← Chapters

အခန်း (၂၅)

Vol. 2 Ch. 25

အခန်း (၂၅)

Vol. 2 Ch. 25

“အမေက ဘယ်လောက်ကြည့်ကောင်းလဲ?” ရှောင်းကောက ကျွမ်းကျွမ်း သူမကို ဘယ်လိုပုံစံနဲ့မြင်လဲဆိုတာကို သိချင်နေသည်။

ကျွမ်းကျွမ်းက ခဏလောက်စဉ်းစားနေသည်။ “ဒီတိုင်း ကြည့်ကောင်းတာလေ။ မေမေ့ရဲ့မျက်လုံးတွေက ဝိုင်းပြီးတော့ ကြီးတယ်၊ အသားအရေကလည်း ကောင်းတယ်။ မေမေက တခြားသူတွေနဲ့ မတူဘူး။ မေမေပြုံးရင် သားလိုပဲ မျက်နှာပေါ်မှာ အခွက်လေးတွေပေါ်တယ်။”

ကျွမ်းကျွမ်းက “ပါးချိုင့်”ဆိုတာကို မသိပေ။ သူက သူ့အမေ သူနဲ့ တူတာကြောင့် အခွက်လေးတွေပါတယ်ဆိုတာပဲ သိသည်။

ကျွမ်းကျွမ်း ပြောတာတွေကြောင့် ရှောင်းကော ပျော်နေသည်။ သူမက ရှေ့ကို နည်းနည်းလေးယိမ်းပြီး မြစ်ထဲကို ကြည့်လိုက်သည်။ သူမရဲ့ပုံရိပ်ကို မြင်နေရသည်။ အမှန်တိုင်းပြောရရင် သူမ အခုလိုပုံစံကိုမြင်တော့ သူမလန့်သွားသည်။

ကျွမ်းကျွမ်းနဲ့ သူမက အရမ်းတူနေသည်။ သူမတို့ရဲ့အရပ်တွေ၊ အလေးချိန်တွကအစ တူနေသည်။ ရှောင်းကောက ထမင်းသေချာမစားတာကြာတဲ့အတွက် သူမ နည်းနည်းပိန်နေသည်။ ဒါပေမဲ့ သူမ အစက မရိပ်မိခဲ့ပေ။ သူမ ဒီကိုရောက်လာတော့မှ ကောင်းကောင်းစားတဲ့အတွက် ကိုယ်အလေးချိန်တွေလည်း တက်လာသည်။ သူမ ဝိတ်တက်လာတာကြောင့် ကျွမ်းကျွမ်းနဲ့ တစ်ထေရာတည်း တူနေသည်။

သူမ ရေချိုးနေတော့ ရှောင်းကောက ရင်ဘတ်အောက်က မှဲ့လေးကို ကြည့်နေသည်။ ကျွမ်းကျွမ်းမှာလည်း သူမလို တစ်နေရာတည်းမှာပဲ မှည့်လေး ရှိသည်။

ခဏကြာတော့ ကျွမ်းကျွမ်းက နွားတွေကိုကြည့်ဖို့ ထွက်သွားသည်။ ရှောင်းကော အနားယူပြီးသွားတော့ ထကာ မြက်တွေစရိတ်တော့သည်။ ပြီးသွားတော့ သူမကျောပေါ်က ခြင်းကြီးက အပြည့်ကြီးဖြစ်နေသည်။ ဒီတစ်ခါ၊ သူမက မြက်တွေကို အရင်ကထက် ပိုရိတ်ခဲ့သည်။ နွားလေးတွေက ငယ်သေးပေမယ့် တအားစားသည်။

ခြင်းတောင်းလည်း ပြည့်ပြီဆိုတော့ ဒီနေ့နဲ့ မနက်ဖြန်မနက်လောက်ထိရပြီဖြစ်ကာ ရှောင်းကော တွေးလိုက်သည်။ နောက်ကျနေပြီမလို့ နေ့လယ်စာစားဖို့ ပြန်ရအောင် ကျွမ်းကျွမ်းကို အော်ခေါ်လိုက်သည်။

ကျွမ်းကျွမ်းကလည်း နွားတွေကို ကြိုးနဲ့ချည်ပြီး သီချင်းလေးညည်းကာ လိုက်လာသည်။ သူတို့ ရွာပေါက်ကိုရောက်တော့ အကုန်လုံးအိမ်ပြန်သွားကြပြီပင်။

ဝဝတုတ်တုတ်မိန်းမတစ်ယောက် အဝေးကနေ ရှောင်းကောကို လှမ်းခေါ်တော့ ရှောင်းကောနဲ့ ကျွမ်းကျွမ်းက ရွာပေါက်ကို ရောက်နေပြီဖြစ်သည်။ အသက်ကိုမနည်းရှုနေတဲ့ အမျိုးသမီးကို ကြည့်ပြီး ရှောင်းကောက “အဒေါ်၊ ဘာကိစ္စရှိလို့လဲ?”လို့ မေးလိုက်သည်။

သူမက ရွာလူကြီးမိန်းမဖြစ်သည်။ သူတို့ စကားပြောတာရှားသည်။ သူမဘာပြောချင်လဲဆိုတာကို ရှောင်းကော စဉ်းစားနေသည်။

ရွာလူကြီးမိန်းမက ရှောင်ကောဆီကို လျှောက်လာသည်။ “နင့်ကို ငါတွေ့လိုက်တာ ကံကောင်းတာပဲ။ ငါ နင့်အိမ်ကို သွားစရာမလိုတော့ဘူး။ ငါက တခြားသဘောနဲ့ပြောတာမဟုတ်ဘူးနော်၊ ဒါပေမဲ့ နင့်အိမ်က အရမ်းဝေးတယ်၊ သွားရတဲ့ ခရီးကလည်း….”

သူမက ဆက်ပြောနေတုန်း ရှောင်းကောက မတတ်နိုင်ဘဲ ဖြတ်မေးလိုက်သည်။ “အဒေါ်၊ တစ်ခုခုလုပ်ဖို့ ကျွန်မကို လိုလို့လား?”

ရွာသူကြီးမိန်းမက အကျယ်ကြီးရယ်လိုက်သည်။ “ဟုတ်ပါပြီ။ နင့်ယောက္ခထီးက သူအသက်ရှင်တုန်းက ရွာထဲမှာ မြေဝယ်ထားခဲ့တယ်။ အဲ့မြေကွက်ကလည်း အခုချိန်ထိ လွတ်တဲ့မြေကွက်ကို မရှိတာ။ အခုတော့ လွတ်တဲ့မြေတစ်ကွက်ရှိတယ်။”

ယောက္ခထီးကျန်း အသက်ရှိတုန်းက စုထားဆောင်းထားတာတွေနဲ့ မြေဝယ်ခဲ့ပုံရသည်။ မိသားစုသုံးယောက်အတွက် မြေတစ်ကွက်တည်းနဲ့ မလုံလောက်လို့ဖြစ်မည်။ အရင်တုန်းကတော့ လွတ်တဲ့မြေကွက်ကိုမရှိခဲ့တာ။ အတော်ကြာမှ၊ အခုမြေတစ်ကွက်က လစ်လပ်နေတာ။

ရှောင်းကောက မြေကွက်စာချုပ်ကို ယူကြည့်လိုက်က်သည်။ အဲ့မြေကွက်က သူမတို့အခုနေနေတဲ့ နေရာနဲ့ တအားမဝေးပေ။ ရှောင်းကောက ရွာသူကြီးမိန်းမကို နှုတ်ဆက်ပြီး ကျွမ်းကျွမ်းနဲ့ပြန်ထွက်လာသည်။ လမ်းမှာ သူမက ပျော်ရွှင်စွာနဲ့ မြေကွက်စာချုပ်ကို ထည့်သိမ်းလိုက်သည်။ ဒီမြေကွက်က လိုတဲ့အချိန်မှာ ရောက်လာတာပင်။ သူမ ပြောင်းဖူးတွေစိုက်ဖို့ နေရာလုံလုံလောက်လောက်မရှိမှာကို စိုးရိမ်နေတုန်းဖြစ်သည်။ သူမ နေ့လည်ရောက်တာနဲ့ စစိုက်လို့ရပြီ။

သူမ ကျွမ်းကျွမ်းနဲ့ အိမ်မြန်မြန်ပြန်ပြီး နေ့လယ်စာအမြန်ချက်လိုက်သည်။ စားပြီးတာနဲ့ သူမ မလျှော်ဘဲထားထားတဲ့ ညစ်ပတ်နေတဲ့ အဝတ်တွေကို ဝတ်လိုက်သည်။ သူမက ကျွမ်းကျွမ်းကို အိမ်မှာစောင့်ခိုင်းစေချင်ပေမယ့် သူ့မျက်လုံးလေးတွေက သနားစရာကောင်းတဲ့ပုံပေါက်နေတာနဲ့ စိတ်ပြောင်းပြီး “လာ၊ အတူတူသွားမယ်။”လို့ ပြောလိုက်သည်။

ကျွမ်းကျွမ်းလည်း ပျော်ရွှင်စွာဖြင့် ရှောင်းကောလို ပေရေနေတဲ့ အဝတ်ကိုဝတ်ပြီးတော့ ပေါက်ပြားသေးလေးကို ထမ်းပြီးလိုက်လာသည်။ အပြင်မထွက်ခင်မှာ နွားတွေကို သူမြက်ကျွေးခဲ့တာကြောင့် သူနောက်ကျမှပြန်လာရင်တောင် နွားတွေ အစာ မစာလောက်တော့ပေ။

စာချုပ်ထဲက ရေးထားတဲ့ နေရာအတိုင်း သူတို့ မြေကွက်ကို ရောက်လာသည်။ ကောင်းလိုက်တာ။ မြေကွက်က ရှောင်းကော ခန့်မှန်းထားတဲ့အတိုင်းပင်။ မြေ နှစ်ဧကတောင်ရှိသည်။ မြေဆီလွှာက စိုစွတ်ပြီး ပျော့အိနေသည်။ အပင်စိုက်ဖို့အတွက် အကောင်းဆုံးပဲ။

သူမတို့အရင်တုန်းက လုပ်ခဲ့တဲ့အတိုင်း ရှောင်းကောက မြေကြီးကို ဆွပေးပြီး ကျွမ်းကျွမ်းကတော့ ဆွထားတဲ့အတိုင်း အစေ့တွေကျဲချပေးသည်။ သူမတို့ပြီးတာနဲ့ နေလည်းဝင်ခါနီးနေပြီပင်။ ရှောင်းကော အစေ့တွေကို မြေနဲ့ပြန်ဖုံးပြီး ကျောဆန့်လိုက်သည်။

ကံကောင်းလို့ နေက အရမ်းမပူနေပေ။ သူမတို့နှစ်ယောက်လုံး အိမ်ပြန်ဖို့မလောတာကြောင့် မြေကြီးပေါ်မှာ ထိုင်အနားယူနေကြသည်။ ကျွမ်းကျွမ်းက အရမ်းပင်ပန်းနေလို့ လမ်းတောင် မလျှောက်နိုင်တော့ပေ။ သူမက အားယူပြီးတာနဲ့ ကျွမ်းကျွမ်းကို မချီပြီး အိမ်ပြန်လမ်းလျှောက်ခဲ့ကြသည်။

သူတို့ပြန်လာတဲ့လမ်းမှာ ဘယ်သူ့နဲ့မှ မတွေ့ခဲ့ကြပေ။ သူမတို့ နောက်မြေတစ်ကွက်ကို ဖြတ်လျှောက်လာတော့ရှောင်းကော မြေကြီးကို သေချာကြည့်နေမိသည်။ နေဝင်နေပေမဲ့ နေရောင်လေးတော့ ရှိနေသည်။ ဂျုံပင်တွေက စပေါက်ချင်နေကြသည်။ နောက်ရက်တစ်ရာလောက်နေရင် ပြောင်းဖူးတွေလည်း တော်တော်လေးကြီးထွားလောက်ပြီပင်။ ဒါက ကောင်းတဲ့အရာပဲ။ ရှောင်းကောက ကျွမ်းကျွမ်းကို ချီပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ အိမ်ပြန်ခဲ့သည်။

All Chapters