← Chapters

အခန်း (၁၀၈)

Vol. 8 Ch. 108

အခန်း (၁၀၈)

Vol. 8 Ch. 108

ရှောင်းကော ကျွမ်းကျွမ်းကိုဖက်ပြီး ဆက်အိပ်နေတဲ့အချိန် လီကျောက်ဒီ၏ ဆဲဆိုကြိမ်းမောင်းသံက ပိုတိုးလာသည်။

အစတုန်းကတော့ သူမ ခြံဝင်းထဲတွင်သာ အော်ဟစ်နေခဲ့တာဖြစ်သည်။ သူမ ပိုဆဲဆိုလေ သူမအသံက ပိုကျယ်လောင်လာလေပင်။ ကျယ်လောင်လွန်းလို့ ပတ်ဝန်းကျင်က မိသားစုတွေကိုတောင် သွားသက်ရောက်သည်။ အချို့က ဒေါသတကြီးကြိမ်းမောင်းကာ အိမ်ထဲမှထွက်လာကြသည်။

အော်ဟစ်နေရင်း တစ်ဝက်တစ်ပျက်တွင် လီကျောက်ဒီတစ်ယောက် ဘေးအိမ်မှ ဆဲဆိုသံတွေကိုကြားလိုက်ရကာ သူမရဲ့မျက်နှာက စိမ်းပုပ်သွားတော့သည်။

“သောက်မုဆိုးမစုန့်! ငါ့ကို လုပ်ခဲ့တာ နင်ပဲဖြစ်ရမယ်! နင်က မုဆိုးမဖြစ်ဖို့ တန်တယ်။ ဘယ်သူမှ နင့်ကိုမလိုချင်ဘူး! ဖွီး!”

မုဆိုးမစုန့်ကို ပြောပြီးသည်နှင့် လီကျောက်ဒီတစ်ယောက် သူမကို လုပ်ခဲ့တဲ့သူဟာသူပဲဆိုတာ သေချာသွားတော့သည်။ မနေ့က မုဆိုးမစုန့်ကို သူမ ဆွဲဆိတ်မိခဲ့တာကြောင့်ဖြစ်သည်။ ယခု သူမအား လက်စားချေတာဖြစ်မည်။ ဒီအကြောင်းကို ပိုတွေးကြည့်ပါက၊ ပိုပြီးအဓိပ္ပါယ်ရှိလာသည်ဟု လီကျောက်ဒီ ခံစားရလေပင်။ ထို့ကြောင့် သူမ၏ ရန်လိုမှုအား မုဆိုးမစုန့်ဘက်လှည့်လိုက်သည်။

မုဆိုးမစုန့်သည် သူမ၏ အခြေအမြစ်မရှိသည့် စွပ်စွဲချက်ကို ကြားသည့်အခါ ဒေါသထွက်လာတော့သည်။ သူမက သူ့အား အသံတိုးဖို့သာပြောခဲ့တာဖြစ်သည်။ ဘာလို့ အခု သူမကိုအပြစ်တင်နေတာလဲ?

_'ငါ့ကို မလောက်လေးမလောက်စားလို့ ထင်မနေနဲ့။ ဒီနေ့ သူ့ကို သင်ခန်းစာမပေးရရင် မက်မွန်ပွင့်ရွာက သူ့နေရာလို့ တကယ်ထင်သွားလိမ့်မယ်!'_

သူတို့နှစ်ဦးသည် ခြံဝင်းထဲတွင် တစ်ယောက်ကိုတစ်ယောက် ဆဲဆိုကြတော့သည်။ သို့ပေမယ့် သူတို့ဒေါသတွေကို ထုတ်ဖို့မလုံလောက်သည့်အတွက် သူတို့အိမ်ကြားရှိ နံရံနားဆီလာကာ အစွမ်းကုန် ဆဲဆိုကြတော့သည်။

မုဆိုးမစုန့်က သဘောလွယ်သူမဟုတ်ပေ။ သူမအသံက လီကျောက်ဒီလောက် မကျယ်သော်လည်း သူမစကားတွေက ပိုပြီးကြောက်စရာကောင်းလှသည်။

သူတို့နှစ်ဦးသည် အာရုဏ်တက်ချိန်မှ နေထွက်သည်အထိ ခရီးဆက်ကြသည်။ သူတို့ရဲ့ မိဘတွေနှင့် ဘိုးဘေးဘီဘင်အထိ မကြားဝံ့မနာစွာ ပြောဆိုကြသည်။

ရှောင်းကော ဆေးကြောသန့်စင်ပြီးနောက် အဝေးမှ ဖြစ်ပျက်နေသည်ကို ကြားနိုင်ရန် အားစိုက်လိုက်သည်။ အသံတွေက တိုးညှင်းလာသည်။ သူတို့တွေ ဆဲဆိုရတာမောသွားတာလားဟု ရှောင်းကော တွေးလိုက်မိသည်။

ဒီနှစ်ယောက်ဟာ တစ်ယောက်နှင့်တစ်ယောက် ပုတ်ခတ်ပြောဆိုရာတွင် အရမ်းတော်သည်။ ရှောင်းကော ကြားခဲ့သည်အရ ဆက်တိုက်ပြောဆိုနေချိန်တွင် စကားတစ်ခွန်းမှကို မထပ်သွားပါချေ။

ရှောင်းကောသာ ဒီလိုလုပ်ရမည်ဆိုပါက ကျော်နိုင်လိမ့်မယ်လို့ မထင်ပါချေ။

တစ်ဖက်တွင် အမျိုးသမီးနှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် ဆဲဆိုကြိမ်းမောင်းကြရင်း မောပန်းလာကြသည်။ လီကျောက်ဒီမပြောနှင့် မုဆိုးမစုန့်ဟာလည်း အိပ်ပျော်ရာမှနိုးလာခဲ့သည့်အတွက် ပုံစံက ကြည့်မကောင်းနေပါချေ။ လီကျောက်ဒီမှာ လွန်ခဲ့သည့် နာရီပိုင်းအတွင်း၊ ဖြစ်ပျက်ပြီးနောက်ပိုင်းတွင် ရေစိုနေသည့်အဝတ်အစားများကို ၀တ်ဆင်ထားသည်။ ဒါ့အပြင် သူမ၏ဗိုက်ဟာလည်း တဟုန်ထိုးမြည်နေပြီး တစ်ခါတစ်ခါ နှာချေကာ လေလည်သေးသည်။

ဒီလိုအခြေအနေမျိုးမှာတောင် နှစ်ယောက်သားဟာ ရပ်မသွားပါချေ။ ဒီလိုအချိန်မျိုးမှာ သူတို့ဘယ်လိုလုပ်ရပ်နိုင်မှာလဲ? ရပ်လိုက်တဲ့သူက အရှုံးဖြစ်မှာပဲ!

သူတို့တွေ အားနည်းလာကြသော်လည်း အစွမ်းကုန် ဆက်လုပ်နေကြဆဲပင်။

"မုဆိုးမစုန့်၊ နင်ဘာလို့ အရမ်းစိတ်ပုတ်ရတာလဲ? နင့်ရဲ့ကျန်တဲ့ဘဝကို မုဆိုးမအဖြစ်နဲ့ပဲ ဆက်နေလိုက်!"

"လီကျောက်ဒီ! နင်ကလဲ ဥမဥနိုင်တဲ့ကြက်မပဲလေ! ဒီတော့ နင့်ယောက်ျားက အရာရှိဖြစ်တော့ရော ဘာဖြစ်လဲ? သူပြန်လာတဲ့အခါကျရင် သူဘာလုပ်နိုင်မလဲ? နင့်လိုလူကို ဘယ်သူမှ လိုချင်မှာမဟုတ်ဘူး! နင် ကွာရှင်းရဖို့ကိုပဲစောင့်နေလိုက်!"

"မဟုတ်တဲ့စကားတွေ ခွေးမ! ငါ့မှာ ယောက်ျားရှိလို့ နင်က မနာလို ဖြစ်နေတာပဲ။ အဲ့ဒါအမှန်ပဲ! နင်က ကလေးမရှိတဲ့မုဆိုးမ!”

မုဆိုးမစုန့်ရဲ့ မျက်နှာဟာ မည်းမှောင်သွားတော့သည်။ လီကျောက်ဒီဆီ ပစ်ရန်သင့်တော်သည့် ကျောက်တုံးတစ်တုံးကို သူမလှည့်ပတ်ကြည့်လိုက်သည်။ ထိုသို့လုပ်နေစဉ်တွင် သူမ၏ပါးစပ်ကလည်း မရပ်နေပါချေ။

“အိုက်ယိုး၊ ရယ်စရာကောင်းလိုက်တာ။ နင့်ယောက်ျား ဒုတိယမိန်းမနဲ့ ပြန်မလာဖို့မျှော်လင့်ရမယ်။ ဘာပဲဖြစ်ဖြစ် သူက ပိုက်ဆံရှိတဲ့ အရာရှိတစ်ယောက်လေ။ သူကဘာလို့ နင့်လိုလူကို လိုချင်အုံးမှာလဲ?"

ဤစကားတွေဟာ လီကျောက်ဒီ၏ အချက်ကောင်းကို ထိမိသွားသည်မှာ သိသာလှသည်။ သူမ၏ မျက်နှာဟာ ဖြူဖျော့သွားကာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီလာခဲ့သည်။

ထိုသို့ပြောပြီးနောက် မုဆိုးမစုန့်သည် ပုံးတစ်ပုံးကို ယူလိုက်သည်။ ကျောက်တုံးများနှင့် မြေကြီးတွေကိုအသုံးပြုခြင်းသည် လီကျောက်ဒီအား မလွဲမသွေ ထိခိုက်စေလိမ့်မည်ပင်။ သူမသာ ထိခိုက်ဒဏ်ရာရသွားပါက သူမ၏ ဒဏ်ရာကိုသုံးကာ မုဆိုးမစုန့်အား အကြပ်ကိုင်လိမ့်မည်ပင်။ အများကြီးစဉ်းစားပြီးနောက် ဒါဟာ အကောင်းဆုံးအစီအစဉ်ပင်။

မုဆိုးမစုန့်သည် နံရံထောင့်တစ်နေရာသို့ ရောက်လာကာ လှေကားပေါ် တက်လိုက်သည်။ ရေပုံးအား သူမလက်ထဲတွင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ နံရံတစ်ဖက်သို့ သွန်ချပစ်လိုက်သည်။

တစ်ဖက်မှအော်သံကိုကြားသည့်အခါ မုဆိုးမစုန့် ပါးစပ်ပိတ်ရင်း တခစ်ခစ်ရယ်လိုက်သည်။ သူမ လှေခါးမှ အမြန်ဆင်းကာ အိမ်ထဲသို့ ပြေးဝင်သွားတော့သည်။

"လီကျောက်ဒီ၊ ငါ့သေးကို မြည်းကြည့်ကြည့်လိုက်!"

အခုလေးတင် ဖြစ်ပျက်ခဲ့တာကို လီကျောက်ဒီ သဘောပေါက်သွားတော့သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ နံဟောင်နေသည့် အနံ့ကိုရတော့ “မုဆိုးမစုန့်” ဟု အစွမ်းကုန် အော်ဟစ်လိုက်သည်။

သူမ မျက်လုံးတွေ ပြူးကျယ်လာကာ သွေးရောင်သန်းလာသည်။ သူမ မုဆိုးမစုန့်၏ အိမ်သို့ လည်ပင်းရှိ သွေးကြောတွေ ပေါက်ထွက်မတတ် လှည့်ကြည့်လိုက်သည်။

ထိုစကားတွေဟာ လီကျောက်ဒီ၏ နာကျင်သည့်နေရာကို တကယ်ထိသည်။ သူမ၏ မလုံခြုံမှုတွေကို ဖုံးကွယ်ရန် အမြဲတမ်း ကြွားဝါနေခဲ့သည်။ လီတာ့ဟိုင်သည် သူမအား အစကတည်းက လုံးဝသဘောမကျခဲ့ပေ။ ယခု သူ အရာရှိဖြစ်လာကာ ပိုက်ဆံပိုရှိလာတော့ သူမကို ပိုလို့တောင် အထင်သေးနေလိမ့်မည်ပင်!

“မဟုတ်ဘူး! ငါ ဒီလိုဖြစ်ခွင့်မပေးဘူး!"

လေနုလေအေး တိုက်ခတ်သွားသဖြင့် လီကျောက်ဒီတစ်ယောက် တုန်ရီသွားမိသည်။ နောက်ထပ် နှောင့်နှေးမနေတော့ရေချိုးရန် အိမ်ထဲဝင်ကာ ရေနွေးအိုးတည်လိုက်သည်။ လီတာ့ဟိုင် နှစ်ရက်အတွင်း ပြန်လာနိုင်ချေရှိသည်။ သူမ ဖျားလို့မရဘူး!

_'မုဆိုးမစုန့်၊ ငါ နင့်ကို လွယ်လွယ်နဲ့ ခွင့်မလွှတ်ဘူး။ ဒီနေ့ ကိုမှတ်ထားပြီး နင်လုပ်ခဲ့တာတွေအတွက် သုံးခါပြန်ပေးဆပ်စေရမယ်!'_

ဆဲဆိုသည့်တိုက်ပွဲဟာ ထိုအချိန်တွင် ပြီးဆုံးသွားခဲ့သည်။ တစ်ရွာလုံး သက်ပြင်းချလိုက်ကြသည်။ သူတို့ရဲ့ တိုက်ပွဲကို နားထောင်ရင်း လူတိုင်း မောပန်းနေကြသည်။

အပြည့်အဝ ကြားခဲ့ရသည်ကြောင့် လူတိုင်းသည် သူတို့နှစ်ဦးနှင့် မပတ်သက်တော့ပေ။

ထိုအမျိုးသမီးနှစ်ဦးသည် ရွာတွင် ထင်ရှားကျော်ကြားသည့် ကြွက်စုတ်များဖြစ်ကြောင်း သိထားရမည်ပင်။ သူတို့အား ဆွမိပါက ငြိမ်းချမ်းနိုင်စရာမရှိတော့ပေ။

ထို့ကြောင့် မည်သူမဆို ဝင်ပါသည်ထက် သူတို့အားသည်းခံပြီးသာနေကြသည်။ သူတို့ဘာသာသူတို့ ဆက်ပြီးဆဲဆိုနေကြတာက ပိုကောင်းသည်။

ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့ မနက်စာစားပြီးတော့ ဘာမှလုပ်စရာမရှိနေပေ။ ရှောင်းကောသည် ကျွမ်းကျွမ်း စာလုပ်နေသည်အား ကြည့်ရင်း ဖိနပ်ချုပ်နေသည်။

ရှောင်းကောသည် ဖိနပ်ချုပ်သည့်နည်းအား အမျိုးသမီးယန်ကို မေးခဲ့သည်။ သူမတွင် ဘာမှလုပ်စရာမရှိတာကြောင့် သူမကိုယ်တိုင် ချုပ်ရန် ဆုံးဖြတ်ခဲ့သည်။

ကျွမ်းကျွမ်းတစ်ယောက် ရှောင်းကောအနားတွင် ကျယ်ကျယ်လောင်လောင် စာရွတ်ဖတ်နေချိန် အပြင်ဘက်မှ ရုန်းရင်းဆန်ခတ်သံတွေဟာ သူ့အသံအောက် ပျောက်ကွယ်သွားကြသည်။

ရှောင်းကော အိမ်အပြင်ဘက်မှ ဆူညံသံကို ဂရုတစိုက် နားထောင်နေသည်။ _'တိတ်သွားပြီထင်တယ်။ သူတို့နှစ်ယောက် ရန်ဖြစ်နေကြတာ ရပ်သွားတာလား?'_

_'သူတို့တွေ ဒီလောက်အကြာကြီး ပြောဆိုနေတာ တကယ် အံ့သြစရာပဲ။ သူတို့ အာတွေမခြောက်ကြဘူးလား?'_

လီကျောက်ဒီ၏ ကံဆိုးမှုကြောင့် ရှောင်းကောတစ်ယောက် တစ်နေ့လုံး စိတ်အခြေအနေ ကောင်းနေခဲ့သည်။ ကျွမ်းကျွမ်းလည်း ရှောင်းကောစိတ်အခြေအနေကောင်းနေသည်ကို သတိထားမိသည်။

"မေမေ၊ ဘာလို့ အရမ်းပျော်နေတာလဲ?"

ကျွမ်းကျွမ်း သူ့လက်ထဲမှ စာအုပ်ကိုချကာ သီချင်းညည်းနေသည့် ရှောင်းကောကို ကြည့်လိုက်သည်။ သူ့မေမေ ဘာဖြစ်လို့လဲဆိုတာ သူသိချင်မိသည်။ ဒီမနက် အိပ်ရာနိုးကတည်းက သူမ အရမ်းပျော်နေတာဖြစ်သည်။

"ကျွမ်းကျွမ်းကိုမြင်တိုင်း မေမေက ပျော်တယ်လေ"

ရှောင်းကော ကျွမ်းကျွမ်းအား စနောက်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ကျွမ်းကျွမ်းသည် ထိုစကားကိုကြားသည့်အခါ ရှက်သွားတော့သည်။ “သားလည်း မေမေ့ကိုမြင်ရတာ ပျော်တယ်။ အရမ်းပျော်တယ်”

ရှောင်းကောလည်း ရင်ထဲထိသွားကာ သူ့ကို နမ်းလိုက်သည်။ သူမ၏ ချင့်ချိန်တတ်သည့် သားလေးကိုကြည့်ကာ ခံစားသွားရသည်။ ဒီလို လိမ္မာကာ နွေးထွေးပြီး ချောမောချစ်ဖို့ကောင်းသည့် သားလေးကိုရထားသည့်အတွက် သူမအရမ်းကံကောင်းသည်။

"ခဏလောက် စာဆက်ဖတ်လိုက်အုံး"

ကျွမ်းကျွမ်း ခေါင်းညိတ်ပြကာ သူ့စာကို ဆက်ဖတ်သည်။

တစ်ဖက်မှာတော့ လီကျောက်ဒီတစ်ယောက် ရေနွေးနှင့် ရေချိုးလိုက်ကာ အဝတ်အစားသန့်သန့်တွေကို ၀တ်ဆင်လိုက်သည်။ ဒါတွေအကုန် မဟုတ်ပေ။ ယခု ရာသီဥတုဟာ သိပ်မအေးသော်လည်း သူမအုတ်ကုတင်အား အပူပေးလိုက်သည်။

ကုတင် ပူလာသည်နှင့် သူမစောင်အောက်သို့ အမြန်ဝင်ကာ တင်းတင်းခြုံထားလိုက်သည်။ သူမလက်ထဲတွင် ဂျင်းပြုတ်ရေတစ်ခွက် ရှိနေသည်။

သူမ ကံပဲနိမ့်နေတာလား သူမရဲ့ကိုယ်ကဘဲ အားနည်းနေတာလားလို့ တွေးမိသည်။ သူမ ဒီလိုမျိုးနွေးနွေးထွေးထွေးနေတာတောင် အအေးမိသွားသည့်ပုံပင်။

ကံကောင်းထောက်မစွာနှင့် သူမအဖျားမဝင်လိုက်ပေ။ ချောင်းဆိုး နှာချေတာလောက်သာ ဖြစ်သည်။

ဒါတောင်မှ လီကျောက်ဒီပုံက ရန်သူတော်ကြီးနဲ့ ရင်ဆိုင်နေရသလိုပင်။ သူမသည် ဆေးဖက်ဝင်အပင်များနှင့် ဆေးရည်အမျိုးမျိုးကို သောက်သည်။ အုတ်ကုတင်ကိုလည်း တစ်နေ့လုံး အပူပေးထားသည်။

ကိစ္စရပ်တွေဟာ အမြဲရလဒ်ပြောင်းပြန်ဖြစ်တတ်သည်မို့ တစ်သမတ်တည်း မမှတ်ယူသင့်ပေ။ လီကျောက်ဒီသည် အအေးမိရာမှ ပြန်လည်သက်သာလာသော်လည်း ပြင်းပြင်းထန်ထန် အပူရှပ်သည်နှင့် အဆုံးသတ်သွားတော့သည်။

လည်ချောင်းနာလွန်းလို့ စကားတောင်ပြောလို့မရပေ။ သူမ၏ ပါးစပ်တွင် အရည်ကြည်ဖုများဖြင့်ပြည့်နေကာ နှုတ်ခမ်းတွေဟာလည်း နီရဲကာ သွေးထွက်နေသည်။ ဝက်ခြံတွေလည်း သူမမျက်နှာအနှံ့ ပေါက်လာသည်။ သူမသည် ယခင်ကထက် အခြေအနေပိုဆိုးလာတော့သည်။

လီကျောက်ဒီ စိုးရိမ်တကြီး လှည့်ပတ်ကြည့်လိုက်သည်။ သူမယောက်ျား ပြန်လာခါနီးနေပြီဖြစ်သည်။ ဒီလိုအခြေအနေနဲ့ သူမ သူ့ကိုဘယ်လိုကြည့်ရမှာလဲ?

ဖျားနာပြီး စိုးရိမ်ကြောင့်ကြမှုတွေကြောင့် သူမရဲ့လက္ခဏာတွေဟာ မသက်သာပါချေ။ အဲဒီအစား ပိုလို့တောင်ဆိုးလာသည်။

All Chapters