အခန်း (၂၀)
Vol. 2 Ch. 20
သူ ဘာပြောနေလဲဆိုတာကို ရှောင်ကော သဘောပေါက်သည်။ ကျွမ်းကျွမ်းက စိတ်မလုံခြုံသလို ခံစားခဲ့ရသည်။ ရှောင်းကော အုန်းသီးတွေ တွေ့တုန်းက အချိန်ကို သတိမထားမိတဲ့အတွက် သူမကိုယ်သူမ အပြစ်တင်နေသည်။
သူမက တစ်ယောက်တည်းမဟုတ်တော့ဘဲ အိမ်မှာ ကလေးလေးတစ်ယောက်ရှိနေသည်။ သူမ ဘယ်လို လုပ်ရက်ရတာလဲ?
ရှောင်းကောက ကျွမ်းကျွမ်းကို ဖက်ပြီး သူမပေါင်ပေါ်တင်လိုက်သည်။ သူမက ကျွမ်းကျွမ်းရဲ့ ယောင်နေတဲ့မျက်လုံးတွေကို ကြည့်ပြီးတော့ စိတ်ရင်းမှန်နဲ့ ပြောလိုက်သည်။ “ကျွမ်းကျွမ်း၊ မေမေ တောင်းပန်ပါတယ်။ ဒါက အမေတစ်ယောက်ဖြစ်ရတာ အမေ့အတွက် ပထမဆုံးဆိုတော့ အများကြီး သင်ဖို့ လိုသေးတယ်။ သားက မေမေ့ကို ခွင့်လွှတ်ပေးမလား?”
အဲ့အချိန်မှာ ကျွမ်းကျွမ်းက အတော်လေးစိတ်ငြိမ်သွားပြီ။ သူက အတော်လေးခံစားသွားရပြီး ခေါင်းကို ထပ်ခါထပ်ခါ ငြိမ့်ပြနေသည်။ “သားက မေမေ့ကို ခွင့်လွှတ်ပါတယ်။ ဒါပေမဲ့ နောက် မေမေဘယ်သွားသွား သားကို တစ်ယောက်တည်း ထားခဲ့လို့မရဘူး။ သားတို့ ဘယ်သွားသွား အတူတူသွားမယ်။”
ရှောင်းကောက သူ မပြုံးမချင်း သူ့ကို အကြိမ်ကြိမ် ကတိပေးလိုက်သည်။ ပြီးတော့ သူ့ဗိုက်က ကျယ်လောင်စွာ မြည်လာခဲ့သည်။ ရှောင်းကောက ကျွမ်းကျွမ်းရဲ့ မျက်နှာကို ဆွဲဆိတ်ပြီး ပြောလိုက်သည်။“ဟုတ်ပါပြီ။ မေမေတို့အတွက် သွားချက်ပြုတ်လိုက်ဉီးမယ်”
ကျွမ်းကျွမ်းက ပျော်ရွှင်စွာ သူ့အမေနောက်ကနေ မီးဖိုချောင်ထဲ လိုက်သွားခဲ့သည်။
ရှောင်းကောက ခြင်းတောင်းကို မီးဖိုချောင်ထဲ ယူသွားခဲ့သည်။ မှောင်နေတဲ့အတွက် သူမ နောက်ထပ် ဖယောင်းတိုင် သုံးတိုင် ထွန်းလိုက်သည်။ မီးညှိပြီးတာနဲ့ အခန်းတစ်ခုလုံး လင်းထိန်သွားသည်။ သူမ မီးဖိုချောင်ထဲဝင်သွားတဲ့အခါ သူမ နွားလေးတွေကို မတွေ့တော့ပေ။ အဲ့ဒါကြောင့် နွားလေးတွေ ဘယ်မှာလဲဆိုတာကို ကျွမ်းကျွမ်းကို မေးလိုက်သည်။ သူတို့ အေးနေမှာကြောက်လို့ ကျွမ်းကျွမ်းက နွားတွေကို သူ့အဘွားအိမ်ကို သွားပို့ခဲ့သည်။ ရှောင်းကောက ခေါင်းငြိမ့်ပြပြီး ကျွမ်းကျွမ်းကို နွားတွေကို မြက်ကျွေးဖို့ ပြောလိုက်သည်။ သူပြန်လာရင် တကယ်မိုက်တဲ့အရာပြမယ်လို့ ကတိပေးလိုက်သည်။ သူမ ပြောလိုက်ချင်းမှာပဲ ကျွမ်းကျွမ်းကို မြက်ထည့်ထားတဲ့ ခြင်းတောင်းပေးလိုက်သည်။ ကျွမ်းကျွမ်းက အံအားသင့်စရာကို တွေ့ရဖို့ မစောင့်နိုင်တော့တဲ့အတွက် နွားစာကျွေးဖို့အတွက် မီးဖိုချောင်ကနေ ထွက်သွားခဲ့သည်။
သူပြန်လာတဲ့အခါ ရှောင်းကော ခြင်းတောင်းအောက်ထဲက အုန်းသီးနဲ့ ကြက်ကြီးကို ထုတ်လိုက်သည်။ ကျွမ်းကျွမ်းက အဲ့လိုဟာတွေ အရင်က မမြင်ဖူးတော့ ထိုင်လိုက်ပြီး ဝိုင်းလုံးနေတဲ့ အသီးကို ညွှန်ပြလိုက်သည်။ “မေမေ၊ ဒါက ဘာလဲ?”
ရှောင်းကောလည်း ကျွမ်းကျွမ်းနားကို ထိုင်လိုက်ပြီး ပျော်ရွှင်စွာ ပြောလိုက်သည်။ “ဒါက အုန်းသီးလေ။ ပင်လယ်တွေနားက ပေါက်တဲ့အပင်ကလေ။ အဲ့အပင်ကို အုန်းပင်လို့ခေါ်တယ်။ အဲ့အပင်က သီးတဲ့အသီးကတော့ အုန်းသီးလေ။”
သူ့အမေဘာလို့ ပျော်နေတာလဲဆိုတာကို ကျွမ်းကျွမ်းနားမလည်ပေ။ အသီးက အရမ်းမာသည်။ ရှောင်းကောက ကျွမ်းကျွမ်းကို ပြောလိုက်သည်။ “ဒီအသီးထဲက ရေက အရမ်းမွှေးပြီး ချိုတယ်။ သူ့အခွံကိုတော့ သားစားလို့မရဘူး။ သားအတွက် အမေ မနက်ဖြန် အုန်းကြက်သားချက်ပေးမယ်။”
အဲ့ဒါက စားလို့ရတယ်ဆိုတာကို သိရလို့ ကျွမ်းကျွမ်းပျော်နေသည်။ သူ့အမေချက်တဲ့ဟာအကုန်လုံးက အရသာရှိသည်။
အရမ်းနောက်ကျနေပြီဖြစ်လို့ ရှောင်းကောက ရိုးရိုးဟင်းလေးတွေပဲ ညစာအတွက် ချက်လိုက်သည်။ သူမက အားလူးချောင်းတွေကို ကြော်လိုက်ပြီး ဆန်ပြုတ်ပြုတ်ထားသည်။ ပြီးတော့ ထမင်းနဲ့ တွဲစားလို့ရအောင် ပန်ကိတ်လေးလည်း လုပ်ထားသည်။ ညစာစားပြီးတော့ ကျွမ်းကျွမ်းက မျက်စိမဖွင့်နိုင်လောက်အောင်ကို အိပ်ချင်နေသည်။ သူက ထမင်းပန်းကန်တွေကိုတောင် မဆေးနိုင်တော့ပေ။ ရှောင်းကောလည်း မဖြစ်စဖူး အရမ်းပင်ပန်းနေသည်။ သူမအတွက် အတော်လေးကို အလုပ်များတဲ့နေ့ဖြစ်သွားသည်။ သူမ ကျွမ်းကျွမ်းကို ကို ကိုယ်လက်သန့်စင်ဖို့ ခေါ်သွားပြီး အိပ်ရာပေါ်တင်လိုက်သည်။ ခဏကြာတော့ သူမလည်း အိပ်ပျော်သွားသည်။
မက်မွန်ပန်းရွာက မီးလည်း မရှိတော့ရော မှောင်စပြုလာသည်။ ရွာသားတွေလည်း အိပ်ပျော်နေကြပေမဲ့ တံငါရွာကတော့ မီးထိန်ထိန်ထွန်းထားပြီး လင်းလက်နေသည်။
သံချပ်ကာအပြည့်ဝတ်ထားတဲ့ စစ်သားက အိမ်ပြင်မှာ စိတ်ပူကာနေနေပေမဲ့ အိမ်ထဲကို ခဏခဏလှမ်းကြည့်နေသည်။ နောက်ဆုံးတော့ ခဲရောင်ဆံပင်နဲ့ အစောင့်ဉီးလေးကြီးက တံခါးနောက်ကနေ ထွက်လာသည်။ အဲ့လူက အမြန်ပြေးလာပြီး “ဘယ်လိုနေလဲ?”လို့ မေးလိုက်သည်။
ဉီးလေးကြီးက အေးဆေးစွာနဲ့ ခေါင်းငြိမ့်လိုက်သည်။ “သူ့အခြေအနေကောင်းပါတယ်။ သွေးထွက်တာလည်း ရပ်သွားပြီ။ သူသာ ဒီညမဖျားရင် ကောင်းသွားပါပြီ။”
အဲ့လိုပြောပြီးတော့ ဉီးလေးကြီးက သူနဲ့အတူထွက်လာတဲ့ မိန်းကလေးကို လှည့်ကြည့်လိုက်သည်။ သူ သူမကို ဆေးကျိုချက်ထားဖို့ ပြောလိုက်သည်။ ပါးနီရောင်သန်းနေတဲ့ မိန်းကလေးက သူမလက်ထဲမှာ ဆေးရွက်တစ်စုပ်ကိုင်ထားပြီး ထွက်သွားသည်။ သူ လိုက်ကာကို မလိုက်ပြီး အိပ်ရာပေါ်မှာ အိပ်နေတဲ့ လူကို မြင်တော့မှပဲ စိတ်သက်သာရာရသွားသည်။ ကံကောင်းစွာနဲ့ သူက သူ့ဘဝကိုတော့ မဆုံးရှုံးသွားပေ။
ဒဏ်ရာရထားတဲ့လူက အေးဆေးအိပ်ပျော်နေသည်။ သူ့တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေနဲ့ ပြည့်နေသည်။ ဒဏ်ရာတွေက အဲ့လူရဲ့ ဗိုက်နားတစ်ဝိုက်မှာ ရှိနေသည်။ တကယ်ကို နက်တဲ့ ဒဏ်ရာတွေရှိနေတယ်ဆိုတာကို ကြည့်ရုံနဲ့ သိနိုင်သည်။ ဒီလိုထိဖြစ်လာအောင် ဘယ်လောက်တောင် သွေးတွေထွက်ခဲ့လဲဆိုတာကိုလဲ တွေးကြည့်နိုင်သည်။
ညလယ်ခေါင်မှာ အကျိုးအကြောင်း ရေရေရာရာမသိဘဲ ရှောင်းကောက အနှောင့်အယှက်ဖြစ်သလို ခံစားနေရပြီး ပင်ပန်းလာသည်။ သူမ မိုးကြိုးသံကြောင့် နိုးသွားခဲ့သည်။ သူမ ထလိုက်တော့ အပြင်ဘက်မှာ လေတွေတအားတိုက်နေတယ်ဆိုတာကို သိလိုက်သည်။ သူမက ပြတင်းပေါက်တွေ ပိတ်ထားတာဆိုတာ စစ်ဖို့ အမြန်ထလိုက်သည်။
တစ်အိမ်လုံးကြည့်ပြီးနောက် ရှောင်းကောက လျှပ်စီးလက်လိုက်တဲ့အချိန်မှာပဲ အိပ်ရာပေါ်ရောက်သွားသည်။ လျှပ်စီးကြောင့် ကောင်းကင်တစ်ခုလုံး ထိန်လင်းသွားသည်။ ခဏကြာတေ့၊ မုန်းတိုင်းလာသည်။ မြေပေါ်ကို သည်းသည်းထန်ထန်ရွာနေတဲ့ မိုးသံအကျယ်ကြီးကို သူမ ကြားလိုက်တိုင်း စိတ်မချမ်းမသာဖြစ်ပြီး တမျိုးကြီးခံစားနေရသည်။
ရှောင်းကော ထူးဆန်းနေသည်။ ဒီလိုမုန်တိုင်းလာတဲ့အခါမှာ မိုးက အရင်ကထက် ပိုပြီးပြင်းထန်စွာရွာလေ့ရှိသည်။ သူမ ထပ်မတွေးခင်မှာပဲ ကျွမ်းကျွမ်းက အိပ်နေရာကနေ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ သူက မိုးကြိုးတစ်ခါချိန်းလိုက်တိုင်း တုန်တုန်သွားသည်။ အဲ့ဒါကို တွေ့တော့ ရှောင်းကောက သူ့ကို အမြန် သေချာလေးပြန်သိပ်လိုက်ချိန် ပြန်အိပ်ပျော်သွားသည်။ သူမ တစ်မျိုးဖြစ်သလို ခံစားနေရပေမယ့် မြန်မြန် အိပ်မောကျသွားခဲ့သည်။