← Chapters

အခန်း (၁၇)

Vol. 2 Ch. 17

အခန်း (၁၇)

Vol. 2 Ch. 17

နိုင်ငံခြားသားက ဘာဖြစ်တာလဲဆိုတာမသိပဲ ကြည့်နေမိသည်။ “ခင်ဗျားတို့က ဘာလို့ရယ်နေတာလဲ? ဘာကိုရယ်နေတာလဲ?” သူ လူအုပ်ကြီးကို မေးလိုက်သည်။

သူတို့တွေ ဘာလို့ သူ့ကိုရယ်နေတာလဲဆိုတာကို သူ နားမလည်ပေ။ နွားနို့က အရမ်းကောင်းသည်။“ကျွန်တော်တို့အားလုံး ငယ်ငယ်လေးကတည်းက အဲ့တာကို သောက်လာကြတာ။ အရမ်းအရသာရှိတယ်။”

သူပြောပြီးတာနဲ့ အားလုံးက ထပ်ရယ်ကြပြန်သည်။ လူအုပ်ထဲက ပြောရဲဆိုရဲရှိတဲ့မိန်းမတစ်ယောက်က လက်ပိုက်ပြီး အော်လိုက်သည်။ “ဟေ့၊ အဲ့ဒီနွားက မင်းအမေလား? မင်းက နွားနို့ကိုသောက်တယ်ဆိုတော့ မင်းအမေနို့ကို မသောက်ဖူးလား”

သူမ ပြောတာကို ကြားတော့ နောက်ထဲရယ်သံတွေ လူအုပ်ထဲက ထွက်လာသည်။ ကြည့်နေတဲသူတွေထဲက တစ်ယောက်က “နွားနို့သောက်တာက မင်းကို ထူးခြားအောင်လုပ်ပေးတယ်။ နွားနို့က မင်းဆံပင်တွေအဝါရောင်ဖြစ်အောင် လုပ်လိုက်တာလား? ဟ..ဟား”

သူတို့ဘာပြောနေလဲဆိုတာ နိုင်ငံခြားသားက နားမလည်ပေမဲ့ မကောင်းတဲ့စကားတွေဆိုတာကို ဝေဖန်ကဲ့ရီနေတဲ့အကြည့်တွေကနေ သူသိသည်။ သူက စပြီးတော့ အနှောင့်အယှက်ဖြစ်လာသည်။ သူ ထပ်မပြောခင်မှာပဲ သူ့ကိုအစောက မောင်းထုတ်တဲ့သူက စိတ်မရှည်ဘဲ ပြောလိုက်သည်။ “ထွက်သွားစမ်းပါ။ ငါတို့က နွားရဲ့နို့ကို မသောက်ကြဘူး။”

နိုင်ငံခြားသားမျက်နှာက ဖြူဖျော့နေသည်။ သူက သူ့မိသားစုကို ရှာဖို့အတွက် ငွေကို လိုနေသည်။ စိတ်ပျက်စွာဖြင့် လူအုပ်ကြီးရဲ့ရယ်သံကြားထဲကပဲ နိုင်ငံခြားသားက လျှောက်ထွက်သွားသည်။ ရှောင်းကောက သူ့နောက်ကို အမြန်မလိုက်သွားပဲ သူနည်းနည်းအဝေးကိုရောက်သွားတဲ့အထိ စောင့်နေသည်။

ထို့နောက် ရှောင်းကော သူ့ကို လှမ်းခေါ်လိုက်သည်။ “ဟေ့၊ ခဏလောက်စောင့်ပါဉီး”

နိုင်ငံခြားသားက ရပ်ပြီး သူ့ဆီကို ပြေးလာတဲ့ ပိန်ပိန်ပါးပါးမိန်းကလေးကို ကြည့်ကာ စိတ်ရှုပ်သွားသည်။

“ဒီနွားတွေကို ဘယ်လောက်နဲ့ ရောင်းမှာလဲ?” ရှောင်းကောက တိုက်ရိုက်မေးလိုက်သည်။

နိုင်ငံခြားသားက အံဩသွားပြီးတော့ ခဏလေးအတွင်းမှာပဲ ပျော်သွားသည်။ “မင်းက ငါ့နွားလေးတွေကို ဝယ်မှာလား?”

စကားက မပြည့်မစုံပဲ အဖြတ်အတောက်မမှန်ဖြစ်နေသည်။ သူက စကားလုံးတွေကို ဘယ်လိုအသံထွက်ရမလဲဆိုတာကို မသိတာကြောင့် ရယ်စရာဖြစ်နေသည်။

ရှောင်းကောက ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။

“နွားတွေအတွက်က ငွေချောင်းတစ်ချောင်းပဲ”လို့ နိုင်ငံခြားသားက အားနာနာနဲ့ ပြောလိုက်သည်။ သူက ရှောင်းကောရဲ့မျက်နှာကို ကြည့်လိုက်ပြီး သူမအတွက် ဈေးများများနေမလားဆိုပြီး စိုးရိမ်နေသည်။ သူက “နွားနို့က အရမ်းကောင်းပြီး အားရှိစေတယ်”လို့ ထပ်ပြောလိုက်သည်။

ရှောင်းကောက စကားတစ်လုံး နှစ်လုံးလောက်က နိုင်ငံခြားအသံနဲ့ ပြောနေတာကိုကြားလိုက်သည်။ သူမက ခေါင်းငြိမ့်ပြီး သဘောတူလိုက်သည်။ ငွေတစ်ချောင်းဆိုတာက တအားကိုတန်နေပြီ။ လယ်လုပ်နွားကိုဝယ်ရင်တောင် ငွေနှစ်ချောင်းလောက် ပေးရတာ။ နို့ထွက်နွားဆိုတော့ ပြောမနေတော့နဲ့။ သူမ ရွေတွင်းကြီးကို ရလိုက်တာ။ နွားတွေက ငယ်သေးပေမဲ့ ရှောင်းကောက နွားတွေကြီးလာရင် နို့ထွက်ပစ္စည်းတွေလုပ်ပြီး ရောင်း၍ရသည်။ အဲ့ဒါကလည်း ဝင်ငွေလမ်းကြောင်းတစ်ခုပင်။

သူမရှေ့က နိုင်ငံခြားသားက အရပ်ရှည်ပေမဲ့ ငယ်ပုံရသည်။ သူမ သူ့မျက်လုံးကိုကြည့်တာနဲ့ သူငယ်သေးတာကို ပြောနိုင်သည်။ သူ့မှာလည်း အခက်အခဲတွေအများကြီး ရှိနေနိုင်သည်။ ရှောင်းကောက သူ့ကို သနားနေသည်။ နွားတွေကို ဈေးနည်းနည်းနဲ့ရတာကို လိမ်ပြီးယူတယ်လို့ သူမ ခံစားနေရသေးသည်။

ထိုကောင်လေးကတော့ ရှောင်းကောခေါင်းထဲက အတွေးတွေကို သတိမထားမိဘဲ ပျော်နေသည်။ သူက သူ့မိသားစုကိုရှာဖို့ ဒီငွေကို သုံးနိုင်တော့မည်။

အရောင်းအဝယ်ဖြစ်ဖို့ သူတို့နှစ်ယောက်လုံးက ငွေနဲ့ နွားကို လဲလိုက်ကြသည်။ ရှောင်းကောက သူ့အခြေအနေကို အသုံးချလိုက်လို့ အပြစ်ရှိသလို ခံစားရတဲ့အတွက် သူမမှာကြံနေတဲ့ ကြေးပြားနှစ်ပြားကိုပါ ပေးလိုက်သည်။ အဲ့ဒါနဲ့ သူ ပေါက်စီလေးဝယ်စားလို့ရနိုင်သည်။ ကောင်လေးက ကျေးဇူးတင်လွန်းလို့ ငိုနေပြီး ကျေးဇူးတင်တယ်ဆိုတာကို တရုတ်သံမပီမသနဲ့ ပြောနေသည်။

ရှောင်းကော ပိုပြီးတော့တောင် အပြစ်ရှိသလို ခံစားနေရသည်။ သူမ နောက်ကို လှည့်မကြည့်တော့ဘဲ နွားတွေကိုဆွဲကာ ထွက်ခဲ့တော့သည်။

သူမ ဈေးပေါက်ဝရောက်တဲ့အခါ လှည်းမောင်းတဲ့သူက သူမကို မလိုက်ခိုင်းပေ။ နွားနှစ်ကောင်က နေရာအများကြီးယူသည်။ ပြီးတော့ သူက နွားတွေကို တင်တဲ့ ယာဉ်ကို သူတစ်ခါမှ မကြားဖူးပေ။

အမျိုးသမီးယန် ပြန်လာတဲ့အခါ သူတို့က ဈေးဆစ်ပြီး ညှိနေသည်။ သူတို့နှစ်ယောက်ပြောတာကို ကြားတော့ သူမက လှည်းမောင်းသမားကို ပိုက်ဆံလှမ်းပေးလိုက်သည်။ အဲ့ဒါက နောက်ထပ်ယာဉ်ပေါ်မှာစီးမယ့် လူနှစ်ယောက်စာဖြစ်သည်။ ဒါပေမဲ့ နွားတွေ အတွက်ပင်။

လှည်းမောင်းသမားက ရှောင်းကောကို အားနာနာနဲ့ပဲ သူမနွားတွေကို လှည်းပေါ်တင်ခွင့်ပြုလိုက်သည်။ သူက သူမကို လှည်းမညစ်ပတ်အောင် နွားတွေကို သေချာကြည့်ထားဖို့ ပြောသည်။ ရှောင်းကောက အံကြိတ်ပြီးတော့ စိတ်တိုစွာ သဘောတူလိုက်သည်။

ရှောင်းကောနဲ့ အမျိုးသမီးယန်က လှည်းပေါ်တက်လိုက်ကြပြီး သူတို့ဝယ်ခဲ့တာတွေအကြောင်းကို ပြောနေကြသည်။

အမျိုးသမီးယန်က အဝတ်နဲ့ အစားအစာတွေနဲ့ တခြားဟာတွေ အများကြီး ဝယ်ခဲ့သည်။ တစ်ဖက်မှာတော့ ရှောင်းကောက နွားလေးနှစ်ကောင်နဲ့ မျိုးစေ့အချို့ကို ဝယ်ခဲ့သည်။

“နင် ငါ့အကူအညီမလိုဘူးလား?”

အမျိုးသမီးယန်က နွားနှစ်ကောင်ကို ကိုင်ထားတဲ့ ရှောင်းကောကို ကြည့်ပြီး ကူညီပေးချင်လို့ ပြောလိုက်သည်။

“ကျွန်မ တစ်ယောက်တည်းနိုင်ပါတယ်။”

ရှောင်းကောက အမျိုးသမီးယန်ကို ကိစ္စမရှိပါဘူးလို့ ပြောဖို့ သူမရဲ့ ကြွက်သားတွေပြလိုက်သည်။

အမျိုးသမီးယန်ကလည်း ပစ္စည်းတွေ အများကြီးဝယ်ခဲ့သည်။ ရှောင်းကော သူမကို ဒုက္ခမပေးချင်ပေ။

နွားလေးတွေက နို့ထွက်နွားတွေပေမဲ့ သူတို့က အာဟာရမပြည့်ဝသေးပဲ အမေနွားမရဲ့နို့ကို လိုသေးတဲ့ နွားလေးတွေပဲရှိသေးသည်။ သူတို့ရဲ့ အရိုးဖွဲ့စည်းပုံက ခိုင်ခန့်ပေမယ့် အရမ်းသေးနေသည်။ ရှောင်းကောက နွားတွေကို ကျန်းမာသန်စွမ်းအောင် လုပ်ပေးမယ်ဆိုပြီး ဆုံးဖြတ်လိုက်သည်။ သူမက အဲ့ဒါကိုတောင် မလုပ်နိုင်ရင် သူမကိုယ်သူမ စားဖိုမှူးတစ်ယောက်လို့ ခေါ်ဖို့ မထိုက်တန်တော့ပေ။

သူမတို့နှစ်ယောက်လုံးက ရွာပြန်တဲ့လမ်းမှာ စကားလက်ဆုံကျကာ ရယ်မောခဲ့ကြသည်။ လှည်းပေါ်ကဆင်းတဲ့အခါ သူမတို့နှစ်ယောက်လုံး လမ်းလျှောက်ပြီး အိမ်ပြန်ကြသည်။ တိတိကျကျ ပြောရမယ်ဆိုရင် အမျိုးသမီးယန်က လမ်းလျှောက်နေပေမဲ့ ရှောင်းကောကတော့ လိပ်လေးလို တရွေ့ရွေ့သွားနေသည်။

ပတ်ဝန်းကျင်သစ်ကြောင့် နွားလေးနှစ်ကောင်က ရှေ့ကိုဆက်မသွားချင်ကြပေ။ သူတို့ကို သေချာလေးပွတ်သပ်ပြီး မြက်တွေနဲ့ မြှားခေါ်မှသာ သူတို့ကို ရွေ့အောင် လုပ်နိုင်သည်။

ရှောင်းကော အမျိုးသမီးယန် အိမ်ကို မရောက်သေးခင်မှာပဲ ကျွမ်းကျွမ်း၊ ရှောင်းဟွာနဲ့ ရှောင်းဟူတို့ အိမ်ရှေ့မှာ ကစားနေကြတာကို အဝေးကနေ မြင်နေရသည်။

သူတို့ရောက်တာကို ကျွမ်းကျွမ်းကြားတဲ့အခါ လက်ထဲက တုတ်ကိုချပြီး ရှောင်းကောဆီ ပြေးလာခဲ့သည်။ ကလေးက သူမဆီကို ပြေးတက်မယ်လုပ်ပေမယ့် အမျိုးသမီးယန်နဲ့ သူမကိုယ်တိုင်က သူ့ကို တားရသည်။

ရှောင်းကောအတွက် နွားလေးတွေကို ငြိမ်အောင်လုပ်ဖို့ လွယ်ကူမနေပေ။ ကျွမ်းကျွမ်းသာ ရှေ့ကိုခုန်လိုက်မယ်ဆိုရင် သူတို့ကိုလန့်အောင်လုပ်မိပြီး ရှောင်းကောကိုပါ အနာရစေနိုင်သည်။

ရှောင်းဟွာနဲ့ ရှောင်းဟူက ပြေးသွားပြီး အမျိုးသမီးယန်ကို ပြောလိုက်သည်။ “ကျွန်တော်တို့ အိမ်ထဲမှာကစားနေပေမယ့်၊ ကျွမ်းကျွမ်းက သူ့အမေကိုစောင့်ဖို့ အိမ်ပြင်ထွက်ချင်တယ်လို့ပြောလို့”

ရှောင်းဟူက ဆက်ပြီး ပြောလိုက်သည်။ “ဟုတ်တယ်။ ကျွမ်းကျွမ်းက သူ့အမေ ဘာလို့မပြန်လာသေးတာလဲဆိုပြီး ခဏခဏမေးနေတာ

ရှောင်းကောက အရမ်းကိုပျော်နေတဲ့ ကျွမ်းကျွမ်းကို ကြည့်လိုက်သည်။ ဒီကောင်လေးက တကယ်ကို မေမေချစ်သားလေးပဲ။ သူ့အတွက် သူ့အမေ ဘေးနားမှာ ရှိဖို့လိုအပ်သည်။

“အာ.. ဒါကဘာကြီးလဲ? ခွေးကြီးလား?”

ရှောင်းဟူအသံကြောင့် အားလုံးက နွားတွေကို အမှတ်ရသွားသည်။ ကလေးသုံးယောက်လုံးက နွားတွေနားမှာ သိချင်စိတ်နဲ့ ဝိုင်းအုံနေကြပြီး သေချာလေးစစ်ဆေးနေကြသည်။

ရှောင်းဟူက နွားတစ်ကောင်ကိုပင် ထိလိုက်သေးသည်။ သူ့ရဲ့အမူအရာက နွားလေးကို ကြောက်သွားစေတဲ့အတွက် နွားက ရှောင်းဟူကို တစ်ချက်ကန်လိုက်တော့ ရှောင်းဟူအဝေးကို လွင့်သွားသည်။

All Chapters