← Chapters

အခန်း (၁၆၈)

Vol. 12 Ch. 168

အခန်း (၁၆၈)

Vol. 12 Ch. 168

ကျန်းတန်းဟယ်က ရှောင်းကောနဲ့ အချိန်ပိုဖြုန်းနိုင်ရန် မျှော်လင့်နေသည်။ ဘာမှမလုပ်ဘူးဆိုရင်တောင် သူ သူမနဲ့ အတူရှိချင်သည်။ သူတို့ တနေကုန် ထိုင်နေရင်တောင် အတူတူရှိနေသရွေ့ အဆင်ပြေသည်။

ရှောင်းကော ခေါင်းညိတ်လိုက်သည်။ ကျန်းတန်းဟယ် က သူမလက်ကို ရဲဝံ့စွာ ဆုပ်ကိုင်လိုက်ပြီး သူမနှင့်အတူ လမ်းလျှောက်ခဲ့သည်။

နှစ်ယောက်သား ခြံဝန်းထဲ လျှောက်သွားခဲ့ကြသည်။ စစ်သူကြီးရဲ့ အိမ်တော်က သိပ်မကျယ်ပေ။

ကျန်းတန်းဟယ်သည် အစောပိုင်းတွင် ဤနေရာတွင် မနေထိုင်ခဲ့ပေ။ ဧကရာဇ်မင်းက ယခင်က သူ့အား ပန်းခြံငယ်တစ်ခုနှင့် စံအိမ်တစ်ခုပေးခဲ့ဖူးသည်။ ဒါပေမယ့်လည်း ကျန်းတန်းဟယ်သည် ထိုကဲ့သို့သော ကြီးကြီးမားမား နေရာကို မကြိုက်ခဲ့ပေ။ ပြီးတော့ သူ့အိမ်မှာ နေထိုင်တဲ့သူက အများအပြား မရှိပေ။ ထို့ကြောင့် သူသည် အသစ်ဆောက်ထားသော စံအိမ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ တအားမကြီးပေမယ့် သူ့အတွက်တော့ လုံလောက်သည်။

အိမ်ကြီးကတော့ သိပ်မကြီးပေမယ့် လိုအပ်တဲ့ ပရိဘောဂတွေ အကုန်ရှိသည်။ အိမ်နောက်ဖေးတွင် လူလုပ်ထားတဲ့မြစ် ရှုခင်းတစ်ခုရှိသည်။ အရွယ်အစားက သေးပေမယ့် ကြည့်လို့တော့ လှသည်။ နားနေဆောင်ထဲမှာ ထိုင်ပြီး လေပြေလေညင်းတွေကို ခံစားလို့ကောင်းတဲ့ နေရာတစ်ခုလည်း ရှိသည်။

လသည် ကောင်းကင်ယံ၌ ကြီးမားစွာကြည့်နေလေသည်။ ရှောင်းကော ခေါင်းကိုမော့ပြီး တစ်ချက်ကြည့်လိုက်သည်။ ရှေးခေတ်က လဟာ တကယ်ကို တောက်ပပြီး ကြီးမားတာသည်။ ၎င်းသည် ယခုခေတ်လ၏ အရွယ်အစားထက် အနည်းဆုံး ငါးဆလောက်ကြီးသည်။

လရောင်၏ အလင်းရောင်ကြောင့် ပတ်ဝန်းကျင်က မမှောင်နေပေမယ့်လည်း သူတို့အနားမှာအလင်းရောင်တော့မရှိနေပေ။

ရှောင်းကော ကျန်းတန်းဟယ်ကို အလွန်ရှင်းလင်းစွာ မြင်နိုင်သည်။ ဒီအချိန်မှာ သူက သူမလက်ကို ကိုင်ထားပြီး သူ့မျက်နှာမှာ ကျေနပ်မှုနဲ့ သိမ်မွေ့တဲ့ အကြည့်တွေ ရှိနေသည်။

"ဘာဖြစ်လို့လဲ" ကျန်းတန်းဟယ်က ရှောင်းကောရဲ့ အကြည့်ကို ခံစားပြီး သူမကို လှည့်ကြည့်လိုက်သည်။

ရှောင်းကော ရုတ်တရက် ခေါင်းကို လှည့်လိုက်တာကြောင့် ကျောက်စရစ်ခဲပေါ် နင်းမိပြီး ချော်သွားသည်။

"အား!" ရှောင်းကော အာမေဋိတ်သံပြုလိုက်သည်။

"သတိထား!"

ကျန်းတန်းဟယ် နောက်ပြန်ကျသွားတဲ့ ရှောင်းကောကို အမြန်ဆွဲလိုက်သည်။ ပြင်းထန်တဲ့ ဆွဲငင်အားဖြင့် ရှောင်းကောမှာ သူ့ရင်ခွင်ထဲသို့ ချက်ချင်းပြုတ်ကျသွားသည်။

လ၏အမှားကြောင့် ရှောင်းကောနဲ့ကျန်းတန်းဟယ်တို့ရဲ့နှလုံးတွေက ယခုအခါ လျင်မြန်စွာ ခုန်ပေါက်နေကြသည်။

တစ်ယောက်နဲ့တစ်ယောက် ပိုနီးကပ်လာတာနဲ့အမျှ ရှောင်းကောက ရုတ်တရက် အော်လိုက်သည်။ "စိတ်အေးအေးထား!"

ထို့နောက်တွင်တော့ ခဏတာ တိတ်ဆိတ်သွားကာ တစ်ယောက်ကို တစ်ယောက် ကိုးရိုးကားရားနိုင်စွာ ကြည့်လိုက်ကြသည်။

"....…ကျောနာတယ်"

ထိုအချိန်တွင် ရှောင်းကောရဲ့ခါးက ကျန်းတန်းဟယ်ရဲ့ လက်တွေထဲမှာ ရှိနေသေးသည်။ သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်းက လေထဲတွင် ရပ်တန့်နေသည်။

ရှောင်းကောရဲ့ ကျောကိုမတ်ပေးရင်း ကျန်းတန်းဟယ်ရဲ့ မျက်နှာက နီမြန်းသွားသည်။ ရင်ခုန်စရာ အငွေ့အသက်တွေ ချက်ချင်း ပျောက်သွားသည်။

ရှောင်းကော အမြန်ရပ်ပြီး မတ်မတ်နေခဲ့သည်။ လေထဲတွင် ကိုးရိုးကားရားနိုင်တဲ့ အရိပ်အမြွက် ပေါ်လာသည်။

ကျန်းတန်းဟယ် ရှောင်းကောကို ကြည့်လိုက်သည်။ သူနောက်တစ်လှမ်း လှမ်းခါနီးတွင် သူမက သူ့ကို တားလိုက်သည်။

"အဲ့မှာထိုင်ရအောင်"

ကျန်းတန်းဟယ်က ရှောင်းကော ခြေကျင်းဝတ် နောက်တစ်ကြိမ် နာသွားမှာကို ကြောက်တာကြောင့် သူမလက်ကို ဆုပ်ကိုင်ကာ နားနေဆောင်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

"ဒီက လေက တော်တော်ကောင်းတယ်"

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း စိတ်မသက်မသာဖြစ်နေကြတာကြောင့် ရှောင်းကောက စကားပြောစရာတစ်ခုရှာဖို့ ကြိုးစားလိုက်သည်။

"တကယ်ပဲ"

ကျန်းတန်းဟယ် တည်ငြိမ်စွာပြောလိုက်သည်။ ရှောင်းကောက သူ့ကို ဘယ်လိုစကားဖြတ်ပြောလိုက်ပြီး မကြာသေးမီက အခွင့်အရေးကောင်းကို လက်လွတ်သွားအောင်လုပ်ခဲ့တာကို သူတွေးနေတုန်းပဲ။

“…....”

လေထုက တိတ်ဆိတ်သွားပြန်သည်။

ရှောင်းကောက ကျန်းတန်းဟယ်ကို စိုက်ကြည့်ရန် အမှောင်ထုကို အခွင့်ကောင်းယူခဲ့သည်။ "ဒါဆို စကားစမြည်ပြောကြရအောင်လေ"

နှစ်ယောက်လုံး အချိန်အကြာကြီး မပြောခဲ့ကြပေ။ ကျန်းတန်းဟယ် လကို မော့ကြည့်နေပြီး သူ့မျက်လုံးတွေက ဆင်ခြင်ဥာဏ်များဖြင့် ပြည့်နှက်နေသည်။

"စစ်တန်းလျားမှာရှိတုန်းက လကိုကြည့်ရတာကြိုက်ခဲ့တယ်"

ကျန်းတန်းဟယ် ရုတ်တရက် ပြောလိုက်သည်။ လကို မော့ကြည့်လိုက်တော့ သူ့မျက်လုံးတွေက အမှတ်ရစရာတွေနဲ့ ပြည့်နေသည်။

ရှောင်းကောက သူ့ကို ပဟေဠိအကြည့်ဖြင့် ကြည့်ကာ သူရှင်းပြသည့်အတိုင်း ငြိမ်သက်စွာ နားထောင်နေသည်။

"ကိုယ် ဖမ်းခံရပြီးတော့ ချန် မြို့ကို စစ်သည်တွေနောက်က လိုက်သွားခဲ့ရတယ်။ နေ့ခင်းဘက်မှာ ကိုယ် ရန်သူတွေကို မရပ်မနား သတ်ရတယ်။ ညဘက်ကျရင် ကင်းစောင့်ရတယ်။ နေ့တိုင်း ဆာလောင်ပြီးအေးနေတာ။ အဲဒီ့အချိန်တုန်းက ညဘက်တွေမှာဆို အေးခဲပြီး ပတ်ဝန်းကျင်က ဘာမှမဖြစ်ထွန်းတဲ့မြေ။ငါတို့အားလုံး မြင်နိုင်တာက လမင်းကြီးက တောက်ပနေတာပဲ..."

ရှောင်းကော ဂရုတစိုက် နားထောင်ခဲ့သည်—သူမရဲ့နှလုံးက သူနဲ့အတူ နှလုံးခုန်နေသည်။ သူ ဒီလောက်တောင် ဖြတ်သန်းခဲ့ဖူးတယ်လို့ တွေးဖို့ပဲ...

“..…အဲဒီတုန်းက ပါးလျတဲ့အဝတ်အစားတွေနဲ့ ကိုယ့်ကိုယ်ကို တင်းတင်းကြပ်ကြပ် ထုပ်ထားပြီးတော့ လကို ကြည့်ခဲ့တယ် အဲ့တာက နွေးထွေးမှုကိုဖြစ်စေတဲ့ တစ်ခုတည်းသောအရာပဲ၊ အရမ်းနီးကပ်ပြီး တောက်ပနေတာ…”

ကျန်းတမ်းဟယ်ရဲ့ မျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ်နဲ့။ ရှောင်းကောက သူ့ကို နှစ်သိမ့်ပေးဖို့ မကူညီနိုင်ဘဲ သူ့အနားကို တိုးကပ်ပြီး သူ့ပခုံးကို ညင်သာစွာ ပုတ်ပေးခဲ့သည်။

အမျိုးသားက ကြက်သေသေသွားသည်။ သူ ခေါင်းယမ်းပြီး ပြောလိုက်သည်။ “အဆင်ပြေပါတယ်”

ရှောင်းကော သူမရဲ့လက်ကိုပြန်ရုတ်တော့မယ့်အချိန်မှာ ကျန်းတန်းဟယ်က သူမလက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

"မင်းသိလား ဒီအချိန်မှာ ကိုယ်တကယ်ကို ကြေကွဲနေသလို ခံစားနေရတယ်"

ကျန်းတန်းဟယ်က ရှောင်းကောကို အပြုံးတစ်ခုဖြင့် ကြည့်လိုက်သည်။ ရှောင်းကောသည် သူ့မျက်လုံးထဲက အရိပ်အယောင်ကို မြင်လိုက်ရပြီး အနည်းငယ် လှုပ်ရှားသွားသည်။ သူမ ခေါင်းညိတ်ပြီးပြောလိုက်သည်။ “သိပါတယ်”

မျက်လုံးတွေက ဘယ်တော့မှ မလိမ်ပေ။ ရှောင်းကောနဲ့ ကျွမ်းကျွမ်းကိုကြည့်လိုက်တိုင်း ကျန်းတန်းဟယ်ရဲ့ မျက်လုံးထဲတွင် ထူးခြားသောအကြည့်တစ်ခုရှိသည်။ ရှောင်းကော ဒါကို သဘောပေါက်ခဲ့တာ ကြာပြီ၊ ဒါပေမယ့် သူမဟာ သူ့ခံစားချက်နဲ့ သူမရဲ့ကိုယ်ပိုင်ခံစားချက်တွေကိုလည်း ရှောင်နေခဲ့သည်...

ဒါကိုတွေးပြီး ရှောင်းကောက ရဲစွမ်းသတ္တိကို ရုတ်တရက် ခံစားလိုက်ရသည်။ သူမက ခပ်ကျယ်ကျယ် ပြုံးပြီး ခေါင်းညိတ်ခဲ့သည်။ "ကျွန်မ သိတယ်!"

“ဟားဟားဟားဟားဟား....…”

ခဏနားပြီးနောက် ကျန်းတန်းဟယ် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့ရယ်သံတွေက တောက်ပပြီး ကြည်နူးစရာ ကောင်းလှသည်။ ဤသည်မှာ သူမွေးကတည်းက ကြားခဲ့ရသည့် အပျော်ရွှင်ရဆုံးစာကြောင်းဖြစ်သည်။ ရိုးရှင်းသော စကားလုံးနှစ်လုံးမျှသာဖြစ်သော်လည်း သူ့နှလုံးသားကို ခုန်ပေါက်သွားစေလောက်အောင်ပင်။

ပထမတော့ ရှောင်းကော အနည်းငယ်ရှက်သွားသည်။ သူမ ရှက်ပြီးတော့ ကျန်းတန်းဟယ်ကို မရယ်တော့အောင် ရှက်ရွံ့စွာ တွန်းလိုက်သည်။ ရံဖန်ရံခါတွင် သူမသည် အနီးနားတွင် တစ်စုံတစ်ယောက်ရှိမရှိကို လှမ်းကြည့်တတ်သည်။

ခဏကြာတော့ သူက ရပ်မသွားတာကိုမြင်တော့ သူမ ဘာကိုမှ ဂရုမစိုက်တော့ပေ။ "ဆက် ရယ်နေလိုက်၊ အရူး"

ရှောင်းကောက သူမရဲ့ နှုတ်ခမ်းတွေကို ဖိကာ ကျန်းတန်းဟယ်ရဲ့ အရူးလို အပြုံးကို ကြည့်ပြီး သဘောကျနေခဲ့သည်။ "သူက တကယ်ရူးနေတာပဲ ဟားဟား..."

"မရယ်နဲ့တော့ ကျန်းတန်းဟယ် ရယ်နေတာကို ရပ်တော့..."

သူ့ကိုဒီလိုမြင်တော့ ရှောင်းကောလည်း သူ့ကိုယ်သူ မကူညီနိုင်တော့ပေ။

ကျန်းတန်းဟယ်က သူမ ရယ်နေတာကို မြင်တော့ သူ ပိုလို့တောင် ရယ်လိုက်သည်။ ရှောင်းကောကို ပွေ့ဖက်ဖို့ ကိုင်းလိုက်ပြီး နှစ်ယောက်သား အရူးနှစ်ယောက်လို ရယ်မောရင်း ခုံတန်းလျားပေါ် လဲကျသွားသည်...

–

နောက်တစ်နေ့တွင် ရှောင်းကော စောစောနိုးလာခဲ့သည်။ ကျွမ်းကျွမ်းနဲ့ ရှောက်ယိတို့ အိပ်နေကြတုန်း အဝတ်အစားထည့်ရန် ကူညီပေးခဲ့သည်။

ရှောင်းကောနဲ့ ကျွမ်းကျွမ်းတို့ပဲ ဒီနေ့ ထွက်ခွာသွားကြမယ့် သူတွေ မဟုတ်ပေ။ ရှောင်ယိလည်း အပြင်ထွက်တာကြာပြီဆိုတော့ သူလည်း နန်းတော်သို့ ပြန်ရတော့မည်။ အခု ကျွမ်းကျွမ်း သွားတော့မှာဆိုတော့ သူ့မှာ ဆက်နေဖို့ အကြောင်းပြချက် မရှိတော့ပေ။

ရှောင်းကောက အိပ်ပျော်နေဆဲ ကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။ သူမက အိတ်တွေကို သပ်သပ်ရပ်ရပ် လုပ်ပေးပြီး ဘေးမှာထားထားသည်။ သူမသည် ရှောက်ယိရဲ့ အိတ်သေးသေးလေးတွေကို သပ်သပ်ရပ်ရပ်ပြင်ပေးပြီး သူမရဲ့အိတ်ဘေးမှာ ထားလိုက်သည်။

"ကျွမ်းကျွမ်း၊ ရှောက်ယိ ထတော့"

ရှောင်းကောက တံခါးကိုဖွင့်ပြီး အိပ်ပျော်နေဆဲ ကလေးနှစ်ယောက်ကို ချိုချိုသာသာလေး ခေါ်လိုက်သည်။

ကျွမ်းကျွမ်း အရင် နိုးလာသည်။ မျက်လုံးတွေကို ပွတ်သပ်ကာ ဖြည်းညှင်းစွာ ထထိုင်လိုက်သည်။ "အမေ၊ ခရီးထွက်ဖို့ အချိန်ကျပြီလား"

ရှောက်ယိက ကျွမ်းကျွမ်းရဲ့ အသံကိုကြားတော့ သူလည်းထလာသည်။ သူက ကျွမ်းကျွမ်းရဲ့ လက်ကို ထိတ်လန့်တကြားကိုင်ကာ သူနှင့်မခွဲခွာချင်ပေ။

"အခုတော့ မဟုတ်သေးဘူး။ မနက်စာစားပြီးရင် ငါတို့သွားရတော့မယ်"

ရှောင်းကောက အိပ်ပျော်နေတဲ့အချိန်တုန်းက ရှုပ်ပွနေတဲ့ ကလေးနှစ်ယောက်ရဲ့ ဆံပင်ကို ပြန်ပြီးရှင်းပေးကာချည်ပေးခဲ့သည်။

ကျန်းတန်းဟယ်က မနက်စာစားဖို့သူတို့ကို ခေါ်ဖို့ ရောက်လာသည်။ ရှောင်းကောက ခေါင်းညိတ်ပြပြီး အိတ်တွေကို ကောက်ယူလိုက်သည်။

ကျန်းတန်းဟယ်က ရှောင်းကောကို ဘာကိုမှ သယ်ခွင့်မပေးပေ။ သူက ရှောင်းကောဆီက အိတ်တွေကို ကျွမ်းကျင်စွာ ကိုင်ဆောင်ကာ ခန်းမဆီသို့ သွားခဲ့သည်။

လမ်းတစ်လျှောက်တွင် ရှောက်ယိက ကျွမ်းကျွမ်းရဲ့ လက်ကို ဆုပ်ကိုင်ထားပြီး လွှတ်ရန်ငြင်းဆန်ခဲ့သည်။

ခန်းမထဲသို့ရောက်သောအခါ လီရှို့ကျီက သူတို့ကို စားပွဲတွင် စောင့်ဆိုင်းနေသည်။

ရှောင်းကော ကိုတွေ့တော့ သူက ရှေ့ကိုလျှောက်လာပြီးပြောခဲ့သည်။ "မရီး၊ ရထားလုံး အပြင်မှာစောင့်နေတယ်။ အိတ်တွေကို ကျွန်တော် အရင်ယူထားလိုက်မယ်။ ထမင်းစားဖို့ အချိန်ယူလိုက်အုံး"

ရှောင်းကောက သူ့စကားတွေကို အသိအမှတ်ပြုပြီး ကျန်းတန်းဟယ်ကို ကြည့်လိုက်သည်။

ကျန်းတန်းဟယ်က ခေါင်းညိတ်ပြပြီး အိတ်တွေကို လီရှို့ကျီဆီ ပေးလိုက်သည်။

"စားရအောင်"

–

ကောင်းတဲ့အရာမှန်သမျှ အဆုံးသတ်ဆိုတာရောက်လာရမည်။

ရှောင်းကောက ကျွမ်းကျွမ်းကို တံခါးဆီသို့ ခေါ်သွားကာ သူတို့နောက်မှ အုပ်စုကို ကြည့်လိုက်သည်။ “ကဲ သွားကြစို့”

ရှောင်းကောက ကျန်းတန်းဟယ် ငိုတော့မည့်ပုံပေါ်နေတာကြောင့် သူမ တမင်ရှောင်နေခဲ့သည်။ ဒါက တကယ်ကို ချဲ့ကားတာတော့ မဟုတ်ဘူး၊ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ စီးကျနေသည်။

သူ့ကိုဒီလိုမြင်ရတော့ ရှောင်းကောလည်း စိတ်မချမ်းသာပေ။ သူမ ပြောလိုက်သည်။ "အားလုံးပဲ ကျေးဇူးပြုပြီး ပြန်သွားကြတော့။ ကျွန်မတို့အခု သွားတော့မယ်။ ကံကြမ္မာဖန်လာရင် ပြန်ဆုံကြတာပေါ့"

လီရှို့ကျီ က ခေါင်းကုတ်ပြီး မျက်တောင်ခတ်လိုက်ကာ ရှောင်းကောနဲ့ ကျွမ်းကျွမ်းတို့ကို လက်ဝှေ့ယမ်းပြလိုက်သည်။

ကျန်းတန်းဟယ်က သူတို့နှစ်ဦးထံ အမြန်ချဉ်းကပ်ခဲ့သည်။ သူ သူမတို့ကိုကြည့်ကာ တုံ့ဆိုင်းနေသည်။

All Chapters