← Chapters

အခန်း (၂၉)

Vol. 2 Ch. 29

အခန်း (၂၉)

Vol. 2 Ch. 29

ရှောင်းကောက ပျော်ရွှင်စွာ နွယ်ပင်ကို ဆွဲချလိုက်သည်။ သူမ အားနဲ့ဆွဲလိုက်တော့ အပင်ပါလာသည်။ နွယ်ပင်ပေါ်မှာ အရွယ်အစားစုံတဲ့ အားလူးတွေရှိနေသည်။ အဲ့ဒါတွေက တောင်ပေါ်အာလူးဖြစ်သည်။

ဒီအားလူးတွေက ဒီလိုစိုစွတ်ပြီး နူးအိတဲ့မြေတွေအောက်မှာ‌ သီးလေ့ရှိသည်။ ရှောင်းကော သေချာကြည့်လိုက်တော့ တောင်ပတ်လမ်းတွေကလည်း ဒီနွယ်တွေနဲ့ ဖုံးနေသည်။ ပျော်ပြီးတော့ ဒီလမ်းကို သူမနောက်တစ်ခါရှာတွေ့အောင် အမှတ်အသား လုပ်လိုက်သည်။ ဒီနေရာက သူမ လာနေကျလမ်းနဲ့ တခြားစီဖြစ်နေပြီး သူမလည်း ဒီနေရာကို တစ်ခါမှ မရောက်ဖူးပေ။ ကံကောင်းပြီးတော့ အခုမှ ရောက်လာမိတာဖြစ်သည်။

ရှောင်းကောက အကုန်လုံးကိုသိမ်းကျူံးယူလာချင်ပေမယ့် သူမခြင်းတောင်းက ပြည့်နေသည်။ သူမ အရင်ဆုံး အိမ်ပြန်ရမည်။

သေချာစဉ်းစားပြီး၊ ရှောင်းကောက ကျွမ်းကျွမ်းကို အိမ်ဆီ မြန်မြန် ခေါ်သွားသည်။ သူ့အမေ ဘာလို့ ရုတ်တရုတ်ကြီးပျော်နေလဲဆိုတာကို ကျွမ်းကျွမ်းမသိပေမဲ့ သူ့အမေကို ဒီလိုပုံစံမြင်ရတာ သူလည်း ပျော်နေသည်။ သူက သူ့အမေအတွက် ဝန်ထုတ်ဝန်ပိုးမဖြစ်အောင် အမြဲတမ်း သူ့ကိုယ်သူ သတိပေးနေသည်။ သူက သူ့အမေပြောတာကို ငြင်းပြီး အိမ်ပြန်လမ်းတစ်လျှောက်လုံး ခြင်းတောင်းအသေးလေးကို လွယ်ကာ သူ့အမေနောက်က လိုက်ခဲ့သည်။

အိမ်ပြန်ရောက်တော့၊ ရှောင်းကောက ငါးတွေ အသက်ရှင်အောင် ရေထဲထည့်လိုက်သည်။ ပြီးတော့ ခြင်းတောင်းထဲက မြက်တွေကို ထုတ်လိုက်သည်။ ကျွမ်းကျွမ်းကို ငါးတွေပြန်ထွက်မလာအောင် စောင့်ကြည့်ဖို့ ရှောင်းကော မှာထားသည်။ အဲ့ဒါတွေလုပ်ပြီးမှ အာလူးတွေယူဖို့ တောင်ပေါ်ထပ်တက်သွားခဲ့သည်။

ကျွမ်းကျွမ်းက နာခံပြီး ရေဇလုံရှေ့မှာထိုင်နေကာ ငါးတွေကို ကြည့်နေသည်။ သူ့အမေခိုင်းတာကို သူက တသွေမတိမ်းနာခံပြီး လုပ်နေသည်။

ရှောင်းကော တောင်ပေါ်ကိုရောက်တာနဲ့ ခပ်မြန်မြန် လုပ်နေသည်။ သူမက မြေကော်တဲ့ ခက်ရင်းကြီးကိုထုတ်ပြီး အားလူးတွေ စတူးလိုက်သည်။ သူမမှာပါတဲ့ ပစ္စည်းကြောင့် သူမ အားလူးအများကြီးကို တူးနိုင်လိုက်သည်။ ရှောင်းကောက စိတ်ကျေနပ်မှုအပြည့်နဲ့ ချွေးတွေကိုသုတ်လိုက်သည်။

ဒါက တစ်ချိန်တည်းမှာ ပင်ပန်းပြီးပျော်တာကို ပြောတာဖြစ်ရမည်။

ဒီအားလူးတွေနဲ့ သူမ ငါးဖယ်လုံးတွေကို နောက်ထပ်အသစ်အဆန်းတစ်မျိုးလုပ်လို့ရသည်။

ရှောင်းကောက တူးဖို့ကျန်သေးတဲ့ အားလူးတွေကို မြေပြန်ဖုံးပြီးတော့ တောင်ပေါ်က ဆင်းလာခဲ့သည်။

အမျိုးသမီးတစ်ယောက်ရဲ့ ခက်ထန်တဲ့အသံ သူမနောက်ကနေ ထွက်လာတော့ သူမ အိမ်တံခါးနားတောင်ရောက်နေပြီပင်။ “နင်က တကယ်ပဲ မြက်ကိုစားတာပဲ။ နင် အစောထဲက ပြောသင့်တယ်နော်။ ငါတို့က တစ်ရွာတည်းမှာနေကြတာဆိုတော့ ငါ နင့်ကို ကူညီပေးမှာပေါ။ အိုက်ယိုး.. ဘာလို့ အစောကြီးထဲက ကြိုမပြောတာလဲ?”

ရှောင်းကောက အသံကို တန်းမှတ်မိသွားသည်။ ‘လီကျောက်ဒီ’

ရှောင်းကောက ထွက်မသွားပေ။ အဲ့အစား၊ သူမက ရပ်ပြီး အဲ့အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။ “အိုက်ယိုး.. ကျောက်ဒီ၊ ငါက ဘယ်သူများလဲလို့။ ဒီနေ့ နေခင်းကြီးမှာ သရဲတွေမြင်ရမယ်လို့ ငါ မတွေးခဲ့ဘူးလေ။” သူမ အဲ့လိုပြောပြီး ပါးစပ်ကိုလက်နဲ့ဖုံးကာ ရယ်လိုက်သည်။

လီကျောက်ဒီရဲ့မျက်နှာကြီးက ဒေါသထွက်တဲ့အတွက် စိမ်းရောင်သန်းနေသည်။ သူမက ငရဲပြည်က လာတဲ့ လူတစ်ယောက်ပုံစံမျိုး ဖြစ်နေသည်။ လီကျောက်ဒီက ချောင်းသံဟန့်ပြီး “ငါ့ရဲ့ လူကြီးမင်းလျှို့ကတော့ ရာထူးတိုးခံရတယ်လေ။ ဘာရာထူးပါလိမ့်? ငါမေ့သွားပြန်ပြီ။ သူက အခုလတိုင်း ငွေငါးချောင်းတောင်ရတာလေ။ ငါ့တို့ရဲ့ လူကြီးမင်းလျှို့..လူကြီးမင်းလျှို့”

လီကျောက်ဒီက “ငါတို့ရဲ့ လူကြီးမင်းလျှို့”ဆိုတာကိုပဲ ထပ်ခါထပ်ခါ ပြောနေသည်။ ရှောင်းကောက နားထောင်နေရင်း လက်ခုပ်တီးပေးနေသည်။ သူမပြောတာကို ရှောင်းကော တုံ့ပြန်တာတွေ့တော လီကျောက်ဒီက ဘာဆက်ပြောရမှန်းတောင် မသိတော့ပေ။

သူမ စိတ်ထဲမှာတော့ ရှောင်းကောကို ကျိန်ဆဲနေပြီး စိတ်ပျက်နေသည်။ သူမ ဘာပြောပြော၊ ရှောင်းကောက ဂရုမစိုက်ဘူး။ အဲ့ကျတော့ သူမ ဘာမှဆက်ပြောလို့မရဘဲ နောက်ဆုံးတော့ စိတ်ပျက်ပြီး ပြန်သွားသည်။ သူမ လျှောက်ထွက်သွားရင်းနဲ့ သူမဘာသာ တီးတိုးရေရွတ်နေသည်။ ရှောင်းကော လှည့်ပတ်ကြည့်လိုက်တော့ မသေးမကြီး ကျောက်တုံးတစ်တုံးကို တွေ့သွားသည်။

သူမက လီကျောက်ဒီနဲ့ သိပ်မဝေးတဲ့နေရာက ပျားအုံကို ချိန်ပြီး ပစ်လိုက်သည်။ ပျားအုံက လီကျောက်ဒီ ခေါင်းပေါ်ကျသွားသည်။ လီကျောက်ဒီက ဘာကျတာလဲဆိုပြီး စမ်းကြည့်တော့ ပျားတွေက ပျံဝဲနေကြသည်။ သူမက ခေါင်းကို ကိုင်ပြီးတော့ ပြေးတော့သည်။

ရှောင်းကောက လီကျောက်ဒီရဲ့အဖြစ်အပျက်ကိုကြည့်ပြီး ကြည်နူးနေသည်။ ပြီးတော့ သူမပျော်ရွှင်စွာနဲ့ပဲ အိမ်ပြန်သွားသည်။ ပျားအုံးက သေးတော့ လီကျောက်ဒီကိုတော့ သေအောင်မကိုက်နိုင်ပေမဲ့ နည်းနည်း အဖုလေးတွေတော့ ထွက်မှာပေါ့။

ကျွမ်းကျွမ်းက ဆူညံသံကြားတော့ အိမ်ထဲက ထွက်လာသည်။ သူက လီကျောက်ဒီ သနားစရာကောင်းတဲ့ပုံစံနဲ့ ပြေးထွက်သွားတာကို မြင်သွားသည်။ သူမြင်တော့ ပျော်ပြီး ရယ်နေသည်။

‘ဒီမကောင်းတဲ့အမျိုးသမီးက သူ့အမေကို အမြဲတမ်းရန်လာစသည်။ သူ့အမေက လီကျောက်ဒီ ပြန်သွားတာနဲ့ ဝမ်းနည်းကျန်ခဲ့တာ။ ဘယ်လောက်တောင် ဆိုးတဲ့အမျိုးသမီးလဲ။’ ကျွမ်းကျွမ်းက သူ့ဘာသာသူတွေးနေခဲ့ သည်။

ရှောင်းကောက ကျွမ်းကျွမ်းမြင်သွားမယ်လို့ မထင်ခဲ့ပေ။ သူမက ရယ်မောပြီး ကျွမ်းကျွမ်းကိုခေါ်ကာ အိမ်ထဲဝင်သွားလိုက်သည်။

All Chapters