အခန်း (၁၈)
Vol. 2 Ch. 18
ရှောင်ဟူ၏ တုံ့ပြန်မှုကြောင့် လန့်သွားခဲ့တာဖြစ်သည်။ သူ မျက်မှောင်ကြုတ်ပြီး နောက်ကို ခြေလှမ်းနှစ်လှမ်းသုံးလှမ်းလောက် ခုန်လိုက်ရသည်။ အဲ့လိုလုပ်လိုက်တော့ ရှောင်းဟွာက မနားတမ်းရယ်တော့သည်။
“ဟဟ၊ ဒါက နွားပါ၊ ပန်းနွားငယ်လေးတစ်ကောင်”
ယန်အမျိုးသမီးက အဲ့ဒီသတ္တဝါကို ဘယ်လိုခေါ်လဲဆိုတာကို သူမရဲ့ကလေးတွေကို ရှင်းပြခဲ့သည်။ ကလေးသုံးယောက်လုံးက သေချာနားမလည်ဘဲနဲ့ ခေါင်းငြိမ့်လိုက်သည်။ ရွာထဲက ဘယ်သူကမှ နွား မမွေးဖူးကြတော့ နွားက ဘယ်လိုပုံစံလဲဆိုတာကိုလည်း မသိကြပေ။
ရှောင်းကော အဲ့ဒါကိုကြားပေမဲ့ ယန်အမျိုးသမီးပြောတာမှားနေတာကို ဒီတိုင်းပဲထားလိုက်သည်။ ပန်းနွားဆိုလဲ အဲ့ဒါပေါ့။ နောက်မှပဲ သူမ ရှင်းပြတော့မည်။
ရှောင်းကောနဲ့ ကျွမ်းကျွမ်း အိမ်ပြန်သွားတဲ့အခါ သူမခြင်းတောင်းထဲက မျိုးစေ့တွေထုတ်နေတုန်း သူ့ကို နွားလေးတွေနဲ့ ပေးကစားခဲ့သည်။ သူမ ထမင်းစားပြီးတာနဲ့ စပြီး စိုက်ပျိုးဖို့ စီစဉ်ထားသည်။
အဲ့ဒါတွေက ခြင်းတောင်းကြီးထဲကနေ မျိုးစေ့သေးသေးလေးတွေသာ ဖြစ်သည်။ ဒီမျိုးစေ့လေးတွေကြီးထွားလာအောင် အတော်အားစိုက်ထုတ်ရမည်။
သူမက အတော်ကို အင်အားသန်တဲ့သူဖြစ်ပေမဲ့ လှည်းစီးတုန်းက ခရီးပန်းခဲ့တာကြောင့် ပင်ပန်းနေမိသည်။ လှည်းက သစ်သားချောင်းတွေနဲ့ လုပ်ထားတာဖြစ်ပြီး ခုံတွေပေါ်မှာ ထိုင်ရသက်သာစေမယ့် ဘာကူရှင်မှမပါပေ။ သူတို့ မောင်းချသွားတဲ့အချိန်တိုင်း သူမခန္ဓာကိုယ်ထဲက အရိုးတွေအကုန် ကျိုးကြေသွားတယ်လို့တောင် ရှောင်းကော ခံစားရသည်။
ရှောင်းကောက ဘာချက်ရမလဲစဉ်းစားပြီး မီးဖိုချောင်ထဲဝင်သွားသည်။ ဟင်းသီးဟင်းရွက် ခြင်းတောင်းထဲ ရှာကြည့်ပြီးနောက် ခရမ်းသီးနှစ်လုံးနဲ့ သခွားသီးတစ်လုံးယူလိုက်သည်။
'ခေါက်ဆွဲပဲ စားကြရအောင်' သူမဘာသာတွေးပြီးနောက် စပြီးချက်ပြုတ်တော့သည်။
စားပြီးပေမဲ့ ကျွမ်းကျွမ်းက သွားမအိပ်သေးပေ။ သုက ခြံထဲက နွားလေးတွေကို စိတ်ပူနေသည်။ မှောင်ပြပြဖြစ်နေတဲ့ ကောင်းကင်ကြီးကို ကြည့်ကာ စိတ်ပူပြီး မေးလိုက်သည်။ “မေမေ၊ နွားတွေက ဘယ်မှာနေမှာလဲ?”
ခြံထဲမှာက နွားတင်းကုတ်လည်းမရှိဘူး။ နွားလေးတွေက ငယ်သေးတော့ သူတို့ကို ခြံထဲမှာ နေခိုင်းလို့ရသည်။ “အမေတို့ နွားတွေအတွက် နွားတင်းကုတ်ဆောက်ကြမလား?” ရှောင်းကောက ကျွမ်းကျွမ်းကို မေးလိုက်သည်။
“ကောင်းပြီလေ။”ကျွမ်းကျွမ်းက ပြန်ဖြေပြီး နွားတွေနဲ့ ကစားဖို့ ထပ်သွားပြန်သည်။
ရှောင်းကောက မိုးသည်းမှာကို အမှတ်ရသွားသည်။ တိမ်တွေကို ကြည့်တာနဲ့ မိုးအပြင်းအထန်ရွာမှာ ဖြစ်နိုင်သည်။ မိုးမရွာခင်တည်းက နွားတွေအတွက် အမိုးအကာကို သူမ ပြင်ထားဖို့ လိုသည်။ သူမ တောင်ပေါ်မှာ တချို့ထောင်ချောက်တွေ ဆင်ထားသည်။ သူမ တချို့တိရစ္ဆာန်တွေ ထောင်ချောက်မိသွားမှာကိုလည်း တွေးနေမိသည်။
တောင်ပေါ်မှာ ရှိတဲ့အရာတွေကို သူမ တွေးမိမိချင်း ရှောင်းကောက သူမ လုပ်ရမယ့်အရာကို မြန်မြန်လုပ်လိုက်သည်။ စားပြီးချင်းမှာပဲ သူမ ဝယ်လာတဲ့ မျိုးစေ့တွေကို ထုတ်လိုက်သည်။ သူမမှာရှိတဲ့ အိုးအရွယ်အစားအတိုင်း အမျိုးအစားတစ်မျိုးတည်းက မျိုးစေ့ နှစ်ဆယ်လောက်ကို အပင်အတွက် ကောင်းတဲ့အရေအတွက်ဆိုပြီး ဆုံးဖြတ်လိုက်သည်။
ပိုင်ရှင်အဒေါ်က ဒီမျိုးစေ့တွေက အမျိုးအစားခွဲထားတာဖြစ်ပြီး တန်းပြီးစိုက်ပျိုးဖို့ လိုတယ်လို့ ပြောလိုက်သည်။ အဲ့ဒါကြောင့် သူမအတွက် မျိုးစေ့တွေကို ဒီတိုင်းစိုက်လိုက်တာထက် အချိန်ပိုသက်သွားသည်။
ရှောင်းကောက ပေါက်ပြားယူပြီး မြေဆွခဲ့သည်။ မြေအိုးလေးက မသုံးတာနှစ်ကြာနေတဲ့အတွက် မြေတွေကလည်း မာနေသည်။ ဘယ်လိုအသီးအနှံမှ ဒီလိုအနေအထားမျိုးမှာ စိုက်လို့မရပေ။ သူမ မြေဆီလွှာကို ဆွပြီး မာတဲ့အလွှာအောက်က စိုထိုင်းတဲ့အလွှာကို လှန်လိုက်သည်။ ပြီးတာနဲ့ သူမ စပြီး စိုက်တော့သည်။
မြေဆီလွှာကို လှန်ပြီးသွားတာနဲ့ ရှောင်းကောက အိုးထဲမှာ အပေါက်လေးတွေ တူးထားသည်။ အဲ့အချိန်မှာ ကျွမ်းကျွမ်းက နွားတွေနဲ့ဆော့တာရပ်ပြီး ကူညီဖို့ အပြေးလာခဲ့သည်။ ရှောင်းကော ဖောက်ထားတဲ့ အပေါက်လေးတွေထဲမှာ သူက အစေ့တွေလိုက်ထည့်သည်။ “မေမေ၊ သားတို့က ဘာမျိုးစေ့တွေ စိုက်နေတာလဲ?
“ဒါတွေက ခရမ်းသီးလေး။ အမေတို့က ပဲ၊ အားလူး၊ ဂေါ်ဖီ၊ ခဝဲသီးနဲ့ ကြက်သွန်မြိတ်တို့ကိုလည်း စိုက်ဉီးမှာ ”သူမခြေထောက်အောက်က မြေကြီးကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။ သူမ မြေအိုးထဲမှာ စိုက်မယ့် အသီးအနှံအမျိုးအစားတွေကို သူ့ကို ပြခဲ့သည်။
ကျွမ်းကျွမ်း ကူပေးတာကြောင့် ရှောင်းကောက ခရမ်းသီး၊ ပဲ၊ အားလူးနဲ့ ဂေါ်ဖီတို့ကို စိုက်နိုင်ခဲ့သည်။
ခဝဲသီးကိုတော့ နံရံဘေးက မြေကွက်ထဲကို စိုက်လိုက်သည်။ အဲ့ဒါကြီးလာရင် နံရံကို မှီပြီး ကြီးထွားလာလိမ့်မည်။
ကျန်တဲ့ ကြက်သွန်မြိတ်မျိုးစေ့တွေကိုတော့ ဖြန့်ကျဲထားဖို့လိုသည်။ သူတို့ကို တစ်ခုချင်းစီစိုက်လို့မရပေ။
ရှောင်းကော မြေအိုးထဲက နေရာတစ်ခုမှာပဲ ချိုင့်ခွက် လေး ငါးခွက်ကို နှစ်စင်တီမီတာလောက်နက်အောင်ထား၊ ပြီးတော့ ငါးစင်တီမီတာလောက်ခွက်ကာ တူးထားလိုက်သည်။ ပြီးတော့ မျိုးစေ့တွေကို ချိုင့်ခွက်တွေထဲမှာ ပက်ထည့်ထားလိုက်သည်။
မျိုးစေ့တွေ စိုက်ပြီးသွားတော့ မြေဆီလွှာကို သူမရေလောင်းပေးရဉီးမည်။ မြေဆီလွှာ စိုနေအောင် သူမရေများများ လောင်းရမည်။ သူမက ကျွမ်းကျွမ်းအတွက် ရေလောင်းပေးဖို့ ငယ်သေးတဲ့အတွက် သူ့ကို အကူအညီမတောင်းတော့ပေ။ ရှောင်းကောက တွင်းထဲကနေ သူမဘာသာ ရေပုံးခုနစ်ပုံး၊ ရှစ်ပုံးလောက် ခပ်လိုက်သည်။ ပြီးတော့ မြေကွက်ထဲကို ရေလောင်းလိုက်သည်။ ရေက မြေကြီးထဲကို အမြန်စိမ့်ဝင်သွားသည်။ မြေဆီလွှာကို ရေအလျှံအပယ်လောင်းဖို့ဆိုတာ မဖြစ်နိုင်ပေ။
သူမက မြေကို ငါးခါ၊ ခြောက်ခါလောက် လောင်းလိုက်သည်။ သူမ နောက်ဆုံး ရေတစ်ပုံးလောင်းပြီးတော့ မြေဆီလွှာအပေါ်မှာ ရေလေးတွေဝပ်နေတာ တွေ့လိုက်ရသည်။ နောက်ဆုံးတော့ ပြီးသွားပြီ။
ရှောင်းကောက မြေကွက်ကို လှည့်ကြည့်ပြီးတော့ သူမ အားစိုက်ထုတ်ပြီး လုပ်လိုက်တဲ့အပေါ်မှာ ဂုဏ်ယူမိနေသည်။ အသီးအနှံတွေ ကြီးထွားလာဖို့ အချိန်ဘယ်လောက်မှ မကြာပေ။
ရာသီဉတုက စိုးထိုင်းနေသည်။ ဒါကြောင့် ရှောင်းကော နားလို့မရသေးပေ။ သူမ နွားတွေအတွက် မြက်သွားယူနေတုန်း ကျွမ်းကျွမ်ကို အိမ်မှာစောင့်နေဖို့ ပြောလိုက်သည်။
ကျွမ်းကျွမ်းက လိုက်ချင်ပေမယ့် ရှောင်းကောက သူ့ကို အိမ်မှာပဲနေဖို့ ပြောလိုက်သည်။
သူမ မြက်ပဲသွားရိတ်တာဆိုရင်တော့ သူ့ကို လိုက်ခိုင်းမှာ။ ဒါပေမဲ့ သူမ တောင်ပေါ်တက်ရမည်။ ရှောင်းကောက ကျွမ်းကျွမ်းကို အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ သူမကို စောင့်နေဖို့ အခါခါမှာနေသည်။ ပြီးတော့ သူမရဲ့ကျောနောက်မှာ ခြင်းကြီးကိုလွယ်ပြီး လက်ထဲမှာ တံစဉ်ကိုင်ကာ ထွက်သွားတော့သည်။