← Chapters

အခန်း (၂၁)

Vol. 2 Ch. 21

အခန်း (၂၁)

Vol. 2 Ch. 21

မုန်တိုင်းက တစ်ညလုံး ပြင်းထန်စွာတိုက်ခဲ့သည်။ မိုးလင်းခါနီး မိုးဖွားဖွားပဲရွာနေပြီး အပူချိန်တွေလည်း ကျနေသည်။

ရှောင်းကောက မနက်ခင်းအစောကြီးနိုးလာပြီး ကျွမ်းကျွမ်းအတွက် အဝတ်ထူတွေရှာနေသည်။ လူကြီးတွေက ဒီလိုရာသီဉတုဒဏ်ကို ခံနိုင်ရည်ရှိပြီး ဘာမှမဖြစ်ပေမဲ့ ကလေးတွေကတော့ ခံနိုင်ရည်မရှိသည့်အတွက် နွေးထွေးတဲ့ အဝတ်တွေဝတ်ထားတာ အကောင်းဆုံးပင်။

သူမ ဗီဒီုထဲ ဘယ်လောက်ရှာရှာ၊ အဲ့ထဲမှာ အဝတ်နည်းနည်းပဲရှိသည်။ အတော်ရှာယူလိုက်တော့မှ ထူတဲ့အဝတ်ကို သူမတွေ့သွားသည်။ ကျွမ်းကျွမ်းက သူ့ဘာသာသူဝတ်တတ်သည်။ ဒါ့ကြောင့် အဝတ်ကို ချထားခဲ့ပြီး မနက်စာပြင်ဖို့ ထွက်သွားသည်။

မိုးရာသီဆိုရင် မနက်ခင်းဆန်ပြုတ်သောက်တာ အကောင်းဆုံးပဲ။ ရှောင်ကောင်းက အိုးထဲမှာ ဆန်ပြုတ်စပြုတ်နေပြီး ဂျုံကိုလည်း ဘေစင်ထဲမှာ နှံ့အောင်နယ်နေသည်။ သူမက ဂျုံကို မြန်မြန်မာလာအောင် ရေပူထဲမှာ ခဏလောက်ထားထားသည်။ ပြီးတော့ သူမကို ဂျုံကိုအကွင်းလေးလုပ်ပြီး တစ်ခြားဖက်မှာထားထားတဲ့ ဝက်ဗိုက်သားကို ယူလိုက်သည်။ မီးဖိုချောင်ထဲမှာတော့ သူမက အသားတွေစဉ်းထားပြီး ကြက်သွန်မြိတ်နဲ့ ရောလိုက်သည်။ ဒါက ဝက်သားဖက်ထုပ်လုပ်ဖို့အတွက် ဖြစ်ရမည်။ ဂျုံမှုန့်လည်း မာပြီးအရွယ်အစားကြီးလာတော့ ရှောင်ကောက ဂျုံကို စနယ်သည်။ ဂျုံးလုံးကြီးကနေ အရွယ်အစားတူတဲ့ အတုံးလေးတွေ ဖြတ်လိုက်ပြီး လက်ဖဝါးနဲ့ ပြားလိုက်ည်။ ခဏနေတာ့ အရွယ်တူ ဖက်ထုပ်တွေက အဆင်သင့်ဖြစ်နေတာ့ စပေါင်းလိုက်သည်။ အိုးကို ဖုံးပြီးသွားတော့ ရှောင်းကောက ဖက်ထုပ်တွေကို ဆယ့်ငါးမိနစ်ကြာအောင် ပြုတ်ထားလိုက်သည်။ ပြီးတာနဲ့ မီးဖိုကို စတည်ပြီး ဖက်ထုပ်တွေကို ပေါင်းလိုက်သည်။

ပေါင်းထားတဲ့အိုးဖုံးကို လှပ်လိုက်တာနဲ့ အငွေ့တွေအများကြီးထွက်လာသည်။ ရှောင်းကောက ဖြူဖွေးတုတ်နေတဲ့ ဖက်ထုတ်တွေကို စဉ်ပေါ်မှာ သေချာထားလိုက်ပြီး မနက်စာစားဖို့ စားပွဲပြင်လိုက်သည်။

ရှောင်းကောက ကျွမ်းကျွမ်းကို အိပ်ရာထပြီး မနက်စာလာစားဖို့ အော်ခေါ်လိုက်သည်။ ကျွမ်းကျွမ်း နိုးလာတာနဲ့ တွေးမိတာက နွားလေးတွေပင်။ သူက အင်္ကျီလဲပြီးတာနဲ့ နွားတွေကိုကျွေးဖို့ မီးဖိုချောင်ထဲကို ပြေးသွားသည်။ သူပြီးသွားတော့မှ ထမင်းစားခန်းကို အမြန်ပြေးကာ ဖက်ထုပ်ယူစားဖို့ ဟန်ပြင်လိုက်တော့ ရှောင်းကောက သူ့ကို တားလိုက်သည်။ “သားလက်တွေ သွားဆေးဉီး။”

ကျွမ်းကျွမ်း မျက်နှာမဲ့သွားသည်။ ဒါပေမဲ့ သူအမေပြောတဲ့အတိုင်းတော့ လုပ်သည်။ ဖက်ထုပ်စားချင်စိတ်ကို မြိုသိပ်ပြီး အပြင်ကို လက်သွားဆေးလိုက်သည်။ သူပြန်လာတော့ ရှောင်းကောက သူ့ကို ဖက်ထုပ်ကျွေးလိုက်သည်။ “သေချာစားနော်၊ ပူတယ်။ ဖြေးဖြေးစား။”

ကျွမ်းကျွမ်းက ရှောင်းကော စကားနားထောင်ပြီး ဖက်ထုပ်စားရင်းက သိချင်ဇောနဲ့‌ မေးလိုက်သည်။ “မေမေ၊ အဲ့ငါးက ရေထဲမှာ ကူးနေတုန်းပဲ။ သားတို့အဲ့တာကို ဘယ်လိုစားမလဲဟင်?”သူ စောနက လက်သွားစေးတော့ ငါးက ခုန်ထွက်လာသည်။ အဲ့ဒါကြောင့် သူလန့်သွားသည်။

“အမေတို့ ဒီနေ့ ဟော့ပေါ့စားရင်ကော? ကြက်သားနဲ့ အုန်းသီးကိုရောပြီး စွပ်ပြုတ်ရည်လုပ်လို့ရတယ်လေ။ ငါးကနေ ငါးဖယ်လုံးလေးတွေလုပ်ပြီး စွပ်ပြုတ်ထဲကို ထည့်ပြုတ်စားလို့ရတယ်။”

ကျွမ်းကျွမ်းက အုန်းသီးက စွပ်ပြုတ်ရည်လုပ်လို့ရပြီ၊ ငါးကနေ ငါးဖယ်လုံးတွေလုပ်လို့ရတယ်ဆိုတာကို သူ မသိပေမယ့် အဲ့လိုတော့ သူအစောနထဲက ကြိုတွေးထားသည်။

ကျွမ်းကျွမ်းက မနက်စာစားပြီးတာနဲ့ ပန်းကန်တွေကို အမြန်ဆေးလိုက်သည်။ မိုးက အပြင်မှာရွာနေတုန်းဖြစ်ပြီး ငါးဖယ်လုံးလုပ်ဖို့အတွက် အကောင်းဆုံးပင်။ ငါးဖယ်လုံးတွေလုပ်နေချိန်းမှာ ငါးအသားမွှေနေရင်း ရေခဲတုံးလေးတွေပါ ထည့်လိုက်သည်။ အသားနှစ်ကို အေးအောင်လုပ်ဖို့ပဲ။ မွှေနေတုန်း အပူချိန်များလာလေလေ၊ ငါးအသားနှစ်ကျက်လေလေပင်။ အခုလို ရာသီချိန်ဆိုရင် အခန်းအပူက အေးနေတဲ့အတွက် ရေခဲမပါပဲ ရေပဲထည့်ရုံနဲ့ကို ရသည်။

ကြက်သားကတော့ ချက်ဖို့ အချိန်ယူရသည်။ ဒါ့ကြောင့် ရှောင်းကောက အစောထဲက အဲ့ဒါကို ကင်ထားသည်။ သူမ မီးဖိုချောင်လာတော့ ကျွမ်းကျွမ်းက ပန်းကန်တွေဆေးပြီးသွားပြီပင်။ ကြက်သားကို ပြင်ဆင်နေတယ်တဲ့ ရှောင်ကောကို တွေ့တော့ သူက သူမနားကို လာထိုင်မယ့်အလုပ်မှာ ရှောင်းကောက သူ့ကို မထိုင်ဖို့ ပြောလိုက်သည်။ ရှောင်းကောက ကျွမ်းကျွမ်းကို ကြက်မွေးတွေနှုတ်ပြီ၊ ကြက်သေထဲက သွေးတွေထွက်လာတာတွေစတဲ့ သွေးသံရဲရဲဟာတွေကို မကြည့်ခိုင်းချင်ပေ။ သူမက သူ့ကို နွားတွေ သေချာစားနေလားဆိုတာကို သွားကြည့်ခိုင်းလိုက်သည်။ သူ ရေဇလုံထဲကို ကြက်ကိုထည့်ပြီး ကျွမ်းကျွမ်း မမြင်တဲ့နေရာကို သွားလိုက်သည်။

ရေက ပွက်နေပြီ၊ ရှောင်းကောက ကြက်ကို သေချာသန့်စင်တော့မည်။ သူမ ကြက်မွှေးတွေ သေချာနှုတ်ထားရဲ့လားဆိုတာကို စစ်နေသည်။ ပြီးတော့ သူမက အဲ့ဒါကို မီးဖိုချောင်ကို ယူသွားသည်။ ကြက်ထဲမှာလည်း သွေးတွေရှိမနေတော့ပေ။ ရှောင်ကောက သွေးတွေကို ဇလုံထဲထည့်ပြီး “တခြားနေရာ”က ရေခဲသေတ္တာထဲထည့်ထားသည်။ သွေးခဲသွားပြီဆိုမှ သူတို့ စွပ်ပြုတ်ချက်လို့ရမည်ပင်။ သူမက တခြားနေရာက ရေခဲသေတ္တာနဲ့ လျှပ်စစ်နှိုးစက်ကို ယူလို့မရတာဆိုးသည်။ အဲ့ဒါတွေကို ထားဖို့ နေရာလည်းမရှိတော့ပေ။ ရှောင်းကောလည်း အဲ့လိုမရွှေ့ရဲဘူးဖြစ်နေသည်။ တစ်ယောက်ယောက်သာ အဲ့တာတွေကို တွေ့သွားရင် သူမ ဘယ်လိုရှင်းပြရမလဲဆိုတာကို မသိပေ။

ရှောင်းကောက ကြက်သားကို ဆေးကြောပြီးတာနဲ့ အတုံးလေးတွေ တုံးလိုက်သည်။ ပြီးတော့ အသားကို မပြုတ်ထားဘဲ အိုးကြီးထဲကို ထည့်လိုက်သည်။ အခုကတော့ အုန်းသီးကို ပြင်ရမယ့်အချိန်ပဲ။ ရှောင်းကောက ကျွမ်းကျွမ်းကို မီးဖိုချောင်ထဲလာဖို့ ခေါ်လိုက်သည်။

ကောင်လေးက အရင်တည်းက အုန်းသီးကို ဘယ်လိုစားရမလဲဆိုပြီး သိချင်နေသည်။ လက်ထဲမှာ ဓားကိုင်ထားပြီး ဘယ်လိုလုပ်ရလဲဆိုတာကို ရှောင်းကောက သူ့ကို ပြတော့မည်။

ကျွမ်းကျွမ်းက စားပွဲဘေးမှာ စိတ်လှုပ်ရှားစွာနဲ့ ရပ်နေသည်။ အုန်းသီးတွေကို ရှိသမျှအားနဲ့ ဒီတိုင်းခွဲချလိုက်ရင် ဒီတိုင်း အရည်တွေအကုန် ကျကုန်လိမ့်မည်။ ရှောင်းကောက အုန်းသီးထိပ်ကို အရင်ဆုံးသေချာလေး လှီးခုတ်ပြီးမှ ဘေးက အခွဲတွေကို လှီးချလိုက်သည်။ ကျွမ်းကျွမ်းက သူ့အမေ အုန်းသီးအခွံတွေကို သေချာလေးလုပ်နေတာကို အစိမ်းရောင်အုန်းသီးကနေ အဖြူရောင်မပေါ်လာသေးခင်အထိ ကြည့်နေသည်။ “မေမေ၊ အဲ့အုန်းသီးက စားလို့ရတာလား?”

“မရဘူး။ မရသေးတာ။ အပြင်ဘက်မှာ အခွံရှိသေးတယ်။ စားလို့ရတာက အထဲကဟာ” အဲ့လိုပြောပြီး ရှောင်းကောက အားသေချာထိန်းပြီး ထိပ်ပိုင်းကို ခုတ်ချလိုက်သည်။ အခုတော့ အခွံပေါ်မှာ အပေါက်ဖြစ်သွားသည်။ သူမက တခြားဖက်ကိုလည်း ခုတ်လိုက်ကာ အပေါ်က ထိပ်ပိုင်လေး ပွင့်သွားသည်။ ရှောင်ကောက ဇွန်းထဲကို ကျွမ်းကျွမ်းအတွက် အုန်းရေလောင်းထည့်လိုက်သည်။

All Chapters