှောင်းကော လွန်ခဲ့သည့် ရက်များတွင် အလုပ်ကြိုးစားခဲ့သည်ကို တွေးမိပြီး သူတို့ ထိတ်လန့်နေကြသည်။ သူမကို ကြွေရုပ်လေးတစ်ရုပ်ကဲ့သို့ ဂရုတစိုက် စောင့်ကြည့်ရပေမည်။

ချင်းရှောင်းကော ကုတင်ပေါ်မှ ဆင်းကြည့်ချင်သော်လည်း အစောင့်လေး နှစ်ယောက်က အမြန် တားဆီးလိုက်သည်။ သူတို့က သူမကို လဲလျောင်းနေရန် ပြတ်ပြတ်သားသား ပြောဆိုပြီး စောင်ဖြင့် လွှမ်းထားလိုက်သည်။

ထိုမိန်းကလေးများမှာ သူမကို ခေါင်းလေးသာ ပြူထွက်နေအောင် တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားလိုက်ကြသည်။

သူမ ရုန်းကန်ချင်သော်လည်း မရုန်းကန်နိုင်ပေ။ သူမသာ ကြိုးစားလျှင် ထိုနှစ်ယောက်က သူမကို ကြိုးဖြင့် တုပ်ထားမည်ကိုပင် စိုးရိမ်ရသည်။

သူမ မလှုပ်ရှားနိုင်သဖြင့် နားဖြင့်သာ နားထောင်နေရသည်။ ချင်းအန်းမင် ထွက်သွားပြီး မကြာမီမှာပင် အပြင်က ဆူညံသံများ ငြိမ်ကျသွားသည်။ သူမ အတတ်နိုင်ဆုံး နားထောင်သော်လည်း ဘာမှ မကြားရပေ။ နောက်ဆုံးတွင် သူမ လက်လျှော့လိုက်ရတော့သည်။

"ရှောင်းကော... ရှောင်းကော..."

ချင်းရှောင်းကော စိတ်ပျက်နေစဉ်မှာပင် ကျန်းတန်းဟယ်သည် အလွန် ဝမ်းသာနေသော မျက်နှာဖြင့် ရောက်လာသည်။

"မေမေ..."

သူ့ဘေးက ကျွမ်းကျွမ်းလည်း သူမ၏ အာရုံကို ရအောင် လှမ်းခေါ်လိုက်သည်။

"ရှင်တို့လား? ဘာလို့ ပြန်လာကြတာလဲ!"

All Chapters