← Chapters

အခန်း (၄)

Vol. 1 Ch. 4

အခန်း (၄)

Vol. 1 Ch. 4

မည်သည့် ခွက်ကိုမှ သုံးမနေတော့ဘဲ ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့က မီးဖိုဘေးမှာရပ်ပြီး ယာဂုကိုစစားတော့သည်။

တစ်လုတ် စစားလိုက်သည်နှင့် ရှောင်းကောတစ်ယောက် နွေးထွေးမှုက သူမ ခန္ဓာကိုယ်ထဲကို ပြန်ဝင်လာသလို ခံစားလိုက်ရသည်။ ဗိုက်ထဲက ထမင်းရည်တစ်ချို့ ကြောင့် ခွန်အားနှင့် စွမ်းအင်တို့သည် သူမ၏ ခြေလက်အင်္ဂါများအတွင်း ပြန်လည်ဝင်ရောက်လာသည်ကို ခံစားနိုင်သည်။ ကျွမ်းကျွမ်းဖို့ကလည်း ထိုကဲ့သို့ပင်ဖြစ်သည်။ အသီးအရွက် ဂျုံယာဂုကို တစ်လုတ်စား‌ပြီးနောက် သူ ဘာပြန်ပြောရမှန်း မသိလောက်အောင် ပျော်ရွှင်မှုတွေနဲ့ ပြည့်နေသည်။သူသည် ပျော်ရွှင်မှုကို ဖော်ပြရန်အတွက် ရှောင်းကောကို မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့်သာ ကြည့်နိုင်ခဲ့သည်။

ရှောင်းကောက ဇွန်းချလိုက်ပြီး ကျယ်လောင်စွာလေတက်လိုက်သည်။ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ကျေနပ်နေသည်။

"ဒီခံစားချက်က အရမ်းကောင်းတာပဲ"

ယာဂု‌စားပြီးနောက် သူမ အားနည်းပြီး ပျော့ညံ့တဲ့ ခန္ဓာကိုယ်က တခဏအတွင်းမှာ ပိုပြီး တက်ကြွလာသလို ခံစားရသည်။

ကျွမ်းကျွမ်းက သူ၏ အမေကိုကြည့်ကာ ဇွန်းချလိုက်သည်။ သူက ရှောင်းကော၏ ဇွန်းထဲသို့ ဂယာဂုများအား တုန်တုန်ယင်ယင်ဖြင့် ဖြည့်လိုက်ပြီး‌နောက် သူ့ဇွန်းကို ချလိုက်သည်။

"မေမေစား"

ရှောင်းကော ရင်ထဲ ထိသွားလေသည်။ ကလေးက သုံးနှစ်သာ ရှိနေသေးသော်လည်း ဉာဏ်ကောင်းလေသည်။ သူက ဗိုက်မပြည့်သေးတာတောင် သူ၏ အမေအဖို့ ယာဂုများကို ချန်ပေးချင်နေသေးသည်။ ‌ချင်းကောက ကျွမ်းကျွမ်းကို ချစ်ခင်မှု အပြည့်နှင့်ကြည့်လိုက်သည်။

"မင်းတကယ်ကို တော်တဲ့ကလေးပဲ။ ကျွမ်းကျွမ်း မေမေ ဗိုက်ပြည့်ပြီ။ မေမေ ထပ်မစားနိုင်တော့ဘူး"

ကျွမ်းကျွမ်းက ခနလောက်တွေးပြီး ပြောလာသည်။

"မေမေ သားလည်း ထပ်မစားနိုင်တော့ဘူး"

ရှောင်းကော သူ့ကိုကြည့် ခေါင်းငြိမ့်လိုက်ကာ စိတ်ဆိုးချင်ယောင်ဆောင်လိုက်သည်။

"ဘာလို့လဲ မေမေ့ ဟင်းချက်နည်းက ဆိုးလို့လား"

"မဟုတ်ပါဘူး မဟုတ်ပါဘူး မဟုတ်ပါဘူး မေမေဟင်းချက်တာက အကောင်းဆုံးပဲ။ အဲတာက ဖွားဖွားထက်တောင် ကောင်းသေးတယ်"

ကျွမ်းကျွမ်း သူ့အမေကို စိုးရိမ်တကြီးနဲ့ပြောလိုက်ပြီး သူ့အမေ မယုံမှာကိုလည်း စိုးရိမ်နေသည်။

ရှောင်းကော ရယ်လိုက်ပြီး သူ၏ခေါင်းကို ပွတ်လိုက်သည်။

"ဒါဆိုလည်း ဆက်စားလေ၊ မင်း ယာဂုကို ဆက်စားပေါ့"

ကျွမ်းကျွမ်းသည် ခေါင်းငြိမ့်ပြလိုက်ကာအစားအသောက်ကို နှစ်သက်ကြောင်း ပြသရန် ကျယ်လောင်သော အသံများကို တမင်တကာ ပြုလုပ်ခဲ့သည်။ အရင်က သူ့အဖွားက သူ့အတွက် ထမင်းချက်ပေးခဲ့သူဖြစ်သည်။ သူ့အမေ ချက်ပြုတ်တာကို တစ်ခါမှ မမြည်းစမ်းဖူးချေ။ မိုးခေါင်တဲ့ကာလတွင်း သူတို့စားနိုင်တာကတော့ ဟင်းရွက်ဟင်း၊ အများအားဖြင့် အရသာမရှိ ကြချေ။ သူ့အမေက ဟင်းချက်ကောင်းမှန်း သူ မသိခဲ့ချေ။

ကျွမ်းကျွမ်းက ဇွန်းပြောင်ပြီး သန့်သည့်အထိ လျက်ခဲ့သည်။ သူက သူအမေကို ရှက်ပြုံးလေးနှင့်ကြည့်ကာ သူမကိုကြည့်လာသည်။

"မေမေ..."

ရှောင်းကောက သူမနှလုံးသား အရည်ပျော်တော့မယ်လို့ခံစားလိုက်ရသည်။

"သူက အရမ်းချစ်ဖို့ကောင်းတာပဲ.... ”

ပြည့်ဖြိုးသော ပါးပြင်နှင့် ကလေးဆန်သော အသံဖြင့် သူမကို ခေါ်လိုက်စဉ် သူမ တွေးနေမိသည်။

"ဗိုက်ပြည့်သွားပြီလား"

"ဟုတ် ဟုတ်"

ရှောင်းကောသည် ရေကန်ထဲတွင် ရေများစွာရှိနေသေးသည်ကို တွေ့လိုက်ရသည်။ ထင်းအလုံအလောက်ရှိသည်ကို မြင်သောအခါ၊ နှစ်ယောက်စလုံး ရေချိုးဖို့ ရေကို အပူပေးတော့သည်။

ရှောင်းကောသည် အပြင်တွင် အစာရှာဖွေရန် အလုပ်များလွန်းသဖြင့် သူမသည် အိမ်အား လုံးဝ လစ်လျူရှုခဲ့သည်။ ထို့ကြောင့် အားလုံး ဝရုန်းသုန်းကား ဖြစ်ခဲ့သည်။ နံရံများကို ပင့်ကူအိမ်များဖြင့် ဖုံးအုပ်ထားပြီး စောင်များနှင့် အဝတ်များက လျှော်ဖွပ်ခံရန် စောင့်ဆိုင်းနေကြသည်။

ထူထပ်သောဖုန်မှုန့် အလွှာသည် ကြမ်းပြင်နှင့် ပရိဘောဂများပေါ်တွင် ကျရောက်နေသည်။ ရှောင်းကော သူမကိုယ်သူမလည်း ကြည့်လိုက်သည်။ ဆံပင်တွေ ရှုပ်ပွနေပြီး မဆေးကြောတာ ရက်အတော် ကြာနေလောက်သည်။

ရှောင်းကောက သူမ၏ လက်ကို မရပ်မနား အလုပ်ပေးတော့သည်။ ရေက စပြီးပူလာသောအခါ ရေစည်ထဲသို့ ရေပူအနည်းငယ်ထည့်ကာ ကျွမ်းကျွမ်းအား အင်္ကျီ ချွတ်ကာ ရေချိုးပေးတော့သည်။ ကောင်လေးက ရေစည်ထဲတွင် ထိုင်ပြီးနောက် ရှောင်းကောက ကောင်လေး၏ အညစ်အကြေးများကို အဝတ်နဲ့ ပွတ်တိုက်ဆေးပေးတော့သည်။ ပွတ်လိုက်နေရင်းနှင့် အညစ်အကြေးတွေကို မြန်မြန်ဆေးကြောပစ်လိုက်သည်။ သူမက ကျွမ်းကျွမ်း အအေးမိသွားမှာကိုလည်း ကြောက်နေမိသည်။ရှောင်းကောက သူ့အား အမြန်ရေချိုးခန်းထဲက ထုတ်ကာ သူ့ကိုယ်အား ရေသုတ်ပေးပြီး သန့်ရှင်းသော အင်္ကျီများကို ၀တ်ပေးခဲ့သည်။

သူအား အိပ်ယာထဲသို့ သယ်လာပေးပြီးသည့်နောက် ရှောင်ကောက ကျွမ်းကျွမ်း အိပ်ပျော်တော့မည်ကိုတွေ့လိုက်ရသည်။ နာရီမရှိပါဘဲ သူမ ဘယ်အချိန်ရှိနေပြီကို မပြောနိုင်ချေ။ ကောင်းကင်က မှောင်ရီသန်းလာတာ ‌မြင်သောအခါ သူမက ကျွမ်းကျွမ်းကို စောင်နှင့် ညင်သာစွာ လွှမ်းခြုံပေးလိုက်သည်။

လှဲလျောင်းနေသော ကျွမ်းကျွမ်းသည် သူ၏ အိပ်ချင်မှုကို မလွန်ဆန်နိုင်သေးချေ။ သူ့ အမေကို ခေါ်လိုက်သည်။

"မေမေ.."

ရှောင်းကောက သူ့ဘေးနားတွင် ရှိနေသေးသည်။ ကျွမ်းကျွမ်းကို ပုတ်ပေးကာ အသံနိမ့်နိမ့်လေးနဲ့ သူ့ကို နှစ်သိမ့်ပေးခဲ့သည်။

ကျွမ်းကျွမ်း ‌တကယ်အိပ်ပျော်သွားသောအခါ ရှောင်းကော အခန်းတံခါးကို ပိတ်ပြီး မီးဖိုချောင်ဆီ ပြန်သွားလိုက်သည်။ ရေက အိုးထဲ၌ ပူနေဆဲ‌ဖြစ်သောကြောင့် သူမက ရေစည်ကို သွန်လိုက်ကာ နောက်တစ်ကြိမ် ရေပူတချို့ ပြန်ဖြည့်ပြန်သည်။ ထို့နောက် သူမ အ၀တ်အစားများ ချွတ်လိုက်ပြီးနောက် တခုခုက သူမ၏ အတွင်းအင်္ကျီမှ ထွက်ကျလာသည်။ မြည်သံ တချက်က မီးဖိုချောင်ကြမ်းပြင်၌ နေရာယူသွားတော့သည်။ ရှောင်းကောသည် ဖယောင်းတိုင် မီးအလင်းရောင်နှင့် ငုတ်တုတ်ထိုင်ကာ ကောက်ယူလိုက်သည်။ ထိုအရာက လက်စွပ်တစ်ခုဖြစ်သည်။

ရှောင်းကောက ဒီလက်စွပ် ဘယ်ကလဲဆိုတာ ပြန်တွေးနေသည်။ ကျန်းတန့်ဟယ်က သူမကို လက်ထပ်ပွဲညက ပေးခဲ့ခြင်းဖြစ်သည်။ တချိန်တည်းမှာ သူက ထိုလက်စွပ်သည် ဘိုးဘေးစဉ်ဆက် မျိုးရိုးအဆင့်ဆင့်လက်ဆင့် ကမ်းလာသော လက်စွပ်ဟုပြောခဲ့သည်။ သူက ထိုလက်စွပ်ကို ဂရုစိုက်ရန်ပြောခဲ့သည်။

ပျောက်မှာဆိုးသောကြောင့် ရှောင်းကောက သူမခန္ဓာကိုယ်နှင့် အနီးဆုံးမှာ အိတ်ကပ်၀ှက်တစ်ခုကိုချုပ်ထားပြီး လက်စွပ်ကို ထိုနေရာ၌ ထားလိုက်သည်။ ရှောင်းကောက လက်စွပ်ကို ကောက်၀တ်လိုက်ပြီးသည့်နောက် သူမ ချက်ချင်းဆိုသလို ‌မူးဝေလာကာ သတိလစ်သွားတော့သည်။

သူမ သတိပြန်ရလာသောအခါ သူမရှေ့က မြင်ကွင်းကြောင့် အံ့သြသွားတော့သည်။

သူမ ပြန်ပြီး ကူးပြောင်းသွားတာလား?

All Chapters